Ep25 - Just the way you are

15K 1.8K 121
                                    

My Gym Trainer Ep 25 Final

"စိတ်လှုပ်ရှားနေတာလား"

"အင်း နည်းနည်း"

မေးသူက ရိပေါ်၊ အမေးခံရတဲ့သူက ရှောင်းကျန့်။

ရိပေါ်ရဲ့ပြိုင်ပွဲနေ့ရောက်လာလေတော့ ရိပေါ်ထက်ပိုပြီး စိတ်လှုပ်ရှားနေသူက ရှောင်းကျန့်ပဲဖြစ်ခဲ့တယ်။

ရှောင်းကျန့်အနေနဲ့ တစ်ခါမှ ဆိုင်ကယ်လ်ပြိုင်တာကို အပြင်မှာမမြင်ဖူးခဲ့ဘူး။

ရိပေါ်ဆိုတဲ့ကောင်ကလေးနဲ့မပက်သက်မိခင်အချိန်ထိ ဆိုင်ကယ်လ်ပြိုင်ပွဲဆိုတာ တစ်ခါနှစ်ခါလောက်သာ ကြားဖူးခဲ့တာမို့ ချစ်သူက ပြိုင်ပွဲဝင်ဆိုတာသိတဲ့နောက် ရှောင်းကျန့် ပထမဆုံးလုပ်တဲ့အလုပ်က ပြိုင်ပွဲ video တွေ ရှာကြည့်ရတာပဲ။

အဲဒါကြောင့်ပဲ သူ့ရဲ့စိုးရိမ်ရေအမှတ်က တရိပ်ရိပ်မြင့်တက်လာခဲ့တာ။

ဒီအလုပ်က ဘယ်လောက်အန္တရာယ်များတဲ့အလုပ်လဲ။ သူ့စိတ်နဲ့သူသာဆို မလုပ်နဲ့လို့ တားချင်မိတာ။

ဒါပေမယ့် ရိပေါ်က ဒီအလုပ်ကို ဘယ်လောက်ရူးသွပ်လဲဆိုတာ ရှောင်းကျန့်သိတာမို့ စိတ်ထဲကနေ ရသမျှ ဘုရားစာတွေရွတ်နေရုံသာတတ်နိုင်သည်။

"စိတ်မပူပါနဲ့ ကိုကြီးရယ် ကျွန်တော်က ကိုကြီးရဲ့ ပေါ်တိ Tracer 85 ပါဗျ"

"ဘယ်လိုပဲဖြစ်ဖြစ် စိတ်ပူတာကပူတာပဲလေ ငါကချစ်ရတာကိုး"

ရိပေါ်က ရှောင်းကျန့်ရဲ့လက်တစ်ဖက်ကို ဆုပ်ကိုင်လို့ အလှပဆုံးပြုံးပြတယ်။

"ချစ်တာကိုသိတယ် ကျွန်တော် ဘာမှမဖြစ်မှာမို့ စိတ်မပူနဲ့ ဟုတ်ပြီလား"

ပြိုင်ပွဲကွင်းထဲဝင်တော့မယ့် ရိပေါ်ကို စိုးရိမ်သလို တစ်ချက်ကြည့်ရင်း အသာပြုံးပြလိုက်တယ်။

ကိုကြီးအပြုံးကြောင့် ပေါ်တိလေး အားတွေဖြစ်စေ ပေါ့။

ဒါပေမယ့် ဝမ်ရိပေါ်ကတော့ ကိုကြီးအပြုံးနဲ့တင် အားမရပါဘူး။

ပွဲကြည့်စင်ပေါ်သွားဖို့ခြေလှမ်းပြင်နေတဲ့ ရှောင်းကျန့်လက်ကိုဆွဲလျက် သူနဲ့နီးကပ်စေပြီး ရှောင်းကျန့်နှုတ်ခမ်းအောက်က မှည့်နက်ကလေးကို နမ်းတယ်။

My Gym Trainer (Completed)Where stories live. Discover now