အပိုင်း (က)
တစ်ညတာ ပြီးတဲ့နောက်မှာ သူနဲ့ ကျွန်တော်ဟာ အရင်ကလည်း သိပ်မတွေ့ဖြစ်တဲ့သူတွေ ဖြစ်တာကြောင့် စိတ်ထဲ သိပ်တော့ ပင်ပန်းစရာမလို။ ဒါပေမယ့် တစ်ချက် တစ်ချက် စိတ်ထဲ ပြန်ပြန်ရောက်လာတိုင်း မွန်းကျပ်ရပြန်ရော။
သူက ဘာကြောင့် စိတ်ထဲ ရောက်ရောက်လာရတာလဲ ? တစ်ညတာ ကိစ္စကြောင့်လား ? ဒါမှမဟုတ် သူ့ကို သနားပြီး စိတ်ဝင်စားသွားလို့လား ? ခပ်ကြောင်ကြောင် အတွေးတွေကို ဖယ်ထုတ်လိုက်ရင်း နားကြပ်တပ် သီချင်းနားထောင်လိုက်သည်။
တစ်ခုတော့ ရှိသေးသည်။ အဲ့ဒီညက ငြင်းဆိုနေတဲ့ ကျွန်တော့်စကားသံကို ဥပေက္ခာပြုတဲ့ ခင်ဗျားကို ကျွန်တော်မုန်းတယ် .. တကယ်မုန်းတာလားလို့ သေချာစဥ်းစားပြန်တော့ ဟင့်အင်း။ တကယ်တော့ ကျွန်တော် အဲ့ဒီချိန်မှာ ကြောက်နေခဲ့တာ။ အင်း ကျွန်တော် ခင်ဗျားကို မမုန်းဘဲ ကြောက်တာ။
.
Jeno နေအလင်းရောင်ကြောင့် အိပ်ရာမှ နိုးလာခဲ့သည်။ တစ်ဆစ်ဆစ် ကိုက်နေသော ခေါင်းကို လက်နဲ့ အသာဖိရင်း ဘေးနားကလူကို အခန်းထဲ လိုက်ရှာမိသည်။ သို့သော် မတွေ့ ။
ရေချိုးခန်းထဲဝင်ကာ ရေမိုးချိုးပြီးနောက် အိမ်သို့ပြန်လာခဲ့လိုက်သည်။ အိမ်ကိုပြန်ရောက်တော့ ညက အိမ်မပြန်လို့ အနည်းငယ် ဆူခံထိသည်။ အင်းလေ အိမ်မပြန်ဖြစ်တဲ့အကြောင်း သူမှ ဖုန်းမဆက်မိတာ။
မီးဖိုချောင်ထဲ ဝင်ကာ သံပုရာဖျော်သောက်ပြီးတဲ့နောက်မှာ မိမိအခန်းရှိရာသာ တက်လာခဲ့လိုက်သည်။ အိပ်ရာပေါ် လဲချလိုက်တော့ ညက အကြောင်းအရာတစ်ချို့က ခေါင်းထဲ ပြန်ပေါ်လာရော။
ဟူး ခနဲ သက်ပြင်းတစ်ချက်ချရင်း ညတုန်းက သူ့ဆီ ဖုန်းခေါ်လိုက်သည်။ "လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည် ဖြေကြားခြင်း မရှိပါသဖြင့်" operaterက အသံကို အဆုံးထိ နားမထောင်ဘဲ ချပစ်လိုက်သည်။ တစ်ခါ နှစ်ခါ ... ငါးခါမြောက်သည်အထိ မကိုင်သော သူကြောင့် Jeno ဖုန်းကို ဆက်မခေါ်ဖြစ်တော့။
အတွေးထဲမှာလည်း ညက မဖြစ်သင့်မှန်းသိပေမယ့် သူရဲ့စိတ်ကို လွတ်ပေးလိုက်မိတာ။ ထိန်းချုပ်နိုင်ရဲ့သားနဲ့ လွတ်ပေးလိုက်မိတ။ ငြင်းဆိုနေတဲ့ ကောင်လေးရဲ့ စကားသံဟာ သူ့အတွက်တော့ သီချင်းတစ်ပုဒ် သီဆိုပြနေသလိုပင်။
*ငါမှားသွားပြီလား?* *သူအဆင်ပြေရဲ့လား* စသဖြင့် မေးခွန်းပေါင်းများစွာက ခေါင်းထဲ ဝင်ရောက်လာသည်မှာ အဆက်မပြတ်။
