အပိုင်း (၁၂)
Unicode Version
"ပြန်ရောက်လာကြပြီလား"
"ဟုတ်ကဲ့"
အဘိုးဖြစ်သူက ခေါင်းတညိမ့်ညိမ့်ဖြင့် သူတို့နှစ်ဦးရှိရာဆီ ပိုပြီးနီးကပ်သွားအောင် ခြေသုံးလှမ်းမျှတိုးလာလေသည်။
ယင်းနောက်တွင် နှစ်ဦးလုံး၏လက်ကလေးနှစ်ဖက်ကိုဆွဲယူလျက် ကျောင်းဆရာလေးရဲ့လက်ထဲသို့ မြေးဖြစ်သူရဲ့လက်ကို ထည့်ပေးကာ ခပ်တင်းတင်းဆုပ်ကိုင်လိုက်လေသည်။
"မြေးပေါက်ကို သည်းခံပေးပါနော်"
"ဗျာ"
ထိုစကားရဲ့ဆိုလိုရင်းအဓိပ္ပါယ်ကို Jiminသေချာနားမလည်ပေမဲ့ Jungkookက သူ့ထက်ငယ်လို့ ထိုသို့ပြောတာဖြစ်မည်ဟု မှတ်ယူလိုက်သည်။ ဘေးကကောင်လေးကို လှည့်ကြည့်လိုက်တော့ နှုတ်ခမ်းကတစ်တောင်လောက် ဆူထော်နေနှင့်ပြီ။
"မြေးပေါက်ကလည်း ဆရာလေးကိုအနိုင်မကျင့်နဲ့ ဟုတ်ပြီလား အခုဆို ကြင်ဖက်တွေဖြစ်သွားပြီမို့ နှစ်ယောက်လုံးက အပေးယူမျှမျှနေထိုင်ရတော့မှာ"
မြေးပေါက်ဆိုသည့် နာမည်သစ်ကလေးကြောင့် Jimin ရယ်ချင်သွားရသည်။ အရပ်ရှည်ရှည် လူကောင်ကြီးကြီး ဗလတောင့်တောင့်နဲ့ မြေးပေါက်ကလေး ခိ။
"ဘာရယ်တာလဲ"
ထိန်းထားသည့်ကြားမှ ထွက်ဖြစ်အောင်ထွက်သွားတဲ့ရယ်သံကြောင့် နံဘေးကစာရေးဆရာပေါက်စက မျက်စောင်းလှမ်းချိတ်လေသည်။ မျက်စောင်းလည်း ထိုးတတ်ပြန်တဲ့မြေးပေါက်။
"ကဲပါ နှစ်ယောက်လုံး နားကြတော့"
"ဟုတ်ကဲ့"
အဘိုးအားနှုတ်ဆက်ပြီးသည်နှင့် နှစ်ယောက်လုံး အဆောင်လေးရှိရာ ကုန်းမြင့်လေးဆီကို တက်ခဲ့ကြသည်။ အဆောင်ဆီသွားနေသည့် လမ်းတစ်လျှောက် နှစ်ဦးလုံး ဘာစကားမှမဆိုမိကြ။
ခါတိုင်းထက်ပိုပြီး ဒီနေ့က စကားနည်းနေသလိုပဲ။ ပြီးတော့ မင်္ဂလာရက်ကဒီနေ့ဆိုတော့ ဒီညကလည်း.....။
"အီးဟီးဟီး!"
ရုတ်တရက်ကြီးထငိုတဲ့ အသံကြောင့် Jiminလန့်ဖျတ်သွားကာ ဘေးကလူကို ကြည့်လိုက်မိသည်။ တကယ်ကြီး ငိုနေတာဟ။
မတ်တပ်ရပ်ပြီးငိုရတာကို အားမရဘူးထင်ပါရဲ့ ဆောင့်ကြောင့်ပါထိုင်ချရင်း တဗြဲဗြဲအော်ငိုနေတဲ့ Jungkookကြောင့် Jiminဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားရသည်။
"ဘာ-ဘာလို့ငိုနေတာတုန်း"
"ကျွန်တော် လူပျိုမဟုတ်တော့ဘူး အီးဟီးဟီး"
ကြားလိုက်ရတဲ့စကားကြောင့် Jimin နေရာမှာပင် မူးမေ့ချင်သွားသည်။ တနေကုန်လုံးကောင်းနေခဲ့ပြီး အခုချိန်မှ ထဖောက်ရတယ်လို့။
ကလေးကလားနှင့် ထိုင်ငိုနေသောအကောင်ပေါက်အကြီးကြီးကြောင့် Jimin ခေါင်းခဲသွားရကာ မျက်ရိုးနေရာကို လက်နှင့်ဖိလိုက်သည်။
လတ်စသတ်တော့ စောနတုန်းကအဘိုးပြောချင်တာ ဒါကိုး။ လုပ်ချင်ရာလုပ်ပြီးမှ ထိုင်ငိုနေလို့ဖြစ်မလား။
"ငါ မင်းကိုအစောကြီးကတည်းကပြောသားပဲ ဆိုးလ်ကိုပြန်လွှတ်ပေးပါလို့"
"အဲ့ဒါနဲ့ဘာဆိုင်လဲ အီးဟီးဟီး"
"ဟ ဆိုင်တာပေါ့ မင်းပဲငါနဲ့လက်ထပ်မယ်ဆို"
Jimin ကိုယ်တိုင်ပင် စိတ်ရှုပ်သွားရတာမို့ ခြေဆောင့်လိုက်မိသည်။ ဘုရားရေ သူ ဘယ်တုန်းက ဒီလိုကလေးဆန်တဲ့ အပြုအမူတွေလုပ်နေမိတာပါလိမ့်။
ထိုအချိန်တွင် စကားပုံအသစ်တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့သည်။ တံငါနားနီး တံငါ ယောကျာ်းနားနီး ယောကျာ်း။
"အဲ့ဒါကအဲ့ဒါလေ ဒါကဒါပဲ"
တရွှတ်ရွှတ်နှင့် နှပ်တွေပါထွက်အောင် ငိုနေသည့်စာရေးဆရာပေါက်စကြောင့် Jimin လက်ဖျားခါရပါသည်။ တကယ်က ရုပ်ရှင်မင်းသား လုပ်စားရမှာ။ ဒီလောက် ငိုလွယ် ရယ်လွယ်တဲ့သူ ခုမှမြင်ဖူးတော့တယ်။
"ငို ငို အဲ့မှာ သေအောင်သာငို သေသွားတော့လည်း နောက်တစ်ယောက်ထပ်ရတယ်"
"အဘိုးရေ ဒီမှာ သားကိုသေခိုင်းနေတယ် အီး!"
မှားလိုက်လေခြင်း။ အသံပြဲကြီးနှင့်ထအော်နေသည့် မြေးပေါက်ရဲ့ပါးစပ်ကို Jimin ကမန်းကတန်းပိတ်လိုက်ရသည်။
"အရှက်မရှိဘူးလား ဘာလို့အော်နေတာလဲ"
ကိစ္စမရှိဘူး။ Jeon ကိုကိုလေး အရှက်မရှိတာကို စံအိမ်တစ်ခုလုံးသိတယ်။ သေချာမသိသေးတာက ယနေ့မှ ပူပူနွေးနွေးရထားသည့် ကျောင်းဆရာပင်။
မပူပါနဲ့။ နောက်ကျရင် ကျင့်သားရပြီး အထာနပ်သွားမှာပါ။
"ထ သွားကြစို့ အင်္ကျီတွေညစ်ပတ်ကုန်မယ်"
ငိုထားတာမို့ သိသာနေသော နှာလုံးနီနီလေးနှင့် ထိုင်နေသေးသည့် စာရေးဆရာမြေးပေါက်လေးကို Jiminကပဲ ချော့မော့ပြောရတော့သည်။
ဒါတောင် ကိုယ်တော်ချောက ပေကပ်ကပ်လုပ်ချင်သေးတာ။ ဟူး အဆောင်ရောက်ရင် မှန်အရင်ကြည့်ရမယ်။ ဒါမှ သူ့ခေါင်းမှာ ဆံပင်ဖြူတွေဘယ်နှပင်လောက်ပေါက်နေပြီလဲဆိုတာ သိရမှာ။
"လက်ထပ်ပွဲကို ဂုဏ်ပြုပါတယ်!!"
ဖောင်း ဖောင်း ဖောင်း!
သောက်ပလုတ်တုတ်!။
အဆောင်တံခါးဖွင့်ဖွင့်ချင်း ထွက်ပေါ်လာတဲ့ဗြောင်းဆန်နေသည့်အသံများကြောင့် မျက်လုံးတွေပင်ပြာဝေသွားကာ ခြေကိုနောက်ဆုတ်လိုက်မိတာမို့ ကားယားကြီးပြုတ်ကျပြီဟု သိလိုက်ရသည်။
"အစ်ကိုတော် ဘာတွေလျှောက်လုပ်နေပြန်တာတုန်း!!"
သို့သော် ပစ်ကျသွားသည်က စာရေးဆရာရဲ့ရင်ခွင်ကြီးထဲဖြစ်နေတာမို့ Jimin စိတ်သက်သာရာရသွားသည်။ တော်သေးလို့ မကျိုးမကန်းတယ်။
"ရိုမန့်တစ်ပဲ!"
ချလပ်!
