π‘΄π’š π’‡π’‚π’“π’Žπ’†π’“ 𝒉𝒖𝒔𝒃𝒂�...

By Feng__er

312K 27.3K 966

π–πšπ§π  π˜π’π›π¨ & π—π’πšπ¨ π™π‘πšπ§β™‘οΈŽ. (𝐘𝐒𝐳𝐑𝐚𝐧 π…πšπ§πŸπ’πœπ­π’π¨π§) πš‰πšŠπš πšπš’πš’ ေတြ႕တာနဲ႔ရန္တက်က္က်... More

part-1 [ Z + U ]
part-2 [ Z+U ]
part-3( Z+ U )
part-4 [ Z+U ]
part-5 [ Z+U ]
part-6 [ Z+U ]
part-7 [ Z+U ]
part-8 [ Z+U ]
part-9 [ Z+U ]
part-10 [ Z+U ]
part-11 [ Z+U ]
part-12 [ Z+U ]
part-13 [ Z+U ]
part-14 [ Z+U ]
part-15 [ Z+U ]
part-16 [ Z+U ]
exam
part-17 [ Z+U ]
part-18 [ Z+U ]
part-19 [ Z+U ]
part-20 [Z+U]
part-21 [Z+U]
part-22 [ Z+U ]
part-23 [ Z+U ]
part-24 [ Z+U ]
part-25 [ Z+U ]
part-26 [ Z+U ]
part-27 [ Z+U ]
part-28 [.Z+U ]
part-29 [ Z+U]
part-30 [ Z+U ]

part-31 [ Z+U ]

7.2K 629 53
By Feng__er


Unicode

"ရောက်တုန်းရောက်ခိုက် ဆေးရုံမှာကူမယ်တော့မရှိဘူး"

"ပါးကလည်းတစ်ခါတစ်လေလေးလာတာကိုအလုပ်တွေခိုင်းတော့ဖို့လား"

မနက်စာစားနေကြရင်းရှောင်ပါးကဆိုတော့သားဖြစ်တဲ့လူကလည်းပက်ခနဲပဲ ဘယ်ကတည်းကအခုလိုပြောချင်နေတယ်မသိဘူး အေးပေါ့မတွေ့ရတာတစ်နှစ်တောင်ကျော်ပြီပဲ

"ရိပေါ်တို့ကတော့ဘယ်လောက်တောင်အလိုလိုက်ထားတာလဲမသိဘူး ရှောင်းကျန့်ကငပျင်းဖြစ်နေပြီ"

"သားကပျင်းတာမဟုတ်ပါဘူးနော် ကိုကို့ကိုဒီကနေရာတွေလိုက်ပြချင်လို့"

"မှတ်တောင်ထားရအုံးမယ် ငါ့သမက်ကကလေးဆိုတော့လိုက်ပြရမှာပေါ့ မင်းစပ်စလူးထချင်နေတာမသိဘူးထင်နေလား"

"ပါး!"

"အဖေရယ် စ,မနေပါနဲ့တော့ နှုတ်ခမ်းကြီးကတစ်တောင်လောက်ထွက်နေပြီ "

"ကိုကို!!"

ဟား ဟား ဟား

မနက်စာပွဲဟာရယ်သံတွေနဲ့ပြည့်နှက်သွားတယ်။ ရှောင်မားကတော့သူ့ရှေ့ကသားနဲ့သားမက်ကိုကြည့်ပြီးပီတိတွေဖြာနေလေရဲ့

တစ်ကယ်ကိုတော်ပါသေးရဲ့ ရှောင်လေးကရိပေါ်လေးကိုပြန်မချစ်နိုင်ဘူးလို့ထင်ထားတာ အခုလိုမျိုးမြင်ရတော့တစ်ကယ်ကိုစိတ်ချမ်းသာရပါတယ်လေ

.............

"ဟင်! ကစားကွင်း?"

