🌼TWENTY🌼
"အခုထိ သိမ္းထားေသးတာလား"
ႏွစ္ဦးသားဖြင့္ဟဝန္ခံအၿပီးမွာေတာ့ JongIn ဟာ သူ႔ကို စာဖတ္ခန္းေလးဆီကို ေခၚသြားခဲ့သည္။ ေသတၱာေလးထဲမွာ သိမ္းထားတဲ့ ညိဳညစ္ညစ္စကၠဴေခါက္ေလးေတြကိုေတြ႔ေတာ့ KyungSoo ဖြင့္ဖတ္ၾကည့္မိတယ္။ စာျပဖို႔ေျပာထားတုန္းကပဲ ~
"အင္း .. "
JongIn က အေႏြးေထြးဆံုးအၿပံဳးေလးျဖင့္ ၿပံဳးျပလိုက္ၿပီး မာဖလာေလးကိုထုတ္ယူလာခဲ့သည္။
"ေရာ႕ ... ပိုင္ရွင္ကိုျပန္ေပးတာ"
အေကာင္းတိုင္းရွိေနတဲ့ မာဖလာေလးကိုျမင္ေတာ့ KyungSoo မ်က္ရည္ေတြဝဲမိျပန္သည္။
JongIn က သူ႔ကိုအရမ္းခ်စ္တာေတာင္ သူက အထင္ေတြလြဲပီး သူပဲခံစားရသလိုလုပ္ေနခဲ့တယ္လို႔ ခံစားရသည္။
"ဘာလို႔ငိုတာလဲ ... ငါ မင္းမ်က္ရည္ေတြကိုျမင္ရင္ နာက်င္ရတာ မသိဘူးလား"
KyungSoo ခ်က္ခ်င္းပဲ မ်က္ရည္ေတြကိုသုတ္လိုက္သည္။ လက္နဲ႔အၾကမ္းပတမ္းပြတ္လိုက္ေပမယ့္ JongIn က သူ႔လက္ျဖင့္ခပ္ဖြဖြေလးသုတ္ေပးလာ၏။
"ငါ မေကာင္းဘူး ... တစ္ကိုယ္ေကာင္းဆန္ခဲ့တယ္"
ဒူးေထာက္ထိုင္ၿပီး မ်က္ရည္ေတြသုတ္ေပးေနတဲ့ JongIn က KyungSoo ကိုဆြဲဖက္လိုက္သည္။
တရွံု႔ရွံု႔နဲ႔ငိုေနတာေၾကာင့္ အဆင္ေျပတယ္ ဆိုတဲ့စကားကိုပဲ ေျပာကာ တင္းတင္းက်ပ္က်ပ္ေလးေပြ႔ထားေပးသည္။
"အကုန္ငါ့့အမွားပါ ... အဲ့တာေၾကာင့္ ကုိယ့္ကုိယ္ကို အျပစ္တင္ေနတာေတာ္ေတာ့ေလ ... ေနာ္ "
JongIn ေျပာလိုက္ေတာ့ ေခါင္းေလးညိမ့္ျပေလ၏။ အသည္းယားစြာနဲ႔ ဆံပင္ေလးကိုဆြဲဖြေနလုိုက္ေတာ့ ေခါင္းက ရင္ခြင္ထဲအတင္းတိုးဝင္လာေလရဲ႕
"အိမ္ျပန္ေတာ့ေလ ... လိုက္ပို႔ေပးမယ္ေလ
အေမစိတ္ပူေနလိမ့္မယ္ "
အဲ့လ္ုေျပာေတာ့လဲ ေခါင္းေလးညိမ့္ေလရဲ႕ ..
JongIn ဒူးေထာက္ရာကေန ထလိုက္ၿပီး KyungSoo ကို ရင္ခြင္ထဲကေနထုတ္ကာ ပခံုးေလးကိုဆုပ္ကိုင္လိုက္သည္။
"ၿပီးေတာ့ Tatoo ဘယ္တုန္းကထိုးလိုက္တာလဲ .. "
"မင္းနဲ႔ေတြ႔မယ္လုပ္တဲ့ေန႔က ... ဒီတိုင္းျပခ်င္ခဲ့လို႔ "
"မနာဘူးလား "
"နာတယ္ ....စစခ်င္း အရမ္းနာတာပဲ ...ဒါေပမယ့္ မင္းနာမည္က ဒီေနရာေလးမွာ ေရာက္လာတာကိုေတြ႔ေတာ့ တစ္စက္ကေလးမွမနာဘူး"
"ခ်စ္တယ္ KyungSoo "
JongIn ဟာ ထိုစကားေျပာၿပီး Kyungsoo ရဲ႕ နဖူးေလးကို အျကာျကီး ဖိကပ္နမ္းလိုက္သည္။
"ငါလဲ ခ်စ္တယ္ JongIn"
🌼🌼🌼
ဒီေန႔မနက္ေတာ့ KyungSoo အေစာႀကီးႏိုးေနသည္။ မေန႔ညကလဲ ေကာင္းေကာင္းအိပ္ခဲ့ရ၏၊
မနက္စာအတြက္ ျပင္ဆင္ေနတဲ့ အေမ့ကို အေနာက္ကေနသြားဖက္လိုက္သည္။
"အေမ့"
"အမယ္ေလး ၾကားသားမိုးႀကိဳး အေစာႀကီးႏိုးေနလို႔ပါလား "
