Unicode
"ကိုကို ကျွန်တော်စိုက်ခင်းလိုက်ခဲ့လို့ရလား"
ရိပေါ်စိုက်ခင်းသွားဖို့လက်ရှည်အကျႌဝတ်နေတာကိုရှောင်ကျန့်အနားကပ်ပြီးကြယ်သီးတပ်ပေးကာပြောလာသည်။
ရိပေါ်ပြုံးမိပါတယ် လက်ထပ်ကာစကိုတောင်သတိရသွားတယ် အဲ့တုန်းကကြယ်သီးတပ်မပေးချင်လို့ချုပ်နမ်းမှတပ်ပေးတာလေ
"ဘာတွေတွေးနေတာလဲ ကျွန်တော်ပြောတာရောကြားရဲ့လား"
"ကြားပါတယ်ဗျာ လိုက်ချင်ရင်လည်းလိုက်လေ ခွင့်တောင်းစရာမလိုပါဘူး အဲ့ဒါတွေအကုန်ကခင်ဗျားလေးအပိုင်တွေချည်းပဲ"
"အဟီး အဲ့ဒါဆိုသွားကြမယ်လေ"
"ကလေးကဆေးခန်းမသွားတော့ဘူးလား"
" နေ့လည်မှပဲသွားတော့မယ် "
"ဟုတ်ပါပြီဗျာ သဘောပါပဲ"
စိုက်ခင်းကိုရောက်တော့ဟိုစပ်စပ်ဒီစပ်စပ်နဲ့လျှောက်လုပ်နေလေသည်။ ရိပေါ်ကဆန်စက်ဘက်ကိုခဏသွားပြန်တာကြောင့်သူလုပ်ချင်တာတွေလျှောက်လုပ်နေခြင်းဖြစ်သည်။ မသွားခင်လည်းတဲပေါ်မှာပဲငြိမ်ငြိမ်နေရမယ်လို့မှာသွားသေးတယ် ဒါပေမယ့်ဘယ်လိုလုပ်နေနိုင်မှာလဲ
အရင်ခေါက်တွေတုန်းကစိုက်ခင်းကိုရောက်ရုံတင်ရောက်ပြီးပြန်ရတာလေ ဒီအခေါက်တော့သေချာပေါက်တစ်ခင်းလုံးကိုလေ့လာပြီးမှပြန်နိုင်မယ်
"ဆရာလေးရယ် ဘာမှမလုပ်ပါနဲ့တော်ကြာအစ်ကိုလေးသိရင်ကျွန်တော်တို့အဆူခံနေရအုံးမယ်"
ပေါက်ပြားကိုအတင်းလုပြီးမြေဆွနေတဲ့ရှောင်းကျန့်ကိုအလုပ်သမားတစ်ယောက်ကလှမ်းတားလိုက်သည်။ ရှောင်းကျန့်သူကဝါရင့်လယ်သမားကြီးကျနေတာပဲ ဝါးခမောက်ဆောင်းကာ ကာကီရောင်ချည်ဘောင်းဘီအရှည်အပွကိုလည်းလိပ်တင်ထားသေးသည်။
"ရပါတယ်ဗျ ကျွန်တော်လုပ်ကြည့်ချင်လို့ပါ"
"ဆရာလေးလက်တွေနီနေပြီ မလုပ်ပါနဲ့တော့ဗျာ ပေး ပေး ကျွန်တော့်ကိုပေါက်ပြား"
"နေပါအုံး ဒီနားလေးပဲ ဒီနားလေးပြီးရင်ခင်ဗျားဟာပြန်ပေးပါ့မယ်"
"ခြေထောက်ကိုပေါက်မိမှာကြောင့်ပါ အစ်ကိုလေးတွေ့ရင်တော့ပြောခံရတော့မှာပဲ "
ပေါက်ပြားတောင်းမရတော့ဘေးမှာခေါင်းကုတ်လိုက်ဖင်ကုတ်လိုက်နဲ့ရပ်နေလေသည်။ ခြေထောက်ကိုချော်ပေါက်မိမှာလည်းစိုးရသေးသည်။
အစ်ကိုလေးပြန်လာရင်တော့သူ့ယောကျ်ားလေးကိုခိုင်းရမလားဆိုပြီးပြောခံရအုံးမယ် စိတ်ညစ်ပါတယ်
"အဲ့ဒါဘာလုပ်နေတာလဲ"
