ငွေမှိုင်းလင်းဝေ...(ငှမှေိုငျး...

By Han_Me7012

89.9K 7.4K 1.4K

(Zawgyi) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရ... More

Author's Note
Intro
Part 1(Zawgyi)
Part 1(Unicode)
Part 2(Zawgyi)
Part 2(Unicode)
Part 3(Zawgyi)
Part 4(Zawgyi)
Part 4(Unicode)
Part 5(Zawgyi)
Part 5(Unicode)
Part 6(Zawgyi)
Part 6(Unicode)
Part 7(Zawgyi)
Part 7(Unicode)
Part 8(Zawgyi)
Part 8(Unicode)
AN
Part 9(Zawgyi)
Part 9(Unicode)
Part 10(Zawgyi)
Part 10(Unicode)
Part 11(Zawgyi)
Part 11(Unicode)
Part 12(Zawgyi)
Part 12(Unicode)
Part 13(Zawgyi)
Part 13(Unicode)
Part 14(Zawgyi)
Part 14(Unicode)
Part 15(Zawgyi)
Part 15(Unicode)
Part 16(Zawgyi)
Part 16(Unicode)
Part 17(Zawgyi)
Part 17(Unicode)
Part 18(Zawgyi)
Part 18(Unicode)
Part 19(Zawgyi)
Part 19(Unicode)
Part 20(Zawgyi)
Part 20(Unicode)
Part 21(Zawgyi)
Part 21(Unicode)
Part 22(Zawgyi)
Part 22(Unicode)
Part 23(Zawgyi)
Part 23(Unicode)
Part 24(Zawgyi)
Part 24(Unicode)
Part 25(Zawgyi)
Part 25(Unicode)
Part 26(Zawgyi)
Part 26(Unicode)
Part 27(Zawgyi)
Part 27(Unicode)
Part 28(Zawgyi)
Part 28(Unicode)
Part 29(Zawgyi)
Part 29(Unicode)
Part 30(Zawgyi)
Part 30(Unicode)
Part 31(Zawgyi)
Part 31(Unicode)
Part 32(Zawgyi)
Part 32(Unicode)
Part 33(Zawgyi)
Part 33(Unicode)
Part 34(Zawgyi)
Part 34(Unicode)
Part 35(Zawgyi)
Part 35(Unicode)
Part 36(Zawgyi)
Part 36(Unicode)
Part 37(Zawgyi)
Part 37(Unicode)
Part 38(Zawgyi)
Part 38(Unicode)
Part 39(Zawgyi)
Part 39(Unicode)
Final (Part 1)(Zawgyi)
Final( part 1)(Unicode)
Final(Part 2)(Zawgyi)
Final(Part 2)(Unicode)
For My Readers❤(Z/U)

Part 3(Unicode)

1.7K 158 24
By Han_Me7012

ငွေရှိုင်းရဲ့အတွေးအမြင်တွေ အားလုံးသည် တံခါးဖွင့်သံနှင့်အတူ လွင့်ပျောက်သွားရသည်။

ရုတ်တရက်ဆန်သော အဖြစ်အပျက်တစ်ခုနောက်တွင် ငွေရှိုင်း၏တုံ့ပြန်မှုသည်လည်း မြန်ဆန်စွာ ဖြစ်ပေါ်လာသည်။
မှိုင်းခေါင်ဝေဦးတစ်ယောက် အခန်းထဲသို့ရောက်လာချိန်၌ ငွေရှိုင်းလက်ထဲတွင် အလင်းဝေ၏စာအုပ် ရှိမနေတော့ပေ။

ကျောပိုးအိတ်ထဲသို့ ပစ်ထည့်ခံလိုက်ရသော စာအုပ်ကလေးကို မှိုင်းခေါင်ဝေဦး မမြင်အောင် သိမ်းလိုက်နိုင်ပြီဟု ငွေရှိုင်းထင်ခဲ့သည်။  သို့သော်လည်း စားပွဲခုံပေါ်သို့ နွားနို့ဖန်ခွက်ရောက်လာချိန်တွင် မိမိသည် မှိုင်းခေါင်ဝေဦးရှေ့မှောက်၌ လိမ်ညာ၍မဖြစ်နိုင်မှန်း သိလိုက်ရတော့၏။

မှိုင်းခေါင်ဝေဦး၏ ခပ်ကြမ်းကြမ်းပြုမူပုံကြောင့် စားပွဲပေါ်တွင်
ဖိတ်စင်ကျသွားသော နွားနို့စက်တွေကို ငွေရှိုင်းတစ်ယောက်  ထိတ်လန့်စွာကြည့်နေမိသည်။

အလင်းဝေရဲ့စာအုပ်ကို ဖွက်လိုက်သည့်လုပ်ရပ်မှာ အမှားကြီးတစ်ခုဖြစ်သွားကြောင်း သူမသိခဲ့ပေ။

"ဘာဖွက်လိုက်တာလဲ..."