"အင်းလေ"

မြို့ကနေရာတွေလိုက်ပြမယ်ဆိုပြီးခေါ်လာတာက ကစားကွင်းတဲ့ ကလေးစိတ်မပျောက်သေးဘူးလားမေးရင်လည်းသူပဲစိတ်ကောက်အုံးမယ်

"ဘာလဲ ကိုကိုကမသွားချင်ဘူးလား"

ဟော လူကိုချွဲတော့မယ် အဟင်း အချွဲခံရအောင်နည်းနည်းတော့မူလိုက်အုံးမှပါ ဟီဟိ

"တစ်ခြားနေရာသွားမယ်ကွာ"

"ကိုကိုကလည်း..."

ရှောင်းကျန့်ကရိပေါ်ရဲ့လက်မောင်းကိုလှုပ်ရမ်းကာချွဲလေသည်။ ရိပေါ်တမင်မျက်နှာကြီးကိုရှုံ့ထားရပေမယ့်တစ်ကယ်အရည်ပျော်နေပြီ လူတစ်ကိုယ်လုံးကိုပွေ့ပြီးရမ်းပစ်လိုက်ရရင်တော့...

ကလေးရဲ့အပြုအမူသေးသေးလေးကတောင် ဒီကလူကိုအရည်ပျော်စေတာသိရက်နဲ့ကွာ...

"အင်း အင်း ဝင်"

"ရောက်မှတော့ဝင်ရမှာပေါ့ လာ"

ကစားကွင်းထဲရောက်ပြီဆိုတည်းကဟိုစပ်စပ်ဒီစပ်စပ်နဲ့ ဟိုဟာစီးချင်ရတာနဲ့သည်ဟာစီးချင်ရတာနဲ့ ရိပေါ်မှာတစ်ကယ့်ကလေးထိန်းကိုဖြစ်လို့

နေ့လည်ရောက်တော့နေ့လည်စာစားရန်စားသောက်ဆိုင်တစ်ခုမှာစားကြတယ်။ စားသောက်ပြီးတော့လည်းအရှေ့ကအအေးကိုပိုက်နဲ့စုပ်သောက်နေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်မှာအလကားနေပိုက်ကိုတောင်မနာလိုဖြစ်လာတယ်

အဲ့ပိုက်သာငါဖြစ်လိုက်ပါတော့ဟဲ့

"ကလေး"

ရှောင်းကျန့်ကအအေးသောက်နေရင်းမျက်လုံးလှန်ကြည့်ကာမေးငေါ့ပြတယ်

"ကြယ်ကြည့်ချင်လား"

"နေ့ခင်းကြီးဘယ်ကကြယ်ကိုကြည့်မှာလဲ"

"ကလေးသာကြည့်ချင်တယ်ပြောလိုက်စမ်းပါ "

"ဘယ်မှာကြည့်ရမှာလဲ"

"စားလို့သောက်လို့ဝပြီလား"

"ဘာလဲ ခင်ဗျားကစိတ်မရှည်တာလား"

"မဟုတ်ပါဘူး ပြီးရင်သွားမယ်လို့ အဲ့ဒါပြောမလို့ကိုစိတ်ကြီးပဲ "

"သတိထားနေနော် ဟင်း ကြည့်လို့သိပ်ရတာမဟုတ်ဘူး"

.................

ကြယ်ပြတိုက်...

"ဒါက"

"ဟုတ်တယ် ကိုယ်အင်တာနက်မှာရှာထားတာ ဖွင့်တာသိပ်မကြာသေးဘူး "

"လာ လာ သွားကြည့်ရအောင် ကျွန်တော်တောင်မသိဘူးကိုကိုကသိနေတယ် ဝိုး ဝမ်အစ်ကိုလေးကတစ်ကယ်ကိုအမြင်ကျယ်တာပဲ"

"မခံယူဝံ့ပါဘူး မခံယူဝံ့ပါဘူး"

သူတို့အထဲကိုဝင်သွားကြတော့အထဲမှာမှောင်ပိန်းနေတာပဲ မီးအလင်းရောင်နည်းနည်းပဲပေးထားတာကြောင့်သာအနည်းငယ်မြင်နေရပေသည်။ အပြင်အဆင်ကတော့ရုပ်ရှင်ရုံလိုထိုင်ခုံတန်းတွေရှိပြီး တစ်ချို့လူတွေကထိုင်နေရင်းစကားပြောလိုက်မုန့်စားလိုက်လုပ်နေကြတယ် ရှောင်းကျန့်တို့လည်းထိုင်ခုံတန်းတစ်ခုမှာဝင်ထိုင်လိုက်ကြသည်။

