BLUE SIDE

By ParkJiEun-KTPO

214K 19.8K 1K

JiKook KookMin (Complete) More

BLUE SIDE ( Ep 1)
BLUE SIDE (Ep 2)
BLUE SIDE (Ep 3)
BLUE SIDE (Ep 4)
BLUE SIDE (Ep 5)
BLUE SIDE (Ep 6)
BLUE SIDE (Ep 7)
BLUE SIDE (Ep 8)
BLUE SIDE (Ep 9)
BLUE SIDE (Ep 10)
BLUE SIDE (Ep 11)
BLUE SIDE (Ep 12)
BLUE SIDE (Ep 13)
BLUE SIDE (Ep 14)
BLUE SIDE (Ep 16)
BLUE SIDE (Ep 17)
BLUE SIDE (Ep 18)
BLUE SIDE (Ep 19)
BLUE SIDE (Ep 20)
BLUE SIDE (Ep 21)
BLUE SIDE (Ep 22)
BLUE SIDE (Ep 23)
BLUE SIDE (Ep 24)
BLUE SIDE (Ep 25)
BLUE SIDE (Ep 26)
BLUE SIDE (Ep 27)
BLUE SIDE (Ep 28)
BLUE SIDE (Ep 29) Unicode
BLUE SIDE (Ep 29) Zawgyi
❤️ Proposal VD ❤️
BLUE SIDE (Ep 30)
BLUE SIDE (Ep 31) Unicode
BLUE SIDE (Ep 31) Zawgyi
❤️ PreWedding VD ❤️
BLUE SIDE (Ep 32)
BLUE SIDE (Ep 33)
BLUE SIDE (Ep 34)

BLUE SIDE (Ep 15)

4.8K 541 25
By ParkJiEun-KTPO

Tae - Hyung နောက်ကျတယ်နော် ပြန်လာတာ...

JiMin - အင်း Tae မုန့်ဝင်စားနေလို့....ပြီးတော့လေ Tae-ah ...hyung မနက်တိုင်း company မလိုက်တော့ဘူး Tae သွားနှင့်...ချာတိတ်ကိုကျောင်းဝင်ပို့ပြီးလိုက်လာမှာမို့....

Tae - ကောင်းပါပြီဗျ....သဘောရှိပါနော်....အေးပေါ့လေ ရည်းစားရသွားတော့လဲ တစ်ဦးထဲရှိတဲ့ ညီလေးကို ပစ်ထားပြီပေါ့....အော် ငါ့ဘဝ....

ရုပ်ကိုမဲ့ရွဲ့ကာ သူ့Hyungကိုနောက်သွားသေးတဲ့ Taeလေး.....

**************************************
တီ တီ

ကားဟွန်းတီးလိုက်တော့ ထွက်လာပါပြီ အိမ်ဖြူလေးထဲက ယုန်ပေါက်လေး...ပါးစပ်ကလဲ ပေါင်မုန့်လေးကိုက်လို့ စာအုပ်တွေဖိုင်တွေက တဖတ် ကိုယ့်အတွက် မနက်စာဘူးလေးတွေက တဖတ်နဲ့....တကယ့် ဖရိုဖရဲလေး သူ့ကြည့်ရင် ဆရာလို့ယုံချင်စရာတကွက်မှမရှိ ကျောင်းသားလေးကြနေတာပဲ ကျောင်းသားတောင်မှ အထက်တန်းကျောင်းသားလေး.....အမလေး အိမ်တံခါးကိူတောင် ဖင်နဲ့ပေါက်ပြီး ပိတ်လိုက်သေးတာဗျ...

အမြင်မတော်တဲ့အဆုံး JiMin ကပဲ ကားပေါ်ကဆင်းပြီး စာအုပ်တွေ ဖိုင်တွေကို ကူသယ်ပေးလိုက်ရတယ်....အော် ငါလေးလဲ ဒီကလေးနဲ့ကြမှ မလုပ်ဖူးတာတွေလုပ်နေရတယ်....

JiMin - အော် ချာတိတ်ရယ် ဘယ်လိုဖြစ်လာတာလဲ....မနိုင်မနင်းနဲ့...