"အေမ့ကို ေျပာစရာရွိတယ္ "
"ေျပာေလ "
"အခုေတာ့မေျပာေသးဘူး ေနာက္က်မွေျပာမယ္ "
"အိုေကပါရွင္ .. အဲ့တာဆိုလဲ ေနာက္မွေျပာ
ဒါနဲ႔ သားပံုစံၾကည့္ရတာ ေပ်ာ္ေနသလိုပဲ"
"ဟုတ္လား ... ဟီး "
အေမကေတာ့ ခပ္ၿပံဳးၿပံဳးျဖင့္သူ႔ကိုၾကည့္ေလ၏။
Kyungsoo ကေတာ့ ရွက္သြားတာနဲ႔ လည္ပင္းကို ပြတ္ကာ ရယ္ျပလိုက္သည္။
မနက္စာစားေနရင္း JongIn ကို သတိရသြားတာေၾကာင့္ ျမန္ျမန္စားၿပီး သူ႔အတြက္ ဟင္းေတြထည့္ေပးလိုက္သည္။
အေမကေတာ့ နားမလည္တဲ့ အမူအရာျဖင့္ သူလုပ္သမ်ွကိုၾကည့္ေနသည္။
"သားသြားစရာရွိလို႔ သြားလိုက္ဦးမယ္"
အက်ီ ၤေတာင္မလဲေတာ့ပဲ ကျပာကယာျဖင့္သြားတာေၾကာင့္ သူမမွာ ဘာမွေျပာခြင့္မရလိုက္~
×××
Ting tong
အျပာႏုေရာင္ အစေလးနဲ႔ ထုတ္ထားတဲ့ အထုတ္ေလးကို KyungSoo သေဘာတက် ၾကည့္ေနမိသည္။
"KyungSoo ဘာျဖစ္လို႔လဲ ... "
JongIn က သူ႔ကိုေတြ႔တာနဲ႔ စိတ္ပူသလိုပံုစံပဲလုပ္ေနတာေၾကာင့္ လက္ထဲက အထုတ္ကို ေျမႇာက္ျပလိုက္ၿပီး အိမ္ထဲကို အတင္းဝင္သြားလိုက္သည္။
"မင္းအတြက္ မနက္စာ .. လာပို႔ေပးတာ "
စားပြဲေပၚမွာ ပန္းကန္ေတြအစီအစဥ္ခ်ၿပီးေတာ့
ပါလာတဲ့ ဟင္းေတြကိုထည့္ကာ ျပင္ဆင္ေပးေနတာေၾကာင့္ JongIn မွာ တကယ္ပင္ေပ်ာ္ရသည္။
"ဒီဘူးေတြကို ေရခဲေသတၱာထဲမွာ ထည့္ေပးထားမွာမို႔လို႔ အရင္လို အျပင္ထြက္ၿပီး မစားနဲ႔...
ေကာင္းေကာင္းစား ... "
"ရပ္ၾကည့္မေနနဲ႔ေလ ... လာစား .. "
ေငးၾကည့္ေနတုန္းမွာ Kyungsoo ရဲ႕အသံေလးေၾကာင့္ သူ႔အနားကိုသြားလိုက္ၿပီး အေနာက္ေန ဖက္လိုက္သည္။
"ေက်းဇူးတင္ပါတယ္ KyungSoo "
"Eweee မနက္ေစာေစာစီးစီး အသားယူဖို႔စဥ္းစားမေနပဲ ျမန္ျမန္လာစား"
JongIn သိုင္းဖက္ထားတဲ့ လက္ေတြကို ဖယ္ဖို႔လုပ္ၿပီး တံေတာင္ျဖင့္တြတ္ကာ မနက္စာစားဖို႔ေျပာသျဖင့္ ေနာက္ဆံုးအေနနဲ႔ KyungSoo လည္ဂုတ္ေလးကို ခပ္ဖြဖြေလးနမ္းလိုက္သည္။
မ်က္ႏွာေတြရဲၿပီး ေက်ာက္႐ုပ္ႀကီးလို ျဖစ္သြားတဲ့ KyungSoo က္ို JongIn က တဟားဟားျဖင့္ ေအာ္ရယ္ကာ စေနာက္ခဲ့တယ္။
ဒီမနက္ခင္းက JongIn ရဲ႕ဘဝမွာ အေပ်ာ္ရႊင္ဆံုးနဲ႔ အေတာင့္တဆံုးအရာတစ္ခုျဖစ္တယ္။
🌼🌼🌼
"ဘယ္ေန႔ သြားမွာလဲ "
ႏွစ္ဦးသား မ်က္ႏွာခ်င္းဆိုင္ထိုင္ေနရင္း KyungSoo က အရင္စကားစလိုက္သည္။
"ဒီအပတ္ ... စေနေန႔ျဖစ္ဖို႔မ်ားတယ္"
"အာ ... ၃ ရက္ပဲလိုေတာ့တာပဲ "
KyungSoo ေခါင္းကိုငံု႔ခ်လိုက္သည္။ အလ္ုိလိုေနရင္း မ်က္ရည္ေတြဝဲလာ၏၊
"ၾကည့္ရတာ ငါတို႔ကို ကံၾကမၼာက ေတြ႔ဆံုခြင့္မေပးဘူးထင္တယ္"
