My Gym Trainer (Completed)

Door Its_just_Thu

501K 59.1K 4.4K

When Yibo become a persona gym trainer for Xiao Zhan... Will Yibo change Chubby XZ to Handsome XZ??? Will Xia... Meer

💚Introduction❤️ Must read !!!
Ep 1 - အျဖစ္အပ်က္မ်ားရဲ႕အစ
Ep 2 - Gym လာမိတာမွားၿပီ
Character Introduction (again)
Ep 3 - Another Gym Day
Ep 4 - အျပစ္ေပးခံရတဲ႔ ကိုႀကီး
Ep 5 - ေနမေကာင္းျဖစ္သြားရွာတဲ႔ကိုႀကီး
Ep 6 - လြမ္းတယ္
Ep 7 - Unexpected
Ep 8 - ပုန္းေရွာင္ျခင္း
Ep 9 - ကၽြန္ေတာ္မသိျခင္းမ်ား
Ep 10 - Jelous Yibo
Ep 11- Crush Zone
Ep 12 - ကိုႀကီး !
Ep 13 - Is it a dream?
Ep14-ဝမ္ရိေပၚရဲ႕၂၂ခ်က္
Ep 15- Home Date
Ep16 - အနမ္းလူမိသြားျခင္း
Ep 17 - Yes we are dating
Ep 18 - You or Me??
Ep 19 - The Next Morning
Ep 20 - Yibo is mine 😎
Ep 21 - Colgate အျပံဳး
Ep 22 - 💚❤️
Ep 23 - ကိုႀကီးကို လႊတ္လိုက္ !
Ep 24 - Couples now
Ep25 - Just the way you are
New Fics 💚❤️
Extra 2 - Happy 520 Day Special
Fic Book 🔥

Extra 1 - ေဟာက္က်ိ's first kiss

12.1K 1.3K 98
Door Its_just_Thu

My Gym Trainer Extra 1

ဒီေန႔ စူပါဆန္းေဒး ေကာနဲ႔ဒိတ္လုပ္ဖို႔ခ်ိန္းထားတဲ႔ ေဒးမို႔ ေန႔လည္ဘက္ရုပ္ရွင္ၾကည့္မယ္ ျပီးရင္ ညစာသြားစားမယ္ဆုိျပီး ျပင္ဆင္ေနတာ အခုထိမျပီးႏိုင္ေသး။

က်ိရန္ေကာနဲ႔ ျပန္အဆင္ေျပသြားတဲ႔အခ်ိန္ကစျပီး အခုထိ ေအးေအးေဆးေဆးကို ဒိတ္မလုပ္ရေသးတာျဖစ္သည္။

ရိေပၚကလဲမအား၊ ဟိုက္ခြမ္းေကာရဲ႕ ဝမ္ပါပါးက တစ္ခ်က္လႊတ္အမိန္႔နဲ႔ သူ႔အလုပ္ကို ကူခိုင္းထားတာမုိ႔ gym ကိုအရင္လို ေန႔တုိင္းမလာႏိုင္ေတာ့ပဲ ေဟာက္ရႊမ္းကို တာဝန္လႊဲထားတာမို႔ျဖစ္ေလသည္။

က်ဴးစန္႔က်င္ကလား၊ အခ်ိန္ရွိသေရြ႕ ဟိုက္ခြမ္းေကာရဲ႕ ရုံးခန္းကိုေခ်ာင္းေပါက္မတတ္သြားေနတာေၾကာင့္ gym ကို member ေတြ train မယ့္အခ်ိန္က်မွ ေရာက္လာတတ္တယ္။

အဲဒီေတာ့ ဝမ္ေဟာက္ရႊမ္းတုိ႔က gym ေစာင့္ဖို႔ထီေပါက္တယ္ေလ။

အခုေတာ့ ရိေပၚျပိဳင္ပြဲျပီးျပီဆုိေတာ့ gym ေစာင့္ဖို႔တာဝန္ကို ရိေပၚတုိ႔ လင္လင္ႏွစ္ေယာက္ကို တာဝန္လႊဲေပးျပီး ေဟာက္ရႊမ္းက က်ိရန္ေကာနဲ႔ဒိတ္ဖို႔ေျပာရတယ္။

က်ိရန္ေကာနဲ႔ဘာလုိ႔အသည္းအသန္ဒိတ္ခ်င္ေနရတာလဲဆုိတာ ေဟာက္ရႊမ္းမွာအေၾကာင္းကလဲရွိေနေသးတယ္။

ျပန္အဆင္ေျပတဲ႔ေန႔က တစ္ခါေလးနမ္းလိုက္ရျပီးတဲ႔ေနာက္ က်ိရန္ေကာကို တစ္ခါမွ ေဟာက္ရႊမ္းထပ္မနမ္းရေတာ့။

လူလစ္တုန္း ပါးေလး နဖူးေလး နမ္းရုံကလြဲရင္ အၾကင္နာမေပးရေသးဘူးဆုိပါေတာ့ဗ်ာ။

ေျပာရမယ္ဆုိရင္ေတာ့ အၾကင္နာမေပးဖို႔မေျပာနဲ႔ ေကာင္းေကာင္းေတာင္မဖက္ရတဲ႔အေနအထားပါပဲ။

အလုပ္ျပီးရင္ အိမ္ျပန္ပို႔ခ်င္ေပမယ့္ ေကာက ကိုယ့္ကားနဲ႔ကိုယ္ဆိုေတာ့ ေဟာက္ရႊမ္းမွာ ျပန္လိုက္ပို႔ေပးဖို႔ အခြင့္ကမသာျပန္ဘူး။

အဲဒါေၾကာင့္ ဒီေန႔ေတာ့ ကားမယူလာပဲ ေကာကို အိမ္မွာသြားၾကိဳမယ္လို႔ေျပာထားကာ ရုပ္ရွင္ရုံကို ေခၚသြားမယ္။

ရုပ္ရွင္ရုံထဲမွာ ေကာတစ္ေယာက္ကို အပီအျပင္ ရွလူးႏိုင္ဖို႔ ေကာေၾကာက္ေအာင္ဆုိျပီး သရဲကားၾကည့္ဖို႔လက္မွတ္ျဖတ္ထားတယ္။

ေဟာက္ရႊမ္းအၾကံမပိုင္ဘူးလား ဟဲဟဲဟဲ။

တကယ္ေတာ့ ဒါက ကိုယ့္အၾကံခ်ည္းပဲေတာ့လဲမဟုတ္ဘူး။ ေဟာက္ရႊမ္းစဥ္းစားတာက ရုပ္ရွင္သြားၾကည့္ဖို႔ပါပဲ။

စန္႔က်င္က သရဲကားၾကည့္ရင္ ေကာေၾကာက္တဲ႔အခါ ရင္ခြင္ထဲဆြဲသြင္းထားလို႔ရတယ္ေလဆုိျပီး အၾကံေပးတာေၾကာင့္ သရဲကားၾကည့္ဖို႔ ေဟာက္ရႊမ္းဆုံးျဖတ္လိုက္တာ။

ျပင္ဆင္ျခင္းရဲ႕ေနာက္ဆုံးပိတ္အေနနဲ႔ ေရေမႊးကို ကိုယ္ေပးအႏွံ႔ ၃ ၄ ခ်က္ေလာက္စြတ္အျပီးမွာပဲ ေမြးသမိခင္က အခန္းထဲကိုဝင္လာေလသည္။

"ဝမ္ေဟာက္ရႊမ္း အခန္းထဲမွာ ေရေမႊးပုလင္းေမွာက္က်ထားတာလား"