JK - ဟီးးးးးး အိပ်ယာထနောက်ကျလို့...ကမန်းကတန်းထွက်လာရလို့ပါ....

သူ့ကို စာအုပ်ကူသယ်ပေးပြီး စာအုပ်တွေကားပေါ်တင်ဖို့ ကားတံခါးဖွင့်တုန်း ပါးကိုအလစ်လာနမ်းသွားတဲ့ကောင်လေး...Morning kiss လို့အော်သွားသေးတာ.....

*************************************
ကျောင်းသို့ ကားမောင်းတုန်း

Phone Ringing....

JiMin - အင်း ပြော....

..............

- မလွမ်းပါဘူး....

..............

- ပြော ပြော ဘာကိစ္စလဲ ငါကားမောင်းနေတယ်

..............

- America ဘာသွားလုပ်တာလဲ....

.................

- သာယာတယ်နော်....

.................

- ဟိုတယ် ...ဘယ်ဟိုတယ်လဲ..

................

-အင်း နေ့ခင်းထမင်းစားတဲ့အချိန်လာခဲ့မယ်...

ဖုန်းချပြီးနောက်....ချာတိတ်တယောက်အတွေးတွေနဲ့ချာချာလည်ပြီ...မေးလဲမေးချင် မမေးလဲမမေးရဲ....လွမ်းတာတွေရော ဟိုတယ်တွေရောဆိုတော့ သူစိတ်ပူနေမိတာတော့အမှန်ပင်....မေးချလိုက်ပြန်ရင်လဲ privacyဆိုတော့ မကောင်းပြန်ဘူးလေ.....

သူ့ကိုကွက်ကြည့်ကွက်ကြည့်လုပ်နေတဲ့ ချာတိတ်ကို JiMin သတိထားမိသွားပြီး ...ချာတိတ်ကိုယ့်ကိုပြောစရာရှိလို့လား....

Jk - ဟင့်အင်း....

JiMin - ဒါဆိုလဲ ဆင်းတော့ ....ကျောင်းရောက်ပြီ

JKအတွေး- အားးးးးသိချင်လိုက်တာ ခုနကဖုန်းဆက်တာဘယ်သူကြီးလဲကွာ ဘယ်သူမို့လို့ လွမ်းတယ်မလွမ်းဘူးကော ဟိုတယ်ပါခေါ်နေရတာလဲ

JK - ဟုတ် Hyung ဒါဆို ကျွန်တော်သွားတော့မယ်နော်....

ကားပေါ်ကဆင်းမယ်လုပ်တော့ JiMin ကပြန်ဆွဲထားကာ...

JiMin - ခုနက ဘယ်သူဖုန်းဆက်တာလဲ သိချင်နေတာလား....

မေးလိုက်တော့ ခေါင်းလေးညိမ့်ပြတဲ့ချာတိတ်လေး......

JiMin - အင်း နိုင်ငံခြားသူ Korea မှာနေတာ ဟိုတလောက သူ Americaပြန်သွားပြီး အခုမှပြန်ရောက်လာလို့တဲ့ အဲ့တာ ခေါ်နေတာ...

Jk - အဲ့တော့ Hyung ကသွားမယ်ပေါ့ ၂ယောက်ထဲ hotel ခန်းထဲမှာလေ...နေ့လည်စာပါတူတူစားဦးမယ်ပေါ့....

JiMin - အင်းပေါ့...မတွေ့တာကြာတော့ ကိုယ်လဲ လွမ်းလို့လေ....

Jk - သွား သွား သွား....." အော် ပြောကာ ကားတံခါးကိုစောင့်ပိတ်ထွက်သွားတဲ့ ယုန်ပေါက်...သေချာပါတယ် သဝန်တိုသွားပြန်ပြီ....

အဲ့လိုသဝန်တိုတာလေးကို အသဲယားလွန်းလို့ ဟက်ဟက်ပက်ပက်ရယ်ကာ ကားမောင်းထွက်သွားတဲ့ JiMin...ဒီဘက်က ချာတိတ်မှာတော့ သူစိတ်ဆိုးသွားမှန်းသိရဲ့သားနဲ့ မချော့ပဲ ကားမောင်းထွက်သွားတဲ့ အချေကြီးကို ဘယ်လိုနားလည်ပေးရမလဲ မသိနိုင်လောက်အောင်ပင် မျက်နှာတစ်ခုလုံးရှုံမဲ့ကာ ကျန်ရစ်ခဲ့လေတော့တယ်....