ေခါင္းငံု႔လ်က္သားနဲ႔ စသလိုလို ေနာက္သလိုလို ေျပာလိုက္ေပမယ့္ KyungSoo အသံေတြတုန္ယင္ေနသည္။ နားလည္မႈလြဲစြာနဲ႔ ႏွစ္ေတြအမ်ားႀကီး ေဝးခဲ့တာ ... အခုမွျပန္စတင္ရံုေလးရွိေသး ထပ္ခြဲရမယ့္ ကံၾကမၼာပါလာျပန္သည္။
"အဲ့လိုမေျပာပါနဲ႔ ... ငါ မၾကာမၾကာျပန္လာမယ္ေလ ... ငါတို႔ေသခ်ာေပါက္ျပန္ေတြ႔မွာပါ
အဲ့တာေၾကာင့္ မေကာင္းတဲ့အေတြးေတြ မေတြးနဲ႔ ေနာ္ "
JongIn က ထံုးစံအတ္ုိုင္း KyungSoo ဆီကိုလာၿပီး မ်က္ရည္သုတ္ေပးေနသည္။ JongIn ဟာ အၿမဲတမ္း အေကာင္းဘက္ကေနေတြးေလ့ရွိတယ္ ... KyungSoo ကေတာ့ အားငယ္တတ္တဲ့သူပီပီ တစ္ခုခုဆို အဆံုးထိေတြးပစ္လိုက္တာပိုမ်ားသည္။
ဝမး္နည္းေပမယ့္ JongIn အတြက္ ၿပံဳးျပမွျဖစ္မယ္ဆိုၿပီး မ်က္ရည္ေတြကိုသုတ္လိုက္သည္။
ၿပီးေတာ့ ေခါင္းျပန္ေမာ့ၿပီး JongIn ကို အသည္းပံုေတြႏႈတ္ခမ္းေတြေပၚဲ့အထိ ရယ္ျပလိုက္တယ္။
"ငါတို႔ ဒီသံုးရက္အတြင္း အမွတ္တရေတြ အမ်ားႀကီး ဖန္တီးရေအာင္ ",
နွစ္ေတြအမ်ားႀကီး ေစာင့္ဆိုင္းၿပီးေတာ့မွ ခ်စ္ရတဲ့ KyungSoo နဲ႔ အမွတ္တရေတြဖန္တီးခြင္႔ရမွာျဖစ္လို႔ JongIn ေခါင္းညိမ့္မိလိုက္သည္။
"၃ ရက္တာ အခ်္ိန္ေတြအားလံုးကို အတူတူကုန္ဆံုးရေအာင္ KyungSoo "
×××
"ေသခ်ာရဲ႕လား KyungSoo "
"ေသခ်ာပါတယ္ဆို ... ငါ JongIn နဲ႔ ဒီလိူလုပ္ဖူးခ်င္ခဲ့တာ ... "
ပထမရက္အတြက္ သူရည္ရြယ္ထားတဲ့ေနရာက JongIn ရဲ႕ အိမ္ပါဆိုၿပီး အိမ္သန္႔ရွင္းေရးလုပ္ဖို႔ျပင္ေနတာေၾကာင့္ JongIn မွာ တားရခက္ျဖစ္ေနသည္။ ေနာက္ဆံုးေတာ့ မထူးဘူးဆိုၿပီး JongIn ပါ ဝင္ပါလိုက္ေတာ့သည္။
"ဒါဆို ငါလဲပါမွာေပါ့ "
"အရင္ဆံုး ဒီခန္းဆီးေတြ ဒီအိပ္ရာေတြကို လဲရမယ္ "
KyungSoo ရဲ႕သေဘာအတ္ုိင္း JongIn က ေခါင္းညိမ့္ကာ ခန္းဆီးေတြကို ျဖဳတ္ေနလိုက္သည္။
"ဟာ KyungSoo ! "
JongIn ခံုေပၚတက္ၿပီး ျဖဳတ္ေနတုန္း KyumgSoo က သူ႔ဖင္ကို လာ႐ိုက္ေလရဲ႕~
ၿပီးေတာ့ လ်ွာထုတ္ကာေျပာင္ျပၿပီး ထြက္ေျပးေလရဲ႕ ~
"ဟာ KyungSoo မလုပ္နဲ႔လို႔ "
အဝတ္ကိုေျခနဲ႔နင္းေလ်ွာ္ေနတုန္း KyungSoo က ပံုးထဲဝင္လာၿပီး ဆပ္ျပာအျမႇပ္ေတြနဲ႔ သူ႔ကို ပတ္ေလ၏၊
"ေျပာမရလဲ ေနကြာ "
JongIn လဲ တစ္ဖန္ျပန္ၿပီး ဆပ္ျပာျမႇဳပ္ေတြနဲ႔ပက္လိုက္ေတာ့ KyungSoo က ဖင္ထိုင္လ်က္က်သြားၿပီး တစ္ကုိယ္လံူး ဆပ္ျပာျမႇဳပ္ေတြဖံုးသြားသည္။
"ဟား ဟား မင္း ဆပ္ျပာလူသားျဖစ္သြားၿပီ
ဟား ဟား "
JongIn က တဟားဟားနဲ႔ ေအာ္ရယ္ေလေတာ့
