BLUE SIDE

By ParkJiEun-KTPO

214K 19.8K 1K

JiKook KookMin (Complete) More

BLUE SIDE ( Ep 1)
BLUE SIDE (Ep 2)
BLUE SIDE (Ep 3)
BLUE SIDE (Ep 4)
BLUE SIDE (Ep 5)
BLUE SIDE (Ep 6)
BLUE SIDE (Ep 8)
BLUE SIDE (Ep 9)
BLUE SIDE (Ep 10)
BLUE SIDE (Ep 11)
BLUE SIDE (Ep 12)
BLUE SIDE (Ep 13)
BLUE SIDE (Ep 14)
BLUE SIDE (Ep 15)
BLUE SIDE (Ep 16)
BLUE SIDE (Ep 17)
BLUE SIDE (Ep 18)
BLUE SIDE (Ep 19)
BLUE SIDE (Ep 20)
BLUE SIDE (Ep 21)
BLUE SIDE (Ep 22)
BLUE SIDE (Ep 23)
BLUE SIDE (Ep 24)
BLUE SIDE (Ep 25)
BLUE SIDE (Ep 26)
BLUE SIDE (Ep 27)
BLUE SIDE (Ep 28)
BLUE SIDE (Ep 29) Unicode
BLUE SIDE (Ep 29) Zawgyi
❤️ Proposal VD ❤️
BLUE SIDE (Ep 30)
BLUE SIDE (Ep 31) Unicode
BLUE SIDE (Ep 31) Zawgyi
❤️ PreWedding VD ❤️
BLUE SIDE (Ep 32)
BLUE SIDE (Ep 33)
BLUE SIDE (Ep 34)

BLUE SIDE (Ep 7)

5.4K 598 10
By ParkJiEun-KTPO

Tae- Hyung ရေ... လေယာဉ်ချိန်နီးနေပီမို့ ကျွန်တော်သွားပီနော်... ဒီ ၃ရက်အတွင်း ဘာသံညာသံမကြားချင်ဘူးနော်....

Jimin- အောင်မာ... မင်းက ဘာသံကြားချင်နေသေးလို့လဲ... သွားစမ်းပါ... လေယာဉ်မမှီပဲနေအုန်းမယ်... ငါကလေးမဟုတ်ဖူး... စိတ်ပူမနေနဲ့... မင်းသာဂရုစိုက်သွား.....

အလုပ်ကိစ္စဖြင့် ခရီးသွားရန် Luggageကိုဆွဲကာ အိမ်မှထွက်ရန်ပြင်နေသော Taehyung မှ သူ၏ Jimin Hyung ကို စိတ်မချနိုင်စွာ တတွတ်တွတ်မှာရင်း စနောက်နေခြင်းပင်။

ဒီလို ခရီးသွားနေရခြင်းက သူတို့၂ယောက်အတွက် မဆန်းကြယ်သော်လဲ စိတ်မချစွာ တစ်ခုပီး တစ်ခုမှာနေတတ်သည်က Taehyung ၏ အကျင့်တစ်ခုပင်။

Tae- အင်းပါ... ပီးရော.... သွားပီဒါဆို.....

အခေါ်ခိုင်းလိုက်သော Driverမှ ကားကိုမောင်းကာ အိမ်ရှေ့ကို ကားရပ်လိုက်သည်ကြောင့် နှုတ်ဆက်ကာ အိမ်မှထွက်ခွာသွားသော Taehyung ၏ကားလေးကို အိမ်ထဲမှနေ၍ မျက်စိတဆူံးလိုက်ကြည့်နေရင်း

Jimin Pov's-

ဟူး.... ဒီပိတ်ရက် ၂ရက်တော့ အိမ်မှာပဲ အလုပ်ရှုပ်နေတော့မှာပဲ Taeလဲမရှိတော့ ပျင်းဖို့တော့ကောင်းမယ်ထင်တယ်............

** Phone Ringing...*****

Jimin- Hello

Jin- Jimin Ah.... ဒီနေ့အားလား...?

Jimin- မအားဘူး.....ဘာလုပ်မလို့လဲ

Jin - ဘာလုပ်မလို့လဲ မေးပုံထောက်ရင် အားပုံရတယ်... ဒီညနေသောက်ရအောင်ကွာ... မင်းနဲ့မသောက်ရတာကြာပီ... ငါ့မှာ မင်း စိတ်ဝင်စားလောက်တဲ့ အထူးSpecial ပုလင်းတွေရှိတယ်.. မင်းအတွက်ဆိုပီး ဟိုကနေတကူးတကဝယ်လာတာ... စျေးကြီးတယ်နော်ဟျောင့်......

Jimin Pov's-

အင်း.... Taeလဲမရှိတော့ ငါတစ်ယောက်တည်း အလုပ်လုပ်နေရတာထက်စာရင် သောက်ရတာ ပိုကောင်းမယ်..အပျင်းပြေတာပေါ့....

Jimin- ပီးတာပဲကွာ... ညနေ ၆နာရီလောက်လာခဲ့.. ဒါပဲ..

အစကတော့ အလုပ်မအားဘူးဆိုပီး ပုလင်းအသံလဲကြားရော ခပ်ပြတ်ပြတ်ပြောကာ ဖုန်းချသွားသော Jimin ကြောင့်

Jin Pov's -

ဒီကောင် ဟုတ်တာလဲမဟုတ်ပဲနဲ့ သောက်ပဲကများနေသေးတယ်...........

*************************

ညနေစောင်းတွင် Jungkook တစ်ယောက် ဧည့်ခန်းထဲက Sofaပေါ်ထိုင်ကာ YouTube မှတစ်ဆင့် monster fishတွေအကြောင်း Videoလေးကို ကြည့်နေရင်းမှ ခြံအပြင်မှ တံခါးဖွင့်ပေးရန် ကားတစ်စီး ဟွန်းတီးလိုက်သံနှင့်အတူ

ခြံထဲသို့ ကားဝင်လာသံကြားသောကြောင့် စပ်စပ်စုစုဖြင့် အပြင်ကို ကြည့်လိုက်ရာ ဟိုနေ့က ကားအနီရောင် ဖြစ်နေသောကြောင့် အတွေးထဲမှလဲ ဒါဟို အချိူးမပြေတဲ့ ခပ်ချောချောအကိုကြီးရဲ့ ကားဆိုတာတပ်အပ်သိလိုက်ပီး သူ့ကိုသူပင်မသိလိုက်ပဲ အိမ်ပြင်သို့ရောက်နှင့်ပီးသားဖြစ်နေလေ၏။

Jungkook Pov's -

ဟင်.... သေချာတာပေါ့ သူပဲ... လက်ထဲကလဲ ဘာအထုပ်တွေလဲ....... Jimin Hyung ကလဲ အိမ်ပြင်ကတောင် ထွက်ကြိုနေသေးတယ်... သူတို့ဘာလုပ်မလို့ပါလိမ့်.... Hyung ကဒီလူကို သိပ်သဘောကျတာလဲမဟုတ်ပဲနဲ့ သူတို့ဆက်ဆံရေးက ဘယ်လိုပါလိမ့်.... ငါတို့ကြတော့ ဧည့်သည်မလာရဘူးပြောပီးတော့ ဒီအကိုကြီးကတော့ ပိုင်စိုးပိုင်နင်းနဲ့ ဟွန်း........

