ပုံပြင်လေးတစ်ပုဒ်....
ဆိုရမယ်.....
လွင့်စင်သွားစေရမယ်....
မရှိတော့သလို.....
မြုပ်နှံလိုက်ရတယ်....
ချူပ်ငြိမ်းစေရမယ်....
ဒါဆို......
မျိုးဆက်ရဲ့ပထမဆုံး ဘုရင် လန်ဝမ့်ကျီးဆိုတာ
သူ့ရင်တွေနာလှပြီ။
ပျောက်ကွယ်ပေး.....
"သားးးးသား...ရိပေါ်လေး"
"ရိ...ရိပေါ်....သားလေး.."
ဦးရှန်းရင်ခွင်ထဲကိုခွေကျသွားတဲ့ ကောင်လေးကြောင့်
မသိလိုက်ကြပေ.....
🎴🎴🎴🎴🎴🎴🎴
"ကျန့်ကော.....ကျန့်ကော!!"
"ကျန့်ကော!!"
တကယ်ပင်ကျန့်ကော!!
ဖြန့်ကာ
"အိမ်ပြန်ရအောင်...."
သူ့ကို မမှတ်မိသလိုပုံစံနဲ့
တစ်ချက်ကြည့်ရှာသည်။
ခပ်လှုပ်လှုပ်....
လက်ဝှေ့ရမ်းပြလို့.....
ကျန့်ကောက ရိုက်သံတွေကိုထိန်းရင်း
လက်ပြန် ပြရှာတယ်....
"အိမ်ပြန်ကြမယ်နော်!"
ခံယူသည်။
ဟိုပြေးဒီပြေးနှင့်......
🎴🎴🎴🎴🎴🎴🎴🎴🎴🎴
*6 Month Later*
သွားလာနေကြသည်။
လွင့်ပျံလို့....
"ကျန့်ကောက ချစ်စရာလေး..."
ဒီညတော့ အပီဆွဲမယ်..."
ဟုတ်...ဖြစ်နေလေပြီ။
မိုးနဲ့မြေလို.....
ရယ်တော့ရယ်ရလိမ့်မည်။
ဘာလုပ်သေးလဲ.."တို့....
"ဘယ်နခါနမ်းသေးလဲ!"တို့....
တစ်ခုခု စိတ်အလိုမကျတိုင်း
ထိုးချေမဲ့လူမျိုး"
RoလားမRoလားတော့မသိ
ရိပေါ်ရယ်ပါ။
ပြန်ပေးစရာရှိလို့..."
ထွက်လာခဲ့လိုက်သည်
ဖန်တီးရအောင်..."
နိဒါန်းချီပြခဲ့တယ်....
ဘယ်တော့မှမဝေးဘူး.....
ဘယ်တော့မှ ....
ဝေ့ရင်းကချစ်သော...
အရှင်က ပိုချစ်သော......
🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴
🎴THE END🎴
ကျေးဇူးအနန္တပါလို့
Updateတွေတောင်း...
အသဲတွေ
ပေးခဲ့ကြပါလားဟင်....
ချစ်တယ်နော်....
အသစ်လေးကိုလည်း
UPပေးတော့မှာမို့
Love you
ပုံပြင်လေးတစ်ပုဒ်....
အမှန်တိုင်းပြောရရင် ရာဇ၀င်လေးတစ်ခုလို့
ဆိုရမယ်.....
ဒါပေမဲ့ အခုတော့ ဒါလေးက
ပုံပြင်လေးတစ်ပုဒ်ဖြစ်သွားတော့မှာ...
ကျိန်စာကြီးပြီးရင် အတိတ်ဆိုးတွေအားလုံး
လွင့်စင်သွားစေရမယ်....
ဒီ စာအုပ်ထဲက အကြောင်းရာတွေအားလုံး
မရှိတော့သလို.....
သူတို့နှလုံးသားတွေဟာလည်း ပျောက်ကွယ်သွားရင်း....
