π‘΄π’š π’‡π’‚π’“π’Žπ’†π’“ 𝒉𝒖𝒔𝒃𝒂�...

By Feng__er

311K 27.3K 966

π–πšπ§π  π˜π’π›π¨ & π—π’πšπ¨ π™π‘πšπ§β™‘οΈŽ. (𝐘𝐒𝐳𝐑𝐚𝐧 π…πšπ§πŸπ’πœπ­π’π¨π§) πš‰πšŠπš πšπš’πš’ ေတြ႕တာနဲ႔ရန္တက်က္က်... More

part-1 [ Z + U ]
part-2 [ Z+U ]
part-3( Z+ U )
part-4 [ Z+U ]
part-5 [ Z+U ]
part-6 [ Z+U ]
part-7 [ Z+U ]
part-8 [ Z+U ]
part-9 [ Z+U ]
part-10 [ Z+U ]
part-11 [ Z+U ]
part-12 [ Z+U ]
part-13 [ Z+U ]
part-14 [ Z+U ]
part-15 [ Z+U ]
part-16 [ Z+U ]
exam
part-17 [ Z+U ]
part-18 [ Z+U ]
part-19 [ Z+U ]
part-20 [Z+U]
part-21 [Z+U]
part-22 [ Z+U ]
part-23 [ Z+U ]
part-24 [ Z+U ]
part-25 [ Z+U ]
part-27 [ Z+U ]
part-28 [.Z+U ]
part-29 [ Z+U]
part-30 [ Z+U ]
part-31 [ Z+U ]

part-26 [ Z+U ]

6.3K 681 53
By Feng__er

Unicode

"ရှင်းယ ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူးရှင် ဘာမှမလုပ်ရတာဘယ်ကပင်ပန်းရမှာလဲ"

ဝူချန်းမရှိပြုံးပြုံးကာခေါင်းငြိမ့်လိုက်တယ် ဟုတ်တော့လည်းဟုတ်တယ်ရွာရဲ့ဆေးခန်းပါဆိုမှဘာအလုပ်လုပ်ရမှာလဲ တစ်နေ့တစ်နေ့ဆေးခန်းသန့်ရှင်းရေးလုပ် လူနာလာရင်ဆေးကု ဒါလည်းသူကုစရာမှမလိုပဲရှောင်းကျန့်နဲ့ငါပဲကုရတာလေ သူကရေးပေးလိုက်တဲ့ဆေးကိုပေးလိုက်ရုံပဲ တစ်ပတ်တစ်ခါတော့ပင်ပန်းတယ် ရှောင်းကျန့်ကတစ်ပတ်ပြည့်တိုင်းအနားကရွာတွေကိုသွားပြီးကျန်းမာရေးအခြေအနေကိုစစ်ဆေးပေးတယ် အဲ့အချိန်လေးပဲရွာစဉ်လျှောက်သွားရလို့ပင်ပန်းတယ်

"ဒါနဲ့ ချန်းကော ဆရာသက်သာရဲ့လားနေမကောင်းဖြစ်နေတယ်ဆို"

"သူလား.. သက်သာနေပါပြီ"

"ချန်းကော ဟိုလေ.."

"ပြောပါ ရှင်းယရဲ့"

ရှင်းယပုံကအနည်းငယ်ရှက်ရွံ့သလိုဖြစ်နေတာကြောင့် ဝူချန်းစကားလမ်းကြောင်းစပေးလိုက်တယ်

"ဒီနေ့ နေ့လည်စာ ရှင်းယတို့အိမ်မှာလိုက်စားပါလားဟင် ချန်းကော"

ဘယ်လို ဘယ်လို ငါနားကြားမှားတာတော့မဟုတ်ဘူးမလား ရှင်းယကငါ့ကိုနေ့လည်စာစားဖို့ဖိတ်နေတာတဲ့လား ဒါမျိုးအခွင့်အရေးလက်လွှတ်ခံလို့ဘယ်ဖြစ်မလဲ အဟီ

"စားမယ် စားမယ် ကျွေးမယ့်သူကကျွေးတာကိုမစားရင် ရိုင်းရာကျမှာပေါ့"

"ဒါပေါ့ ဒါပေါ့ ဒါဆိုအိမ်ပြန်ရင်လိုက်ခဲ့တော့နော် ချန်းကော"

မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီးပြောနေတဲ့ရှင်းယကိုကြည့်ရင်းဘေးမှာပန်းတွေပွင့်လာသလိုတောင်မြင်နေရတယ်။

"အင်း"

ဝူချန်​းကတိပေးလိုက်တော့ပျော်ရွှင်သွားတဲ့ရှင်းယကမျက်လုံးလေးတွေပိတ်သွားတဲ့အထိသဘောတကျပြုံးပြနေလေရဲ့ မင်းအပြုံးလေးကလှလိုက်တာ

ထိုဖြူစင်လှပလွန်းတဲ့အပြုံးနောက်ကွယ်ကမဟာစီမံကိန်းကြီးကိုတော့ဝူချန်းတစ်ယောက်မမြင်နိုင်ခဲ့ပါပေ။

..................................................