ဦးခေါင်းအထက်ပိုင်းဆီမှ ကြားလိုက်ရသော စကားသံသည် ငွေရှိုင်း၏ နှလုံးခုန်နှုန်းကို တိုက်ရိုက်ဖိအားပေးသည်။ ထိုဖိအားကြောင့် တစ်မိနစ်တွင် ရှိသင့်ရှိထိုက်သည့် နှလုံးခုန်နှုန်းထက် လက်ရှိဖြစ်ပေါ်နေသည့် နှလုံးခုန်နှုန်းမှာ ပိုမြန်နေသည်ဟု ခံစားရသည်။

ကျွန်တော် ကိုကို့ကို မညာချင်ပါ။

သို့သော်လည်း ညာမှဖြစ်မည်ဟု ဆုံးဖြတ်ချက် ခိုင်မာခဲ့ပါသည်။

ဘယ်သူနဲ့မှ သူငယ်ချင်းမဖြစ်ရဘူးဟု...မှာထားခဲ့သော စကားကို ကျွန်တော်နားမထောင်ခဲ့ဘူးလို့ ကိုကိုထင်သွားမှာ စိုးမိသဖြင့် အလျင်အမြန် ခေါင်းခါပြလိုက်သည်။

"ငါကိုယ်တိုင်ရှာလို့တွေ့ရင် ပိုဆိုးမှာနော်..."

ကိုကိုသည် ကျွန်တော့အားနည်းချက်ကို မိမိရရ ဆုပ်ကိုင်နိုင်ခဲ့သည်။ကိုကို့ရဲ့ အကြည့်တစ်ချက်နဲ့တင် ၊ အေးစက်စက် စကားတစ်ခွန်းနဲ့တင် ပျောက်ကွယ်သွားချင်မတတ် ဖြစ်နေရသော ကျွန်တော်သည် ကျောပိုးအိတ်ထဲရှိ စာအုပ်ကို အသာတကြည် ထုတ်ပေးမိသည်။
.
.

"အလင်းဝေ...အလင်းဝေဆိုတာ...ဘယ်သူလဲ...."

"ကျွန်တော့....ကျွန်တော့ဘေးမှာထိုင်တဲ့
ကောင်လေးပါကိုကို...ကျွန်တော်ထိုင်တဲ့နေရာကို ပြတုန်းက ကိုကိုမြင်လိုက်တဲ့တစ်ယောက်လေ...အသားဖြူဖြူလေးနဲ့...
စာ...စာအုပ်က..လည်း.."

အလင်းဝေရဲ့စာအုပ်မှာ ကျွန်တော့လက်ထဲသို့်
ချက်ချင်း ပြန်ရောက်လာသည်။

"သူ့အကြောင်းမသိချင်ဘူး...ဒီစာအုပ် မင်းဆီမှာရှိနေရတဲ့ အကြောင်းကိုပဲ သိချင်တာ..."

ကိုကိုသည် ကျွန်တော့အခန်းထဲသို့ တံခါးမခေါက်ဘဲ ဝင်ဝင်လာတတ်သလို ကျွန်တော့စကားကိုလည်း သူ့စိတ်တိုင်းကျပဲ ဖြတ်ပြောပစ်လိုက်သည်။

"နှစ်ပတ်အတွင်းမှာ လွတ်သွားတဲ့စာတွေကို ငါကိုယ်တိုင် ဆရာမတွေဆီက ယူလာပြီး မင်းကိုကူးခိုင်းခဲ့တာ...
သူများစာအုပ် ...မငှားရအောင်လို့နော်...ရှိုင်းငယ်..."

"ဟုတ်.....ဒီ...ဒီစာအုပ်ကလည်း မှားပါလာတာပါ...
ကျွန်တော်တောင် စာအုပ်တွေ..ထုတ် ထုတ်ကြည့်မှတွေ့တာ..."

အ ထစ် အ ထစ်ဖြစ်နေခြင်းက လိမ်ညာနေသည်ဟု အထင်ရောက်စေသည့်နှယ် ။ ကျွန်တော့ရဲ့ဂဏာမငြိမ်သော မျက်လုံးတွေကလည်း ထိုကဲ့သို့သော ထင်မြင်ခြင်းကို အထောက်အပံ့ပေးနေပုံရသည်။

"အဲ့တာဆို ငါဝင်လာတော့ ဘာလို့ ချက်ချင်းဖွက်လိုက်လဲ...
ရှိုင်းငယ်ရာ...မင်းနည်းနည်းလေးမှ မညာတတ်သေးဘူး..."

ထိုင်ခုံနောက်မှီနှင့် စားပွဲပေါ်တွင် လက်တစ်ဖက်စီ ထောက်ကိုင်လာသဖြင့် ထိုနှစ်နေရာအလယ်၌ရှိနေရသော ကျွန်တော့အခြေအနေသည် အမှန်ပင် ခက်ခဲလှပေစွ။ ငုံ့မိုးကြည့်နေသော ကိုကို့မျက်ဝန်းကို ရင်မဆိုင်ရဲသဖြင့် နွားနို့စက်တွေကိုသာ ပြန်ငေးနေမိသည်။

"ကျွန်တော်ညာနေတာ မဟုတ်ပါဘူး.....
ကိုကိုဆူမှာကို ကြောက်လို့ဖွက်လိုက်တာပါ...."