*အချစ်ကို ရွံရှာတဲ့သူမရဲ့ အတ္တစိတ်ကြောင့်
ကျောက်တောင်ကြီးပေါ်မှာ ကျိန်ဆိုခဲ့တယ်...
"ချစ်ရသူတိုင်း ကွေကွင်းပါစေ"တဲ့....
တကယ်လည်းကွေကွင်းခဲ့ကြပါတယ်....
အဲ့အချိန် အဲ့နေရာမှာပဲ ပထမဆုံးနှလုံးသားတစ်ခု
မြုပ်နှံလိုက်ရတယ်....
လန်ဝမ့်ကျီးနဲ့ ဝေ့၀ူရှန့်ရဲ့
ပထမဆုံး ကွေကွင်းသောအချစ်.....
ဒီကျိန်စာကို သူတို့ပဲပြန်ဖြေဖျောက်ဖို့
သူတို့ နောက်တစ်ခါ ဒီနေရာကိုပြန်လာရမယ်....
ရှောင်ယမ်းဆေးမြစ်ရဲ့ အစွမ်းနဲ့
၀ိဉာဉ်နှစ်ခုကွဲထွက်ပြီး
အတိတ်က ကမ္ဘာကိုပြန်လာရမယ်..
၀မ့်ကျီးဖြစ်ဖြစ် ဝေ့ရင်းဖြစ်ဖြစ်...
ရောက်လာတဲ့သူရဲ့ နှလုံးသွေးနဲ့ ကျိန်စာအားလုံးကို
ချူပ်ငြိမ်းစေရမယ်....
ပြီးရင် လန်မျိုးဆက်ရဲ့ကျိန်စာပျောက်ကွယ်သွားရမယ်...
ကျိန်စာဟာဆက်လက်ဖြစ်တည်သွားမယ်ဆိုရင်
ကွဲထွက်သွားတဲ့ ၀ိဉာဉ်နှစ်ခုဟာ
ထာဝရ အချူပ်နှောင်ကျပြီး
မြူမှုံအဖြစ်လွင့်စင်သွားရလိမ့်မယ်.......
စာအုက်ထူကြီးရဲ့ ကျိန်စာအကြောင်းကို
ဖတ်မိပြီးနောက် ရိပေါ်ပါးပြင်ပေါ်
မျက်ရည်စတွေ လိမ့်ဆင်းလာကုန်သည်။
ဒါဆို......
မျိူးဆက်ရဲ့ပထမဆုံး ဘုရင် လန်ဝမ့်ကျီးဆိုတာ
ရိပေါ်အဖြစ်ပြန်ဝင်စားပြီး ချစ်ရတဲ့
ဝေ့ရင်းက ကျန့်ကောအဖြစ် မွေးဖွားခဲ့သည်ပဲ။
ရှေ့ဖြစ်ဟောကျိန်စာ စာအုပ်ကြီးကိုကြည့်ရင်း
သူ့ရင်တွေနာလှပြီ။
Coma၀င်နေတဲ့ကျန့်ကောက သေချာပေါက်
အရင်ဘ၀ကို ဝေ့ရင်းအဖြစ်
ပြန်ရောက်နေမှာအသေချာ.....
ချစ်ရသူသာ ကျိန်စာကိုမဖြေနိုင်ခဲ့ရင်
သူတို့ ဒီဘ၀လည်း ထပ်ဝေးရအုံးမည်လား...
ဟင့်အင်း...သူအဖြစ်မခံနိုင်ပါ .....
သွေးရူးသွေးတန်းနဲ့ ကျိန်စာစာအုပ်ကြီးကို
သူဓားမြှောင်နှင့် အဆက်မပြတ်ထိုးနေမိသည်။
ပျောက်ကွယ်သွားစမ်း....အစိတ်စိတ်အမွမွအနေနဲ့
ပျောက်ကွယ်ပေး.....
"သားးးးသား...ရိပေါ်လေး"
ဦးရှန်းကအသည်းအသန်လာဆွဲကာ
သူ့ကိုနောက်ကျောမှသိုင်းဖက်ရင်း
"စိတ်လျော့ပါကွယ်....စိတ်လျော့ပါ..."