နားနေခန်းထဲရောက်ပြီး ထိုင်တဲ့အထိ စိတ်ထဲမှာမကျေနပ် "အဲ့မိန်းမကကော ဘာလို့ခေါ်တာလဲ ဘာလို့ဟိုတယ်မှာမှလဲ ဘာတွေလဲ....အားးးးးးးး

Ella - အမလေး လန့်လိုက်တာ ဆရာရယ် ဘာလို့ ထအော်တာလဲလို့....

JK - အော် မင်းဘာလာလုပ်တာလဲ...

Ella - ဒီမှာလေ sora ပေါ့ ဆရာ့ကို မေးစရာရှိတယ်ဆိုလို့ အဲ့တာအဖော်လိုက်လာပေးတာ....

JK - မေး ဘာမေးမလို့လဲ...

Sora - ဟိုဟာလေ ဆရာ...ဆရာ့အကိုနာမည်သိချင်လို့....ဟို Oppa လေ...ဟီးးး

JK - နာမည်မရှိဘူး...

Sora - အာ ဆရာကလဲ မနောက်ပါနဲ့....ပြောပြပါနော်...အဆင်ပြေရင် ဖုန်းနံပါလေးပါပေးပါလို့ ဟီးးဟီးး.....

JK - ကယ် ကလေးမတို့ ကြွကြတော့နော် ငါလုပ်စရာတွေရှိသေးတယ်....အရည်မရ အဖတ်မရတွေလာမေးမနေနဲ့...သိချင်ရင် ကိုယ့်ဘာသာစုံစမ်း....

Ella - ဒါဆို ဆရာ့ဖုန်းနံပါတ်ပေး....

JK - မပေးဘူး...သွားကြတော့...မင်းတို့မသွားရင် ငါသွားမယ်....

ဟုပြောကာ စာအုပ်နဲ့ ဖုန်းကိုင်ကာထွက်သွားသော ဆရာ...ဟုတ်တယ်လေ ကိုယ့်ဟာကိုယ်တောင် စိတ်ညစ်နေပါတယ်ဆို သူတို့ကတမှောက်.....

Ella - ဆရာကလဲ ချေလိုက်တာဟာ...ငါတော့ တော်တော်ကြိုးစားရမယ့်ပုံပဲ....

Sora - နင့်ဆရာချေတာ ငါ့ Oppaကိုမှီမယ်မထင်ဘူး ဟူးးးးး....ညီအစ်ကိုလို့မပြောရဘူး ချေလိုက်ကြတာ....

Ellla - အေးလေဟယ်...ဟဲ့ ငါအကြံရပြီ....ငါတို့ ပါမာက္ခချုပ်ကိုသွားမေးရင်ကော....ဟိုနေ့က စကားပြောနေတဲ့ပုံကြည့်ရင် ရင်းနှီးတဲ့ပုံပဲ....

Sora - မဆိုးဘူး...လာသွားမယ်....

**************************************

Ella + Sora - ရှင် CEO Park JiMin....ပြီးတော့ ပြီးတော့ လာ... လာချီဘိုလာလာ Company!!!!!!!!.....

Dr John - အင်း....

Sora - daebak!!!!! ဒါဆိုလုံးဝသူဌေးကြီးပေါ့နော် ...ဒီအသက်အရွယ်လေးနဲ့လေ....

Ella - အားပါးပါး....ဆရာ Jeon ကလဲ ဒီလောက်ချမ်းသာနေတာ ဘာလို့အပင်ပန်းခံပြီး စာသင်နေလဲမသိဘူးနော်....

Dr John - CEO Park JiMinနဲ့ JungKook နဲ့ဘာဆိုင်လို့...သူက အလုပ်မလုပ်ရမှာတုန်း...