အတွေးများစွာဖြင့် ဘာကိုစိတ်မချလို့ မချမှန်းမသိပဲ ယောင်လည်လည်ဖြင့် Hyung တို့ အိမ်မကြီးနား အနီးတဝိုက်တွင် မယောင်မလည်လုပ်ကာ စပ်စုနေခဲ့သည်မှာ အချိန်တွေတောင် မည်မျှကြာသွားသည်မသိ မိုးစုံးစုံးချုက်ကာ သူ၏ခြေသလုံးတွေလဲ လမ်းပင် ထပ်မလျှောက်ချင်တော့လောက်အောင် ညောင်းညာလာတာကြောင့် လျှောက်လမ်းဘေးကမြက်ခင်းပြင်ပေါ်ထိုင်ချလိုက်ရင်း အိမ်ထဲမှအသံတွေကို နားစွင့်နေမိ၏။

မည်သို့ပင် အာရုံစူးစိုက်ကာ နားစွင့်စေကာမူ မည်သည့်အသံမှ မကြားရပဲ အချိန်တွေကလဲ တစ်ဖြေးဖြေးကြာလာတာကြောင့် Jungkook တစ်ယောက် Jimin ကိုစိတ်ပူကာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်လာပြီး မတင်မကျစိတ်ဖြင့်

"အိမ်ထဲဝင်လိုက်သွားရင်ကောင်းမလား.... မဖြစ်သေးပါဘူး Hyung ကအကြောင်းမရှိရင် အိမ်ထဲမလာရဘူးပြောထားတာ ငါဘာအကြောင်းပြရင်ကောင်းမလဲ " ဟု
အမျိူးစုံအောင် တွေးနေမိရင်းမှ ခြံဝတွင် ကားနောက်တစ်စီး ဝင်လာသည်ကို မြင်လိုက်တာကြောင့် သစ်ပင်အကွယ်ယူကာ ပြေးပုန်းရင်း အကဲခတ်မိပြန်၏။

ယခု Jungkook ဖြစ်ပျက်နေသည့်ပုံစံမှာ Aquarium Professor တစ်ယောက်ဆိုသည်ထက် 007 ဇာတ်ကားထဲမှ ရန်သူ၏ လှုပ်ရှားမှုကိုစောင့်ကြည့်နေသော
James Born နှင့်ပင် တူကာ ကွာခြားချက်ဆို၍ လက်ထဲမှ သေနတ်မပါ တာနှင့် အနောက်တိုင်းဝတ်စုံပြည့် မဝတ်တာ တစ်ခုသာ ရှိလိမ့်မည်။

ထိုအရပ်အမောင်းခပ်ကောင်းကောင်းနှင့်လူမှာ ကားပေါ်ကဆင်းကာ အိမ်ထဲသို့ ခပ်သုတ်သုတ်ဝင်သွားပီး တစ်အောင့်ကြာတော့ Jungkook အမြင်ကပ်သည့် ကားအနီရောင်ပိုင်ရှင် ခပ်ချောချော လူကြီးကို တွဲခေါ်လာကာ ကားပေါ်တင်ပေးလျှက် ထွက်ခွာသွားသည်ကို အစအဆုံးသေချာမြင်လိုက်၏။

ကြည့်ရတာ ထိုခပ်ချောချော လူမှာ အတော်ကို မူးနေသည့်ပုံပေါက်တာကြောင့် Jungkook တစ်ယောက် Jimin ကိုထပ်မံစိတ်ပူသွားပြန်သည်။

အိမ်မကြီးထဲမှ Jimin တစ်ယောက် အတော်ကို ရေချိန်ကိုက်ကာ Jinဘယ်လို ပြန်သွားလဲ မသိလောက်အောင်ပင် မူးလျှက် မတ်တပ်ရပ်ကာ ပူလွန်းသည်ကြောင့် အင်္ကျီကြယ်သီး များကို ဖြုတ်လျှက် ယိုင်ထိုးယိုင်ထိုးဖြင့် လမ်းလျှောက်လိုက်စဉ် မိုက်ကနဲ ဖြစ်သွားသောကြောင့် မှီရာကို လက်လှန်းလိုက်ရင်း အလှပန်းအိုးကြီးကို တွန်းမိလိုက်သည် ကြောင့် ပန်းအိုးကျကွဲလေ၏။

ထိုအချိန်တွင် အိမ်မကြီး ထဲမှ ပစ္စည်းတစ်ခု ကျကွဲသံကို ကျယ်လောင်စွာ ကြားလိုက်ရသည်ကြောင့် ဘာကိုမှမစဉ်းစားနိုင်တော့ပဲ Jungkook အိမ်မကြီးထဲသို့ပြေးဝင်သွားမိတော့သည်။

အိမ်ထဲအရောက် ဟိုဟိုဒီဒီကြည့်မိရာ အိမ်အပေါ်ထပ်သို့တက်ရန်ကြိူးစားနေသော သူ၏ Jimin Hyung မှာ တော်တော်ကိုမူးနေသည့်ပုံပေါက်ကာ ပြောင်လက်လက်ပိုးသားအင်္ကျီ မိုးပြာရောင်လေးကိုမှ ရင်ဘတ်ကကြယ်သီးဖြုတ်ထားသည်မှာ အားလူံးအတိုင်းသားမြင်နေရသည့်အပြင် ဖရိုဖရဲပုံစံဖြင့် ပန်းအိုးအကွဲစတွေဘေးတွင် ငုတ်တုတ်လေး ထိုင်နေတာကို မြင်လိုက်ရတာကြောင့် Jungkook စိုးရိမ်တကြီးပြေးထူမိသည်။

"Jimin Hyung.... Hyung အဆင်ပြေရဲ့လား...... ထ.. ထ ကျွန်တော်ထူပေးမယ်....."

"အမ်....... Jin လား..... ဘယ်ဒူလဲ..... Jinလဲ မဟုတ်ပါဘူး.... အာ.. ဒီကောင်ဘယ်ရောက်သွားတာလဲ....."

မူးမူးရူးရူးဖြင့် ထင်ရာပြောကာ ပေကပ်ပီး ထိုင်နေသော Jimin ကို Jungkook တော်တော်နှင့် ထူမရ.....

"Hyung.. သေချာကြည့်ပါအုံး... ကျွန်တော်ပါဗျ.. Jungkook ပါ... Hyung ထပါဆို... ကျွန်တော်အခန်းထဲလိုက်ပို့ပေးမယ်.."

"အော်..... ချာ.... တိတ်ကလေး..... အရက်သောက်မလို့လာတာလား.... မချိတော့ဘူး ကုန်သွားပီ...... "

တော်တော်ကိုမူးကာ ယိုင်ထိုးနေသော Jimin Hyung ကို မလဲသွားအောင် သတိထားထိန်းရင်း Hyung ၏အိပ်ခန်းကို ပြခိုင်းရသည်။ တော်သေးတာက ဘယ်လောက်မူးမူး သူ့အိပ်ခန်းတော့ သူသေချာမှတ်မိသည်လေ.....