ဟင်! တွေးနေတာတောင်မဆုံးသေးဘူးပေါ်လာပြီ
"ကိုကို ပြန်လာပြီလား ကျွန်တော်ပျင်းလို့အဲ့ဒါကူလုပ်ပေးနေတာ ကျွန်တော့်ကိုမဆူနဲ့နော်"
နှုတ်ခမ်းလေးဆူပြီးအကျႌလက်အနားစကိုကိုင်ကာပြောနေပုံကတစ်ကယ်ဖျစ်ညစ်ပစ်ချင်စရာလေး ရိပေါ်ဆူချင်တာတောင်မဆူရက်တော့ဘူး
ဘေးကိုကြည့်လိုက်တော့ရှောင်းကျန့်ပုံစံကိုကြည့်နေတဲ့လူကြောင့်ရိပေါ်ချောင်းတစ်ချက်ဟန့်လိုက်ပြီး
"အဟမ်း လုပ်စရာရှိတာဆက်လုပ်"
"ဗျာ ဟုတ် ဟုတ်ကဲ့အစ်ကိုလေး"
ငါ့ကျန့်ငယ်ငယ်ကိုငါပဲကြည့်မယ် တစ်ခြားဘယ်သူမှမကြည့်ရဘူး ဟွန်း
ကြည့်တာပဲအသားပဲ့ပါသွားမှာကျနေတာပဲ အဲ့အစ်ကိုလေးတော်တော်ဖြစ်
"ဘာ့လို့အလုပ်တွေဝင်လုပ်နေတာလဲ"
"ပျင်းလို့ လို့..."
ထပ်ပြီး ချစ်ဖို့ကောင်းအောင်လုပ်ပြနေပြန်ပြီ
"တော်တော့ အဲ့လိုလာပြီးချစ်စရာကောင်းအောင်လုပ်ပြမနေနဲ့ ဒီလူကတစ်ခုခုလုပ်မိလိမ့်မယ်စိုက်ခင်းထဲမှာကြောင့်ရှောင်မယ်မထင်နဲ့နော် အဟွန်း"
"ခင်ဗျားဟာလေ "
ရှောင်းကျန့်ပါးလေးရဲကာမျက်စောင်းထိုးပြီးထွက်သွားလေသည်။ ရိပေါ်လည်းနောက်ကလိုက်သွားပြီးရှောင်းကျန့်လက်ကလေးကိုသူ့လက်တွေနဲ့ဆုပ်ကိုင်လိုက်တော့မော့ကြည့်လာတဲ့မျက်ဝန်းလှလှလေး
"လူတွေနဲ့ကိုခင်ဗျားဘာဖြစ်နေတာလဲ"
"ကိုယ်ပြစရာရှိတယ်"
"ဘာပြမှာလဲ"
"ဘာပြမယ်လို့ထင်လဲ "
ရိပေါ်ကလမ်းလျှောက်နေတာရပ်လိုက်ပြီးရှောင်းကျန့်ကိုစိုက်ကြည့်ပြီးမေးလိုက်တော့မျက်လုံးလေးကိုတောင်အပေါ်လှန်ပြီးစဥ်းစားနေတဲ့ယုန်ပေါက်လေး ရိပေါ်အသဲယားလာတာကြောင့်နဖူးကိုတစ်ချက်တောက်လိုက်ပြီး
"စဥ်းစားမနေနဲ့ ခေါင်းရှုပ်တယ် လာ ဟိုရောက်မှကြည့်"
"ပြီးရော.."
ရိပေါ်ခေါ်လာတာကတဲနောက်ဖြစ်နေတာကြောင့်ရှောင်းကျန့်တွေးမိတယ် တဲနောက်မှာဘယ်လိုအရာများလဲပေါ့ တစ်ဖြည်းဖြည်းအနောက်ဘက်ရောက်သွားတော့မြင်လိုက်ရတာကခြံခတ်ထားတဲ့အထဲမှာပြေးလွှားနေကြတဲ့ယုန်ဖြူလေးနှစ်ကောင်
"ဟာ ယုန်လေးတွေ?"
"အင်း ဟိုတစ်နေ့ကစိုက်ခင်းထဲကိုရောက်လာတာလေ မျက်စိလည်လာတယ်ထင်တယ် ကလေးကိုပြဖို့ဖမ်းထားတာ"
"တကယ်!?"
မဟုတ်ပါဘူး မနေ့ကရောင်းနေတာတွေ့လို့ဝယ်ထားတာ အဟဲ
သိတဲ့လူတွေတိုးတိုးနေကြ ရှူး!
