๐‘ด๐’š ๐’‡๐’‚๐’“๐’Ž๐’†๐’“ ๐’‰๐’–๐’”๐’ƒ๐’‚๏ฟฝ...

By Feng__er

312K 27.3K 966

๐–๐š๐ง๐  ๐˜๐ข๐›๐จ & ๐—๐ข๐š๐จ ๐™๐ก๐š๐งโ™ก๏ธŽ. (๐˜๐ข๐ณ๐ก๐š๐ง ๐…๐š๐ง๐Ÿ๐ข๐œ๐ญ๐ข๐จ๐ง) ๐š‰๐šŠ๐š ๐š๐šข๐š’ แ€ฑแ€แ€ผแ‚•แ€แ€ฌแ€”แ€ฒแ‚”แ€›แ€”แ€นแ€แ€€แ€บแ€€แ€นแ€€แ€บ... More

part-1 [ Z + U ]
part-2 [ Z+U ]
part-3( Z+ U )
part-4 [ Z+U ]
part-5 [ Z+U ]
part-6 [ Z+U ]
part-7 [ Z+U ]
part-8 [ Z+U ]
part-9 [ Z+U ]
part-10 [ Z+U ]
part-11 [ Z+U ]
part-12 [ Z+U ]
part-13 [ Z+U ]
part-14 [ Z+U ]
part-15 [ Z+U ]
part-16 [ Z+U ]
exam
part-17 [ Z+U ]
part-18 [ Z+U ]
part-19 [ Z+U ]
part-20 [Z+U]
part-21 [Z+U]
part-22 [ Z+U ]
part-23 [ Z+U ]
part-24 [ Z+U ]
part-25 [ Z+U ]
part-26 [ Z+U ]
part-27 [ Z+U ]
part-29 [ Z+U]
part-30 [ Z+U ]
part-31 [ Z+U ]

part-28 [.Z+U ]

5.9K 685 30
By Feng__er


Unicode

"ပူလိုက်တာ အရမ်းပူတာပဲ"

"ဟုတ်ပါ့ ဆရာရယ်"

နေအရမ်းပူလို့ရှောင်းကျန့်ကငြီးပြောတော့ရှင်းယကလည်းအလိုက်သင့်ပြန်ပြောလေသည်။
ဟုတ်တော့လည်းဟုတ်တယ် အရင်တစ်ခါမိုးရွာပြီးတည်းကနောက်ပိုင်းကိုပူလာလိုက်တာဆိုတာ ငရဲပြည်ကိုလက်မှတ်မပါဘဲအရှင်လတ်လတ်ရောက်နေရသလိုပဲ

"ဒါနဲ့ဆရာ"

"အင်း ပြောလေ"

"ဟို... ချန်းကော ညီမကိုစိတ်ဆိုးနေမလားမသိဘူး ကောကိုလွှတ်လိုက်တာကညီမဆိုတော့လေ.."

ရှင်းယကမဝံ့မရဲမေးလေသည်။

ရှောင်းကျန့်ကစိတ်ထဲမှာတော့
အမှန်အတိုင်းဆိုဒီကိစ္စကိုဖန်တီးပေးတာဆရာမမှန်းတောင်မသိရှာပါဘူးဗျာ ကျွန်တော်လုပ်တယ်ပဲထင်နေတာအဲ့အကောင်က မနေ့ကပဲဖုန်းဆက်ပြီးမင်းငါ့ရှေ့ပေါ်လာရဲပေါ်လာကြည့်ငါကိုယ်တိုင်ဆေးထိုးသတ်ပစ်မယ်ဆိုပြီးကျိန်းခဲ့သေးတယ် တွေးရင်းကျောတောင်ချမ်းလာသလိုပဲ

ရှောင်ကျန့်သူ့ကျောကိုမမှီတမှီလှမ်းပုတ်လိုက်ပြီး

"အင်း အဲ့ဒါပဲပြောမလို့ သူတို့နှစ်ယောက်ကိုဝူချန်းရဲ့အမေကဒီအပတ်ထဲမှာပဲလက်ထပ်ပေးတော့မယ်တဲ့လေ"

"ကောလှမ်းပြောလို့သိပြီးပါပြီ ကောကတော့တော်တော်ပျော်နေပုံပဲ ကောအသံနားထောင်ရင်းညီမတောင်ပျော်မိတယ်"

အင်းပါ ကိုယ့်ကြိုက်နေတဲ့လူကိုပြန်မကြိုက်ဘဲအနစ်နာခံပြီးကိုယ့်အစ်ကိုကိုပေးလိုက်တဲ့အစ်မကြီးရယ် fujoshi ပီသပါပေတယ်

"တစ်ခုပဲ ချန်းကောကကောကိုမမုန်းလောက်ပါဘူးနော် သူ့ခမျာမချစ်ဘဲလက်ထပ်ရတော့မှာလေ ပြီးတော့ယောကျ်ားတစ်ယောက်နဲ့"

သူ့အစ်ကိုအမုန်းခံရမှာကိုစိုးရိမ်သွားတော့မျက်နှာကချက်ချင်းငြိုးကျသွားလေသည်။ ရှောင်းကျန့်အရင်ချိန်တွေတောင်သတိရသွားလေသည်။

"မေတ္တာဆိုတာရောင်ပြန်ဟပ်တတ်ပါတယ် ဝူချန်းလည်းတစ်နေ့တော့ ရှင်းပိုင်ကောကိုပြန်ချစ်လာမှာပါ..."

....................................................

အဖြူရောင်အကျႌချိုင်းပြတ်မှာဂီတာပုံနဲ့ဆင်စွယ်ရောင်ဘောင်းဘီဒူးလောက်နဲ့ လေပန်ကာရှေ့မှာယပ်တောင်ခတ်ကာထိုင်နေတဲ့ရှောင်းကျန့် TVကြည့်ရင်းနေ့လည်ကရှင်းယနဲ့ပြောခဲ့တဲ့စကားတွေကိုပြန်တွေးနေတယ် ဆံပင်ထိပ်လေးကိုလည်းခေါင်းစည်းကွင်းနဲ့စည်းထားသေးသည်။

(AN:လေတွေဖြတ်ကုန်တော့မှာပဲ😆)

ဝူချန်းနဲ့ရှင်းပိုင်ကောတို့လိုပဲ ကိုကိုကငါ့ကိုမချစ်ဘဲယူခဲ့ရတာလေ အဲ့တုန်းကရောငါ့ကိုမုန်းနေခဲ့မလား ဟင်းးး

ရှောင်းကျန့်သက်ပြင်းချကာရှေ့ကရေခဲမုန့်တစ်ဇွန်းခပ်စားလိုက်သည်။ အေးသွားတာပဲ... ဒါပေမယ့်ရင်ဘတ်ထဲကအပူကိုတော့မအေးစေနိုင်ပါဘူးလေ

အိမ်မှာကအဲယားကွန်းမရှိတော့လေပန်ကာနဲ့ပဲအပူလျော့အောင်လုပ်နေရတာလေ လေပန်ကာကလည်းဖွင့်ဖွင့်ချင်းပဲအေးတယ်နောက်ပိုင်းမအေးဘဲအပူတွေပဲထွက်လာသလို အဲ့ဒါကြောင့်ယပ်တောင်နဲ့ပါခပ်နေတာ အပေါ်ကပြောထားတဲ့ပုံကြည့်ပြီးရှောင်းကျန့်တစ်ယောက်ရူးသွားပြီလားလို့လာမပြောကြနဲ့ ဒါပဲ