အိမ်တစ်ခုသာ ကြီးကျယ်ခမ်းနားသည်မဟုတ်ပဲ Jimin Hyung ၏ အိပ်ခန်းကပါ အလွန်တရာ အဆင့်မြင့်သော နောက်ဆုံးပေါ် ပရိဘောဂများနှင့် လိုက်ဖက်ညီစွာ ကျယ်ပြန့်အိစက်သော ကုတင်ကျယ်ကြီးပေါ်သို့ Jimin Hyung ကို အသာအယာချပေးရင်း လှဲအိပ်စေလိုက်သည်။

"ချာတိတ်ရာ..... ပူလိုက်တာကွာ......"

ပြောပြောဆိုဆိုဖြင့် အင်္ကျီကြယ်သီးတွေကို ထပ်မံဆွဲဖြုတ်လိုက်တာကြောင့် အတိုင်းသားပေါ်လာသော ရင်ဘတ်ဖြူဖြူဖွေးဖွေးလေးနှင့် မထင်မှတ်လှစွာပင် မြင်လိုက်ရသည်ကတော့ ညာဖက်ရင်အုံအောက်တည့်တည့်မှ "Never Mind"ဆိုသည့် Tattooမှာ အင်မတန်လိုက်ဖက်ပီး ဆွဲဆောင်မှုရှိလှတာကြောင့် Jungkook မျက်လုံးအပြူးသားဖြင့် အကြည့်ပင်မခွာနိုင်ကာ ငေးစိုက်ပီးကြည့်နေမိသည် မှာ သတိလက်လွတ်.........

" Aigoo ပူတယ်...... ရေ.... ရေသောက်ချင်တယ်.."

Jimin ၏စကားကြားတော့မှ သတိပြန်ဝင်လာပီး ရေတစ်ခွက်ငဲ့ပေးကာ Jimin ကို ထူလျှက်သောက်စေလိုက်သည်။

ဖန်ခွက်လေးနှင့် ထိထားသော နှုတ်ခမ်းထူထူအိအိလေးကိုမှ အရက်သောက်ထားသဖြင့် ရဲရဲတွတ်ကာ မို့တက်နေသော ပါးမို့မို့ လေးတွေကြောင့် Jungkook ရင်ခုန်သံတွေထိန်းမရအောင် ဆူညံနေခဲ့လေသည်။

" ချာတိတ်လေး Jungkookie ... အေ့... ထမင်းစားပီးဘီလား...."

ရေသောက်ပီး မျက်လုံးမှိတ်ကာ ကုတင်ပေါ်လှိမ့်နေရင်းမှ မဆီမဆိုင်မေးချလိုက်သော Jimin Hyung
၏ စကားကြောင့် Jungkook အနည်းငယ် ရယ်ချင်ကာ Hyung က မူးနေရင် သူမဟုတ်တဲ့သူလို ပုံစံပြောင်းသွားတာပဲ ဟု မှတ်ချက်ချမိသည်။

"Nae Hyung... "

" အင်း အင်း.... Hyung အခုဘယ်ရောက်နေတာလဲ...."

"ဗျာ... Hyung ရဲ့အိမ်မှာပဲလေ.. အိပ်ခန်းထဲမှာလေ....."

" ငါသိပါတယ်..... မင်းများမူးနေသလားလို့ စမ်းကြည့်တာ..."

"ဟင်.... Hyung.. တော်တော်မူးနေပီထင်တယ်... အိပ်လိုက်ပါလားဟင်......"

" အင်း.... အိပ်ကြတာပေါ့.... ဘယ်မှာ အိပ်ရမှာလဲ..."

" Hyung... ကုတင်ပေါ်ရောက်နေပီလေဗျာ... မျက်လူံးလေးမှိတ်လိုက်ရုံပဲ..."

"ငါသိပါတယ်... မင်းတော်တော် စကားများတဲ့ ချာတိတ်ပဲကွ.... အေ့...... ဗိုက်တောင်ဆာလာသလိုပဲ....."

"ဟင်...... ကျွန်တော်ဘာလုပ်ပေးရမလဲ Hyung.. Hyung ဘာစားချင်လဲ....."

ပက်လက်လှန်အိပ်နေသော Jimin ၏ ဘေးတွင် ကုတင်ပေါ်တင်ပါးလေးလွှဲထိုင်ကာ မျက်နှာလေးငုံ့မိုးလျှက် မျက်လူံးဝိုင်းလေးဖြင့် မေးနေသော Jungkook ကို အိပ်နေရာမှ မျက်လူံးဖွင့်ကာ စူးစူးစိုက်စိုက်ကြည့်လိုက်ပီး Jungkook ၏ ပါးဖောင်းဖောင်းလေးတစ်ဖက်ကို ဆွဲညစ်လျှက်........

"မင်း......... ကို"

တစ်ခွန်းထဲပြောကာ အိပ်မောကျသွားသည့် Jimin ကြောင့် ရင်ခုန်သံတွေဆူညံကာ ဒိန်းဒလိန်းနတ် ဖမ်းစားခြင်းကိုခံလိုက်ရသော ယုန်သူငယ်လေးခမျာ ရှက်ကိုးရှက်ကန်းဖြင့် Jimin ကိုသက်တောင့်သက်သာပုံစံဖြစ်အောင် ပြင်ပေးလိုက်ပီး ဖရိုဖရဲနှင့် ကြယ်သီးများပြုတ်နေသော အင်္ကျီလေးကို သေချာပြန်ဝတ်ပေးကာ ကုတင်ဘေးတွင်ထိုင်ပီး မေးလေးထောက်လျှက် ကြည့်နေမိသည်။

သွယ်တန်းနေသော နှာတံလေး၏ အဆုံးမှာ အိတွဲတွဲထူအမ်းအမ်း နှုတ်ခမ်းလေးနှင့် သွယ်လျှသော မျက်နှာကျလေးနှင့် မလိုက်ဖက်လောက်အောင် စူးရှသော မျက်ဝန်းအစုံ...., မြင်တွေ့နေကြ Formal ဝတ်စုံပြည့်ဖြင့်သာ ကြည့်ကောင်းသော ခန္ဓာကိုယ်အချိူးအစား ရှိသည်မဟုတ်ပဲ အိမ်နေရင်း ပိူးသားအင်္ကျီလေးနှင့်တောင် လိုက်ဖက်ညီစွာ ရှိနေသော လက်မောင်းကြွက်သားအစုံနှင့် ဝမ်းဗိုက်ကြွက်သား (Six Packs) များက Hyung ၏တည်ကြည်မှု, ဆွဲဆောင်နိုင်စွမ်းရှိမှု တွေကို ပို၍ပံ့ပိုးပေးနေသယောင်..,

Jimin Hyung ၏မျက်နှာမှာ သာမန်ကြည့်လျှင် မိန်းကလေးဆန်ဆန်ချောမောသည်ဟု ထင်ရလောက်ပေမဲ့ တကယ်တမ်းတွင်တော့ သူ၏တည်ကြည်ခန့်ညားမှုနှင့် တည်ငြိမ်ရင့်ကျက်မှုပုံစံကြောင့် ဆွဲဆောင်မှုအားပြင်းလွန်းသည့် အန္တရာယ်များသော ယောက်ျားတစ်ယောက်ပုံစံအပြည့်အဝရှိသည်လေ ။