မှေးခနဲ အိပ်ပျော်ချိန်မှာ ဝင်လာတဲ့ ဖုန်းကြောင့် ပြန်လည်ခေါ်ဆိုသည်များလား အထင်နှင့် contact name ကို ကြည့်လိုက်မိသည်။ မျှော်လင့်နေတဲ့သူ မဟုတ်ခဲ့ပေမယ့် ဖုန်းကို ကိုင်လိုက်သည်။
ဒီကြားထဲ သူမသွားဖြစ်တဲ့ music club က သီနီယာက ပြိုင်ပွဲရှိကြောင်းနှင့် မလာသည့် အတွက် ဖုန်းဆက်ဆူခြင်းပင်။ "ကျွန်တော် ဒီနေ့ လာခဲ့ပါမယ် အရင်နေ့တွေ မလာဖြစ်လို့လည်း တောင်းပန်ပါတယ် စီနီယာ" လို့ ပြန်ဖြေရင်း မကြာမီမှာ Jeno ဖုန်းကို ချလိုက်သည်။
ဂစ်တာပြိုင်ပွဲအတွက် လေ့ကျင့်လိုက်၊ ကျောင်းပြေးတက်လိုက်၊ တစ်ကိုယ်တည်း လေ့ကျင့်လိုက်နှင့် အချိန် နှစ်ပတ်တာမျှ ကုန်ဆုံးခဲ့သည်။ ဒီအချိန်အတွင်းမှာ သူ Renjunအပေါ် စိတ်သန့်သန့်နဲ့ သူငယ်ချင်းတစ်ယောက်လို ပြန်ပြီး ပေါင်းသင်းနိုင်ခဲ့သည်။ တစ်ခါတစ်ရံတော့ သတိရမိ လွမ်းမိတာကတော့ ခြွင်းချက်ပေါ့။
အပိုင်း (ခ)
ဒီနေ့ တက္ကသိုလ်/ကောလိပ် ပေါင်းစုံ ဂစ်တာတီးပြိုင်ပွဲကျင်းပသည့်နေ့ ... ကျင်းပသည့်နေရာမှာ မိမိတို့ကျောင်းရဲ့ ခန်းမတစ်ခုတွင် ဖြစ်သည်။ ကျောင်းပိတ်ရက် စနေနေ့ဖြစ်တာကြောင့် ဝင်ရောက် ယှဥ်ပြိုင်တဲ့ ကျောင်းတိုင်းလိုလိုက ပရိသတ်တွေ လာကြသည်မို့ ခန်းမတစ်ခုလုံး ပြည့်နေသည်။
*ယခု ယှဥ်ပြိုင်မယ့်သူကတော့ စီးပွားရေး တက္ကသိုလ် ဒုတိယနှစ်မှ Lee Jeno ဖြစ်ပါတယ်* စင်ပေါ်က MC ခေါ်ပြီးတဲ့နောက်မှာ သူစင်ပေါ်ကို တက်လိုက်သည်
စင်ပေါ်ရောက်တော့ ကိုယ့်ကိုကိုယ် အနည်းငယ် မိတ်ဆက်လိုက်သည်။ မိတ်ဆက်ရင်း မျက်လုံးတွေက ဟိုဒီဝေ့ဝဲကြည့်တော့ သူနှစ်ပတ်ကျော်သည်အထိ မမြင်ခဲ့ရသော မျက်နှာလေး။
သူ့ကို ကြည့်မှန်းသိ၍ထင် အကြည့်ကိုလွှဲပြီး လက်ထဲက အအေးကို ငုံ့သောက်နေသောသူ။
ဘေးနားမှာ ရပ်နေတဲ့ MC အစ်ကိုက မဲလိပ်နှိုက်ခိုင်းသောကြောင့် ခွက်တစ်ခုထဲ ထည့်ထားသော စာရွက်လိပ်တွေထဲက တစ်လိပ်ကို နှိုက်လိုက်သည်။ မဲလိပ်စာရွက်ကို ကြည့်လိုက်ပြီး သူတီးဖို့အတွက် ပြင်ဆင်လိုက်သည်။
*အဆင်သင့်ဖြစ်ရင် စလို့ရပါပြီ* ဆိုတဲ့ ဒိုင်လူကြီးတစ်ဦးရဲ့ စကားသံအဆုံးမှာ သူဂစ်တာကို စတင်တီးခတ်လိုက်သည်။ တီးခတ်မှု အပြီးမှာတော့ လက်ခုပ်သံတွေက သောသော ညံလို့။
At City 127 Restaurant ...
