အပိုင်း -၆

754 93 0
                                    

ကိုယ်လုပ်တော်လင်းဆိုတာ ဘယ်သူလဲ??

လျန်ဖုန်းရုတ်တရက် မည်သည့်စကားဆိုရမည်မသိ~  စကားသံမဲ့တိတ်ဆိတ်နေမိသည့်အခိုက် ရေခဲစိုင်ကဲ့သို့ အေးစက်သော ထိုကိုယ်လုပ်တော်လေးက အသက်မဲ့သည့် လှောင်ပြုံးတစ်ပွင့်နှင့်
စကားဆိုလာပြန်၏။

"တော်ဝင်မျိုးနွယ်ရဲ့ဥယျာဉ်ကို ဖျက်စီးတယ်လို့ ထင်နေရင်တော့ ဒီကအရှင်မင်းသားကို တောင်းပန်ရမှာပဲ။  ဒါပေမယ့်… ပျက်စီးယိုယွင်းလာတဲ့ ဥယျာဉ်ကို ထိန်းသိမ်းရတာကိုတော့ နားလည်ပေးနိုင်မယ်ထင်ပါတယ်။ "

"မင်း… "

"မယ်မယ်~ "

လျန်ဖုန်း၏စကားသံမဆုံးလိုက်…အပျိုတော်လေးတစ်ယောက်က ထိုကိုယ်လုပ်တော်ငယ်လေးထံသို့ တီးတိုးစကားဆိုသည့်ခဏ… ထိုအမျိုးသမီးငယ်၏ မျက်ခုံးလှလှတစ်စုံက ဟန်မဆောင်နိုင်စွာ တွန့်ကွေးသွား၏။ ထို့နောက် အချင်းချင်းတီးတိုးစကားပြောအပြီး လျန်ဖုန်းရှိရာဆီသို့ တည့်တည့်လှည့်ကာ နှုတ်ဆက်စကားဆိုလာသည်။

"ဒီကိုယ်လုပ်တော်(1)မှာ အလုပ်လေးရှိလို့ သွားခွင့်ပြုပါဦး အရှင့်သား~  သွားရအောင် အားလန်~ "

"ဟုတ်ကဲ့ မယ်မယ်~ "

သူမ၏ဟန်ပန်က အသည်းငယ်သည့် ကိုယ်လုပ်တော်ငယ်ငယ်လေးဟန် မည်သို့မှမပေါ်…။  လမ်းလျှောက်ပုံအနေအထားအရ ဧကရီဘုရင်မတစ်ပါးအလား~~
သူမသာ ဧကရီဟုဟန်ဆောင်လျင်  လျန်ဖုန်းယုံရမည်သာဖြစ်၏။ ထိုမိန်းမငယ်က  လျန်ဖုန်းကို တစ်ချက်ဂါရဝပြုအပြီး ဥယျာဉ်အပြင်ဘက်သို့ လျှောက်လှမ်းသွားသည့်အခါ လျန်ဖုန်းအသိဝင်လာပြီး လာရင်းကိစ္စအား သတိပြုမိသွားရသည်။
ထိုမိန်းမငယ်၏ကျောပြင်အား တစ်ချက်မှငေးကြည့်ပြီးနောက် ဥယျာဉ်တော်အား စွန့်ခွာကာ
အရှင်မင်းမြတ်နန်းဆောင်ဘက်သို့ ခြေဦးလှည့်လိုက်မိ၏။

"အရှင်မင်းကြီး~ "

စာရွက်စာတမ်းများနှင့် အလုပ်ရှုပ်နေသည့် ဧကရာဇ်သည်ကား ဒူးထောက်ကာ အရိုသေပြုနေသည့် ညီငယ်အရင်းချာအား မြင်လျင်မြင်ချင်း…  မျက်လွှာတကြောစုကြုံ့နေခြင်းအား ရပ်တန့်၍ အပြုံးတစ်ပွင့်နှင့်ကြိုဆိုသည်။ ထို့နောက် ကိုယ်တိုင်ကိုယ်ကျပင် အရိုသေပေးနေသည့် ညီငယ်ကို ထစေရန်တွဲထူပေး၏။

Phoenix in the Flame(မီးလွ်ံႀကားက ဇာမဏီ)Where stories live. Discover now