အချိန်အတန်ကြာအောင်ငေးစိုက်ကြည့်နေမိရင်းမှ ကုတင်ဘေးလေးတွင် ခေါင်းလေးတင်ကာ အိပ်ပျော်သွားသော ယုန်သူငယ်လေး တစ်ယောက်ကတော့ အပြစ်ကင်းစွာ ဖြူစင်နေလေ၏။

***********

ခန္ဓာကိုယ်တစ်ခုလူံး ငြီးစိစိဖြစ်ကာ ရေဆာသဖြင့် မနက် ၃နာရီလောက်နိုးလာသော Jimin တစ်ယောက် သူ့ကုတင်ဘေးတွင် အိပ်ပျော်နေသော Jungkook ဆိုသူ Professor လေးကိုမြင်ပီး ဒေါသတွေ ထောင်းခနဲထွက်ကာ အကြမ်းပတမ်း လှုပ်နိုးမိလိုက်သည်ကြောင့် အိပ်ချင်မူးတူးဖြင့် Jungkook နိုးလာခဲ့သည်။

" Hyung နိူးပီလား.... ကျွန်တော်...."

"မင်းငါ့အခန်းထဲကို ဘာလာလုပ်တာလဲ....... မင်းကို ဒီအိမ်ထဲမလာရဘူးပြောထားတာ နားမလည်ဘူးလား.... ထွက်သွား...... အခုငါ့အခန်းထဲက ထွက်သွား.....!!!!!! "

" Hyung.... ကျွန်တော်...."

"မင်းကို ထွက်သွားလို့ပြောနေတယ်လေ..."

Jimin ခပ်ဆတ်ဆတ် ငေါက်ငမ်းကာ နှင်ထုတ်လိုက်သောကြောင့် မျက်နှာလေး ညိူးငယ်ကာ ခေါင်းလေးငုံ့ပီး ထွက်သွားသော Jungkook ကိုကြည့်ပီး စိတ်ရှုပ်စွာပင် ရေတစ်ခွက် ငဲ့သောက်ကာ ပြန်အိပ်လိုက်မိသည်။

*****************************

မနက် ၉နာရီဝန်းကျင်လောက်တွင် အိပ်ခန်းတံခါးကို တဒူံးဒူံးလာထုလိုက်သံကြောင့် Jimin အိပ်ရာမှထကာ အိပ်ခန်းတံခါးကိုထဖွင့်လိုက်တော့ Kim Seok-jin ကိုအခန့်သားတွေ့လိုက်ရ၏။

"ဟာ.. အခုထိ Hangover ဖြစ်နေတုံးလားဟ...."

" မင်းကတော့ ငါ့အိမ်ကို ချောင်းပေါက်နေပီထင်တယ်... နေစမ်းပါအုံး.... ညက ဘယ်အချိန်ပြန်သွားတာလဲ..."

Jin တစ်ယောက် လက်ထဲကမှဘူးလေးကို အိပ်ခန်းထဲမှစားပွဲခုံလေးပေါ်တင်လိုက်ကာ ခုံပေါ်ထိုင်လိုက်ရင်းမှ.....

"မင်းမမှတ်မိဘူးလား.... ငါ့ကို ကိုကိုလာပြန်ခေါ်သွားတာလေ.... ငါလဲတော်တော်မူးနေတာ ကားမမောင်းနိုင်တော့လို့ Joonieကိုပဲ လာခေါ်ခိုင်းလိုက်တာ...အဲ့တာအခုငါ့ကားပြန်လာယူတာ... အဟီး..."

"ဟွန်း............ အဲ့ဘူးကရောဘာလဲ...."

" မင်းရဲ့ Professor ပေါက်စလေးလေကွာ..... ငါအခုမင်းအိမ်ထဲဝင်လာတော့ အိမ်ရှေ့တံခါးဝမှာ အထဲလဲမဝင်ပဲ အပြင်မှာရပ်နေလို့ မေးကြည့်တာ... သူ့ Hyung အမူးပြေအောင်တဲ့ မီယောဂုဟင်းချိူတဲ့.... အဲ့တာနဲ့ငါလဲယူလာလိုက်တာ.......အဲ့ချာတိတ်နဲ့ စကားပြောရတာကလဲ တကယ့်ဘုကလန့်ကွာ.... အဆင်မပြေပါဘူး.. ဟွန်း..."

"ဟင်..... ဟုတ်လား...."

"အားကျလိုက်တာကွာ..... သူများတွေများ အမူးပြေ မီယောဂုဟင်းချိူ ကြိုတိုက်တဲ့သူတွေ ဘာတွေနဲ့ အဟမ်း........."

"မင်းတော်​တော်စကားများတဲ့ ကောင်ပဲ...... စောင့်နေအဲ့မှာ ငါရေချိူးလိုက်အုန်းမယ်........ ပီးရင် Breakfast သွားစားကြတာပေါ့..."

Jimin တစ်ယောက် ရေချိူးနေရင်းမှ Jungkook ၏အကြောင်းကိုတွေးမိပီး ညက သူမမှတ်မိသည့်ကိစ္စများကို ပြန်သတိရကာ ဒေါသဖြင့် အော်လိုက်မိသောကြောင့် စိတ်မကောင်းဖြစ်မိသည်။

ရေချိုးပီး အဝတ်စားလဲပီးတာနဲ့ မီယောဂုဟင်းချိူဘူးလေးကိုင်ကာ အိမ်အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။

"Jin အဲ့မှာဘာလုပ်နေတာလဲ.... "

" ဒီမှာလေ ညကမင်းတစ်ယောက်တည်းဘယ်လောက်သောင်းကျန်းထားမှန်းမသိဘူး ပန်းအိုးကွဲနေလို့ ပြန်သိမ်းနေရတာ.....ပီးတော့မယ်..... ဟွန်း"

" အင်း... မင်းကအဲ့တာလက်စသတ်ထားလိုက်... ငါဒီ ဟင်းချိူလေး သောက်လိုက်အုံးမယ်"

Jinစိတ်ထဲမှ သိပ်မကျေလည်သော်လည်း စိတ်ဆိုးမပြေနိုင်သေးသော သူငယ်ချင်းအကောင်းစားလေး၏ အမိန့်ဆန်ဆန်စကားကိုတော့ မလွန်ဆန်နိုင်ပါပေ။

*************************

Jimin တစ်ယောက် အိမ်မှာ တစ်နေကုန် နေလို့ထိုင်လို့ မကောင်းသည်မှာ ယခုညနေစောင်းထိတိုင်အောင်ပင်.....