အစ်ကိုတော်ဆော့ဂျင်ရဲ့အနောက်မှ ထွက်လာသည့် ယူမီဆုက ကင်မရာတဖျတ်ဖျတ်နှင့် အမိအရပုံရိုက်ယူလေသည်။ ထိုအခါမှ Jiminလည်း ရှက်စိတ်ကြောင့် Jungkookရင်ခွင်ကြီးထဲမှ အမြန်ရုန်းထွက်လိုက်သည်။
"ဘယ်လိုလုပ်ပြီး ရောက်နေကြတာလဲ"
"ငါ မနက်ကဆိုးလ်ကနေအမှီလာပေမဲ့ နောက်ကျသွားလို့ အခုမှဂုဏ်လာပြုတာ"
"အပိုတွေ"
"အာရီဂူး ငါ့သူငယ်ချင်းလေးတောင် ယောကျာ်းရသွားပြီပဲ ရတဲ့ယောကျာ်းကလည်းအချောအလှလေး သိပ်လိုက်တာပဲသိလား"
ပျားရည်အိုးလိုက်မှောက်ထားသည့် မျက်နှာနှင့် မျက်တောင်တမင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောချင်ရာပြောနေသည့် မီဆုကြောင့် Jiminမျက်နှာလေးက မီးရောင်အောက်မှာ သိသိသာသာရဲတက်သွားရသည်။
"ပါးစပ်ပိတ် နှစ်ယောက်လုံး အဆောင်အပြင်ဘက်မရောက်ချင်ရင်"
"ကိုယ်တော်က ဘာပြောရသေးလို့လဲ"
ကိုယ်လွတ်ရုန်းကာ ရိုးသားချင်ယောင်ဆောင်နေသည့် အစ်ကိုတော်ဆော့ဂျင်ကို သိပြီးသားဟူသော အကြည့်ဖြင့် Jungkook ကြည့်လိုက်သည်။ မီဆုကို ဒီအထိခိုးခေါ်လာပေးတာ သူ့အပြင် ဘယ်သူရှိဦးမှာလဲ။
"အဟမ်းဟမ်း ထိုင်ကြပါ ပွဲခံရမယ်လေ"
"ဟင် ဟုတ်"
Jimin လည်း အယောင်ယောင်အမှားမှားဖြင့် အစ်ကိုတော်ဆွဲခေါ်သည့်နေရာမှာ ထိုင်ဖို့ပြင်လိုက်သည်။ သို့သော် လမ်းတဝက်မှာပင် Jungkookက ပြန်ဆွဲခေါ်တာမို့ လိမ့်ခနဲဆိုသလို ရင်ခွင်ကြီးထဲ တခါပစ်ဝင်သွားရသည်။
"ဘာပွဲမှမလုပ်ဘူး ပြန်ကြတော့"
မီဆုနဲ့အစ်ကိုတော်က တစ်ယောက်ကိုတစ်ယောက် မျက်စလှမ်းပစ်ကာ ဘာသဘောလဲဆိုပြီး တိုးတိုးကျိတ်ကျိတ်မေးကြသည်။
"ဘာမှမဟုတ်ဘူး အဲ့ဒါပါဝါပြနေတာ သူယူထားတာဆိုပြီး အာဏာရချင်တာ"
"မှန်တယ်"
"ဟဲ့ Jeon Jungkook အပိုမလုပ်နဲ့ ဒီနေ့ကတကယ်နေ့နော် လာပါ အစ်ကိုJimin အတူတူပျော်ကြရအောင်"
"ဟင် အင်း အင်း"
နောက်ဆုံးတွင် အားနာလာတာမို့ ပေကပ်ကပ်ဖြင့် ရပ်နေသေးသည့် Jungkookကို Jiminကပဲ ချော့မော့ကာ ထိုင်ခိုင်းရတော့သည်။
"ကဲရော့ ဒါလေးဆောင်းလိုက်"
"ဟင် ဒါကြီးက မွေးနေ့မှဆောင်းရတာမဟုတ်ဘူးလား"
"မလိုဘူး မလိုဘူး ကိုယ်တော်တို့က ဘာပွဲနေနေဆောင်းတယ်"
ခေါင်းကိုလာစွပ်ပေးသည့် မွေးနေ့ပွဲတွေမှာဆောင်းသည့် ဦးထုပ်ချွန်ချွန်လေးကြောင့် Jimin မအီမသာဖြစ်သွားရသည်။ တကယ့်ကို ပေါက်ကရချည်းပဲ။
"ကဲ တစ်ခွက်လောက်သောက်ကြမယ်"
"ဒါတွေကို ငါနဲ့အစ်ကိုတော်ကိုယ်တိုင် ဟိုးထိပ်ကဆိုင်မှာသွားဝယ်လာတာ"
"အဘိုးနဲ့မတွေ့ဘူးလား"
"မိတော့မလို့ နည်းနည်းပဲလိုတော့တာ နင်တို့ရောက်လာတာနဲ့ကွက်တိဖြစ်ပြီး ငါတို့လွတ်သွားတာ"
ဆိုဂျူတွေတစ်ခွက်ပြီးတစ်ခွက်ငဲ့ကာ အဆက်မပြတ်သောက်နေသည့် မိန်းကလေးကြောင့် Jimin လက်ဖျားခါသွားရသည်။ မိန်းကလေးတွေ အရက်ကြိုက်ရင် ယောကျာ်းလေးတွေလိုက်မမှီဘူးဆိုတာများလား။
"မရီးတော် သေရည်လေးမြည်းကြည့်ဦး"
"ဟင်"
နားထဲကန့်လန့်ကြီးဝင်လာတဲ့စကားတွေကို အင်း တစ်နေ့တော့ သူယဥ်ပါးသွားမှာပါ။
"ဟုတ်ကဲ့"
ငဲ့ထည့်ပေးလာသည့် သေရည်ခွက် အဲလေ ဆိုဂျူခွက်ကိုကောက်ယူကာ တချိုးတည်းမော့ချလိုက်သည်။
"ဝိုး~~ မိုက်တယ်!"
ချီးကျူးစကားတွေကြောင့် Jimin မနေတတ်သလိုပင် ဖြစ်သွားရသည်။ နံဘေးကိုကြည့်လိုက်တော့ မလှုပ်မယှက်ထိုင်နေသည့် ကျောက်ရုပ်ကြီး။
"Jungkookရော မသောက်ဘူးလား"
"အေးလေ ဘာဖြစ်လဲ သောက်စမ်းပါ"
Jiminလည်း ရုပ်တည်ကြီးဖြင့် ထိုင်နေသော Jungkookအား အကဲခတ်ရင်း အမြည်းတစ်ဖတ်ကောက်ဝါးလိုက်သည်။
"အဘိုးသိရင် ဆူခံရလိမ့်မယ်"
လက်ပိုက်လျက်ပြောလာတဲ့ Jungkookကြောင့် သုံးယောက်လုံးရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားရသည်။ ပြီးသည်နှင့် အစ်ကိုတော်ရော မီဆုပါ ခွက်ထိုးခွက်လန် အော်ရယ်ကြတော့သည်။
"ဟားဟားဟား! Jeon Jungkook နင်ဘယ်တုန်းက အဘိုးကိုကြောက်တတ်သွားတာလဲ"
"မယုံနဲ့ အဲ့ဒါလိမ်ပြောနေတာ"
အနားကပ်ကာ တိုးတိုးပြောလာတဲ့ အစ်ကိုတော်ရဲ့စကားကို ယုံကြည်သည့်သဘော Jiminခေါင်းငြိမ့်ပြလိုက်သည်။ ဟုတ်တယ်လေ ရောက်စကတည်းက စကားနားမထောင်ဘဲ လုပ်ချင်ရာလုပ်တတ်တဲ့ မြေးပေါက်ပေမို့။
"ကြာတယ် အစ်ကိုတော်ရာ ကြောင်ဘယ်မှာလဲ"
"မီ-မီဆု!"
ကြောင် ဟူသည့်အသံကြားသည်နှင့် ချက်ချင်းဖြူဆုပ်သွားတဲ့မျက်နှာကြောင့် Jiminတဖက်လှည့်ကာ ကြိတ်ရယ်လိုက်သည်။ ကြောင်ကို ဘယ်လောက်တောင်ကြောက်လဲမသိ ချက်ချင်းပင် သူ့ဘေးကိုနဂိုထက်ပိုကာ တိုးကပ်လာသည်လေ။
"ဆွန်းဟွာရေ!"
အစ်ကိုတော်ကလည်း အဆင်းဘီးတပ်ကာ ကြောင်နာမည်ကိုအော်ခေါ်တော့ Jungkookတစ်ယောက် ချွေးတွေပင်ပြန်လာတော့သည်။
"ဆွန်းဟွာရေ! မီမီမီ~"
"ညောင်~"
"မလုပ်နဲ့လို့!"
အသံကြားသည်နှင့် Jiminအပေါ်တက်ခုန်မတတ် ဆွေ့ဆွေ့ခုန်အောင် ကြောက်လန့်နေတာမို့ Jungkookကိုကြည့်ရင်း Jiminကိုယ်တိုင်ပင် နေထိုင်မကောင်းချင်တော့။
"ဘာမှမဖြစ်ပါဘူး ကြောင်လေးပဲဟာ အဲ့လောက်ကြောက်စရာမလိုပါဘူး Jungkookရယ်"
ကျောပြင်ကို ခပ်ဖွဖွပုတ်ကာ ချော့မော့ပြောလိုက်ပေမဲ့ Jungkookက တစ်ကိုယ်လုံးပင်တုန်ရီနေသည်။ ကြောင်ကို အဲ့လောက်တောင်ပဲ ကြောက်ရသလား ဒီကောင်လေးနှယ်။
"ကဲပါ ငါသွားမောင်းလိုက်မယ်"
ပြောပြောဆိုဆိုပင် Jungkookဘေးကထလိုက်ရင်း အပေါက်ဝနားမှာ ရစ်သီရစ်သီလုပ်နေသည့် ကြောင်ဝါစပ်ကြားလေးကို တရှူးရှူးနှင့် မောင်းထုတ်လိုက်သည်။
"မရီးတော်ကလည်း တခါတလေလောက်လွှတ်ထားလိုက်စမ်းပါ ဒါမှ ဒီငမိုက်သား မှတ်မှာ"
အစ်ကိုတော်ရဲ့စကားကို Jiminက ပြုံးရုံသာတုံ့ပြန်လိုက်ရင်း နဂိုနေရာမှာ ဝင်ထိုင်လိုက်သည်။
"ငယ်ငယ်တုန်းက ကြောင်မြီးသွားဆွဲလို့ အကုတ်ခံရတာလေ အဲ့တုန်းကဖျားတောင်ယူတယ် အဲ့နောက်ပိုင်း ကြောင်တွေ့ရင် ဟော့သလို ဟော့သလိုဖြစ်တော့တာပဲ"
Jungkookရဲ့ မျက်နှာထားနှင့်အော်သံအတိုင်း ချွတ်စွတ်တူအောင်လုပ်ပြနေသည့် အစ်ကိုတော်ကြောင့် Jiminပါ ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်။ Jungkook မျက်နှာကတော့ အိုးမဲသုတ်ခံရသည့် ဒယ်အိုးဖင်နှယ်။
"ပေါက်ပေါက်ရှာရှာ"
"အဲ့ကြောင်မြီးကို ဘာလို့သွားဆွဲတာလဲရောသိလား"
Jimin ခေါင်းယမ်းပြလိုက်သည်။ သေရည်လေးနည်းနည်းစီဝင်တော့ စကားတွေသွက်ကာ ငယ်ကျိုးငယ်နာတွေလည်း ဖော်ကုန်ကြပြီ။
"လက်ဆောင်ပေးမလို့တဲ့လေ"
"ဘယ်သူ့ကိုတုန်း"
"သူကြိုက်နေတဲ့သူကိုပေါ့"
"ဟင်"
Jungkookကိုတလှည့် အစ်ကိုတော်ကိုတလှည့်ကြည့်ကာ Jiminခမျာ တကယ်ကြီးလားဟူ၍ မျက်လုံးပြူးရသည်။
"ဟုတ်ပါတယ်ဆို လူကဖြင့် မရီးတော်ရဲ့လက်သန်းလောက်လေးနဲ့"
အစ်ကိုတော်ဆော့ဂျင်က ပြောပြောဆိုဆိုနှင့် Jiminရဲ့လက်ကိုဆွဲကာ လက်သန်းလေးထောင်ပြလေသည်။
"ဟျောင်း!!"