"ယုန်လေးတွေကချစ်စရာလေးတွေ ကိုကို!! ကြည့်ပါအုံး နှာခေါင်းလေးတွေကနီရဲနေတာပဲလက်ဖဝါးလေးတွေရောပဲ အဟိ"
ယုန်လေးတွေနဲ့ပျော်ရွှင်နေတဲ့ ကျန့်ငယ်ငယ်ကိုကြည့်ပြီးရိပေါ်လည်းပြုံးနေတယ်။အခု ယုန်လေးသုံးကောင်ဖြစ်သွားပြီ။
ယုန်ခြံထဲဝင်ကာယုန်တစ်ကောင်ကိုဖမ်းပြီးရင်ခွင်ထဲထည့်ပြီးပျော်နေလေသည်။ ယုန်ကလေးကလည်းအစကတော့ကြောက်လို့ရုန်းပေမယ့်နောက်တော့ရှောင်းကျန့်လက်ထဲမှာငြိမ်ပြီးမှေးတောင်နေသေးသည်။ တစ်ကောင်ကတော့အနားကိုလာလိုက် ရှောင်းကျန့်ကကိုင်ဖို့လက်ရွယ်လိုက်ရင်ထွက်ပြေးလိုက်နဲ့ဆော့နေလေရဲ့
"ကိုကို!!"
ရိပေါ်ကြည့်ကောင်းကောင်းနဲ့ကြည့်နေတာရှောင်းကျန့်အသံစူးစူးလေးကြားကာမှသတိပြန်ဝင်တော့သည်။
"ဟင် ကလေးဘာဖြစ်လို့လဲ"
"ဟိုတစ်ကောင်ကကျွန်တော့်ဆီလည်းမလာဘူး ကိုကိုယူပေး"
အဟက် တစ်ကယ့်ကလေးလေးကျနေတာပဲ ယုန်ကသူ့ဆီမလာလို့တဲ့ လက်ညိုးထိုးပြီးယူပေးဖို့ပူဆာနေတယ်
ရိပေါ်လည်းခြံထဲဝင်ကာကူဖမ်းပေးပြီးရှောင်းကျန့်လက်ထဲထည့်ပေးလိုက်တယ် အဲ့ယုန်လေးကလည်းရှောင်းကျန့်နဲ့ဓါတ်မတည့်ဘူးထင်တယ် ရင်ခွင်ထဲအတင်းထည့်ထားတာတောင်ရုန်းပြီးထွက်ပြေးသွားပြန်တယ်
"ဟာ! ထွက်သွားပြန်ပြီ ကိုကို့လိုက်ဖမ်းပေးအုံး"
"အင်းပါ အင်းပါ"
"ထွက်သွားပြန်ပြီ"
"ကိုကိုဖမ်းပေးမယ်"
"ဟာ! ကိုကို!!"
"အင်း အင်း"
"ကိုကို!!"
"ကိုကိုရေ!!"
ထိုနေ့ကတော့ယုန်ခြံထဲမှာချွေးသံတရဲရဲနဲ့ယုန်ဖမ်းသမားဝမ်အစ်ကိုလေးအား ဗရုတ်ကျစွာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။
..........................................
တစ်ဖက်မှာတော့
"အမေ သားတို့ကဘာမှမဟုတ်ပါဘူးဆို"
"နင်တို့နှစ်ယောက်ဘာမှမဟုတ်ရင်သူကအထုပ်ဆွဲပြီးနင့်နောက်လိုက်လာမလား"
ငါ့ကိုငတုံးများမှတ်နေလား သူငယ်ချင်းလို့ပြောရင်တောင်ငါကယုံပေးအုံးမယ် ဝူချန်းရဲ့ နင့်ကိုငါမွေးထားတာပါ ငါ့သားရယ် ဟင်း ဟင်း
"ဟေ့လူ ခင်ဗျားတစ်ခုခုပြောအုံးလေ အသေကောင်ကြီးလိုလုပ်မနေနဲ့"
"ကိုယ်ကဘာပြောရမှာလဲ ကလေးရဲ့ ကလေးပဲလိုက်ခဲ့ဆိုပြီးအတင်းခေါ်လို့ ကိုယ့်မှာအထုပ်တောင်ပြီးအောင်မထုပ်ရဘဲအပြေးလိုက်လာရတာလေ"
"ခင်ဗျား ခင်ဗျား.."