KyungSoo က JongIn ရဲ႕လက္ကိုဆြဲခ်လိုက္သည္။ ႏွစ္ေယာက္လံုး ဆပ္ျပာျမႇဳပ္ေတြ ဖံုးေနတာေၾကာင့္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီး ရယ္ရင္း ၊ ဆပ္ျပာျမႇဳပ္ေတြ ဖယ္ေပးရင္းနဲ႔
လွပတဲ့ မနက္ခင္းဟာ စိုေျပေနခဲ့တယ္။
×××
"ငါၾကည့္ေနတာကို ဘာလို႔ေျပာင္းလိုက္တာလဲ "
ေန႔လယ္စာစားၿပီးေတာ့ ေပါက္ေပါက္ဆုပ္ေတြရယ္ အေအးေတြရယ္ေသာက္ၿပီး Movie ၾကည့္ေနတဲ့ KyungSoo ကို စခ်င္တာနဲ႔ အျခားလိုင္းေျပာင္းေပးလိုက္သည္။
"မင္း ဒါကိုၾကည့္တာ ဘယ္ႏွစ္နာရီရွိၿပီလဲ "
JongIn က KyungSoo အေပၚကေန အုပ္မိုးထားတဲ့ အေနထားနဲ႔ သူ႔မ်က္ႏွာကိုၾကည့္ၿပီးေမးလိုက္ေတာ့ မ်က္ခံုးေလးကို တြန္႔ခ်ိဳးရင္း စဥ္းစားေနေလရဲ႕~
"၂ နာရီ "
လက္ေလးႏွစ္ေခ်ာင္းေထာင္ျပၿပီး JongIn ရဲ႕ ပါးစပ္ထဲကို ေပါက္ေပါက္ဆုပ္ေတြ ထည့္ေပးေတာ့ JongIn သေဘာတက်ၿပံဳးမိသြားတယ္။
"အဲ့တာၾကည့္ရတာက မပ်င္းဘူးလား "
"မပ်င္းပါဘူး "
"အဲ့တာေတြပဲ မၾကည့္ပဲ ငါ့မ်က္ႏွာကိုပဲျကည့္ေလ "
JongIn ရဲ႕ အမူအရာေၾကာင့္ KyungSoo သေဘာတက်ေအာ္ရယ္လိုက္မိသည္။
JongIn ဟာ တကယ္ ကေလးေလးက်လို႔ ~
"အဲ့တာ သဝန္တိုတာလား "
"မဟုတ္ပါဘူး ... "
"မဟုတ္ဘူးသာေျပာတာ မ်က္ႏွာမွာ အားလံုးေရးထားတယ္ "
KyungSoo ကို မႏိုင္မွန္းသိတာေၾကာင့္ JongIn ပဲ လက္ေျမႇာက္အရွံုးေပးလိုက္ရသည္။
ခဏၾကာေတာ့ Sofa ေပၚေလးမွာ JongIn အိက္ေပ်ာ္သြားခဲ့သည္။ KyungSoo ကေတာ့ အိပ္ေပ်ာ္ေနတဲ့ JongIn ရဲ႕အနားကိုသြားၿပီး
သူ႔ရဲ့မ်က္ႏွာကို ထိုင္ၾကည့္ေနခဲ့တယ္။
×××
ညစာကိုလဲ KyungSoo ကုိယ္တိုင္ျပင္ဆင္ထားတဲ့ အထူးဟင္းလ်ာေလးေတြစားရင္း၊
စကားေတြေျပာရင္း ၊ လက္ကိုတြဲၿပိးအတူတူလမ္းေလ်ွာက္ရင္းနဲ႔ KyungSoo ကို အိမ္လိုက္ပို႔ေပးခဲ့သည္။
"ကဲ အိမ္ေရာက္ပါၿပီခင္ဗ် "
KyungSoo ရဲ႕ အိမ္ေရွ႕ကိုေရာက္ေတာ့ တြဲထားတဲ့လက္ေတြကို ပိုၿပီးတင္းက်ပ္ေအာင္ ဆုပ္ကိုင္လိဳက္သည္။
"ငါ JongIn နဲ႔ မခြဲခ်င္ေသးဘူး "
ကေလးဆန္တဲ့ KyungSoo ရဲ႕ စကားကို " ငါေရာပဲ" ဆိုၿပီး JongIn ဟာေျဖခဲ့တယ္။
"မနက္ျဖန္ လာေခၚမယ္ .. ေစာင့္ေန"
"အင္း ... အေစာႀကီးလာေခၚေနာ္ ... "
လက္နဲ႔လက္ညိဳးထိပ္ေလးကိုထိလိုက္ၿပီး အိုေက လုပ္ျပလိုက္ေတာ့ KyungSoo က တာ့တာျပၿပီး အိမ္ထဲဝင္သြားသည္။
KyungSoo အိမ္ထဲဝင္သြားၿပီးမွ JongIn ဟာ အိမ္ျပန္ဖို႔လွည့္ထြက္လာခဲ့သည္။
"JongIn ခဏ "
အိမ္ထဲက ျပန္ထြက္လာၿပီး JongIn ကိုေခၚလိုက္တဲ့ KyungSoo ေၾကာင့္ အေနာက္ကိုလွည့္ၾကည့္လိုက္သည္။
