Unicode👬
ထူးအောင်နဲ့စည်သူဒီနေ့ဒိတ်လုပ်ဖို့အတွက်ချိန်းထားကြသည် ။ ထူးအောင်လေးက အပီအပြင်တွေပြင်ဆင်နေတာပေါ့ ။ အင်္ကျီတွေလည်းတစ်ထည်ပြီးတစ်ထည်ရွေးလို့ကိုမပြီးတော့ဘူး ။ အင်္ကျီတောင်ရွေးလို့မပြီးသေးဘူး အစ်ကို့ဆီကဖုန်းဝင်လာသည် ။
"ဟျောင့် မင်းမပြီးသေးဘူးလား"
"ဟာ ဘယ်လိုဖြစ်နေတာလဲ ၊ ခဏစောင့်ပါဆိုနေမှပဲ ၊ အင်္ကျီလဲနေတယ်လို့"
"ငါစောင့်နေရတာနာရီဝက်ရှိနေပြီကွ"
စည်သူစိတ်မရှည်တော့တဲ့အဆုံး ထူးအောင်အခန်းထဲအထိဝင်လာလိုက်တော့သည် ။ အနားကတွေ့တဲ့အင်္ကျီတစ်ထည်ကောက်စွပ်ပေးလိုက်ပြီး ပွနေတဲ့ဆံပင်တွေကိုဖြီးပေးလိုက်သည် ။ ပြီးတာနဲ့ ပုခုံးပေါ်မှာထမ်းပြီးခေါ်လာလိုက်တော့သည် ။
"အား အစ်ကိုဘာလုပ်တာလဲ ၊ ချပေး ချပေး အောက်ချပေး ၊ ကျွန်တော်လမ်းလျှောက်နိုင်တယ်"
ဘာမှမပြောဘဲ ကားပေါ်တင်ပြီးခါးပတ်ပတ်ပေးလိုက်သည် ။ ကားတံခါးကိုပိတ်လိုက်ပြီး သူလည်းကားထဲဝင်ထိုင်လိုက်သည် ။
"ချစ်စရာကောင်းတာမို့ ..... ဘယ်လိုနေနေချစ်စရာကောင်းနေတာမို့ ထွေထွေထူးထူးပြင်မနေပါနဲ့ ၊ မင်းကိုတခြားသူတွေကြည့်မှာမကြိုက်
ဘူး"
ထူးအောင် သဘောကျလွန်းလို့ ပြုံးဖြီးသွားသည် ။
"အစောကတည်းကအဲ့လိုပြောလေ ၊ ဒီမှာပြင်ဆင်ရတာဘယ်လောက်မောရလဲ ဟီးဟီး"
"လူဆိုးလေး သွားကြမယ် ၊ အချိန်တွေလင့်ကုန်ပြီ"
"Yes !! Yes !! Let's Go !"
ထူးအောင်တို့ရာဇဝင်မှာ မုန့်မစားရသေးရင်ဘာမှလုပ်ချင်စိတ်မရှိလို့အရင်ဦးဆုံးဗိုက်ဖြည့်ရသည် ။ ဆိုင်လေးတစ်ဆိုင်မှာဝင်ထိုင်လိုက်ပြီးကင်မ်ချီထမင်းကြော်တစ်ပွဲနဲ့Black Coffeeလေးတစ်ခွက်သောက်လိုက်မှနေသာထိုင်သာရှိသွားသည် ။
"သား !"
သိပ်ကိုခံ့ညားလှသည့်အမျိုးသမီးတစ်ဦး သူတို့နှစ်ဦးအနားသို့ရောက်လာသည် ။ ဆံနွယ်တွေကိုအလှဆံထုံးထုံးထားပြီး မျက်လုံးတွေကတောက်ပလွန်းသည် ။ ထက်မြက်ရဲရင့်သည့်အမျိုးသမီးဆိုတာကြည့်ရုံနဲ့သိနိုင်သည် ။
"သား ဒီမှာဘာလုပ်နေတာလဲ ၊ ဒီဘက်ကရောဘယ်သူလဲ ၊ သူငယ်ချင်းလား ...."