"တွေ့လား တွေ့လား ခိုးထုပ်ခိုးထည်မိနေတာတောင်ငြင်းချင်သေးလို့လားဟမ် ဝူချန်း "
"သားရယ် ဒီကလေးကိုသားကခိုးလာတယ်ဆိုလည်းအဖေတို့ကအပြစ်မပြောပါဘူး သားတို့ကိုသဘောတူပါတယ် "
ဝူချန်းနေရာမှာသာတုန်းခနဲပစ်လဲချင်စိတ်တွေပေါက်လာရသည်။
ဘယ်လိုကြောင့်အဲ့လူပြောသမျှပဲယုံနေကြတာလဲ!!!!!
သူထပ်ငြင်းဖို့ပြင်လိုက်ပေမယ့် ငိုသံပါကြီးနဲ့ထပြောလာတဲ့ရှင်းပိုင်ကြောင့်သွေးအတောင့်လိုက်အန်ပစ်ချင်စိတ်ပေါက်လာရသည်။
"အဒေါ်နဲ့ဦးလေးရယ် ကျွန်တော်အိမ်မှာကလေးနောက်လိုက်သွားပြီဆိုတဲ့အကြောင်းစာရေးထားခဲ့ပြီဗျ အခုချိန်ဆိုတစ်ရွာလုံးကဒီအကြောင်းကိုသိနေလောက်ပြီ ဟင့်"
အပိုတွေ အပိုတွေ!!!
"တွေ့လား ဝူချန်းဘာမှငြင်းဖို့မကြိုးစားနဲ့တော့ တစ်ပတ်အတွင်းဟောဒီကကလေးနဲ့လက်ထပ်ရမယ် "
"အမေ!!"
ဝူချန်းအော်ခေါ်လိုက်ပေမယ့်သူ့ကိုရှိတယ်လို့မသတ်မှတ်တော့ဘဲ ရှင်းပိုင်ဘက်လှည့်ကာ
"ဒါနဲ့သားနာမည်က?"
သြော် နာမည်တောင်မသိတဲ့လူနဲ့ဟောဒီကသားချောနုနုထွတ်ထွတ်လေးကိုပေးစားမယ်ပေါ့လေ အမေရယ် ကျွန်တော့်သာသတ်လိုက်ပါတော့ အီး ဟီး ဟီး
"မျိုးရိုးက'ရှင်း' နာမည်က'ပိုင်'ပါအဒေါ်"
"အယ် အဒေါ်လို့မခေါ်ပါနဲ့ရင်းရင်းနှီးနှီးအမေလို့ခေါ်"
"ဟုတ်ကဲ့အမေ ဒီမှာအမေတို့ဖို့ရွာကငှက်ပျောသီးတွေယူလာတယ်"
"ဘာ! အထုပ်တောင်ပြီးအောင်မထုတ်နိုင်တဲ့လူကငှက်ပျောသီးသယ်ဖို့အချိန်ရှိတယ်ပေါ့"
ဝူချန်းအဲ့ထက်ပိုပြောချင်ပေမယ့်အမေ့ရဲ့မျက်စောင်းကြီးကြောင့်နှုတ်ခမ်းကိုက်ကာငြိမ်နေလိုက်ရတယ်
"ကျေးဇူးပါကွယ် အမေကလေ မလိမ်မာတဲ့ချွေးမနဲ့တွေ့မှာကိုစိုးရိမ်နေတာ ခုလိုသိတတ်တဲ့သမက်လေးရတာကံကောင်းလိုက်တာ "
အမေဘယ်တုန်းကကိုယ့်သားကိုလင်ပေးစားရလောက်တဲ့အထိသဘောထားကြီးသွားရတာလဲဗျ!!!
........
