အပိုင်း-၃

3.8K 422 1
                                    

မင်္ဂလာည~

ညမှောင်ရီဖြိုးဖြအချိန်၌ ဖယောင်းမီးကလင်းလဲ့လဲ့…
လင်းယွီကမူ မင်္ဂလာဆောင်နန်း၌ နေထိုင်ရင်း သက်ပြင်းတို့သည်သာတဖွဖွ~~

အလွန်မုန်းသည့် အနီရင့်ရင့်ဝတ်ရုံထည်ကြောင့် အနေကြပ်နေရသလို ခေါင်းပေါ်မှပဝါအား အနေရခက်လာသည်မို့ ဖယ်ရှားပစ်မိသည်အထိ စိတ်အိုက်လာရသော လင်းယွီ…
အစဉ်အလာတည်းဟူ၍ လင်းယွီဂရုမစိုက်…။ ရေမြေ့သခင်ကလာမည်မဟုတ်၍လည်း
လင်းယွီအတင့်ရဲနေခြင်းပင်…။
အနီဝတ်လွှာဖုံးသောစားပွဲပေါ်မှ စားဖွယ်သောက်ဖွယ်တို့အား တံတွေးမြိုသည်အထိ ငေးကြည့်နေမိပြီးမှ စားရန်ထအရပ် ခြေသံတစ်စုံနှင့်အတူ မမျှော်လင့်သောတစ်စုံတစ်ဦးက ဝင်ရောက်လာခဲ့ပါ၏။

"အဲ့လောက်တောင် ဆာလောင်နေတာလား? မိဖုရား~ "

"အရှင်မင်းကြီး~ "

ကြီးမြတ်လှသော အရိုအသေထက် ခေါင်းလေးငဲ့ရုံမျှသာ ပြုသောအရိုအသေပေးမှုအား ဟန်ကျင်းရှန်းမှ မဲ့ပြုံးဆင်သည်။ လင်းယွီကမူ လာခြင်းမကောင်းသည့် ဧကရာဇ်ကို မကျိန်ဆဲနိုင်စွာသာ ကြိတ်၍သက်ပြင်းချ၏။
စားပွဲ၌ ဝင်ထိုင်လိုက်ခြင်းအား  ပြုမည်ဟု လင်းယွီထင်သော်လည်း ကုတင်အနီးမှ လင်းယွီနံဘေးသို့ ချည်းကပ်လာသော ဧကရာဇ်ကြောင့် ပဟေဠိညှိသလို တစ်ချက်မျှကြည့်မိလိုက်သည်။
ဧကရာဇ်၏ ငယ်ရွယ်ခန့်ညားသည့် အသွင်အပြင်က သူမအဖို့တော့ စိတ်သာရှုပ်စေသည်မို့ မျက်လုံးအကြည့်လွှဲလိုက်သည့်အခါ မေးဖျားအား အသာဆွဲမလာသည်ကြောင့် လင်းယွီမျက်မှောင်သာကြုံ့မိလိုက်၏။

"ဘယ်လိုလဲ? ဧကရီ ကိုယ်တော့်ကို ထိမ်းမြားရတာတောင်မှ စိတ်သက်သာမှုမရှိတဲ့ပုံ မြင်နေရတာပဲ။"

"မဟုတ်တာပဲ အရှင်မင်းကြီး~ "

ထိုစကားကိုဆိုလိုက်သည့် လင်းယွီက သနားစရာ ဣိတ္ထိယလေသံညှင်းလေးနှင့် မဟုတ်။ အေးစက်စက် ခံစားချက်မဲ့သည့်အသံနှင့် ဆိုလိုက်ခြင်းသာလျင်……
ထိုအချင်းအရာက ရှင်းချန်းဧကရာဇ်အား ပို၍ပင် စိတ်ပျက်သွားစေသည်။ သူနှင့်အပြိုင် စိုက်ကြည့်နေသည့် သူမ၏မျက်ဝန်းထဲ၌ ခံစားချက်ဟူသည် မည်သို့သောအမျိုးအစားကိုမှ ရှာမတွေ့၍ ဟန်ကျင်းရှန်း သက်ပြင်းအသာချကာ သူမမေးဖျားကို ဆွဲမော့ထားစေမှုအား လွှတ်ပေးလိုက်လေ၏။

Phoenix in the Flame(မီးလျှံကြားက ဇာမဏီ)Where stories live. Discover now