အစ်ကို့ရဲ့မေမေဖြစ်မယ် ။ ထူးအောင် ကြောက်စိတ်ဝင်လာသည် ။ သူခြေတွေလက်တွေအေးလာသည် ။ အမျိုး သမီးကသူ့ကိုစိုက်ကြည့်နေသည် ။
"မေမေ ဒီကိုဘယ်လို ....."
"သူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားလို့ပါ ၊ ကဲ ဒါဆိုနောက်မှတွေ့ကြမယ် ......"
အစ်ကို့မေမေက ပြုံးသည် ။ အဓိပ္ပါယ်မဖော်နိုင်သည့်အပြုံးမျိုး ။ သေချာသည်က ထူးအောင်ကိုမနှစ်သက်ဘူး ။ အကြည့်တွေကစူးရှလွန်းတယ် ။ အကြည့်တွေကနောက်ကွယ်မှာ ငါ့သားအနားကထွက်သွားလို့ပြောနေသလိုလို ။ ထူးအောင် ကြက်သီးတွေတောင်ထလာသည် ။ အစ်ကို့မေမေက ဘာမှဆက်မပြောဘဲ လှည့်ထွက်သွားသည် ။ အစ်ကို့ကိုကြည့်ရတာတော်တော်ချမ်းသာတဲ့မိမိသားစုကဖြစ်မယ် ။ ဒီလောက်ကျက်သရေရှိလှတဲ့အမျိုးသမီးဆိုမှမှတော့ တော်တော့်ကိုမြင့်တဲ့ အထက် တန်းလွှာထဲကပဲဖြစ်ရမယ် ။ ထိုအမျိုးသမီးထွက်သွားတာနဲ့အစ်ကိုကထူးအောင်ဘေးနားမှာလာထိုင်သည် ။
"လန့်သွားလား"
"အင်း နည်းနည်း ၊ အစ်ကို့မေမေကကျွန်တော့်ကိုသဘောမကျဘူးထင်တယ်"
"မဟုတ်ပါဘူး ၊ ဒီလောက်ချစ်ဖို့ကောင်းတဲ့ကောင်လေးကိုဘယ်သူကသဘောမကျဘဲနေပါ့မလဲ"
ထူးအောင် စည်သူ့ရဲ့လက်တွေကိုဆုပ်ကိုင်ပြီး .....
"ကျွန်တော်ကြောက်တယ် ၊ အစ်ကိုနဲ့ခွဲရမှာကျွန်တော်ကြောက်တယ်"
"မခွဲရပါဘူး ၊ ဘယ်သူပြောလဲခွဲရမယ်လို့ ၊ မဟုတ်တာတွေလျှောက်တွေးမနေနဲ့ ၊ စား ပြီးရင်မင်းသွားချင်တဲ့နေရာတွေလိုက်ပို့ပေးမယ်"
"ဒီနေ့တစ်နေ့လုံးကကျွန်တော့်အတွက်ပဲမလား"
"ဒါပေါ့"
စည်သူ သူတွဲခဲ့တဲ့သူတွေကိုအခုလိုအလိုလိုက်တာမျိုးတစ်ခါမှမရှိခဲ့ ။ဒီကောင်လေးနဲ့ကျတော့ သူဒီကောင်လေးပျော်နေစေဖို့ ဘာမဆိုလုပ်ပေးချင်တယ် ။
"သား ဒီမှာလာထိုင်ဦး"
မေမေကသူ့ကိုဘာတွေပြောဦးမှာလဲ ။ သူတွဲသမျှလူတိုင်းကိုမေမေသဘောမကျခဲ့ ။