စားသောက်ပြီးစကားများနေတဲ့မိန်ဂွာမကအတင်းနှင်လွှတ်မှမပြန်ချင်ပြန်ချင်နဲ့ပြန်တယ် ဒါတောင်နောက်နေ့တွေထပ်လာခဲ့အုံးမယ်လို့တတွတ်တွတ်ပြောသွားသေးသည်။

နောက်နေ့ထပ်လာပြီးစကားများရင်တစ်ကယ်ကြီးနားထဲကသွေးတွေထွက်တော့မယ်ထင်တယ်

"ကိုကို အဲ့အစ်မကအရမ်းစကားများတာပဲ ကျွန်တော်တောင်အဲ့လောက်မများဘူး"

ရှောင်းကျန့်ကပြန်သွားပြီဖြစ်တဲ့ကျိုးဝမ်ယွီအားပြောလိုက်တယ် သူခေါ်မိတဲ့နာမ်စားကိုတောင်သတိမထားမိဘဲနဲ့ပေါ့

ဝမ်ရိပေါ်ကတော့အမှတ်မထင်ခေါ်မိသွားတဲ့သူ့အတွက်အမည်နာမ်စားအားသဘောကျကာပြုံးစိစိ မျက်နှာကြီးကပျားရည်အိုးမှောက်ကျသွားတဲ့အတိုင်းပဲပြုံးဖြီးလို့ ဒါပေမယ့်သွားမစရဲဘူး ဒီအတိုင်းလေးပဲဖောရှောလိုက်တာပိုအဆင်ပြေတယ်

"သူကအဲ့လိုပဲ ငယ်ငယ်တည်းက​ေ-ာက်စကားကအရမ်းများတာ အဲ့ဒါကြောင့်ခုချိန်ထိဘဲမရသေးတာပဲကြည့် သူ့လေကြောကိုဘယ်သူမှမခံနိုင်တာလေ အဟား"

အော ဒီလိုမျိုးလည်းသူများအတင်းကိုပြောတတ်သေးတာလား မထင်ရဘူးနော် အစ်ကိုကြီး

"ခင်ဗျားကလည်း သူများသားသမီးကို ဒါပေမယ့်အစ်မဝမ်ယွီကသဘောကောင်းပါတယ် မကြာခင်သူလည်းကောင်းတဲ့လူတစ်ယောက်နဲ့တွေ့မှာပေါ့"

"တွေ့ပါစေပေါ့"

ရိပေါ်စကားကြောင့်ရှောင်းကျန့်မျက်စောင်းထိုးကာကြည့်လိုက်တယ် ထိုစဉ်အိမ်ထဲကိုအမောတကောပြေးဝင်လာတဲ့ဝူချန်း နောက်ကိုလည်းမလုံသလိုကြည့်လာသေးတယ်။

"ကျိုးချန် ဘာဖြစ်လာတာလဲ ဘာဖြစ်လာလို့လဲ"

"ရှောင်းကျန့်ငါ့ကိုလူတစ်ယောက်လာရှာရင်မရှိဘူးပြောလိုက်စမ်းပါ ပြီးတော့မနက်ဖြန်ကျရင် ငါ ငါ ပြန်တော့မယ် ဒီမှာနေရင်အဲ့လူနဲ့ဆက်တွေ့နေရအုံးမယ်"

"ဘယ်ကလူလဲ  ငါတို့ကိုသေချာပြောလေ"

"ပြီးမှပြောမယ် အခုလောလောဆယ်ဘယ်သူမေးမေးငါမရှိဘူးလို့ပဲပြောလိုက်နော် စိတ်ချမယ်နော် "

ပြောပြီးအိမ်ပေါ်တက်ပြေးသွားတာများလှစ်ခနဲပဲ ရှောင်းကျန့်နဲ့ရိပေါ်မှာဘာမှနားမလည်လိုက်သဖြင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက်ကျန်ခဲ့ကြသည်။