Zawgyi
"ကိုကို ကြၽန္ေတာ္စိုက္ခင္းလိုက္ခဲ့လို႔ရလား"
ရိေပၚစိုက္ခင္းသြားဖို႔လက္ရွည္အက်ႌဝတ္ေနတာကိုေရွာင္က်န႔္အနားကပ္ၿပီးၾကယ္သီးတပ္ေပးကာေျပာလာသည္။
ရိေပၚၿပံဳးမိပါတယ္ လက္ထပ္ကာစကိုေတာင္သတိရသြားတယ္ အဲ့တုန္းကၾကယ္သီးတပ္မေပးခ်င္လို႔ခ်ဳပ္နမ္းမွတပ္ေပးတာေလ
"ဘာေတြေတြးေနတာလဲ ကြၽန္ေတာ္ေျပာတာေရာၾကားရဲ့လား"
"ၾကားပါတယ္ဗ်ာ လိုက္ခ်င္ရင္လည္းလိုက္ေလ ခြင့္ေတာင္းစရာမလိုပါဘူး အဲ့ဒါေတြအကုန္ကခင္ဗ်ားေလးအပိုင္ေတြခ်ည္းပဲ"
"အဟီး အဲ့ဒါဆိုသြားၾကမယ္ေလ"
"ကေလးကေဆးခန္းမသြားေတာ့ဘူးလား"
" ေန့လည္မွပဲသြားေတာ့မယ္ "
"ဟုတ္ပါၿပီဗ်ာ သေဘာပါပဲ"
စိုက္ခင္းကိုေရာက္ေတာ့ဟိုစပ္စပ္ဒီစပ္စပ္နဲ႔ေလ်ွာက္လုပ္ေနေလသည္။ ရိေပၚကဆန္စက္ဘက္ကိုခဏသြားျပန္တာေၾကာင့္သူလုပ္ခ်င္တာေတြေလ်ွာက္လုပ္ေနျခင္းျဖစ္သည္။ မသြားခင္လည္းတဲေပၚမွာပဲၿငိမ္ၿငိမ္ေနရမယ္လို႔မွာသြားေသးတယ္ ဒါေပမယ့္ဘယ္လိုလုပ္ေနႏိုင္မွာလဲ
အရင္ေခါက္ေတြတုန္းကစိုက္ခင္းကိုေရာက္ရံုတင္ေရာက္ၿပီးျပန္ရတာေလ ဒီအေခါက္ေတာ့ေသခ်ာေပါက္တစ္ခင္းလံုးကိုေလ့လာၿပီးမျွပန္ႏိုင္မယ္
"ဆရာေလးရယ္ ဘာမွမလုပ္ပါနဲ႔ေတာ္ၾကာအစ္ကိုေလးသိရင္ကြၽန္ေတာ္တို႔အဆူခံေနရအံုးမယ္"
ေပါက္ျပားကိုအတင္းလုၿပီးေျမဆြေနတဲ့ေရွာင္းက်န႔္ကိုအလုပ္သမားတစ္ေယာက္ကလွမ္းတားလိုက္သည္။ ေရွာင္းက်န႔္သူကဝါရင့္လယ္သမားႀကီးက်ေနတာပဲ ဝါးခေမာက္ေဆာင္းကာ ကာကီေရာင္ခ်ည္ေဘာင္းဘီအရွည္အပြကိုလည္းလိပ္တင္ထားေသးသည္။
"ရပါတယ္ဗ် ကြၽန္ေတာ္လုပ္ၾကည့္ခ်င္လို႔ပါ"
"ဆရာေလးလက္ေတြနီေနၿပီ မလုပ္ပါနဲ႔ေတာ့ဗ်ာ ေပး ေပး ကြၽန္ေတာ့္ကိုေပါက္ျပား"
"ေနပါအံုး ဒီနားေလးပဲ ဒီနားေလးၿပီးရင္ခင္ဗ်ားဟာျပန္ေပးပါ့မယ္"
"ေျခေထာက္ကိုေပါက္မိမွာေၾကာင့္ပါ အစ္ကိုေလးေတြ့ရင္ေတာ့ေျပာခံရေတာ့မွာပဲ "
ေပါက္ျပားေတာင္းမရေတာ့ေဘးမွာေခါင္းကုတ္လိုက္ဖင္ကုတ္လိုက္နဲ႔ရပ္ေနေလသည္။ ေျခေထာက္ကိုေခ်ာ္ေပါက္မိမွာလည္းစိုးရေသးသည္။
အစ္ကိုေလးျပန္လာရင္ေတာ့သူ႔ေယာက်္ားေလးကိုခိုင္းရမလားဆိုၿပီးေျပာခံရအံုးမယ္ စိတ္ညစ္ပါတယ္
"အဲ့ဒါဘာလုပ္ေနတာလဲ"
ဟင္! ေတြးေနတာေတာင္မဆံုးေသးဘူးေပၚလာၿပီ
"ကိုကို ျပန္လာၿပီလား ကြၽန္ေတာ္ပ်င္းလို႔အဲ့ဒါကူလုပ္ေပးေနတာ ကြၽန္ေတာ့္ကိုမဆူနဲ႔ေနာ္"
ႏႈတ္ခမ္းေလးဆူၿပီးအက်ႌလက္အနားစကိုကိုင္ကာေျပာေနပံုကတစ္ကယ္ဖ်စ္ညစ္ပစ္ခ်င္စရာေလး ရိေပၚဆူခ်င္တာေတာင္မဆူရက္ေတာ့ဘူး
ေဘးကိုၾကၫ့္လိုက္ေတာ့ေရွာင္းက်န႔္ပံုစံကိုၾကၫ့္ေနတဲ့လူေၾကာင့္ရိေပၚေခ်ာင္းတစ္ခ်က္ဟန႔္လိုက္ၿပီး
"အဟမ္း လုပ္စရာရိွတာဆက္လုပ္"
"ဗ်ာ ဟုတ္ ဟုတ္ကဲ့အစ္ကိုေလး"
ငါ့က်န႔္ငယ္ငယ္ကိုငါပဲၾကၫ့္မယ္ တစ္ျခားဘယ္သူမွမၾကၫ့္ရဘူး ဟြန္း
ၾကၫ့္တာပဲအသားပဲ့ပါသြားမွာက်ေနတာပဲ အဲ့အစ္ကိုေလးေတာ္ေတာ္ျဖစ္
"ဘာ့လို႔အလုပ္ေတြဝင္လုပ္ေနတာလဲ"
"ပ်င္းလို႔ လို႔..."