"သားတွဲနေတာယောကျာ်းလေးနော်"
"ဟုတ်တယ်လေမေမေ ၊ ဘာဖြစ်လို့လဲ"
"ဖြတ်လိုက် ၊ မင်းကိုနိုင်ငံခြားရုံးခွဲကိုပို့ဖို့မေမေစီစဥ်ထားပြီးပြီ ၊ နောက်တစ်ပတ်ထဲမှာမင်းသွားရမယ် ၊ မသွားခင်ကောင်လေးကိုအဆက်ဖြတ်ထား"
"မသွားဘူးမေမေ ၊ ကျွန်တော်သူနဲ့မခွဲနိုင်ဘူး"
"ဟက် သားရယ် သားဘယ်သူ့ကိုများအတည်တွဲခဲ့ဖူးလို့လဲ"
"မဟုတ်ဘူးမေမေ ၊ ဒီတစ်ခါမတူဘူး ၊ သားသူ့ကိုချစ်တယ်"
"ရတယ်လေ ၊ သားကမပြတ်မှတော့မေမေဝင်ပါရတာပေါ့"
"မေမေ ! "
"ဘာဖြစ်လို့လဲသား ၊ မေမေသူ့ကိုပိုက်ဆံပေးလိုက်မယ်လေ ၊ ပိုက်ဆံကိုမြင်ရင်တော့သူလည်းစိတ်ပြောင်းချင်ပြောင်းသွားမှာပေါ့"
"သူကအဲ့လိုလူမျိုးမဟုတ်ဘူး"
"ပိုက်ဆံနဲ့မရတော့လည်းနောက်တစ်မျိုးပေါ့ ၊ သားသူ့ကိုဆက်မြင်ချင်သေးတယ်ဆိုရင် ......"
"မေမေ ! "
"ဒါဆိုလည်းသားနိုင်ငံခြားသွားလေ"
စည်သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး မေမေနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည် ။ မေမေ့လက်ကိုကိုင်ပြီး ......
"မေမေ ဒီတစ်ခါမတူဘူး ၊ သားသူ့ကိုမြတ်မြတ်နိုးနိုးချစ်တာမို့လို့ မေမေသူ့ကိုမထိပါနဲ့နော် ၊ သားတောင်းဆိုတာပါ ...."
"စည်သူ မင်း ......."
"သားအရမ်းချစ်ရတဲ့သူမို့လို့ သားချစ်သူကိုမေမေ မထိပါနဲ့ ....."
"မေမေ့ဘက်ကရောသားမစဥ်းစားတော့ဘူးလား ၊ မေမေ့မှာသားတစ်ယောက်ပဲရှိတာလေ ၊ သားကမိန်းကလေးနဲ့ပဲတွေ့ သင့်တာလေ ၊ မေမေပြောတာမှားသလား မေမေမှားသလား ......."
"မေမေ့အတွက်အချိန်လိုတယ်မလား ၊ သားတို့စောင့်ပေးမှာပါ ၊ သားကောင်လေးကိုလည်းမေမေအကဲခတ်ကြည့်ပါ ၊ သူကလူကောင်းတစ်ယောက်ဆိုတာမေမေသိလာမှာပါ ....."
"သားရယ် ဒီတစ်ခါတော့မေမေစဥ်းစားစရာမလိုဘူးထင်တာပဲ ......"
စည်သူကမေမေ့ကိုပြုံးပြရင်း ......
