Phoenix in the Flame(မီးလွ်ံႀ...

By ReliChal_618

133K 13.2K 601

#Zawgyi #Unicode [Own Creation ]ရွင္းခ်န္း ဧကရီရဲ႕ လူသိမခံဝံ႕တဲ႕ အႀကီးမားဆုံးလ်ွိဳ႕ဝွက္ခ်က္~ မဂၤလာဦးညမွာတင္... More

"ဒ႑ာရီရဲ႕အစ"
အပုိင္း-၁
အပုိင္း-၂
အပုိင္း-၃
အပုိင္း-၄
အပုိင္း-၅
အပိုင္း-၆
All About MC LinYu
အပုိင္း-၇
အပုိင္း-၈
အပုိင္း-၉
အပုိင္း-၁၀
အပုိင္း-၁၁
အပုိင္း-၁၂
အပုိင္း-၁၃
အပုိင္း-၁၄
Announcement !!
ဒဏ္ဍာရီရဲ့အစ[UniCode]
အပိုင်း-၁
အပိုင်း-၂
အပိုင်း -၁၃
အပိုင်း -၁၄
အပိုင်း -၃
အပိုင်း -၄
အပိုင်း -၅
အပိုင်း -၆
အပိုင်း -၇
အပိုင်း -၈
အပိုင်း -၁၀
အပိုင်း -၉
အပိုင်း -၁၁
အပိုင်း -၁၂
အပိုင္း-၁၅
အပိုင်း -၁၅
အပိုင္း-၁၆
အပိုင်း -၁၆
အပိုင္း-၁၇ [Z+U]
Notification from Author :Please Read!!
အပိုင္း-၁၉ [Z+U]
အပုိင္း-၂၀ [Z+U]
All About Han JinXian
အပိုင္း-၂၁ [Z+U]
အပိုင္း -၂၂ [Z+U]
အပုိင္း-၂၃ [Z+U]

အပုိင္း -၁၈ [Z+U]

1.6K 220 6
By ReliChal_618


Too Late .But I keep my promise~~


"ဇာမဏီေလာ ႀကမၼာဆုိးေလေလာ "(၂)

လွည္းေပၚျပန္တက္သည္႕အခ်ိန္မွစ၍ လင္းယီြမ်က္ႏွာက ေအးစက္သည္ထပ္ပုိ၍ေအးစက္လာရကာ စာကဗ်ာေရးဖြဲ႕ျခင္းကိုလည္းမျပဳေတာ႕။ မ်က္လႊာခ်လ်က္သာ ျငိမ္ဆိမ္စြာထုိင္လ်က္ရွိ၏။ အရိပ္အကဲနားလည္သည္႕ အားလန္က တစ္ခုခုကုိေမးျမန္းခ်င္ေသာ္လည္း စကားပင္ဆုိခ်င္ဟန္မရကာ ဆိတ္ဆိတ္ေနသည္႕လင္းယီြေႀကာင္႕ သူမပါတိတ္ဆိတ္လ်က္ရွိသည္။ လင္းယီြက စစ္မင္ဘုံေက်ာင္းဘက္သုိ႕ေရာက္သည္အထိ မည္သည္႕စကားမွမဆုိ ဆိတ္ျငိမ္စြာရွိေနဆဲ...။ တပ္မွဴးက လွည္းအနီးကပ္၍ သတင္းေပးလာမွသာ သူမ၏မွိတ္ခ်ထားသည္႕မ်က္ဝန္းတုိ႕က ျပန္လည္ပြင္႕ဟလာ၏။

"မိဖုရားမယ္မယ္~ စစ္မင္ဘုံေက်ာင္းဝကုိေရာက္ပါျပီ။ "

"ေကာင္းျပီ ~ "

ထုိစကားေျပာျပီးသည္ႏွင္႕ အားလန္ကပင္တြဲမကူရေသး အလ်င္ဆင္းသြားေလသည္႕ လင္းယီြ...။ စစ္မင္ဘုံေက်ာင္းဝမေရာက္ခင္အထိ မ်ားျပားလွေသာေလွကားထစ္မ်ားကုိ ႀကည္႕ရႈရင္း သူမကမည္သည္႕စကားမွမဆုိ တိတ္ဆိတ္လ်က္...။ မတ္ေစာက္လွသည္႕ ေက်ာက္ဆစ္ေလွကားမ်ားကုိ သူမႀကည္႕ရႈေနစဥ္ ထုိေလွကားမ်ားမွသည္ ဘုန္းေတာ္ႀကီးတစ္ပါးက ျဖည္းညင္းစြာဆင္းသက္လာျပီး ေနာက္ဆုံးလင္းယီြ၏အေ႕ရွ၌ရပ္လာသည္။ အရုိအေသမျပဳေသာ ဘုန္းေတာ္ႀကီး၏သရုပ္ေႀကာင္႕ နံေဘးမွလူမ်ားက သတိေပးခ်င္ေသာ္ျငား လင္းယီြက လက္ကာျပသည္။ ဘုန္းေတာ္ႀကီးကမူ စိပ္ပုတီးကုိ တတိတိစိပ္ေနရင္းမွ လင္းယီြထံသုိ႕ႀကည္႕ရႈလာ၏။

"ဒကာမေလး~ ကံႀကမၼာေရစက္ဆုိတာ ယုံႀကည္သလား"

"မယုံဘူး။ "

"ဘုရားရွိတယ္ဆုိတာေရာ ယုံႀကည္သလား?"

"မယုံႀကည္ဘူး "

"ဒကာမေလးအနားမွာ မေကာင္းတဲဲ႕အေငြ႕အသက္ေတြ လႊမ္းျခံဳေနတယ္။ သူတုိ႕မဝါးျမိဳခံရေအာင္ ဂရုျပဳပါ။ ဘယ္ေလာက္ပဲ အင္အားရွိေနပါေစ အေမွာင္ကုိမတြန္းလွန္နုိင္ဘူး။ ကံႀကမၼာပဲ ကံႀကမၼာပဲ။ "

ထုိစကားကုိဆုိအျပီး ဘုန္းေတာ္ႀကီးမွာ တစ္ဖက္မွသစ္ေတာစပ္ထဲသုိ႕ ဝင္ေရာက္ေပ်ာက္ကြယ္သြားေတာ႕သည္။ လင္းယီြမွာ တစ္ေန႕လုံးႀကမၼာဆုိးဟူသည္႕ စကားမ်ားကုိႀကားေနရသည္မုိ႕ ေခါင္းပင္ကုိက္ခ်င္လာရသည္။ စစ္မင္ဘုံေက်ာင္းေလွကားထစ္မ်ားကုိ ျဖတ္ေက်ာ္ျပီး ေက်ာင္းဝသုိ႕ေရာက္ရွိလာစဥ္၌ ဘုန္းေတာ္ႀကီးအခ်ိဳ႕ႏွင္႕ ေက်ာင္းထုိင္ဆရာေတာ္က ဧကရီအားခရီးဦးႀကိဳျပဳသည္။ လင္းယီြလည္း အရုိအေသျပဳလုိက္ရင္း ဘုန္းေတာ္ႀကီးမ်ားကိုႀကည္႕ရႈမိသည္႕ေနာက္ ခုနမွေတြ႕ရွိခဲ႕ရေသာ ထူးဆန္းေသာဘုန္းေတာ္ႀကီးကုိ အမွတ္ရမိျပီး ထုိဘုန္းေတာ္ႀကီးအေႀကာင္းကုိ ေမးျမန္းမိလုိက္၏။
ထုိအခါ ေက်ာင္းထုိင္ဆရာေတာ္က သေဘာေပါက္ဟန္ျဖင္႕ အျပံဳးႏွင္႕ေျပာဆုိလာ၏။

"မိဖုရားက ကုိယ္ေတာ္အန္းစစ္နဲ႕ဆုံေတြ႕ခဲ႕တာပဲ ျဖစ္မယ္။"

"သူက ဒီေက်ာင္းကပဲလား?"

"ဟုတ္ပါတယ္လုိ႕ ေျပာရမလုိ မဟုတ္ဘူးလုိ႕လည္းဆုိလုိ႕ရတယ္။ ကုိယ္ေတာ္အန္းစစ္က စစ္မင္ဘုံေက်ာင္းကဆုိေပမယ္႕ တစ္ႏွစ္ပတ္လုံး အျပင္ေလာကကုိပဲေလွ်ာက္သြားေနတတ္တယ္။ ျပီးေတာ႕ သူကတခ်ိဳ႕ေသာသူေတြကုိ ထူးဆန္းတာေတြ ေျပာတတ္တယ္။ မိဖုရားကိုလည္း သူအဲ႕လုိေျပာသြားတယ္ဆုိရင္ စိတ္ထဲမထားပါနဲ႕"

"ေကာင္းျပီ။ က်ြန္မတရားစာကူးေရးရမယ္႕ေနရာကုိ ကုိယ္ေတာ္လမ္းျပေပးပါဦး"

"ဟုတ္ကဲ႕ ခန္းမေဆာင္မွာ မနက္ျဖန္ကူးေရးဖုိ႕အတြက္ စာရြက္ေတြအသင္႕ျပင္ေပးထားပါတယ္။ ညာဘက္က ဧည္႕ခန္းေဆာင္ဘက္မွာ အခန္းျပင္ေပးထားတာမုိ႕ အရင္အနားယူပါ မိဖုရား "

"မလိုဘူး။ က်ြန္မအခုပဲကူးေရးခ်င္တာမုိ႕ ေနရာျပပါ "

ေက်ာင္းထုိင္ကိုယ္ေတာ္မွာ လင္းယီြ၏ခုိင္မာျပတ္သားစြာ ေျပာဆုိလာမႈေႀကာင္႕ မည္သုိ႕မွမတုံ႕ျပန္ေတာ႕ပဲ ခန္းမေဆာင္သုိ႕သာ တိတ္ဆိတ္စြာေခၚေဆာင္သြားေတာ႕သည္။ ဘုရင္မင္းျမတ္ခ်မွတ္သည္႕အမိန္႕၌ အေစခံလည္းေခၚမရသည္႕ စည္းကမ္းလည္းရွိေပသည္မုိ႕ အားလန္က ရက္အနည္းငယ္ေနရမည္ျဖစ္သည္ေႀကာင္႕ ပစၥည္းအခ်ိဳ႕ေနရာခ်ရန္ အိပ္ခန္းဘက္သုိ႕သာ ဦးတည္ရေတာ႕သည္။
လင္းယီြခန္းမေဆာင္သို႕ေရာက္ရွိသည္႕ေနာက္ မည္သည္႕ေနရာကုိမွမစူးစမ္းပဲ တရားစာကူးရန္အသင္႕ခ်ထားေပးသည္႕ ခုံ၌ ထုိင္ကာ မင္တုံးကုိယူလ်က္ တိတ္ဆိတ္စြာမင္ေသြးေနေတာ႕သည္။ ဆရာေတာ္သည္လည္း မိဖုရား၏စိတ္အားထက္သန္မႈကုိ မေႏွာင္႕ယွက္ခ်င္သည္မုိ႕ ခန္းမေဆာင္တံခါးကုိ အသာပိတ္ကာ ထြက္ခြာသြားေတာ႕သည္။