မကြာခင်မှာပဲခုနကထိအနည်းငယ်လင်းနေသောမီးတို့ဟာမှိတ်သွားပြီး အမှောင်အတိဖြစ်သွားသည်။ ထိုအချိန်မှာပဲမျက်နှာကျက်ဆီမှအလင်းရောင်လေးတွေတစ်စတစ်စပေါ်လာတယ်

"ကြယ်တွေ?"

"လှတယ်မလား"

"....အင်း
အယ် ကိုကိုဟိုနားကဟာကခုနစ်စင်ကြယ်မဟုတ်လား ဟိုတစ်ခုကလိပ်ဆိုလား"

"ဟိုနားကဟာကိုတွေ့လား"

" အာ အဲ့ဒါဓူဝံကြယ်ပဲ ဒီလိုမျိုးကြည့်ရတာကောင်းလိုက်တာ
ကြယ်တွေအကုန်လုံးကိုတစ်ပြိုင်တည်းနဲ့အစုံမြင်ရတယ်"

ကြယ်တွေကလှတယ် ကိုယ့်ဘေးနားကအမျိုးသားလေးကတော့သူတို့ထက်ပိုလှတယ် ကြယ်တွေကတောက်ပတယ် ဒါပေမယ့်ကိုယ့်ကလေးရဲ့နှုတ်ခမ်းထောင့်ကမှဲ့လေးကပိုတောက်ပတယ်
ကိုယ်တစ်ကယ်အဲ့မှဲ့လေးကိုမနာလိုဘူးသိလား

"ကလေး"

"ဟင်"

ရွှတ် !!

"ဟာ အသားလာယူနေတယ်"

"ကိုယ့်ကိုစိတ်ဆိုးပြေပြီလား"

"မသိဘူး အိပ်ချင်တယ်"

"ဟာအဲ့လိုမလုပ်နဲ့လေ အိပ်ချင်ရင်အိမ်ပြန်မယ်လေ"

"မသိဘူး ဒီမှာပဲအိပ်မယ် မစောင့်နိုင်ရင်ပြန်သွား"

ဘယ်သူကများဒီအိပ်နေတဲ့အကောင်ပေါက်ကိုထားပြီးထွက်သွားရက်ပါ့မလဲလို့ သူစိမ်းတွေကြားထဲထားခဲ့စရာလား

ခုံပေါ်မှာပဲအိပ်နေတော့တဲ့ရှောင်းကျန့်ကို ဇက်နာမည်စိုးတာကြောင့်အိမ်ပြန်အိပ်ခိုင်းပေမယ့်ခေါင်းမာတဲ့ကလေးကထိုင်ခုံမှာပဲအိပ်နေခဲ့တယ်
ရိပေါ်လည်းရှောင်းကျန့်အိပ်ပျော်သွားကာမှကလေးတွေချီသလိုချီခေါ်ကာကားထဲထည့်ပြီးအိမ်ကိုပြန်လာခဲ့တယ်

လမ်းတစ်ဝက်ရောက်တော့လက်ဝက်ရတနာဆိုင်တစ်ဆိုင်ရှေ့မှာရပ်လိုက်ကာ အိပ်နေတဲ့ရှောင်းကျန့်ရဲ့နဖူးလေးကိုမွှေးကြူကာကားပေါ်မှဆင်းလိုက်သည်။ ထို့နောက်ဆိုင်ထဲသို့ပြုံးရွှင်စွာဖြင့်ဝင်သွားလေသည်။

ပြန်ထွက်လာတော့သူ့လက်ထဲမှာအိတ်တစ်အိတ်နဲ့ သေချာတာကတော့ထိုအိတ်ထဲမှာဗူးတစ်ဗူးရှိနေမယ်ဆိုတာပါပဲ

တစ်ကယ်တော့မသိတာမဟုတ်ပါဘူး အချိန်မတန်သေးလို့မသိချင်ယောင်ဆောင်နေတာပါ...