ဘယ်သူလာမလဲလို့စောင့်နေကြပေမယ့်ဘယ်သူမှတော့မလာခဲ့ပေ

ညရောက်မှနှစ်ယောက်သားကျိုးချန်အခန်းထဲဝင်ပြီးမနက်ကကိစ္စကိုမေးတော့အစကမပြောပြဘူး နောက်အတင်းမေးကာမှပြောပြတယ်

"ရှောင်းကျန့် ငါ့ရုပ်ကယောကျ်ားတွေကိုစိတ်ဝင်စားတဲ့ရုပ်ပေါက်နေလား"

"မသိဘူးလေ"

ဟုတ်တယ်လေ သူကြိုက်မကြိုက်ကိုငါကဘယ်သူလုပ်သိမှာတုန်း သူငယ်ချင်းတွေဆိုပေမယ့်ပေါ့

"ငါ့ရုပ်ကယောကျ်ားလေးတွေကြိုက်လောက်တဲ့ရုပ်ရောဖြစ်နေလား"

ရှောင်ကျန့် ဝူချန်းကိုအသေအချာကြည့်လိုက်ပြီး

"တစ်ခြားလူတော့မသိပေမယ့် ငါ့အကြိုက်ကတော့မင်းပုံစံလုံးဝကိုမဟုတ်တာ"

"ဟုတ်တယ် ကလေးအကြိုက်ကကိုယ်လေဟုတ်တယ်မလား"

ရှောင်ကျန့်စကားကြောင့်ဘေးနားကရိပေါ်ကဂုဏ်ဆာနေတဲ့လေသံကြီးနဲ့ဖက်ကာဝင်ပြောတယ်။

စောက်လင်လင်တွေ စိတ်ကကြည်နေတာမဟုတ်ဘူးနော် အသက်ကြီးချင်ကြီးမကြီးချင်နေ အကုန်ရောသမမွှေပြီးအခန်းပြင်ကန်ထုတ်ပစ်လိုက်လို့မကောင်းရှိတော့မယ်

"ခင်ဗျားအသာနေစမ်းပါ မင်းကရောဘာ့လို့ဒီလိုတွေမေးနေတာလဲ"

"ငါ... တကယ်တော့ဒီနေ့ ငါ့ကိုရှင်းယကသူ့အိမ်မှာထမင်းစားဖိတ်တယ် ငါလည်းဖိတ်တော့လိုက်စားတာပေါ့ အဲ့မှာသူ့အစ်ကိုဆိုတဲ့လူနဲ့မိတ်ဆက်ပေးတယ် မင်းသိပါတယ်ငါရှင်းယကိုနည်းနည်း စိတ်ဝင်စားနေတယ်ဆိုတာ"

"အင်း "

ဒါပေမယ့်ဟိုကမင်းကိုစိတ်မဝင်စားဘဲ တစ်ချိန်လုံးလင်ပေးစားဖို့ချောင်းနေတာလည်းသိတယ် အဟီး

"ငါလည်းသူ့အစ်ကိုဆိုတော့အလိုက်အထိုက်စကားပြန်ပြောတာပေါ့ ရှင်းယကငါတို့နှစ်ယောက်ကိုအိမ်မှာထားခဲ့ပြီးငါ့ကိုလည်းမခေါ်ဘဲဆေးခန်းကိုပြန်သွားတယ်လေ"

"အဲ့တော့"

"အဲ့မှာငါ့ကိုအဲ့လူကြီးကချစ်တယ်တဲ့ လက်ထပ်ချင်တယ်တဲ့ ငါ့ကိုလည်းကလေးဆိုပြီး ကလေးပြန်ချစ်လာအောင်ကိုယ်ကအစွမ်းကုန်ကြိုးစားမယ်ဆိုပြီးအနားကပ်လာလို့ ငါ့မှာဖိနပ်တောင်မစီးနိုင်ဘဲပြေးလာရတယ်"

ကျိုးချန်စကားကြောင့် ရိပေါ်နဲ့ရှောင်းကျန့်မှာပါးစပ်အဟောင်းသား

"ပြန်မယ် ပြန်မယ် ငါဒီမှာလုံးဝမနေနိုင်ဘူး"

ဝူချန်းကခါးခါးသီးသီးပြောရင်း luggageထဲကိုအင်္ကျီတွေကိုထည့်နေတော့တာပဲ။ရိပေါ်မှာကမန်းကတန်းမေးလိုက်ရတယ်