မင္ရည္ပ်စ္ပ်စ္ရလာသည္႕ေနာက္ စုတ္တံကုိအသာကုိင္လ်က္ စာရြက္ျဖဴျဖဴထက္၌ ကူးေရးရမည္႕တရားစာမ်ားကုိ တိတ္ဆိတ္စြာ ကူးေရးေနခဲ႕ေသာ လင္းယီြ......။
သူမ၏မ်က္ႏွာက ေက်ာက္ဆစ္သားသုိ႕ႏွယ္ မည္သည္႕အမူအရာမွမထင္က်န္သကဲ႕သုိ႕ အျပဳမူတစ္ခုခ်င္းစီသည္လည္း ေအးစက္ဆိတ္ျငိမ္လ်က္ရွိသည္။ ဆီမီးေရာင္မွိန္မွိန္ေအာက္၌ စာလုံးမ်ားကုိ စီညီစြာကူးေရးေနရင္း မီးအလင္းမ်ားက ေလယူရာတိမ္းေနသည္မုိ႕ စာရြက္ထံ၌အႀကည္႕ျမဲျမံေနသည္႕ လင္းယီြက ထုိမီးအလင္းမ်ားကုိ ႀကည္႕ရႈလာသည္။ ထုိ႕ေနာက္မထူးျခားနားစြာ ေခါင္မုိးထက္ကုိ တစ္ခ်က္ေမာ႕ႀကည္႕ျပီးေနာက္ သူမက ေရးလက္စစာရြက္ထံ၌သာ အာရုံကုိရွိေစလုိက္သည္။ သုိ႕ေသာ္ မ်က္ဝန္းမ်ားကအေရာင္လင္းလက္ေနခဲ႔ျပီး စုတ္တံကုိစုပ္ကုိင္ထားသည္႕လက္တုိ႕က တင္းႀကပ္လာသည္႕ေနာက္ မည္သူမွသတိမထားမိစဥ္အခ်ိန္၌ ေခါင္းထက္မွဆံထုိးကုိ လ်င္ျမန္စြာဆြဲယူလုိက္ကာ ခန္းမေဆာင္ေခါင္မုိးထက္သုိ႕ တိက်စြာပစ္လုိက္သည္က လက္နက္တစ္ခုအလား......။
ထုိသုိ႕ဆံထုိးက ေခါင္မိုးဆီသုိ႕ပ်ံသန္းသြားသည္႕ေနာက္ အုပ္ႀကြပ္မ်ားျပိဳက်သံႏွင္႕အတူ တစ္စုံတစ္ေယာက္သည္လည္း အေဆာင္တြင္းသုိ႕ျပိဳက်လာသည္႕အခါ တစ္ဖန္ဖမ္းယူလုိက္သည္႕ဆံထုိးျဖင္႕ ထုိသူဆီဦးတည္လုိက္သည္႕ လင္းယီြ...။ ထုိလ်င္ျမန္ဖ်တ္လတ္လွေသာလူက ေရွာင္ရွားပါေသာ္လည္း လင္းယီြ၏လွည္႕ပတ္တုိက္ခုိက္မႈမ်ား၌ အငုိက္မိသြားရသည္႕အခါ လည္ပင္းထက္၌ ခ်ြန္ျမေသာဆံထုိးအဖ်ားက
နစ္ဝင္ေတာ႕မည္႕ဟန္မုိ႕ ထုိသူကလႈပ္ရွားမႈမ်ားရပ္တန္႕သြားရသည္။
လင္းယီြက ထုိသူကုိသတိထားႀကည္႕ရႈမိသည္႕အခါ မိန္းကေလးတစ္ဦးျဖစ္ေနသည္ကုိ ေတြ႕ရွိလုိက္ရေပ၏။

"မင္းကုိဘယ္သူလႊတ္လုိက္တာလဲ ! ေျပာ!"

"မိဖုရား~ စိတ္ေလွ်ာ႕ပါ။ က်ြန္ေတာ္မ်ိဳးမက...သခင္......... အရွင္မင္းႀကီးလႊတ္လုိက္တဲ႕သူပါ "

လင္းယီြကထုိမိန္းကေလး၏ အလ်င္စလုိေျပာဆုိမႈအား ေအးစက္စြာျဖင္႔ပင္......

"သူက ငါ႕ကုိသတ္ခုိင္းတာလား?"

"မဟုတ္ပါဘူး။ လုံးဝမဟုတ္ရပါဘူး!! အရွင္မင္းႀကီးက မိဖုရားကုိ လုိက္ပါေစာင္႕ေရွာက္ခုိင္းလုိက္တာပါ"

"လုိက္ပါေစာင္႕ေရွာက္ခုိင္းတယ္။ သူဘာေတြႀကံစည္ေနျပန္ျပီလဲ? "

လင္းယီြ၏ေအးစက္စက္ ေရရြတ္သံေႀကာင္႕ ထုံယိြမွာ သခင္႕ကုိကုိယ္ခ်င္းစာမိသြားရသည္။ သူကကာကြယ္ေစခ်င္၍ ထုံယိြကဲ႕သုိ႕နံပါတ္တစ္ အရိပ္မဲ႕တပ္ဖြဲ႕ဝင္အား ဤေနရာသုိ႕ပုိ႕လုိက္ေသာ္ျငား ထုိေအးစက္လွပေသာမိဖုရားက အႀကံအစည္ဟုပင္သတ္မွတ္ကာ သံသယပင္ဝင္ေနေသးသည္။ ထုိ႕အျပင္ ထုံယိြထံကုိႀကည္႕ရႈရင္း မယုံသကၤာျဖစ္ကာ သူမ၏အရည္အခ်င္းကုိလည္း မယုံသကၤာျဖစ္ေနသည္႕ႏွယ္ ေအးစက္စက္ႀကည္႕ရႈလာသည္မုိ႕ နံပါတ္တစ္သုိင္းသမားထုံယိြမွာ ေသြးအန္ခ်င္သြားရသည္။

'ဒါငါ႕အမွားမဟုတ္ပါဘူးေနာ္ ဘယ္သူကသိမွာလဲ မိဖုရားကအဲ႕ေလာက္က်ြမ္းက်င္တဲ႕ သုိင္းသမားမွန္း... သူမကုိကာကြယ္ေစာင္႕ေရွာက္ရမယ္တဲ႕ သူမသုိင္းအဆင္႕က သခင္နဲ႕ဆုိတူတူေလာက္ပဲဆုိတာ သိရဲ႕လား အဲ႕လုိပညာရွင္အဆင္႕ကုိ ငါေလးလုိသုိင္းသမားေလးက ကာကြယ္စရာလုိေသးလုိ႕လား'

ထုံယိြမွာ လင္းယီြ၏အထင္မႀကီးသည္႕ အႀကည္႕မ်ားေႀကာင္႕ ခံရခက္ခက္ႏွင္႕ေသြးစုိ႕ေနသည္႕ လည္ပင္းကုိပြတ္သပ္မိခ်ိန္၌ လင္းယီ၏ေအးစက္စက္ေလသံကုိ တဖန္ႀကားလုိက္ရေပ၏။

"မင္းနာမည္~ "

"... မိဖုရား...... ဒီကုိယ္ရံေတာ္ရဲ႕နာမည္က ထုံယိြလုိ႕ေခၚပါတယ္။ "

"ေကာင္းျပီ ထုံယိြ မင္းငါ႕ကုိ ကာကြယ္ေစာင္႕ေရွာက္စရာမလုိဘူး။ တစ္ကယ္လုိ႕ မင္း သူ႕အမိန္႕ကုိမလြန္ဆန္နုိင္ဘူးဆုိရင္လည္း ငါနဲ႕ ငါးလီအကြာအေဝးေလာက္မွာေန... ငါ႕ကုိအေႏွာင္႕အယွက္မျဖစ္ေစနဲ႕ "

"ဒါေပမယ္႕......"

"မင္းသုိင္းပညာက ေကာင္းပါတယ္။ ဒါေပမယ္႕ မင္းကသတိနည္းတယ္ ဘယ္လုိမွအရိပ္ကုိယ္ရံေတာ္မျဖစ္နုိင္ဘူး။ ငါ႔စိတ္ကုိအေႏွာင္႕အယွက္ျဖစ္ေစရုံပဲရွိတယ္။ "

"........."

"သြားေတာ႕ ငါ႕ကုိမေနာင္႕ယွက္နဲ႕ "

လင္းယီြ၏စကားမ်ားေႀကာင္႕ စိတ္ထဲျမားအစင္းတစ္ေထာင္လုိက္ စုိက္သြားရသည္႕ထုံယိြမွာ ေခါင္းငုိက္စုိက္က်ကာ ေခါင္မုိးမွတစ္ဆင္႕ထြက္သြားျပီး အေမွာင္ထုထဲသုိ႕ ဝင္ေရာက္ေပ်ာက္ကြယ္သြားေတာ႕၏။
လင္းယီြမွာ အရႈပ္ေပါင္းမ်ားစြာေႀကာင္႕ ကုိက္ခဲလာရသည္႕ေခါင္းကုိ အသာဖိရင္း စားပြဲေ႕ရွတစ္ဖန္ျပန္ထုိင္ကာ စုပ္တံကုိကုိင္လုိက္မိ၏။
ညဥ္႕သန္းေခါင္ယံသုိ႕ ေက်ာ္လြန္လာသည္အထိ ကူးေရးေနသည္႕စာတစ္လုံးခ်င္းစီ၌ အာရုံစုိက္ေနစဥ္၌ ရုတ္တရက္ဆန္တက္လာေသာ ရင္တြင္းမွအပူဓာတ္ေႀကာင္႕ စုပ္တံအဖ်ားသည္ မတည္ျငိမ္စြာ စာလုံးမ်ားကုိရႈပ္ေထြးသြားေစသည္။ ရုတ္ခ်ည္းပူေလာင္ ေလာင္ျမိဳက္လာရေသာအပူဒဏ္ေႀကာင္႕ အသက္ရွဴသံတုိ႕ပင္ မတည္မျငိမ္ျဖစ္လာရေသာ္လည္း လင္းယီြ၏မ်က္ႏွာက ေအးစက္ခက္ထန္ေနဆဲပင္။ သူမ၏မ်က္ႏွာျဖဴေဖ်ာ႕ေဖ်ာ႕ထံ၌ ေခ်ြးစတုိ႕သီလာစဥ္အခ်ိန္ထိ ေတာင္႕ခံေနခဲ႕ေသာလင္းယီြ......။ အခ်ိန္တစ္ခုႀကာလာခ်ိန္၌မူ တုန္ယင္လာရေသာခႏၶာကုိယ္ႏွင္႕အတူ စာရြက္ျဖဴမ်ားအႀကား လဲျပိဳသြားေတာ႕သည္။ ခႏၶာကုိယ္အားေလာင္ျမိဳက္ေနသည္႕ အပူဓာတ္ကမူ ေပ်ာက္ကြယ္မသြား...။ ေဝဝါးဝ္းအျမင္၌ အျပာေရာင္မီးေတာက္ေလးတစ္ခုအား ခပ္ေရးေရးျမင္လုိက္ရျပီးေနာက္ လင္းယီြမွာလုံးဝသတိမရွိစြာ ေမ႕ေျမာသြားေတာ႕၏။

အခ်ိန္အေတာ္ႀကာ လင္းယီြနုိးထလာစဥ္၌မူ သူမရွိေနသည္က ခန္းမေဆာင္၌မဟုတ္ေတာ႕။ ခန္းမေဆာင္၌မဟုတ္သလုိ စစ္မင္ဘုံေက်ာင္း၌လည္းမဟုတ္...။ သူမေရာက္ရွိေနသည္က ထူးဆန္းေသာေလာကတစ္ခု...။ ေဘးပတ္ပတ္လည္ရွိ ပန္းမ်ားသစ္ပင္မ်ားကအစထူးျခား၍ေနျပီး ေျခခ်မိသည္႕ေနရာသုိ႕ႀကည္႕ရႈမိသည္႕အခါ တိမ္စုိင္ျဖဴေဖြးေဖြးမ်ားက ေနရာယူ၏။
မ်က္စိေ႕ရွမွ အလြန္လွပေသာႀကာနီကန္တြင္းမွ ထြက္ေပၚလာသည္႕ေရေငြ႕မ်ားရုိက္ခတ္မႈက ပတ္ဝန္းက်င္ကို မႈန္မႈိင္းေစသည္။ ထုိႀကာကန္နံေဘး၌မူ လူတစ္ဦးက လင္းယီြကုိ ေက်ာေပးကာထုိင္လ်က္ရွိ၏။ ထုိသူ၏ဆံပင္မ်ားက အျပာေရာင္သန္းလ်က္ရွိျပီး အလြန္ထူးဆန္းသည္။ သူကျမင္းမွီးတံကုိကုိင္ေဆာင္ထားကာ လက္တစ္ဖက္ကမူ ႀကာပန္းတစ္ပြင္႕ကုိေဆာင္ယူ၍ထားသည္။ သူက လင္းယီြရွိဘက္သုိ႕ ေခါင္းငဲ႕ႀကည္႕လာျပီး စကားကုိျဖည္းညင္းညင္းဆုိလာ၏။

"မင္းေကာင္းေကာင္းႀကီးျပင္းလာတာပဲ "

"........."

"ႏွေျမာစရာပဲ "သူ"ဒါကုိမျမင္နုိင္ေတာ႕ဘူး။ "

"........."