ငွေရှိုင်းတစ်ယောက် မျက်ရည်တွေကျလာပြီး အသံထွက်ပြီး ငိုလိုက်တော့သည်။ သူ့မျက်လုံးထဲ၌ နွားနို့စက်တွေကိုလည်း သဲသဲကွဲကွဲမမြင်ရတော့ပေ..။ မှိုင်းခေါင်ဝေဦးသည်လည်း ငွေရှိုင်းကိုအုပ်မိုးထားရာမှ နောက်သို့ဖြည်းဖြည်းချင်း ဆုတ်သွားလေသည်။

"ဒါငိုစရာလား...မင်းကိုငါဘာပြောထားလဲ..
လွယ်လွယ်နဲ့ မျက်ရည်မကျရဘူးလို့...
ပြောထားတယ်မလား..မျက်ရည်ကျတယ်ဆိုတာ ပျော့ညံ့အားနည်းသူတွေရဲ့အလုပ်ပဲ...

မင်းငါ့ကိုကြောက်ရမယ်...ဒါပေမယ့် ငါ့ရှေ့မှာ
ဘယ်တော့မှ မငိုရဘူး...

ဖိတ်သွားတဲ့နွားနို့တွေကို ရှင်းဖို့ တစ်ယောက်လွှတ်လိုက်မယ်..."

မှိုင်းခေါင်ဝေဦးသည် ငွေရှိုင်းအခန်းထဲမှ မြန်မြန်ဆန်ဆန်ပြန်ထွက်သွားသည်။ ဖိတ်စင်သွားသော နွားနို့တွေကို ရှင်းရန် လူတစ်ယောက် ရောက်လာချိန်အထိ ငွေရှိုင်းငိုနေမိသည်။ ထိုသူနှင့်အတူ နွားနို့ထည့်ထားသော ဖန်ခွက်အသစ်လည်း ပါလာလေသည်။

အခန်းထဲတွင် ဘယ်သူမှမရှိသောအချိန်ကျမှ နွားနို့တစ်ငုံသောက်လိုက်သည်။ငွေရှိုင်း၏ စိတ်ထဲတွင် ဝမ်းနည်းမှု အနည်းငယ် ကျန်ရစ်သော်လည်း အနည်ထိုင်သွားပြီဖြစ်သည်။ ငွေ့ရည်မိုးစံအိမ်ကြီးတွင် ငွေရှိုင်းအကြောက်ရဆုံးသူမှာ မှိုင်းခေါင်ဝေဦးဖြစ်ပြီး အားအကိုးရဆုံးသူမှာလည်း မှိုင်းခေါင်ဝေဦးပင်ဖြစ်သည်။

အထူးသဖြင့် မှိုင်းခေါင်ဖျော်ပေးသော နွားနို့အေးသည် ငွေရှိုင်းစိတ်ကိုငြိမ်းအေးစေသည်။ နွားနို့၏ပုံမှန်အရသာသည် အဆိမ့်ဘက်သို့သွားသော်လည်း ငွေရှိုင်း ညစဉ်ညတိုင်း သောက်ရသော နွားနို့အရသာသည်ကား ချိုမြမြဖြစ်သည်။

ငွေရှိုင်းသည် ဤနွားနို့တစ်ခွက်နဲ့တင် ဖြစ်ခဲ့သမျှကို မေ့ပစ်နိုင်သွားသည်။ သူ၏နှလုံးသားသည်ကား အခြားသူများကဲ့သို့ အမှတ်သည်းခြေမကြီးနိုင်ဘဲ နူးညံ့လွန်းသည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>

နေမြင့်သည်အထိ အိပ်ယာနှင့်
ချစ်ကျွမ်းဝင်တတ်သော ကျွန်တော့အတွက် ငါးရက်တာ ကျောင်းတက်ရက်များသည်ကား စင်ဒရဲလားလေးကို မင်းသားလေးနှင့်မတွေ့အောင် နှောင့်ယှက်တားဆီးနေသော မိထွေးနှင့် သူ့သမီးသုံးယောက်ကဲ့သို့ပင် အမြင်ကတ်စရာ ကောင်းလွန်းနေသည်။

အစောကြီးထရသည်နှင့်တန်အောင် ကျွန်တော်သည်လည်း ကျောင်းသို့ စောစောရောက်အောင်လာပြီး ဆရာမ မဝင်လာမချင်း ခေါင်းမှောက်အိပ်တော့သည်။ အနောက်တန်းမှ အမြဲလိုလို နှောင့်ယှက်နေသော အမြွှာနှစ်ယောက်နှှင့်၊ ဆူညံနေသော စကားသံများကြောင့် အိပ်ပျော်သည်တော့ မဟုတ်ပေ။ ထိုကဲ့သို့ အိပ်မပျော်သော်လည်း စားပွဲပေါ်၌ ခေါင်းမှောက်ထားရသော ဖီလင်ကပင် အရသာရှိလှသည်။