"ဒီနေတော့သားပြန်လိုက်ဦးမယ်နော် ၊ မေမေကျန်းမာရေးဂရုစိုက်ပါ ၊ နောက်မှသူနဲ့တရားဝင်မိတ်ဆက်ပေးပါ့မယ်"
စည်သူကကောင်းကောင်းမွန်မွန်ပြောပြီးမေမေ့ဆီကနေပြန်လာသည် ။ ထူးအောင်ရှိရာ တန်းတန်းမတ်မတ်လာခဲ့လိုက် သည် ။ ခြံရှေ့ကကားဟွန်းတီးသံကြားလို့အပေါ်ထပ်ကနေထူးအောင်လှမ်းကြည့်လိုက်သည် ။ အစ်ကို့ကားကိုမြင်လိုက်ရတော့ ထူးအောင်အောက်ထပ်သို့ပြေးဆင်းမိသည် ။ ခြံတံခါးဖွင့်ပေးလိုက်သည် ။ စည်သူ့ရဲ့ကားဘေးနားမှာရပ်လိုက် သည် ။
"အစ်ကို ဘယ်လိုဖြစ်ပြီးဒီကို ....."
စည်သူကဘာမှမပြောဘဲ ထူးအောင်ကိုတင်းကြပ်စွာပွေ့ဖက်ထားလိုက်သည် ။ ထူးအောင်လည်းအနည်းငယ်အံ့သြ သွားသည် ။
"အစ်ကို ဘာဖြစ်လာလို့လဲဟင်"
ထူးအောင်ကရင်ခွင်ထဲကထွက်ဖို့ကြိုးစားတော့ စည်သူကထွက်ခွင့်မပေးဘဲ တင်းကြပ်စွာဖက်ထားသည် ။
"အစ်ကို နေမကောင်းဘူးလားဟင်"
"ကိုယ်တို့ဒီ့ထက်စောစောတွေ့ခဲ့ရင်ပိုကောင်းမှာပဲ ၊ အချိန်အကြာကြီးအတူတူရှိနေခဲ့ရမှာ"
"အစ်ကိုဘာတွေပြောနေတာလဲ"
"အစ်ကိုဒီနေ့ကစပြီးမင်းနဲ့အတူတူနေမှာမို့လို့ရတယ်မလား"
"ဗျာ !"
ထူးအောင် မအံ့သြဘဲမနေနိုင်တော့ပါ ။ ထူးအောင် စည်သူ့ရင်ခွင်ထဲကနေရုန်းထွက်ပြီး စည်သူ့ကိုမော့ကြည့်လိုက်သည် ။
"အစ်ကိုတစ်ခုခုဖြစ်လာတယ်မလား"
"မဖြစ်ပါဘူး ၊ မင်းကိုချစ်လွန်းလို့ ဒီပေါက်စလေးကိုချစ်လွန်းလို့"
"အစ်ကိုကလည်းဗျာ ကျွန်တော်ကသိပ်သဘောမကျရှာဘူးဆိုတော့အဲ့လိုတွေပြောနေတယ် ၊ အရမ်းသဘောကျတာပဲ ဟီးဟီး"
"ကောင်ဆိုးလေး ၊ အထဲဝင်ကြမယ်"
"အစ်ကိုတကယ်ကျွန်တော်နဲ့နေမှာလား"
"တကယ်ပေါ့ပေါက်စလေးရဲ့ ၊ လာကွာ ကိုယ့်ဆီလာ"
စည်သူက ထူးအောင်ကိုသူ့ရင်ခွင်ထဲဆွဲထည့်ပြီး အိပ်ရာပေါ်လှဲချလိုက်သည် ။ ထူးအောင် စည်သူ့ရင်ခွင်ထဲမှာတောင့်တောင့်လေးဖြစ်နေသည် ။
"အစ်ကိုတစ်ခုခုဖြစ်လာတယ်မလားဟင် ....."
"မနက်ဖြန် ပေါက်စလေးကိုမေမေနဲ့တွေ့ပေးမယ် ....."
"ဗျာ ......"
"ကိုယ်ပြောတာဆုံးအောင်နားထောင်ဦး ၊ ကိုယ်တို့မေမေတို့လက်ခံအောင်ကြိုးစားကြမယ် ၊ မေမေကကိုယ့်ကိုနိုင်ငံခြား ပို့ဖို့စီစဥ်နေတယ် ၊ ကိုယ်လက်မခံနိုင်ဘူး ၊ အဲ့ဒါကြောင့် ကိုယ်တို့ကြိုးစားကြရမယ် ......"