"လူသားတစ္ဦးလုိေနထုိင္ပါ။ ဒါ မင္းဘဝရဲ႕အေကာင္းဆုံးေသာ ေရြးခ်ယ္မႈပဲ မင္းစိတ္ထဲက"အဲ႕အရာ"ကုိ ထြက္မလာပါေစနဲ႕ "

လင္းယီြမွာ ထူးဆန္းလွေသာထိုသူကုိ တုံ႕ျပန္၍ မည္သည္႕စကားမွမဆုိနုိင္လုိက္။
နံေဘးနားမွ အျဖဴေရာင္ တိမ္စုိင္ေတြက အလ်င္အျမန္ သူမကုိရစ္ပတ္လာသည္က မည္သည္ကုိမွမျမင္နုိင္ေတာ႕ပဲ အသက္ရွဴမႀကပ္ခင္အထိပင္......။ တိမ္စုိင္မ်ားဖယ္ခြာသြားကာ အရာအားလုံးကုိုျမင္နုိင္ခ်ိန္၌ လင္းယီြျမင္ရသည္က ေရႊေရာင္ဝင္းဝင္းရုပ္တုေတာ္ျဖစ္ျပီး သူမ၏ျမင္ကြင္းအရာရာက တည္႕မတ္ျခင္းမရွိ......။ လက္ရွိအေနအထားကုိ သတိျပဳမိသည္႕အခါ လင္းယီြက စာရြက္မ်ားႀကား၌ လဲေလ်ာင္းလ်က္ရွိေနေသးျပီး ခန္းမေဆာင္၌ပင္ရွိေနေသးသည္ကုိ ေတြ႕လုိက္ရသည္။ ေစာေစာကျမင္လုိက္ရသမွ်သည္ အိပ္မက္တစ္ခုသာျဖစ္မွန္း
အတည္ျပဳမိလုိက္ခ်ိန္၌ သက္ျပင္းတစ္ခုသာခ်မိလုိက္၏။
ထုိ႕ေနာက္ တျဖည္းျဖည္းခ်င္းခႏၶာကုိထူမတ္လုိက္ကာ စားပြဲခုံကုိအမွီျပဳလုိက္မိသည္။
သူမ၏စိတ္က သံမဏိႏွယ္မာေႀကာေနေသးေသာ္လည္း ခႏၶာကေစရာအတုိင္းမသြားနုိင္ေခ်။ ထုိအပူဓာတ္ေႀကာင္႕ ခ်က္ခ်င္းအားနည္းသြားရကာ လႈပ္ပင္မလႈပ္ခ်င္ေတာ႕။ ခဏတာ ဆိတ္ျငိမ္ေနခဲ႕ျပီး ေခ်ြးမ်ားကုိသုတ္လုိက္မိ၏။ အရာအားလုံးပုံမွန္ျဖစ္သြားခ်ိန္၌မူ မုိးပင္လင္းေနျပီျဖစ္၏။ အားလန္က မနက္စာသုံးေဆာင္ရန္ လင္းယီြကုိလာေရာက္ေခၚေဆာင္သည္မုိ႕ တိတ္ဆိတ္လ်က္သာ လုိက္ပါသြားေတာ႕သည္။ မနက္စာကုိတုိးတိတ္စြာစားသုံးျပီးခ်ိန္၌ တရားစာကူးေရးရန္အခ်ိန္မက်ေသးသည္မုိ႕ စိတ္တည္ျငိမ္ေစရန္ ပုတီးကုိသာခပ္မွန္မွန္စိပ္ျပီး မ်က္ဝန္းမ်ားကုိမွိတ္ခ်ထားလုိက္မိသည္။

ခါတုိင္းႏွင္႕မတူ သူမ၏ရႈပ္ေထြးေနခဲ႕ေသာစိတ္အစုံေႀကာင္႕ လင္းယီြမွာတိတ္ဆိတ္သည္ထပ္ ပုိ၍တိတ္ဆိတ္လာရျပီး ဤဘုံေက်ာင္းသုိ႕လာရေသာ အေႀကာင္းအရင္းျဖစ္သည္႕ တရားစာကူးေရးျခင္းကုိသာ တိတ္ဆိတ္စြာျပဳလ်က္ရွိ၏။ မည္သူမွမဝင္နုိင္ရန္ပင္ တံခါးပိတ္ထားသည္မုိ႕ သခင္မ၏ထူးဆန္းေသာအျပဳအမူေႀကာင္႕ အားလန္မွာစုိးရိမ္ပူပန္ေနရေသာ္လည္း လင္းယီြကတရားစာကူးေရးျပီးသည္႕အခ်ိန္၌မူ ထုိင္ခုံ၌ဆိတ္ျငိမ္စြာထုိင္ရင္း ပုတီးကုိသာခပ္မွန္မွန္စိပ္လ်က္ရွိ၏။ တိတ္ဆိတ္ေနသည္႕ခန္းမေဆာင္တြင္း ပုတီးစိပ္သံက ခပ္သဲ႕သဲ႕ထြက္ေပၚေနျပီး က်န္သည္႕အရာအားလုံးက တိတ္ဆ္ိတ္လ်က္...။
ဤတစ္လအေတာအတြင္း တရားစာအားလုံးကူးေရးျပီးသည္အထိ လင္းယီြမွာျပန္ရန္စိတ္ကူးမရွိေသး......။ ခန္းမေဆာင္ ဆင္းတုေတာ္၏ေ႕ရွ၌ ပုတီးစိပ္ရင္းသာ ဆိတ္ျငိမ္ေအးခ်မ္းစြာ ေနထုိင္လ်က္ရွိ၏။ ပုတီးစိပ္ရင္း လင္းယီြ၏စိတ္အစုံက စစ္မင္ဘုံေက်ာင္း၏ ဆိတ္ျငိမ္ေသာေလထုေအာက္၌ ေအးခ်မ္းစြာ တည္ရွိေနသည္႕ေနာက္ ေက်ာင္းထုိင္ဆရာေတာ္၏အသံႏွင္႕အတူ အျပင္မွစကားေျပာသံအခ်ိဳ႕ကုိ ႀကားလုိက္ရသည္႕အခါ မွိတ္ထားသည္႕မ်က္လုံးမ်ားကုိ ျပန္ဖြင္႕လုိက္မိျပီး အျဖဴေရာင္စိပ္ပုတီးကုိ အသာေခါက္သိမ္းလုိက္မိသည္။ အျပင္မွေျခသံမ်ားနီးကပ္လာခ်ိန္၌ လင္းယီြကအလ်င္ တံခါးကုိဆြဲဖြင္႕လုိက္ေပသည္။ တံခါးအျပင္၌မူ ေက်ာင္းထုိင္ဆရာေတာ္အျပင္ အျခားေသာအျပင္လူႏွစ္ဦးကုိပါ ေတြ႕ရွိလုိက္ရေပ၏။ ေက်ာင္းထုိင္ဆရာေတာ္ကမူ
လင္းယီြကုိအျမင္နႈတ္ဆက္သမႈျပဳလာ၏။

"မိဖုရား~ တရားစာကူးေရးလုိ႕ျပီးပါျပီလား?"

"ျပီးျပီ။ အခုက်ြန္မ ပုတီးပဲစိပ္ေနတာ ဘာကိစၥရွိလုိ႕ပါလဲ?"

"ဒီဒကာေလးက ခ်ီြယင္းျပည္နယ္က အုပ္ခ်ဳပ္ေရးမွဴးသခင္ေလးပါ စစ္မင္ဘုံေက်ာင္းရဲ႕ သက္ဝင္ယုံႀကည္သူဆုိလည္းမမွားပါဘူး။ သူက ေက်ာင္းနားကေန ျဖတ္သြားရင္းနဲ႕ ဆုေတာင္းအရုိေသျပဳခ်င္တယ္ေျပာလုိ႕ မိဖုရားခြင္႕ျပဳနုိင္မလားလုိ႔ပါ "

ေက်ာင္းထိုင္ဆရာေတာ္က ေတာင္းဆုိသည္႕ေလသံႏွင္႕ ေျပာဆုိလုိက္ေသာ္လည္း မသက္မသာျဖစ္ဟန္ႏွင္႔ပင္......။
သူတုိ႔သိေသာ ေတာ္ဝင္မ်ိဳးႏြယ္မ်ားက ေသြးႀကီးလွသည္မုိ႕ အေျဖကုိသိပ္ေတာ႕ မေမွ်ာ္လင္႕ထား......။
လင္းယီြက မ်က္စိေ႕ရွမွ သခင္ေလးႏွစ္ဦးကုိ အကဲခတ္ႀကည္႕ရႈဟန္ျဖင္႕ ႀကည္႕ရႈရာမွ အနက္ေရာင္ဝတ္သခင္ေလးက သာမာန္ကာလွ်ံကာမွ် ႀကည္႕ရႈျပီး အျပာေရာင္ဝတ္သခင္ေလးထံ၌ အႀကည္႕မ်ားက ရပ္တန္႕သြားရသည္။
ထုိသခင္ေလးက ရုိးရွင္းလွေသာဝတ္ရုံကုိဝတ္ဆင္ထားျပီး ယပ္ေတာင္တစ္ေခ်ာင္းကုိ ကုိင္ေဆာင္ထားကာ သူ၏မ်က္ႏွာသြင္ျပင္က ေယာက်ာ္းဆန္ေသာ ခက္ထန္သည္႕လွပျခင္းမ်ိဳးရွိသည္။ ထုိထူးဆန္းစြာလွပေသာ သခင္ေလးက လင္းယီြႏွင္႕ အႀကည္႕ခ်င္းဆုံသြားသည္႕ေနာက္ နူးညံ႕ညံ႕ျပံဳးျပလာသည္မုိ႕ လင္းယီြမွာ ရုတ္တရက္ေႀကာင္အသြားရေသာ္လည္း ခဏတြင္းခ်င္းအႀကည္႕လႊဲကာ ဆုိလုိက္၏။

"ရတယ္။ က်ြန္မလည္းအနားယူခ်င္ျပီမုိ႕ သြားလုိက္ပါဦးမယ္ ဆရာေတာ္"

"ေကာင္းပါျပီ "

လင္းယီြက ထုိေနရာမွ လ်င္ျမန္စြာထြက္ခြာသြားသည္႕ေနာက္ ဆရာေတာ္က ခန္းမေဆာင္တြင္း ဦးေဆာင္ဝင္သြားကာ အနက္ေရာင္ဝတ္ရုံႏွင္႔ သခင္ေလးပါ လုိက္ပါသြားေသာ္လည္း အျပာေရာင္ဝတ္ရုံႏွင္႕ သခင္ေလးမွာ ခန္းမေဆာင္ေ႕ရွ၌ပင္ ရပ္တန္႕ေနဆဲပင္......
သူ၏အႀကည္႕မ်ားသည္လည္း ထြက္ခြာသြားသည္႕ ဧကရီ၏ေက်ာျပင္၌ျမဲျမံေနခဲ႕ပါ၏။ အနက္ေရာင္သခင္ေလးက ေနာက္ေႀကာင္းျပန္လွည္႕လာရင္းမွ ထုိအျဖစ္ကုိအျမင္ နားမလည္စြာ စကားဆုိလာ၏။

"ခ်န္းယီြ မင္းဘာလုပ္ေနတာလဲ?"

"သူက တစ္ကယ္ထူးဆန္းတယ္။ ငါလည္းထူးဆန္းေနတယ္။ သူ႕ကုိျမင္ေတာ႕ နွလုံးခုန္ေတြျမန္လာတယ္။ "

ႏွလုံးသားကုိဖိကုိင္ရင္း ဆုိသည္႕ခ်န္းယီြ၏စကားေႀကာင္႕ အနက္ေရာင္ဝတ္ရုံႏွင္႕ သခင္ေလးခ်င္က်န္႕က မိုးႀကိဳးအစင္းတစ္ေထာင္ပစ္သကဲ႕သုိ႕ လန္႕ျဖန္႕သြားရကာ ခ်န္းယီြ၏စကားကုိ အလ်င္စလုိတားျမစ္လုိက္ေလ၏။

"ငါတုိ႕စစ္မင္ဘုံေက်ာင္းကုိ ဝင္နုိင္တာကတင္ ကံေကာင္းေနျပီ။ မင္းက ဘုရင္႕မိန္းမကုိေတာင္ သြားပစ္မွားေနတာလား?"

"မဟုတ္ဘူး။ ငါဆုိလုိခ်င္တာ အဲ႕လုိသေဘာမဟုတ္ဘူး။ သူနဲ႕ေတြ႕ရတာ ငါဝမ္းသာေနတယ္။ ဘာေႀကာင္႕မွန္းမသိေပမယ္႕ ငါရင္ထဲမွာဝမ္းသာတာေရာ ဝမ္းနည္းတာပါ ခံစားေနရတယ္။ ငါအခု ရင္ထဲမွာဘယ္လုိခံစားေနရမွန္း မသိေတာ႕ဘူး။ "

"လာစမ္းပါ ခ်န္းယီြရာ သခင္မႀကီး မင္းကုိေစာင္႕ေနေတာ႕မယ္။ ျမန္ျမန္ဝတ္ျပဳျပီးသြားႀကရေအာင္ ဟုတ္ျပီလား?"