Ella - ဟင် ဆရာ သူတို့၂ယောက်က ညီအစ်ကိုမဟုတ်ဘူးလား....

Dr John - မဟုတ်ပါဘူး ဘာမှမတော်ဘူး...ကယ် သွားကြတော့ ဆရာလဲ ဒီလောက်ပဲပြောပြနိုင်မယ်....

Ella + Sora - ဟုတ် ဆရာ သွားခွင့်ပြုပါဦး....

Sora - Park JiMin တဲ့ နာမည်လေးက လှလိုက်တာ JiMin Oppa ..JiMin Oppa ဟီးးး

Ella - ဟဲ့ နေဦး...သူတို့က ဘာမှမတော်ဘူးဆိုတော့ ဘာတွေလဲ ....ကျောင်းလဲ လိုက်ပို့ ကျောင်းလဲလိုက်ကြိုနေတာ....

Sora - ဟင် လာပဲကြိုတာမဟုတ်ဘူးလား...

Ella - မဟုတ်ဘူး ဆရာ့ကို မျက်စိတောက်ထောက်ကြည့်နေတဲ့ ငါပါဟ...မနက်က JiMin Oppa လာပို့သွားတာ....ခါတိုင်းဆို ဆရာYoongiတို့ ဆရာ Hoseok တို့နဲ့လာတာ....

Sora - မသိဘူး ငါကတော့ ကြွေပြီးရင်းကြွေပဲ ဒီလောက်ချော ဒီလောက်ငယ်ပြီး ဒီလောက်စမတ်ကျတဲ့ millioner အခုမှပဲမြင်ဖူးတော့တယ်....ကြွေပြီ Oppaရယ်....

***************************************
နေ့ခင်း ထမင်းစားချိန် ကျောင်းကန်တင်းကို JungKook ထွက်ပြီး ထမင်းစားဖို့လုပ်တော့လဲ စိတ်မပါလက်မပါဖြင့်သာ...ဖုန်းဆက်ရင် ကောင်းမလား မဆက်ရင်ကောင်းမလားလုပ်ရတာလဲအခါခါ သူဒီအချိန်ဆို ဟိုတယ်ရောက်နေပြီလားဆိုတဲ့ အတွေးနဲ့ အမှောင်ထုထဲထိဝင်ရောက်တွေးမိနေတာလဲ အခါခါ.....ဟူးးးးးး.......

ကန်တင်းကလူတွေ ဟိုစုစု ဒီစုစုနဲ့ ဘာတွေကြည့်ပြီးပြောနေကြပါလိမ့်....သူတို့အကြည့်စုံရာကိုကြည့်လိုက်တော့...

ဟင် Hyung....ဒီကို ဘာလာလုပ်တာတုန်း ပုံစံကြည့်ရတာ ငါ့ကိုရှာနေတာလားမသိဘူး....

JK - Hyung ...ကျွန်တော် ဒီမှာ....." မတ်တပ်ရပ်ပြီး လက်ပြလိုက်တော့....

JiMin - ရှာလိုက်ရတာ ချာတိတ်ရယ်....လာသွားမယ်...

JK - ဟင် ဘယ်လဲ Hyung....

မေးတာတောင် မစောင့် ရှေ့ကနေပြန်ထွက်သွားတဲ့Hyung....ကိုယ်ပဲပြေးလိုက်ရတာပေါ့....

ကားပေါ်ရောက်တော့...

Jk - Hyung ဘယ်သွားမလို့လဲ...

JiMin - ဟိုတယ်လေ....

ဟင် ငါ့ကိုခေါ်သွားမလို့လား....ဘာသဘောကြီးလဲ ငါက Hyungနဲ့ နိုင်ငံခြားသူကိုထိုင်ကြည့်နေရမယ်ပေါ့ .....ရက်စက်လိုက်တာ

***************************************
Hotel ခန်းထဲရောက်တော့ အထင်နဲ့ အမြင်ကတခြားစီသာ....

JK - Hyung မကောင်းဘူး ပြောတော့ နိုင်ငံခြားသူဆို ကျွန်တော့ကို စိတ်မကောင်းဖြစ်အောင်တမင်လုပ်တာပေါ့လေ....ကျွန်တော့မှာ မနက်ခင်းတပိုင်းလုံး ဘယ်လောက်စိတ်ဒုက္ခရောက်လိုက်ရလဲ ခင်ဗျားကြီး သိလား....အီးဟီးးးဟီးးး....