ထပ္ၿပီး ခ်စ္ဖို႔ေကာင္းေအာင္လုပ္ျပေနျပန္ၿပီ
"ေတာ္ေတာ့ အဲ့လိုလာၿပီးခ်စ္စရာေကာင္းေအာင္လုပ္ျပမေနနဲ႔ ဒီလူကတစ္ခုခုလုပ္မိလိမ့္မယ္စိုက္ခင္းထဲမွာေၾကာင့္ေရွာင္မယ္မထင္နဲ႔ေနာ္ အဟြန္း"
"ခင္ဗ်ားဟာေလ "
ေရွာင္းက်န္႔ပါးေလးရဲကာမ်က္ေစာင္းထိုးၿပီးထြက္သြားေလသည္။ ရိေပၚလည္းေနာက္ကလိုက္သြားၿပီးေရွာင္းက်န္႔လက္ကေလးကိုသူ႔လက္ေတြနဲ႔ဆုပ္ကိုင္လိုက္ေတာ့ေမာ့ၾကည့္လာတဲ့မ်က္ဝန္းလွလွေလး
"လူေတြနဲ႔ကိုခင္ဗ်ားဘာျဖစ္ေနတာလဲ"
"ကိုယ္ျပစရာရိွတယ္"
"ဘာျပမွာလဲ"
"ဘာျပမယ္လို႔ထင္လဲ "
ရိေပၚကလမ္းေလ်ွာက္ေနတာရပ္လိုက္ၿပီးေရွာင္းက်န္႔ကိုစိုက္ၾကည့္ၿပီးေမးလိုက္ေတာ့မ်က္လံုးေလးကိုေတာင္အေပၚလွန္ၿပီးစဥ္းစားေနတဲ့ယုန္ေပါက္ေလး ရိေပၚအသဲယားလာတာေၾကာင့္နဖူးကိုတစ္ခ်က္ေတာက္လိုက္ၿပီး
"စဥ္းစားမေနနဲ႔ ေခါင္းရႈပ္တယ္ လာ ဟိုေရာက္မွၾကည့္"
"ၿပီးေရာ.."
ရိေပၚေခၚလာတာကတဲေနာက္ျဖစ္ေနတာေၾကာင့္ေရွာင္းက်န္႔ေတြးမိတယ္ တဲေနာက္မွာဘယ္လိုအရာမ်ားလဲေပါ့ တစ္ျဖည္းျဖည္းအေနာက္ဘက္ေရာက္သြားေတာ့ျမင္လိုက္ရတာကၿခံခတ္ထားတဲ့အထဲမွာေျပးလႊားေနၾကတဲ့ယုန္ျဖဴေလးႏွစ္ေကာင္
"ဟာ ယုန္ေလးေတြ?"
"အင္း ဟိုတစ္ေန့ကစိုက္ခင္းထဲကိုေရာက္လာတာေလ မ်က္စိလည္လာတယ္ထင္တယ္ ကေလးကိုျပဖို႔ဖမ္းထားတာ"
"တကယ္!?"
မဟုတ္ပါဘူး မေန့ကေရာင္းေနတာေတြ့လို႔ဝယ္ထားတာ အဟဲ
သိတဲ့လူေတြတိုးတိုးေနၾက ရႉး!