"Jeno မင်းတီးတာ တော်တော်ကောင်းတယ်"
Haechan ဆီက စတင်ထွက်ပေါ်လာသော စကားသံ အဲ့ဒီနောက်မှာ တစ်ဆက်တည်း ထပ်ပြောလာသူက Renjun။
"ဟုတ်တယ် Jeno အဆိုမပါဘဲ အတီးချည်းတောင် တော်တော် နားထောင်လို့ ကောင်းတယ်"
"အင်း ဟုတ်တယ် hyung အရမ်းမိုက်တယ်"
"ဟုတ်တယ် စင်ပေါ်မှာလဲ လုံးဝကို ခန့်ညားနေတာ"
Chenle Jisung တို့ရဲ့ စကားသံတွေပါ ထပ်မံ ပေါ်ထွက်လာသည်။ ဒီဝိုင်းမှာ ဘာမှမပြောဘဲ ငြိမ်သက်နေသူနှစ်ယောက်ကတော့ Jaemin နှင့် Injun ပင်။ Mark hyungက ကိစ္စတစ်ခုရှိတာကြောင့် ပြိုင်ပွဲပဲ လာကြည့်ပြီး ပြန်သွားသည်။
"ကဲ Jeno ဒီည ဝိုင်းကို မင်းရှင်းသင့်တယ် မထင်ဘူးလား"
"မထင်ပါဘူး"
"ဘာ"
"ဟုတ်တယ်လေ ငါ့ဘာသာငါ လေ့ကျင့်ပြီး တော်လို့ ရတာကို"
"ငါတို့ အားမပေးလဲ မင်းမရပါဘူးကွာ"
"အမယ်"
"ဟုတ်တယ်လေ ငါတို့အားပေးတော့ မင်းစိတ်ဓာတ်တွေ တက်ကြွပြီး သေချာတီးနိုင်တာလေ"
"အော် မှတ်ထားပါ့မယ်နော်"
"ဟေ့ရောင် မရှင်းလည်းနေ"
"ငါရှင်းမှာပါ ကြိုက်တာမှာကြ သောက်ကြမယ်မလား မှာလိုက်"
"ဒီလိုပဲ ဖြစ်ရမှာပေါ့ Jeno ssi"
အပိုင်း (ဂ)
စားသောက်ပြီးစီး အိမ်ပြန်ကြချိန်မှာတော့ Haechan Chenle Jisung တို့ တူတူပြန်ကြသည်။ Renjunကိုတော့ Jaemin ပြန်လိုက်ပို့ပေးမည်မို့ အလာတူတူစီးခဲ့သည့်ကားကို အပြန် Injun တစ်ယောက်တည်း မောင်းပြန်ရတော့မည်။
အကုန်လုံး အသီးသီး နှုတ်ဆက်ကာ စား သောက်ဆိုင်ထဲက ပြန်သွားကြသည်မို့ Injun လည်း ကားပေါ်ကို တက်ဖို့ ကားတံခါးဆီ လက်လှမ်းကာ ဖွင့်လိုက်သည်။
ရုတ်တရက် ဖမ်းဆွဲခံရတဲ့ လက်ကြောင့် လှမ်းဆွဲတဲ့သူကို လှည့်ကြည့်လိုက်သည် *သူပြန်သွားပြီ မဟုတ်ဘူးလား* ဆိုပြီး တွေးလိုက်မိသေးသည်။
"ငါတို့ စကား ခဏလောက် ပြောရအောင်"
"ငါတို့ကြားမှာ ပြောစရာရှိလို့လား Jeno"
"အင်း ရှိတယ်"
"ဆောရီး ငါကတော့ မရှိဘူးထင်တယ် သွားခွင့်ပြုပါဦး"
Jeno ဆွဲထားတဲ့ လက်ကို ဖြုတ်ချရင်း Injun ပြောလိုက်သည်။
"Injun ခဏလေးပါပဲ"
ဖြုတ်ချထားတဲ့ လက်ကို ပြန်မကိုင်ဘဲ Jeno ထပ်မံ ခွင့်တောင်းလိုက်သည်။