"နေ နေပါအုံး ရှင်းပိုင်ကောကတစ်ကယ်ကြီးမင်းကိုအဲ့လိုပြောတာလား"

"အဲ့လူနာမည်လား ဟာ မသိချင်ဘူး ဒီမှာမနေချင်တာပဲသိတယ် ပြန်မယ် မနက်ဖြန်ပြန်မယ် ငါ့ကိုကားဂိတ်လိုက်ပို့ရှောင်းကျန့်"

ပုံမှန်ဆိုအေးဆေးနေတတ်တဲ့ရွာထဲကလူပျိုကြီးကဝူချန်းလိုဒေါသအိုးကိုသွားပြီးဒီလိုစကားပြောတယ်ဆိုတော့ ရိပေါ်မှာယုံတောင်မယုံနိုင် တော်သေးတာပေါ့မျက်နှာတွေဘာတွေစုတ်ပြတ်သွားအောင်ထိုးမခဲ့တာပဲကျေးဇူးတင်ရမယ်။

"အေးပါကွာ လိုက်ပို့ပါ့မယ် ဖြေးဖြေးလုပ်ပါ အိတ်ကြီးလည်းကွဲကုန်အုံးမယ်"

............................

"ရှောင်းကျန့်ရေ မပြီးသေးဘူးလားမြန်မြန်လုပ်ပါဟ လိုက်ပို့ရုံလေးတင်ကိုပြင်ဆင်မနေနဲ့ "

မနက်၄နာရီတည်းကအခန်းတံခါးခေါက်ကာလာလာပြောနေတဲ့ဝူချန်းကဒီရွာမှာတစ်စက္ကန့်လေးတောင်နေချင်စိတ်မရှိတဲ့ပုံပဲ

"လာပါပြီကွာ မင်းကလည်းကားသမားကခုမှချီးယိုသေးပေါက်တုန်းနေမယ် "

"ပြီးပြီလား သွားမယ်လာ"

ဝူချန်းကရှောင်းကျန့်လက်ကိုအတင်းဆွဲကာခေါ်တော့ ရှောင်းကျန့်နာသွားလို့အော်လိုက်တယ် ရှောင်းကျန့်အသံကြားတော့အခန်းထဲကရိပေါ်ကထွက်လာပြီးပြာပြာသလဲနဲ့

"ကလေး ဘာဖြစ်လို့လဲ နာနေလို့လား ကိုယ်တောင်းပန်ပါတယ်ညကအရမ်း.."

ရှောင်းကျန့် ဝမ်ရိပေါ်ပါးစပ်ကြီးကိုအတင်းပိတ်ရတော့သည်။ဘယ်သူကအဲ့အကြောင်းတွေပြောခိုင်းနေလို့လဲ ဒီ...

"ဘာတွေပြောနေတာလဲ"

"အမယ်လေး ပိတ်မနေနဲ့မင်းတို့အခန်းကအသံတွေငါညကအကုန်ကြားတယ်"

ဟမ်!!

သွားပါပြီ အဲ့ဒါဟိုနှာဘူးကြီးကြောင့် ဒီနေ့ညတော့သေပြတောင်ညစာမကျွေးဘူး မှတ်

...............................

"အန်တီတို့ကိုလည်းပြောလိုက်ပါအုံးနှုတ်ဆက်ခဲ့ပါတယ်လို့ "

ဝူချန်းကကားပေါ်ကနေလှမ်းနှုတ်ဆက်တယ်။

"အေးပါ"

"ရှောင်းကျန့် ဒီနားကိုလာအုံး"

ရှောင်းကျန့်လည်းကားပြတင်းပေါက်နားတိုးပေးတော့ ဝူချန်းက

"မင်းတို့အိမ်ခွဲနေဖို့စိတ်ကူးမရှိဘူးလား"

"ဘာ့လို့လဲ"

"အသံတွေထွက်နေလို့လေ အောက်ထပ်ကမင်းမေမေတို့သာကြားရင်ဘယ်လိုလုပ်မလဲ ငါကစေတနာနဲ့သတိပေးတာ"

ရှောင်းကျန့်မှာပါးတွေရဲလာပြီးဝူချန်းခေါင်းကိုလှမ်းခေါက်တော့သည်။

"သူတောင်းစား မင်းကမြွေကိုက်တာမမြင်ဘူးဖားအော်သံပဲကြားတာမလား လဒရဲ့"

"ငါက စေတနာနဲ့ပြောတာကို လုပ်ရက်တယ် ဟင့်"