စေတနာဖြင့် သူ့ကိုလာစောင့်ရှောက်ပေးသူကိုမှ အော်ငေါက်ပီးနှင်ထုတ်မိလိုက်တဲ့အပြင် ချာတိတ်ကသူ့ကို ဗွေမယူပဲ အမူးပြေဟင်းချိူလေးပါ လာပို့ပေးခြင်းကြောင့် သူစိတ်မကောင်းသလိုခံစားရကာ အပြစ်လုပ်မိသူလို အနေကျပ်နေ၏။

တစ်ဖက်က Professor ကောင်လေး၏စိတ်တွင်လဲ စိတ်ပူကာဂရုစိုက်ပေးမိပီးမှ ဒေါသဖြင့်နှင်ထုတ်ခံလိုက်ရခြင်းအတွက် ဝမ်းနည်းသလိုတော့ ခံစားမိသည်။ ဒါပေမဲ့လဲ ကိုယ်ကမှ သူ့ကိုစိတ်ဆိုးပိုင်ခွင့်မရှိတာ။ မဟုတ်ဖူး..... စိတ်ဆိုးပိုင်ခွင့်မရှိဘူး ဆိုတာထက် စိတ်မဆိုးရက်နိုင်တာပါ။ ဘာပဲဖြစ်ဖြစ် ခွင့်မတောင်းဘဲ အိမ်ထဲဝင်သွားမိသူက မိမိကိုယ်တိုင်မို့ ကို့စိတ်ကိုပဲ ဖြေသိမ့်ရတာပါပဲလေ။

ထိုစဉ်- " Message Ringing "

Msg - " ချာတိတ်...... ခြံထဲဆင်းခဲ့.."

တိုပြတ်ပြတ် message လေးက စကားလုံးများစွာမပါဝင်ပေမဲ့ Jungkook အတွက်တော့ မငြင်းဆန်နိုင်သော အမိန့်များပါပေ...........

လူပေါင်းများစွာနှင့် ဆက်ဆံဖူးကာ ခက်ထန်သောစကားများကို အကြိမ်ပေါင်းမနည်း ပြောမိဖူးပေမဲ့ ဒီလူသားကောင်လေးကြမှ ဘာလို့သူ့ကိုသူ စိတ်မကောင်းဖြစ်နေမိမှန်း နားမလည်နိုင်သည့်ပြင် အပြစ်ရှိသလိုပါခံစားမိတာကြောင့် ဒီချာတိတ်လေး သူ့အပေါ် စိတ်ဆိုးနေမလား ဘာများဖြစ်နေမလဲ ဆိုသည့်စိတ်ဖြင့် မနေနိုင်သည့်အဆူံး Message ပို့ကာ စကားပြောရန်ခေါ်မိလိုက်ပီး ခြံထဲဆင်းကာ လမ်းလျှောက်နေမိသည်။

"Hyung...... ကျွန်တော်ရောက်ပီ..."

သူ့ကို အိမ်ထဲခွင့်မပြုပါပဲ ဝင်သည်ကြောင့် ဒေါသမပြေနိုင်သေးပဲ ထပ်ပီး အပြစ်တင်မလား ဆူများ ဆူမလား ဆိုသည့် မဝင့်ရဲသည့် စိတ်ဖြင့် ခေါင်းငုံ့ကာ Hyung ၏နောက်မှ ကျုံ့ကျုံ့လေးရပ်နေမိသည်။

" အင်း..... ချာတိတ်....."

သူ့ကိုစိတ်ဆိုးသည့် ပုံစံမပေါက်ပဲ ကျုံ့ကျုံ့ကလေးခေါင်းငုံ့နေသည့် ချာတိတ်ကြောင့် Jimin တစ်ယောက် စကားကို ဘယ်လိုရှာကြံပြောရမလဲတောင်မသိနိုင်အောင်ပင်....

" ချာတိတ်.... ဒီအိမ်မှာ နေရထိုင်ရတာ အဆင်ပြေရဲ့လား"

"ဗျာ... ဟုတ်.... ပြေပါတယ် Hyung ရဲ့.. အဆင်ပြေတယ်ဆိုတာထက်တောင်ပိုပါသေးတယ်"

" အင်း.... မနက်က မီယောဂုဟင်းချိူလေး ကလဲသောက်လို့ကောင်းတယ်..."

"ဗျာ... ဟုတ်ကဲ့ Hyung သောက်ရတာအဆင်ပြေလို့တော်သေးတာပေါ့..."

"အင်း..... ချာတိတ်က ဟင်းချက်ကျွမ်းပုံရတယ်.. ချက်နေကြလား...."

" ဟုတ်တယ် Hyung.. ကျွန်တော်က တစ်ကိုယ်ထဲသမားဆိုတော့ ဒီလိုပဲ အဆင်ပြေသလို ချက်စားဖြစ်တာပေါ့.. တစ်ခါတစ်လေလဲ ကျောင်းစာတွေနဲ့ မအားလို့ မချက်စားဖြစ်ပါဘူး....."

"အင်း.... အင်း....."

အတန်ကြာအောင် စကားသံတွေတိတ်ဆိတ်သွားပီး ၂ယောက်သား ဘာဆက်ပြော ရမလဲမသိအောင် ရှိုုးတိုးရှမ်းတမ်း ဖြစ်နေစဉ် Jungkook ဘက်မှပင်စကာ-

" Hyung.... ဘာစားပီးသွားပီလဲ..."

"အင်.... အာညီး မစားရသေးဘူး.... ချာတိတ်ရော.."

"ကျွန်တော်လဲ ဘာမှမစားရသေးဘူး....."

" ဒါဆို အပြင်မှာတခုခု သွားစားမလား....."

" ဒီအချိန်က စားသောက်ဆိုင်တွေမှာ လူအရမ်းကျနေမှာ Hyung ရဲ့ သွားရမှာနဲ့ စားရမှာနဲ့ စောင့်ရမှာနဲ့ဆို အရမ်းကြာနေလိမ့်မယ်..... ကျွန်တော်ချက်ပီး လာပို့လိုက်မယ်လေ.... ခဏပဲစောင့်..."

" ဘာလို့လဲ... ဟို Professor ၂ယောက်အတွက်ပါချက်ရမှာမို့လို့လား..."

"မဟုတ်ပါဘူး Hyung ရဲ့ သူတို့က အပြင်ကစားလာခဲ့ပီ.... ကျွန်တော်ပဲ ကျန်နေတာ...."

"ဒါဆို ကို့အိမ်မှာပဲ လာချက်လိုက် အတူတူစားရအောင်..."

"ဗျာ..... တကယ်လား Hyung......"