"ယုန္ေလးေတြကခ်စ္စရာေလးေတြ ကိုကို!! ၾကည့္ပါအံုး ႏွာေခါင္းေလးေတြကနီရဲေနတာပဲလက္ဖဝါးေလးေတြေရာပဲ အဟိ"
ယုန္ေလးေတြနဲ႔ေပ်ာ္ရႊင္ေနတဲ့ က်န္႔ငယ္ငယ္ကိုၾကည့္ၿပီးရိေပၚလည္းၿပံဳးေနတယ္။အခု ယုန္ေလးသံုးေကာင္ျဖစ္သြားၿပီ။
ယုန္ၿခံထဲဝင္ကာယုန္တစ္ေကာင္ကိုဖမ္းၿပီးရင္ခြင္ထဲထည့္ၿပီးေပ်ာ္ေနေလသည္။ ယုန္ကေလးကလည္းအစကေတာ့ေၾကာက္လို႔ရုန္းေပမယ့္ေနာက္ေတာ့ေရွာင္းက်န္႔လက္ထဲမွာၿငိမ္ၿပီးေမွးေတာင္ေနေသးသည္။ တစ္ေကာင္ကေတာ့အနားကိုလာလိုက္ ေရွာင္းက်န္႔ကကိုင္ဖို႔လက္ရြယ္လိုက္ရင္ထြက္ေျပးလိုက္နဲ႔ေဆာ့ေနေလရဲ့
"ကိုကို!!"
ရိေပၚၾကည့္ေကာင္းေကာင္းနဲ႔ၾကည့္ေနတာေရွာင္းက်န္႔အသံစူးစူးေလးၾကားကာမွသတိျပန္ဝင္ေတာ့သည္။
"ဟင္ ကေလးဘာျဖစ္လို႔လဲ"
"ဟိုတစ္ေကာင္ကကြၽန္ေတာ့္ဆီလည္းမလာဘူး ကိုကိုယူေပး"
အဟက္ တစ္ကယ့္ကေလးေလးက်ေနတာပဲ ယုန္ကသူ႔ဆီမလာလို႔တဲ့ လက္ညိုးထိုးၿပီးယူေပးဖို႔ပူဆာေနတယ္
ရိေပၚလည္းၿခံထဲဝင္ကာကူဖမ္းေပးၿပီးေရွာင္းက်န္႔လက္ထဲထည့္ေပးလိုက္တယ္ အဲ့ယုန္ေလးကလည္းေရွာင္းက်န္႔နဲ႔ဓါတ္မတည့္ဘူးထင္တယ္ ရင္ခြင္ထဲအတင္းထည့္ထားတာေတာင္ရုန္းၿပီးထြက္ေျပးသြားျပန္တယ္
"ဟာ! ထြက္သြားျပန္ၿပီ ကိုကို႔လိုက္ဖမ္းေပးအံုး"
"အင္းပါ အင္းပါ"
"ထြက္သြားျပန္ၿပီ"
"ကိုကိုဖမ္းေပးမယ္"
"ဟာ! ကိုကို!!"
"အင္း အင္း"
"ကိုကို!!"
"ကိုကိုေရ!!"
ထိုေန့ကေတာ့ယုန္ၿခံထဲမွာေခြၽးသံတရဲရဲနဲ႔ယုန္ဖမ္းသမားဝမ္အစ္ကိုေလးအား ဗရုတ္က်စြာျမင္ေတြ့ရမွာပဲျဖစ္ပါတယ္။
..........................................
တစ္ဖက္မွာေတာ့
"အေမ သားတို႔ကဘာမွမဟုတ္ပါဘူးဆို"
"နင္တို႔ႏွစ္ေယာက္ဘာမွမဟုတ္ရင္သူကအထုပ္ဆြဲၿပီးနင့္ေနာက္လိုက္လာမလား"
ငါ့ကိုငတံုးမ်ားမွတ္ေနလား သူငယ္ခ်င္းလို႔ေျပာရင္ေတာင္ငါကယံုေပးအံုးမယ္ ဝူခ်န္းရဲ့ နင့္ကိုငါေမြးထားတာပါ ငါ့သားရယ္ ဟင္း ဟင္း
"ေဟ့လူ ခင္ဗ်ားတစ္ခုခုေျပာအံုးေလ အေသေကာင္ႀကီးလိုလုပ္မေနနဲ႔"
"ကိုယ္ကဘာေျပာရမွာလဲ ကေလးရဲ့ ကေလးပဲလိုက္ခဲ့ဆိုၿပီးအတင္းေခၚလို႔ ကိုယ့္မွာအထုပ္ေတာင္ၿပီးေအာင္မထုပ္ရဘဲအေျပးလိုက္လာရတာေလ"
"ခင္ဗ်ား ခင္ဗ်ား.."