"ဦးရှန်းဖယ်ပေး....ဒီစာအုပ်ကြီး
ပျောက်ကွယ်သွားမှ ကျန့်ကော ပြန်လာရမှာ...
ကျန့်ကော...သားကျန့်ကောက အခုထိ"
သည်းစွာငိုနေသည့်ကောင်လေးရဲ့ကျောပြင်ကို
ခပ်ဖွဖွ ပုတ်ပေးရင်း ဦးရှန်းပါရောငိုမိသည်။
"သားကျန့်ကောပြန်ရောက်ရင် ဒီစာအုပ်က
အလိုလို ပျောက်ကွယ်သွားမှာပါကွယ်...."
"ဒါ...ဒါဆို...သားက ...ဘာမှအသုံးမကျ!!"
"အဲ့လိုမဟုတ်ပါဘူး....သားကအဲ့လိုမဟုတ်ဘူးလေ"
"ဦးရှန်းဘာသိလဲ...အရင်ဘ၀က
ဝေ့ရင်းကို ယုံယုံကြည်ကြည်မချစ်ပေးခဲ့ပဲ
အတုယောင်မေတ္တာတွေကိုယုံပြီး
ဝေ့ရင်းကို နာကျင်စေမိတယ်။
ဒီကျိန်စာက တကယ်တော့ သားကြောင့်
ဖြစ်တည်လာတာ...အဲ့တာတောင်
ကျန့်ကောက သားအတွက်နဲ့ ကျိန်စာကို
သွားဖြေနေရတယ်...ပြီးတော့...နှလုံးသွေး...
ကျန့်ကောရဲ့..နှလုံးသွေး....."
"ရိ...ရိပေါ်....သားလေး.."
ဦးရှန်းရင်ခွင်ထဲကိုခွေကျသွားတဲ့ ကောင်လေးကြောင့်
အသည်းအသန် အရေးပေါ် ဆေးရုံပြေးရသည်။
အိမ်တော်အတွင်းဆူညံပွက်လော ရိုက်မှုများစွာနဲ့
စိုးရိမ်ပူပန်နေကြစဉ်...
ဘိုးဘွားခန်းထဲက ကျိန်စာစာအုပ်ကြီး
မီးလောင်ပျောက်ကွယ်သွားတာ ဘယ်သူမှ
မသိလိုက်ကြပေ.....
🎴🎴🎴🎴🎴🎴🎴
"ကျန့်ကော.....ကျန့်ကော!!"
အဖြူရောင်လွယ်ပြင်ကျယ်ကြီးထဲ မြူများက
ခပ်ရေးရေးဆိုင်းနေသေးသည်။
ချစ်ရတဲ့ကျန့်ကောကို သူသွေးရူးသွေးတန်း
ရှာနေသည်မှာ အချိန်အတော်ကြာပြီ။
ပြေးရင်းပြေးရင်း ဟိုလိုလို ဒီလိုလို
အသံတွေကြား သူမောဟိုက်နေလေပြီ။
အတန်ကြာပြေးပြီးတော့ သူ့ရှေ့က
ရေပြင်ကျယ်လေးရဲ့ ကမ်းစပ်မှာ
လူတစ်ယောက်ရပ်နေရှာသည်။
"ကျန့်ကော!!"
ခေါ်လိုက်တော့ လှည့်ကြည့်သည့်ကောင်လေးက
တကယ်ပင်ကျန့်ကော!!
အားရ၀မ်းသာပြေးသွားရင်း လက်တစ်ဖက်ကို
ဖြန့်ကာ
"အိမ်ပြန်ရအောင်...."