မင်းကြီးဒေါ်ကြီးပဲ စေတနာထားလိုက်

"မားတို့ကိုလည်းပြောလိုက်ပါအုံး ကျန်းမာရေးဂရုစိုက်လို့ အားတဲ့တစ်နေ့လည်ရအောင်လာခဲ့မယ်လို့"

"အေး "

"အဲ့ဒါဆိုငါပြန်ပြီနော် မင်းလူကြီးကကားပေါ်ထိတော့မလိုက်လာလောက်ပါဘူး ဟုတ်တယ်မလား"

"အဲ့လူအကြောင်းမပြောစမ်းပါနဲ့ နမိတ်မရှိနမာမရှိ ငါအိမ်ပြန်ရောက်ရင်တစ်ယောက်ယောက်နဲ့လက်ထပ်တော့မှာ ငါ့ရဲ့အိပ်မက်ဆိုးကြီးကိုဒီမှာပဲထားခဲ့တော့မယ်"

"ဟား ဟား အေးပါကွာ ပြန်တော့နော်ဝူချန်း"

ဝူချန်းစီးသွားတဲ့ကားထွက်ခွာမှရှောင်းကျန့်လည်းကားဂိတ်အပြင်ကိုထွက်လာခဲ့လိုက်တယ်။ရိပေါ်ကကားဂိတ်အဝမှာရပ်စောင့်နေသည်မဟုတ်ပါလား အိမ်မှာနေခဲ့ခိုင်းတာကိုလိုက်ဖြစ်အောင်လိုက်လာတယ် ပြောလို့ဆိုလို့ကိုမရဘူး

"ကလေးကလည်းကြာလိုက်တာ"

"ခင်ဗျားကဘယ်လိုကြောင့်ပါလာတာလဲ နေခဲ့လို့ပြောထားတာကို ကျွန်တော့်စကားနားမထောင်ဘူးပေါ့လေ"

"မဟုတ်ပါဘူး ကိုယ်လည်းလူတစ်ယောက်ကိုလာပို့တာ"

"ဘယ်သူလဲ"

ချက်ချင်းမျက်နှာတင်းတင်းလေသံမာမာနဲ့ရှောင်းကျန့်ရဲ့မေးပုံကြောင့် ရိပေါ်မှာပြာပြာသလဲရှင်းပြလိုက်ရတယ်

"ရှင်းပိုင်ကောပါ အိမ်လာပြီးသူ့ကလေးနောက်ကိုလိုက်ပို့ပေးပါဆိုလို့ အတင်းပြောနေတာနဲ့ကိုယ်လည်းနားပူမခံနိုင်လို့..လိုက်ပို့ပေးလိုက်တာ"

"သြော်...ဘာ!! ရှင်းပိုင်ကော? သူအခုဘယ်မှာလဲ"

"ကားပေါ်ပါသွားရောပေါ့"

"ဘယ်ကားလဲ မဟုတ်မှ..."

"ဟုတ်တယ် ဝူချန်းစီးတဲ့ကားမှာ သူ့ဘေးမှာပါထိုင်ရအောင်သေချာစီစဥ်ပေးလိုက်တယ်"

ရှောင်းကျန့်မှာရိပေါ်နဲ့ရှင်းပိုင်ကောအစားခေါင်းတွေတောင်ကျိန်းလာသလိုရှိလာတယ်။

ဘယ်လိုသတ္တိနဲ့များဝူချန်းဘေးကိုပို့လိုက်ပါလိမ့် ဟိုကလည်းတော်တော်သတ္တိကောင်းတာပဲဘေးနားမှာတောင်ထိုင်ပြီးလိုက်မှာတဲ့ အမယ်လေး ကားပေါ်မှာလူသတ်မှုတွေဖြစ်နေရင်တော့ကိုယ်ကျိုးတွေနည်းရချည်ရဲ့ အဲ့ဒါထက်ငါ့သူငယ်ချင်းကိုဟိုလူကြီးက

ရှောင်းကျန့်မျက်နှာကြီးမည်းလာပြီးရိပေါ်ကိုကြည့်ကာ

"ခင်ဗျားတော်တော်သတ္တိတွေကောင်းနေတယ်ပေါ့ ဟုတ်လား"

လက်တစ်ဖက်ကရိပေါ်နားရွက်ကိုဆွဲပြီးတစ်ဖက်ကဗိုက်ကြောကိုလိမ်လိုက်သည်။

"အ့ အား နာတယ် ကလေးရဲ့လွှတ်ပါအုံး"

"မလွှတ်ဘူး ကျွန်တော့်သူငယ်ချင်းနုနုထွတ်ထွတ်လေးကိုခင်ဗျားကအဲ့လူပျိုသိုးကြီးကို ရော့ အင့် ဆိုပြီးပစ်ပေးလိုက်တာလေ"

"ကိုယ်ကစေတနာနဲ့မြားနတ်မောင်လုပ်... အား!! တောင်းပန်ပါတယ် လွှတ်ပေးပါနော် အား နာတယ်လို့!!"