Jin - အမလေး JungKook-shi ငါငိုဖို့လဲထားပါဦးနော်....စိတ်ကသိပ်ကြည်တာမဟုတ်ဘူး...

ဟုတ်ပါတယ် အမှန်တော့ ဘယ်နိုင်ငံခြားသူမှမဟုတ်ပါ...Jin ပဲဖြစ်ပါတယ်....ရှေ့တပတ်က Ameraica ကို တယောက်ထဲshoppingထွက်ရင်း ခရီးလွန်သွားတော့ NamJoon နဲ့ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းလာလို့ ဟိုတယ်မှာ လာနေနေတာပါ....ထုံးစံအတိုင်း JiMin အတွက် ပုလင်းတွေပါလာလို့ JiMinကလဲ ပုလင်းမျက်နှာနဲ့ လာယူခြင်းဖြစ်ပါတယ်....လွမ်းတဲ့အကြောင်းဆိုတာကလဲ Jinအကြောင်းသိတဲ့အတိုင်း ဖုန်းစပြောတာနဲ့ ပေါက်ကရပြောနေကြဆိုတော့ ငါ့ကိုမလွမ်းဘူးလား ဘေဘီမေးလို့မေးလို့ JiMinကဖြေခဲ့တာပါ....ပြီးတော့ သဝန်တိုလွန်းတဲ့ ချာတိတ်လေးကို တမင်စချင်တာနဲ့ နိုင်ငံခြားသူလို့ပြောလိုက်ခြင်းသာ....

JiMin - ချာတိတ်ကလဲ ကိုယ်က စတာကို....

JK - စရင်လဲ တခြားဟာစပါလားလို့...

JiMin - မစချင်ပါဘူး ကိုယ့်ချာတိတ်လေး သဝန်တိုရင် ချစ်ဖို့ကောင်းလို့....

Jin - တော်ကြပါတော့ဟဲ့.....လူကဘူနေတာနော်...သူများအခန်းထဲလာပြီး...ပြီးတော့ Park JiMin ငနာ မင်းငါ့ကို အားပေးဖို့လာတာလား မင်းတို့ပလူးဖို့လာတာလား....

JiMin - ၂ခုလုံး...စားစရာမှာလိုက်တော့ ငါဘာမှမစားရသေးဘူး ချာတိတ်အတွက်ရောပဲ သူ စားရင်းတန်းလန်းလိုက်လာရတာ.....

Jin - သဘောရှိ....ဖုန်းဆက်ပေးမယ် ခဏစောင့်ကြ.....

Jin စားစရာမှာဖို့ဖုန်းဆက်ပြီးတော့...

JiMin - လာစမ်းပါဦး ဘယ်လိုဖြစ်ကြတာလဲ....

Jin - ရန်ဖြစ်လို့ပေါ့ဟ...ငါ America ကိုသွားလည်မယ်ပြောတော့ ခွင့်ပြုတုန်းက ခွင့်ပြုခဲ့ပြီး အခုမှ ဘာထဖြစ်မှန်းမသိဘူး....

JiMin - မင်းက ဘယ်နရက်တောင် သွားလိုက်လို့မှန်းမှမသိတာ..

Jin - ဟီးးးး ငါလဲ ၂ရက်လောက်ပဲဆိုပြီး သွားတာတပတ်ကြာသွားတယ်...

JiMin - နည်းတောင်နည်းသေးတယ် ခံပေါ့....

Jin - yahhhh!!!!!!......

တင်း တောင်.....

Jin - မှာထားတာတွေ လာပို့ပြီထင်တယ် မြန်လိုက်တာ.....

Jk - ကျွန်တော် သွားဖွင့်လိုက်မယ် Hyung....

တံခါးဖွင့်လိုက်တော့.....

JK - ဟင် NamJoon Hyung....

Joon - ဟင် JungKook shi....JungKook-shi ကဘယ်လိုလုပ်..ဒီကို....