"အာ မဟုတ္ပါဘူး မားကလဲ"

"မသိပါဘူးေအ တစ္ခန္းလုံးလဲေရေမႊးနံ႔ေတြက မႊန္ထူေနတာပဲ .. ဒါနဲ႔ ဒါကဘယ္ကိုၾကြအုံးမွာလဲ အိမ္မကပ္တာလဲ ေတာ္ေတာ္ၾကာေနျပီေနာ္ ဒီေန႔လဲ gym နားရက္ကို အျပင္သြားအုံးမလို႔လား"

"အျပင္သြားမလို႔ ခ်ိန္းထားတာရွိတယ္ မားရဲ႕"

"ေဟာက္ရႊမ္း နင္ရည္းစားရေနတာလား … အခုတေလာ အိမ္မွာေနတယ္လို႔ကိုမရွိဘူး ညညဆုိလဲ ဖုန္းေျပာသံၾကားရတယ္ ဟိုတေလာက မားသူငယ္ခ်င္းသမီးကိုလဲ ျငင္းလိုက္ေသးတာဆို"

"အဟဲ ဟုတ္တယ္ မား"

"ဘယ္သူလဲ ဘယ္ကလဲ ဘာအလုပ္လုပ္လဲ နင္ မေတာ္တေရာ္မိန္းကေလးေတြနဲ႔ေတြ႔ရင္ ဒုကၡပဲ အေမကေကာင္းေစခ်င္လို႔စီစဥ္တာကိုက် လက္မခံဘူး"

"ေကာက မေတာ္တေရာ္မဟုတ္ပါဘူး အမ်ိဳးေကာင္းသားေလးပါ မားရဲ႕"

"ဘယ္လို ဘယ္လို … အမ်ိဳးေကာင္းသားဟုတ္လား … နင့္ရည္းစားက မိန္းကေလးမဟုတ္ဖူးလား"

"မဟုတ္ဖူး ေယာက်ာ္းေလး အဟီး"

"အံမယ္ေလး ငါေသြးတက္ပါျပီ ငါ့မွာ သားေယာက်ာ္းေလးတစ္ေယာက္တည္းရွိတာ .. အခု နင္က ေယာက်ာ္းေလးတစ္ေယာက္နဲ႔ၾကိဳက္ေနတယ္ဆိုေတာ့ ငါ့မ်ိဳးဆက္က တုံးျပီေပါ့"

"အာ မားကလဲ ေဝးလိုက္တာလြန္ေရာ အခုေခတ္က ေယာက်ာ္းေလးခ်င္းယူလဲ ဖန္ျပြန္သေႏၵနဲ႔ကိုယ္ဝန္ေဆာင္ျပီး ေသြးသားအရင္းယူလို႔ရေနျပီဗ် အဲကိစၥကိုေတာ့စိတ္မပူနဲ"

"ေဟ ဟုတ္လား"

"ဟုတ္တယ္ အဲဒါေၾကာင့္ မားမ်ိဳးဆက္ျပတ္မွာကို စိတ္မပူရေတာ့ဘူး သားနဲ႔ေကာကို သေဘာတူေပးေနာ္ သား ေကာကိုမွမရရင္ ေသရလိမ့္မယ္"

"ေနပါအုံး ဝမ္ေဟာက္ရႊမ္းရယ္ နင္က ရည္းစားမထားေတာ့လဲမထားလို႔ ထားေတာ့လဲအသည္းအသန္ပဲ .. ေကာင္ေလးက ဘယ္လိုမ်ိဳးရုိးလဲ ဘယ္လိုပုံစံလဲဆိုတာေတာင္ ငါဘာမွမသိရေသးဘူးေလ"

"ေကာက မားျငင္းခ်င္စရာကို တကြက္မွမရွိတဲ႔လူမ်ိဳး အဲဒါေၾကာင့္ သေဘာတူဖို႔ပဲျပင္ထားေတာ့ အခုေတာ့ ေကာန႔ဲခ်ိန္းထားတာေနာက္က်ေနျပီမုိ႔ သြားေတာ့မယ္ေနာ္ တာ့တာ"

ဖုန္းနဲ႔ ဆုိင္ကယ္လ္ေသာ့ကို အျမန္ဆြဲယူရင္း မားေရွ႕ကေန လစ္ထြက္လာရသည္။

မဟုတ္ရင္ ေဆြမ်ိဳးစပ္ခန္းက ဒီေန႔ ျပီးေတာ့မွာမဟုတ္ဖူးဆိုတာ ေဗဒင္ေမးစရာမလိုပဲ ေဟာက္ရႊမ္းအေသအခ်ာသိသည္ေလ။

(ဘဲဆီသြားတဲ႔ ေဟာက္ေဟာက္)

(ေမာင့္အခ်စ္ က်ိက်ိ)

Xxxxxxxxxxxxxxxx

"ေကာ သရဲေၾကာက္ရင္ ေမာင့္ကိုဖက္ထားေနာ္ ဘာမွမေၾကာက္နဲ႔ ေမာင္ရွိတယ္သိလား"

ရုပ္ရွင္ရုံထဲက အတြဲခုံမွာဝင္ထုိင္တယ္ဆုိရင္ပဲ ေဟာက္ရႊမ္းေျပာလိုက္ေလသည္။

ဒီအခြင့္အေရးကို သူကေစာင့္ေနတာကိုး။

"မေၾကာက္ပါဘူး ေကာက သရဲကားၾကိဳက္တယ္"

ျပန္ေျပာလာတဲ႔ ေကာစကားေၾကာင့္ ေဟာက္ရႊမ္းနင္ေတာင္နင္သြားရသည္။

ကိစၥမရွိဘူး။ ဒါက ရုပ္ရွင္မစေသးလို႔ေျပာတာေနမွာပါ။

ဒီကားက အရမ္းေၾကာက္ဖို႔ေကာင္းတယ္လို႔ စန္႔က်င္ေျပာထားတာပဲ။

အခုေတာ့ ပုခုံးေလးေပၚမွာ လက္ကေလးအသာတင္ထားလိုက္ရုံေပါ့။

"ျငိမ္ျငိမ္ေနေလ ေမာင္ကလဲ"

အစတုန္းကေတာ့ ေကာက ဖက္တာခံေသးသည္။

ကိုယ္က သူမ်ားစိတ္မရုိးမရြျဖစ္လာမလားဆုိျပီး ပုခုံးေလးကို လက္နဲ႔အသာပြတ္တဲ႔အၾကိမ္ေရ မ်ားလာေတာ့ ဇာတ္ကားထဲအာရုံေရာက္ေနတဲ႔ ေကာက လက္ကို ဖယ္ခ်လိုက္တာမ်ား .. ဇုိးကနဲ ဇတ္ကနဲ။

ေကာက ရုပ္ရွင္ၾကည့္လို႔ေကာင္းေနသေလာက္ ေဟာက္ရႊမ္းကေတာ့ ေကာမ်ား ကိုယ့္ဘက္လွည့္လာေလမလားဆိုတဲ႔အေတြးနဲ႔ ေကာမ်က္ႏွာကိုသာ ေမာ့ေမာ့ၾကည့္ေနရတာမုိ႔ ဇာတ္ကားထဲလဲ အာရုံမေရာက္ႏိုင္ဘူး။

မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္ျဖင့္ ဇာတ္ကားကို အာရုံဝင္စားစြာၾကည့္ေနတဲ႔ ေကာမ်က္ႏွာေလးက အေမွာင္ထဲမွာေတာင္ ထင္းေနေအာင္လွသည္။