မနက်ကမှ သူ့ခွင့်ပြုမရပဲ အိမ်ထဲဝင်မိသည့်အတွက် အအော်ခံထားရသော Jungkook ခမျာ Jimin ၏မထင်မှတ်လှစွာ ဖိတ်ခေါ်မှုကြောင့် အံ့အားသင့်ကာ ပျော်ရွှင်သွားမိသည်။

*********************

မီးဖိုချောင်ထဲတွင် ကင်မ်ချီ ကျီဂဲ ဟင်းရည်အိုးလေး တည်ထားကာ ကြက်သွန်မြိတ် ကြက်ဥ ပန်ကိတ်လေးလုပ်ဖို့ရန် အလုပ်ရှုပ်လျှက် တစ်ဖက်ကလဲ အသားချောင်းလေးတွေကို Ovenထဲထည့်နေသော ဖြူဖြူသွယ်သွယ် ယုန်မျက်နှာပေါက်နှင့် လူသားလေးကို ထမင်းစားပွဲမှာ Laptopတစ်လုံးနှင့် အလုပ်လုပ်ရင်း လှန်းကြည့်နေမိသည်။

Jimin သူ့သက်တမ်းတစ်လျှောက်တွင် ခမ်းနားသော Dinnerများ Top Chief များမှ ချက်သော ဟင်းလျာများကို နိုင်ငံတကာ လှည့်ကာ စားခဲ့ဖူးပေမဲ့ ယခုလို သာမန်လူသားလေး တစ်ယောက်က မီးဖိုချောင်ထဲမှ ရှိသည့်ပစ္စည်းလေးတွေနှင့် အဆင်ပြေအောင် ချက်ပြုတ်နေသော ပုံစံလေးကို ကြည့်နေရတာလောက် သူ့စိတ်ထဲတစ်ခါမှ မနွေးထွေးမိဖူးခဲ့။

ဒီချာတိတ်လေးကို စတွေ့ကတည်းက အခုအချိန်ထိ ချာတိတ်၏ စိတ်ထဲ သူမထင်လျှင်မထင်သလို စိတ်ကိုဖတ်မိပေမဲ့ ချာတိတ်ရဲ့ စိတ်ကရိုးရှင်းကာ အင်မတန်ဖြူစင်လွန်းနေသည်မှာတော့ အမှန်တကယ်ပင်။

ဟင်းချက်နေရင်းမှ Laptop တစ်လုံးနှင့် အလုပ်ရှုပ်နေသော Hyung ကို သူ မသိမသာ ခိုးခိုးပီး ကြည့်နေမိသည်မှာ ဘယ်နှကြိမ်မှန်းပင်မသိတော့.....

Hyung က သူ့မျက်လုံးထဲတွင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်ကောင်းလွန်းကာ Smartကျနေသည်ကတော့ အမှန်ပင်...

သူချက်ကျွေးမည့် ညစာကိုစားဖို့ရန် အလုပ်လုပ်ရင်းစောင့်နေသော Hyung ကြောင့် အလိုလို ရင်ထဲကြည်နူးနေမိသည်။

ကြက်သွန်မြိန်လေးတွေကို လှီးနေရင်းမှ ထပ်မံ၍မနေနိုင်စွာ အလုပ်လုပ်နေသည့် Hyung ကို ခိုးကြည့်မိရင်းမှ Hyung ကသူ့ကို စိုက်ကြည့်နေတာကြောင့် အကြည့်ခြင်းဆုံသွားပီး အယောင်ယောင်အမှားမှား ဖြစ်ကာ.........

"အာ့....."

"ချာတိတ်ဘာဖြစ်တာလဲ......"

စိတ်ပူသွားသလိုပုံစံနှင့် သူ့အနားကို အလျှင်စလို ရောက်လာကာ ဓားရှသွားသောလက်ကို ဆုပ်ကိုင်ရင်း စိုးရိမ်တကြီး ကြည့်နေသော Jimin Hyung ကြောင့် Jungkook မနေတတ်မထိုင်တတ်လောက်အောင် ထူအမ်းအမ်းဖြစ်သွားလေသည်။

"ရ... ရပါတယ် Hyung ရဲ့ နည်းနည်းလေးပဲထိတာပါ... ဘာမှဖြစ်ဖူး နာတောင်မနာဘူး...."

"ဘာလို့ ဘာမှမဖြစ်ရမှာလဲ သွေးတောင်ထွက်နေပီချာတိတ်ရာ... နေအုံး ကို ပလာစတာ သွားယူပေးမယ်... ဒီနားလေးခဏထိုင်နေနော်...."

လှစ်ကနဲထွက်သွားကာ ဆေးဘူးလေးတစ်ခုလက်က ကိုင်လျှက် ပြန်ရောက်လာပီး လက်ကိုဆုပ်ကိုင်ကာ ဆေးထည့်ပေးရင်းမှ စပ်မှာစိုးသည်ကြောင့် လေနှင့်သာသာ လေး မှုတ်ပေးနေသော နှုတ်ခမ်းထူထူတွဲတွဲလေးကို ငေးစိုက်ကြည့်နေရင်းမှ တံတွေးခဏခဏမြိုချမိကာ ရင်ခုန်သံတွေဆူညံနေသည့် Professor လက်သစ်လေးကတော့ နာရမှန်းတောင်မသိနိုင်လောက်အောင်ပင် တမေ့တမော။

Ovenမှ သတ်မှတ်ချိန်ပြည့်သွားသဖြင့် အချက်ပေးသံလေးမြည်ကာ ကျီဂဲဟင်းရည်၏ ဆူပွက်သံကြားတော့မှ Jungkook တစ်ယောက်အသိပြန်ဝင်လာလျှက် ဆေးထည့်ခံနေသော သူ့ရဲ့လက်ကို ပြန်ရုတ်လိုက်ပီး......

" ရ... ရလောက်ပီ Hyung... ကျွန်တော့်အနာက သေးသေးလေးပဲဟာ.. ဟင်းရည်လဲဆူနေပီ... အသားလဲကျက်ပီ... ကြက်သွန်မြိတ် ပန်ကိတ်လေးပဲကျန်တော့တယ်... ခဏနော်...."

"အင်း အင်း... ဒါဆိုလဲ ပီးရော... ကိုစောင့်နေမယ်.... "

ဒီညအတွက် ညစာကတော့ ပကာသနတွေမပါ ဟင်းအကောင်းစားတွေမပါပေမင့် ၂ယောက်လုံးအတွက် ကောင်းမွန်သော ညစာလေးဖြစ်ခဲ့သည်။

Jungkook ၏စိတ်ထဲတွင်လဲ Jimin Hyung နှင့် ပိုမိုရင်းနှီးသွားသည်ဟု ခံစားရကာ သူထင်သလောက် Jimin Hyung က အေးစက်စက်နိုင်ကာ မာနာကြီးသူ မဟုတ်မှန်း သတိထားမိရုံသာမက Jimin Hyung နှင့် ပတ်သက်လာလျှင် ထူးခြားနေသော သူ၏ စိတ်ခံစားချက်တွေကို သူကိုယ်တိုင် သတိပြုမိသည်ကတော့ မလွဲဧကန်။

ညစာစားပီးသွားသည်နှင့် သိမ်းဆည်းကာ ပန်းကန်တွေကို ပန်းကန်ဆေးစက်ထဲထည့်ပြီး စောင့်နေစဉ်အတွင်းအစာကြေရန်အတွက် တရုတ်ဆီးသီးနှင့် ကျောက်ပွင့်ကိုရောကာ တည်ထားလိုက်ပီး အအေးခံလျှက် ပျားရည်လေးနှင့် ရေခဲတုံးလေးများရောကာ ပန်းကန်လုံးအကြည်လေးထဲ ခပ်ထည့်လိုက်ပီး အလုပ်တွေအားလုံးလက်စသတ်လျှက် Jimin Hyung ရှိရာ ဧည့်ခန်းထဲသို့ အချိူရည်ပန်းကန်လေး ကိုင်လျှက် ထွက်လာခဲ့သည်။

" Hyung... ဒါလေး သောက်လိုက်နော်...."

" အင်း.... Gumawow ချာတိတ်..."

"Nae ... Hyung.... ကျွန်တော် ပြန်တော့မယ်နော်..."