........


Zawgyi

"ေရာက္တုန္းေရာက္ခိုက္ ေဆးရံုမွာကူမယ္ေတာ့မရိွဘူး"

"ပါးကလည္းတစ္ခါတစ္ေလေလးလာတာကိုအလုပ္ေတြခိုင္းေတာ့ဖို႔လား"

မနက္စာစားေနၾကရင္းေရွာင္ပါးကဆိုေတာ့သားျဖစ္တဲ့လူကလည္းပက္ခနဲပဲ ဘယ္ကတည္းကအခုလိုေျပာခ်င္ေနတယ္မသိဘူး ေအးေပါ့မေတြ့ရတာတစ္ႏွစ္ေတာင္ေက်ာ္ၿပီပဲ

"ရိေပၚတို႔ကေတာ့ဘယ္ေလာက္ေတာင္အလိုလိုက္ထားတာလဲမသိဘူး ေရွာင္းက်န႔္ကငပ်င္းျဖစ္ေနၿပီ"

"သားကပ်င္းတာမဟုတ္ပါဘူးေနာ္ ကိုကို႔ကိုဒီကေနရာေတြလိုက္ျပခ်င္လို႔"

"မွတ္ေတာင္ထားရအံုးမယ္ ငါ့သမက္ကကေလးဆိုေတာ့လိုက္ျပရမွာေပါ့ မင္းစပ္စလူးထခ်င္ေနတာမသိဘူးထင္ေနလား"

"ပါး!"

"အေဖရယ္ စ,မေနပါနဲ႔ေတာ့ ႏႈတ္ခမ္းႀကီးကတစ္ေတာင္ေလာက္ထြက္ေနၿပီ "

"ကိုကို!!"

ဟား ဟား ဟား

မနက္စာပြဲဟာရယ္သံေတြနဲ႔ျပၫ့္ႏွက္သြားတယ္။ ေရွာင္မားကေတာ့သူ႔ေရ႔ွကသားနဲ႔သားမက္ကိုၾကၫ့္ၿပီးပီတိေတျြဖာေနေလရဲ့

တစ္ကယ္ကိုေတာ္ပါေသးရဲ့ ေရွာင္ေလးကရိေပၚေလးကိုျပန္မခ်စ္ႏိုင္ဘူးလို႔ထင္ထားတာ အခုလိုမ်ိဳးျမင္ရေတာ့တစ္ကယ္ကိုစိတ္ခ်မ္းသာရပါတယ္ေလ

.............

"ဟင္! ကစားကြင္း?"

"အင္းေလ"

ၿမိဳ႔ကေနရာေတြလိုက္ျပမယ္ဆိုၿပီးေခၚလာတာက ကစားကြင္းတဲ့ ကေလးစိတ္မေပ်ာက္ေသးဘူးလားေမးရင္လည္းသူပဲစိတ္ေကာက္အံုးမယ္

"ဘာလဲ ကိုကိုကမသြားခ်င္ဘူးလား"

ေဟာ လူကိုခြၽဲေတာ့မယ္ အဟင္း အခြၽဲခံရေအာင္နည္းနည္းေတာ့မူလိုက္အံုးမွပါ ဟီဟိ

"တစ္ျခားေနရာသြားမယ္ကြာ"

"ကိုကိုကလည္း..."

ေရွာင္းက်န႔္ကရိေပၚရဲ့လက္ေမာင္းကိုလႈပ္ရမ္းကာခြၽဲေလသည္။ ရိေပၚတမင္မ်က္ႏွာႀကီးကိုရႈံ႔ထားရေပမယ့္တစ္ကယ္အရည္ေပ်ာ္ေနၿပီ လူတစ္ကိုယ္လံုးကိုေပြ့ၿပီးရမ္းပစ္လိုက္ရရင္ေတာ့...

ကေလးရဲ့အျပဳအမူေသးေသးေလးကေတာင္ ဒီကလူကိုအရည္ေပ်ာ္ေစတာသိရက္နဲ႔ကြာ...