"ကိုကိုဘယ်သွားမလို့လဲ"

အပေါ်ထပ်ကကျွတ်ကျွတ်အိတ်အမဲကြီးကိုင်ပြီးဆင်းလာတဲ့ရိပေါ်ကိုမြင်လို့မေးလိုက်တယ်။

ရှောင်းကျန့်မေးတော့ရိပေါ်မှာသူခိုးလူမိသွားသလိုအိတ်ကိုအနောက်ဖွတ်လိုက်ပြီး

" ရွာထဲကို ခဏသွားမလို့ "

"အဲ့နောက်ကဟာကဘာလဲ"

"ဟမ်! ဟို..ဘာမှမဟုတ်ပါဘူး အမှိုက်တွေ တစ်ပါတည်းလွှတ်ပစ်ဖို့ယူသွားမလို့"

ရှောင်းကျန့် ရိပေါ်နောက်ကအိတ်ကိုသာခေါင်းစောင်းပြီးကြည့်နေတယ် ဘာပစ္စည်းတွေထည့်ထားတာတုန်း

"ကျွန်တော်လည်းလိုက်မယ်"

ရိပေါ်သွားခါနီးမှထလာတဲ့ရှောင်းကျန့်ကိုအမြန်တားလိုက်ရတယ် အမှိုက်သွားပစ်တာမဟုတ်မှန်းသူအသိဆုံးပဲဟာ။

"မလိုက်ပါနဲ့ အိမ်မှာပဲဇာတ်ကားကြည့်နေ ကိုယ်ခဏပဲသွားမှာပြီးရင်ပြန်လာခဲ့မယ်လေ နော်"

ရှောင်းကျန့်ခဏလောက်ငိုင်သွားပြီးမှ

"ပြီးရော်လေ ခဏပဲနော်"

"အင်းပါ ခဏလေးပဲ သွားပြီနော်..ကျန့်ငယ်ငယ်လေး အမေ..အမေ့သမက်ကိုကြည့်ထားအုံး အဲ့ကိုရီးယားကားတွေပဲကြည့်မနေနဲ့"

"အမယ်လေးတော် သွားမှာဖြင့်သွားစမ်းပါ"

မေမေဝမ်ကTVအကြည့်မပျက်လှမ်းအော်ပြောတယ်။

ရိပေါ်ကဘာမှမပြောတော့ဘဲရှောင်းကျန့်ခေါင်းလေးကိုပုတ်ကာထွက်သွားလေသည်။နောက်မှာသူ့ကျန့်ငယ်ငယ်ကသူခိုးဖမ်းမယ့်မျက်လုံးနဲ့ကြည့်နေတာကိုတော့မသိလိုက်ရှာဘူး။

ခင်ဗျားကဘာလုပ်ရအောင်သွားမှာမလို့ကျွန်တော့်ကိုမခေါ်ချင်ရတာလဲ...

.................................

လေလေးတစ်ချွန်ချွန်နဲ့လက်ထဲကအထုပ်ကိုဝှေ့ယမ်းကာလမ်းလျှောက်နေသောလူတစ်ယောက် ထိုလူ့နောက်မှာတော့ကုတ်ချောင်းကုတ်ချောင်းနဲ့လမ်းဘေးကဓာတ်တိုင်တွေကိုကွယ်လိုက် သစ်ပင်တွေကိုအကာအကွယ်လုပ်လိုက်နဲ့လိုက်ပါလာသောလူရိပ်တစ်ခု။မသိရင်မှင်စာလိုလိုဘာလိုလိုနဲ့။
ကောင်းကင်မှာလည်းလမင်းကြီးကထိန်ထိန်သာနေသည်။

ဝမ်ရိပေါ်နောက်ကိုခေါင်းစောင်းကြည့်လိုက်ပြီးပြုံးလိုက်မိတယ်။
တစ်ကယ်ပဲဘာလေးလဲ လိုက်ချင်တယ်ဆိုလည်းမရမကအတင်းဇွတ်လိုက်လို့ရရဲ့သားနဲ့ နောက်ကခိုးလိုက်လာတယ် အဟင်း

ခင်ဗျားကမခေါ်မှတော့ခိုးလိုက်ရုံပဲရှိတော့တာပေါ့ မခေါ်လို့မလိုက်ဘဲနေမယ့်အတန်းစားထဲမှာရှောင်းကျန့်တို့မပါဘူး အိုကေ?

ရိပေါ်ထွက်သွားတည်းကဝမ်အမေကိုခွင့်တောင်းပြီးနောက်ကခိုးလိုက်လာတာဖြစ်သည်။

တစ်နေရာရောက်တော့ရှောင်းကျန့်ပုန်းရကွယ်ရတာနဲ့ရိပေါ်ကိုမတွေ့တော့ မျက်ခြေပြတ်သွားလေသည်။ လမ်းကနှစ်လမ်းစုံ ဘယ်ဘက်ကိုသွားမှန်းမမြင်လိုက်တော့လမ်းခွမှာခေါင်းကုတ်ပြီးအူကြောင်ကြောင်နဲ့ရပ်ပြီးဟိုကြည့်သည်ကြည့်လုပ်နေတယ်။

"ဘယ်လမ်းကိုဝင်သွားတာလဲကွာ"

ရှောင်းကျန့်မကျေမချမ်းရေရွတ်ပြီးလမ်းဘေးကမီးတိုင်ကိုခြေနဲ့လှမ်းကန်လိုက်တယ်

"အားရိုးရိုး နာလိုက်တာ မင်းကဘာ့လို့အဲ့လောက်တောင်မာနေရတာတုန်း ဟွန့် ဒါနဲ့ငါ့ကိုကိုဝမ်ရိပေါ်ကိုတွေ့မိသေးလား သူဘယ်လမ်းကိုဝင်သွားတာလဲ သိရင်ငါ့ကိုပြောပြစမ်းပါ"

အသံကြားလို့ထင်ပါရဲ့အနားကအိမ်ခြံထဲကထွက်လာတဲ့ခွေးကရှောင်းကျန့်ကိုပေစောင်းစောင်းနဲ့လာကြည့်တယ်။ ပြီးတော့ဝဋ်ကြေတန်းကြေတစ်ချက်ဟောင်ပြီးအိမ်ခြံထဲလှုပ်လှုပ် လှုပ်လှုပ်နဲ့ပြန်ဝင်သွားလေသည်။

"စောင်ခွေး အလကားနေလာဟောင်နေရသေးတယ် ကိုယ့်အိမ်ထဲမှာကိုယ်မနေနိုင်ဘူး"

ရိပေါ်အကွယ်ကနေကြည့်ပြီးပြုံးနေရတယ် လမ်းမီးတိုင်ကိုမေးနေပုံကဘာလေးနဲ့တူမှန်းကိုမသိဘူးခွေးကိုလည်းရန်တွေ့လိုက်သေးတယ် သူတို့ကစကားပြောတတ်တာကျနေရောပဲ
ရိပေါ်စချင်လာတာနဲ့ အသံကိုဖျက်ကာပြောလိုက်သည်။

"မင်းရဲ့ကိုကို ကို ရှာနေတာလား"

"ဟိုက်! မီးတိုင်ကစကားပြောတယ်ဟ"

ရှောင်းကျန့်လန့်ပြီးခုန်လိုက်မိတာနောက်ကိုအတော်လေးရောက်သွားသည်။

"မင်းကိုကိုဘယ်လမ်းထဲဝင်သွားလဲသိချင်လား?"