သူ၏ Laptop လေးဘေးတွင် အချိုရည်ပန်းကန်လေးကိုချပေးကာ နှုတ်ဆက်ပီး ထွက်သွားသော ကောင်လေး၏ ပုံရိပ်ကို ကြည့်ပြီး "ဒီကောင်လေးက ပညာပင် တော်တာမဟုတ်ပဲ တစ်ဖက်သားကိုလဲ အတော် ဂရုစိုက်တတ်တာပဲ" ဟု စိတ်ထဲက ချီးကျူးမိရင်း သဘောကျစွာပြုံးမိသူကတော့ ရေခဲတုံးနှလုံးသားပိုင်ရှင် ရေသူထီးလေး CEO Park Jimin ပါလေ။

****************

ဘာကိုသဘောကျလို့ ကျနေမှန်းမသိပဲ ပြုံးတုံ့တုံ့ဖြင့် အိမ်ထဲကိုပြန်ဝင်လာသော Jungkook ကို ဧည့်ခန်းထဲမှနေ၍ ကြည့်နေကြသူတွေကတော့ Jungkook ၏ ညီအကိုသူငယ်ချင်းတွေဖြစ်သည့် Professor Min Yoongi နှင့် Professor Hoseok...........

Yoongi- အင်း...... လာစမ်းပါအုံး... ဒီကိုလာထိုင်ပါအုံး....

Jungkook - ဘာလဲ Hyung ရဲ့......

Yoongi- ငါတို့ ဒီကိုရောက်နေတာ Project ကိစ္စလုပ်ပီး ပြိုင်ပွဲဝင်ဖို့နော်......

Jungkook- အင်းလေ.. အဲ့တာဘာဖြစ်လို့လဲ....

Yoongi- မသိပါဘူး.... မင်းကို CEOဆိုတဲ့သူက မနက်စာပို့ဖို့ ခန့်ထားတယ် ထင်နေမှာစိုးလို့ သတိပေးတာ.....

Jungkook- အံမာ.... Hyung တို့ကိုလဲ ကျွန်တော်ပဲ ချက်ကျွေးနေတာပဲဟာ CEO က ကျွန်တော်တို့ကို ထောက်ပံ့ပေးနေတဲ့ သူမို့ သိတတ်ပေးတဲ့ဟာကို...

၂ယောက်သား စကားအချေအတင် ဖြစ်လာမည်စိုး၍လား မသိ တစ်ချိန်လုံး ငြိမ်နေသည့် Hoseokကပင် ကြားဝင်ကာ.....

Hoseok- ကဲပါ.. တော်တော့... ပြိုင်ပွဲကလဲ လိုပါသေးတယ်.. Jungkook ကလဲ ဒီထက်ပိုပီး Project ကိုအာရုံစိုက်ပေးပေါ့... Jungkook လေး ကျေးဇူးနဲ့ ကျွန်တော်တို့ ဒီလောက်အဆင်ပြေနေပီပဲဟာ Yoongi Hyung ကလဲ အဲ့လောက်တော့ မပြောပါနဲ့။

Yoongi- ကဲပါ.. ငါ့အမှားပဲထားပါတော့နော်.... အိပ်တော့မယ် မနက်ကျရင် ကျောင်းကိုသွားပီး Dr.John နဲ့ဆွေးနွေးစရာလေးတွေရှိသေးတာမို့....

Jungkook + Hoseok- ကျွန်တော်တို့လဲ လိုက်မယ်လေ..

Yoongi- အေးအေး.. ဒါဆိုလဲ နားကြတော့.....

သူတို့ ညီအကို သူငယ်ချင်း ၃ယောက်မှာ ထိုကဲ့သို့ပင်..... စကားအချေအတင် ကတောက်ကဆ လေးတွေ ခဏခဏ ဖြစ်တတ်ကြပေမဲ့ ဗွေယူပီး အထူးတလည် စိတ်ဆိုးကြခြင်း လဲမရှိကာ ၂ယောက်က စကားများကြပီ ဆိုလျှင် ကျန်တစ်ယောက် က အမြဲဝင်ထိန်းပေးတတ်သည်ကြောင့် ဘယ်တော့မှ ရန်ဖြစ်ကြတယ်ရယ်လို့ မရှိသည့် ညီအစ်ကိုသူငယ်ချင်း ဆက်ဆံရေးပင်............

Ep 8 Coming Soon....💜

_________________________________________







Jimin Pov's-


** Phone Ringing...*****

Jimin- Hello



Jin - ဘာလုပ်မလို့လဲ မေးပုံထောက်ရင် အားပုံရတယ်... ဒီညနေသောက်ရအောင်ကွာ... မင်းနဲ့မသောက်ရတာကြာပီ... ငါ့မှာ မင်း စိတ်ဝင်စားလောက်တဲ့ အထူးSpecial ပုလင်းတွေရှိတယ်.. မင်းအတွက်ဆိုပီး ဟိုကနေတကူးတကဝယ်လာတာ... ဈေးကြီးတယ်နော်ဟျောင့်......

Jimin Pov's-




Jin Pov's -


*************************


ခြံထဲသို့ ကားဝင်လာသံကြားသောကြောင့် စပ်စပ်စုစုဖြင့် အပြင်ကို ကြည့်လိုက်ရာ ဟိုနေ့က ကားအနီရောင် ဖြစ်နေသောကြောင့် အတွေးထဲမှလဲ ဒါဟို အချိုးမပြေတဲ့ ခပ်ချောချောအကိုကြီးရဲ့ ကားဆိုတာတပ်အပ်သိလိုက်ပီး သူ့ကိုသူပင်မသိလိုက်ပဲ အိမ်ပြင်သို့ရောက်နှင့်ပီးသားဖြစ်နေလေ၏။

Jungkook Pov's -




အမျိုးစုံအောင် တွေးနေမိရင်းမှ ခြံဝတွင် ကားနောက်တစ်စီး ဝင်လာသည်ကို မြင်လိုက်တာကြောင့် သစ်ပင်အကွယ်ယူကာ ပြေးပုန်းရင်း အကဲခတ်မိပြန်၏။






အိမ်ထဲအရောက် ဟိုဟိုဒီဒီကြည့်မိရာ အိမ်အပေါ်ထပ်သို့တက်ရန်ကြိုးစားနေသော သူ၏ Jimin Hyung မှာ တော်တော်ကိုမူးနေသည့်ပုံပေါက်ကာ ပြောင်လက်လက်ပိုးသားအင်္ကျီ မိုးပြာရောင်လေးကိုမှ ရင်ဘတ်ကကြယ်သီးဖြုတ်ထားသည်မှာ အားလူံးအတိုင်းသားမြင်နေရသည့်အပြင် ဖရိုဖရဲပုံစံဖြင့် ပန်းအိုးအကွဲစတွေဘေးတွင် ငုတ်တုတ်လေး ထိုင်နေတာကို မြင်လိုက်ရတာကြောင့် Jungkook စိုးရိမ်တကြီးပြေးထူမိသည်။















"Nae Hyung... "










"မင်း......... ကို"


သွယ်တန်းနေသော နှာတံလေး၏ အဆုံးမှာ အိတွဲတွဲထူအမ်းအမ်း နှုတ်ခမ်းလေးနှင့် သွယ်လျှသော မျက်နှာကျလေးနှင့် မလိုက်ဖက်လောက်အောင် စူးရှသော မျက်ဝန်းအစုံ...., မြင်တွေ့နေကြ Formal ဝတ်စုံပြည့်ဖြင့်သာ ကြည့်ကောင်းသော ခန္ဓာကိုယ်အချိုးအစား ရှိသည်မဟုတ်ပဲ အိမ်နေရင်း ပိုးသားအင်္ကျီလေးနှင့်တောင် လိုက်ဖက်ညီစွာ ရှိနေသော လက်မောင်းကြွက်သားအစုံနှင့် ဝမ်းဗိုက်ကြွက်သား (Six Packs) များက Hyung ၏တည်ကြည်မှု, ဆွဲဆောင်နိုင်စွမ်းရှိမှု တွေကို ပို၍ပံ့ပိုးပေးနေသယောင်..,



***********


" Hyung နိုးပီလား.... ကျွန်တော်...."