ခ်န္းယီြမွာ ခ်င္က်န္႕၏ဆြဲေခၚမႈေႀကာင္႔ ဘုံေက်ာင္းခန္းမေဆာင္တြင္း မပါခ်င္ပဲပါသြားရသည္။ သူ၏စိတ္အစုံကမူ ထုိနန္းမ်ိဳးႏြယ္ထံ၌သာ ျငိတြယ္ဆဲပင္......။ အခြင္႔သာရွိမည္ဆုိလ်င္ သူမႏွင္႕အတူေနာက္တဖန္ ဆုံစည္းခ်င္ပါေသး၏။ သူ၏ဆႏၵအား စိတ္တြင္းမွေန ခပ္တုိးတုိးေတာင္းဆုျပဳလုိက္မိေပသည္။

*******************

လင္းယီြက ဤကာလတစ္ေလွ်ာက္လုံး တရားရိပ္၌ ေအးခ်မ္းစြာတည္ရွိေနသေလာက္ နန္းတြင္းအေနာက္ေဆာင္မွ မိန္းမမ်ားသည္ကား သူမေလာက္ ေအးခ်မ္းမေနခဲ႕ေပ။ ယခုတေလာ၌ အျပစ္ေပးခံရသည္႕ ဧကရီကုိေလွာင္ရယ္ေနႀကေသာ္ျငား ရႊီခ်န္းပေဒသရာဇ္မွ ေနာက္ထပ္ႀကင္ယာေတာ္တစ္ဦး ေရာက္ရွိလာျခင္းေႀကာင္႕ သူမတုိ႕မွာ စိတ္မသက္မသာျဖစ္ေနရ၏။ ထုိမိန္းကေလးက အရွင္မင္းႀကီး၏ငယ္ခ်စ္ဦး ခ်ီရွန္းေဖးထက္ပင္ အရွင္မင္းႀကီးထံမွ အေရးေပးခံေနရျပီး လင္းယီြမရွိသည္႕ကာလတေလွ်ာက္လုံး၌ ရွင္ဘုရင္သည္ ထုိႀကင္ယာေတာ္၏အိပ္ေဆာင္၌သာ အခ်ိန္ျဖဳန္းလ်က္ရွိသည္မုိ႕ သူမတုိ႕မွာပူေလာင္ေနရျပီး ထုိေမာက္မာ၍ အထက္စီးဆန္သည္႕ မိန္းမမွာ သူမတုိ႕ကုိမထီမဲ႕ျမင္ဟန္ျဖင္႕လည္း အနုိင္က်င္႕ေသးျပန္သည္။ အႏွီမိန္းမ၏ ကုိယ္ပုိင္တိရစၧာန္ေျမေခြးကပင္ အေနာက္ေဆာင္တစ္ခုလုံးကုိ အနုိင္က်င္႕ေနေသးေပ၏။ အရွင္မင္းႀကီးထံ သြားေရာက္တုိင္တန္းျပန္ေတာ႕လည္း ထုိမိန္းမကိုတုန္ေနေအာင္ခ်စ္သည္႕ အရွင္မင္းႀကီးက လုံးဝအျပစ္မယူ...။ သူမတုိ႕မွာယခုမွ ဧကရီကုိတမ္းလာမိရ၏။ ေျဖာင္႕မတ္မွန္ကန္သည္႕ဧကရီကမူ သူမတုိ႕အနုိင္က်င္႕ခံေနရျခင္းကုိ လုံးဝခြင္႕ျပဳမည္မဟုတ္ေခ်။

ဧကရီျပန္မလာေသးသေရြ႕ အခ်ိန္၌မူသူမတုိ႕မွာ အႏွီမိစၧာမ၏ေမွာ္ေအာက္မွ အရွင္မင္းႀကီးရုန္းထြက္နုိင္ပါေစဟုသာ ဆုေတာင္းေနမိရေလ၏။

မိစၧာမ၏ေမွာ္ေအာက္၌ ရုန္းမထြက္နုိင္ဟု သမုတ္ခံေနရသည္႕ ဟန္က်င္းရွန္းမွာ လက္ရွိ ထုိရီႊခ်န္းမင္းသမီး ေရာ႕ရႊယ္ႏွင္႕အတူရွိေနရင္း ေပ်ာ္ရႊင္စြာအခ်ိန္ကုန္ဆုံးလ်က္ရွိသည္။ မင္းသမီး၏အျပဳအစုအယုအယမ်ားအား တစ္နာရီမွ်ခံယူျပီးေနာက္ တုိင္းျပည္ေရးလုပ္ေဆာင္ရန္ဟူသည္႕ အေႀကာင္းျပခ်က္ႏွင္႕ သူမကုိႏွင္လႊတ္ခ်ိန္၌မူ ထုိကေလးဆန္သည္႕မိန္းကေလးက ႏႈတ္ခမ္းစူခ်င္ေသးသည္။ သုိ႕ေသာ္ မေက်မနပ္ႏွင္႔ပင္ ျပန္သြားရေလ၏။ ထုိငယ္ရြယ္လြန္းသည္႕မိန္းကေလးကုိ ႀကည္႕ေနခဲ႕သည္႕ဟန္က်င္းရွန္းက ျပံဳးေနခဲ႕ေသာ္ျငား သူ၏အျပံဳးက တံခါးရြက္မ်ားေစ႕ပိတ္သြားခ်ိန္၌မူ အစရွာမရေအာင္ေပ်ာက္ဆုံးလ်က္......။ သူ၏မ်က္ႏွာကလည္း နဂုိမူလအတုိင္းေအးစက္သည္႕သ႑ာန္သုိ႕သာ ကူးေျပာင္း၍သြားေလ၏။

"ခ်ံဳးဟုိင္ ~ သူမကုိေဆးေပးလုိက္~ "

"အရွင္? သူမကို အရိုက္အရာမေမြးေစခ်င္ဘူးလား???"

ခ်ံဳးဟုိင္၏ ေႀကာင္အအနုိင္သည္႕ အေမးစကားကုိ ဟန္က်င္းရွန္းက ေလွ်ာက္တင္စာမ်ားႀကည္႕ရႈရင္းျဖင္႕ ေအးစက္စက္သာတုံ႕ျပန္၏။ သူ၏ေလသံ၌မူ မည္သည္႕ခံစားခ်က္မွေပ်ာ္ဝင္မေနခဲ႕ေခ်။

"ရုပ္ရည္က အျပစ္ကင္းသလုိဆုိေပမယ္႕ သူမက အႀကံႀကီးတယ္။ ပုိဆုိးတာက သူမေနာက္မွာ ရီႊခ်န္းနုိင္ငံတစ္ခုလုံးရွိေနတယ္။ ငါက ဒီလုိေကာက္က်စ္တဲ႕မိန္းမမ်ိဳးကုိ ငါ႕ေသြးသားေမြးခုိင္းစရာအေႀကာင္းမရွိဘူး။ "

"ရႊီခ်န္းက ဧကရီရဲ႕ ေမြးအေမ တုယီြမင္းသမီးရဲ႕နုိင္ငံမဟုတ္ပါလား။ "

"ဟုတ္တယ္။ တုယီြမင္းသမီးက ရႊီခ်န္းမင္းသမီးရဲ႕ အေဒၚပဲ။ ဧကရီနဲ႕ဆုိရင္ တစ္ဝမ္းကြဲညီအစ္မေတြ ေတာ္တယ္။ "

ထုိသုိ႕ဆုိရင္း တစ္စုံတစ္ရာကုိသတိရသြားဟန္ ဟန္က်င္းရွန္း၏မ်က္ဝန္းက တစ္စုံတစ္ရာကုိစဥ္းစားမိျပီး ေတာက္ပသြားရကာ သူ၏ႏႈတ္ခမ္းပါးကလည္း ျပံဳးေယာင္သန္းလာသည္။ အတြင္းသိအစင္းသိ ခ်ံဳးကုန္းကုန္းက အရွင္သခင္၏ ျဖစ္အင္ကုိသတိထားမိသည္႕အခါ ေခါင္းကုိသာတြင္တြင္ငုံ႕ထားမိလုိက္၏။

"ေျပာမွပဲ ေျမေခြးမေလးလည္း ရႊီခ်န္းမင္းသမီးအရြယ္ေလာက္တုန္းက နန္းေတာ္ကုိဝင္လာတာ။ သူမတစ္ခါမွ ဒီလုိကေလးဆန္တာမရွိဖူးဘူး။ "

"ဧကရီမယ္မယ္က နန္းေတာ္ထဲမဝင္ခင္ကတည္းက အင္မတန္ရင္႕က်က္ပါတယ္ ခ်န္းအိမ္ေတာ္မွာေမြးဖြားႀကီးျပင္းခဲ႕ရလုိ႕ ျဖစ္နုိင္ပါတယ္။ အရွင္......"

ခ်ံဳးကုန္းကုန္းက ေရေျမ႕သခင္ကုိစကားစလုိက္ေသာ္လည္း တြန္႕ဆုတ္ေနသည္မုိ႕ ဟန္က်င္းရွန္းက မထူးမျခားနားႀကည္႕ရႈလာျပီး ခပ္ျပတ္ျပတ္ေမးျမန္းလာ၏။

"ဘာလဲ ေျပာစရာရွိတာေျပာ~"

"ဧကရီကုိ သတိရရင္ လုိက္သြားလုိ႕ရနုိင္ပါတယ္။ အေထာက္ေတာ္ေျပာတာေတာ႕ အျပစ္ဒဏ္ေတြအကုန္ျပီးသြားေပမယ္႕ သူမစိတ္နဲ႔သူမ ျပန္မလာတာပါတဲ႕ "

ဟန္က်င္းရွန္းက စကားမ်ားလြန္းသည္႕ ခ်ဳံးကုန္းကုန္းကုိ တဖန္ေအးစက္စက္ႀကည္႕လာသည္မုိ႕ ခ်ဳံးကုန္းကုန္းက ေခါင္းကုိငုံ႕ထားမိလုိက္၏။ ဟန္က်င္းရွန္းက ထုိစကားကုိတုံ႕ျပန္မည္႕ဟန္မရွိသည္မုိ႕ ခ်ံဳးကုန္းကုန္းက ထပ္မေျပာပဲ ႏႈတ္ဆိတ္ေနလုိက္သည္။ ဟန္က်င္းရွန္းကမူ လက္က်န္ေလွ်ာက္တင္စာကုိ အျပီးသတ္တံဆိပ္ခတ္ေပးရင္း ျပံဳးေယာင္သန္းသည္႕ႏႈတ္ခမ္းပါးႏွင္႕အတူ စကားဆုိလာေပ၏။

"သူမက ျပန္မလာခ်င္ဘူးေပါ႕။ တရားရိပ္မွာေနေပ်ာ္သြားလုိ႕ ေတာ္ႀကာသီလရွင္ဝတ္သြားရင္ ကုိယ္ေတာ္႕အျပစ္မကင္းဘူးမလား? သူမဘာေတြလုပ္ေနလဲ သြားႀကည္႕ရေအာင္ "

ဟန္က်င္းရွန္း၏စကားေႀကာင္႕ ခ်ံဳးကုန္းကုန္းက ဝမ္းသာအားရျဖင္႕ပင္......

"ဒါဆုိ က်ြန္ေတာ္အသင္႕ျပင္ထားလုိက္ပါ႕မယ္။ "

ခ်ံဳးကုန္းကုန္းမွ အလ်င္စလုိထြက္ခြာသြားသည္႕ေနာက္ ဟန္က်င္းရွန္းက ေလွ်ာက္တင္စာမ်ားကုိ ေဘးသုိ႕ပုိ႕ရင္း နဂါးထုိင္ခုံထက္၌ ျငိမ္သက္စြာထုိင္ေနခဲ႔၏။ ထို႕ေနာက္တြင္မွ အရိပ္တပ္ဖြဲ႕ဝင္တစ္ဦးက နန္းေဆာင္တြင္းသုိ႕ ပိရိေသသပ္စြာဝင္ေရာက္လာရင္း ဟန္က်င္းရွန္းအေ႕ရွ ဒူးေထာက္ခစားလာ၏။

"သခင္~ "

"ကိစၥေတြဘယ္လုိေနလဲ? "

"တစ္ဝက္ေလာက္က ျပီးစီးေနပါျပီ သခင္ "ေျမြ"ကုိေတာ႕ ရွီးေဟြ႕ေစာင္႕ႀကည္႕ေနပါတယ္။ "

"ေကာင္းျပီ ျမန္ျမန္အျပီးသတ္လုိက္တာ ပုိေကာင္းမယ္။ ဒါနဲ႕ မင္းကုိငါခုိင္းထားတဲ႕ အျခားကိစၥ"

" 'လုံဖုန္းယြင္ေဖး'ေမာင္ႏွံဓားက မႀကာခင္က်ြြန္ေတာ္တို႕ လက္ထဲေရာက္ေတာ႕မွာပါ စိတ္မပူပါနဲ႕ သခင္ "

"ငါလက္ေဆာင္ေပးမွာဆုိရင္ သူမႀကိဳက္ေလာက္လား? မိန္းကေလးေတြက လက္ေဆာင္ေပးရင္ ေပ်ာ္တတ္တာပဲမဟုတ္လား ဒါေပမယ္႕ သူမက ေပ်ာ္ပါ႕မလား "

"????"