"ေကာင္းေကာင္းအိပ္ေနာ္ ... အိမ္ျပန္လက္ေဆာင္လာေပးတာ "
JongIn ရဲ႕ ႏႈတ္ခမ္းေလးကို အသည္းပံုႏႈတ္ခမ္း ဖူးဖူးေလးနဲ႔ ထိကပ္လိုက္တာေၾကာင့္ JongIn မွာ ေၾကာင္အသြားသည္။
အနမ္းေပးၿပီး ခ်က္ခ်င္းအိမ္ထဲျပန္ဝင္သြားတာေၾကာင့္ KyungSoo လဲရွက္သြားမယ္ဆိုတာ JongIn သိသည္။
JongIn သူ႔ႏႈတ္ခမ္းေလးကို ကိုင္ၾကည့္ရင္း
ထိုေနရာမွာ အၾကာႀကီးရပ္ေနမိသည္။
ႏႈတ္ခမ္းေပၚမွာ အေႏြးဓာတ္ရွိေနတယ္လို႔ JongIn စိတ္ထဲကေန ပံုေဖာ္ၾကည့္မိသည္။
အိမ္မက္မဟုတ္တဲ့ အေၾကာင္းအရာတစ္ခုက
~အခ်စ္ရဆံုးလူရဲ့ အနမ္းကို ပထမဦးဆံုးအေနနဲ႔ ၁၃ ႏွစ္အၾကာမွာ JongIn ရရွ္ိခဲ့သည္။
The Years I Love You the Most
🌼TBC🌼
အရွည္ႀကီးေရးေပးလိုက္ပါတယ္ရွင္ 🙆♀️
🌼TWENTY🌼
"အခုထိ သိမ်းထားသေးတာလား"
နှစ်ဦးသားဖွင့်ဟဝန်ခံအပြီးမှာတော့ JongIn ဟာ သူ့ကို စာဖတ်ခန်းလေးဆီကို ခေါ်သွားခဲ့သည်။ သေတ္တာလေးထဲမှာ သိမ်းထားတဲ့ ညိုညစ်ညစ်စက္ကူခေါက်လေးတွေကိုတွေ့တော့ KyungSoo ဖွင့်ဖတ်ကြည့်မိတယ်။ စာပြဖို့ပြောထားတုန်းကပဲ ~
"အင်း .. "
JongIn က အနွေးထွေးဆုံးအပြုံးလေးဖြင့် ပြုံးပြလိုက်ပြီး မာဖလာလေးကိုထုတ်ယူလာခဲ့သည်။
"ရော့ ... ပိုင်ရှင်ကိုပြန်ပေးတာ"
အကောင်းတိုင်းရှိနေတဲ့ မာဖလာလေးကိုမြင်တော့ KyungSoo မျက်ရည်တွေဝဲမိပြန်သည်။
JongIn က သူ့ကိုအရမ်းချစ်တာတောင် သူက အထင်တွေလွဲပီး သူပဲခံစားရသလိုလုပ်နေခဲ့တယ်လို့ ခံစားရသည်။
"ဘာလို့ငိုတာလဲ ... ငါ မင်းမျက်ရည်တွေကိုမြင်ရင် နာကျင်ရတာ မသိဘူးလား"
KyungSoo ချက်ချင်းပဲ မျက်ရည်တွေကိုသုတ်လိုက်သည်။ လက်နဲ့အကြမ်းပတမ်းပွတ်လိုက်ပေမယ့် JongIn က သူ့လက်ဖြင့်ခပ်ဖွဖွလေးသုတ်ပေးလာ၏။
"ငါ မကောင်းဘူး ... တစ်ကိုယ်ကောင်းဆန်ခဲ့တယ်"
ဒူးထောက်ထိုင်ပြီး မျက်ရည်တွေသုတ်ပေးနေတဲ့ JongIn က KyungSoo ကိုဆွဲဖက်လိုက်သည်။
တရှုံ့ရှုံ့နဲ့ငိုနေတာကြောင့် အဆင်ပြေတယ် ဆိုတဲ့စကားကိုပဲ ပြောကာ တင်းတင်းကျပ်ကျပ်လေးပွေ့ထားပေးသည်။
"အကုန်ငါ့အမှားပါ ... အဲ့တာကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်နေတာတော်တော့လေ ... နော် "
JongIn ပြောလိုက်တော့ ခေါင်းလေးညိမ့်ပြလေ၏။ အသည်းယားစွာနဲ့ ဆံပင်လေးကိုဆွဲဖွနေလိုက်တော့ ခေါင်းက ရင်ခွင်ထဲအတင်းတိုးဝင်လာလေရဲ့
"အိမ်ပြန်တော့လေ ... လိုက်ပို့ပေးမယ်လေ
အမေစိတ်ပူနေလိမ့်မယ် "
အဲ့လ်ုပြောတော့လဲ ခေါင်းလေးညိမ့်လေရဲ့ ..
