အပိုင်း (က)
Jeno အခန်းတံခါးကို ခေါက်ပြီး တံခါးကိုဖွင့်ကာ အခန်းထဲသို့ ဝင်လိုက်သည်။ ဝင်လိုက်တာနဲ့ ကုတင်ပေါ်မှာ ခန္ဓာကိုယ်ကို စောင်ပတ်ပြီး ခေါင်းအုံးကို မျက်နှာဖိကာ အိပ်နေသော Injun ကို တွေ့ရသည်။
နာမည်ခေါ်ကာ နှိုးနေသော်ငြား နိုးမလာသော Injun ကြောင့် Jeno မျက်နှာပေါ်ဖိထားတဲ့ ခေါင်းအုံးကို ဖယ်လိုက်သည်။ မျက်လုံးမပွင့်ဘဲ 'အင်း အဲ' လုပ်ကာ ရင်ဘတ်ထိ ခြုံထားသော စောင်ကို ခေါင်းမြီးခြုံကာ ပြန်အိပ်လေသည်။
Jeno လည်း စောင်ကို ဆွဲလှန်ကာ 'Injun' ကို အိပ်ရာမှ ထရန် နှိုးလိုက်ပြန်သည်။ Injunနားထဲ Renjun လာနိုးသည်ထင်ပြီး အိပ်ဦးမည်ဖြစ်ကြောင်း အိပ်ချင်မူတူးအသံဖြင့် ပြန်ပြောလေသည်။
"Injun ထတော့"
"ငါ အိပ်ဦးမှာပါဆို"
"နေ့လည်စာ စားချိန်ရောက်နေပြီလေ"
"အင်း"
"တစ်ခုခုစားရမယ်လေ ဗိုက်ဆာမှာပေါ့"
"မစားချင်သေးဘူး အိပ်ပဲအိပ်ချင်သေးတာ"
"အဆာလွန်သွားလိမ့်မယ် Injun"
"S*** မစားသေးပါဘူးဆိုကွာ"
Injun စိတ်တိုစွာနဲ့ ပြောရင်း အိပ်နေရာမှ ထထိုင်လိုက်သည် လက်ကတော့ မျက်လုံးနှစ်ဖက်ကို ပွတ်နေသည်။
"သိပ်မပွတ်နဲ့ မျက်လုံးတွေ စပ်လိမ့်မယ်"
"ဟမ် Jeno လား? Ge မဟုတ်ဘူးလား"
"အင်း ငါ Jeno ပါ"
"ဘာ .. ဘာကိစ္စရှိလို့လဲ"
"နေ့လည်စာ စားကြမယ်လေ"
"အော် ဒါနဲ့ ငါ့ကို နှိုးနေတာပေါ့"
"အင်း"
"ငါအိပ်ချင်သေးတယ်လို့ ပြောလိုက်သလားလို့"
"အင်း ကြားပါတယ် ဒါပေမယ့် အဆာလွန်နေမှာစိုးလို့ အကုန်လုံးလည်း စားဖို့ စောင့်နေကြတယ်"
"စောင့်နေတာလား"
"အင်း"
"ဒါနဲ့ မင်းက ဘယ်လိုဖြစ်လို့ လာနှိုးတာလဲ Ge မအားလို့လား"
YOU ARE READING
Photographer & Guitarist [JaemRen+NoRen]
FanfictionJaemin, Jeno & Renjun/Injun (Twins) JaemRen & NoJun | RenMin & NoRen 💚