ရုတ်တရက်ဆိုသလို ကျွန်တော့ခေါင်းပေါ်သို့ ပိကျလာသော လေးလံသည့်အရာကြောင့် ဒေါသပေါက်ကွဲထွက်လာရန် တဲတဲကလေးသာ လိုတော့သည်။

*ဒီအမြွှာနှစ်ယောက်က လွန်နေပြီမဟုတ်ဘူးလား...။*

ခေါင်းပေါ်၌ ရှိနေခဲ့သောအရာမှာ ကျောပိုးအိတ် တစ်လုံးဖြစ်သည်။ ကျောပိုးအိတ်သည် တခြားသူပစ္စည်းမဟုတ်ဘဲ ကျွန်တော့ ကျောပိုးအိတ်ဖြစ်သည်။ ထိုကျောပိုးအိတ်ကို ဘေးခုံကနေ ကျွန်တော့ခေါင်းပေါ်သို့ ရွှေ့လိုက်သူကလည်း အမြွှာနှစ်ယောက် မဟုတ်ဘဲ ငွေရှိုင်းဖြစ်နေသည်။

ငုံ့မိုးကြည့်နေသူကို မြင်လိုက်ရသောအခါ
ဖြစ်ပေါ်နေသော ဒေါသစိတ်တွေအားလုံးသည် မီးကို ရေနှင့်ငြိမ်းသတ်လိုက်သလိုပင် ပျောက်ကွယ်သွားရသည်။

သို့သော်လည်း မကျေနပ်သည့်စိတ်ကတော့ အနည်းငယ်မျှ ကျန်ရစ်နေဆဲပင်။

*သူ့ဘာသာ ဘယ်လိုပဲ ကျောင်းပိုင်ရှင်ရဲ့သားဖြစ်နေနေ ဒီလိုမျိုးတော့ လာကြောလို့မရဘူးလေ...။*

"ကျောပိုးအိတ် ဖယ်ခိုင်းချင်ရင်လည်း ခေါ်လိုက်မှပေါ့...
ဒါမှမဟုတ် ငါ့နောက်ကျောဘက်မှာ နေရာလွတ်နေတာပဲ အဲ့ကိုရွှေ့လိုက်လို့မရဘူးလား..."

ငွေရှိုင်းသည် ကျွန်တော်ပြောနေသည်ကို နည်းနည်းလေးမှ ဂရုမစိုက်ဘဲ ခုံမှာဝင်ထိုင်ရင်း သူ့ကျောပိုးအိတ်ကို ဖွင့်ကြည့်နေသည်။ ကျွန်တော့ကို အာရုံထဲထည့်စရာ မလိုဘူးဆိုသည့် ပုံစံမျိုးလုပ်နေခြင်းမှာ ကျွန်တော့မာနကို တိုက်ရိုက် လာထိခိုက်နေသည်။

ဤကဲ့သို့ လျစ်လျူရှုခံရမှာထက်စာလျှင် ချာလီ၊ဂေါ်လီတို့နှင့် အပြန်အလှန်ရန်ဖြစ်ရသည်က ပိုသာနေတော့သည်။

"ဒီမယ် ငွေရှိုင်း...ငါကလည်း မင်းထက်မသာရင်တောင် မလျော့တဲ့ အခြေအနေနဲ့ကောင်ပါကွ..မင်းနဲ့သူငယ်ချင်း ဖြစ်ချင်တယ်လို့ ပြောခဲ့တယ်ဆိုပြီး ငါ့ကို မတူမတန်သလို လာလုပ်လို့တော့ မရဘူး..."

သူကျွန်တော့ကို တစ်ချက်လှည့်ုကြည့်သည်။ အကြည့်ချင်း ဆုံသွားသည့်အချိန်၌ ကျွန်တော့မှာ ပြောစရာစကား မကျန်တော့ပေ။ တစ်ဖက်သို့ ပြန်လှည့်သွားသူထံမှ ထွက်လာမည့် စကားကိုသာ စိတ်ရှည်ရှည်နှင့် စောင့်နေရမည်။ စောင့်နေရလောက်သည့် အကြောင်းအရင်းလည်းရှိနေသည်။

ငွေရှိုင်းကျောပိုးအိတ်ထဲမှ ထုတ်လိုက်သည့်စာအုပ်မှာ ကျွန်တော့စာအုပ်ဖြစ်သည်။ တိတိကျကျပြောရမည်ဆိုလျှင် ကျွန်တော်ကိုယ်တိုင် သူ့အိတ်ထဲသို့ ထည့်ပေးလိုက်သော စာအုပ်ဖြစ်သည်။

စာအုပ်မှားပါသွားသည်ကို အကြောင်းပြုပြီး သူကျွန်တော့ကို စကားပြောကိုပြောရလိမ့်မည်။ ထိုမှတဆင့် ကျွန်တော်တို့နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်လာနိုင်သည်။ အမှန်တကယ်တွင်တော့ ကျွန်တော့ရဲ့ ထင်မြင်ချက်အတိုင်း ဘာတစ်ခုမှဖြစ်မလာခဲ့ပါ....။

ကျွန်တော့စားပွဲပေါ်တွင် မှားပါသွားသည့် စာအုပ်ကလေးသာ ပြန်ရောက်လာသည်။ ငွေရှိုင်းကတော့ စကားတစ်ခွန်းမှ မပြောခဲ့ပေ။

*ရတယ်လေ....။ငါပဲပြောတာပေါ့....။*

"ဒါဘာလဲ......"