(နင္ပဲ ထင္းေနလိုက္ ေမာင္ေလး)

ႏွာတံစင္းစင္းေလးကလဲ အသည္းယားစရာေကာင္းလွစြာ မ်က္ႏွာေပၚမွာ ေနရာတက်ပဲ။

ႏႈတ္ခမ္းထူထူအိအိေလးေတြက နမ္းခ်င္စရာေကာင္းလုိက္တာေလ။

ဂလုစ္ .. မျဖစ္ဖူး မျဖစ္ဖူး အဲဒီႏႈတ္ခမ္းေလးေတြကို ငါဒီေန႔နမ္းရမွျဖစ္မယ္။

ေကာႏႈတ္ခမ္းကိုေငးၾကည့္ေနရာကေန အသက္ရွူမဝသလိုျဖစ္လာရတာမုိ႔ ရုပ္ရွင္ျပေနတဲ႔ဘက္ ရုတ္တရက္လွည့္လိုက္မိစဥ္ ထြက္လာေသာ သရဲမနဲ႔ တည့္တည့္တုိးတာမုိ႔ ေဟာက္ရႊမ္းထေအာ္မိေလျပီ။

"ေအာင္မေလး မားေရ"

ေဟာက္ရႊမ္းမွာေအာ္လဲ ေအာ္ရ၊ ေကာရင္ခြင္ထဲလဲ ဇြတ္အတင္းတုိးဝင္ရနဲ႔ အလုပ္ကိုမ်ားသြားတာပဲ။

ေကာကေတာ့ ေဟာက္ရႊမ္းကိုၾကည့္ကာ တဟီးဟီးနဲ႔ရယ္ေနေလသည္။

"ဟီးဟီး ေျပာေတာ့ မေၾကာက္နဲ႔ ေမာင္ရွိတယ္ဆို .. အခုေတာ့ ေမာင္က ငယ္သံပါေအာင္ ေအာ္ေနေတာ့တာပါလား"

"ေကာေနာ္ ေမာင့္ကိုမစနဲ႔ ေမာင္ကေၾကာက္တတ္တာမဟုတ္ဖူး .. ဒါၾကီးက jump scare မုိ႔ ေမာင္က ရုတ္တရက္ဆိုေတာ့ လန္႔သြားတာ"

"ဟုတ္ပါျပီ ေရာ့ ေရေသာက္အုံး"

ေကာထိုးေပးတဲ႔ေရဘူးကို ေဟာက္ရႊမ္းအျမန္ယူကာ ေမာ့ေသာက္လိုက္ရသည္။

တကယ္လန္႔သြားတာဟ။ ငလူးမ သရဲမ။

ခုနက ေကာကိုနမ္းဖို႔ေတြးေနတဲ႔ ဖီးလ္ေလးေတာင္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ျဖစ္သြားတယ္။

"လန္႔ေနတုန္းပဲလား"

"အင္း ေကာဖက္ထားေပး"

မတတ္ႏိုင္ဘူး။ ဥာဏ္မ်ားရမွာပဲ။

ေလာေလာဆယ္ သူကိုယ့္ရင္ခြင္ထဲေရာက္မလာႏိုင္ရင္ ကိုယ္သူ႔ရင္ခြင္ထဲေရာက္ဖို႔အရင္ၾကိဳးစားရမယ္။

"အင္း ေကာဖက္ထားေပးမယ္ေနာ္"

ပုခုံးေပၚက်ေရာက္လာတဲ႔လက္ႏုႏုေလးရဲ႕ အထိအေတြ႔မွာ ေဟာက္ရႊမ္း ငိုခ်င္သလို ရယ္ခ်င္သလို ရင္ေတြသိပ္သိပ္ခုန္သည္။

ကိုယ္ကခ်ည္းဖက္ဖို႔ၾကိဳးစားေနခဲ႔တာ .. အခုလို အဖက္ခံရေတာ့လဲမဆုိးဘူးဟ။ (ဟဲ႔ဟဲ႔ ငါနင့္ကို ေကာင္းေစခ်င္လို႔ အေပၚတင္ေပးထားတာ .. ခုန္ဆင္းဖို႔မၾကိဳးစားနဲ႔ေနာ္ ခုန္ဆင္းရင္ေတာ့ ကိုယ့္ေဒါသနဲ႔ကိုယ္ပဲမွတ္)

ေကာကဖက္တာနည္းနည္း၊ ေဟာက္ရႊမ္းက သူ႔ရင္ခြင္ထဲတုိးဝင္တာကမ်ားမ်ားဆိုေပမယ့္ ေကာက တြန္းေတာ့မထုတ္ပါဘူး။

ေဟာက္ရႊမ္းကိုအလိုက္သင့္ေလးျပန္ဖက္ထားေပးတယ္။

သရဲကားကလဲ အခုမွ climax ေရာက္ေနတာလားမသိ၊ ေကာက မ်က္ေတာင္ေတာင္မခတ္ပဲ ၾကည့္ေနတာ ရင္ခြင္ထဲက ေဟာက္ရႊမ္းကို ဖုတ္ေလတဲ႔ငါးပိရွိတယ္လို႔ေတာင္မထင္ဘူး။

ေကာကိုတစ္လွည့္၊ ရုပ္ရွင္ကိုတစ္လွည့္ၾကည့္ရင္း ဘယ္အခ်ိန္မွအၾကင္နာေပးရပါ့မလဲလို႔ ေဟာက္ရႊမ္းစိတ္ဓာတ္က်ေနျပီ။

ဒါေပမယ့္ ကံတံရားက ေဟာက္ရႊမ္းကို မ်က္ႏွာသာေပးကာ ရုပ္ရွင္ထဲမွာ မင္းသားနဲမင္းသမီးဖက္ငိုေနတဲ႔ ပ်င္းစရာေကာင္းတဲ႔အခန္းတစ္ခန္းေရာက္လာတယ္။ အခြင့္ေကာင္းပဲေပါ့။

"ေကာ" လို႔ခပ္ခၽြဲခၽြဲေခၚလိုက္ကာ အၾကင္နာေပးဖို႔ ေခါင္းကိုအေမာ့၊ ေကာကလဲ ကိုယ့္ေခၚသံေၾကာင့္ ေခါင္းကိုငုံ႔အၾကည့္မွာ …. ရုပ္ရွင္ေတြထဲကလို ႏႈတ္ခမ္းခ်င္းမိတ္ဆက္သြားတာမဟုတ္ပဲ႔

"ခြပ္" ဆိုေသာအသံနဲအတူ ကၽြန္ေတာ့္ေခါင္းနဲ႔ ေကာရဲ႕ေခါင္းတုိ႔ မိတ္ဆက္သြားျပီေလ။

နဖူးခ်င္းတိုက္မိတဲ႔အသံေတာင္ ခြပ္ဆိုျပီး အသံထြက္သြားမွာေတာ့ လူေတြလဲ ဘယ္ေလာက္အီစလံေဝသြားလဲဆုိတာ စဥ္းစားသာၾကည့္ၾကေပေတာ့။

အဲဒီလိုနဲ႔ ရုပ္ရွင္ျပီးသြားတဲ႔အခ်ိန္ထိ ေဟာက္ရႊမ္းနဲ႔က်ိရန္မွာ ကိုယ့္နဖူးကိုပြတ္ကာ အလုပ္မ်ားေနရတာနဲ႔ ဘာအၾကင္နာမွ မေပးလိုက္ရ။

ရုပ္ရွင္ျပီးေတာ့လဲ ညစာအတူသြားစားၾကတာ ေကာက မ်က္ႏွာခ်င္းဆုိင္ထုိင္ျပီး တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ျပီး စားခ်င္ပါတယ္ဆိုေသာေၾကာင့္ လက္ကေလးေတာင္မကိုင္ရျပန္ဘူး။

"ေကာ ..."