သူ့ကို မမှတ်မိသလိူပုံစံနဲ့
ကျန့်ကော ရီဝေေ၀လေးကြည့်နေသေးသည်။
သူလက်တစ်ဖက်ကို ကမ်းပေးဖို့
ဟန်ပြလိုက်တော့ ကျန့်ကောက
ရေပြင်ကျယ်ကြီးကို ခပ်ဆွေးဆွေးလေး
တစ်ချက်ကြည့်ရှာသည်။
လှေငယ်လေးတစ်စင်းက ရေပြင်ပေါ်မှာ
ခပ်လှုပ်လှုပ်....
"လန်ဝမ့်ကျီးနဲ့ ဝေ့ရင်း ပျော်နေတယ်..."
မျက်ရည်စလေးတွေနဲ့ ကျန့်ကောက
လှေလေးကိုသာ ငေးနေရှာသည်။
လှေထဲက အရိပ်နှစ်ခုက သူတို့ရှိရာကို
လက်ဝှေ့ရမ်းပြလို့.....
ကျန့်ကောက ရိူက်သံတွေကိုထိန်းရင်း
လက်ပြန် ပြရှာတယ်....
ပုံပြင်လေးက အဆုံးသတ်လှခဲ့ပြီလေ....
"အိမ်ပြန်ကြမယ်နော်!"
ခေါင်းငြိမ့်ပြတဲ့ ကျန့်ကောရဲ့ မျက်ရည်စတွေကို
သူသုတ်ပေးကာ နဖူးပြင်လေးပေါ်
အနမ်းတစ်ချက်ချွေလိုက်တော့
ချစ်ရတဲ့ကျန့်ကောက မျက်လုံးလေးစုံမှိတ်ပြီး
ခံယူသည်။
၀မ်းသာလို့ ကျတဲ့ မျက်ရည်တွေကတော့
အဖြူရောင်ပြင်ကျယ်ကြီးထဲ အထိန်းကွပ်မဲ့စွာ
ဟိုပြေးဒီပြေးနှင့်......
🎴🎴🎴🎴🎴🎴🎴🎴🎴🎴
*6 Month Later*
လန်အိမ်တော်ထဲမှာ လူတွေ ပျားပန်းခတ်မျှ
သွားလာနေကြသည်။
အနီရောင်ဖဲကြိုးစတွေက ဟိုတစ်စ ဒီတစ်စ..
တစ်လုံးလုံး အခန်းအနားမှာ အနီရောင်တွေ
လွင့်ပျံလို့....
အခန်းတစ်ခုတည်းက ကောင်လေးနှစ်ယောက်ကတော့
တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာဖက်ထားရင်း
"ကျန့်ကောက ချစ်စရာလေး..."
"ဖယ်ဦး...အသက်ရူမ၀တော့ဘူး.."
"မရဘူး...တအားချစ်နေပြီ...၆လအတွင်း
ပါပါးက ကျန့်ကောနေမကောင်းဘူး
နေမကောင်းဘူးနဲ့ ကျွန်တော့ကို
ဥပုလ်စောင့်ခိုင်းထားတာ
ဒီညတော့ အပီဆွဲမယ်..."
"ပွဲတောင်မစရသေးဘူး..မင်းဘယ်လိုဖြစ်နေတာလဲ"
အခုဆို အရင်က အမြဲအနိုင်ကျင့်ခဲ့သည့်
ရိပေါ်က ကျန့်ကောတစ်ခွန်းဆို
ဟုတ်...ဖြစ်နေလေပြီ။
လန်သခင်ကြီးကလည်း ရှောင်ကျန့်ကိုဆို
ပိုးမွေးသလိုမွေးထားသည်။
အရင်က ရှောင်ကျန့်နဲ့ အခုရှောင်ကျန့်ဘ၀က
မိုးနဲ့မြေလို.....