ပြောလိုက်သည့်စကားမှာ ကြောင်တောင်တောင်နိုင်သွားသော်လည်း

မင်းမှာမျက်လုံးမပါဘူးလား....ဆိုသည့်စကားမျိုး.၊

ကိုယ့်ဘာသာကြည့်ကြည့်လေ....ဆိုသည့်စကားမျိုးကို သူ့ဆီမှကြားရမည်အထင်နှင့် ပြောလိုက်ခြင်းသာဖြစ်သည်။

သို့သော်လည်း ဝစီပိတ်ကျင့်နေသော angry birdအနီကောင်ရဲ့ ညီငယ်မှာ တစ်ချက်သာလှည့်ကြည့်ပြီး ကျွန်တော့သည်းခံနိုင်စွမ်းကို စမ်းသပ်သည်။

*ဒီကောင်...ဘာကောင်လဲ...။အသွားပြီလား...။

အလင်းဝေကို မင်းကဘာမှတ်...။*

အံကြိတ်ပြီး စာအုပ်ကိုကောက်ကိုင်လိုက်သည်။
.
.

"ငါ့စာအုပ်ပါလား...မင်းဆီကို ဘယ်လိုလုပ်ပြီး
ပါသွားတာလဲ..."

ငွေရှိုင်းက ဘာမှပြန်မပြောသောအခါ
"မင်းကိုယ်တိုင်ထည့်ပေးလိုက်တာလေ သောက်ရူးရဲ့...."ဟု စိတ်ထဲမှပြောရင်း ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင်မိသည်။

ထိုစဉ် အမြွှာနှစ်ယောက်ထံမှ ဟားတိုက်သံထွက်လာသည်။

"တစ်ယောက်တည်းစကားပြောနေတာ အရူးလားမသိဘူး...
ငါတို့အရူးတွေနဲ့ တစ်ခန်းတည်းစာသင်နေရတာ ကြောက်စရာပဲ..."

အသံသာကြားလိုက်ရ၍ ချာလီပြောတာလား၊ ဂေါ်လီပြောတာလား မခွဲလိုက်နိုင်ပေ...။သို့သော်လည်း အနောက်လှည့်ပြီး နှစ်ယောက်စလုံးကို ဆဲလိုက်သည်။ တစ်ရက်မှ မဆဲရတဲ့နေ့ဟူ၍ မရှိအောင် ကျက်သရေတုံးသော ညီအစ်ကိုနှစ်ယောက်ဖြစ်သည်။

သူတို့နှစ်ယောက်ကို ဂရုစိုက်မနေတော့ဘဲ
ငွေရှိုင်းထံသာ ပြန်ဦးတည်လိုက်သည်။

"ငါမနေ့က သချင်္ာစာအုပ်ပျောက်ပါတယ်ဆိုပြီး လိုက်ရှာနေတာ...မင်းဆီပါသွားတာကိုး...
ဒီနေ့အိမ်စာစစ်မှာလေ...မင်းကြောင့် ငါအဆူခံရတော့မယ်..."

"ဒီနေ့...သချင်္ာအချိန်မှ မပါတာ...
မင်း timetable မကြည့်...."

ငွေရှိုင်းသည် တစ်စုံတစ်ခုကို သတိပြုမိသွား၍ စကားဆုံးအောင် ဆက်မပြောဘဲ ရပ်လိုက်သည်။ အလင်းဝေ၏မျက်နှာတွင် ဂေါ်လီလုပ်ပြနေကျ အမြင်ကတ်ဖွယ်ရာ အပြုံးမျိုး ရှိနေသည်။

*ငွေရှိုင်းရယ်....နောက်ဆုံးတော့လည်း
မင်းစကားပြောကို ပြောရတာပါပဲ...။*

အလင်းဝေသည် ဉာဏ်နီဉာဏ်နက်များသော ကောင်လေးတစ်ယောက်ပင်။ ငွေရှိုင်းထံမှ စကားသံကြားလိုက်ရပြီးနောက် သူ့ကိုယ်သူ ကျေနပ်နေလျှက်ရှိသည်။

ထို့နောက် အင်္ဂလိပ်ဖတ်စာအုပ်ကို အသည်းအသန် ဖတ်ဟန်ဆောင်နေသော ငွေရှိုင်း၏ အနားသို့ အနည်းငယ် တိုးကပ်၍ပြောလိုက်သည်။

"ငါတို့နှစ်ယောက် သူငယ်ချင်းဖြစ်လို့ရပါတယ်ကွ...
ငါ့အဖေက မင်းအဖေရဲ့မန်နေဂျာလေ...ငါ့အဖေကို မင်းသိတယ်မလား...မြင်ဖူးရင်မြင်ဖူးမှာပေါ့...."