*ခဏလေးပဲ* ဆိုတဲ့ စကားကြောင့် Injun ကားတံခါးကို ပြန်ပိတ်လိုက်သည်။ စကားပြောစရာ နေရာကို ဝေ့ဝဲကြည့်တော့ ဆိုင်အပြင်နားမှာ လုပ်ထားပေးတဲ့ ဥယျာဥ်ထဲက ထိုင်ခုံဆီကို အကြည့်ရောက်သွားသည်။ ဒီ့တော့ လူမရှိဘဲ လွတ်နေတဲ့ ထိုင်ခုံလေးဆီ သွားထိုင်ကာ စကားပြောဖို့ သွားလိုက်သည်။
Injun သွားတဲ့နောက်ကို လိုက်လာကာ Injun ထိုင်တဲ့ဘေးရဲ့ နေရာလွတ်ကို Jeno ဝင်ထိုင်လိုက်သည်။ ထိုင်ခုံမှာ ထိုင်ပြီးတာ ငါးမိနစ်လောက်ကြာတဲ့အထိ စကားမပြောသေးဘဲ ငြိမ်ငြိမ်ထိုင်ကာ လက်ထဲက ဆေးလိပ်ကိုသာ သည်းကြီးမည်းကြီး ရှိုက်ဖွာနေတဲ့ Jeno ကြောင့် Injun ဘက်ကသာ စကားစလိုက်သည်။
"ဘာပြောစရာရှိနေလို့လဲ Lee Jeno"
"အဲ့ဒီညက ကိစ္စအတွက် ငါတောင်းပန်ပါတယ်"
လက်ထဲက ဆေးလိပ်ကို တစ်ချက် ဖွာရင်း Jeno ပြောလိုက်သည်။
Injun ဘာမှပြန်မပြောမိ။ ထို့နောက် Jeno ကသာ စကားထပ်မံ ပြောဖို့ ကြိုးစားသည်။
"ငါ ငါ"
ထစ်ထစ်အအ ဖြစ်နေတဲ့ Jeno ကြောင့် Injun ကသာ ဘာမှမဖြစ်ကြောင်း ပြောလိုက်သည်။
"ရပါတယ် ထားလိုက်ပါ မေ့လိုက်ပါ"
"ဘယ်လို"
"လူငယ်ယောကျာ်းလေးတစ်ယောက် ဒီလိုစိတ်ဖြစ်တာ ငါနားလည်တာမို့ စိတ်ထဲ မထားပါနဲ့"
"ဒါပေမယ့် မင်း"
"ငါ အဆင်ပြေတယ် ဒါကြောင့်မို့ ဒီကိစ္စကို ဒီတိုင်းပဲ ထားလိုက်ရအောင် Jeno"
"တကယ် အဆင်ပြေရဲ့လား ငါ တောင်းပန်ပါတယ်"
"ငါလည်း တကယ် အဆင်ပြေပါတယ် ဒါပေမယ့် Jeno"
"အင်း"
"မင်းရဲ့ စိတ်ပင်ပန်းမှုအတွက် အဲ ဘယ်လိုပြောရမလဲ တစ်စုံတစ်ယောက်ကို မေ့ပျောက်ချင်တာနဲ့ နောက်ထပ် တစ်စုံတစ်ယောက်နဲ့ အစားမထိုးပါနဲ့။ အဲ့ဒီအစားထိုးခံရတဲ့သူကလည်း လူသားတစ်ယောက်ဖြစ်နေတော့ သူနာကျင်မှာပဲ Jeno .. မင်းအတွက်ပဲ အမြဲမတွေးဘဲ သူများအတွက်လည်း တွေးပေးပါ"
"ကောင်းပြီ ငါနားလည်ပြီ Injun။ ဒါပေမယ့် ငါ့ဘက်ပဲ တွေးမနေလို့ မင်းအဆင်ပြေလား ငါမေးတယ်လေ။ ငါ့တစ်ယောက်တည်းဘက်ပဲ တွေးရင် ငါခုလို မမေးဘဲ နေမှာပေါ့"
"ဟား Lee Jeno မင်းတွေးတာ မှားနေပြီ။ ငါ မင်းကို ကိစ္စတွေ ဖြစ်ပျက်ပြီးချိန်မှ တခြားသူဘက်ကို တွေးပေးဖို့ ငါ ရည်ရွယ်ပြီး ပြောတာမဟုတ်ဘူး။ ကိစ္စတွေ မဖြစ်ပျက်ခင် အချိန်တည်းက စဥ်းစားပေးဖို့ ရည်ရွယ်ပြီး ပြောတာ။ ကဲပါ တော်ပြီ။ အချိန်လည်းလင့် နေပြီဆိုတော့ ငါ့ကို ပြန်ခွင့်ပြုပါဦး"