နောက်ဆုံးတွင်တော့ ဇာတ်လိုက်ကျော်ကြီး Jungkookရဲ့အော်သံက ဆိုဂျူဝိုင်းလေးကို ကိုင်လှုပ်လိုက်လေသည်။
"ကိုယ်တော်က အမှန်တရားပြောတာ"
"ပြောချင်ဦး အဲ့မှာ"
မျက်စိရှေ့မှာချထားသည့် အမြည်းပန်းကန်ထဲရှိ မြေပဲစေ့တွေနှင့် ထုနေတာမို့ အစ်ကိုတော်ခမျာ ရိုးရာဝတ်စုံကြီးရဲ့ လက်အရှည်ဖြင့် မြေပဲကျည်ဆန်များကို ကာထားရလေသည်။
"တော်ပါတော့ ဆရာလေးစိတ်ညစ်သွားဦးမယ်"
အရိပ်အကဲနားလည်သည့် မီဆုက ဝင်တားမှပဲ နှစ်ယောက်သား မကျေမနပ်နှင့် စစ်ပွဲရပ်သွားတော့သည်။ ဒါကြောင့် နဂါးမျက်စောင်းတွေက ပြာကျမတတ်ပင်။
"ရော့ နင်လည်းသောက်"
အသံမြည်အောင်ချပေးလိုက်သည့် ဆိုဂျူခွက်ကို မကျေမချမ်းယူကာ တဂွပ်ဂွပ်သောက်နေသည့် Jungkookကြောင့် အကုန်လုံးက ငြိမ်သွားကြသည်။
"ဆရာလေးက တော်တော်သောက်နိုင်တာပဲ"
"အာ ဟုတ်မယ် အလုပ်ပင်ပန်းရင် မကြာခဏ သောက်ဖြစ်တယ်လေ"
"အော်"
စကားတပြောပြောဖြင့် လေးယောက်ပေါင်းဆိုဂျူပုလင်းတွေ အများကြီးကုန်ချိန်အထိ ဟန်မပြတ်တဲ့သူတွေက Jimin, အစ်ကိုတော်နှင့် မီဆုတို့ပင်ဖြစ်ကြသည်။
"အညီး အညီး(အမြည်း) တုန်သွားပြီ"
"စိတ်ပျက်စရာ"
ဟုတ်ကဲ့ များများစားစားမသောက်နိုင်သည့် စာရေးဆရာလေးကတော့ အခုချိန်မှာ စကားတွေတောင်မပီတော့ပါဘူးတဲ့။
"အညီးပေးလို့ ကြောနေတယ်လေ"
ပန်းကန်ကိုစားပွဲပေါ်ဆောင့်ချလိုက်ပြီး ရမ်းကားနေတဲ့Jungkookကြောင့် Jiminခေါင်းယမ်းကာ လက်ကျန်အမြည်းတချို့ကို ရှေ့ချပေးလိုက်သည်။
"ဒါမှပေါ့ တပည့်ယေး သိပ်သိပ်ရှစ်ဖို့ကောင်း"
ပြောချင်ရာပြောပြီး လုပ်ချင်ရာလုပ်နေသည့် မြေးပေါက်ကို အကုန်လုံးက စိတ်ကုန်သည့်အမူအရာနှင့် ဝိုင်းကြည့်နေကြသည်။
"ဒါနဲ့ ဆိုးလ််မှာတုန်းက ရည်းစားတွေဘာတွေရှိခဲ့မှာပေါ့နော်"
"ဗျာ?"
"အာ တခြားမဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာပါ မကြိုက်ရင်ဆောရီးနော်"
"ရပါတယ် အဲ့လောက်မဟုတ်ပါဘူး ဒီအသက်အရွယ်ပဲရောက်နေပြီ ရည်းစားကတော့ရှိခဲ့တာပေါ့"
"မရှော်ကားနဲ့ နာ့မှာမရှိဘူး"
"နင် အသာနေစမ်းပါ အမူးသမားရာ"
ကြောင်တောင်တောင်တွေဝင်ပြောနေသော Jungkookကို မီဆုကတွန်းလိုက်တာမို့ Jungkookကိုယ်လုံးကြီးက Jiminကိုယ်ပေါ် ယိုင်ကျလာသည်။ Jiminသာ ဝင်မထိန်းပေးရင် ကြမ်းပြင်နဲ့ခေါင်းနဲ့ မိတ်ဆက်နေလောက်ပြီ။
"ဟီး ဆက်ပြော ဆရာလေး"
"ဟို သင့်တော်ပါ့မလား အခုက"
အစ်ကိုတော်ကလည်း အရက်အရှိန်ကြောင့် ခါတိုင်းထက်ငြိမ်နေကာ မေးထောက်လျက် Jiminတို့ပြောသမျှကို နားထောင်လို့နေသည်။ တကယ်တမ်း မငြိမ်တာက ဟိုမြေးပေါက်။
"ရတယ် ပြောသာပြော"
မီဆုက အားနာစရာမလိုကြောင်း လက်တခါခါဖြင့်ရှင်းပြရင်း Jiminအကြောင်းကို ရှေ့ဆက်စေသည်။
"ခန့်မှန်းခြေ နှစ်နှစ်လောက်တော့တွဲဖြစ်ခဲ့မယ်ထင်တယ် သူကလည်းကျွန်တော့်လို စာသင်တဲ့သူပဲလေ နောက်တော့ ကျွန်တော်ကိုယ်တိုင်ကပဲ လမ်းခွဲခဲ့တာပါ"
"အော်~"
မီဆုက Jiminခံစားချက်ကို နားလည်သည့်မျက်နှာအမူအရာဖြင့် ခေါင်းငြိမ့်ပြသည်။ ပြီးသည်နှင့် ဆိုဂျူတစ်ခွက်မော့ဖို့ ကမ်းပေးလေသည်။
Jeon Jungkookတို့ကတော့ မျက်လုံးကြီးဖွင့်ကာ Jiminပခုံးပေါ်မှီရင်း တဂျွတ်ဂျွတ်မြည်အောင် အမြည်းတွေကောက်ဝါးနေတာ ဖုတ်ကောင်ကြီးအတိုင်း။
"ခုတော့ ဆရာလေးဘဝ ဒီကောင်ကြီးနဲ့နှစ်ပါးသွားရတော့မယ်"
မီဆုစကားကြောင့် Jimin ပြုံးဖြစ်အောင်ပြုံးလိုက်သေးသည်။ ပြီးတာတွေက ပြီးခဲ့ပြီမို့ Jimin နောက်တကျော့ပြန်ပြီး အစမဖော်ချင်တာတော့အမှန်။
အရက်အရှိန်ကြောင့်ရော မီဆုကအတင်းမေးတာကြောင့်ရော ဆိုးလ်မှာနေတုန်းက အကြောင်းအရာတော်တော်များများကို Jiminဖွင့်ပြောပြဖြစ်သွားသည်။
"နိဂုံးချုပ်ရရင်တော့ သူက အတော်ပြည့်စုံတဲ့မိန်းကလေးပါ"
"ဖိုက်တင်း ဆရာလေး အဲ့အမျိုးသမီးကိုမမှီရင်တောင် Jungkookကမလျော့ပါဘူး"
သူငယ်ချင်းကိုအမွှန်းတင်နေသည့် ကောင်မလေးကြောင့် Jiminရယ်မိသွားသည်။ ကိုယ့်ငါးချဥ် ကိုယ်ချဥ်တယ်ဆိုတာမျိုး။
"ဖယ်ရှမ်း မထိနဲ့!!"
တချိန်လုံး အမြည်းဝါးကာငြိမ်နေသည့် Jungkookက Jiminလက်ကို မီဆုကလှမ်းကိုင်ကာ အားပေးစကားပြောချိန်မှာတော့ ဆတ်ခနဲရိုက်ချလေသည်။
"နာလိုက်တာ! နင့်အားကြီးနဲ့ ရိုက်စရာလား"
"ဘာဖြစ်ယဲ(လဲ) မထိနဲ့ မကြိုက်ဘူး!"
"အောင်မာ ငတို!"
"တိုရယ် ဘာဖြစ်ယဲ ပတ်ဒီမင်းက ငါ့..."
Jungkookစကားကြောင့် နာသွားလည့်လက်ခုံကိုပွတ်ကာ ပွစိပွစိပြောနေသည့်မီဆုရော ဘေးကကြည့်နေသည့် ကျန်နှစ်ယောက်ပါ ဘာဆက်ပြောမလဲသိချင်သွားကြသည်။
"ဆက်ပြောလေ ဘာဖြစ်လဲ"
"ဘာကြောရမှာယဲ!"