အသံသြသြကြီးကထပ်ထွက်လာတာကြောင့်ရှောင်ကျန့်မှာကြောက်လို့ချွေးစေးတွေတောင်ပျံလာသည်။ ဒူးတွေတုန်ပြီးပျော့ခွေလာသလိုပဲ ကြောက်လွန်းလို့နေရာမှာတင်ထိုင်ချလိုက်ကာမျက်လုံးမှိတ်ကာအော်တော့သည်။

"အီး ဟီး ဟီး မီးတိုင်သရဲကြီး ကိုကိုရေ... ဗြဲ...ကိုကိုလာခေါ်ပါ ဟီး ဟီး"

ရိပေါ်မှာရှောင်းကျန့်အကြောက်လွန်နေတာကြောင့်ဆက်မစတော့ဘဲအကွယ်ကနေထွက်လာကာ ရှောင်းကျန့်ကိုပွေ့ဖက်လိုက်တော့အတင်းတွန်းထုတ်ပြီးအော်ပြန်သည်။

"အား သရဲကြီး သွား!! မီးတိုင်သရဲ အီး ဟီး "

"ကလေး ကလေး ကိုကိုလေ ကြည့်ပါအုံးသရဲမဟုတ်ပါဘူး ကိုကိုပါ"

"ဟင် ကိုကို!"

ထိုအခါမှမော့ကြည့်လာတဲ့ကောင်လေးမျက်ဝန်းမှာလည်းမျက်ရည်တွေနဲ့ အတော်လေးကြောက်သွားတယ်နဲ့တူတယ်
ပြီးတော့ရင်ခွင်ထဲကိုအတင်းတိုးကာငိုပါတော့သည်။ရွာသားတွေကလည်းရှောင်းကျန့်ရဲ့အော်သံကြားလို့ထွက်ကြည့်ပြီးအဆင်ပြေလားမေးကြသည် တစ်ချို့ကလည်းသူခိုးတွေဘာတွေထင်လို့ဓာတ်မီးနဲ့ဟိုထိုးသည်ထိုး

ရိပေါ်မှာသာဘာမှမဖြစ်ကြောင်းသူစလိုက်လို့လန့်သွားတဲ့အကြောင်းပြောပြီးရင်ခွင်ထဲကအကောင်လေးကိုတွဲထူလိုက်လေသည်။ရှောင်းကျန့်ကတော့ငိုလို့ကောင်းတုန်း

"အဆင်ပြေရင်ပြီးတာပါပဲလေ နောက်ဆိုဆရာဝန်လေးကြောက်တာကိုမစပါနဲ့ရိပေါ်ရဲ့"

"ဟုတ်ကဲ့ပါ အရီး"

.........................

ကျောပေါ်မှာတအိအိနဲ့ငိုနေတဲ့ကလေးကအကြောက်မပြေသေးဘူးထင်တယ် ကလေးကသရဲကြောက်တတ်တာသိသိကြီးနဲ့စမိတဲ့သူ့ကိုယ်သူပဲထုရိုက်ပစ်ချင်တော့တာပဲ

"ကိုကို ဘယ်သွားနေတာလဲ "

"ရွာပြင်ကလယ်ကွင်းတွေဆီကိုလေ"

လယ်ကွင်းဆိုတာနဲ့ရှောင်းကျန့်ကျောမတ်ခနဲဖြစ်သွားတယ် သူနဲ့ရိပေါ်နဲ့ကအဲ့လယ်ကွင်းမှာမတော်တဆတွေ့မိလို့ယူလိုက်ရတာမလား အခုရောဘာသွားလုပ်မလို့လဲ ကြောက်ပါတယ်ဆိုမှရွာပြင်ကိုခေါ်လာပြန်ပြီလူကိုအကြောက်လွန်ပြီးသေအောင်သတ်မလို့လားမသိဘူး

"ခင်ဗျား ကျွန်တော့်ကိုသေအောင်လို့ခေါ်လာတာတော့မဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူးဗျာ ကွင်းမှာကလေတစ်ဖြူးဖြူးနဲ့အေးတယ်လေအဲ့ဒါကြောင့်ပါ"

"ကျွန်တော့်ကိုဘာ့လို့မလိုက်ခိုင်းရတာလဲ"

"ဟိုရောက်မှဘာ့လို့လဲဆိုတာကြည့်တော့ ဟုတ်ပြီလား အခုတော့ငြိမ်ငြိမ်လေးလိုက်ခဲ့စကားပြောရလို့ပင်ပန်းနေမယ်"

ရှောင်းကျန့်မကျေနပ်သလို 'ဟွန့်'အသံပြုလိုက်ပြီး ရိပေါ်ရဲ့ပုခုံးပေါ်ကိုသာမေးတင်ပြီးတော့လိုက်လာခဲ့တယ်။

ကျောပေါ်ကလိုက်ရတဲ့ကျွန်တော်ကပင်ပန်းပါ့မလား သယ်နေရတဲ့ခင်ဗျားကသာပင်ပန်းမှာမဟုတ်ဘူးလား

ကောင်းကင်မှာလည်းကြယ်တွေကတစ်လက်လက်နဲ့တောက်ပနေကြတယ် ခုနစ်စဉ်ကြယ်တောင်ထွက်နေပြီပဲ...

တစ်ကယ်ပဲ ကွင်းကိုရောက်တော့ကာလသားတွေအုပ်စုလိုက်တစ်ဖွဲ့စီထိုင်ပြီးစကားပြောနေကြတယ် ရိပေါ်တို့လာတာမြင်တော့ပြုံးစိစိနဲ့ကြည့်နေကြလေရဲ့ သူတို့ထိုင်နေတာကတာလမ်းမကြီးရဲ့ဘေးနားလေးတွေမှာ အဲ့လမ်းကြီးရဲ့ဘေးတစ်ချက်တစ်စီမှာတော့လယ်ခင်းပြင်တွေကိုမျက်စိတစ်ဆုံးမြင်တွေ့နေရတယ်

တစ်နေရာရောက်တော့ဇီရန်ကောကထိုင်နေရာမှလှမ်းပြောလေသည်။

"ရိပေါ်ရယ် လာမှလာပါ့မလားလို့ ဒါနဲ့ရှောင်းကျန့်ရောပါလာတာလား မင်းတို့ကဘယ်လိုဖြစ်လာကြတာလဲ"

ရိပေါ် ရှောင်းကျန့်ကိုနောက်ပြန်လှည့်ကြည့်ပြီးဇီရန်ကိုပြန်ကြည့်ကာပြုံးပြလိုက်တယ်။ ရှောင်းကျန့်ကတော့အူတူတူလေးနဲ့ရိပေါ်ကျောပေါ်မှဆင်းပြီးတိုက်ခတ်လာတဲ့လေအေးအေးကိုရှူနေလေသည်။

........