"အစ်ကိုဘယ်မှမသွားရဘူးနော် ၊ ကျွန်တော့်ကိုမေမေလက်ခံလာအောင်ကြိုးစားမှာမို့လို့ အစ်ကိုဘယ်မှမသွားရဘူးနော် ဟင့် ကျွန်တော်ကြိုးစားမှာမို့လို့ ဟင့် အစ်ကိုဘယ်မှမသွားရဘူး ဟင့် ......"
"ဟုတ်ပါပြီပေါက်စလေးရဲ့ ကိုယ်လည်းမင်းကိုထားမသွားနိုင်ပါဘူး ၊ အကယ်၍သွားရမယ်ဆိုရင်တောင် မင်းကိုပါ အပါခေါ်သွားမှာမို့လို့ ၊ အိပ်တော့နော် ဒီနေ့တစ်နေ့လုံးလျှောက်သွားထားရတာပင်ပန်းနေပြီ ......"
နဖူးလေးကိုနမ်းပြီး ရင်ခွင်ထဲမှာဖက်ထားလျက် ကောင်လေးကိုအိပ်စေလိုက်သည် ။ ကောင်လေးငိုရင်းမောပြီး အိပ်ပျော်သွားသည် ။
"အစ်ကို ! အစ်ကို !"
ကောင်လေးရဲ့အော်သံကိုကြားလို့သူရေချိုးခန်းထဲကနေပြေးထွက်လာမိသည် ။ သူ့ကိုတွေ့တာနဲ့ထူးအောင်သူ့ရင်ခွင်ထဲပြေးဝင်တော့သည် ။
"အစ်ကိုထွက်သွားပြီထင်နေတာ ဟင့် ကျွန်တော့်ကိုထားခဲ့ပြီထင်နေတာ ဟင့်"
"အစ်ကိုရေချိုးနေတာပါ ၊ အရမ်းလန့်သွားလား ၊ မင်းကိုမထားခဲ့ပါဘူး ၊ လာ ဒီမှာထိုင်"
ထူးအောင်ကိုစားပွဲပေါ်ချီတင်လိုက်ပြီး သူကခုံမှာထိုင်လိုက်သည် ။ကောင်လေးကိုသူကမော့ကြည့်ရင်း .....
"ကိုယ့်ကိုချစ်တယ်မလား"
"အင်း အများကြီးချစ်တယ်"
"ဒါဆို မငိုနဲ့ ၊ ကိုယ်တို့နှစ်ယောက်ခံနိုင်ရည်ရှိရှိဖြတ်ကျော်ကြမယ် ၊ ကိုယ်နဲ့လက်ထပ်မယ်မလား"
"အင်း လက်ထပ်မှာ"
"ကိုယ့်နှလုံးသားထဲမှာမင်းရှိနေတာမို့လို့ကိုယ် မင်းကိုထားပြီးထွက်မသွားနိုင်ဘူး ၊ အဲ့တာကြောင့် ဘာမှမကြောက်နဲ့ ၊ မင်းလက်ကိုတွဲပြီးကိုယ်ဖြတ်ကျော်မှာမို့လို့ ......"
"အင်း ကျွန်တော်လည်းအစ်ကို့လက်ကိုတွဲထားပြီးကျော်ဖြတ်မှာ ......"
