Ep 19 - The Next Morning

15.5K 1.8K 205
                                    

My Gym Trainer Ep 19

~~I want nobody nobody but you…I want nobody nobody but you~~

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

~~I want nobody nobody but you…I want nobody nobody but you~~

အသံကျယ်ကျယ်နဲ့မြည်လာသော ဖုန်းသံကြောင့် ရှောင်းကျန့် နားတွေငြီးပြီးနိုးလာကာ ဖုန်းကိုလိုက်စမ်းရသည်။

သောက်ဖုန်းကလဲ အရေးဆို အနားမှာမရှိဘူး။ ဖုန်းရှိတဲ့နေရာက လက်လှမ်းမမှီတာမို့ ကိုယ်ကိုအသာကြွကာ လက်လှမ်းလိုက်တော့…

"အားးးး မာမားရေ သားဖင်….ဖင် .. ဖင်နာတယ် မားရေ့"

ဖုန်းကိုမထူးနိုင်သေးဘဲ ထအော်သော ရှောင်းကျန့်ကြောင့် နံဘေးမှာအိပ်နေတဲ့ ဝမ်ရိပေါ်ပါ နိုးလာရသည်။

"ကိုကြီး ဘာဖြစ်လို့လဲ"

"အဟင့် ငါ့ဖင်တွေနာတယ်"

"အာ…"

ဖင်နားရခြင်းတရားခံဟာ ကိုယ့်ကြောင့်ဖြစ်တာမို့ ရိပေါ်မှာ သွားလေးဖြဲကာ ရယ်ပြရုံမှတစ်ပါး အခြားမရှိ။

"ဥုံဖွ ဥုံဖွ ပြီးရင်ဆေးလိမ်းပေးမယ်နော်"

"ဟွန်း မင်းနဲ့ငါ နောက်မှပြောမယ် ခုတော့ ဖုန်းကိုင်အုံးမယ်"

~~

"ရှောင်ရှောင်းကျန့်"

ဖုန်းလက်ခံသည့် ခလုတ်လေးကိုထိလိုက်တယ်ဆိုရင်ပဲ ကြားလိုက်ရတဲ့ မားအသံကြောင့် ရှောင်းကျန့်လက်ထဲမှ ဖုန်းလေးက ပလွတ်ဆိုပြီး ပြုတ်ကျသွားသည်။

ဟုတ်တယ်လေ မားအော်သံကြောင့် ရှောင်းကျန့်တင်မဟုတ် ၃ ပေအကွာက ရိပေါ်ပါတုန်သွားတဲ့ဟာ ရှောင်းကျန့်လဲ ဖုန်းလွတ်ကျပြီပေါ့။

ဒီဘက်ကအသံမပေးရင် ဟိုဘက်က မားက ပိုအော်နိုင်ဖွယ်ရှိတာကြောင့် ဖုန်းလေးကို နားမှာ ခပ်ခွာခွာကပ်ရင်း ပြန်ထူးရသည်။

My Gym Trainer (Completed)Where stories live. Discover now