အလင်းဝေ၏စကားမှာ ငွေရှိုင်းကို အံ့အားသင့်သွားစေသည်။ ထို်ကြောင့် သူကိုယ်တိုင် သတိမပြုမိခင်မှာတင် အလင်းဝေကို လှည့်ကြည့်မိသည်။

"သိလားလို့....ဦးထက်လင်းလေ..."

ငွေရှိုင်းသည် ကျွန်တော့ဘက်သို့ လှည့်ထားသည်မှန်သော်လည်း ကျွန်တော့ကိုကြည့်မနေပေ...။ အဖေနှင့် ပတ်သတ်သည့် အကြောင်းကို စဉ်းစားနေပုံရသည်။

စိတ်မရှည်တော့သော ကျွန်တော်သည် ငွေရှိုင်းထံမှ စကားသံထွက်လာစေရန် အဖေ့နာမည်ကို အကြောင်းပြု၍ အရွန်းဖောက်လိုက်သည်။

"ထက်လင်းရင်လူးဆေးကို ပြောတာ မဟုတ်ဘူးနော်....
ငါ့အဖေဦးထက်လင်းကို ပြောနေတာ...

ဟိုလေကွာ...ဆံပင်က ဘိုကေ... ဆံပင်ဖြူ နည်းနည်းပေါက်နေပြီ...မပိန်မဝအနေတော်ပဲ...
ပြီးတော့ running manထဲက ဂျီဆော့ဂျင်နဲ့ နည်းနည်းဆင်တယ်..."

ဦးမင်းခေါင်ဦးကို နာမည်သာသိပြီး ရုပ်မမြင်ဖူးသည့် ကျွန်တော့အဖြစ်လို သူသည်လည်း အဖေ့ကို ရုပ်သာမြင်ဖူးပြီး နာမည်မသိတာများ ဖြစ်နေမလားဟုတွေးမိ၍ ပုံပန်းသွင်ပြင်ပါ အားရပါးရပြောပြမိသည်။

သို့သော်လည်း ငွေရှိုင်းသည်ကား ဂျီဆော့ဂျင်ကို မသိသည့်အပြင် ကျွန်တော်အဖေကိုပါ မသိပုံပေါက်နေသဖြင့် လက်လျှော့လိုက်ရသည်။

ထိုအချိန်တွင်.....အရှေ့တန်းမှ.
ချစ်မြတ်နိုးနှှင့် မေဆုနိုင်တို့၏ အသံစာစာ ထွက်ပေါ်လာသည်။ မေဆုနိုင်ဆိုသည်မှာ ချစ်မြတ်နိုး၏ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး ယခုကဲ့သို့ အတင်းပြောဖော်လည်း ဖြစ်ပြန်သည်။

"သူတို့နှစ်ယောက်က ရိုးရဲ့လားမသိဘူးနော်...
အမြဲအတူတွဲတွေ့နေရတယ်...ငါထင်တာ.ရည်းစားတွေ ဖြစ်နေပြီလားလို့.."

"အေးဆို...ငါလည်း အဲ့လိုထင်နေတာ...
ဒါပေမယ့် အစ်မကြီးကပဲ လိုက်ကပ်နေပုံပါဟ..."

ချစ်မြတ်နိုးတစ်ယောက် အစဖော်ပေးလိုက်သောစကားကို မေဆုနိုင်က ထောက်ခံပြီး သူမ၏ထင်မြင်ချက်ကိုပါ အဆစ်ထည့်ပေးလိုက်သည်။

ကျွန်တော်သည် ပုံမှန်ဆို မိန်းကလေးတွေ၏ အတင်းအဖျင်းစကားများကို စိတ်မဝင်စားတတ်သော်လည်း သူတို့ပြောနေကြသူ နှစ်ယောက်မှာ ကျွန်တော် အာရုံမစိုက်ဘဲ ကျော်သွားနိုင်သူများ မဟုတ်ကြပေ။

အတန်းရှေ့သို့ ငေးကြည့်မိသောအခါ ကျွန်တော်လည်းအကြည့် မမနွေရီကလည်း အရှေ့ဘက်သို့ပြန်အလှည့်ဖြစ်သောကြောင့် သူမ၏မျက်နှာကို သေချာမမြင်လိုက်ရပေ...။

သေချာမြင်လိုက်ရသည့် နောက်ကျောပုံရိပ်တွင်ကား မမနွေရီနှင့်အတူ ဘေးချင်းယှဉ်လျှက် ရှိနေသူသည် angry birdအနီကောင်ဖြစ်သည်။

ကျွန်တော့ မမနွေရီရဲ့ နာမည်အရင်းမှာ နွေရီရီနွယ်ဖြစ်ပြီး မှိုင်းခေါင်ဝေဦး၏ တစ်ဦးတည်းသော သူငယ်ချင်းလည်းဖြစ်သည်။ ဤအချက်ကပင် ကျွန်တော့အတွက် မှိုင်းခေါင်ဝေဦးအပေါ်၌ မနာလိုဖြစ်စေရသော အဓိက အကြောင်းတရားလည်းဖြစ်သည်။