JK - ကျွန်တော် နဲ့ JiMin Hyung နဲ့ တူတူလိုက်လာတာပါ...Jin Hyungခေါ်လို့ အထဲမှာရှိပါတယ် Hyung ဝင်သွားလိုက်ပါ.....

Joon - Jin-ah.....

Jin - yahhhj Jeon Jungkook သူ့ကိုဘာလို့ပေးဝင်လိုက်တာလဲ....သွားပြန်ထွက်သွား...

Joon - ကယ်ပါ Jinnie လေးရယ် ကိုယ်ကပဲတောင်းပန်ပါတယ်နော် ....နောက်မဆူတော့ပါဘူး....

Joon က Jin ရဲ့ ခါးလေးကိုဖက်ကာ ပါးလေးကို နမ်းလိုက်...နှုတ်ခမ်းလေးကို နမ်းလိုက် လက်ကလေးကို နမ်းလိုက်လုပ်နေတော့....ဒီဘက်က JiMin နဲ့ JungKook နေ့လည်စာပဲ ဆက်စောင့်ရမလား ရှောင်ပြီးပဲ ပြန်ရတော့မလား လမ်းတွေပျောက်နေရတယ်....ယိုသူမရှက် မြင်သူရှက်ဆိုသလို နမ်းလိုက်ယက်လိုက်လုပ်နေတာသူတို့၂ယောက် ရှက်နေရတာက ဒီဘက်က၂ယောက်...ကိုယ်တွေရှိတာမေ့နေတဲ့ပုံပဲ....

JungKook က JiMin နားကပ်ကာ...

Jk- Hyung ကျွန်တော်တို့ ပြန်ကြရအောင် အပြင်မှာပဲသွားစားမယ်လေ...

JiMin - မလိုပါဘူး...လိုတုန်းကခေါ်ပြီး မလိုတော့မှ ငါတို့က ပြန်စရာလား...." အမလေးချေချက်....

" Yahhhh မင်းတို့၂ကောင် အိပ်ခန်းထဲဝင်ရင်လဲ ဝင်တော့ ငါတို့ရှိတယ်ဆိုတာလဲ သတိရကြဦး ဘယ်အချိန်ထိထိုင်ကြည့်နေရမှာလဲ"

Jin - ဟုတ်သားပဲ အဟမ်းးးး JiMin-ah ငါသူစာရင်းသွားရှင်းလိုက်ဦးမယ်.....

JiMin - ကြွ ကြွ....စောက်ကျိုးနဲစာရင်းသွားရှင်းမယ်တဲ့ ပလူးကြတော့မှာများ....

တင်း တောင်....

JK - Hyung စားစရာတွေရောက်ပြီ....

JiMin နဲ့ JungKook စားသောက်နေတုန်း...

" အ Joonie အားးးးးး " အအ Jinnah"

"ဟာ Joonie မလုပ်နဲ့ ယားတယ်လို့ "

" ကိုယ့် Jinnie လေးက ချစ်ဖို့ကောင်းတာကို"

Jk - အဟွတ် အဟွတ် အဟွတ်.....

JiMin - ချာတိတ် အဆင်ပြေလား ရော့ ရေသောက်လိုက်....

ဒီဧည့်ခန်းကနှစ်ယောက်မှာတော့ မဆီမဆိုင် မျက်နှာတွေ နီရဲကုန်ကြလေပြီ....တယောက်မျက်နှာလဲ တယောက်မကြည့်ရဲကြ...ထမင်းလဲ ဆက်ပဲစားရတော့မလို ထပဲပြန်ရတော့မလို လမ်းပျောက်ပြန်ပြီ....JiMinက စိတ်မရှည်တဲ့အဆုံး စာပွဲမှ ထပြီး တံခါးသွားခေါက်ဖို့ လက်ရွယ်လိုက်တော့....JungKookက ပြန်ဆွဲထားကာ...

JK - Hyung ရယ် မကောင်းပါဘူး...လာပါ...

JiMin - ချာတိတ် ကိုယ်တို့ပြန်ကြမလား...