"မပြောရင် ထိမှာပဲ"
ကလေးတွေကို စကားများနေကြသည့် နှစ်ယောက်ကြောင့် Jiminအမူးပင် ပြေချင်သွားရသည်။ အစ်ကိုတော်လည်း ဝင်ထိန်းမလားမှတ်တယ် သူ့ဘာသူတောင် မူးပြီးငြိမ်နေတာကျောက်ရုပ်ကြီးအတိုင်း။
"မထိနဲ့လို့! ငါ့ယောကျာ်းကိုမထိနဲ့!"
မျက်လုံးစုံမှိတ်ကာ အော်လိုက်တဲ့Jungkookကြောင့် မီဆုခမျာ မျက်လုံးလေးကလယ်ကလယ်နှင့် ငြိမ်ကျသွားသည်။ Jiminကိုယ်တိုင်လည်း လည်တိုင်ကိုလာဖက်သည့် Jungkookလက်တွေကြောင့် တောင့်တောင့်ကြီးဖြစ်နေရသည်။
"သူက ငါ့ယောကျာ်း"
ပီပီသသကြီးပြောကာ အိပ်ပျော်သွားတာမို့ Jimin ရင်တဒိတ်ဒိတ်ကြားမှ သက်ပြင်းချလိုက်မိသည်။ ထို့နောက်တွင်တော့ အစ်ကိုတော်နှင့် မီဆုတို့လည်း တပ်ခေါက်ကာ အရက်ဝိုင်းကို သိမ်းသွားကြတော့သည်။
ပြောသွားသေးတယ် နောက်နေ့တွေ ပြန်လာဦးမယ်တဲ့။
"Jungkook ah အိပ်ရာပေါ်အိပ်ရမယ်လေ"
"အွန်း~ ဒီတိုင်းပဲနေမှာ"
ဖက်တွယ်ထားတဲ့လက်တွေနဲ့ မှီထားသည့်ကိုယ်အလေးကြီးကို Jimin ညလုံးပေါက်တော့ ခံနိုင်ရည်ရှိမယ်မထင်။
"လိမ္မာပါတယ် ဒီတိုင်းလှဲလိုက်ရုံပဲဟာ လာပါ ဒီတိုင်းကြီးက ညောင်းတယ်လေ"
တနေကုန်ချော့မော့ရသည့် သူ့အဖြစ်ကလည်း တကယ်ကိုမလွယ်တာပင်။ နောက်ဆုံးအိပ်ရာကို အမြန်ခင်းကာ Jungkookရဲ့ကိုယ်အလေးကြီးကို ဖြည်းဖြည်းချင်း မနိုင့်တနိုင်ဖြင့် ရွှေ့ပေးရတော့သည်။
"ခေါင်းနည်းနည်းကြွလိုက်ဦး"
ပုံစံလွဲနေသည့်ခေါင်းကို သေချာပြန်ပြင်ပေးလိုက်ပြီးမှ Jimin သက်ပြင်းချနိုင်တော့သည်။ အိမ်ထောင်ပြုရတာလည်း ဒီတစ်ညနဲ့တင် မလွယ်လိုက်တာ။
"ဟင်!"
တဖက်က အိပ်ရာပေါ်သွားအိပ်ဖို့ထလိုက်ပေမဲ့ လက်ကိုဆွဲထားတာမို့ Jimin ငုံ့ကြည့်လိုက်သည်။ ဒီကောင်လေး အိပ်မပျော်သေးတာများလား။
"တူတူအိပ်မယ်လေ"
"ဟင် မဟုတ်"
Jiminစကားပင်မဆုံးလိုက်။ လက်နှစ်ဖက်နှင့် အားသုံးကာဆွဲချလိုက်တာမို့ အမူးသမားလေးနှင့် မျက်နှာနှစ်ခုက အင်မတန်နီးကပ်သွားလေသည်။
ဆိုဂျူနံ့ပြင်းပြင်းနှင့်အတူ ထွက်သက်ဝင်သက်နွေးနွေးက Jiminမျက်နှာကို နီးနီးကပ်ကပ်ရိုက်ခတ်သွားသည်။
ဒုတ် ဒုတ်!
ဘုရားရေ ထပ်ပြီး ဘယ်ကဒီအသံထွက်လာပြန်တာလဲ!။
"လှတယ်"
"ဘ-ဘာပြော"
"ပတ်ဒီမင်းက လှတယ် ဟီးဟီး"
တဟီးဟီးထရယ်ပြန်တဲ့ အရက်သမားလေးကြောင့် Jimin မျက်ဖြူစိုက်မတတ် ဖြစ်သွားရပြန်သည်။ အမျိုးစုံကြိုးခုန်နေသော စာရေးဆရာပါလား။
"အိပ်မယ် တူတူ"
ဒီညတော့ လွှတ်ပေးဖို့အစီအစဥ် ယောင်လို့တောင်ရှိပုံမပေါ်တာမို့ Jimin မဝံ့မရဲပင် ထိုစာရေးဆရာလေးအလိုကျ အတူအိပ်ပေးလိုက်တော့သည်။
ဖြစ်-ဖြစ်လောက်မှာပါနော်။
"ပတ်ဒီမင်းက မွှေးလည်းမွှေးတယ် ဟီးဟီး"
အနောက်ကနေ သိမ်းကျုံးဖက်ထားရင်း လည်ဂုတ်ကိုလာထိတဲ့နှုတ်ခမ်းတွေကြောင့် Jimin ကြက်သီးဖြန်းဖြန်းထသွားရသည်။ ဒါကြီးက ဘယ်လိုအခြေအနေကြီးလဲ။
ဟိုတခေါက်တုန်းကတော့ နှစ်ယောက်လုံးမူးနေတာမို့ ကိစ္စမရှိပေမဲ့ အခုချိန်မှာ သူကအသိရှိနေသေးသည်လေ။ ခုပဲ တွန်းထုတ်လိုက်ရမလား?
"အင့်"
ပိုလို့ပင်တိုးဖက်လာတဲ့ Jungkookရင်ခွင်ကြီးထဲ Jiminတစ်ယောက် မလူးသာမလွန့်သာဖြစ်နေတော့သည်။ မွှေးတယ်ဟုတခါပြောတိုင်း တခါလာနမ်းနေတာမို့ သူ့လည်ဂုတ်တစ်ခုလုံးလည်း ထူပူလို့နေပြီ။
နောက်ဆုံး လည်တိုင်လေးထဲ နှာခေါင်းနှစ်ကာ တရှူးရှူးအိပ်ပျော်သွားတာ သေချာတော့မှ Jimin နှုတ်ခမ်းတွေကို ကိုက်လိုက်မိသည်။ မင်းနဲ့တော့ ငါရူးချင်တာပဲသိတော့တယ် စာရေးဆရာပေါက်စရယ်။
တညလုံး ထိုအနေအထားအတိုင်းရှိနေတာမို့ လည်တိုင်ကို အငွေ့အသက်နွေးနွေးလာရိုက်ခတ်တိုင်း Jiminမနေတတ်။ သို့သော်လည်း ရုန်းထွက်ဖို့ကထင်သလောက် လွယ်မနေပြန်။
ဒီလိုနဲ့ပဲ ညရဲ့လမင်းလေးဟာ တိမ်တွေကြားထဲမှာ နစ်မြုပ်ရင်း နွေးထွေးမှုဆိုတဲ့ရင်ခွင်ထဲမှာ အိပ်ပျော်သွားခဲ့ပါတော့တယ်။
PANN HLAY
ယူတို့ကတော့ ဖက်လုံးပဲခွအိပ်ပေါ့။
ဟားဟားဟား
ဟက်ပီးကြာသပတေး အောဖတ်ဖတ်တို့
နောက်တပိုင်း စောစောအပ်ဖြစ်ပါစေ အခုက တညတည်းနဲ့ပြီးနေလို့။
မာမိတ်။
[Zawgyi]
"ျပန္ေရာက္လာၾကၿပီလား"
"ဟုတ္ကဲ့"
အဘိုးျဖစ္သူက ေခါင္းတညိမ့္ညိမ့္ျဖင့္ သူတို႔ႏွစ္ဦးရိွရာဆီ ပိုၿပီးနီးကပ္သြားေအာင္ ေျခသံုးလွမ္းမ်ွတိုးလာေလသည္။
ယင္းေနာက္တြင္ ႏွစ္ဦးလံုး၏လက္ကေလးႏွစ္ဖက္ကိုဆြဲယူလ်က္ ေက်ာင္းဆရာေလးရဲ့လက္ထဲသို႔ ေျမးျဖစ္သူရဲ့လက္ကို ထည့္ေပးကာ ခပ္တင္းတင္းဆုပ္ကိုင္လိုက္ေလသည္။
"ေျမးေပါက္ကို သည္းခံေပးပါေနာ္"
"ဗ်ာ"
ထိုစကားရဲ့ဆိုလိုရင္းအဓိပၸါယ္ကို Jiminေသခ်ာနားမလည္ေပမဲ့ Jungkookက သူ႔ထက္ငယ္လို႔ ထိုသို႔ေျပာတာျဖစ္မည္ဟု မွတ္ယူလိုက္သည္။ ေဘးကေကာင္ေလးကို လွည့္ၾကည့္လိုက္ေတာ့ ႏႈတ္ခမ္းကတစ္ေတာင္ေလာက္ ဆူေထာ္ေနႏွင့္ၿပီ။
"ေျမးေပါက္ကလည္း ဆရာေလးကိုအႏိုင္မက်င့္နဲ႔ ဟုတ္ၿပီလား အခုဆို ၾကင္ဖက္ေတျြဖစ္သြားၿပီမို႔ ႏွစ္ေယာက္လံုးက အေပးယူမ်ွမ်ွေနထိုင္ရေတာ့မွာ"
ေျမးေပါက္ဆိုသည့္ နာမည္သစ္ကေလးေၾကာင့္ Jimin ရယ္ခ်င္သြားရသည္။ အရပ္ရွည္ရွည္ လူေကာင္ႀကီးႀကီး ဗလေတာင့္ေတာင့္နဲ႔ ေျမးေပါက္ကေလး ခိ။
"ဘာရယ္တာလဲ"
ထိန္းထားသည့္ၾကားမွ ထြက္ျဖစ္ေအာင္ထြက္သြားတဲ့ရယ္သံေၾကာင့္ နံေဘးကစာေရးဆရာေပါက္စက မ်က္ေစာင္းလွမ္းခ်ိတ္ေလသည္။ မ်က္ေစာင္းလည္း ထိုးတတ္ျပန္တဲ့ေျမးေပါက္။
"ကဲပါ ႏွစ္ေယာက္လံုး နားၾကေတာ့"
"ဟုတ္ကဲ့"
အဘိုးအားႏႈတ္ဆက္ၿပီးသည္ႏွင့္ ႏွစ္ေယာက္လံုး အေဆာင္ေလးရိွရာ ကုန္းျမင့္ေလးဆီကို တက္ခဲ့ၾကသည္။ အေဆာင္ဆီသြားေနသည့္ လမ္းတစ္ေလ်ွာက္ ႏွစ္ဦးလံုး ဘာစကားမွမဆိုမိၾက။
ခါတိုင္းထက္ပိုၿပီး ဒီေန့က စကားနည္းေနသလိုပဲ။ ၿပီးေတာ့ မဂၤလာရက္ကဒီေန့ဆိုေတာ့ ဒီညကလည္း.....။
"အီးဟီးဟီး!"