"လိမ္မာလိုက်တာကိုယ့်ပေါက်စလေးက"
သူမတ်တပ်ရပ်လိုက်ပြီး ကောင်လေးရဲ့နဖူးလေးကိုနမ်းလိုက်သည် ။ကောင်လေးရဲ့ပါးပြင်လေးကိုသူ့လက်နဲ့ပွတ်သပ်နေသည် ။ ကောင်လေးရဲ့မျက်နှာအနားကိုသူတိုးကပ်လိုက်တော့ ကောင်လေးကမျက်လုံးလေးတွေမှိတ်ကျသွားသည် ။ သူကောင်လေးရဲ့နှုတ်ခမ်းအိအိလေးတွေကိုသူဖိကပ်လိုက်သည် ။ အပေါ်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်းကိုသူတစ်လှည့်စီ စုပ်ယူလိုက်သည် ။ ကောင်လေးကသူ့လည်ပင်းကိုသိုင်းဖက်လာပြီး ခြေထောက်တွေကသူ့ခါးမှာချိတ်တွယ်လာသည် ။ သူကောင်လေးကိုမချီပြီးကုတင်ပေါ်မှာအသာအသာလေးချလိုက်သည် ။ ကောင်လေးကိုအဆက်မပြတ်နမ်းနေ၍အောက်ဆီဂျင်ပြတ်လပ်လာလို့ သူ့ကိုတွန်းထုတ်လာသည် ။ သူခဏလွှတ်ပေးလိုက်တော့ အသက်ကိုဝအောင်ရှူနေရသည် ။ သူကောင်လေးရဲ့မျက်ဝန်းတွေကိုသေချာစိုက်ကြည့်လိုက်ပြီး ......
"ကိုယ့်ကိုခွင့်ပြုမှာလား"
ကောင်လေးကသူ့ကိုတွေတွေလေးကြည့်နေပြီး ခေါင်းလေးကိုမသိမသာလေးညိမ့်ပြသည် ။ ခွင့်ပြုချက်ရတာနဲ့သူရှေ့ဆက်တိုးခဲ့သည် ။ သူချစ်ရတဲ့ကောင်လေးနဲ့သူအသွေးအသားချင်ချင်းနှီးနှောခဲ့သည် ။ အခုတော့သူ့ရင်ခွင်ထဲကကောင်လေးကိုသူပိုင်ဆိုင်ခဲ့ပြီးပြီ ။ ခန္ဓာအင်အားကိုအသုံးပြုထားရ၍နှစ်ခြိုက်စွာအိပ်ပျော်နေသောကောင်လေးကိုသူ
တစ်ညလုံးကြည့်နေမိသည် ။ သူဘယ်အချိန်အိပ်ပျော်သွားမှန်းသူကိုယ်တိုင်ပင်မသိလိုက်ပါ ။ သူ့ရင်ခွင်ထဲကကောင်လေးကတော့သူပေးထားတဲ့အမှတ်အသားတွေနဲ့လှချင်တိုင်းလှနေတော့သည် ။
အပိုင်းလေးကိုနည်းနည်းပြောင်းထားတယ်နော် သဘောကျကြရဲ့လား ။ အကြာကြီးပစ်ထားမိလို့တောင်းပန်ပါတယ် ။ ဖတ်ပြီးရင်ဘာလုပ်ရမလဲသိပါတယ်နော် ဟင်းဟင်း 😏
----------------------------------------------------------------------------------
Zawgyi👬
ဘူး"
"Yes !! Yes !! Let's Go !"
"သား !"
"မေမေ ဒီကိုဘယ်လို ....."
"လန့်သွားလား"
"ဒါပေါ့"
"သား ဒီမှာလာထိုင်ဦး"
"မေမေ ! "
"မေမေ ! "
"စည်သူ မင်း ......."
"ဗျာ !"
"ဗျာ ......"
"အစ်ကို ! အစ်ကို !"
"ဒါဆို မငိုနဲ့ ၊ ကကိုယ်တို့နှစ်ယောက်ခံနိုင်ရည်ရှိရှိဖြတ်ကျော်ကြမယ် ၊ ကိုယ်နဲ့လက်ထပ်မယ်မလား"
"အင်း လက်ထပ်မှာ"
----------------------------------------------------------------------------------