သည်းသည်းလှုပ်ချစ်ကြတဲ့အိမ်တော်ရဲ့ လူတွေကြား
ရှောင်ကျန့် ကျေနပ်မိပါသည်။
ဒီနေ့သူတို့ရဲ့မင်္ဂလာပွဲမို့ အိမ်တော်ထဲက
လူတွေအလုပ်ရူပ်နေကြတုန်း
နှစ်ယောက်တည်းသီးသန့်ချိန်းတွေခြင်း။
သဘောတူထားတာကိုဘာလို့ခိုးတွေ့နေလဲမေးရင်
ရယ်တော့ရယ်ရလိမ့်မည်။
ကျန်တဲ့အချိန် ကျန့်ကောနားမှာ
လူတွေကအမြဲဝိုင်းနေတာ....
ဟိုဘက်ဘ၀က ရိပေါ်ရဲ့ပုံစံကြီးကို
လျှာရိုးမရှိမေးကြသည်လေ။
ကျန့်ကောဆိုတာကလည်း ရိပေါ်နဲ့
၀မ့်ကျီးဆို ၀မ့်ကျီးကိုပိုချစ်ပုံရသည်။
သူာဲ့လိုပြောပြီးဂျစ်တိုက်တိုင်း
*ရိပေါ်နဲ့ဝမ့်ကျီးကတစ်ယောက်တည်းမို့
ဘယ်သူ့ကိုမှပိုချစ်တယ်မရှိပါဘူး...
ပိုချစ်ရင်တောင်ရိပေါ်လေးပဲဖြစ်မှာပေါ့*တဲ့...
ထိုစကားလေးကြားမိရင်ပင် ရိပေါ်မှာ
ပွဲစားရှေ့ရောက်နေတဲ့နွားလိုသွားဖြဲကြီးဖြစ်လို့...
"ကျန့်ကောကိုဟိုဘက်ဘ၀က ၀မ့်ကျီးက
ဘာလုပ်သေးလဲ.."တို့....
"ဘယ်နခါနမ်းသေးလဲ!"တို့....
ချစ်သူကို အရင်ဘ၀ကသူနဲ့တောင်
သ၀န်တိုတတ်တဲ့ ရိပေါ်ရယ်ပါ....
"ဒီပုံတူပန်းချီနှစ်ချပ်ကိုဘိုးဘွားခန်းမှာပဲ
ထားမယ်...နေ၀င်ပန်းချီကားကိုတော့
ဧည့်ခန်းမှာထားမယ်...ဒါမှ ကျွန်တော်တို့
တစ်ခုခု စိတ်အလိုမကျတိူင်း
အရင်ဘ၀က အဖြစ်တွေပြန်တွေးပြီး
အသိဝင်လာမှာလေ....အလကားနေပျင်းလို့ထိုင်ကြည့်ရင်တောင်
ငါ့ယောင်္ကျားကျန့်ကောလေးက အရမ်း
ရဲရင့်ပါလားဆိုပြီး အချစ်တိုးချင်လို့..."
တကယ်ကို စေ့စေ့ပေါက်ပေါက်ချစ်ပြတတ်တဲ့
ရိပေါ်က ရှောင်ကျန့်မျက်နှာ
တစ်ချက်လေးတောင်အငြိုးမခံ။
"ကျန့်ကောအီးတစ်လို့ မျက်နှာမဲ့ရင်တောင်
ကျွန်တော်က အဲ့အီးကို တုတ်နဲ့
ထိုးချေမဲ့လူမျိူး"
RoလားမRoလားတော့မသိ
သူ့းကားနဲ့သူတော့ ပျော်နေတတ်သေးသည့်
ရိပေါ်ရယ်ပါ။
"မနက်ဖြန်....ကျောက်တောင်ကြီးဆီ
သွားရအောင်....ကျင်ဘုန်းဘုန်းကို
ပြန်ပေးစရာရှိလို့..."
လက်ထဲက ငွေရောင်ဓားမြှောင်လေးကို
မြှောက်ရင်းရိပေါ်ကဆိုလာတာမို့
သူတို့ ကျောက်တောင်ကြီးဆီ အစော
ထွက်လာခဲ့လိုက်သည်
ကျောက်ဂူထဲကဘုန်းတော်ကြီးက
ဓားလေးကိုယူရင်း ပြန်လှည့်သွားသည်။
သူ့နေရာသူပြန်ရောက်ပြီပဲလေ....