ရုတ္တရက္ႀကီးထငိုတဲ့ အသံေၾကာင့္ Jiminလန္႔ဖ်တ္သြားကာ ေဘးကလူကို ၾကည့္လိုက္မိသည္။ တကယ္ႀကီး ငိုေနတာဟ။
မတ္တပ္ရပ္ၿပီးငိုရတာကို အားမရဘူးထင္ပါရဲ့ ေဆာင့္ေၾကာင့္ပါထိုင္ခ်ရင္း တၿဗဲျဗဲေအာ္ငိုေနတဲ့ Jungkookေၾကာင့္ Jiminဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ ျဖစ္သြားရသည္။
"ဘာ-ဘာလို႔ငိုေနတာတုန္း"
"ကြၽန္ေတာ္ လူပ်ိဳမဟုတ္ေတာ့ဘူး အီးဟီးဟီး"
ၾကားလိုက္ရတဲ့စကားေၾကာင့္ Jimin ေနရာမွာပင္ မူးေမ့ခ်င္သြားသည္။ တေနကုန္လံုးေကာင္းေနခဲ့ၿပီး အခုခ်ိန္မွ ထေဖာက္ရတယ္လို႔။
ကေလးကလားႏွင့္ ထိုင္ငိုေနေသာအေကာင္ေပါက္အႀကီးႀကီးေၾကာင့္ Jimin ေခါင္းခဲသြားရကာ မ်က္ရိုးေနရာကို လက္ႏွင့္ဖိလိုက္သည္။
လတ္စသတ္ေတာ့ ေစာနတုန္းကအဘိုးေျပာခ်င္တာ ဒါကိုး။ လုပ္ခ်င္ရာလုပ္ၿပီးမွ ထိုင္ငိုေနလို႔ျဖစ္မလား။
"ငါ မင္းကိုအေစာႀကီးကတည္းကေျပာသားပဲ ဆိုးလ္ကိုျပန္လႊတ္ေပးပါလို႔"
"အဲ့ဒါနဲ႔ဘာဆိုင္လဲ အီးဟီးဟီး"
"ဟ ဆိုင္တာေပါ့ မင္းပဲငါနဲ႔လက္ထပ္မယ္ဆို"
Jimin ကိုယ္တိုင္ပင္ စိတ္ရႈပ္သြားရတာမို႔ ေျခေဆာင့္လိုက္မိသည္။ ဘုရားေရ သူ ဘယ္တုန္းက ဒီလိုကေလးဆန္တဲ့ အျပဳအမူေတြလုပ္ေနမိတာပါလိမ့္။
ထိုအခ်ိန္တြင္ စကားပံုအသစ္တစ္ခု ထပ္မံေပၚေပါက္လာခဲ့သည္။ တံငါနားနီး တံငါ ေယာက်ာ္းနားနီး ေယာက်ာ္း။
"အဲ့ဒါကအဲ့ဒါေလ ဒါကဒါပဲ"
တရႊတ္ရႊတ္ႏွင့္ ႏွပ္ေတြပါထြက္ေအာင္ ငိုေနသည့္စာေရးဆရာေပါက္စေၾကာင့္ Jimin လက္ဖ်ားခါရပါသည္။ တကယ္က ရုပ္ရွင္မင္းသား လုပ္စားရမွာ။ ဒီေလာက္ ငိုလြယ္ ရယ္လြယ္တဲ့သူ ခုမျွမင္ဖူးေတာ့တယ္။
"ငို ငို အဲ့မွာ ေသေအာင္သာငို ေသသြားေတာ့လည္း ေနာက္တစ္ေယာက္ထပ္ရတယ္"
"အဘိုးေရ ဒီမွာ သားကိုေသခိုင္းေနတယ္ အီး!"
မွားလိုက္ေလျခင္း။ အသံၿပဲႀကီးႏွင့္ထေအာ္ေနသည့္ ေျမးေပါက္ရဲ့ပါးစပ္ကို Jimin ကမန္းကတန္းပိတ္လိုက္ရသည္။
"အရွက္မရိွဘူးလား ဘာလို႔ေအာ္ေနတာလဲ"
ကိစၥမရိွဘူး။ Jeon ကိုကိုေလး အရွက္မရိွတာကို စံအိမ္တစ္ခုလံုးသိတယ္။ ေသခ်ာမသိေသးတာက ယေန့မွ ပူပူေနြးေနြးရထားသည့္ ေက်ာင္းဆရာပင္။
မပူပါနဲ႔။ ေနာက္က်ရင္ က်င့္သားရၿပီး အထာနပ္သြားမွာပါ။
"ထ သြားၾကစို႔ အက်ႌေတြညစ္ပတ္ကုန္မယ္"
ငိုထားတာမို႔ သိသာေနေသာ ႏွာလံုးနီနီေလးႏွင့္ ထိုင္ေနေသးသည့္ စာေရးဆရာေျမးေပါက္ေလးကို Jiminကပဲ ေခ်ာ့ေမာ့ေျပာရေတာ့သည္။
ဒါေတာင္ ကိုယ္ေတာ္ေခ်ာက ေပကပ္ကပ္လုပ္ခ်င္ေသးတာ။ ဟူး အေဆာင္ေရာက္ရင္ မွန္အရင္ၾကည့္ရမယ္။ ဒါမွ သူ႔ေခါင္းမွာ ဆံပင္ျဖဴေတြဘယ္ႏွပင္ေလာက္ေပါက္ေနၿပီလဲဆိုတာ သိရမွာ။
"လက္ထပ္ပြဲကို ဂုဏ္ျပဳပါတယ္!!"
ေဖာင္း ေဖာင္း ေဖာင္း!
ေသာက္ပလုတ္တုတ္!။
အေဆာင္တံခါးဖြင့္ဖြင့္ခ်င္း ထြက္ေပၚလာတဲ့ေျဗာင္းဆန္ေနသည့္အသံမ်ားေၾကာင့္ မ်က္လံုးေတြပင္ျပာေဝသြားကာ ေျခကိုေနာက္ဆုတ္လိုက္မိတာမို႔ ကားယားႀကီးျပဳတ္က်ၿပီဟု သိလိုက္ရသည္။
"အစ္ကိုေတာ္ ဘာေတြေလ်ွာက္လုပ္ေနျပန္တာတုန္း!!"
သို႔ေသာ္ ပစ္က်သြားသည္က စာေရးဆရာရဲ့ရင္ခြင္ႀကီးထဲျဖစ္ေနတာမို႔ Jimin စိတ္သက္သာရာရသြားသည္။ ေတာ္ေသးလို႔ မက်ိဳးမကန္းတယ္။
"ရိုမန္႔တစ္ပဲ!"
ခ်လပ္!