"အင်း သေချာဂရုစိုက်ပြန် ဖြေးဖြေးမောင်း"
"ကျေးဇူး အော် ဒါနဲ့ ဆေးလိပ်တွေ သိပ်မသောက်ပါနဲ့ မင်းအတွက် မကောင်းဘူး"
Injun ပြောပြီးတာနဲ့ ကားဆီသို့သာ ပြန်လာပြီး အိမ်သို့ ပြန်လိုက်သည်။
အပိုင်း (ဃ)
"မောင်"
"အူကြူး ပြော"
"ဟန်မြစ်နားက တော့ပိုကီနဲ့ ငါးအူချောင်း စားချင်လို့"
"အဲ ခုပဲ ထမင်းစားလာတာလေ အူကြူး ဗိုက်ဆာနေသေးလို့လား"
"အင်း ဆာတယ်လည်း မဟုတ်ပေမယ့် စားချင်နေလို့"
"အင်းပါ သွားစားကြမယ်လေ"
"အင်း"
Jaemin လည်း သူ့အူကြူးရဲ့ စိတ်တိုင်းကျ ဟန်မြစ်နားက မုန့်ဆိုင်ကို မောင်းပို့ပေးလိုက်သည်
ဆိုင်ထဲရောက်တော့လည်း ဘာမှမစားရသေးတဲ့ သူအလား မှာလိုက်သည်များက မနည်းမနော။
"အူကြူး ဒါတွေ တစ်ယောက်တည်း ကုန်လို့လား"
Jaemin မနေနိုင်၍ မေးလိုက်သည်။
"အင်း ကုန်တယ် မကုန်ရင် မောင်ပါ တူတူ ဝိုင်းစားပေး"
"ဟုတ်ပါပြီဗျာ"
မှာထားတာတွေ ရလာတော့လည်း Renjun ပလုတ်ပလောင်းနဲ့ စားလေသည်။
"အူကြူး ဖြေးဖြေးစားလေ"
"အင်း"
နာရီဝက်ကြာတဲ့နောက် .....
"ဗိုက်တင်းသွားပြီ"
*တင်းမှာပေါ့ မှာထားတာ အကုန်လုံး တစ် ယောက်တည်း တဇွတ်ဇွတ်နဲ့ စားနေတာကိုလို့ * ပြောလိုက်ချင်ပေမယ့် Jaemin စိတ်ထဲမှာသာ တွေးပြီး ထုတ်မပြောဖြစ်ပါ။
"ကဲ ဒါဆို သွားရအောင်လေ"
"အင်း လမ်းနည်းနည်းလျှောက်ချင်သေးတယ်"
"ဟုတ်"
Renjun လက်ကို Jaemin ဆုပ်ကိုင်ရင်း ဟန်မြစ်ဘေး တစ်လျှောက် လေညင်းခံရင်း လမ်းလျှောက် ဖြစ်ကြသည်။
"အူကြူးသိလား"
"ဟင် ဘာကိုလဲ"
"မောင် အူကြူးကို စသိတာ fresher welcome မှာ မဟုတ်ဘူး"
"ဘယ်လို မောင်နဲ့ငါ စသိတာ fresher welcome မှပါ"
"အင်း အူကြူးကတော့ အဲ့ချိန်မှ စသိတာပေါ့ မောင်ကတော့ အူကြူးကို ဟန်မြစ်ရဲ့ ဟိုးနားက ထိုင်ခုံလေးမှာ သီချင်းဆိုနေတာကို စတွေ့ပြီး သိတာ"
"သီချင်းဆိုနေတာ"
"အင်း ပွဲအတွက် Jeno hyung နဲ့ သီချင်းတိုက်ကြတာလေ"
"အာ အဲ့ချိန်တည်းက သိတာ"