အရိပ္တပ္ဖြဲ႕ဝင္မ်ားမွာ မ်ားေသာအားျဖင္႕ တစ္ကုိယ္တည္း တစ္ေကာင္ႀကြက္သမားက မ်ားသည္မုိ႕ ထုိအေမးစကားဆုိလာသည္႕အခါ အရိပ္တပ္ဖြဲ႕ဝင္လ်ိဳအန္းမွာ ေႀကာင္အသြားရသည္။ သုံးဆယ္ေက်ာ္အထိ တစ္ကုိယ္တည္းေနလာခဲ႕ရေသာ သူကအမွန္တစ္ကယ္ ဣတၳိယမိန္းမမ်ား၏ သေဘာသဘာဝကုိ နားမလည္ေခ်။
အလြန္အမင္း ေအးစက္ကာလ်ိဳ႕ဝွက္သည္႕ သခင္မဆုိလ်င္ ပုိ၍ပင္ဆုိးေသးသည္။ လ်ိဳအန္းမွာ ေခါင္းကုတ္လ်က္သာရွိေနသည္မုိ႕ ဟန္က်င္းရွန္းက သက္ျပင္းခ်လ်က္သာ လက္ကုိေဝွ႕ယမ္းလုိက္၏။

"ငါေမးတဲ႔သူမွားေနတာပဲ။ သြားေတာ႕ "

"ဟုတ္ကဲ႕။ သခင္ "

ရု္ိးရွင္းရွင္းအေမးေလးကုိပင္ မေျဖနုိင္သည္႕လ်ိဳအန္းမွာ ျပတင္းေပါက္မွသည္ ခပ္သုတ္သုတ္ ထြက္ခြာသြားေတာ႕၏။ ဟန္က်င္းရွန္းက ထုိင္ခုံလက္ရန္းမ်ားကုိ လက္ျဖင္႕တတိတိေခါက္ရင္း ျမင္လႊာကုိေစ႕မွိတ္ထားခဲ႕သည္။ သူ၏စိတ္အစုံကမူ မည္သည္႕ေနရာသုိ႕ ေရာက္ေနသနည္း။ သူကုိယ္တုိင္ပင္ မခန္႕မွန္းတတ္ခဲ႕ေခ်။ သုိ႕ေသာ္......မသိစိတ္အတြင္း၌ကား စစ္မင္ဘုံေက်ာင္းရွိ တစ္စုံတစ္ဦးကုိမူ သူ သတိတရရွိေနခဲ႕ပါ၏။


ဒီထဲမွာ ထူးျခားေနတဲ႕တစ္စုံတစ္ဦးပါတယ္ ခန္႕မွန္းႀကည္႕ရေအာင္လား။

လင္းယီြေလးကလည္း ဘာပါလိမ္႕ေနာ္။??

ပေဟဠိေတြကုိတျဖည္းျဖည္းခ်င္း ေျဖရွင္းႀကတာေပါ႕။


******************************

[Uni]

"ဇာမဏီလော ကြမ္မာဆိုးလေလော "(၂)

လှည်းပေါ်ပြန်တက်သည့်အချိန်မှစ၍ လင်းယွီမျက်နှာက အေးစက်သည်ထပ်ပို၍အေးစက်လာရကာ စာကဗျာရေးဖွဲ့ခြင်းကိုလည်းမပြုတော့။ မျက်လွှာချလျက်သာ ငြိမ်ဆိမ်စွာထိုင်လျက်ရှိ၏။ အရိပ်အကဲနားလည်သည့် အားလန်က တစ်ခုခုကိုမေးမြန်းချင်သော်လည်း စကားပင်ဆိုချင်ဟန်မရကာ ဆိတ်ဆိတ်နေသည့်လင်းယွီကြောင့် သူမပါတိတ်ဆိတ်လျက်ရှိသည်။ လင်းယွီက စစ်မင်ဘုံကျောင်းဘက်သို့ရောက်သည်အထိ မည်သည့်စကားမှမဆို ဆိတ်ငြိမ်စွာရှိနေဆဲ...။ တပ်မှူးက လှည်းအနီးကပ်၍ သတင်းပေးလာမှသာ သူမ၏မှိတ်ချထားသည့်မျက်ဝန်းတို့က ပြန်လည်ပွင့်ဟလာ၏။

"မိဖုရားမယ်မယ်~ စစ်မင်ဘုံကျောင်းဝကိုရောက်ပါပြီ။ "

"ကောင်းပြီ ~ "

ထိုစကားပြောပြီးသည်နှင့် အားလန်ကပင်တွဲမကူရသေး အလျင်ဆင်းသွားလေသည့် လင်းယွီ...။ စစ်မင်ဘုံကျောင်းဝမရောက်ခင်အထိ များပြားလှသောလှေကားထစ်များကို ကြည့်ရှုရင်း သူမကမည်သည့်စကားမှမဆို တိတ်ဆိတ်လျက်...။ မတ်စောက်လှသည့် ကျောက်ဆစ်လှေကားများကို သူမကြည့်ရှုနေစဉ် ထိုလှေကားများမှသည် ဘုန်းတော်ကြီးတစ်ပါးက ဖြည်းညင်းစွာဆင်းသက်လာပြီး နောက်ဆုံးလင်းယွီ၏အေ့ရှ၌ရပ်လာသည်။ အရိုအသေမပြုသော ဘုန်းတော်ကြီး၏သရုပ်ကြောင့် နံဘေးမှလူများက သတိပေးချင်သော်ငြား လင်းယွီက လက်ကာပြသည်။ ဘုန်းတော်ကြီးကမူ စိပ်ပုတီးကို တတိတိစိပ်နေရင်းမှ လင်းယွီထံသို့ကြည့်ရှုလာ၏။

"ဒကာမလေး~ ကံကြမ္မာရေစက်ဆိုတာ ယုံကြည်သလား"

"မယုံဘူး။ "

"ဘုရားရှိတယ်ဆိုတာရော ယုံကြည်သလား?"

"မယုံကြည်ဘူး "

"ဒကာမလေးအနားမှာ မကောင်းတဲ့အငွေ့အသက်တွေ လွှမ်းခြုံနေတယ်။ သူတို့မဝါးမြိုခံရအောင် ဂရုပြုပါ။ ဘယ်လောက်ပဲ အင်အားရှိနေပါစေ အမှောင်ကိုမတွန်းလှန်နိုင်ဘူး။ ကံကြမ္မာပဲ ကံကြမ္မာပဲ။ "

ထိုစကားကိုဆိုအပြီး ဘုန်းတော်ကြီးမှာ တစ်ဖက်မှသစ်တောစပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ လင်းယွီမှာ တစ်နေ့လုံးကြမ္မာဆိုးဟူသည့် စကားများကိုကြားနေရသည်မို့ ခေါင်းပင်ကိုက်ချင်လာရသည်။ စစ်မင်ဘုံကျောင်းလှေကားထစ်များကို ဖြတ်ကျော်ပြီး ကျောင်းဝသို့ရောက်ရှိလာစဉ်၌ ဘုန်းတော်ကြီးအချို့နှင့် ကျောင်းထိုင်ဆရာတော်က ဧကရီအားခရီးဦးကြိုပြုသည်။ လင်းယွီလည်း အရိုအသေပြုလိုက်ရင်း ဘုန်းတော်ကြီးများကိုကြည့်ရှုမိသည့်နောက် ခုနမှတွေ့ရှိခဲ့ရသော ထူးဆန်းသောဘုန်းတော်ကြီးကို အမှတ်ရမိပြီး ထိုဘုန်းတော်ကြီးအကြောင်းကို မေးမြန်းမိလိုက်၏။
ထိုအခါ ကျောင်းထိုင်ဆရာတော်က သဘောပေါက်ဟန်ဖြင့် အပြုံးနှင့်ပြောဆိုလာ၏။

"မိဖုရားက ကိုယ်တော်အန်းစစ်နဲ့ဆုံတွေ့ခဲ့တာပဲ ဖြစ်မယ်။"

"သူက ဒီကျောင်းကပဲလား?"

"ဟုတ်ပါတယ်လို့ ပြောရမလို မဟုတ်ဘူးလို့လည်းဆိုလို့ရတယ်။ ကိုယ်တော်အန်းစစ်က စစ်မင်ဘုံကျောင်းကဆိုပေမယ့် တစ်နှစ်ပတ်လုံး အပြင်လောကကိုပဲလျှောက်သွားနေတတ်တယ်။ ပြီးတော့ သူကတချို့သောသူတွေကို ထူးဆန်းတာတွေ ပြောတတ်တယ်။ မိဖုရားကိုလည်း သူအဲ့လိုပြောသွားတယ်ဆိုရင် စိတ်ထဲမထားပါနဲ့"

"ကောင်းပြီ။ ကျွန်မတရားစာကူးရေးရမယ့်နေရာကို ကိုယ်တော်လမ်းပြပေးပါဦး"

"ဟုတ်ကဲ့ ခန်းမဆောင်မှာ မနက်ဖြန်ကူးရေးဖို့အတွက် စာရွက်တွေအသင့်ပြင်ပေးထားပါတယ်။ ညာဘက်က ဧည့်ခန်းဆောင်ဘက်မှာ အခန်းပြင်ပေးထားတာမို့ အရင်အနားယူပါ မိဖုရား "

"မလိုဘူး။ ကျွန်မအခုပဲကူးရေးချင်တာမို့ နေရာပြပါ "

ကျောင်းထိုင်ကိုယ်တော်မှာ လင်းယွီ၏ခိုင်မာပြတ်သားစွာ ပြောဆိုလာမှုကြောင့် မည်သို့မှမတုံ့ပြန်တော့ပဲ ခန်းမဆောင်သို့သာ တိတ်ဆိတ်စွာခေါ်ဆောင်သွားတော့သည်။ ဘုရင်မင်းမြတ်ချမှတ်သည့်အမိန့်၌ အစေခံလည်းခေါ်မရသည့် စည်းကမ်းလည်းရှိပေသည်မို့ အားလန်က ရက်အနည်းငယ်နေရမည်ဖြစ်သည်ကြောင့် ပစ္စည်းအချို့နေရာချရန် အိပ်ခန်းဘက်သို့သာ ဦးတည်ရတော့သည်။
လင်းယွီခန်းမဆောင်သို့ရောက်ရှိသည့်နောက် မည်သည့်နေရာကိုမှမစူးစမ်းပဲ တရားစာကူးရန်အသင့်ချထားပေးသည့် ခုံ၌ ထိုင်ကာ မင်တုံးကိုယူလျက် တိတ်ဆိတ်စွာမင်သွေးနေတော့သည်။ ဆရာတော်သည်လည်း မိဖုရား၏စိတ်အားထက်သန်မှုကို မနှောင့်ယှက်ချင်သည်မို့ ခန်းမဆောင်တံခါးကို အသာပိတ်ကာ ထွက်ခွာသွားတော့သည်။