အစ္ကိုေတာ္ေဆာ့ဂ်င္ရဲ့အေနာက္မွ ထြက္လာသည့္ ယူမီဆုက ကင္မရာတဖ်တ္ဖ်တ္ႏွင့္ အမိအရပံုရိုက္ယူေလသည္။ ထိုအခါမွ Jiminလည္း ရွက္စိတ္ေၾကာင့္ Jungkookရင္ခြင္ႀကီးထဲမွ အျမန္ရုန္းထြက္လိုက္သည္။
"ဘယ္လိုလုပ္ၿပီး ေရာက္ေနၾကတာလဲ"
"ငါ မနက္ကဆိုးလ္ကေနအမွီလာေပမဲ့ ေနာက္က်သြားလို႔ အခုမွဂုဏ္လာျပဳတာ"
"အပိုေတြ"
"အာရီဂူး ငါ့သူငယ္ခ်င္းေလးေတာင္ ေယာက်ာ္းရသြားၿပီပဲ ရတဲ့ေယာက်ာ္းကလည္းအေခ်ာအလွေလး သိပ္လိုက္တာပဲသိလား"
ပ်ားရည္အိုးလိုက္ေမွာက္ထားသည့္ မ်က္ႏွာႏွင့္ မ်က္ေတာင္တမင္ပုတ္ခတ္ပုတ္ခတ္လုပ္ကာ ေျပာခ်င္ရာေျပာေနသည့္ မီဆုေၾကာင့္ Jiminမ်က္ႏွာေလးက မီးေရာင္ေအာက္မွာ သိသိသာသာရဲတက္သြားရသည္။
"ပါးစပ္ပိတ္ ႏွစ္ေယာက္လံုး အေဆာင္အျပင္ဘက္မေရာက္ခ်င္ရင္"
"ကိုယ္ေတာ္က ဘာေျပာရေသးလို႔လဲ"
ကိုယ္လြတ္ရုန္းကာ ရိုးသားခ်င္ေယာင္ေဆာင္ေနသည့္ အစ္ကိုေတာ္ေဆာ့ဂ်င္ကို သိၿပီးသားဟူေသာ အၾကည့္ျဖင့္ Jungkook ၾကည့္လိုက္သည္။ မီဆုကို ဒီအထိခိုးေခၚလာေပးတာ သူ႔အျပင္ ဘယ္သူရိွဦးမွာလဲ။
"အဟမ္းဟမ္း ထိုင္ၾကပါ ပြဲခံရမယ္ေလ"
"ဟင္ ဟုတ္"
Jimin လည္း အေယာင္ေယာင္အမွားမွားျဖင့္ အစ္ကိုေတာ္ဆြဲေခၚသည့္ေနရာမွာ ထိုင္ဖို႔ျပင္လိုက္သည္။ သို႔ေသာ္ လမ္းတဝက္မွာပင္ Jungkookက ျပန္ဆြဲေခၚတာမို႔ လိမ့္ခနဲဆိုသလို ရင္ခြင္ႀကီးထဲ တခါပစ္ဝင္သြားရသည္။
"ဘာပြဲမွမလုပ္ဘူး ျပန္ၾကေတာ့"
မီဆုနဲ႔အစ္ကိုေတာ္က တစ္ေယာက္ကိုတစ္ေယာက္ မ်က္စလွမ္းပစ္ကာ ဘာသေဘာလဲဆိုၿပီး တိုးတိုးက်ိတ္က်ိတ္ေမးၾကသည္။
"ဘာမွမဟုတ္ဘူး အဲ့ဒါပါဝါျပေနတာ သူယူထားတာဆိုၿပီး အာဏာရခ်င္တာ"
"မွန္တယ္"
"ဟဲ့ Jeon Jungkook အပိုမလုပ္နဲ႔ ဒီေန့ကတကယ္ေန့ေနာ္ လာပါ အစ္ကိုJimin အတူတူေပ်ာ္ၾကရေအာင္"
"ဟင္ အင္း အင္း"
ေနာက္ဆံုးတြင္ အားနာလာတာမို႔ ေပကပ္ကပ္ျဖင့္ ရပ္ေနေသးသည့္ Jungkookကို Jiminကပဲ ေခ်ာ့ေမာ့ကာ ထိုင္ခိုင္းရေတာ့သည္။
"ကဲေရာ့ ဒါေလးေဆာင္းလိုက္"
"ဟင္ ဒါႀကီးက ေမြးေန့မွေဆာင္းရတာမဟုတ္ဘူးလား"
"မလိုဘူး မလိုဘူး ကိုယ္ေတာ္တို႔က ဘာပြဲေနေနေဆာင္းတယ္"
ေခါင္းကိုလာစြပ္ေပးသည့္ ေမြးေန့ပြဲေတြမွာေဆာင္းသည့္ ဦးထုပ္ခြၽန္ခြၽန္ေလးေၾကာင့္ Jimin မအီမသာျဖစ္သြားရသည္။ တကယ့္ကို ေပါက္ကရခ်ည္းပဲ။
"ကဲ တစ္ခြက္ေလာက္ေသာက္ၾကမယ္"
"ဒါေတြကို ငါနဲ႔အစ္ကိုေတာ္ကိုယ္တိုင္ ဟိုးထိပ္ကဆိုင္မွာသြားဝယ္လာတာ"
"အဘိုးနဲ႔မေတြ့ဘူးလား"
"မိေတာ့မလို႔ နည္းနည္းပဲလိုေတာ့တာ နင္တို႔ေရာက္လာတာနဲ႔ကြက္တိျဖစ္ၿပီး ငါတို႔လြတ္သြားတာ"
ဆိုဂ်ူေတြတစ္ခြက္ၿပီးတစ္ခြက္ငဲ့ကာ အဆက္မျပတ္ေသာက္ေနသည့္ မိန္းကေလးေၾကာင့္ Jimin လက္ဖ်ားခါသြားရသည္။ မိန္းကေလးေတြ အရက္ႀကိဳက္ရင္ ေယာက်ာ္းေလးေတြလိုက္မမွီဘူးဆိုတာမ်ားလား။
"မရီးေတာ္ ေသရည္ေလးျမည္းၾကည့္ဦး"
"ဟင္"
နားထဲကန္႔လန္႔ႀကီးဝင္လာတဲ့စကားေတြကို အင္း တစ္ေန့ေတာ့ သူယဥ္ပါးသြားမွာပါ။
"ဟုတ္ကဲ့"
ငဲ့ထည့္ေပးလာသည့္ ေသရည္ခြက္ အဲေလ ဆိုဂ်ူခြက္ကိုေကာက္ယူကာ တခ်ိဳးတည္းေမာ့ခ်လိုက္သည္။
"ဝိုး~~ မိုက္တယ္!"
ခ်ီးက်ူးစကားေတြေၾကာင့္ Jimin မေနတတ္သလိုပင္ ျဖစ္သြားရသည္။ နံေဘးကိုၾကည့္လိုက္ေတာ့ မလႈပ္မယွက္ထိုင္ေနသည့္ ေက်ာက္ရုပ္ႀကီး။
"Jungkookေရာ မေသာက္ဘူးလား"
"ေအးေလ ဘာျဖစ္လဲ ေသာက္စမ္းပါ"
Jiminလည္း ရုပ္တည္ႀကီးျဖင့္ ထိုင္ေနေသာ Jungkookအား အကဲခတ္ရင္း အျမည္းတစ္ဖတ္ေကာက္ဝါးလိုက္သည္။
"အဘိုးသိရင္ ဆူခံရလိမ့္မယ္"
လက္ပိုက္လ်က္ေျပာလာတဲ့ Jungkookေၾကာင့္ သံုးေယာက္လံုးရဲ့ လႈပ္ရွားမႈေတြ ရပ္တန္႔သြားရသည္။ ၿပီးသည္ႏွင့္ အစ္ကိုေတာ္ေရာ မီဆုပါ ခြက္ထိုးခြက္လန္ ေအာ္ရယ္ၾကေတာ့သည္။
"ဟားဟားဟား! Jeon Jungkook နင္ဘယ္တုန္းက အဘိုးကိုေၾကာက္တတ္သြားတာလဲ"
"မယံုနဲ႔ အဲ့ဒါလိမ္ေျပာေနတာ"
အနားကပ္ကာ တိုးတိုးေျပာလာတဲ့ အစ္ကိုေတာ္ရဲ့စကားကို ယံုၾကည္သည့္သေဘာ Jiminေခါင္းၿငိမ့္ျပလိုက္သည္။ ဟုတ္တယ္ေလ ေရာက္စကတည္းက စကားနားမေထာင္ဘဲ လုပ္ခ်င္ရာလုပ္တတ္တဲ့ ေျမးေပါက္ေပမို႔။
"ၾကာတယ္ အစ္ကိုေတာ္ရာ ေၾကာင္ဘယ္မွာလဲ"
"မီ-မီဆု!"
ေၾကာင္ ဟူသည့္အသံၾကားသည္ႏွင့္ ခ်က္ခ်င္းျဖဴဆုပ္သြားတဲ့မ်က္ႏွာေၾကာင့္ Jiminတဖက္လွည့္ကာ ႀကိတ္ရယ္လိုက္သည္။ ေၾကာင္ကို ဘယ္ေလာက္ေတာင္ေၾကာက္လဲမသိ ခ်က္ခ်င္းပင္ သူ႔ေဘးကိုနဂိုထက္ပိုကာ တိုးကပ္လာသည္ေလ။
"ဆြန္းဟြာေရ!"
အစ္ကိုေတာ္ကလည္း အဆင္းဘီးတပ္ကာ ေၾကာင္နာမည္ကိုေအာ္ေခၚေတာ့ Jungkookတစ္ေယာက္ ေခြၽးေတြပင္ျပန္လာေတာ့သည္။
"ဆြန္းဟြာေရ! မီမီမီ~"
"ေညာင္~"
"မလုပ္နဲ႔လို႔!"
အသံၾကားသည္ႏွင့္ Jiminအေပၚတက္ခုန္မတတ္ ေဆြ့ေဆြ့ခုန္ေအာင္ ေၾကာက္လန္႔ေနတာမို႔ Jungkookကိုၾကည့္ရင္း Jiminကိုယ္တိုင္ပင္ ေနထိုင္မေကာင္းခ်င္ေတာ့။
"ဘာမွမျဖစ္ပါဘူး ေၾကာင္ေလးပဲဟာ အဲ့ေလာက္ေၾကာက္စရာမလိုပါဘူး Jungkookရယ္"
ေက်ာျပင္ကို ခပ္ဖြဖြပုတ္ကာ ေခ်ာ့ေမာ့ေျပာလိုက္ေပမဲ့ Jungkookက တစ္ကိုယ္လံုးပင္တုန္ရီေနသည္။ ေၾကာင္ကို အဲ့ေလာက္ေတာင္ပဲ ေၾကာက္ရသလား ဒီေကာင္ေလးႏွယ္။
"ကဲပါ ငါသြားေမာင္းလိုက္မယ္"
ေျပာေျပာဆိုဆိုပင္ Jungkookေဘးကထလိုက္ရင္း အေပါက္ဝနားမွာ ရစ္သီရစ္သီလုပ္ေနသည့္ ေၾကာင္ဝါစပ္ၾကားေလးကို တရႉးရႉးႏွင့္ ေမာင္းထုတ္လိုက္သည္။
"မရီးေတာ္ကလည္း တခါတေလေလာက္လႊတ္ထားလိုက္စမ္းပါ ဒါမွ ဒီငမိုက္သား မွတ္မွာ"
အစ္ကိုေတာ္ရဲ့စကားကို Jiminက ၿပံဳးရံုသာတံု႔ျပန္လိုက္ရင္း နဂိုေနရာမွာ ဝင္ထိုင္လိုက္သည္။
"ငယ္ငယ္တုန္းက ေၾကာင္ၿမီးသြားဆြဲလို႔ အကုတ္ခံရတာေလ အဲ့တုန္းကဖ်ားေတာင္ယူတယ္ အဲ့ေနာက္ပိုင္း ေၾကာင္ေတြ့ရင္ ေဟာ့သလို ေဟာ့သလိုျဖစ္ေတာ့တာပဲ"
Jungkookရဲ့ မ်က္ႏွာထားႏွင့္ေအာ္သံအတိုင္း ခြၽတ္စြတ္တူေအာင္လုပ္ျပေနသည့္ အစ္ကိုေတာ္ေၾကာင့္ Jiminပါ ဟက္ဟက္ပက္ပက္ရယ္လိုက္မိသည္။ Jungkook မ်က္ႏွာကေတာ့ အိုးမဲသုတ္ခံရသည့္ ဒယ္အိုးဖင္ႏွယ္။
"ေပါက္ေပါက္ရွာရွာ"
"အဲ့ေၾကာင္ၿမီးကို ဘာလို႔သြားဆြဲတာလဲေရာသိလား"
Jimin ေခါင္းယမ္းျပလိုက္သည္။ ေသရည္ေလးနည္းနည္းစီဝင္ေတာ့ စကားေတြသြက္ကာ ငယ္က်ိဳးငယ္နာေတြလည္း ေဖာ္ကုန္ၾကၿပီ။
"လက္ေဆာင္ေပးမလို႔တဲ့ေလ"
"ဘယ္သူ႔ကိုတုန္း"
"သူႀကိဳက္ေနတဲ့သူကိုေပါ့"
"ဟင္"
Jungkookကိုတလွည့္ အစ္ကိုေတာ္ကိုတလွည့္ၾကည့္ကာ Jiminခမ်ာ တကယ္ႀကီးလားဟူ၍ မ်က္လံုးျပဴးရသည္။
"ဟုတ္ပါတယ္ဆို လူကျဖင့္ မရီးေတာ္ရဲ့လက္သန္းေလာက္ေလးနဲ႔"
အစ္ကိုေတာ္ေဆာ့ဂ်င္က ေျပာေျပာဆိုဆိုႏွင့္ Jiminရဲ့လက္ကိုဆြဲကာ လက္သန္းေလးေထာင္ျပေလသည္။
"ေဟ်ာင္း!!"