" Hyung.... ကျွန်တော်...."


Jimin ခပ်ဆတ်ဆတ် ငေါက်ငမ်းကာ နှင်ထုတ်လိုက်သောကြောင့် မျက်နှာလေး ညိုးငယ်ကာ ခေါင်းလေးငုံ့ပီး ထွက်သွားသော Jungkook ကိုကြည့်ပီး စိတ်ရှုပ်စွာပင် ရေတစ်ခွက် ငဲ့သောက်ကာ ပြန်အိပ်လိုက်မိသည်။

*****************************






"ဟွန်း............ အဲ့ဘူးကရောဘာလဲ...."

" မင်းရဲ့ Professor ပေါက်စလေးလေကွာ..... ငါအခုမင်းအိမ်ထဲဝင်လာတော့ အိမ်ရှေ့တံခါးဝမှာ အထဲလဲမဝင်ပဲ အပြင်မှာရပ်နေလို့ မေးကြည့်တာ... သူ့ Hyung အမူးပြေအောင်တဲ့ မီယောဂုဟင်းချိုတဲ့.... အဲ့တာနဲ့ငါလဲယူလာလိုက်တာ.......အဲ့ချာတိတ်နဲ့ စကားပြောရတာကလဲ တကယ့်ဘုကလန့်ကွာ.... အဆင်မပြေပါဘူး.. ဟွန်း..."

"ဟင်..... ဟုတ်လား...."

"အားကျလိုက်တာကွာ..... သူများတွေများ အမူးပြေ မီယောဂုဟင်းချို ကြိုတိုက်တဲ့သူတွေ ဘာတွေနဲ့ အဟမ်း........."

"မင်းတော်​တော်စကားများတဲ့ ကောင်ပဲ...... စောင့်နေအဲ့မှာ ငါရေချိုးလိုက်အုန်းမယ်........ ပီးရင် Breakfast သွားစားကြတာပေါ့..."

Jimin တစ်ယောက် ရေချိုးနေရင်းမှ Jungkook ၏အကြောင်းကိုတွေးမိပီး ညက သူမမှတ်မိသည့်ကိစ္စများကို ပြန်သတိရကာ ဒေါသဖြင့် အော်လိုက်မိသောကြောင့် စိတ်မကောင်းဖြစ်မိသည်။

ရေချိုးပီး အဝတ်စားလဲပီးတာနဲ့ မီယောဂုဟင်းချိုဘူးလေးကိုင်ကာ အိမ်အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။



" အင်း... မင်းကအဲ့တာလက်စသတ်ထားလိုက်... ငါဒီ ဟင်းချိုလေး သောက်လိုက်အုံးမယ်"


*************************


စေတနာဖြင့် သူ့ကိုလာစောင့်ရှောက်ပေးသူကိုမှ အော်ငေါက်ပီးနှင်ထုတ်မိလိုက်တဲ့အပြင် ချာတိတ်ကသူ့ကို ဗွေမယူပဲ အမူးပြေဟင်းချိုလေးပါ လာပို့ပေးခြင်းကြောင့် သူစိတ်မကောင်းသလိုခံစားရကာ အပြစ်လုပ်မိသူလို အနေကျပ်နေ၏။








" အင်း..... ချာတိတ်....."




" အင်း.... မနက်က မီယောဂုဟင်းချိုလေး ကလဲသောက်လို့ကောင်းတယ်..."




"အင်း.... အင်း....."

အတန်ကြာအောင် စကားသံတွေတိတ်ဆိတ်သွားပီး ၂ယောက်သား ဘာဆက်ပြော ရမလဲမသိအောင် ရှိုးတိုးရှမ်းတမ်း ဖြစ်နေစဉ် Jungkook ဘက်မှပင်စကာ-









"ဗျာ..... တကယ်လား Hyung......"


*********************








"အာ့....."

"ချာတိတ်ဘာဖြစ်တာလဲ......"










ညစာစားပီးသွားသည်နှင့် သိမ်းဆည်းကာ ပန်းကန်တွေကို ပန်းကန်ဆေးစက်ထဲထည့်ပြီး စောင့်နေစဉ်အတွင်းအစာကြေရန်အတွက် တရုတ်ဆီးသီးနှင့် ကျောက်ပွင့်ကိုရောကာ တည်ထားလိုက်ပီး အအေးခံလျှက် ပျားရည်လေးနှင့် ရေခဲတုံးလေးများရောကာ ပန်းကန်လုံးအကြည်လေးထဲ ခပ်ထည့်လိုက်ပီး အလုပ်တွေအားလုံးလက်စသတ်လျှက် Jimin Hyung ရှိရာ ဧည့်ခန်းထဲသို့ အချိုရည်ပန်းကန်လေး ကိုင်လျှက် ထွက်လာခဲ့သည်။


" အင်း.... Gumawow ချာတိတ်..."



****************














Ep 8 Coming Soon....💜

_________________________________________

Continue Reading

You'll Also Like

133K 12.1K 47
ဒါကUnicodeမရခဲ့တဲ့အပိုင်း​တွေအတွက်​ပြန်​​ရေး​ပေးတာပါဒီထဲမှာunicodeပဲပါမှာမယ်​အစကဟိုအထဲမှာပဲတင်​​ပေးဖို့ဒါ​ပေမဲ့လဲအခုဖတ်​​နေတဲ့သူ​တွေကရ​ရောကုန်​မှာဆိ...
1.9M 150K 180
Yaoi Ongoing ရည်းစားဖြစ်သူက အိမ်ကိုရောင်းပြီးအကြွေတွေ့နဲ့ပြစ်ထားခဲ့ချိန်မှာ ကလေးငယ်တစ်ဦးကကံကောင်းခြင်းတွေ့ကိုယူဆောင်လာပြီးနောက် yakuzaခေါင်းဆောင်နဲ...
35.6K 4.4K 31
မာနတွေစိန်စီထားတဲ့သူဋ္ဌေးသားလေးရယ်... သူ့ရဲ့ဟန်ဆောင်ရည်းစားခပ်တုံးတုံးလေးရယ်... Kim taehyung + Park jimin
404K 53.7K 75
ရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။