"ဟင္ ဘာလဲ ေျပာေလ ေမာင္"

"ေကာနဲ႔ခ်စ္သူျဖစ္ေနတာကို ေမာင့္အိမ္ကိုဖြင့္ေျပာလိုက္ျပီ"

"အဟြတ္ အဟြတ္"

ေဟာက္ရႊမ္းစကားေၾကာင့္ က်ိရန္စားေနတဲ႔ထမင္းေတာင္သီးသြားပုံရေလေတာ့ ေဟာက္ရႊမ္းေရတစ္ခြက္အျမန္ခပ္ေပးရသည္။

ေရေသာက္ျပီးမွ ေကာက စကားျပန္ဆက္လာသည္။

"မေစာလြန္းဘူးလားဟင္"

သူေမးလဲေမးစရာပဲ။ အခုမွကိုယ္ေတြျပန္တြဲတာ ဘယ္ေလာက္မွမၾကာေသးဘူးကိုး။

ကိုယ္ကလဲ ခ်က္ခ်င္းလက္ထပ္မယ္ ဘာညာေတြးထားတာေတာ့မဟုတ္ပါဘူး။

ဒါေပမယ့္ ဒီလူ႔ကိုပဲ တစ္သက္လုံးလက္တြဲသြားမယ္စဥ္းစားထားတာေၾကာင့္ ေနာက္လဲသိမယ့္အတူတူ အိမ္ကို ခပ္ေစာေစာအသိေပးထားတာမ်ိဳးပါ။

ဒါေပမယ့္ အလန္႔တၾကားျဖစ္ေနတဲ႔ ေကာကို စခ်င္တာေၾကာင့္ ေဟာက္ရႊမ္း မွင္ေသေသနဲ႔ ေျပာလိုက္သည္။

"မေစာပါဘူး ဘာလဲ ေကာက ကၽြန္ေတာ့္ကိုအတည္မၾကံပဲ အေပ်ာ္တြဲတာမုိ႔လု႔ိလား"

"ေမးရက္လိုက္တာ ေမာင္ရယ္ .. ေကာ ဘယ္ေလာက္ခ်စ္လဲဆုိတာသိရဲ႕သားနဲ႔"

အသံေလးတုန္ကာေမးလာတဲ႔ခ်စ္သူေၾကာင့္ ေဟာက္ရႊမ္းျပာယာခတ္သြားရေလတယ္။ ငါ့ကိုက စခ်င္အုံး။

"ဟာ ေကာ ..ေမာင္က စတာပါ … ေကာေမာင့္ကိုဘယ္ေလာက္ခ်စ္လဲဆုိတာ ေမာင္သိပါတယ္"

"သိရင္ ဘာလို႔ စိတ္မေကာင္းေအာင္ေမးေသးလဲ"

"ေမာင္ကစလိုက္တာပါကြာ"

"ေကာက ဒီအတိုင္း အရမ္းေစာေသးလားလို႔ ေမးလိုက္တာကို"

"အင္းပါ ေမာင္ကလဲ ေကာအိမ္ကိုအခုခ်က္ခ်င္းအသိေပးဖို႔ေျပာတာမဟုတ္ပါဘူး .. မနက္ကအျပင္ထြက္ခါနီး မားကေမးေတာ့ ေမာင္ကအမွန္အတုိင္းေျပာလိုက္မိတာကြာ ျပီးေတာ့ ေမာင့္အိမ္ကလဲ ေမာင့္သေဘာကို ျငင္းမွာမဟုတ္ဖူး အဲဒါေၾကာင့္ ေမာင့္ဘက္ကို စိတ္ခ်ေစခ်င္တဲ႔သေဘာနဲ႔ ေကာကိုေျပာျပတာ"

"အင္းပါ ေကာလဲ ေနာက္မွ အိမ္ကိုျဖည္းျဖည္းခ်င္းအသိေပးပါ့မယ္"

"ေမာင္က မေလာပါဘူး ကဲပါ ေအးေဆးစား .. ဟင္းေတြေအးကုန္အုံးမယ္"

"အင္း"

စားေသာက္ျပီးေတာ့ ေကာက ေနာက္က်ေနျပီဟု ေျပာတာေၾကာင့္ ပန္းျခံေလးဘာေလးသြားျပီး အၾကင္နာေပးမယ့္အစီအစဥ္ကို ကုိယ့္ဘာသာပဲ ပယ္ခ်ကာ အိမ္ျပန္ပို႔ရျပန္သည္။

အဟြင့္ ဒီေန႔ေတာ့ အၾကင္နာေပးခန္းကိုမေရာက္ဖူးထင္ပါရဲ႕။

ဝမ္ေဟာက္ရႊမ္း ကံမေကာင္းဘူး။

ေနာက္ေန႔မွ ကြမ္ရင္မယ္ေတာ္ေက်ာင္းကို သြားရမယ္။

"ေမာင္ ဆုိင္ကယ္လ္ကို အရွိန္အရမ္းတင္မေမာင္းနဲ႔ ဂရုစိုက္ျပီးျပန္ေနာ္"

"အင္းပါ ဒီေန႔ေအးတယ္ေနာ္ ညဘက္ၾကီးေရမခ်ိဳးနဲ႔ေတာ့ ေျခလက္မ်က္ႏွာေဆးျပီးပဲအိပ္ေနာ္"

"ဟုတ္ ေမာင္ျပန္ေရာက္ရင္ဖုန္းဆက္ေနာ္"

"စိတ္ခ် ဆက္လိုက္မယ္ .. ေကာအိမ္ထဲဝင္ေတာ့ေလ"

တစ္ေယာက္နဲ႔တစ္ေယာက္ ႏႈတ္ဆက္ၾကရင္း မခြဲခ်င္လွသလိုၾကည့္ကာ ေကာက အိမ္ထဲဝင္မယ့္ပုံမေပၚေသးေသာ္လည္း ေနာက္က်ေနျပီလို႔ ေကာကေျပာထားတာေၾကာင့္

ေကာကိုအိမ္ထဲဝင္ခိုင္းရသည္။ ဒါေပမယ့္ ေကာက အိမ္ထဲမဝင္ေသးပဲ ဆိုင္ကယ္လ္ေဘးနားမွာ ဆက္ျပီးရပ္ေနတုန္းပဲ။

"ေကာ မဝင္ေသးဘူးလား"

"ဒါပဲလား"

"ဘာကိုလဲ ေကာရဲ႕"

"အခုအိမ္ထဲဝင္ရေတာ့မွာလားလို႔"

"အင္းေလ ဘာလို႔လဲ"

"ျပီးတာပဲ"

ေဟာက္ရႊမ္းကိုမ်က္ေစာင္းထိုးကာ အိမ္ထဲဝင္ဖို႔ဟိုဘက္လွည့္သြားေသာ ေကာကိုၾကည့္ျပီး ေဟာက္ရႊမ္း အခုမွသေဘာေပါက္သြားရသည္။

အားးးး ေကာက ငါ့ဆီကအၾကင္နာေပးတာကို ေမွ်ာ္လင့္ေနတာကိုး။ ငါကလဲ ပိန္းလိုက္တာ။ တစ္ခ်ိန္လုံးနမ္းဖို႔ပဲ စဥ္းစားေနျပီး ဘယ္အခ်ိန္မွာနမ္းရမလဲေတာင္မသိဘူး။