မင်ရည်ပျစ်ပျစ်ရလာသည့်နောက် စုတ်တံကိုအသာကိုင်လျက် စာရွက်ဖြူဖြူထက်၌ ကူးရေးရမည့်တရားစာများကို တိတ်ဆိတ်စွာ ကူးရေးနေခဲ့သော လင်းယွီ......။
သူမ၏မျက်နှာက ကျောက်ဆစ်သားသို့နှယ် မည်သည့်အမူအရာမှမထင်ကျန်သကဲ့သို့ အပြုမူတစ်ခုချင်းစီသည်လည်း အေးစက်ဆိတ်ငြိမ်လျက်ရှိသည်။ ဆီမီးရောင်မှိန်မှိန်အောက်၌ စာလုံးများကို စီညီစွာကူးရေးနေရင်း မီးအလင်းများက လေယူရာတိမ်းနေသည်မို့ စာရွက်ထံ၌အကြည့်မြဲမြံနေသည့် လင်းယွီက ထိုမီးအလင်းများကို ကြည့်ရှုလာသည်။ ထို့နောက်မထူးခြားနားစွာ ခေါင်မိုးထက်ကို တစ်ချက်မော့ကြည့်ပြီးနောက် သူမက ရေးလက်စစာရွက်ထံ၌သာ အာရုံကိုရှိစေလိုက်သည်။ သို့သော် မျက်ဝန်းများကအရောင်လင်းလက်နေခဲ့ပြီး စုတ်တံကိုစုပ်ကိုင်ထားသည့်လက်တို့က တင်းကြပ်လာသည့်နောက် မည်သူမှသတိမထားမိစဉ်အချိန်၌ ခေါင်းထက်မှဆံထိုးကို လျင်မြန်စွာဆွဲယူလိုက်ကာ ခန်းမဆောင်ခေါင်မိုးထက်သို့ တိကျစွာပစ်လိုက်သည်က လက်နက်တစ်ခုအလား......။
ထိုသို့ဆံထိုးက ခေါင်မိုးဆီသို့ပျံသန်းသွားသည့်နောက် အုပ်ကြွပ်များပြိုကျသံနှင့်အတူ တစ်စုံတစ်ယောက်သည်လည်း အဆောင်တွင်းသို့ပြိုကျလာသည့်အခါ တစ်ဖန်ဖမ်းယူလိုက်သည့်ဆံထိုးဖြင့် ထိုသူဆီဦးတည်လိုက်သည့် လင်းယွီ...။ ထိုလျင်မြန်ဖျတ်လတ်လှသောလူက ရှောင်ရှားပါသော်လည်း လင်းယွီ၏လှည့်ပတ်တိုက်ခိုက်မှုများ၌ အငိုက်မိသွားရသည့်အခါ လည်ပင်းထက်၌ ချွန်မြသောဆံထိုးအဖျားက
နစ်ဝင်တော့မည့်ဟန်မို့ ထိုသူကလှုပ်ရှားမှုများရပ်တန့်သွားရသည်။
လင်းယွီက ထိုသူကိုသတိထားကြည့်ရှုမိသည့်အခါ မိန်းကလေးတစ်ဦးဖြစ်နေသည်ကို တွေ့ရှိလိုက်ရပေ၏။

"မင်းကိုဘယ်သူလွှတ်လိုက်တာလဲ ! ပြော!"

"မိဖုရား~ စိတ်လျှော့ပါ။ ကျွန်တော်မျိုးမက...သခင်......... အရှင်မင်းကြီးလွှတ်လိုက်တဲ့သူပါ "

လင်းယွီကထိုမိန်းကလေး၏ အလျင်စလိုပြောဆိုမှုအား အေးစက်စွာဖြင့်ပင်......

"သူက ငါ့ကိုသတ်ခိုင်းတာလား?"

"မဟုတ်ပါဘူး။ လုံးဝမဟုတ်ရပါဘူး!! အရှင်မင်းကြီးက မိဖုရားကို လိုက်ပါစောင့်ရှောက်ခိုင်းလိုက်တာပါ"

"လိုက်ပါစောင့်ရှောက်ခိုင်းတယ်။ သူဘာတွေကြံစည်နေပြန်ပြီလဲ? "

လင်းယွီ၏အေးစက်စက် ရေရွတ်သံကြောင့် ထုံယွိမှာ သခင့်ကိုကိုယ်ချင်းစာမိသွားရသည်။ သူကကာကွယ်စေချင်၍ ထုံယွိကဲ့သို့နံပါတ်တစ် အရိပ်မဲ့တပ်ဖွဲ့ဝင်အား ဤနေရာသို့ပို့လိုက်သော်ငြား ထိုအေးစက်လှပသောမိဖုရားက အကြံအစည်ဟုပင်သတ်မှတ်ကာ သံသယပင်ဝင်နေသေးသည်။ ထို့အပြင် ထုံယွိထံကိုကြည့်ရှုရင်း မယုံသင်္ကာဖြစ်ကာ သူမ၏အရည်အချင်းကိုလည်း မယုံသင်္ကာဖြစ်နေသည့်နှယ် အေးစက်စက်ကြည့်ရှုလာသည်မို့ နံပါတ်တစ်သိုင်းသမားထုံယွိမှာ သွေးအန်ချင်သွားရသည်။

'ဒါငါ့အမှားမဟုတ်ပါဘူးနော် ဘယ်သူကသိမှာလဲ မိဖုရားကအဲ့လောက်ကျွမ်းကျင်တဲ့ သိုင်းသမားမှန်း... သူမကိုကာကွယ်စောင့်ရှောက်ရမယ်တဲ့ သူမသိုင်းအဆင့်က သခင်နဲ့ဆိုတူတူလောက်ပဲဆိုတာ သိရဲ့လား အဲ့လိုပညာရှင်အဆင့်ကို ငါလေးလိုသိုင်းသမားလေးက ကာကွယ်စရာလိုသေးလို့လား'

ထုံယွိမှာ လင်းယွီ၏အထင်မကြီးသည့် အကြည့်များကြောင့် ခံရခက်ခက်နှင့်သွေးစို့နေသည့် လည်ပင်းကိုပွတ်သပ်မိချိန်၌ လင်းယီ၏အေးစက်စက်လေသံကို တဖန်ကြားလိုက်ရပေ၏။

"မင်းနာမည်~ "

"... မိဖုရား...... ဒီကိုယ်ရံတော်ရဲ့နာမည်က ထုံယွိလို့ခေါ်ပါတယ်။ "

"ကောင်းပြီ ထုံယွိ မင်းငါ့ကို ကာကွယ်စောင့်ရှောက်စရာမလိုဘူး။ တစ်ကယ်လို့ မင်း သူ့အမိန့်ကိုမလွန်ဆန်နိုင်ဘူးဆိုရင်လည်း ငါနဲ့ ငါးလီအကွာအဝေးလောက်မှာနေ... ငါ့ကိုအနှောင့်အယှက်မဖြစ်စေနဲ့ "

"ဒါပေမယ့်......"

"မင်းသိုင်းပညာက ကောင်းပါတယ်။ ဒါပေမယ့် မင်းကသတိနည်းတယ် ဘယ်လိုမှအရိပ်ကိုယ်ရံတော်မဖြစ်နိုင်ဘူး။ ငါ့စိတ်ကိုအနှောင့်အယှက်ဖြစ်စေရုံပဲရှိတယ်။ "

"........."

"သွားတော့ ငါ့ကိုမနောင့်ယှက်နဲ့ "

လင်းယွီ၏စကားများကြောင့် စိတ်ထဲမြားအစင်းတစ်ထောင်လိုက် စိုက်သွားရသည့်ထုံယွိမှာ ခေါင်းငိုက်စိုက်ကျကာ ခေါင်မိုးမှတစ်ဆင့်ထွက်သွားပြီး အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။
လင်းယွီမှာ အရှုပ်ပေါင်းများစွာကြောင့် ကိုက်ခဲလာရသည့်ခေါင်းကို အသာဖိရင်း စားပွဲေ့ရှတစ်ဖန်ပြန်ထိုင်ကာ စုပ်တံကိုကိုင်လိုက်မိ၏။
ညဉ့်သန်းခေါင်ယံသို့ ကျော်လွန်လာသည်အထိ ကူးရေးနေသည့်စာတစ်လုံးချင်းစီ၌ အာရုံစိုက်နေစဉ်၌ ရုတ်တရက်ဆန်တက်လာသော ရင်တွင်းမှအပူဓာတ်ကြောင့် စုပ်တံအဖျားသည် မတည်ငြိမ်စွာ စာလုံးများကိုရှုပ်ထွေးသွားစေသည်။ ရုတ်ချည်းပူလောင် လောင်မြိုက်လာရသောအပူဒဏ်ကြောင့် အသက်ရှူသံတို့ပင် မတည်မငြိမ်ဖြစ်လာရသော်လည်း လင်းယွီ၏မျက်နှာက အေးစက်ခက်ထန်နေဆဲပင်။ သူမ၏မျက်နှာဖြူဖျော့ဖျော့ထံ၌ ချွေးစတို့သီလာစဉ်အချိန်ထိ တောင့်ခံနေခဲ့သောလင်းယွီ......။ အချိန်တစ်ခုကြာလာချိန်၌မူ တုန်ယင်လာရသောခန္ဓာကိုယ်နှင့်အတူ စာရွက်ဖြူများအကြား လဲပြိုသွားတော့သည်။ ခန္ဓာကိုယ်အားလောင်မြိုက်နေသည့် အပူဓာတ်ကမူ ပျောက်ကွယ်မသွား...။ ဝေဝါးဝ်းအမြင်၌ အပြာရောင်မီးတောက်လေးတစ်ခုအား ခပ်ရေးရေးမြင်လိုက်ရပြီးနောက် လင်းယွီမှာလုံးဝသတိမရှိစွာ မေ့မြောသွားတော့၏။

အချိန်အတော်ကြာ လင်းယွီနိုးထလာစဉ်၌မူ သူမရှိနေသည်က ခန်းမဆောင်၌မဟုတ်တော့။ ခန်းမဆောင်၌မဟုတ်သလို စစ်မင်ဘုံကျောင်း၌လည်းမဟုတ်...။ သူမရောက်ရှိနေသည်က ထူးဆန်းသောလောကတစ်ခု...။ ဘေးပတ်ပတ်လည်ရှိ ပန်းများသစ်ပင်များကအစထူးခြား၍နေပြီး ခြေချမိသည့်နေရာသို့ကြည့်ရှုမိသည့်အခါ တိမ်စိုင်ဖြူဖွေးဖွေးများက နေရာယူ၏။
မျက်စိေ့ရှမှ အလွန်လှပသောကြာနီကန်တွင်းမှ ထွက်ပေါ်လာသည့်ရေငွေ့များရိုက်ခတ်မှုက ပတ်ဝန်းကျင်ကို မှုန်မှိုင်းစေသည်။ ထိုကြာကန်နံဘေး၌မူ လူတစ်ဦးက လင်းယွီကို ကျောပေးကာထိုင်လျက်ရှိ၏။ ထိုသူ၏ဆံပင်များက အပြာရောင်သန်းလျက်ရှိပြီး အလွန်ထူးဆန်းသည်။ သူကမြင်းမှီးတံကိုကိုင်ဆောင်ထားကာ လက်တစ်ဖက်ကမူ ကြာပန်းတစ်ပွင့်ကိုဆောင်ယူ၍ထားသည်။ သူက လင်းယွီရှိဘက်သို့ ခေါင်းငဲ့ကြည့်လာပြီး စကားကိုဖြည်းညင်းညင်းဆိုလာ၏။

"မင်းကောင်းကောင်းကြီးပြင်းလာတာပဲ "

"........."

"နှမြောစရာပဲ "သူ"ဒါကိုမမြင်နိုင်တော့ဘူး။ "

"........."