JongIn ဒူးထောက်ရာကနေ ထလိုက်ပြီး KyungSoo ကို ရင်ခွင်ထဲကနေထုတ်ကာ ပခုံးလေးကိုဆုပ်ကိုင်လိုက်သည်။
"ပြီးတော့ Tatoo ဘယ်တုန်းကထိုးလိုက်တာလဲ .. "
"မင်းနဲ့တွေ့မယ်လုပ်တဲ့နေ့က ... ဒီတိုင်းပြချင်ခဲ့လို့ "
"မနာဘူးလား "
"နာတယ် ....စစချင်း အရမ်းနာတာပဲ ...ဒါပေမယ့် မင်းနာမည်က ဒီနေရာလေးမှာ ရောက်လာတာကိုတွေ့တော့ တစ်စက်ကလေးမှမနာဘူး"
"ချစ်တယ် KyungSoo "
JongIn ဟာ ထိုစကားပြောပြီး Kyungsoo ရဲ့ နဖူးလေးကို အကြာကြီး ဖိကပ်နမ်းလိုက်သည်။
"ငါလဲ ချစ်တယ် JongIn"
🌼🌼🌼
ဒီနေ့မနက်တော့ KyungSoo အစောကြီးနိုးနေသည်။ မနေ့ညကလဲ ကောင်းကောင်းအိပ်ခဲ့ရ၏၊
မနက်စာအတွက် ပြင်ဆင်နေတဲ့ အမေ့ကို အနောက်ကနေသွားဖက်လိုက်သည်။
"အမေ့"
"အမယ်လေး ကြားသားမိုးကြိုး အစောကြီးနိုးနေလို့ပါလား "
"အမေ့ကို ပြောစရာရှိတယ် "
"ပြောလေ "
"အခုတော့မပြောသေးဘူး နောက်ကျမှပြောမယ် "
"အိုကေပါရှင် .. အဲ့တာဆိုလဲ နောက်မှပြော
ဒါနဲ့ သားပုံစံကြည့်ရတာ ပျော်နေသလိုပဲ"
"ဟုတ်လား ... ဟီး "
အမေကတော့ ခပ်ပြုံးပြုံးဖြင့်သူ့ကိုကြည့်လေ၏။
Kyungsoo ကတော့ ရှက်သွားတာနဲ့ လည်ပင်းကို ပွတ်ကာ ရယ်ပြလိုက်သည်။
မနက်စာစားနေရင်း JongIn ကို သတိရသွားတာကြောင့် မြန်မြန်စားပြီး သူ့အတွက် ဟင်းတွေထည့်ပေးလိုက်သည်။
အမေကတော့ နားမလည်တဲ့ အမူအရာဖြင့် သူလုပ်သမျှကိုကြည့်နေသည်။
"သားသွားစရာရှိလို့ သွားလိုက်ဦးမယ်"
အကျီ ၤတောင်မလဲတော့ပဲ ကပြာကယာဖြင့်သွားတာကြောင့် သူမမှာ ဘာမှပြောခွင့်မရလိုက်~
×××
Ting tong
အပြာနုရောင် အစလေးနဲ့ ထုတ်ထားတဲ့ အထုတ်လေးကို KyungSoo သဘောတကျ ကြည့်နေမိသည်။
"KyungSoo ဘာဖြစ်လို့လဲ ... "
JongIn က သူ့ကိုတွေ့တာနဲ့ စိတ်ပူသလိုပုံစံပဲလုပ်နေတာကြောင့် လက်ထဲက အထုတ်ကို မြှောက်ပြလိုက်ပြီး အိမ်ထဲကို အတင်းဝင်သွားလိုက်သည်။
"မင်းအတွက် မနက်စာ .. လာပို့ပေးတာ "
စားပွဲပေါ်မှာ ပန်းကန်တွေအစီအစဉ်ချပြီးတော့
ပါလာတဲ့ ဟင်းတွေကိုထည့်ကာ ပြင်ဆင်ပေးနေတာကြောင့် JongIn မှာ တကယ်ပင်ပျော်ရသည်။
"ဒီဘူးတွေကို ရေခဲသေတ္တာထဲမှာ ထည့်ပေးထားမှာမို့လို့ အရင်လို အပြင်ထွက်ပြီး မစားနဲ့...
ကောင်းကောင်းစား ... "
"ရပ်ကြည့်မနေနဲ့လေ ... လာစား .. "
ငေးကြည့်နေတုန်းမှာ Kyungsoo ရဲ့အသံလေးကြောင့် သူ့အနားကိုသွားလိုက်ပြီး အနောက်နေ ဖက်လိုက်သည်။
"ကျေးဇူးတင်ပါတယ် KyungSoo "
"Eweee မနက်စောစောစီးစီး အသားယူဖို့စဉ်းစားမနေပဲ မြန်မြန်လာစား"
JongIn သိုင်းဖက်ထားတဲ့ လက်တွေကို ဖယ်ဖို့လုပ်ပြီး တံတောင်ဖြင့်တွတ်ကာ မနက်စာစားဖို့ပြောသဖြင့် နောက်ဆုံးအနေနဲ့ KyungSoo လည်ဂုတ်လေးကို ခပ်ဖွဖွလေးနမ်းလိုက်သည်။
မျက်နှာတွေရဲပြီး ကျောက်ရုပ်ကြီးလို ဖြစ်သွားတဲ့ KyungSoo ကို JongIn က တဟားဟားဖြင့် အော်ရယ်ကာ စနောက်ခဲ့တယ်။
ဒီမနက်ခင်းက JongIn ရဲ့ဘဝမှာ အပျော်ရွှင်ဆုံးနဲ့ အတောင့်တဆုံးအရာတစ်ခုဖြစ်တယ်။
🌼🌼🌼
"ဘယ်နေ့ သွားမှာလဲ "