"အော အဲ့ဒါကြောင့်ကိုး ဟားဟား မင်းကလည်းရှောင်းကျန့်ကကြောက်မှန်းသိရက်နဲ့ဘာ့လို့သွားစလဲ တော်သေးတာပေါ့အကြောက်လွန်ပြီးသေးမပါချမိတာပဲ ဟားဟား"

ဖြစ်ကြောင်းကုန်စင်ပြောပြတော့ဇီရန်ကတဟားဟားရယ်တော့သည်။ တစ်ကယ်တော့ရိပေါ်ရဲ့အိတ်အမည်းထဲမှာကဘီယာဘူးတွေနဲ့မြည်းစရာမုန့်တွေပါလာတာပဲ။ ရှောင်းကျန့်ကအစကတော့ရိပေါ်ကိုဆူမလို့လုပ်ပေမယ့်သူလည်းသောက်ကြည့်ချင်တာကြောင့်ဘာမှမပြောဘဲနေလိုက်သည်။

"ကောကလည်းဗျာ ကျွန်တော်ကချစ်လို့စတာပဲဟာကို"

"ဘာချစ်လို့လဲ အခန့်မသင့်ရင်ကျွန်တော့်ဝိဉာဉ်လေးဟိုး...မိုးပေါ်ရောက်နေလောက်ပြီ "

ရှောင်းကျန့်ကကောင်းကင်ကိုလက်ညိုးထိုးပြီးပြောတော့ရိပေါ်ကထိုလက်ညိုးလေးကိုဆွဲယူလိုက်ပြီး

"တောင်းပန်ပါတယ်ကွာနော် နောက် ဘယ်တော့မှအဲ့လိုမစတော့ဘူး "

"နောက်တစ်ခါထပ်စရင်လည်းကျွန်တော်ကတော့မကြောက်တော့ဘူးဗျ "

"ဟ ဟား ဟုတ်ပါပြီကွာ"

ရိပေါ်အသည်းယားစွာရှောင်းကျန့်နဖူးလေးကိုမနာအောင်တောက်လိုက်တော့နဖူးလေးပွတ်ပြီးမျက်နှာလေးကိုရှုံ့မဲ့မဲ့လုပ်ကာမူပိုနေပြန်တယ်။

"အဟမ်း မျက်စိနောက်လာပြီနော် ဟွန်း"

"ကလေး ဒီနားက fa စော်နံတယ်နော်"

"ဟီ ဟိ"

"ဝမ်ရိပေါ် မင်းကတော့လေ..."

သုံးယောက်သားဘာမှမပြောဘဲညလေအေးအေးလေးကိုရှူကာကောင်းကင်ကြီးကိုမော့ကြည့်နေကြတယ် ဝမ်ရိပေါ်နဲ့ဝေ့ဇီရန်တို့ကတော့သောက်လိုက်စားလိုက်ရှောင်းကျန့်ခုမှပဲသူ့ကိုမခေါ်ချင်ရတဲ့အကြောင်းသိတော့တယ်။ သူတို့နဲ့ခပ်လှမ်းလှမ်းကကောင်လေးတွေကတော့အစီအရီထပြန်သွားကြပြီ ရှောင်းကျန့်ကတော့ရိပေါ်တို့အလစ်မှာရိပေါ်တစ်ငုံသောက်ပြီးဘေးနားချထားတဲ့ဘီယာဘူးကိုမော့သောက်လိုက်တယ် ဆရာဝန်ဆိုတဲ့ဂုဏ်သိက္ခာတွေလည်းမရှိတော့ပါဘူးလေ...

အား ပါး ပါး ခါးလိုက်တာ အမြှုပ်တွေကလည်းပါးစပ်အပြည့် ကိုလာထက်တောင်ရှနေတော့တယ် ချီးပဲ ဘာ့လို့များဒီလောက်မကောင်းတာကိုမျက်နှာတစ်ချက်မပျက်ဘဲသောက်နိုင်ကြတာလဲ

မသိမသာဘီယာဘူးကိုပြန်ချလိုက်ပြီးအာလူးကြော်ထုပ်ကိုဖောက်စားကာငြိမ်နေလိုက်တယ် တစ်နားလောက်နေတော့မြေပေါ်မှာပက်လက်ကားယားကြီးအိပ်ပျော်သွားပါတော့တယ်။ ဘီယာလေးတစ်ငုံသောက်ပြီးမူးသွားသောကျန့်ငယ်ငယ်လေး။

ပြန်ဖို့နှိုးကာမှမပြန်ချင်သေးဘူးဆိုကာ ရစ်လေတော့သည်။ ရှောင်းကျန့်ဘီယာမူးတာတစ်မျိုးလေး အိပ်ပျော်ပြီးပြန်နိုးလာမှရစ်တယ်။

အိမ်ပြန်ခရီးမှာတော့ခွေးတစ်စီစီနဲ့ကျောပေါ်မှသီချင်းတစာစာအော်ဆိုပြီးကျောကိုလည်းတစ်ဘုန်းဘုန်းထုကာငိုလိုက်ရယ်လိုက်နဲ့လိုက်ပါလာသောရှောင်းကျန့်ရယ် အထုအထောင်းခံကာအပြုံးအရယ်မပျက်သယ်ပိုးသွားသောရိပေါ်ရယ်တို့ကိုအိပ်မပျော်သေးတဲ့သူတိုင်း ဗရုတ်ကျစွာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။

တစ်ကယ်ပါ တစ်ခါတစ်လေတော့လည်းဘဝကြီးကဘီယာမူးနေတဲ့ကောင်လေးတစ်ယောက်လည်းဖြစ်နေတတ်တယ် ချစ်စရာကောင်းတဲ့ငမူးလေးပေါ့...



..........


Zawgyi


"ပူလိုက္တာ အရမ္းပူတာပဲ"

"ဟုတ္ပါ့ ဆရာရယ္"

ေနအရမ္းပူလို႔ေရွာင္းက်န႔္ကၿငီးေျပာေတာ့ရွင္းယကလည္းအလိုက္သင့္ျပန္ေျပာေလသည္။
ဟုတ္ေတာ့လည္းဟုတ္တယ္ အရင္တစ္ခါမိုးရြာၿပီးတည္းကေနာက္ပိုင္းကိုပူလာလိုက္တာဆိုတာ ငရဲျပည္ကိုလက္မွတ္မပါဘဲအရွင္လတ္လတ္ေရာက္ေနရသလိုပဲ

"ဒါနဲ႔ဆရာ"

"အင္း ေျပာေလ"

"ဟို... ခ်န္းေကာ ညီမကိုစိတ္ဆိုးေနမလားမသိဘူး ေကာကိုလႊတ္လိုက္တာကညီမဆိုေတာ့ေလ.."