"လူသားတစ်ဦးလိုနေထိုင်ပါ။ ဒါ မင်းဘဝရဲ့အကောင်းဆုံးသော ရွေးချယ်မှုပဲ မင်းစိတ်ထဲက"အဲ့အရာ"ကို ထွက်မလာပါစေနဲ့ "

လင်းယွီမှာ ထူးဆန်းလှသောထိုသူကို တုံ့ပြန်၍ မည်သည့်စကားမှမဆိုနိုင်လိုက်။
နံဘေးနားမှ အဖြူရောင် တိမ်စိုင်တွေက အလျင်အမြန် သူမကိုရစ်ပတ်လာသည်က မည်သည်ကိုမှမမြင်နိုင်တော့ပဲ အသက်ရှူမကြပ်ခင်အထိပင်......။ တိမ်စိုင်များဖယ်ခွာသွားကာ အရာအားလုံးကိုမြင်နိုင်ချိန်၌ လင်းယွီမြင်ရသည်က ရွှေရောင်ဝင်းဝင်းရုပ်တုတော်ဖြစ်ပြီး သူမ၏မြင်ကွင်းအရာရာက တည့်မတ်ခြင်းမရှိ......။ လက်ရှိအနေအထားကို သတိပြုမိသည့်အခါ လင်းယွီက စာရွက်များကြား၌ လဲလျောင်းလျက်ရှိနေသေးပြီး ခန်းမဆောင်၌ပင်ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ စောစောကမြင်လိုက်ရသမျှသည် အိပ်မက်တစ်ခုသာဖြစ်မှန်း
အတည်ပြုမိလိုက်ချိန်၌ သက်ပြင်းတစ်ခုသာချမိလိုက်၏။
ထို့နောက် တဖြည်းဖြည်းချင်းခန္ဓာကိုထူမတ်လိုက်ကာ စားပွဲခုံကိုအမှီပြုလိုက်မိသည်။
သူမ၏စိတ်က သံမဏိနှယ်မာကြောနေသေးသော်လည်း ခန္ဓာကစေရာအတိုင်းမသွားနိုင်ချေ။ ထိုအပူဓာတ်ကြောင့် ချက်ချင်းအားနည်းသွားရကာ လှုပ်ပင်မလှုပ်ချင်တော့။ ခဏတာ ဆိတ်ငြိမ်နေခဲ့ပြီး ချွေးများကိုသုတ်လိုက်မိ၏။ အရာအားလုံးပုံမှန်ဖြစ်သွားချိန်၌မူ မိုးပင်လင်းနေပြီဖြစ်၏။ အားလန်က မနက်စာသုံးဆောင်ရန် လင်းယွီကိုလာရောက်ခေါ်ဆောင်သည်မို့ တိတ်ဆိတ်လျက်သာ လိုက်ပါသွားတော့သည်။ မနက်စာကိုတိုးတိတ်စွာစားသုံးပြီးချိန်၌ တရားစာကူးရေးရန်အချိန်မကျသေးသည်မို့ စိတ်တည်ငြိမ်စေရန် ပုတီးကိုသာခပ်မှန်မှန်စိပ်ပြီး မျက်ဝန်းများကိုမှိတ်ချထားလိုက်မိသည်။

ခါတိုင်းနှင့်မတူ သူမ၏ရှုပ်ထွေးနေခဲ့သောစိတ်အစုံကြောင့် လင်းယွီမှာတိတ်ဆိတ်သည်ထပ် ပို၍တိတ်ဆိတ်လာရပြီး ဤဘုံကျောင်းသို့လာရသော အကြောင်းအရင်းဖြစ်သည့် တရားစာကူးရေးခြင်းကိုသာ တိတ်ဆိတ်စွာပြုလျက်ရှိ၏။ မည်သူမှမဝင်နိုင်ရန်ပင် တံခါးပိတ်ထားသည်မို့ သခင်မ၏ထူးဆန်းသောအပြုအမူကြောင့် အားလန်မှာစိုးရိမ်ပူပန်နေရသော်လည်း လင်းယွီကတရားစာကူးရေးပြီးသည့်အချိန်၌မူ ထိုင်ခုံ၌ဆိတ်ငြိမ်စွာထိုင်ရင်း ပုတီးကိုသာခပ်မှန်မှန်စိပ်လျက်ရှိ၏။ တိတ်ဆိတ်နေသည့်ခန်းမဆောင်တွင်း ပုတီးစိပ်သံက ခပ်သဲ့သဲ့ထွက်ပေါ်နေပြီး ကျန်သည့်အရာအားလုံးက တိတ်ဆိတ်လျက်...။
ဤတစ်လအတောအတွင်း တရားစာအားလုံးကူးရေးပြီးသည်အထိ လင်းယွီမှာပြန်ရန်စိတ်ကူးမရှိသေး......။ ခန်းမဆောင် ဆင်းတုတော်၏ေ့ရှ၌ ပုတီးစိပ်ရင်းသာ ဆိတ်ငြိမ်အေးချမ်းစွာ နေထိုင်လျက်ရှိ၏။ ပုတီးစိပ်ရင်း လင်းယွီ၏စိတ်အစုံက စစ်မင်ဘုံကျောင်း၏ ဆိတ်ငြိမ်သောလေထုအောက်၌ အေးချမ်းစွာ တည်ရှိနေသည့်နောက် ကျောင်းထိုင်ဆရာတော်၏အသံနှင့်အတူ အပြင်မှစကားပြောသံအချို့ကို ကြားလိုက်ရသည့်အခါ မှိတ်ထားသည့်မျက်လုံးများကို ပြန်ဖွင့်လိုက်မိပြီး အဖြူရောင်စိပ်ပုတီးကို အသာခေါက်သိမ်းလိုက်မိသည်။ အပြင်မှခြေသံများနီးကပ်လာချိန်၌ လင်းယွီကအလျင် တံခါးကိုဆွဲဖွင့်လိုက်ပေသည်။ တံခါးအပြင်၌မူ ကျောင်းထိုင်ဆရာတော်အပြင် အခြားသောအပြင်လူနှစ်ဦးကိုပါ တွေ့ရှိလိုက်ရပေ၏။ ကျောင်းထိုင်ဆရာတော်ကမူ
လင်းယွီကိုအမြင်နှုတ်ဆက်သမှုပြုလာ၏။

"မိဖုရား~ တရားစာကူးရေးလို့ပြီးပါပြီလား?"

"ပြီးပြီ။ အခုကျွန်မ ပုတီးပဲစိပ်နေတာ ဘာကိစ္စရှိလို့ပါလဲ?"

"ဒီဒကာလေးက ချွီယင်းပြည်နယ်က အုပ်ချုပ်ရေးမှူးသခင်လေးပါ စစ်မင်ဘုံကျောင်းရဲ့ သက်ဝင်ယုံကြည်သူဆိုလည်းမမှားပါဘူး။ သူက ကျောင်းနားကနေ ဖြတ်သွားရင်းနဲ့ ဆုတောင်းအရိုသေပြုချင်တယ်ပြောလို့ မိဖုရားခွင့်ပြုနိုင်မလားလို့ပါ "

ကျောင်းထိုင်ဆရာတော်က တောင်းဆိုသည့်လေသံနှင့် ပြောဆိုလိုက်သော်လည်း မသက်မသာဖြစ်ဟန်နှင့်ပင်......။
သူတို့သိသော တော်ဝင်မျိုးနွယ်များက သွေးကြီးလှသည်မို့ အဖြေကိုသိပ်တော့ မမျှော်လင့်ထား......။
လင်းယွီက မျက်စိေ့ရှမှ သခင်လေးနှစ်ဦးကို အကဲခတ်ကြည့်ရှုဟန်ဖြင့် ကြည့်ရှုရာမှ အနက်ရောင်ဝတ်သခင်လေးက သာမာန်ကာလျှံကာမျှ ကြည့်ရှုပြီး အပြာရောင်ဝတ်သခင်လေးထံ၌ အကြည့်များက ရပ်တန့်သွားရသည်။
ထိုသခင်လေးက ရိုးရှင်းလှသောဝတ်ရုံကိုဝတ်ဆင်ထားပြီး ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားကာ သူ၏မျက်နှာသွင်ပြင်က ယောကျာ်းဆန်သော ခက်ထန်သည့်လှပခြင်းမျိုးရှိသည်။ ထိုထူးဆန်းစွာလှပသော သခင်လေးက လင်းယွီနှင့် အကြည့်ချင်းဆုံသွားသည့်နောက် နူးညံ့ညံ့ပြုံးပြလာသည်မို့ လင်းယွီမှာ ရုတ်တရက်ကြောင်အသွားရသော်လည်း ခဏတွင်းချင်းအကြည့်လွှဲကာ ဆိုလိုက်၏။

"ရတယ်။ ကျွန်မလည်းအနားယူချင်ပြီမို့ သွားလိုက်ပါဦးမယ် ဆရာတော်"

"ကောင်းပါပြီ "

လင်းယွီက ထိုနေရာမှ လျင်မြန်စွာထွက်ခွာသွားသည့်နောက် ဆရာတော်က ခန်းမဆောင်တွင်း ဦးဆောင်ဝင်သွားကာ အနက်ရောင်ဝတ်ရုံနှင့် သခင်လေးပါ လိုက်ပါသွားသော်လည်း အပြာရောင်ဝတ်ရုံနှင့် သခင်လေးမှာ ခန်းမဆောင်ေ့ရှ၌ပင် ရပ်တန့်နေဆဲပင်......
သူ၏အကြည့်များသည်လည်း ထွက်ခွာသွားသည့် ဧကရီ၏ကျောပြင်၌မြဲမြံနေခဲ့ပါ၏။ အနက်ရောင်သခင်လေးက နောက်ကြောင်းပြန်လှည့်လာရင်းမှ ထိုအဖြစ်ကိုအမြင် နားမလည်စွာ စကားဆိုလာ၏။

"ချန်းယွီ မင်းဘာလုပ်နေတာလဲ?"

"သူက တစ်ကယ်ထူးဆန်းတယ်။ ငါလည်းထူးဆန်းနေတယ်။ သူ့ကိုမြင်တော့ နှလုံးခုန်တွေမြန်လာတယ်။ "

နှလုံးသားကိုဖိကိုင်ရင်း ဆိုသည့်ချန်းယွီ၏စကားကြောင့် အနက်ရောင်ဝတ်ရုံနှင့် သခင်လေးချင်ကျန့်က မိုးကြိုးအစင်းတစ်ထောင်ပစ်သကဲ့သို့ လန့်ဖြန့်သွားရကာ ချန်းယွီ၏စကားကို အလျင်စလိုတားမြစ်လိုက်လေ၏။

"ငါတို့စစ်မင်ဘုံကျောင်းကို ဝင်နိုင်တာကတင် ကံကောင်းနေပြီ။ မင်းက ဘုရင့်မိန်းမကိုတောင် သွားပစ်မှားနေတာလား?"

"မဟုတ်ဘူး။ ငါဆိုလိုချင်တာ အဲ့လိုသဘောမဟုတ်ဘူး။ သူနဲ့တွေ့ရတာ ငါဝမ်းသာနေတယ်။ ဘာကြောင့်မှန်းမသိပေမယ့် ငါရင်ထဲမှာဝမ်းသာတာရော ဝမ်းနည်းတာပါ ခံစားနေရတယ်။ ငါအခု ရင်ထဲမှာဘယ်လိုခံစားနေရမှန်း မသိတော့ဘူး။ "

"လာစမ်းပါ ချန်းယွီရာ သခင်မကြီး မင်းကိုစောင့်နေတော့မယ်။ မြန်မြန်ဝတ်ပြုပြီးသွားကြရအောင် ဟုတ်ပြီလား?"

ချန်းယွီမှာ ချင်ကျန့်၏ဆွဲခေါ်မှုကြောင့် ဘုံကျောင်းခန်းမဆောင်တွင်း မပါချင်ပဲပါသွားရသည်။ သူ၏စိတ်အစုံကမူ ထိုနန်းမျိုးနွယ်ထံ၌သာ ငြိတွယ်ဆဲပင်......။ အခွင့်သာရှိမည်ဆိုလျင် သူမနှင့်အတူနောက်တဖန် ဆုံစည်းချင်ပါသေး၏။ သူ၏ဆန္ဒအား စိတ်တွင်းမှနေ ခပ်တိုးတိုးတောင်းဆုပြုလိုက်မိပေသည်။


*******************

လင်းယွီက ဤကာလတစ်လျှောက်လုံး တရားရိပ်၌ အေးချမ်းစွာတည်ရှိနေသလောက် နန်းတွင်းအနောက်ဆောင်မှ မိန်းမများသည်ကား သူမလောက် အေးချမ်းမနေခဲ့ပေ။ ယခုတလော၌ အပြစ်ပေးခံရသည့် ဧကရီကိုလှောင်ရယ်နေကြသော်ငြား ရွှီချန်းပဒေသရာဇ်မှ နောက်ထပ်ကြင်ယာတော်တစ်ဦး ရောက်ရှိလာခြင်းကြောင့် သူမတို့မှာ စိတ်မသက်မသာဖြစ်နေရ၏။ ထိုမိန်းကလေးက အရှင်မင်းကြီး၏ငယ်ချစ်ဦး ချီရှန်းဖေးထက်ပင် အရှင်မင်းကြီးထံမှ အရေးပေးခံနေရပြီး လင်းယွီမရှိသည့်ကာလတလျှောက်လုံး၌ ရှင်ဘုရင်သည် ထိုကြင်ယာတော်၏အိပ်ဆောင်၌သာ အချိန်ဖြုန်းလျက်ရှိသည်မို့ သူမတို့မှာပူလောင်နေရပြီး ထိုမောက်မာ၍ အထက်စီးဆန်သည့် မိန်းမမှာ သူမတို့ကိုမထီမဲ့မြင်ဟန်ဖြင့်လည်း အနိုင်ကျင့်သေးပြန်သည်။ အနှီမိန်းမ၏ ကိုယ်ပိုင်တိရစ္ဆာန်မြေခွေးကပင် အနောက်ဆောင်တစ်ခုလုံးကို အနိုင်ကျင့်နေသေးပေ၏။ အရှင်မင်းကြီးထံ သွားရောက်တိုင်တန်းပြန်တော့လည်း ထိုမိန်းမကိုတုန်နေအောင်ချစ်သည့် အရှင်မင်းကြီးက လုံးဝအပြစ်မယူ...။ သူမတို့မှာယခုမှ ဧကရီကိုတမ်းလာမိရ၏။ ဖြောင့်မတ်မှန်ကန်သည့်ဧကရီကမူ သူမတို့အနိုင်ကျင့်ခံနေရခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ချေ။