"အင်း ပထမဆုံး တစ်ခါစတွေ့တည်းက သဘောကျလို့ အူကြူးတို့ လေ့ကျင့်တဲ့နား မယောင်မလည် ထိုင်နေရင်း စကားပြောတာတွေ နားထောင်ခဲ့တာ"
"ပထမဆုံး ဆိုတော့ နောက်ထပ် ရှိသေးတာလား"
"အင်း ဒုတိယတစ်ခေါက်က နောက်ဆုံးလေ့ကျင့်တဲ့ တစ်ခေါက်လေ အဲ့နေ့က မောင် မင်းတို့ လေ့ကျင့်တာ ထိုင်နားထောငိပြီး အူကြူး အိမ်ပြန်တော့ အနောက်ကနေ လိုက်ခဲ့တာ"
"မောင် တော်တော် ဆိုးတာပဲ"
"မဆိုးပါဘူး အဲ့လို လိုက်ခဲ့လို့ မောင် မင်းအိမ်ကို သိရတာ နောက်နေ့ကျတော့ တိုက်ခန်းရှေ့က စောင့်နေပြီး ကျောင်းသွားတဲ့ အူကြူးနောက်ကို ထပ်လိုက်ခဲ့တယ်"
"တကယ်"
"အင်း"
"အဲ့လိုလိုက်ရင်းနဲ့ အူကြူးတက်နေတဲ့ ကျောင်း မေဂျာ တက်နေတဲ့နှစ် နဲ့ အူကြူးနာမည် အပြည့်အစုံကို သေချာသိခဲ့ရတယ် နောက်တော့ fresher welcome လုပ်မယ့်နေ့ကိုလည်း သိခဲ့ရတယ်"
"အဲ့ဒါနဲ့ fresher welcome နေ့ကျ ငါသီချင်းဆိုတော့ လာမိတ်ဆက်တာပေါ့"
"အင်း"
"မောင်က ငါ့ကို စတွေ့တည်းက သဘော ကျနေတာပေါ့"
"ဟုတ်တယ် လာ ဟိုခုံမှာ ထိုင်ကြရအောင်"
နှစ်ယောက်သား ထိုင်ခုံတစ်ခုဆီမှာ ဝင်ထိုင်လိုက်ကြသည်။ Jaemin ဖုန်းကို ထုတ်ကာ Renjun ကို စတွေ့တုန်းက ခိုးရိုက်ထားတဲ့ ပုံအချို့ကို ထုတ်ပြလိုက်သည်။
သူ့ပုံတွေကို ကြည့်ရင်း အံ့သြနေတဲ့ Renjun ကို Jaemin ကြည့်ရင်း အသည်းယားလာရသည်။ ကိုယ့်ရင်ခွင်ထဲ ရောက်နေတဲ့ အကောင်ပေါက်လေးရဲ့ မျက်နှာကို ဆွဲယူပြီး နှုတ်ခမ်းပါးပါးလေးကို နမ်းလိုက်သည်။
နမ်းပြီး လွှတ်ပေးလိုက်တော့ ရှက်ပြီး ဖုန်းကိုသာ သည်းကြီးမည်းကြီး ပြန်ကြည့်နေသည်ကို အခွင့်ကောင်းယူပြီး သူ့လည်တိုင်လေးမှာ အမှတ်အသား တစ်ချို့ ပုံဖော်ပေးလိုက်သည်။
အပိုင်း (င)
Injun သတ်မှတ်ထားတဲ့ မိုင်နှုန်းထက် နှုန်း အနည်း ငယ်ပိုတင်ပြီး ကားကို မောင်းနှင်လိုက်သည်။ မြို့ပြင်နား ရောက်လုနီးနီး တိတ်ဆိတ်တဲ့ တစ်နေရာရောက်တော့ ကားကို ရပ်လိုက်သည်။
အမိုးပွင့်ကားဖြစ်တော့ အမိုးကို ဖွင့်လိုက်ပြီး သဘာဝတိုင်း တိုက်ခတ်နေတဲ့ လေညင်းအချို့ကို Injun ခံစားလိုက်သည်။ လေညင်းတွေက စိတ်အစုံကို ပေါ့ပါးသွားစေသယောင်။