ပြီးတော့ မမနွေရီက တစ်ကျောင်းလုံးမှာ အလှဆုံးမိန်းကလေးလေ။ မျက်လုံးကလည်း ဝိုင်းဝိုင်းလေး၊ အသားလေးလည်းဖြူပြီး အေးချမ်းတဲ့ အပြုံးလေးလည်းရှိတယ်။ ခန္ဓာကိုယ်ကလည်း ကိုရီးယားမလေးတွေလို သွယ်သွယ်လေးဖြစ်တဲ့အပြင် စာလည်းတော်နေသေးတယ်။

ပြောရရင် မမနွေရီက ကျွန်တော့ရဲ့crushလေးဗျာ....။ ဒီလောက်perfectဖြစ်တဲ့ မိန်းကလေးကို ယောကျ်ားလေးတွေ မပြောနဲ့... မိန်းကလေးချင်းတောင် ကြွေနေကြမှာ အမှန်ပဲ။

ဒါပေမဲ့ မှိုင်းခေါင်ဝေဦးကတော့ ဒီလိုအလှတရားလေးကို အေးတိအေးစက် ဆက်ဆံလွန်းသည်။ အားလုံးရဲ့အမြင်တွင် မမနွေရီကသာ မှိုင်းခေါင်ဝေဦးကို လိုက်ကပ်နေပြီး နှစ်ယောက်သား တွဲနေကြပုံ ဖြစ်နေသော်လည်း ကျွန်တော်ကတော့ အများနည်းတူ မမြင်နိုင်ပါ။

ကျောင်းပိုင်ရှင်ရဲ့သားကြီး ဖြစ်သည့် မှိုင်းခေါင်ဝေဦးသည် ပေါင်းသင်းဆက်ဆံရခက်သူတစ်ယောက် ဖြစ်သောကြောင့် ဘယ်သူမှ အနားမကပ်ရဲသော ဤလူ့ဂွစာကို မမနွေရီက သနားစိတ်နှင့် သူငယ်ချင်းအဖြစ် ရှိနေပေးခြင်းဟုသာ မြင်သည်။ မမနွေရီကို မိန်းမနောက်ပိုးတစ်ယောက်ကဲ့သို့ ပြောဆိုနေသော မေဆုနိုင်ကိုလည်း နာနာလေး ခေါက်ပစ်ချင်နေမိသည်။

မမနွေရီဆီသို့ အာရုံရောက်သွားသဖြင့် ငွေရှိုင်းနှင့် အဆက်အသွယ် ပြတ်သွားချိန်ခဏတွင် အစောပိုင်းကနှင့် မတူတော့ဘဲ ပြောင်းလဲသွားသည့် မျက်နှာမှာ အတင်းအဖျင်းပြောနေသူ မိန်းကလေးနှစ်ယောက်မြင်လျှင် လန့်သွားနိုင်သည့် အနေအထား၌ ရှိနေသည်။

အလင်းဝေသည် ငွေရှိုင်းတစ်ယောက် ချစ်မြတ်နိုးတို့ကို ဒေါသထွက်နေပြီဟု ထင်ခဲ့သော်လည်း အမှန်တကယ်မှာတော့ ငွေရှိုင်းသည် သူ့ကိုယ်သူ ဒေါသထွက်နေခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် မှိုင်းခေါင်ဝေဦးတို့နှင့် ပတ်သတ်သော မဟုတ်မမှန်စကားတို့အတွက် တုံ့ပြန်မပေးနိုင်ဘဲ နားထောင်ရုံသာ တတ်နိုင်ခဲ့သောကြောင့်ဖြစ်သည်။

>>>>>>>>>>>>>>>>>>>>

"ခေါင်ဝေ....ငွေရှိုင်းက နင်စိုးရိမ်နေသလို မဖြစ်ပါဘူးဟ...
သူ့ဘေးမှာထိုင်နေတဲ့ ကောင်လေးနဲ့တောင် စကားပြောနေသေးတယ်..."

နွေရီရီနွယ်သည် သူမ မြင်ခဲ့ရသည့်အတိုင်းပင် မှိုင်းခေါင်ဝေဦးကို ပြန်ပြောပြသည်။ မှိုင်းခေါင်ဝေဦး၏ အလိုမကျဖြစ်နေသော မျက်နှာကိုမြင်လိုက်ရသောအခါ နွေရီရီနွယ် သက်ပြင်းချမိသည်။

"စိတ်မပူပါနဲ့ဟာ...ငွေရှိုင်းက ကိုးတန်းကျောင်းသား တောင်ဖြစ်နေပြီပဲ...သူနဲ့စကားပြောနေတဲ့ ကောင်လေးကလည်း လိမ္မာပုံလေးပါ..."

"လူတွေရဲ့အပြင်ပန်းပုံစံနဲ့အတွင်းစိတ်က
ထပ်တူမကျနိုင်ဘူး..နွေရီ...ပြီးတော့ ငါသူ့ကို စိတ်ပူနေတာ မဟုတ်ဘူး..."