JK - ရပါတယ် Hyung ရဲ့ ကျွန်တော် အဆင်ပြေပါတယ်....စာသင်ချိန်ကလဲ ၃နာရီမှ အခုမှ ၁၂:၄၅ပဲရှိသေးတာကို....

JiMin - အင်း အင်း....

ဘယ်ဘဝက ဝဋ်ကြွေးမှန်းကိုမသိဘူး ကိုယ့်ထမင်းကိုယ်စားပြီး သူတို့ ချစ်ရည်လူးသံတွေထိုင်နားထောင်နေရတာ...ထမင်းစားသောက်ပြီးတော့ လုက်စရာမရှိတော့ ပိုဆိုးပါတယ်..တယောက်မျက်နှာတောင် တယောက်မကြည့်ကြ...Sofa ခုံရှည်ရဲ့ အစွန်းတဖက်စီမှာထိုင်လို့ ချာတိတ်ကလဲ ဒူးလေးကိုတုပ်ကာ လက်သည်းကိုက်ပြီး ဟိုကြည့်ဒီကြည့် JiMinကိုချောင်းကြည့်လိုက်နဲ့...ဒီဘက်အစွန်းက CEOမှာလဲ လည်ပင်းကိုပွတ်လိုက် ပါးကိုပွတ်လိုက် ဂနာမငြိမ်ချက်...Air-con ဖွင့်ထားတဲ့ Hotel ခန်းထဲထိုင်ပြီး အိုက်စပ်စပ်ဖြစ်နေတဲ့ ၂ယောက်....စောက်ရေးထဲ ဟို၂ကောင်ကလဲ ကြာချက်ပဲ....

ဂနာမငြိမ်ဟိုကြည့်ဒီကြည့်လုပ်ရင်းမှ ၂ယောက်သား အကြည့်ခြင်းစုံသွားရင် အခုမှတွေ့ဖူးတဲ့ သူစိမ်းတွေလို ပြုံးပြပြီး အကြည့်လွှဲရတာလဲ အမော...ဟူးးး ဒီပုံအတိုင်းဆို ကြာရင် မလွယ်ဘူး....

Jin - မင်းတို့ စားပြီးကြပြီလား....

အမလေး ပြီးသွားပြီထင်တယ်...

JiMin - အေး မင်းတို့ကော စားလို့မှကောင်းရဲ့လား...

Jin - ဟာ ဘာတွေလျှောက်ပြောနေတာလဲ ငါ ငါတို့က ရန်ဖြစ်နေတာ...

JiMin - ဟုတ်မှလဲလုပ် အပြင်ကအတိုင်းသားကြားနေရတယ် လဒရဲ့....

Joon က Jinနားကပ်ကာ" ပြောတော့အသံလုံတယ်ဆို " ဟီးးး မသိဘူးလေ".....

JiMin - ဘယ်မှာလဲ ပုလင်းတွေ ထုတ်ပေးတော့ ပြန်တော့မယ်....

Jin - အော် ဒီမှာ ရော့....JiMin-ah တာ့တာ...

JiMin - လာ ချာတိတ်...ပြန်ကြမယ်....

Hotel ကထွက်တဲ့ အချိန်ကနေစပြီး ကားပေါ်ရောက်တဲ့အထိ ဘာစကားမှမပြောဖြစ်ကြ...ကျောင်းရှေ့ရောက်လို့ ကားရပ်လိုက်တော့မှ....

JK - Hyung ဒါဆို ကျွန်တော် သွားတော့မယ်နော်...

JiMin - အင် အင်း ချာတိတ်...ညနေမှ ပြန်လာကြိုမယ်

JK - ဟုတ်....

JiMin - ချာတိတ်....

Jk - ဗျာ.....

ချာတိတ်လေးရဲ့ လက်ကိုဆွဲကာ နှုတ်ခမ်းလဲမဟုတ် နှာခေါင်းလဲမဟုတ် နှုတ်ခမ်းမွှေးပေါက်တဲ့နေရာလေးကို အနမ်းဖွဖွလေးတော့

ပြောရမယ်ဆို ဒီနေရာလေးပေါ့....