ရွင္းယကမဝံ့မရဲေမးေလသည္။

ေရွာင္းက်န္႔ကစိတ္ထဲမွာေတာ့
အမွန္အတိုင္းဆိုဒီကိစၥကိုဖန္တီးေပးတာဆရာမမွန္းေတာင္မသိရွာပါဘူးဗ်ာ ကြၽန္ေတာ္လုပ္တယ္ပဲထင္ေနတာအဲ့အေကာင္က မေန့ကပဲဖုန္းဆက္ၿပီးမင္းငါ့ေရ႔ွေပၚလာရဲေပၚလာၾကၫ့္ငါကိုယ္တိုင္ေဆးထိုးသတ္ပစ္မယ္ဆိုၿပီးက်ိန္းခဲ့ေသးတယ္ ေတြးရင္းေက်ာေတာင္ခ်မ္းလာသလိုပဲ

ေရွာင္က်န႔္သူ႔ေက်ာကိုမမွီတမွီလွမ္းပုတ္လိုက္ၿပီး

"အင္း အဲ့ဒါပဲေျပာမလို႔ သူတို႔ႏွစ္ေယာက္ကိုဝူခ်န္းရဲ့အေမကဒီအပတ္ထဲမွာပဲလက္ထပ္ေပးေတာ့မယ္တဲ့ေလ"

"ေကာလွမ္းေျပာလို႔သိၿပီးပါၿပီ ေကာကေတာ့ေတာ္ေတာ္ေပ်ာ္ေနပံုပဲ ေကာအသံနားေထာင္ရင္းညီမေတာင္ေပ်ာ္မိတယ္"

အင္းပါ ကိုယ့္ႀကိဳက္ေနတဲ့လူကိုျပန္မႀကိဳက္ဘဲအနစ္နာခံၿပီးကိုယ့္အစ္ကိုကိုေပးလိုက္တဲ့အစ္မႀကီးရယ္ fujoshi ပီသပါေပတယ္

"တစ္ခုပဲ ခ်န္းေကာကေကာကိုမမုန္းေလာက္ပါဘူးေနာ္ သူ႔ခမ်ာမခ်စ္ဘဲလက္ထပ္ရေတာ့မွာေလ ၿပီးေတာ့ေယာက်္ားတစ္ေယာက္နဲ႔"

သူ႔အစ္ကိုအမုန္းခံရမွာကိုစိုးရိမ္သြားေတာ့မ်က္ႏွာကခ်က္ခ်င္းၿငိဳးက်သြားေလသည္။ ေရွာင္းက်န႔္အရင္ခ်ိန္ေတြေတာင္သတိရသြားေလသည္။

"ေမတၲာဆိုတာေရာင္ျပန္ဟပ္တတ္ပါတယ္ ဝူခ်န္းလည္းတစ္ေန့ေတာ့ ရွင္းပိုင္ေကာကိုျပန္ခ်စ္လာမွာပါ..."

....................................................

အျဖဴေရာင္အက်ႌခ်ိဳင္းျပတ္မွာဂီတာပံုနဲ႔ဆင္စြယ္ေရာင္ေဘာင္းဘီဒူးေလာက္နဲ႔ ေလပန္ကာေရ႔ွမွာယပ္ေတာင္ခတ္ကာထိုင္ေနတဲ့ေရွာင္းက်န႔္ TVၾကၫ့္ရင္းေန့လည္ကရွင္းယနဲ႔ေျပာခဲ့တဲ့စကားေတြကိုျပန္ေတြးေနတယ္ ဆံပင္ထိပ္ေလးကိုလည္းေခါင္းစည္းကြင္းနဲ႔စည္းထားေသးသည္။

(AN:ေလေတျြဖတ္ကုန္ေတာ့မွာပဲ😆)

ဝူခ်န္းနဲ႔ရွင္းပိုင္ေကာတို႔လိုပဲ ကိုကိုကငါ့ကိုမခ်စ္ဘဲယူခဲ့ရတာေလ အဲ့တုန္းကေရာငါ့ကိုမုန္းေနခဲ့မလား ဟင္းးး

ေရွာင္းက်န႔္သက္ျပင္းခ်ကာေရ႔ွကေရခဲမုန႔္တစ္ဇြန္းခပ္စားလိုက္သည္။ ေအးသြားတာပဲ... ဒါေပမယ့္ရင္ဘတ္ထဲကအပူကိုေတာ့မေအးေစႏိုင္ပါဘူးေလ

အိမ္မွာကအဲယားကြန္းမရိွေတာ့ေလပန္ကာနဲ႔ပဲအပူေလ်ာ့ေအာင္လုပ္ေနရတာေလ ေလပန္ကာကလည္းဖြင့္ဖြင့္ခ်င္းပဲေအးတယ္ေနာက္ပိုင္းမေအးဘဲအပူေတြပဲထြက္လာသလို အဲ့ဒါေၾကာင့္ယပ္ေတာင္နဲ႔ပါခပ္ေနတာ အေပၚကေျပာထားတဲ့ပံုၾကၫ့္ၿပီးေရွာင္းက်န႔္တစ္ေယာက္ရူးသြားၿပီလားလို႔လာမေျပာၾကနဲ႔ ဒါပဲ

"ကိုကိုဘယ္သြားမလို႔လဲ"

အေပၚထပ္ကကြၽတ္ကြၽတ္အိတ္အမဲႀကီးကိုင္ၿပီးဆင္းလာတဲ့ရိေပၚကိုျမင္လို႔ေမးလိုက္တယ္။

ေရွာင္းက်န႔္ေမးေတာ့ရိေပၚမွာသူခိုးလူမိသြားသလိုအိတ္ကိုအေနာက္ဖြတ္လိုက္ၿပီး

" ရြာထဲကို ခဏသြားမလို႔ "

"အဲ့ေနာက္ကဟာကဘာလဲ"

"ဟမ္! ဟို..ဘာမွမဟုတ္ပါဘူး အမိႈက္ေတြ တစ္ပါတည္းလႊတ္ပစ္ဖို႔ယူသြားမလို႔"

ေရွာင္းက်န႔္ ရိေပၚေနာက္ကအိတ္ကိုသာေခါင္းေစာင္းၿပီးၾကၫ့္ေနတယ္ ဘာပစၥည္းေတြထၫ့္ထားတာတုန္း

"ကြၽန္ေတာ္လည္းလိုက္မယ္"

ရိေပၚသြားခါနီးမွထလာတဲ့ေရွာင္းက်န႔္ကိုအျမန္တားလိုက္ရတယ္ အမိႈက္သြားပစ္တာမဟုတ္မွန္းသူအသိဆံုးပဲဟာ။

"မလိုက္ပါနဲ႔ အိမ္မွာပဲဇာတ္ကားၾကၫ့္ေန ကိုယ္ခဏပဲသြားမွာၿပီးရင္ျပန္လာခဲ့မယ္ေလ ေနာ္"

ေရွာင္းက်န႔္ခဏေလာက္ငိုင္သြားၿပီးမွ

"ၿပီးေရာ္ေလ ခဏပဲေနာ္"

"အင္းပါ ခဏေလးပဲ သြားၿပီေနာ္..က်န္႔ငယ္ငယ္ေလး အေမ..အေမ့သမက္ကိုၾကၫ့္ထားအံုး အဲ့ကိုရီးယားကားေတြပဲၾကၫ့္မေနနဲ႔"

"အမယ္ေလးေတာ္ သြားမွာျဖင့္သြားစမ္းပါ"

ေမေမဝမ္ကTVအၾကည့္မပ်က္လွမ္းေအာ္ေျပာတယ္။

ရိေပၚကဘာမွမေျပာေတာ့ဘဲေရွာင္းက်န႔္ေခါင္းေလးကိုပုတ္ကာထြက္သြားေလသည္။ေနာက္မွာသူ႔က်န္႔ငယ္ငယ္ကသူခိုးဖမ္းမယ့္မ်က္လံုးနဲ႔ၾကည့္ေနတာကိုေတာ့မသိလိုက္ရွာဘူး။

ခင္ဗ်ားကဘာလုပ္ရေအာင္သြားမွာမလို႔ကြၽန္ေတာ့္ကိုမေခၚခ်င္ရတာလဲ...