ကိုယ့္ကိုေက်ာေပးထားသူရဲ႕လက္တစ္ဖက္ကို ခပ္ျမန္ျမန္လွမ္းဆြဲလိုက္ျပီး ကိုယ့္အနားကို ကပ္ေစလိုက္သည္။

ရင္ခြင္ထဲျပိဳက်လာတဲ႔ေကာက မ်က္ေစာင္းတစ္ပြင့္လက္ေဆာင္ေပးလာသည္။ ေဟာက္ရႊမ္းတုိ႔မမႈပါဘူး။

ရင္ခြင္ထဲက ခ်စ္သူေလးရဲ႕ ေမးဖ်ားေလးကိုဆြဲေမာ့ျပီး ႏႈတ္ခမ္းထူထူအိအိေလးမွာ ေဟာက္ရႊမ္းခိုနားလိုက္သည္။

ရုတ္တရက္မို႔ အံ့ၾသသင့္သလို ဝိုင္းစက္သြားတဲ႔မ်က္ဝန္းေလးေတြကို အနမ္းေတြ တုိးေပးျခင္းျဖင့္ ပိတ္ေစေတာ့ သူ႔လက္သြယ္သြယ္ေလးက ကိုယ့္ခါးနားတဝိုက္တြင္က်ေရာက္လာသည္။

ပထမဆုံးအနမ္း တစ္ျဖစ္လဲ အိမ္ျပန္ခ်ိန္ႏႈတ္ဆက္အနမ္းရွည္ၾကာၾကာေလးက ခ်စ္သူရဲ႕အိမ္ေရွ႕ အေမွာင္ရိပ္တြင္ျဖစ္တည္ေလရဲ႕။

အို ဘယ္နားပဲျဖစ္ျဖစ္ပါေလ … အဓိကက အဓိကပဲမဟုတ္ေပဘူးလား။

Extra 2 will be continued in next 3 days (or)
MGT ကို Season2 ေရးေပးရမလားဟင္ 🌚

Unicode

My Gym Trainer Extra 1

ဒီနေ့ စူပါဆန်းဒေး ကောနဲ့ဒိတ်လုပ်ဖို့ချိန်းထားတဲ့ ဒေးမို့ နေ့လည်ဘက်ရုပ်ရှင်ကြည့်မယ် ပြီးရင် ညစာသွားစားမယ်ဆိုပြီး ပြင်ဆင်နေတာ အခုထိမပြီးနိုင်သေး။

ကျိရန်ကောနဲ့ ပြန်အဆင်ပြေသွားတဲ့အချိန်ကစပြီး အခုထိ အေးအေးဆေးဆေးကို ဒိတ်မလုပ်ရသေးတာဖြစ်သည်။

ရိပေါ်ကလဲမအား၊ ဟိုက်ခွမ်းကောရဲ့ ဝမ်ပါပါးက တစ်ချက်လွှတ်အမိန့်နဲ့ သူ့အလုပ်ကို ကူခိုင်းထားတာမို့ gym ကိုအရင်လို နေ့တိုင်းမလာနိုင်တော့ပဲ ဟောက်ရွှမ်းကို တာဝန်လွှဲထားတာမို့ဖြစ်လေသည်။

ကျူးစန့်ကျင်ကလား၊ အချိန်ရှိသရွေ့ ဟိုက်ခွမ်းကောရဲ့ ရုံးခန်းကိုချောင်းပေါက်မတတ်သွားနေတာကြောင့် gym ကို member တွေ train မယ့်အချိန်ကျမှ ရောက်လာတတ်တယ်။

အဲဒီတော့ ဝမ်ဟောက်ရွှမ်းတို့က gym စောင့်ဖို့ထီပေါက်တယ်လေ။

အခုတော့ ရိပေါ်ပြိုင်ပွဲပြီးပြီဆိုတော့ gym စောင့်ဖို့တာဝန်ကို ရိပေါ်တို့ လင်လင်နှစ်ယောက်ကို တာဝန်လွှဲပေးပြီး ဟောက်ရွှမ်းက ကျိရန်ကောနဲ့ဒိတ်ဖို့ပြောရတယ်။

ကျိရန်ကောနဲ့ဘာလို့အသည်းအသန်ဒိတ်ချင်နေရတာလဲဆိုတာ ဟောက်ရွှမ်းမှာအကြောင်းကလဲရှိနေသေးတယ်။

ပြန်အဆင်ပြေတဲ့နေ့က တစ်ခါလေးနမ်းလိုက်ရပြီးတဲ့နောက် ကျိရန်ကောကို တစ်ခါမှ ဟောက်ရွှမ်းထပ်မနမ်းရတော့။

လူလစ်တုန်း ပါးလေး နဖူးလေး နမ်းရုံကလွဲရင် အကြင်နာမပေးရသေးဘူးဆိုပါတော့ဗျာ။

ပြောရမယ်ဆိုရင်တော့ အကြင်နာမပေးဖို့မပြောနဲ့ ကောင်းကောင်းတောင်မဖက်ရတဲ့အနေအထားပါပဲ။

အလုပ်ပြီးရင် အိမ်ပြန်ပို့ချင်ပေမယ့် ကောက ကိုယ့်ကားနဲ့ကိုယ်ဆိုတော့ ဟောက်ရွှမ်းမှာ ပြန်လိုက်ပို့ပေးဖို့ အခွင့်ကမသာပြန်ဘူး။

အဲဒါကြောင့် ဒီနေ့တော့ ကားမယူလာပဲ ကောကို အိမ်မှာသွားကြိုမယ်လို့ပြောထားကာ ရုပ်ရှင်ရုံကို ခေါ်သွားမယ်။

ရုပ်ရှင်ရုံထဲမှာ ကောတစ်ယောက်ကို အပီအပြင် ရှလူးနိုင်ဖို့ ကောကြောက်အောင်ဆိုပြီး သရဲကားကြည့်ဖို့လက်မှတ်ဖြတ်ထားတယ်။

ဟောက်ရွှမ်းအကြံမပိုင်ဘူးလား ဟဲဟဲဟဲ။

တကယ်တော့ ဒါက ကိုယ့်အကြံချည်းပဲတော့လဲမဟုတ်ဘူး။ ဟောက်ရွှမ်းစဉ်းစားတာက ရုပ်ရှင်သွားကြည့်ဖို့ပါပဲ။

စန့်ကျင်က သရဲကားကြည့်ရင် ကောကြောက်တဲ့အခါ ရင်ခွင်ထဲဆွဲသွင်းထားလို့ရတယ်လေဆိုပြီး အကြံပေးတာကြောင့် သရဲကားကြည့်ဖို့ ဟောက်ရွှမ်းဆုံးဖြတ်လိုက်တာ။

ပြင်ဆင်ခြင်းရဲ့နောက်ဆုံးပိတ်အနေနဲ့ ရေမွှေးကို ကိုယ်ပေးအနှံ့ ၃ ၄ ချက်လောက်စွတ်အပြီးမှာပဲ မွေးသမိခင်က အခန်းထဲကိုဝင်လာလေသည်။

"ဝမ်ဟောက်ရွှမ်း အခန်းထဲမှာ ရေမွှေးပုလင်းမှောက်ကျထားတာလား"

"အာ မဟုတ်ပါဘူး မားကလဲ"