နှစ်ဦးသား မျက်နှာချင်းဆိုင်ထိုင်နေရင်း KyungSoo က အရင်စကားစလိုက်သည်။
"ဒီအပတ် ... စနေနေ့ဖြစ်ဖို့များတယ်"
"အာ ... ၃ ရက်ပဲလိုတော့တာပဲ "
KyungSoo ခေါင်းကိုငုံ့ချလိုက်သည်။ အလိုလိုနေရင်း မျက်ရည်တွေဝဲလာ၏၊
"ကြည့်ရတာ ငါတို့ကို ကံကြမ္မာက တွေ့ဆုံခွင့်မပေးဘူးထင်တယ်"
ခေါင်းငုံ့လျက်သားနဲ့ စသလိုလို နောက်သလိုလို ပြောလိုက်ပေမယ့် KyungSoo အသံတွေတုန်ယင်နေသည်။ နားလည်မှုလွဲစွာနဲ့ နှစ်တွေအများကြီး ဝေးခဲ့တာ ... အခုမှပြန်စတင်ရုံလေးရှိသေး ထပ်ခွဲရမယ့် ကံကြမ္မာပါလာပြန်သည်။
"အဲ့လိုမပြောပါနဲ့ ... ငါ မကြာမကြာပြန်လာမယ်လေ ... ငါတို့သေချာပေါက်ပြန်တွေ့မှာပါ
အဲ့တာကြောင့် မကောင်းတဲ့အတွေးတွေ မတွေးနဲ့ နော် "
JongIn က ထုံးစံအတိုင်း KyungSoo ဆီကိုလာပြီး မျက်ရည်သုတ်ပေးနေသည်။ JongIn ဟာ အမြဲတမ်း အကောင်းဘက်ကနေတွေးလေ့ရှိတယ် ... KyungSoo ကတော့ အားငယ်တတ်တဲ့သူပီပီ တစ်ခုခုဆို အဆုံးထိတွေးပစ်လိုက်တာပိုများသည်။
ဝမ်းနည်းပေမယ့် JongIn အတွက် ပြုံးပြမှဖြစ်မယ်ဆိုပြီး မျက်ရည်တွေကိုသုတ်လိုက်သည်။
ပြီးတော့ ခေါင်းပြန်မော့ပြီး JongIn ကို အသည်းပုံတွေနှုတ်ခမ်းတွေပေါ်ဲ့အထိ ရယ်ပြလိုက်တယ်။
"ငါတို့ ဒီသုံးရက်အတွင်း အမှတ်တရတွေ အများကြီး ဖန်တီးရအောင် ",
နှစ်တွေအများကြီး စောင့်ဆိုင်းပြီးတော့မှ ချစ်ရတဲ့ KyungSoo နဲ့ အမှတ်တရတွေဖန်တီးခွင့်ရမှာဖြစ်လို့ JongIn ခေါင်းညိမ့်မိလိုက်သည်။
"၃ ရက်တာ အချိန်တွေအားလုံးကို အတူတူကုန်ဆုံးရအောင် KyungSoo "
×××
"သေချာရဲ့လား KyungSoo "
"သေချာပါတယ်ဆို ... ငါ JongIn နဲ့ ဒီလိူလုပ်ဖူးချင်ခဲ့တာ ... "
ပထမရက်အတွက် သူရည်ရွယ်ထားတဲ့နေရာက JongIn ရဲ့ အိမ်ပါဆိုပြီး အိမ်သန့်ရှင်းရေးလုပ်ဖို့ပြင်နေတာကြောင့် JongIn မှာ တားရခက်ဖြစ်နေသည်။ နောက်ဆုံးတော့ မထူးဘူးဆိုပြီး JongIn ပါ ဝင်ပါလိုက်တော့သည်။
"ဒါဆို ငါလဲပါမှာပေါ့ "
"အရင်ဆုံး ဒီခန်းဆီးတွေ ဒီအိပ်ရာတွေကို လဲရမယ် "
KyungSoo ရဲ့သဘောအတိုင်း JongIn က ခေါင်းညိမ့်ကာ ခန်းဆီးတွေကို ဖြုတ်နေလိုက်သည်။
"ဟာ KyungSoo ! "
JongIn ခုံပေါ်တက်ပြီး ဖြုတ်နေတုန်း KyumgSoo က သူ့ဖင်ကို လာရိုက်လေရဲ့~
ပြီးတော့ လျှာထုတ်ကာပြောင်ပြပြီး ထွက်ပြေးလေရဲ့ ~
"ဟာ KyungSoo မလုပ်နဲ့လို့ "
အဝတ်ကိုခြေနဲ့နင်းလျှော်နေတုန်း KyungSoo က ပုံးထဲဝင်လာပြီး ဆပ်ပြာအမြှပ်တွေနဲ့ သူ့ကို ပတ်လေ၏၊
"ပြောမရလဲ နေကွာ "
JongIn လဲ တစ်ဖန်ပြန်ပြီး ဆပ်ပြာမြှုပ်တွေနဲ့ပက်လိုက်တော့ KyungSoo က ဖင်ထိုင်လျက်ကျသွားပြီး တစ်ကိုယ်လူံး ဆပ်ပြာမြှုပ်တွေဖုံးသွားသည်။
"ဟား ဟား မင်း ဆပ်ပြာလူသားဖြစ်သွားပြီ
ဟား ဟား "
JongIn က တဟားဟားနဲ့ အော်ရယ်လေတော့
KyungSoo က JongIn ရဲ့လက်ကိုဆွဲချလိုက်သည်။ နှစ်ယောက်လုံး ဆပ်ပြာမြှုပ်တွေ ဖုံးနေတာကြောင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရယ်ရင်း ၊ ဆပ်ပြာမြှုပ်တွေ ဖယ်ပေးရင်းနဲ့
လှပတဲ့ မနက်ခင်းဟာ စိုပြေနေခဲ့တယ်။