ဧကရီပြန်မလာသေးသရွေ့ အချိန်၌မူသူမတို့မှာ အနှီမိစ္ဆာမ၏မှော်အောက်မှ အရှင်မင်းကြီးရုန်းထွက်နိုင်ပါစေဟုသာ ဆုတောင်းနေမိရလေ၏။

မိစ္ဆာမ၏မှော်အောက်၌ ရုန်းမထွက်နိုင်ဟု သမုတ်ခံနေရသည့် ဟန်ကျင်းရှန်းမှာ လက်ရှိ ထိုရွီှချန်းမင်းသမီး ရော့ရွှယ်နှင့်အတူရှိနေရင်း ပျော်ရွှင်စွာအချိန်ကုန်ဆုံးလျက်ရှိသည်။ မင်းသမီး၏အပြုအစုအယုအယများအား တစ်နာရီမျှခံယူပြီးနောက် တိုင်းပြည်ရေးလုပ်ဆောင်ရန်ဟူသည့် အကြောင်းပြချက်နှင့် သူမကိုနှင်လွှတ်ချိန်၌မူ ထိုကလေးဆန်သည့်မိန်းကလေးက နှုတ်ခမ်းစူချင်သေးသည်။ သို့သော် မကျေမနပ်နှင့်ပင် ပြန်သွားရလေ၏။ ထိုငယ်ရွယ်လွန်းသည့်မိန်းကလေးကို ကြည့်နေခဲ့သည့်ဟန်ကျင်းရှန်းက ပြုံးနေခဲ့သော်ငြား သူ၏အပြုံးက တံခါးရွက်များစေ့ပိတ်သွားချိန်၌မူ အစရှာမရအောင်ပျောက်ဆုံးလျက်......။ သူ၏မျက်နှာကလည်း နဂိုမူလအတိုင်းအေးစက်သည့်သဏ္ဍာန်သို့သာ ကူးပြောင်း၍သွားလေ၏။

"ချုံးဟိုင် ~ သူမကိုဆေးပေးလိုက်~ "

"အရှင်? သူမကို အရိုက်အရာမမွေးစေချင်ဘူးလား???"

ချုံးဟိုင်၏ ကြောင်အအနိုင်သည့် အမေးစကားကို ဟန်ကျင်းရှန်းက လျှောက်တင်စာများကြည့်ရှုရင်းဖြင့် အေးစက်စက်သာတုံ့ပြန်၏။ သူ၏လေသံ၌မူ မည်သည့်ခံစားချက်မှပျော်ဝင်မနေခဲ့ချေ။

"ရုပ်ရည်က အပြစ်ကင်းသလိုဆိုပေမယ့် သူမက အကြံကြီးတယ်။ ပိုဆိုးတာက သူမနောက်မှာ ရွီှချန်းနိုင်ငံတစ်ခုလုံးရှိနေတယ်။ ငါက ဒီလိုကောက်ကျစ်တဲ့မိန်းမမျိုးကို ငါ့သွေးသားမွေးခိုင်းစရာအကြောင်းမရှိဘူး။ "

"ရွှီချန်းက ဧကရီရဲ့ မွေးအမေ တုယွီမင်းသမီးရဲ့နိုင်ငံမဟုတ်ပါလား။ "

"ဟုတ်တယ်။ တုယွီမင်းသမီးက ရွှီချန်းမင်းသမီးရဲ့ အဒေါ်ပဲ။ ဧကရီနဲ့ဆိုရင် တစ်ဝမ်းကွဲညီအစ်မတွေ တော်တယ်။ "

ထိုသို့ဆိုရင်း တစ်စုံတစ်ရာကိုသတိရသွားဟန် ဟန်ကျင်းရှန်း၏မျက်ဝန်းက တစ်စုံတစ်ရာကိုစဉ်းစားမိပြီး တောက်ပသွားရကာ သူ၏နှုတ်ခမ်းပါးကလည်း ပြုံးယောင်သန်းလာသည်။ အတွင်းသိအစင်းသိ ချုံးကုန်းကုန်းက အရှင်သခင်၏ ဖြစ်အင်ကိုသတိထားမိသည့်အခါ ခေါင်းကိုသာတွင်တွင်ငုံ့ထားမိလိုက်၏။

"ပြောမှပဲ မြေခွေးမလေးလည်း ရွှီချန်းမင်းသမီးအရွယ်လောက်တုန်းက နန်းတော်ကိုဝင်လာတာ။ သူမတစ်ခါမှ ဒီလိုကလေးဆန်တာမရှိဖူးဘူး။ "

"ဧကရီမယ်မယ်က နန်းတော်ထဲမဝင်ခင်ကတည်းက အင်မတန်ရင့်ကျက်ပါတယ် ချန်းအိမ်တော်မှာမွေးဖွားကြီးပြင်းခဲ့ရလို့ ဖြစ်နိုင်ပါတယ်။ အရှင်......"

ချုံးကုန်းကုန်းက ရေမြေ့သခင်ကိုစကားစလိုက်သော်လည်း တွန့်ဆုတ်နေသည်မို့ ဟန်ကျင်းရှန်းက မထူးမခြားနားကြည့်ရှုလာပြီး ခပ်ပြတ်ပြတ်မေးမြန်းလာ၏။

"ဘာလဲ ပြောစရာရှိတာပြော~"

"ဧကရီကို သတိရရင် လိုက်သွားလို့ရနိုင်ပါတယ်။ အထောက်တော်ပြောတာတော့ အပြစ်ဒဏ်တွေအကုန်ပြီးသွားပေမယ့် သူမစိတ်နဲ့သူမ ပြန်မလာတာပါတဲ့ "

ဟန်ကျင်းရှန်းက စကားများလွန်းသည့် ချုံးကုန်းကုန်းကို တဖန်အေးစက်စက်ကြည့်လာသည်မို့ ချုံးကုန်းကုန်းက ခေါင်းကိုငုံ့ထားမိလိုက်၏။ ဟန်ကျင်းရှန်းက ထိုစကားကိုတုံ့ပြန်မည့်ဟန်မရှိသည်မို့ ချုံးကုန်းကုန်းက ထပ်မပြောပဲ နှုတ်ဆိတ်နေလိုက်သည်။ ဟန်ကျင်းရှန်းကမူ လက်ကျန်လျှောက်တင်စာကို အပြီးသတ်တံဆိပ်ခတ်ပေးရင်း ပြုံးယောင်သန်းသည့်နှုတ်ခမ်းပါးနှင့်အတူ စကားဆိုလာပေ၏။

"သူမက ပြန်မလာချင်ဘူးပေါ့။ တရားရိပ်မှာနေပျော်သွားလို့ တော်ကြာသီလရှင်ဝတ်သွားရင် ကိုယ်တော့်အပြစ်မကင်းဘူးမလား? သူမဘာတွေလုပ်နေလဲ သွားကြည့်ရအောင် "

ဟန်ကျင်းရှန်း၏စကားကြောင့် ချုံးကုန်းကုန်းက ဝမ်းသာအားရဖြင့်ပင်......

"ဒါဆို ကျွန်တော်အသင့်ပြင်ထားလိုက်ပါ့မယ်။ "

ချုံးကုန်းကုန်းမှ အလျင်စလိုထွက်ခွာသွားသည့်နောက် ဟန်ကျင်းရှန်းက လျှောက်တင်စာများကို ဘေးသို့ပို့ရင်း နဂါးထိုင်ခုံထက်၌ ငြိမ်သက်စွာထိုင်နေခဲ့၏။ ထို့နောက်တွင်မှ အရိပ်တပ်ဖွဲ့ဝင်တစ်ဦးက နန်းဆောင်တွင်းသို့ ပိရိသေသပ်စွာဝင်ရောက်လာရင်း ဟန်ကျင်းရှန်းအေ့ရှ ဒူးထောက်ခစားလာ၏။

"သခင်~ "

"ကိစ္စတွေဘယ်လိုနေလဲ? "

"တစ်ဝက်လောက်က ပြီးစီးနေပါပြီ သခင် "မြွေ"ကိုတော့ ရှီးဟွေ့စောင့်ကြည့်နေပါတယ်။ "

"ကောင်းပြီ မြန်မြန်အပြီးသတ်လိုက်တာ ပိုကောင်းမယ်။ ဒါနဲ့ မင်းကိုငါခိုင်းထားတဲ့ အခြားကိစ္စ"

" 'လုံဖုန်းယွင်ဖေး'မောင်နှံဓားက မကြာခင်ကျွန်တော်တို့ လက်ထဲရောက်တော့မှာပါ စိတ်မပူပါနဲ့ သခင် "

"ငါလက်ဆောင်ပေးမှာဆိုရင် သူမကြိုက်လောက်လား? မိန်းကလေးတွေက လက်ဆောင်ပေးရင် ပျော်တတ်တာပဲမဟုတ်လား ဒါပေမယ့် သူမက ပျော်ပါ့မလား "

"????"

အရိပ်တပ်ဖွဲ့ဝင်များမှာ များသောအားဖြင့် တစ်ကိုယ်တည်း တစ်ကောင်ကြွက်သမားက များသည်မို့ ထိုအမေးစကားဆိုလာသည့်အခါ အရိပ်တပ်ဖွဲ့ဝင်လျိုအန်းမှာ ကြောင်အသွားရသည်။ သုံးဆယ်ကျော်အထိ တစ်ကိုယ်တည်းနေလာခဲ့ရသော သူကအမှန်တစ်ကယ် ဣတ္ထိယမိန်းမများ၏ သဘောသဘာဝကို နားမလည်ချေ။
အလွန်အမင်း အေးစက်ကာလျို့ဝှက်သည့် သခင်မဆိုလျင် ပို၍ပင်ဆိုးသေးသည်။ လျိုအန်းမှာ ခေါင်းကုတ်လျက်သာရှိနေသည်မို့ ဟန်ကျင်းရှန်းက သက်ပြင်းချလျက်သာ လက်ကိုဝှေ့ယမ်းလိုက်၏။

"ငါမေးတဲ့သူမှားနေတာပဲ။ သွားတော့ "

"ဟုတ်ကဲ့။ သခင် "

ရိုးရှင်းရှင်းအမေးလေးကိုပင် မဖြေနိုင်သည့်လျိုအန်းမှာ ပြတင်းပေါက်မှသည် ခပ်သုတ်သုတ် ထွက်ခွာသွားတော့၏။ ဟန်ကျင်းရှန်းက ထိုင်ခုံလက်ရန်းများကို လက်ဖြင့်တတိတိခေါက်ရင်း မြင်လွှာကိုစေ့မှိတ်ထားခဲ့သည်။ သူ၏စိတ်အစုံကမူ မည်သည့်နေရာသို့ ရောက်နေသနည်း။ သူကိုယ်တိုင်ပင် မခန့်မှန်းတတ်ခဲ့ချေ။ သို့သော်......မသိစိတ်အတွင်း၌ကား စစ်မင်ဘုံကျောင်းရှိ တစ်စုံတစ်ဦးကိုမူ သူ သတိတရရှိနေခဲ့ပါ၏။

ဒီထဲမှာ ထူးခြားနေတဲ့တစ်စုံတစ်ဦးပါတယ် ခန့်မှန်းကြည့်ရအောင်လား။

လင်းယွီလေးကလည်း ဘာပါလိမ့်နော်။??

ပဟေဠိတွေကိုတဖြည်းဖြည်းချင်း ဖြေရှင်းကြတာပေါ့။


Continue Reading

You'll Also Like

169K 24.3K 108
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
154K 17.6K 102
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
752K 82.9K 158
system ficလေးပါ အနေအေးတဲ့ မိဘမဲ့ဂေဟာမှူးလေး ဝတ္ထုကမ္ဘာထဲ ရောက်သွားသောအခါ (own creation) system ficေလးပါ အေနေအးတဲ့ မိဘမဲ့ေဂဟာမႉးေလး ဝတၳဳကမၻာထဲ ေရာက္သ...
223K 23K 105
ဘာသာပြန်သူ - စွဲညို့အသင်း