"အင္း အင္း ဝင္"

"ေရာက္မွေတာ့ဝင္ရမွာေပါ့ လာ"

ကစားကြင္းထဲေရာက္ၿပီဆိုတည္းကဟိုစပ္စပ္ဒီစပ္စပ္နဲ႔ ဟိုဟာစီးခ်င္ရတာနဲ႔သည္ဟာစီးခ်င္ရတာနဲ႔ ရိေပၚမွာတစ္ကယ့္ကေလးထိန္းကိုျဖစ္လို႔

ေန့လည္ေရာက္ေတာ့ေန့လည္စာစားရန္စားေသာက္ဆိုင္တစ္ခုမွာစားၾကတယ္။ စားေသာက္ၿပီးေတာ့လည္းအေရ႔ွကအေအးကိုပိုက္နဲ႔စုပ္ေသာက္ေနတဲ့ေရွာင္းက်န႔္ေၾကာင့္ ရိေပၚမွာအလကားေနပိုက္ကိုေတာင္မနာလိုျဖစ္လာတယ္

အဲ့ပိုက္သာငါျဖစ္လိုက္ပါေတာ့ဟဲ့

"ကေလး"

ေရွာင္းက်န႔္ကအေအးေသာက္ေနရင္းမ်က္လံုးလွန္ၾကၫ့္ကာေမးေငါ့ျပတယ္

"ၾကယ္ၾကၫ့္ခ်င္လား"

"ေန့ခင္းႀကီးဘယ္ကၾကယ္ကိုၾကၫ့္မွာလဲ"

"ကေလးသာၾကၫ့္ခ်င္တယ္ေျပာလိုက္စမ္းပါ "

"ဘယ္မွာၾကၫ့္ရမွာလဲ"

"စားလို႔ေသာက္လို႔ဝၿပီလား"

"ဘာလဲ ခင္ဗ်ားကစိတ္မရွည္တာလား"

"မဟုတ္ပါဘူး ၿပီးရင္သြားမယ္လို႔ အဲ့ဒါေျပာမလို႔ကိုစိတ္ႀကီးပဲ "

"သတိထားေနေနာ္ ဟင္း ၾကၫ့္လို႔သိပ္ရတာမဟုတ္ဘူး"

.................

ၾကယ္ျပတိုက္...

"ဒါက"

"ဟုတ္တယ္ ကိုယ္အင္တာနက္မွာရွာထားတာ ဖြင့္တာသိပ္မၾကာေသးဘူး "

"လာ လာ သြားၾကၫ့္ရေအာင္ ကြၽန္ေတာ္ေတာင္မသိဘူးကိုကိုကသိေနတယ္ ဝိုး ဝမ္အစ္ကိုေလးကတစ္ကယ္ကိုအျမင္က်ယ္တာပဲ"

"မခံယူဝံ့ပါဘူး မခံယူဝံ့ပါဘူး"

သူတို႔အထဲကိုဝင္သြားၾကေတာ့အထဲမွာေမွာင္ပိန္းေနတာပဲ မီးအလင္းေရာင္နည္းနည္းပဲေပးထားတာေၾကာင့္သာအနည္းငယ္ျမင္ေနရေပသည္။ အျပင္အဆင္ကေတာ့ရုပ္ရွင္ရံုလိုထိုင္ခံုတန္းေတြရိွၿပီး တစ္ခ်ိဳ႕လူေတြကထိုင္ေနရင္းစကားေျပာလိုက္မုန႔္စားလိုက္လုပ္ေနၾကတယ္ ေရွာင္းက်န႔္တို႔လည္းထိုင္ခံုတန္းတစ္ခုမွာဝင္ထိုင္လိုက္ၾကသည္။

မၾကာခင္မွာပဲခုနကထိအနည္းငယ္လင္းေနေသာမီးတို႔ဟာမိွတ္သြားၿပီး အေမွာင္အတိျဖစ္သြားသည္။ ထိုအခ်ိန္မွာပဲမ်က္ႏွာက်က္ဆီမွအလင္းေရာင္ေလးေတြတစ္စတစ္စေပၚလာတယ္

"ၾကယ္ေတြ?"