.................................

ေလေလးတစ္ခြၽန္ခြၽန္နဲ႔လက္ထဲကအထုပ္ကိုေဝ႔ွယမ္းကာလမ္းေလ်ွာက္ေနေသာလူတစ္ေယာက္ ထိုလူ႔ေနာက္မွာေတာ့ကုတ္ေခ်ာင္းကုတ္ေခ်ာင္းနဲ႔လမ္းေဘးကဓာတ္တိုင္ေတြကိုကြယ္လိုက္ သစ္ပင္ေတြကိုအကာအကြယ္လုပ္လိုက္နဲ႔လိုက္ပါလာေသာလူရိပ္တစ္ခု။မသိရင္မွင္စာလိုလိုဘာလိုလိုနဲ႔။
ေကာင္းကင္မွာလည္းလမင္းႀကီးကထိန္ထိန္သာေနသည္။

ဝမ္ရိေပၚေနာက္ကိုေခါင္းေစာင္းၾကၫ့္လိုက္ၿပီးၿပံဳးလိုက္မိတယ္။
တစ္ကယ္ပဲဘာေလးလဲ လိုက္ခ်င္တယ္ဆိုလည္းမရမကအတင္းဇြတ္လိုက္လို႔ရရဲ့သားနဲ႔ ေနာက္ကခိုးလိုက္လာတယ္ အဟင္း

ခင္ဗ်ားကမေခၚမွေတာ့ခိုးလိုက္ရံုပဲရိွေတာ့တာေပါ့ မေခၚလို႔မလိုက္ဘဲေနမယ့္အတန္းစားထဲမွာေရွာင္းက်န႔္တို႔မပါဘူး အိုေက?

ရိေပၚထြက္သြားတည္းကဝမ္အေမကိုခြင့္ေတာင္းၿပီးေနာက္ကခိုးလိုက္လာတာျဖစ္သည္။

တစ္ေနရာေရာက္ေတာ့ေရွာင္းက်န႔္ပုန္းရကြယ္ရတာနဲ႔ရိေပၚကိုမေတြ့ေတာ့ မ်က္ေျချပတ္သြားေလသည္။ လမ္းကႏွစ္လမ္းစံု ဘယ္ဘက္ကိုသြားမွန္းမျမင္လိုက္ေတာ့လမ္းခြမွာေခါင္းကုတ္ၿပီးအူေၾကာင္ေၾကာင္နဲ႔ရပ္ၿပီးဟိုၾကၫ့္သည္ၾကၫ့္လုပ္ေနတယ္။

"ဘယ္လမ္းကိုဝင္သြားတာလဲကြာ"

ေရွာင္းက်န႔္မေက်မခ်မ္းေရရြတ္ၿပီးလမ္းေဘးကမီးတိုင္ကိုေျခနဲ႔လွမ္းကန္လိုက္တယ္

"အားရိုးရိုး နာလိုက္တာ မင္းကဘာ့လို႔အဲ့ေလာက္ေတာင္မာေနရတာတုန္း ဟြန႔္ ဒါနဲ႔ငါ့ကိုကိုဝမ္ရိေပၚကိုေတြ့မိေသးလား သူဘယ္လမ္းကိုဝင္သြားတာလဲ သိရင္ငါ့ကိုေျပာျပစမ္းပါ"

အသံၾကားလို႔ထင္ပါရဲ့အနားကအိမ္ၿခံထဲကထြက္လာတဲ့ေခြးကေရွာင္းက်န႔္ကိုေပေစာင္းေစာင္းနဲ႔လာၾကၫ့္တယ္။ ၿပီးေတာ့ဝဋ္ေၾကတန္းေၾကတစ္ခ်က္ေဟာင္ၿပီးအိမ္ၿခံထဲလႈပ္လႈပ္ လႈပ္လႈပ္နဲ႔ျပန္ဝင္သြားေလသည္။

"ေစာင္ေခြး အလကားေနလာေဟာင္ေနရေသးတယ္ ကိုယ့္အိမ္ထဲမွာကိုယ္မေနႏိုင္ဘူး"

ရိေပၚအကြယ္ကေနၾကၫ့္ၿပီးၿပံဳးေနရတယ္ လမ္းမီးတိုင္ကိုေမးေနပံုကဘာေလးနဲ႔တူမွန္းကိုမသိဘူးေခြးကိုလည္းရန္ေတြ့လိုက္ေသးတယ္ သူတို႔ကစကားေျပာတတ္တာက်ေနေရာပဲ
ရိေပၚစခ်င္လာတာနဲ႔ အသံကိုဖ်က္ကာေျပာလိုက္သည္။

"မင္းရဲ့ကိုကို ကို ရွာေနတာလား"

"ဟိုက္! မီးတိုင္ကစကားေျပာတယ္ဟ"

ေရွာင္းက်န႔္လန႔္ၿပီးခုန္လိုက္မိတာေနာက္ကိုအေတာ္ေလးေရာက္သြားသည္။

"မင္းကိုကိုဘယ္လမ္းထဲဝင္သြားလဲသိခ်င္လား?"

အသံၾသၾသႀကီးကထပ္ထြက္လာတာေၾကာင့္ေရွာင္က်န႔္မွာေၾကာက္လို႔ေခြၽးေစးေတြေတာင္ပ်ံလာသည္။ ဒူးေတြတုန္ၿပီးေပ်ာ့ေခြလာသလိုပဲ ေၾကာက္လြန္းလို႔ေနရာမွာတင္ထိုင္ခ်လိုက္ကာမ်က္လံုးမိွတ္ကာေအာ္ေတာ့သည္။

"အီး ဟီး ဟီး မီးတိုင္သရဲႀကီး ကိုကိုေရ... ၿဗဲ...ကိုကိုလာေခၚပါ ဟီး ဟီး"

ရိေပၚမွာေရွာင္းက်န႔္အေၾကာက္လြန္ေနတာေၾကာင့္ဆက္မစေတာ့ဘဲအကြယ္ကေနထြက္လာကာ ေရွာင္းက်န႔္ကိုေပြ့ဖက္လိုက္ေတာ့အတင္းတြန္းထုတ္ၿပီးေအာ္ျပန္သည္။

"အား သရဲႀကီး သြား!! မီးတိုင္သရဲ အီး ဟီး "

"ကေလး ကေလး ကိုကိုေလ ၾကၫ့္ပါအံုးသရဲမဟုတ္ပါဘူး ကိုကိုပါ"

"ဟင္ ကိုကို!"