"မသိပါဘူးအေ တစ်ခန်းလုံးလဲရေမွှေးနံ့တွေက မွှန်ထူနေတာပဲ .. ဒါနဲ့ ဒါကဘယ်ကိုကြွအုံးမှာလဲ အိမ်မကပ်တာလဲ တော်တော်ကြာနေပြီနော် ဒီနေ့လဲ gym နားရက်ကို အပြင်သွားအုံးမလို့လား"

"အပြင်သွားမလို့ ချိန်းထားတာရှိတယ် မားရဲ့"

"ဟောက်ရွှမ်း နင်ရည်းစားရနေတာလား … အခုတလော အိမ်မှာနေတယ်လို့ကိုမရှိဘူး ညညဆိုလဲ ဖုန်းပြောသံကြားရတယ် ဟိုတလောက မားသူငယ်ချင်းသမီးကိုလဲ ငြင်းလိုက်သေးတာဆို"

"အဟဲ ဟုတ်တယ် မား"

"ဘယ်သူလဲ ဘယ်ကလဲ ဘာအလုပ်လုပ်လဲ နင် မတော်တရော်မိန်းကလေးတွေနဲ့တွေ့ရင် ဒုက္ခပဲ အမေကကောင်းစေချင်လို့စီစဉ်တာကိုကျ လက်မခံဘူး"

"ကောက မတော်တရော်မဟုတ်ပါဘူး အမျိုးကောင်းသားလေးပါ မားရဲ့"

"ဘယ်လို ဘယ်လို … အမျိုးကောင်းသားဟုတ်လား … နင့်ရည်းစားက မိန်းကလေးမဟုတ်ဖူးလား"

"မဟုတ်ဖူး ယောကျာ်းလေး အဟီး"

"အံမယ်လေး ငါသွေးတက်ပါပြီ ငါ့မှာ သားယောကျာ်းလေးတစ်ယောက်တည်းရှိတာ .. အခု နင်က ယောကျာ်းလေးတစ်ယောက်နဲ့ကြိုက်နေတယ်ဆိုတော့ ငါ့မျိုးဆက်က တုံးပြီပေါ့"

"အာ မားကလဲ ဝေးလိုက်တာလွန်ရော အခုခေတ်က ယောကျာ်းလေးချင်းယူလဲ ဖန်ပြွန်သန္ဒေနဲ့ကိုယ်ဝန်ဆောင်ပြီး သွေးသားအရင်းယူလို့ရနေပြီဗျ အဲကိစ္စကိုတော့စိတ်မပူနဲ"

"ဟေ ဟုတ်လား"

"ဟုတ်တယ် အဲဒါကြောင့် မားမျိုးဆက်ပြတ်မှာကို စိတ်မပူရတော့ဘူး သားနဲ့ကောကို သဘောတူပေးနော် သား ကောကိုမှမရရင် သေရလိမ့်မယ်"

"နေပါအုံး ဝမ်ဟောက်ရွှမ်းရယ် နင်က ရည်းစားမထားတော့လဲမထားလို့ ထားတော့လဲအသည်းအသန်ပဲ .. ကောင်လေးက ဘယ်လိုမျိုးရိုးလဲ ဘယ်လိုပုံစံလဲဆိုတာတောင် ငါဘာမှမသိရသေးဘူးလေ"

"ကောက မားငြင်းချင်စရာကို တကွက်မှမရှိတဲ့လူမျိုး အဲဒါကြောင့် သဘောတူဖို့ပဲပြင်ထားတော့ အခုတော့ ကောနဲ့ချိန်းထားတာနောက်ကျနေပြီမို့ သွားတော့မယ်နော် တာ့တာ"

ဖုန်းနဲ့ ဆိုင်ကယ်လ်သော့ကို အမြန်ဆွဲယူရင်း မားရှေ့ကနေ လစ်ထွက်လာရသည်။

မဟုတ်ရင် ဆွေမျိုးစပ်ခန်းက ဒီနေ့ ပြီးတော့မှာမဟုတ်ဖူးဆိုတာ ဗေဒင်မေးစရာမလိုပဲ ဟောက်ရွှမ်းအသေအချာသိသည်လေ။

(ဘဲဆီသွားတဲ့ ဟောက်ဟောက်)

(မောင့်အချစ် ကျိကျိ)

Xxxxxxxxxxxxxxxx

"ကော သရဲကြောက်ရင် မောင့်ကိုဖက်ထားနော် ဘာမှမကြောက်နဲ့ မောင်ရှိတယ်သိလား"

ရုပ်ရှင်ရုံထဲက အတွဲခုံမှာဝင်ထိုင်တယ်ဆိုရင်ပဲ ဟောက်ရွှမ်းပြောလိုက်လေသည်။

ဒီအခွင့်အရေးကို သူကစောင့်နေတာကိုး။

"မကြောက်ပါဘူး ကောက သရဲကားကြိုက်တယ်"

ပြန်ပြောလာတဲ့ ကောစကားကြောင့် ဟောက်ရွှမ်းနင်တောင်နင်သွားရသည်။

ကိစ္စမရှိဘူး။ ဒါက ရုပ်ရှင်မစသေးလို့ပြောတာနေမှာပါ။

ဒီကားက အရမ်းကြောက်ဖို့ကောင်းတယ်လို့ စန့်ကျင်ပြောထားတာပဲ။

အခုတော့ ပုခုံးလေးပေါ်မှာ လက်ကလေးအသာတင်ထားလိုက်ရုံပေါ့။

"ငြိမ်ငြိမ်နေလေ မောင်ကလဲ"

အစတုန်းကတော့ ကောက ဖက်တာခံသေးသည်။

ကိုယ်က သူများစိတ်မရိုးမရွဖြစ်လာမလားဆိုပြီး ပုခုံးလေးကို လက်နဲ့အသာပွတ်တဲ့အကြိမ်ရေ များလာတော့ ဇာတ်ကားထဲအာရုံရောက်နေတဲ့ ကောက လက်ကို ဖယ်ချလိုက်တာများ .. ဇိုးကနဲ ဇတ်ကနဲ။

ကောက ရုပ်ရှင်ကြည့်လို့ကောင်းနေသလောက် ဟောက်ရွှမ်းကတော့ ကောများ ကိုယ့်ဘက်လှည့်လာလေမလားဆိုတဲ့အတွေးနဲ့ ကောမျက်နှာကိုသာ မော့မော့ကြည့်နေရတာမို့ ဇာတ်ကားထဲလဲ အာရုံမရောက်နိုင်ဘူး။

မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ဇာတ်ကားကို အာရုံဝင်စားစွာကြည့်နေတဲ့ ကောမျက်နှာလေးက အမှောင်ထဲမှာတောင် ထင်းနေအောင်လှသည်။

(နင်ပဲ ထင်းနေလိုက် မောင်လေး)

နှာတံစင်းစင်းလေးကလဲ အသည်းယားစရာကောင်းလှစွာ မျက်နှာပေါ်မှာ နေရာတကျပဲ။

နှုတ်ခမ်းထူထူအိအိလေးတွေက နမ်းချင်စရာကောင်းလိုက်တာလေ။

ဂလုစ် .. မဖြစ်ဖူး မဖြစ်ဖူး အဲဒီနှုတ်ခမ်းလေးတွေကို ငါဒီနေ့နမ်းရမှဖြစ်မယ်။

ကောနှုတ်ခမ်းကိုငေးကြည့်နေရာကနေ အသက်ရှူမဝသလိုဖြစ်လာရတာမို့ ရုပ်ရှင်ပြနေတဲ့ဘက် ရုတ်တရက်လှည့်လိုက်မိစဉ် ထွက်လာသော သရဲမနဲ့ တည့်တည့်တိုးတာမို့ ဟောက်ရွှမ်းထအော်မိလေပြီ။