"လွတယ္မလား"

"....အင္း
အယ္ ကိုကိုဟိုနားကဟာကခုနစ္စင္ၾကယ္မဟုတ္လား ဟိုတစ္ခုကလိပ္ဆိုလား"

"ဟိုနားကဟာကိုေတြ့လား"

" အာ အဲ့ဒါဓူဝံၾကယ္ပဲ ဒီလိုမ်ိဳးၾကၫ့္ရတာေကာင္းလိုက္တာ
ၾကယ္ေတြအကုန္လံုးကိုတစ္ၿပိဳင္တည္းနဲ႔အစံုျမင္ရတယ္"

ၾကယ္ေတြကလွတယ္ ကိုယ့္ေဘးနားကအမ်ိဳးသားေလးကေတာ့သူတို႔ထက္ပိုလွတယ္ ၾကယ္ေတြကေတာက္ပတယ္ ဒါေပမယ့္ကိုယ့္ကေလးရဲ့ႏႈတ္ခမ္းေထာင့္ကမွဲ႔ေလးကပိုေတာက္ပတယ္
ကိုယ္တစ္ကယ္အဲ့မွဲ႔ေလးကိုမနာလိုဘူးသိလား

"ကေလး"

"ဟင္"

ရႊတ္ !!

"ဟာ အသားလာယူေနတယ္"

"ကိုယ့္ကိုစိတ္ဆိုးေျပၿပီလား"

"မသိဘူး အိပ္ခ်င္တယ္"

"ဟာအဲ့လိုမလုပ္နဲ႔ေလ အိပ္ခ်င္ရင္အိမ္ျပန္မယ္ေလ"

"မသိဘူး ဒီမွာပဲအိပ္မယ္ မေစာင့္ႏိုင္ရင္ျပန္သြား"

ဘယ္သူကမ်ားဒီအိပ္ေနတဲ့အေကာင္ေပါက္ကိုထားၿပီးထြက္သြားရက္ပါ့မလဲလို႔ သူစိမ္းေတြၾကားထဲထားခဲ့စရာလား

ခံုေပၚမွာပဲအိပ္ေနေတာ့တဲ့ေရွာင္းက်န႔္ကို ဇက္နာမည္စိုးတာေၾကာင့္အိမ္ျပန္အိပ္ခိုင္းေပမယ့္ေခါင္းမာတဲ့ကေလးကထိုင္ခံုမွာပဲအိပ္ေနခဲ့တယ္
ရိေပၚလည္းေရွာင္းက်န႔္အိပ္ေပ်ာ္သြားကာမွကေလးေတြခ်ီသလိုခ်ီေခၚကာကားထဲထၫ့္ၿပီးအိမ္ကိုျပန္လာခဲ့တယ္

လမ္းတစ္ဝက္ေရာက္ေတာ့လက္ဝက္ရတနာဆိုင္တစ္ဆိုင္ေရ႔ွမွာရပ္လိုက္ကာ အိပ္ေနတဲ့ေရွာင္းက်န႔္ရဲ့နဖူးေလးကိုေမႊးၾကဴကာကားေပၚမွဆင္းလိုက္သည္။ ထို႔ေနာက္ဆိုင္ထဲသို႔ၿပံဳးရႊင္စြာျဖင့္ဝင္သြားေလသည္။

ျပန္ထြက္လာေတာ့သူ႔လက္ထဲမွာအိတ္တစ္အိတ္နဲ႔ ေသခ်ာတာကေတာ့ထိုအိတ္ထဲမွာဗူးတစ္ဗူးရိွေနမယ္ဆိုတာပါပဲ

တစ္ကယ္ေတာ့မသိတာမဟုတ္ပါဘူး အခ်ိန္မတန္ေသးလို႔မသိခ်င္ေယာင္ေဆာင္ေနတာပါ...




........




Continue Reading

You'll Also Like

18.8K 113 25
The plane crashed, and she became a missionary through time travel, and she was the wife of a perverted missionary. Watching her husband become paran...
35.6K 3.5K 11
Dear My Lord, I'm sincerely yours
1M 54.6K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
31.6K 795 49
Sundrop/moondrop x child reader (platonic) fanfic Tw: angst, blood, death, suicide menstions, wounds, and more