မှိုင်းခေါင်ဝေဦး၏ ပထမစကားသံသည် ပြတ်သားစွာနှင့် မာန်ပါပါထွက်ပေါ်လာသော အသံဖြစ်ပြီး ဒုတိယစကားသံသည် မပြတ်သားမှုနှင့် တိုးတိမ်စွာ ထွက်ပေါ်လာသော အသံဖြစ်သည်။

"နင့်အကြောင်း...ငါအသိဆုံးပါ..ခေါင်ဝေရယ်..."

နွေရီရီနွယ်၏စကားမှာ မှိုင်းခေါင်ဝေဦးကို စိတ်ရှုပ်သွားစေပုံရသည်။ အဘယ်ကြောင့်ဆိုသော် ထိုစကားပြောပြီးနောက် တစ်ချိန်တည်းမှာပင် သူမထံသို့ အပြစ်တင်လိုသော အကြည့်တစ်စုံ ရောက်ရှိလာပြီး မှိုင်းခေါင်ဝေဦးသည်လည်း သူမအနားမှ ထွက်သွားလေပြီ..။

>>>>>>>>>>>>>>>>>>>>>>>>>>>>

AN/

*.....* အဲ့လိုအဖွင့်အပိတ်နဲ့ဆို ဇာတ်ကောင်ရဲ့စိတ်ထဲမှာ ပြောနေတဲ့စကားတွေပါ။ boldနဲ့ italicဆိုရင် unicodeပြောင်းတဲ့ အခါမှာမပေါ်လို့ ဒီလိုပဲသုံးသွားပါမယ်။

အပိုင်းသုံးအထိ ပေါ်လာပြီဖြစ်တဲ့ ဇာတ်ကောင်တွေနာမည်နဲ့ ပတ်သတ်မှုလေးကို မမေ့အောင်ပြန်ပြောပေးပါမယ်။ တစ်ပတ်မှတစ်ပိုင်းတင်ဖြစ်တော့ မေ့ကုန်မှာစိုးလို့ပါxd။

*ဦးမင်းခေါင်ဦး(Green Leaf Owner)
မှိိုှုင်းခေါင်ဝေဦး(သားကြီး)
ငွေရှိုင်း(သားငယ်)

(ဒါက မိသားစုတစ်စုပါ...။သူတို့နေထိုင်တဲ့ စံအိမ်ကြီးနာမည်က ငွေ့ရည်မိုးဖြစ်ပါတယ်...။)

*ဦးထက်လင်း(ဦးမင်းခေါင်ဦးရဲ့ဂျာကြီး)
အလင်းဝေ
ကြီးကြီးစန်း(အလင်းဝေရဲ့နာနီ)

-အဓိက ဇာတ်ဆောင်သုံးယောက်လုံးမှာ အမေမရှိတော့ပါဘူး...။ အလင်းဝေအမေက နောက်ယောကျ်ားနောက် လိုက်ပြေးသွားတာဖြစ်ပြီး မှိုင်းခေါင်တို့မေမေ အကြောင်းတော့ နောက်မှလာပါမယ်။

*နွေရီရီနွယ်(မှိုင်းခေါင်ရဲ့တစ်ဦးတည်းသော သူငယ်ချင်းပါ...အရန်ဇာတ်ကောင်ထဲမှာမှ အဓိက အခန်းကဏ္ဍတွေကနေ ပါဝင်မယ့်သူဖြစ်ပါတယ်...)

*အောင်သစ္စာ(ချာလီ)
နောင်သစ္စာ(ဂေါ်လီ)
ချစ်မြတ်နိုး
မေဆုနိုင်

(သူတို့လေးယောက်က ငွေရှိုင်းနဲ့အလင်းဝေတို့ရဲ့ အတန်းဖော်တွေဖြစ်ပြီး အလျဉ်းသင့်သလိုပဲ ဇာတ်လမ်းထဲပါမှာပါ....)

See You Next Week...

Love you all😘
Han_Me
(8.6.2020)

Continue Reading

You'll Also Like

60.4K 2.9K 46
ស្នេហាកើតចេញពីការជំនួសមនុស្សម្នាក់ដែលគេស្រឡាញ់ព្រោះតែមានមុខមាត់ប្រហាក់ប្រហែលគ្នា មុនដំបូងគិតថាយកមកលេងសើចតែចៃដន្យអីជាប់ស្នេហ៍គេមែនទែនដកចិត្តមិនរួច និព...
348K 27.3K 34
punishment type ပါ။ အဆင်ပြေမှဖတ်ပါ။
891K 16K 56
" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည်းဂရုမစိုက်ပဲနေနိုင်ပေမယ့်.. ငါကတော့ဆရာသ...
37.8K 1.9K 40
Title - The Loudest Silence [တိတ်ဆိတ်ခြင်းရဲ့ ပဲ့တင်သံ] Type - Own Creation, Myanmar BL ကြွေကျလာတဲ့ ဆာကူရာ ပွင့်ဖတ်လေးကို ဖမ်းမိခဲ့ရင် မင်းရ...