နောက်ဆုံးတောင်ထိပ်ပေါ်ကိုတက်မိတော့
တောင်ထိပ်ပေါ်က အရာရာကိုမျက်လုံးထဲ
ပြန်မြင်မိတဲ့အခါ တားမရသော
မျက်ရည်တို့က ပါးပြင်အလျောက်ခုန်ဆင်းလာတာကြောင့်
ရိပေါ်ရဲ့ရင်ခွင်ထဲတိုးဝင်မိတော့
"အားလုံးပြီးသွားပြီကျန့်ကော...
နာကျင်စရာတွေမေ့ပြီး ပုံပြင်လှလှလေးတစ်ပုဒ်
ဖန်တီးရအောင်..."
ရင်ခွင်ထဲက ကျန့်ကောရဲ့မျက်နှာလေးကို
လက်နှစ်ဖက်နဲ့ပင်တင်ရင်း
မျက်ရည်စတွေကိုသုတ်ပေးကာ
နှုတ်ခမ်းဖူးဖူးလေးကို ထိကပ်လိုက်သည်။
မျက်လုံးလေးမှိတ်ကာခံယူသည့်ကျန့်ကောက
ပါးပြင်ပေါ်မှာ မျက်ရည်စတွေမခြောက်သေး
အဆုံးသတ်နှစ်ခါနာခဲ့တဲ့ ကျောက်တောင်ကြီးရဲ့
ထိပ်မှာ...ကျွန်တော်တို့ရဲ့ ပုံပြင်သစ်ကို
နိဒါန်းချီပြခဲ့တယ်....
ဘယ်တော့မှမဝေးဘူး.....
ဘယ်တော့မှ ....
ရင်နာစရာဇာတ်လမ်းရဲ့ အဆုံးသတ်က
ပျော်ရွှင်စရာ အနာဂတ်ရဲ့ နိဒါန်းဖြစ်လာစေရမယ်..
ဘ၀ဆက်တိုင်း. .ချစ်ရသူနဲ့
ဒီကျိန်စာကိုလှောင်ရယ်ပြမယ်....
မြုပ်နှံခံရတဲ့ နှလုံးသားတွေရဲ့
နေ့သစ်အတွက်....အချစ်တွေအတွက်....
ချစ်ရတဲ့ အရှင့်ကို ဘ၀ဆက်တိုင်း
ချစ်နေတဲ့လူသားဖြစ်ချင်တယ်....
ဝေ့ရင်းကချစ်သော...
အရှင်က ပိုချစ်သော......
🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴
🎴THE END🎴
နောက်ဆုံးတော့ ချစ်သောအရှင်
ficလေးနှုတ်ဆက်သွားပါပြီ....
ဒီကြားထဲ ချစ်ပေးခဲ့ကြတဲ့
သာသာ့ရဲ့ Readerတစ်ယောက်ချင်းစီကို
ကျေးဇူးအနန္တပါလို့
Updateတွေတောင်း...
Ficထဲစီးမျောခံစားပေးခဲ့တဲ့
အသဲတွေ
ဒီFicလေးကို နောက်ဆုံး
ဝေဖန်တဲ့Fbလေးတစ်ခုစီလောက်
ပေးခဲ့ကြပါလားဟင်....
သာသာ ရေးဖူးတဲ့ပုံစံလိုမျိုးမဟုတ်ခဲ့တဲ့အတွက်
လိုအပ်ချက်တွေရှိမှာတကယ်ကြောက်ခဲ့တာ..
ဘာပဲဖြစ်ဖြစ် ချစ်ပေးခဲ့ကြလို့
ချစ်တယ်နော်....
အသစ်လေးကိုလည်း
UPပေးတော့မှာမို့
စောင့်ဖတ်ပေးကြပါအုံးနော်
မင်းတို့ကြိုက်တဲ့ Sweetတဲ့ဘက်
ရောက်တဲ့Ficလေးပါလို့
Love you