ထိုအခါမွေမာ့ၾကၫ့္လာတဲ့ေကာင္ေလးမ်က္ဝန္းမွာလည္းမ်က္ရည္ေတြနဲ႔ အေတာ္ေလးေၾကာက္သြားတယ္နဲ႔တူတယ္
ၿပီးေတာ့ရင္ခြင္ထဲကိုအတင္းတိုးကာငိုပါေတာ့သည္။ရြာသားေတြကလည္းေရွာင္းက်န႔္ရဲ့ေအာ္သံၾကားလို႔ထြက္ၾကၫ့္ၿပီးအဆင္ေျပလားေမးၾကသည္ တစ္ခ်ိဳ႕ကလည္းသူခိုးေတြဘာေတြထင္လို႔ဓာတ္မီးနဲ႔ဟိုထိုးသည္ထိုး

ရိေပၚမွာသာဘာမွမျဖစ္ေၾကာင္းသူစလိုက္လို႔လန႔္သြားတဲ့အေၾကာင္းေျပာၿပီးရင္ခြင္ထဲကအေကာင္ေလးကိုတြဲထူလိုက္ေလသည္။ေရွာင္းက်န႔္ကေတာ့ငိုလို႔ေကာင္းတုန္း

"အဆင္ေျပရင္ၿပီးတာပါပဲေလ ေနာက္ဆိုဆရာဝန္ေလးေၾကာက္တာကိုမစပါနဲ႔ရိေပၚရဲ့"

"ဟုတ္ကဲ့ပါ အရီး"

.........................

ေက်ာေပၚမွာတအိအိနဲ႔ငိုေနတဲ့ကေလးကအေၾကာက္မေျပေသးဘူးထင္တယ္ ကေလးကသရဲေၾကာက္တတ္တာသိသိႀကီးနဲ႔စမိတဲ့သူ႔ကိုယ္သူပဲထုရိုက္ပစ္ခ်င္ေတာ့တာပဲ

"ကိုကို ဘယ္သြားေနတာလဲ "

"ရြာျပင္ကလယ္ကြင္းေတြဆီကိုေလ"

လယ္ကြင္းဆိုတာနဲ႔ေရွာင္းက်န႔္ေက်ာမတ္ခနဲျဖစ္သြားတယ္ သူနဲ႔ရိေပၚနဲ႔ကအဲ့လယ္ကြင္းမွာမေတာ္တဆေတြ့မိလို႔ယူလိုက္ရတာမလား အခုေရာဘာသြားလုပ္မလို႔လဲ ေၾကာက္ပါတယ္ဆိုမွရြာျပင္ကိုေခၚလာျပန္ၿပီလူကိုအေၾကာက္လြန္ၿပီးေသေအာင္သတ္မလို႔လားမသိဘူး

"ခင္ဗ်ား ကြၽန္ေတာ့္ကိုေသေအာင္လို႔ေခၚလာတာေတာ့မဟုတ္ပါဘူးေနာ္"

"မဟုတ္ပါဘူးဗ်ာ ကြင္းမွာကေလတစ္ျဖဴးျဖဴးနဲ႔ေအးတယ္ေလအဲ့ဒါေၾကာင့္ပါ"

"ကြၽန္ေတာ့္ကိုဘာ့လို႔မလိုက္ခိုင္းရတာလဲ"

"ဟိုေရာက္မွဘာ့လို႔လဲဆိုတာၾကၫ့္ေတာ့ ဟုတ္ၿပီလား အခုေတာ့ၿငိမ္ၿငိမ္ေလးလိုက္ခဲ့စကားေျပာရလို႔ပင္ပန္းေနမယ္"

ေရွာင္းက်န႔္မေက်နပ္သလို 'ဟြန္႔'အသံျပဳလိုက္ၿပီး ရိေပၚရဲ့ပုခံုးေပၚကိုသာေမးတင္ၿပီးေတာ့လိုက္လာခဲ့တယ္။

ေက်ာေပၚကလိုက္ရတဲ့ကြၽန္ေတာ္ကပင္ပန္းပါ့မလား သယ္ေနရတဲ့ခင္ဗ်ားကသာပင္ပန္းမွာမဟုတ္ဘူးလား

ေကာင္းကင္မွာလည္းၾကယ္ေတြကတစ္လက္လက္နဲ႔ေတာက္ပေနၾကတယ္ ခုနစ္စဉ္ၾကယ္ေတာင္ထြက္ေနၿပီပဲ...

တစ္ကယ္ပဲ ကြင္းကိုေရာက္ေတာ့ကာလသားေတြအုပ္စုလိုက္တစ္ဖြဲ႔စီထိုင္ၿပီးစကားေျပာေနၾကတယ္ ရိေပၚတို႔လာတာျမင္ေတာ့ၿပံဳးစိစိနဲ႔ၾကၫ့္ေနၾကေလရဲ့ သူတို႔ထိုင္ေနတာကတာလမ္းမႀကီးရဲ့ေဘးနားေလးေတြမွာ အဲ့လမ္းႀကီးရဲ့ေဘးတစ္ခ်က္တစ္စီမွာေတာ့လယ္ခင္းျပင္ေတြကိုမ်က္စိတစ္ဆံုးျမင္ေတြ့ေနရတယ္

တစ္ေနရာေရာက္ေတာ့ဇီရန္ေကာကထိုင္ေနရာမွလွမ္းေျပာေလသည္။

"ရိေပၚရယ္ လာမွလာပါ့မလားလို႔ ဒါနဲ႔ေရွာင္းက်န႔္ေရာပါလာတာလား မင္းတို႔ကဘယ္လိုျဖစ္လာၾကတာလဲ"

ရိေပၚ ေရွာင္းက်န႔္ကိုေနာက္ျပန္လွၫ့္ၾကၫ့္ၿပီးဇီရန္ကိုျပန္ၾကၫ့္ကာၿပံဳးျပလိုက္တယ္။ ေရွာင္းက်န႔္ကေတာ့အူတူတူေလးနဲ႔ရိေပၚေက်ာေပၚမွဆင္းၿပီးတိုက္ခတ္လာတဲ့ေလေအးေအးကိုရႉေနေလသည္။

........

"ေအာ အဲ့ဒါေၾကာင့္ကိုး ဟားဟား မင္းကလည္းေရွာင္းက်န႔္ကေၾကာက္မွန္းသိရက္နဲ႔ဘာ့လို႔သြားစလဲ ေတာ္ေသးတာေပါ့အေၾကာက္လြန္ၿပီးေသးမပါခ်မိတာပဲ ဟားဟား"

ျဖစ္ေၾကာင္းကုန္စင္ေျပာျပေတာ့ဇီရန္ကတဟားဟားရယ္ေတာ့သည္။ တစ္ကယ္ေတာ့ရိေပၚရဲ့အိတ္အမည္းထဲမွာကဘီယာဘူးေတြနဲ႔ျမည္းစရာမုန႔္ေတြပါလာတာပဲ။ ေရွာင္းက်န႔္ကအစကေတာ့ရိေပၚကိုဆူမလို႔လုပ္ေပမယ့္သူလည္းေသာက္ၾကၫ့္ခ်င္တာေၾကာင့္ဘာမွမေျပာဘဲေနလိုက္သည္။

"ေကာကလည္းဗ်ာ ကြၽန္ေတာ္ကခ်စ္လို႔စတာပဲဟာကို"