ေနာက္ဆံုးတြင္ေတာ့ ဇာတ္လိုက္ေက်ာ္ႀကီး Jungkookရဲ့ေအာ္သံက ဆိုဂ်ူဝိုင္းေလးကို ကိုင္လႈပ္လိုက္ေလသည္။
"ကိုယ္ေတာ္က အမွန္တရားေျပာတာ"
"ေျပာခ်င္ဦး အဲ့မွာ"
မ်က္စိေရ႔ွမွာခ်ထားသည့္ အျမည္းပန္းကန္ထဲရိွ ေျမပဲေစ့ေတြႏွင့္ ထုေနတာမို႔ အစ္ကိုေတာ္ခမ်ာ ရိုးရာဝတ္စံုႀကီးရဲ့ လက္အရွည္ျဖင့္ ေျမပဲက်ည္ဆန္မ်ားကို ကာထားရေလသည္။
"ေတာ္ပါေတာ့ ဆရာေလးစိတ္ညစ္သြားဦးမယ္"
အရိပ္အကဲနားလည္သည့္ မီဆုက ဝင္တားမွပဲ ႏွစ္ေယာက္သား မေက်မနပ္ႏွင့္ စစ္ပြဲရပ္သြားေတာ့သည္။ ဒါေၾကာင့္ နဂါးမ်က္ေစာင္းေတြက ျပာက်မတတ္ပင္။
"ေရာ့ နင္လည္းေသာက္"
အသံျမည္ေအာင္ခ်ေပးလိုက္သည့္ ဆိုဂ်ူခြက္ကို မေက်မခ်မ္းယူကာ တဂြပ္ဂြပ္ေသာက္ေနသည့္ Jungkookေၾကာင့္ အကုန္လံုးက ၿငိမ္သြားၾကသည္။
"ဆရာေလးက ေတာ္ေတာ္ေသာက္ႏိုင္တာပဲ"
"အာ ဟုတ္မယ္ အလုပ္ပင္ပန္းရင္ မၾကာခဏ ေသာက္ျဖစ္တယ္ေလ"
"ေအာ္"
စကားတေျပာေျပာျဖင့္ ေလးေယာက္ေပါင္းဆိုဂ်ူပုလင္းေတြ အမ်ားႀကီးကုန္ခ်ိန္အထိ ဟန္မျပတ္တဲ့သူေတြက Jimin, အစ္ကိုေတာ္ႏွင့္ မီဆုတို႔ပင္ျဖစ္ၾကသည္။
"အညီး အညီး(အျမည္း) တုန္သြားၿပီ"
"စိတ္ပ်က္စရာ"
ဟုတ္ကဲ့ မ်ားမ်ားစားစားမေသာက္ႏိုင္သည့္ စာေရးဆရာေလးကေတာ့ အခုခ်ိန္မွာ စကားေတြေတာင္မပီေတာ့ပါဘူးတဲ့။
"အညီးေပးလို႔ ေၾကာေနတယ္ေလ"
ပန္းကန္ကိုစားပြဲေပၚေဆာင့္ခ်လိုက္ၿပီး ရမ္းကားေနတဲ့Jungkookေၾကာင့္ Jiminေခါင္းယမ္းကာ လက္က်န္အျမည္းတခ်ိဳ႕ကို ေရ႔ွခ်ေပးလိုက္သည္။
"ဒါမွေပါ့ တပည့္ေယး သိပ္သိပ္ရွစ္ဖို႔ေကာင္း"
ေျပာခ်င္ရာေျပာၿပီး လုပ္ခ်င္ရာလုပ္ေနသည့္ ေျမးေပါက္ကို အကုန္လံုးက စိတ္ကုန္သည့္အမူအရာႏွင့္ ဝိုင္းၾကည့္ေနၾကသည္။
"ဒါနဲ႔ ဆိုးလ္္မွာတုန္းက ရည္းစားေတြဘာေတြရိွခဲ့မွာေပါ့ေနာ္"
"ဗ်ာ?"
"အာ တျခားမဟုတ္ပါဘူး ဒီတိုင္းေမးၾကည့္တာပါ မႀကိဳက္ရင္ေဆာရီးေနာ္"
"ရပါတယ္ အဲ့ေလာက္မဟုတ္ပါဘူး ဒီအသက္အရြယ္ပဲေရာက္ေနၿပီ ရည္းစားကေတာ့ရိွခဲ့တာေပါ့"
"မေရွာ္ကားနဲ႔ နာ့မွာမရိွဘူး"
"နင္ အသာေနစမ္းပါ အမူးသမားရာ"
ေၾကာင္ေတာင္ေတာင္ေတြဝင္ေျပာေနေသာ Jungkookကို မီဆုကတြန္းလိုက္တာမို႔ Jungkookကိုယ္လံုးႀကီးက Jiminကိုယ္ေပၚ ယိုင္က်လာသည္။ Jiminသာ ဝင္မထိန္းေပးရင္ ၾကမ္းျပင္နဲ႔ေခါင္းနဲ႔ မိတ္ဆက္ေနေလာက္ၿပီ။
"ဟီး ဆက္ေျပာ ဆရာေလး"
"ဟို သင့္ေတာ္ပါ့မလား အခုက"
အစ္ကိုေတာ္ကလည္း အရက္အရိွန္ေၾကာင့္ ခါတိုင္းထက္ၿငိမ္ေနကာ ေမးေထာက္လ်က္ Jiminတို႔ေျပာသမ်ွကို နားေထာင္လို႔ေနသည္။ တကယ္တမ္း မၿငိမ္တာက ဟိုေျမးေပါက္။
"ရတယ္ ေျပာသာေျပာ"
မီဆုက အားနာစရာမလိုေၾကာင္း လက္တခါခါျဖင့္ရွင္းျပရင္း Jiminအေၾကာင္းကို ေရ႔ွဆက္ေစသည္။
"ခန္႔မွန္းေျခ ႏွစ္ႏွစ္ေလာက္ေတာ့တြဲျဖစ္ခဲ့မယ္ထင္တယ္ သူကလည္းကြၽန္ေတာ့္လို စာသင္တဲ့သူပဲေလ ေနာက္ေတာ့ ကြၽန္ေတာ္ကိုယ္တိုင္ကပဲ လမ္းခြဲခဲ့တာပါ"
"ေအာ္~"
မီဆုက Jiminခံစားခ်က္ကို နားလည္သည့္မ်က္ႏွာအမူအရာျဖင့္ ေခါင္းၿငိမ့္ျပသည္။ ၿပီးသည္ႏွင့္ ဆိုဂ်ူတစ္ခြက္ေမာ့ဖို႔ ကမ္းေပးေလသည္။
Jeon Jungkookတို႔ကေတာ့ မ်က္လံုးႀကီးဖြင့္ကာ Jiminပခံုးေပၚမွီရင္း တဂြၽတ္ဂြၽတ္ျမည္ေအာင္ အျမည္းေတြေကာက္ဝါးေနတာ ဖုတ္ေကာင္ႀကီးအတိုင္း။
"ခုေတာ့ ဆရာေလးဘဝ ဒီေကာင္ႀကီးနဲ႔ႏွစ္ပါးသြားရေတာ့မယ္"
မီဆုစကားေၾကာင့္ Jimin ၿပံဳးျဖစ္ေအာင္ၿပံဳးလိုက္ေသးသည္။ ၿပီးတာေတြက ၿပီးခဲ့ၿပီမို႔ Jimin ေနာက္တေက်ာ့ျပန္ၿပီး အစမေဖာ္ခ်င္တာေတာ့အမွန္။
အရက္အရိွန္ေၾကာင့္ေရာ မီဆုကအတင္းေမးတာေၾကာင့္ေရာ ဆိုးလ္မွာေနတုန္းက အေၾကာင္းအရာေတာ္ေတာ္မ်ားမ်ားကို Jiminဖြင့္ေျပာျပျဖစ္သြားသည္။
"နိဂံုးခ်ဳပ္ရရင္ေတာ့ သူက အေတာ္ျပည့္စံုတဲ့မိန္းကေလးပါ"
"ဖိုက္တင္း ဆရာေလး အဲ့အမ်ိဳးသမီးကိုမမွီရင္ေတာင္ Jungkookကမေလ်ာ့ပါဘူး"
သူငယ္ခ်င္းကိုအမႊန္းတင္ေနသည့္ ေကာင္မေလးေၾကာင့္ Jiminရယ္မိသြားသည္။ ကိုယ့္ငါးခ်ဥ္ ကိုယ္ခ်ဥ္တယ္ဆိုတာမ်ိဳး။
"ဖယ္ရွမ္း မထိနဲ႔!!"