တစ်ခါတစ်လေ စိတ်မွန်းကျပ်တဲ့အခါ တစ် ယောက်တည်း ကားလျှောက်မောင်းပြီး လေညင်းအချို့ ခံစားလိုက်ရင် စိတ်ပေါ့ပါးသွားသည်။
လူသွားသိပ်မပြတ်တဲ့ နေရာတစ်ခုဖြစ်တော့ အမိုးကို ပြန်မပိတ်ဘဲ ဖွင့်ထားလိုက်သည်။ ခပ်ဆွေးဆွေး သီချင်းကို ဖွင့်လို့ မျက်လုံးစုံမှိတ်ကာ ခုံကိုမှီလိုက်သည်။
မျက်လုံးမှိတ်လိုက်တာနဲ့ ဝင်ရောက်လာတဲ့ Jeno ရဲ့ ရင်ဖွင့်မှုပုံရိပ်တွေ။ နားထဲ သီချင်းသံအစား သူ့ရဲ့ စကားသံတွေက အစားထိုး ဝင်ရောက်လာသည်။
Injun မျက်လုံးပြန်ဖွင့်ပြီး ခုံမှာ ပြန်မှီကာ ထိုင်လိုက်သည် အတွေးတစ်ချို့ကိုလည်း တွေးရင်းနဲ့ပေါ့။ Jenoနဲ့ သူနဲ့ တွေ့ခဲ့ဖူးတဲ့ အကြိမ်ရေ မနည်းပါ ဒါပေမယ့် စကားသေချာပြောဖူးတာတော့ အဲ့နေ့ တစ်ညတည်း။
ဒီတစ်ညတည်းနဲ့ Jenoက သူ့စိတ်ထဲ ခဏ ခဏ ဝင်ရောက်နေတယ်။ သူ့ကို စိတ်ဝင်စားသွားတာတော့ မဟုတ်ဘူးမလား ? သူ့ကို သနားသွားတာ နေမှာပါ ? ဟုတ်တယ် ငါသူ့ကို သနားတာ။
အတွေးတစ်ချို့ကို ဦးနှောက်က မှားယွင်းတဲ့ အဖြေတွေပေးရင်း နှလုံးသားကို ထိန်းချုပ်ဖို့ ခိုင်းစေလိုက်တယ် * ဘာကိစ္စ ငိုချင်နေရတာပါလိမ့် သူချစ်တာ တခြားသူလေ * ဒါကတော့ အမှန်တရား တစ်ချို့။
.
Injun ပြောသွားတဲ့ စကားတွေဟာ နားထဲမှာ ပဲ့တင်ထပ်နေသည်။
#တစ်စုံတစ်ယောက်ကို မေ့ပျောက်ချင်တာနဲ့ နောက်ထပ် တစ်စုံတစ်ယောက်နဲ့ အစားမထိုးပါနဲ့ #
သူက ဘာကို ရည်ရွယ်ပြီး ပြောတာလဲ ? စဥ်းစားရင်း ဆေးလိပ်ကို ဖွာလိုက်မိသည် အကြည့်က ဆေးလိပ်ဆီရောက်တော့ ခုနက ပြောသွားတဲ့ စကားက နားထဲ ထပ်ရောက်လာပြန်ရော။
#ဆေးလိပ်တွေ သိပ်မသောက်ပါနဲ့ မင်းအတွက် မကောင်းဘူး#
လက်ထဲက ဆေးလိပ်ကို မီးငြိမ်းပြီး အဝေးတစ်နေရာကို လွှင့်ပစ်လိုက်သည်။ နေပါဦး ငါက သူ့စကားကို နားထောင်ပြီး မသောက်တော့တာလား?
' တကယ်ပဲ Huang Renjun နဲ့ Huang Injun ညီအစ်ကို နှစ်ယောက်လုံးက ငါ့ကို ဘာဖြစ်စေချင်နေတာလဲကွာ ???'
Jeno ငြီးတွားရင်း ဆိုင်ကယ်မှာ ချိတ်ထားတဲ့ ဦးထုပ်ကို ယူဆောင်းလိုက်သည်။ ဆိုင်ကယ်စက်ကို နှိုးပြီးတဲ့နောက် အိမ်ဆီသို့သာ ဦးတည်မောင်းနှင်လိုက်သည်။