"ေတြ့လား ေတြ့လား ခိုးထုပ္ခိုးထည္မိေနတာေတာင္ျငင္းခ်င္ေသးလို႔လားဟမ္ ဝူခ်န္း "
"သားရယ္ ဒီကေလးကိုသားကခိုးလာတယ္ဆိုလည္းအေဖတို႔ကအျပစ္မေျပာပါဘူး သားတို႔ကိုသေဘာတူပါတယ္ "
ဝူခ်န္းေနရာမွာသာတုန္းခနဲပစ္လဲခ်င္စိတ္ေတြေပါက္လာရသည္။
ဘယ္လိုေၾကာင့္အဲ့လူေျပာသမ်ွပဲယံုေနၾကတာလဲ!!!!!
သူထပ္ျငင္းဖို႔ျပင္လိုက္ေပမယ့္ ငိုသံပါႀကီးနဲ႔ထေျပာလာတဲ့ရွင္းပိုင္ေၾကာင့္ေသြးအေတာင့္လိုက္အန္ပစ္ခ်င္စိတ္ေပါက္လာရသည္။
"အေဒၚနဲ႔ဦးေလးရယ္ ကြၽန္ေတာ္အိမ္မွာကေလးေနာက္လိုက္သြားၿပီဆိုတဲ့အေၾကာင္းစာေရးထားခဲ့ၿပီဗ် အခုခ်ိန္ဆိုတစ္ရြာလံုးကဒီအေၾကာင္းကိုသိေနေလာက္ၿပီ ဟင့္"
အပိုေတြ အပိုေတြ!!!
"ေတြ့လား ဝူခ်န္းဘာမျွငင္းဖို႔မႀကိဳးစားနဲ႔ေတာ့ တစ္ပတ္အတြင္းေဟာဒီကကေလးနဲ႔လက္ထပ္ရမယ္ "
"အေမ!!"
ဝူခ်န္းေအာ္ေခၚလိုက္ေပမယ့္သူ႔ကိုရိွတယ္လို႔မသတ္မွတ္ေတာ့ဘဲ ရွင္းပိုင္ဘက္လွည့္ကာ
"ဒါနဲ႔သားနာမည္က?"
ေၾသာ္ နာမည္ေတာင္မသိတဲ့လူနဲ႔ေဟာဒီကသားေခ်ာႏုႏုထြတ္ထြတ္ေလးကိုေပးစားမယ္ေပါ့ေလ အေမရယ္ ကြၽန္ေတာ့္သာသတ္လိုက္ပါေတာ့ အီး ဟီး ဟီး
"မ်ိဳးရိုးက'ရွင္း' နာမည္က'ပိုင္'ပါအေဒၚ"
"အယ္ အေဒၚလို႔မေခၚပါနဲ႔ရင္းရင္းႏွီးႏွီးအေမလို႔ေခၚ"
"ဟုတ္ကဲ့အေမ ဒီမွာအေမတို႔ဖို႔ရြာကငွက္ေပ်ာသီးေတြယူလာတယ္"
"ဘာ! အထုပ္ေတာင္ၿပီးေအာင္မထုတ္ႏိုင္တဲ့လူကငွက္ေပ်ာသီးသယ္ဖို႔အခ်ိန္ရိွတယ္ေပါ့"
ဝူခ်န္းအဲ့ထက္ပိုေျပာခ်င္ေပမယ့္အေမ့ရဲ့မ်က္ေစာင္းႀကီးေၾကာင့္ႏႈတ္ခမ္းကိုက္ကာၿငိမ္ေနလိုက္ရတယ္
"ေက်းဇူးပါကြယ္ အေမကေလ မလိမ္မာတဲ့ေခြၽးမနဲ႔ေတြ့မွာကိုစိုးရိမ္ေနတာ ခုလိုသိတတ္တဲ့သမက္ေလးရတာကံေကာင္းလိုက္တာ "
အေမဘယ္တုန္းကကိုယ့္သားကိုလင္ေပးစားရေလာက္တဲ့အထိသေဘာထားႀကီးသြားရတာလဲဗ်!!!
........