"ဘာခ်စ္လို႔လဲ အခန႔္မသင့္ရင္ကြၽန္ေတာ့္ဝိဉာဉ္ေလးဟိုး...မိုးေပၚေရာက္ေနေလာက္ၿပီ "

ေရွာင္းက်န႔္ကေကာင္းကင္ကိုလက္ညိုးထိုးၿပီးေျပာေတာ့ရိေပၚကထိုလက္ညိုးေလးကိုဆြဲယူလိုက္ၿပီး

"ေတာင္းပန္ပါတယ္ကြာေနာ္ ေနာက္ ဘယ္ေတာ့မွအဲ့လိုမစေတာ့ဘူး "

"ေနာက္တစ္ခါထပ္စရင္လည္းကြၽန္ေတာ္ကေတာ့မေၾကာက္ေတာ့ဘူးဗ် "

"ဟ ဟား ဟုတ္ပါၿပီကြာ"

ရိေပၚအသည္းယားစြာေရွာင္းက်န႔္နဖူးေလးကိုမနာေအာင္ေတာက္လိုက္ေတာ့နဖူးေလးပြတ္ၿပီးမ်က္ႏွာေလးကိုရႈံ႔မဲ့မဲ့လုပ္ကာမူပိုေနျပန္တယ္။

"အဟမ္း မ်က္စိေနာက္လာၿပီေနာ္ ဟြန္း"

"ကေလး ဒီနားက fa ေစာ္နံတယ္ေနာ္"

"ဟီ ဟိ"

"ဝမ္ရိေပၚ မင္းကေတာ့ေလ..."

သံုးေယာက္သားဘာမွမေျပာဘဲညေလေအးေအးေလးကိုရႉကာေကာင္းကင္ႀကီးကိုေမာ့ၾကၫ့္ေနၾကတယ္ ဝမ္ရိေပၚနဲ႔ေဝ့ဇီရန္တို႔ကေတာ့ေသာက္လိုက္စားလိုက္ေရွာင္းက်န႔္ခုမွပဲသူ႔ကိုမေခၚခ်င္ရတဲ့အေၾကာင္းသိေတာ့တယ္။ သူတို႔နဲ႔ခပ္လွမ္းလွမ္းကေကာင္ေလးေတြကေတာ့အစီအရီထျပန္သြားၾကၿပီ ေရွာင္းက်န႔္ကေတာ့ရိေပၚတို႔အလစ္မွာရိေပၚတစ္ငံုေသာက္ၿပီးေဘးနားခ်ထားတဲ့ဘီယာဘူးကိုေမာ့ေသာက္လိုက္တယ္ ဆရာဝန္ဆိုတဲ့ဂုဏ္သိကၡာေတြလည္းမရိွေတာ့ပါဘူးေလ...

အား ပါး ပါး ခါးလိုက္တာ အျမႇဳပ္ေတြကလည္းပါးစပ္အျပၫ့္ ကိုလာထက္ေတာင္ရွေနေတာ့တယ္ ခ်ီးပဲ ဘာ့လို႔မ်ားဒီေလာက္မေကာင္းတာကိုမ်က္ႏွာတစ္ခ်က္မပ်က္ဘဲေသာက္ႏိုင္ၾကတာလဲ

မသိမသာဘီယာဘူးကိုျပန္ခ်လိုက္ၿပီးအာလူးေၾကာ္ထုပ္ကိုေဖာက္စားကာၿငိမ္ေနလိုက္တယ္ တစ္နားေလာက္ေနေတာ့ေျမေပၚမွာပက္လက္ကားယားႀကီးအိပ္ေပ်ာ္သြားပါေတာ့တယ္။ ဘီယာေလးတစ္ငံုေသာက္ၿပီးမူးသြားေသာက်န္႔ငယ္ငယ္ေလး။

ျပန္ဖို႔ႏိႈးကာမွမျပန္ခ်င္ေသးဘူးဆိုကာ ရစ္ေလေတာ့သည္။ ေရွာင္းက်န႔္ဘီယာမူးတာတစ္မ်ိဳးေလး အိပ္ေပ်ာ္ၿပီးျပန္ႏိုးလာမွရစ္တယ္။

အိမ္ျပန္ခရီးမွာေတာ့ေခြးတစ္စီစီနဲ႔ေက်ာေပၚမွသီခ်င္းတစာစာေအာ္ဆိုၿပီးေက်ာကိုလည္းတစ္ဘုန္းဘုန္းထုကာငိုလိုက္ရယ္လိုက္နဲ႔လိုက္ပါလာေသာေရွာင္းက်န႔္ရယ္ အထုအေထာင္းခံကာအၿပံဳးအရယ္မပ်က္သယ္ပိုးသြားေသာရိေပၚရယ္တို႔ကိုအိပ္မေပ်ာ္ေသးတဲ့သူတိုင္း ဗရုတ္က်စြာျမင္ေတြ့ရမွာပဲျဖစ္ပါတယ္။

တစ္ကယ္ပါ တစ္ခါတစ္ေလေတာ့လည္းဘဝႀကီးကဘီယာမူးေနတဲ့ေကာင္ေလးတစ္ေယာက္လည္းျဖစ္ေနတတ္တယ္ ခ်စ္စရာေကာင္းတဲ့ငမူးေလးေပါ့...



..........


Continue Reading

You'll Also Like

867K 40.2K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
929K 71.3K 46
แ€žแ€…แ€นแ€…แ€ฌ แ€–แ€ฑแ€ฌแ€€แ€บแ€แ€ฒแ€ท ex แ€€แ€ญแ€ฏ แ€€แ€œแ€ฒแ€ทแ€…แ€ฌแ€ธแ€แ€ผแ€ฑแ€–แ€ญแ€ฏแ€ท แ€กแ€–แ€ฑแ€€แ€ญแ€ฏ แ€šแ€ฐ......... แ€„แ€ซแ€ทแ€€แ€ญแ€ฏ แ€žแ€…แ€นแ€…แ€ฌแ€–แ€ฑแ€ฌแ€€แ€บแ€แ€ฒแ€ท แ€กแ€แ€ฝแ€€แ€บ แ€™แ€„แ€บแ€ธแ€€ แ€„แ€ซแ€œแ€ฑแ€ธแ€€แ€ญแ€ฏ Mom แ€œแ€ญแ€ฏแ€ทแ€แ€ฑแ€ซแ€บแ€–แ€ญแ€ฏแ€ทแ€žแ€ฌ แ€•แ€ผแ€„แ€บแ€‘แ€ฌแ€ธแ€แ€ฑแ€ฌแ€ท แ€แ€™แ€บแ€›แ€ฎแ€œแ€ปแ€พแ€ญแ€ฏแ€ท ~~แ€›แ€พแ€ฑแ€ฌแ€„แ€บ...
15.1K 244 20
In which you live with your brother Chico in a school of assassins called king's Dominion. There you will meet the new boy: Marcus Lopez. He always g...
243K 6K 52
โŽฏโŽฏโŽฏโŽฏโŽฏโŽฏโŽฏ เชœโ€โžด ๐…๐„๐„๐‹๐’ ๐‹๐ˆ๐Š๐„ .แŸ โ› & i need you sometimes, we'll be alright. โœ IN WHICH; kate martin's crush on the basketball photographer is...