"အောင်မလေး မားရေ"

ဟောက်ရွှမ်းမှာအော်လဲ အော်ရ၊ ကောရင်ခွင်ထဲလဲ ဇွတ်အတင်းတိုးဝင်ရနဲ့ အလုပ်ကိုများသွားတာပဲ။

ကောကတော့ ဟောက်ရွှမ်းကိုကြည့်ကာ တဟီးဟီးနဲ့ရယ်နေလေသည်။

"ဟီးဟီး ပြောတော့ မကြောက်နဲ့ မောင်ရှိတယ်ဆို .. အခုတော့ မောင်က ငယ်သံပါအောင် အော်နေတော့တာပါလား"

"ကောနော် မောင့်ကိုမစနဲ့ မောင်ကကြောက်တတ်တာမဟုတ်ဖူး .. ဒါကြီးက jump scare မို့ မောင်က ရုတ်တရက်ဆိုတော့ လန့်သွားတာ"

"ဟုတ်ပါပြီ ရော့ ရေသောက်အုံး"

ကောထိုးပေးတဲ့ရေဘူးကို ဟောက်ရွှမ်းအမြန်ယူကာ မော့သောက်လိုက်ရသည်။

တကယ်လန့်သွားတာဟ။ ငလူးမ သရဲမ။

ခုနက ကောကိုနမ်းဖို့တွေးနေတဲ့ ဖီးလ်လေးတောင် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတယ်။

"လန့်နေတုန်းပဲလား"

"အင်း ကောဖက်ထားပေး"

မတတ်နိုင်ဘူး။ ဉာဏ်များရမှာပဲ။

လောလောဆယ် သူကိုယ့်ရင်ခွင်ထဲရောက်မလာနိုင်ရင် ကိုယ်သူ့ရင်ခွင်ထဲရောက်ဖို့အရင်ကြိုးစားရမယ်။

"အင်း ကောဖက်ထားပေးမယ်နော်"

ပုခုံးပေါ်ကျရောက်လာတဲ့လက်နုနုလေးရဲ့ အထိအတွေ့မှာ ဟောက်ရွှမ်း ငိုချင်သလို ရယ်ချင်သလို ရင်တွေသိပ်သိပ်ခုန်သည်။

ကိုယ်ကချည်းဖက်ဖို့ကြိုးစားနေခဲ့တာ .. အခုလို အဖက်ခံရတော့လဲမဆိုးဘူးဟ။ (ဟဲ့ဟဲ့ ငါနင့်ကို ကောင်းစေချင်လို့ အပေါ်တင်ပေးထားတာ .. ခုန်ဆင်းဖို့မကြိုးစားနဲ့နော် ခုန်ဆင်းရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲမှတ်)

ကောကဖက်တာနည်းနည်း၊ ဟောက်ရွှမ်းက သူ့ရင်ခွင်ထဲတိုးဝင်တာကများများဆိုပေမယ့် ကောက တွန်းတော့မထုတ်ပါဘူး။

ဟောက်ရွှမ်းကိုအလိုက်သင့်လေးပြန်ဖက်ထားပေးတယ်။

သရဲကားကလဲ အခုမှ climax ရောက်နေတာလားမသိ၊ ကောက မျက်တောင်တောင်မခတ်ပဲ ကြည့်နေတာ ရင်ခွင်ထဲက ဟောက်ရွှမ်းကို ဖုတ်လေတဲ့ငါးပိရှိတယ်လို့တောင်မထင်ဘူး။

ကောကိုတစ်လှည့်၊ ရုပ်ရှင်ကိုတစ်လှည့်ကြည့်ရင်း ဘယ်အချိန်မှအကြင်နာပေးရပါ့မလဲလို့ ဟောက်ရွှမ်းစိတ်ဓာတ်ကျနေပြီ။

ဒါပေမယ့် ကံတံရားက ဟောက်ရွှမ်းကို မျက်နှာသာပေးကာ ရုပ်ရှင်ထဲမှာ မင်းသားနဲမင်းသမီးဖက်ငိုနေတဲ့ ပျင်းစရာကောင်းတဲ့အခန်းတစ်ခန်းရောက်လာတယ်။ အခွင့်ကောင်းပဲပေါ့။

"ကော" လို့ခပ်ချွဲချွဲခေါ်လိုက်ကာ အကြင်နာပေးဖို့ ခေါင်းကိုအမော့၊ ကောကလဲ ကိုယ့်ခေါ်သံကြောင့် ခေါင်းကိုငုံ့အကြည့်မှာ …. ရုပ်ရှင်တွေထဲကလို နှုတ်ခမ်းချင်းမိတ်ဆက်သွားတာမဟုတ်ပဲ့

"ခွပ်" ဆိုသောအသံနဲအတူ ကျွန်တော့်ခေါင်းနဲ့ ကောရဲ့ခေါင်းတို့ မိတ်ဆက်သွားပြီလေ။

နဖူးချင်းတိုက်မိတဲ့အသံတောင် ခွပ်ဆိုပြီး အသံထွက်သွားမှာတော့ လူတွေလဲ ဘယ်လောက်အီစလံဝေသွားလဲဆိုတာ စဉ်းစားသာကြည့်ကြပေတော့။

အဲဒီလိုနဲ့ ရုပ်ရှင်ပြီးသွားတဲ့အချိန်ထိ ဟောက်ရွှမ်းနဲ့ကျိရန်မှာ ကိုယ့်နဖူးကိုပွတ်ကာ အလုပ်များနေရတာနဲ့ ဘာအကြင်နာမှ မပေးလိုက်ရ။

ရုပ်ရှင်ပြီးတော့လဲ ညစာအတူသွားစားကြတာ ကောက မျက်နှာချင်းဆိုင်ထိုင်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စားချင်ပါတယ်ဆိုသောကြောင့် လက်ကလေးတောင်မကိုင်ရပြန်ဘူး။

"ကော ..."

"ဟင် ဘာလဲ ပြောလေ မောင်"

"ကောနဲ့ချစ်သူဖြစ်နေတာကို မောင့်အိမ်ကိုဖွင့်ပြောလိုက်ပြီ"

"အဟွတ် အဟွတ်"

ဟောက်ရွှမ်းစကားကြောင့် ကျိရန်စားနေတဲ့ထမင်းတောင်သီးသွားပုံရလေတော့ ဟောက်ရွှမ်းရေတစ်ခွက်အမြန်ခပ်ပေးရသည်။

ရေသောက်ပြီးမှ ကောက စကားပြန်ဆက်လာသည်။

"မစောလွန်းဘူးလားဟင်"

သူမေးလဲမေးစရာပဲ။ အခုမှကိုယ်တွေပြန်တွဲတာ ဘယ်လောက်မှမကြာသေးဘူးကိုး။

ကိုယ်ကလဲ ချက်ချင်းလက်ထပ်မယ် ဘာညာတွေးထားတာတော့မဟုတ်ပါဘူး။

ဒါပေမယ့် ဒီလူ့ကိုပဲ တစ်သက်လုံးလက်တွဲသွားမယ်စဉ်းစားထားတာကြောင့် နောက်လဲသိမယ့်အတူတူ အိမ်ကို ခပ်စောစောအသိပေးထားတာမျိုးပါ။

ဒါပေမယ့် အလန့်တကြားဖြစ်နေတဲ့ ကောကို စချင်တာကြောင့် ဟောက်ရွှမ်း မှင်သေသေနဲ့ ပြောလိုက်သည်။

