Ep14-ဝမ်ရိပေါ်ရဲ့၂၂ချက်

16.5K 2.1K 249
                                    

My Gym Trainer Ep 14

နေ့တစ်နေ့ကို ကိုကြီးနဲအစပြုရတာ တော်တော်ပျော်စရာကောင်းတဲ့ကိစ္စပဲ။

မနက်အိပ်ရာနိုးရင် “မောနင်းပေါ်တိလေး ကိုကြီးနိုးပြီ” ဆိုတဲ့မက်ဆေ့ခ်ျနဲ့အစချီကာ 
“good night .. mwahkz” ဆိုတဲ့အဆုံးသတ်တဲ့နေ့တိုင်းဟာ အတော်သာယာတယ်။

အဲဒီလူမျိုး ဝမ်ရိပေါ်တစ်ယောက် အချစ်ကြောင့် အပြောင်းအလဲကြီး ပြောင်းလဲသွားတာ ခင်ဗျားတို့ မယုံနိုင်ဘူးမဟုတ်လား။
ခင်ဗျားတို့မပြောနဲ့ ကိုယ့်ဘာသာတောင် မယုံဘူး။

မနေ့ညကတောင် တွေးမိသေးတယ်။
ငါအိပ်နေတုန်းများ လူစားလဲခံလိုက်ရတာလားလို့….

အလဲခံရလဲ ခံရပါစေတော့ … ၃၁ ဘုံမှာ ကိုကြီးကိုအချစ်ဆုံးဖြစ်နေပြီလေ။

“အမယ်လေး လာပြီ လာပြီ ငါတို့ရဲ့ ဝမ်ချေချေလာပြီ”

Gym ထဲတောင်မရောက်သေး လက်လာပြေးဆွဲသော ကျူးစန့်ကျင်။ ဟိုက်ခွမ်းကောနဲ့ ဟောက်ရွှမ်းရှိတဲ့ ဧည့်ခန်းထဲကို ဆွဲခေါ်သွားကြသည်။

“ထိုင်စမ်းပါအုံး ကိုယ်တော်ချော”

“မင်းတို့က လူစုံတက်စုံနဲ့ အဲဒါဘာလုပ်နေကြတာတုန်း”

“ဘာလုပ်ရမှာလဲ မင်းကိုစောင့်နေတာလေ”

“မင်းတို့က ငါ့ကိုစောင့်နေရအောင် ငါကမင်းတို့လင်မို့လို့လား”

“ငါတို့လင်မဟုတ်ဖူး ကျန့်ကောလင်လေ”

“အေး သိရင် ပြီးတာပဲ အဟီး”

“မျက်နှာကိုက ပျားရည်အိုးထဲခေါင်းစိုက်နေတဲ့မျက်နှာနဲ့”

“ဟုတ်ပါ့ ငါညီတို့များ ပြောတော့မိုးလားကဲလား စကိတ်ဘုတ်နဲ့ပဲရိုက်တော့မလို ဆိုင်ကယ်လ်ဦးထုပ်နဲ့ပဲရိုက်တော့မလိုနဲ့ .. 
နောက်ဆုံးရိုက်မယ့်ရိုက်တော့လဲ နှုတ်ခမ်းနဲ့ဖြစ်နေတယ်”🥴

“ဟုတ်ပါ့ဗျာ ကလပ်ထဲမှာနမ်းနေလိုက်တာများ မြင်တဲ့သူတောင်မျက်နှာပူတယ်”

“အဲဒါ ငါကနမ်းချင်လို့နမ်းတာမဟုတ်ပါဘူး”

“ဒါဆို ဘာလို့တုန်း”

My Gym Trainer (Completed)Where stories live. Discover now