ထိုသို့ အနမ်းလေးဖွဖွပေးလိုက်တော့ ရီဝေဝေမျက်လုံးလေးတွေနဲ့ လာကြည့်တဲ့ ချာတိတ်လေး....

JK - Hyung.....

JiMin - သွားတော့ ကိုယ် ညနေလာကြိုမယ်....

JK - ဟုတ်....

ချာတိတ်လေးမှာတော့ နှလုံးခုန်ရပ်မတပ်ပါပဲ...နှူတ်ခမ်းကို မနမ်းပေမယ့်လဲ အရမ်းကိုရင်ခုန်ရတယ် ခပ်ဖွဖွလေးသာဆိုပေမယ့် ချိုမြိန်တယ် နွေးထွေးတယ်...ဒီလိုအပြုအမူလေးတွေနဲ့ပဲ ဖမ်းစားထားနိုင်လွန်းသူ JiMin Hyung ပါပဲ....အရမ်းချစ်တယ် Hyung....

Ep 16 Coming Soon....💜

__________________________________________





**************************************
တီ တီ

ကားဟွန်းတီးလိုက်တော့ ထွက်လာပါပြီ အိမ်ဖြူလေးထဲက ယုန်ပေါက်လေး...ပါးစပ်ကလဲ ပေါင်မုန့်လေးကိုက်လို့ စာအုပ်တွေဖိုင်တွေက တဖတ် ကိုယ့်အတွက် မနက်စာဘူးလေးတွေက တဖတ်နဲ့....တကယ့် ဖရိုဖရဲလေး သူ့ကြည့်ရင် ဆရာလို့ယုံချင်စရာတကွက်မှမရှိ ကျောင်းသားလေးကြနေတာပဲ ကျောင်းသားတောင်မှ အထက်တန်းကျောင်းသားလေး.....အမလေး အိမ်တံခါးကိုတောင် ဖင်နဲ့ပေါက်ပြီး ပိတ်လိုက်သေးတာဗျ...





*************************************

Phone Ringing....

JiMin - အင်း ပြော....

..............

- မလွမ်းပါဘူး....

..............


..............


.................

- သာယာတယ်နော်....

.................

- ဟိုတယ် ...ဘယ်ဟိုတယ်လဲ..

................




Jk - ဟင့်အင်း....
















JK - မေး ဘာမေးမလို့လဲ...


JK - နာမည်မရှိဘူး...










**************************************


Dr John - အင်း....












***************************************





JK - ဟင် ဘယ်လဲ Hyung....


ကားပေါ်ရောက်တော့...


JiMin - ဟိုတယ်လေ....


***************************************
















Jin - yahhhh!!!!!!......

တင်း တောင်.....



တံခါးဖွင့်လိုက်တော့.....

JK - ဟင် NamJoon Hyung....



Joon - Jin-ah.....










တင်း တောင်....






Jk - အဟွတ် အဟွတ် အဟွတ်.....






JiMin - အင်း အင်း....















JK - ဟုတ်....

JiMin - ချာတိတ်....

Jk - ဗျာ.....




JK - Hyung.....


JK - ဟုတ်....


Ep 16 Coming Soon....💜

__________________________________________

Continue Reading

You'll Also Like

111K 13.1K 200
လုကျိုးဟာ မမျှော်လင့်ဘဲ စနစ်တခုကိုပိုငဆိုင်ကာ လူတွေအလည်မှာ ထင်ပေါ်ကျော်ကြားလာခဲ့တယ်
493K 44.9K 120
စက်​ပညာတိုးတက်​​ခေတ်​မှီလာ​သောအချိန်​တစ်​ခု.... လူသားများကိုယ်​တိုင်​ဝင်​​ရောက်​ကစားနိုင်​​သောsystemကြီးဟာထိုအချိန်​အခါကေ​ကျာ်​ကြား​လေတယ်​.... သို့...
39.7K 5.8K 6
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့short storyလေးပါ♡˖꒰ᵕ༚ᵕ⑅꒱ This is just a fun translation. I do not...
26.8K 2.7K 17
The perfect destiny၏ arc3ကို ဘာသာပြန်ဆိုခြင်းဖြစ်သည်။ ♥*completed*♥