"မစောပါဘူး ဘာလဲ ကောက ကျွန်တော့်ကိုအတည်မကြံပဲ အပျော်တွဲတာမို့လု့ိလား"

"မေးရက်လိုက်တာ မောင်ရယ် .. ကော ဘယ်လောက်ချစ်လဲဆိုတာသိရဲ့သားနဲ့"

အသံလေးတုန်ကာမေးလာတဲ့ချစ်သူကြောင့် ဟောက်ရွှမ်းပြာယာခတ်သွားရလေတယ်။ ငါ့ကိုက စချင်အုံး။

"ဟာ ကော ..မောင်က စတာပါ … ကောမောင့်ကိုဘယ်လောက်ချစ်လဲဆိုတာ မောင်သိပါတယ်"

"သိရင် ဘာလို့ စိတ်မကောင်းအောင်မေးသေးလဲ"

"မောင်ကစလိုက်တာပါကွာ"

"ကောက ဒီအတိုင်း အရမ်းစောသေးလားလို့ မေးလိုက်တာကို"

"အင်းပါ မောင်ကလဲ ကောအိမ်ကိုအခုချက်ချင်းအသိပေးဖို့ပြောတာမဟုတ်ပါဘူး .. မနက်ကအပြင်ထွက်ခါနီး မားကမေးတော့ မောင်ကအမှန်အတိုင်းပြောလိုက်မိတာကွာ ပြီးတော့ မောင့်အိမ်ကလဲ မောင့်သဘောကို ငြင်းမှာမဟုတ်ဖူး အဲဒါကြောင့် မောင့်ဘက်ကို စိတ်ချစေချင်တဲ့သဘောနဲ့ ကောကိုပြောပြတာ"

"အင်းပါ ကောလဲ နောက်မှ အိမ်ကိုဖြည်းဖြည်းချင်းအသိပေးပါ့မယ်"

"မောင်က မလောပါဘူး ကဲပါ အေးဆေးစား .. ဟင်းတွေအေးကုန်အုံးမယ်"

"အင်း"

စားသောက်ပြီးတော့ ကောက နောက်ကျနေပြီဟု ပြောတာကြောင့် ပန်းခြံလေးဘာလေးသွားပြီး အကြင်နာပေးမယ့်အစီအစဉ်ကို ကိုယ့်ဘာသာပဲ ပယ်ချကာ အိမ်ပြန်ပို့ရပြန်သည်။

အဟွင့် ဒီနေ့တော့ အကြင်နာပေးခန်းကိုမရောက်ဖူးထင်ပါရဲ့။

ဝမ်ဟောက်ရွှမ်း ကံမကောင်းဘူး။

နောက်နေ့မှ ကွမ်ရင်မယ်တော်ကျောင်းကို သွားရမယ်။

"မောင် ဆိုင်ကယ်လ်ကို အရှိန်အရမ်းတင်မမောင်းနဲ့ ဂရုစိုက်ပြီးပြန်နော်"

"အင်းပါ ဒီနေ့အေးတယ်နော် ညဘက်ကြီးရေမချိုးနဲ့တော့ ခြေလက်မျက်နှာဆေးပြီးပဲအိပ်နော်"

"ဟုတ် မောင်ပြန်ရောက်ရင်ဖုန်းဆက်နော်"

"စိတ်ချ ဆက်လိုက်မယ် .. ကောအိမ်ထဲဝင်တော့လေ"

တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ကြရင်း မခွဲချင်လှသလိုကြည့်ကာ ကောက အိမ်ထဲဝင်မယ့်ပုံမပေါ်သေးသော်လည်း နောက်ကျနေပြီလို့ ကောကပြောထားတာကြောင့်

ကောကိုအိမ်ထဲဝင်ခိုင်းရသည်။ ဒါပေမယ့် ကောက အိမ်ထဲမဝင်သေးပဲ ဆိုင်ကယ်လ်ဘေးနားမှာ ဆက်ပြီးရပ်နေတုန်းပဲ။

"ကော မဝင်သေးဘူးလား"

"ဒါပဲလား"

"ဘာကိုလဲ ကောရဲ့"

"အခုအိမ်ထဲဝင်ရတော့မှာလားလို့"

"အင်းလေ ဘာလို့လဲ"

"ပြီးတာပဲ"

ဟောက်ရွှမ်းကိုမျက်စောင်းထိုးကာ အိမ်ထဲဝင်ဖို့ဟိုဘက်လှည့်သွားသော ကောကိုကြည့်ပြီး ဟောက်ရွှမ်း အခုမှသဘောပေါက်သွားရသည်။

အားးးး ကောက ငါ့ဆီကအကြင်နာပေးတာကို မျှော်လင့်နေတာကိုး။ ငါကလဲ ပိန်းလိုက်တာ။ တစ်ချိန်လုံးနမ်းဖို့ပဲ စဉ်းစားနေပြီး ဘယ်အချိန်မှာနမ်းရမလဲတောင်မသိဘူး။

ကိုယ့်ကိုကျောပေးထားသူရဲ့လက်တစ်ဖက်ကို ခပ်မြန်မြန်လှမ်းဆွဲလိုက်ပြီး ကိုယ့်အနားကို ကပ်စေလိုက်သည်။

ရင်ခွင်ထဲပြိုကျလာတဲ့ကောက မျက်စောင်းတစ်ပွင့်လက်ဆောင်ပေးလာသည်။ ဟောက်ရွှမ်းတို့မမှုပါဘူး။

ရင်ခွင်ထဲက ချစ်သူလေးရဲ့ မေးဖျားလေးကိုဆွဲမော့ပြီး နှုတ်ခမ်းထူထူအိအိလေးမှာ ဟောက်ရွှမ်းခိုနားလိုက်သည်။ ရုတ်တရက်မို့ အံ့သြသင့်သလို ဝိုင်းစက်သွားတဲ့မျက်ဝန်းလေးတွေကို အနမ်းတွေ တိုးပေးခြင်းဖြင့် ပိတ်စေတော့ သူ့လက်သွယ်သွယ်လေးက ကိုယ့်ခါးနားတဝိုက်တွင်ကျရောက်လာသည်။

ပထမဆုံးအနမ်း တစ်ဖြစ်လဲ အိမ်ပြန်ချိန်နှုတ်ဆက်အနမ်းရှည်ကြာကြာလေးက ချစ်သူရဲ့အိမ်ရှေ့ အမှောင်ရိပ်တွင်ဖြစ်တည်လေရဲ့။

အို ဘယ်နားပဲဖြစ်ဖြစ်ပါလေ … အဓိကက အဓိကပဲမဟုတ်ပေဘူးလား။

Ga verder met lezen

Dit interesseert je vast

17.1K 1.2K 28
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤 starting date 21.8.2020
229K 13.2K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
348K 35.9K 52
အထီးကျန်ရင်း၊ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းနဲ့ အချိန်တွေကို ဖြတ်သန်းကုန်ဆုံးခဲ့တာက သူ့ကိုတွေ့ဖို့အတွက် ရင်းခဲ့ရတဲ့အရာတွေလို့ ကျွန်တော်မှတ်ယူထားတယ်။ 『 F...
286K 36.7K 34
[ ZHANYI ] သရဲကေရာ ခ်စ္သူျဖစ္လာႏိုင္ပါသလား ? သရဲကရော ချစ်သူဖြစ်လာနိုင်ပါသလား ? Everything here is just a fantasy. cover from pinterest.