×××
"ငါကြည့်နေတာကို ဘာလို့ပြောင်းလိုက်တာလဲ "
နေ့လယ်စာစားပြီးတော့ ပေါက်ပေါက်ဆုပ်တွေရယ် အအေးတွေရယ်သောက်ပြီး Movie ကြည့်နေတဲ့ KyungSoo ကို စချင်တာနဲ့ အခြားလိုင်းပြောင်းပေးလိုက်သည်။
"မင်း ဒါကိုကြည့်တာ ဘယ်နှစ်နာရီရှိပြီလဲ "
JongIn က KyungSoo အပေါ်ကနေ အုပ်မိုးထားတဲ့ အနေထားနဲ့ သူ့မျက်နှာကိုကြည့်ပြီးမေးလိုက်တော့ မျက်ခုံးလေးကို တွန့်ချိုးရင်း စဉ်းစားနေလေရဲ့~
"၂ နာရီ "
လက်လေးနှစ်ချောင်းထောင်ပြပြီး JongIn ရဲ့ ပါးစပ်ထဲကို ပေါက်ပေါက်ဆုပ်တွေ ထည့်ပေးတော့ JongIn သဘောတကျပြုံးမိသွားတယ်။
"အဲ့တာကြည့်ရတာက မပျင်းဘူးလား "
"မပျင်းပါဘူး "
"အဲ့တာတွေပဲ မကြည့်ပဲ ငါ့မျက်နှာကိုပဲကြည့်လေ "
JongIn ရဲ့ အမူအရာကြောင့် KyungSoo သဘောတကျအော်ရယ်လိုက်မိသည်။
JongIn ဟာ တကယ် ကလေးလေးကျလို့ ~
"အဲ့တာ သဝန်တိုတာလား "
"မဟုတ်ပါဘူး ... "
"မဟုတ်ဘူးသာပြောတာ မျက်နှာမှာ အားလုံးရေးထားတယ် "
KyungSoo ကို မနိုင်မှန်းသိတာကြောင့် JongIn ပဲ လက်မြှောက်အရှုံးပေးလိုက်ရသည်။
ခဏကြာတော့ Sofa ပေါ်လေးမှာ JongIn အိက်ပျော်သွားခဲ့သည်။ KyungSoo ကတော့ အိပ်ပျော်နေတဲ့ JongIn ရဲ့အနားကိုသွားပြီး
သူ့ရဲ့မျက်နှာကို ထိုင်ကြည့်နေခဲ့တယ်။
×××
ညစာကိုလဲ KyungSoo ကိုယ်တိုင်ပြင်ဆင်ထားတဲ့ အထူးဟင်းလျာလေးတွေစားရင်း၊
စကားတွေပြောရင်း ၊ လက်ကိုတွဲပြိးအတူတူလမ်းလျှောက်ရင်းနဲ့ KyungSoo ကို အိမ်လိုက်ပို့ပေးခဲ့သည်။
"ကဲ အိမ်ရောက်ပါပြီခင်ဗျ "
KyungSoo ရဲ့ အိမ်ရှေ့ကိုရောက်တော့ တွဲထားတဲ့လက်တွေကို ပိုပြီးတင်းကျပ်အောင် ဆုပ်ကိုင်လိုက်သည်။
"ငါ JongIn နဲ့ မခွဲချင်သေးဘူး "
ကလေးဆန်တဲ့ KyungSoo ရဲ့ စကားကို " ငါရောပဲ" ဆိုပြီး JongIn ဟာဖြေခဲ့တယ်။
"မနက်ဖြန် လာခေါ်မယ် .. စောင့်နေ"
"အင်း ... အစောကြီးလာခေါ်နော် ... "
လက်နဲ့လက်ညိုးထိပ်လေးကိုထိလိုက်ပြီး အိုကေ လုပ်ပြလိုက်တော့ KyungSoo က တာ့တာပြပြီး အိမ်ထဲဝင်သွားသည်။
KyungSoo အိမ်ထဲဝင်သွားပြီးမှ JongIn ဟာ အိမ်ပြန်ဖို့လှည့်ထွက်လာခဲ့သည်။
"JongIn ခဏ "
အိမ်ထဲက ပြန်ထွက်လာပြီး JongIn ကိုခေါ်လိုက်တဲ့ KyungSoo ကြောင့် အနောက်ကိုလှည့်ကြည့်လိုက်သည်။
"ကောင်းကောင်းအိပ်နော် ... အိမ်ပြန်လက်ဆောင်လာပေးတာ "
JongIn ရဲ့ နှုတ်ခမ်းလေးကို အသည်းပုံနှုတ်ခမ်း ဖူးဖူးလေးနဲ့ ထိကပ်လိုက်တာကြောင့် JongIn မှာ ကြောင်အသွားသည်။
အနမ်းပေးပြီး ချက်ချင်းအိမ်ထဲပြန်ဝင်သွားတာကြောင့် KyungSoo လဲရှက်သွားမယ်ဆိုတာ JongIn သိသည်။
JongIn သူ့နှုတ်ခမ်းလေးကို ကိုင်ကြည့်ရင်း
ထိုနေရာမှာ အကြာကြီးရပ်နေမိသည်။
နှုတ်ခမ်းပေါ်မှာ အနွေးဓာတ်ရှိနေတယ်လို့ JongIn စိတ်ထဲကနေ ပုံဖော်ကြည့်မိသည်။
အိမ်မက်မဟုတ်တဲ့ အကြောင်းအရာတစ်ခုက
~အချစ်ရဆုံးလူရဲ့ အနမ်းကို ပထမဦးဆုံးအနေနဲ့ ၁၃ နှစ်အကြာမှာ JongIn ရရှိခဲ့သည်။
The Years I Love You the Most
🌼TBC🌼
အရှည်ကြီးရေးပေးလိုက်ပါတယ်ရှင် 🙆♀️