တခ်ိန္လံုး အျမည္းဝါးကာၿငိမ္ေနသည့္ Jungkookက Jiminလက္ကို မီဆုကလွမ္းကိုင္ကာ အားေပးစကားေျပာခ်ိန္မွာေတာ့ ဆတ္ခနဲရိုက္ခ်ေလသည္။
"နာလိုက္တာ! နင့္အားႀကီးနဲ႔ ရိုက္စရာလား"
"ဘာျဖစ္ယဲ(လဲ) မထိနဲ႔ မႀကိဳက္ဘူး!"
"ေအာင္မာ ငတို!"
"တိုရယ္ ဘာျဖစ္ယဲ ပတ္ဒီမင္းက ငါ့..."
Jungkookစကားေၾကာင့္ နာသြားလည့္လက္ခံုကိုပြတ္ကာ ပြစိပြစိေျပာေနသည့္မီဆုေရာ ေဘးကၾကည့္ေနသည့္ က်န္ႏွစ္ေယာက္ပါ ဘာဆက္ေျပာမလဲသိခ်င္သြားၾကသည္။
"ဆက္ေျပာေလ ဘာျဖစ္လဲ"
"ဘာေၾကာရမွာယဲ!"
"မေျပာရင္ ထိမွာပဲ"
ကေလးေတြကို စကားမ်ားေနၾကသည့္ ႏွစ္ေယာက္ေၾကာင့္ Jiminအမူးပင္ ေျပခ်င္သြားရသည္။ အစ္ကိုေတာ္လည္း ဝင္ထိန္းမလားမွတ္တယ္ သူ႔ဘာသူေတာင္ မူးၿပီးၿငိမ္ေနတာေက်ာက္ရုပ္ႀကီးအတိုင္း။
"မထိနဲ႔လို႔! ငါ့ေယာက်ာ္းကိုမထိနဲ႔!"
မ်က္လံုးစံုမိွတ္ကာ ေအာ္လိုက္တဲ့Jungkookေၾကာင့္ မီဆုခမ်ာ မ်က္လံုးေလးကလယ္ကလယ္ႏွင့္ ၿငိမ္က်သြားသည္။ Jiminကိုယ္တိုင္လည္း လည္တိုင္ကိုလာဖက္သည့္ Jungkookလက္ေတြေၾကာင့္ ေတာင့္ေတာင့္ႀကီးျဖစ္ေနရသည္။
"သူက ငါ့ေယာက်ာ္း"
ပီပီသသႀကီးေျပာကာ အိပ္ေပ်ာ္သြားတာမို႔ Jimin ရင္တဒိတ္ဒိတ္ၾကားမွ သက္ျပင္းခ်လိုက္မိသည္။ ထို႔ေနာက္တြင္ေတာ့ အစ္ကိုေတာ္ႏွင့္ မီဆုတို႔လည္း တပ္ေခါက္ကာ အရက္ဝိုင္းကို သိမ္းသြားၾကေတာ့သည္။
ေျပာသြားေသးတယ္ ေနာက္ေန့ေတြ ျပန္လာဦးမယ္တဲ့။
"Jungkook ah အိပ္ရာေပၚအိပ္ရမယ္ေလ"
"အြန္း~ ဒီတိုင္းပဲေနမွာ"
ဖက္တြယ္ထားတဲ့လက္ေတြနဲ႔ မွီထားသည့္ကိုယ္အေလးႀကီးကို Jimin ညလံုးေပါက္ေတာ့ ခံႏိုင္ရည္ရိွမယ္မထင္။
"လိမၼာပါတယ္ ဒီတိုင္းလွဲလိုက္ရံုပဲဟာ လာပါ ဒီတိုင္းႀကီးက ေညာင္းတယ္ေလ"
တေနကုန္ေခ်ာ့ေမာ့ရသည့္ သူ႔အျဖစ္ကလည္း တကယ္ကိုမလြယ္တာပင္။ ေနာက္ဆံုးအိပ္ရာကို အျမန္ခင္းကာ Jungkookရဲ့ကိုယ္အေလးႀကီးကို ျဖည္းျဖည္းခ်င္း မႏိုင့္တႏိုင္ျဖင့္ ေရႊ့ေပးရေတာ့သည္။
"ေခါင္းနည္းနည္းႂကြလိုက္ဦး"
ပံုစံလြဲေနသည့္ေခါင္းကို ေသခ်ာျပန္ျပင္ေပးလိုက္ၿပီးမွ Jimin သက္ျပင္းခ်ႏိုင္ေတာ့သည္။ အိမ္ေထာင္ျပဳရတာလည္း ဒီတစ္ညနဲ႔တင္ မလြယ္လိုက္တာ။
"ဟင္!"
တဖက္က အိပ္ရာေပၚသြားအိပ္ဖို႔ထလိုက္ေပမဲ့ လက္ကိုဆြဲထားတာမို႔ Jimin ငံု႔ၾကည့္လိုက္သည္။ ဒီေကာင္ေလး အိပ္မေပ်ာ္ေသးတာမ်ားလား။
"တူတူအိပ္မယ္ေလ"
"ဟင္ မဟုတ္"
Jiminစကားပင္မဆံုးလိုက္။ လက္ႏွစ္ဖက္ႏွင့္ အားသံုးကာဆြဲခ်လိုက္တာမို႔ အမူးသမားေလးႏွင့္ မ်က္ႏွာႏွစ္ခုက အင္မတန္နီးကပ္သြားေလသည္။
ဆိုဂ်ူနံ႔ျပင္းျပင္းႏွင့္အတူ ထြက္သက္ဝင္သက္ေနြးေနြးက Jiminမ်က္ႏွာကို နီးနီးကပ္ကပ္ရိုက္ခတ္သြားသည္။
ဒုတ္ ဒုတ္!
ဘုရားေရ ထပ္ၿပီး ဘယ္ကဒီအသံထြက္လာျပန္တာလဲ!။
"လွတယ္"
"ဘ-ဘာေျပာ"
"ပတ္ဒီမင္းက လွတယ္ ဟီးဟီး"
တဟီးဟီးထရယ္ျပန္တဲ့ အရက္သမားေလးေၾကာင့္ Jimin မ်က္ျဖဴစိုက္မတတ္ ျဖစ္သြားရျပန္သည္။ အမ်ိဳးစံုႀကိဳးခုန္ေနေသာ စာေရးဆရာပါလား။
"အိပ္မယ္ တူတူ"
ဒီညေတာ့ လႊတ္ေပးဖို႔အစီအစဥ္ ေယာင္လို႔ေတာင္ရိွပံုမေပၚတာမို႔ Jimin မဝံ့မရဲပင္ ထိုစာေရးဆရာေလးအလိုက် အတူအိပ္ေပးလိုက္ေတာ့သည္။
ျဖစ္-ျဖစ္ေလာက္မွာပါေနာ္။
"ပတ္ဒီမင္းက ေမႊးလည္းေမႊးတယ္ ဟီးဟီး"
အေနာက္ကေန သိမ္းက်ံဳးဖက္ထားရင္း လည္ဂုတ္ကိုလာထိတဲ့ႏႈတ္ခမ္းေတြေၾကာင့္ Jimin ၾကက္သီးျဖန္းျဖန္းထသြားရသည္။ ဒါႀကီးက ဘယ္လိုအေျခအေနႀကီးလဲ။
ဟိုတေခါက္တုန္းကေတာ့ ႏွစ္ေယာက္လံုးမူးေနတာမို႔ ကိစၥမရိွေပမဲ့ အခုခ်ိန္မွာ သူကအသိရိွေနေသးသည္ေလ။ ခုပဲ တြန္းထုတ္လိုက္ရမလား?
"အင့္"
ပိုလို႔ပင္တိုးဖက္လာတဲ့ Jungkookရင္ခြင္ႀကီးထဲ Jiminတစ္ေယာက္ မလူးသာမလြန္႔သာျဖစ္ေနေတာ့သည္။ ေမႊးတယ္ဟုတခါေျပာတိုင္း တခါလာနမ္းေနတာမို႔ သူ႔လည္ဂုတ္တစ္ခုလံုးလည္း ထူပူလို႔ေနၿပီ။
ေနာက္ဆံုး လည္တိုင္ေလးထဲ ႏွာေခါင္းႏွစ္ကာ တရႉးရႉးအိပ္ေပ်ာ္သြားတာ ေသခ်ာေတာ့မွ Jimin ႏႈတ္ခမ္းေတြကို ကိုက္လိုက္မိသည္။ မင္းနဲ႔ေတာ့ ငါရူးခ်င္တာပဲသိေတာ့တယ္ စာေရးဆရာေပါက္စရယ္။
တညလံုး ထိုအေနအထားအတိုင္းရိွေနတာမို႔ လည္တိုင္ကို အေငြ့အသက္ေနြးေနြးလာရိုက္ခတ္တိုင္း Jiminမေနတတ္။ သို႔ေသာ္လည္း ရုန္းထြက္ဖို႔ကထင္သေလာက္ လြယ္မေနျပန္။
ဒီလိုနဲ႔ပဲ ညရဲ့လမင္းေလးဟာ တိမ္ေတြၾကားထဲမွာ နစ္ျမဳပ္ရင္း ေနြးေထြးမႈဆိုတဲ့ရင္ခြင္ထဲမွာ အိပ္ေပ်ာ္သြားခဲ့ပါေတာ့တယ္။
PANN HLAY
ယူတို႔ကေတာ့ ဖက္လံုးပဲခြအိပ္ေပါ့။
ဟားဟားဟား
ဟက္ပီးၾကာသပေတး ေအာဖတ္ဖတ္တို႔
ေနာက္တပိုင္း ေစာေစာအပ္ျဖစ္ပါေစ အခုက တညတည္းနဲ႔ၿပီးေနလို႔။
မာမိတ္။