ထိုနေ့ကတော့ကားဂိတ်မှာမယားကလုပ်လို့တအားအားအော်နေတဲ့ကောင်လေးနဲ့ကားပေါ်မှာမျက်ရည်မိုးရွာသွန်းနေတဲ့ကောင်လေးတစ်ယောက်လည်းရှိပေသည်။

" ငါမိန်းမယူမလို့အိမ်ပြန်တာလေ ဘယ်ကယောကျ်ားကပါလာရပြန်တာလဲ အယုတ်တမာရှောင်းကျန့် ဒါမင်းလက်ချက်ပဲနေမယ် အီး ဟီး ဟီး..."

"ကိုယ့်ကိုတာဝန်ယူရမယ်နော် သူစိမ်းတွေကြားထဲခေါ်လာပြီးပစ်ထားလို့ကတော့..."

"အီး ဟီး ငလူးကြီး ခင်ဗျားကိုဘယ်သူကခေါ်လို့လဲ သူ့ဘာသာလိုက်လာပြီးတော့ ဗြဲ..."

"ဘာပဲဖြစ်ဖြစ်တာဝန်ယူရမယ် ဒါပဲ"

ခင်ဗျားကြီးဒေါ်ကြီးပဲတာဝန်ယူခိုင်း ငလူးကောင်ရဲ့ ဗြဲ...






......

Zawgyi

"ရွင္းယ ပင္ပန္းေနၿပီလား"

"မပင္ပန္းပါဘူးရွင္ ဘာမွမလုပ္ရတာဘယ္ကပင္ပန္းရမွာလဲ"

ဝူခ်န္းမရိွၿပံဳးၿပံဳးကာေခါင္းၿငိမ့္လိုက္တယ္ ဟုတ္ေတာ့လည္းဟုတ္တယ္ရြာရဲ့ေဆးခန္းပါဆိုမွဘာအလုပ္လုပ္ရမွာလဲ တစ္ေန့တစ္ေန့ေဆးခန္းသန႔္ရွင္းေရးလုပ္ လူနာလာရင္ေဆးကု ဒါလည္းသူကုစရာမွမလိုပဲေရွာင္းက်န႔္နဲ႔ငါပဲကုရတာေလ သူကေရးေပးလိုက္တဲ့ေဆးကိုေပးလိုက္ရံုပဲ တစ္ပတ္တစ္ခါေတာ့ပင္ပန္းတယ္ ေရွာင္းက်န႔္ကတစ္ပတ္ျပၫ့္တိုင္းအနားကရြာေတြကိုသြားၿပီးက်န္းမာေရးအေျခအေနကိုစစ္ေဆးေပးတယ္ အဲ့အခ်ိန္ေလးပဲရြာစဉ္ေလ်ွာက္သြားရလို႔ပင္ပန္းတယ္

"ဒါနဲ႔ ခ်န္းေကာ ဆရာသက္သာရဲ့လားေနမေကာင္းျဖစ္ေနတယ္ဆို"

"သူလား.. သက္သာေနပါၿပီ"

"ခ်န္းေကာ ဟိုေလ.."

"ေျပာပါ ရွင္းယရဲ့"

ရွင္းယပံုကအနည္းငယ္ရွက္ရြံ႔သလိုျဖစ္ေနတာေၾကာင့္ ဝူခ်န္းစကားလမ္းေၾကာင္းစေပးလိုက္တယ္

"ဒီေန့ ေန့လည္စာ ရွင္းယတို႔အိမ္မွာလိုက္စားပါလားဟင္ ခ်န္းေကာ"

ဘယ္လို ဘယ္လို ငါနားၾကားမွားတာေတာ့မဟုတ္ဘူးမလား ရွင္းယကငါ့ကိုေန့လည္စာစားဖို႔ဖိတ္ေနတာတဲ့လား ဒါမ်ိဳးအခြင့္အေရးလက္လႊတ္ခံလို႔ဘယ္ျဖစ္မလဲ အဟီ

"စားမယ္ စားမယ္ ေကြၽးမယ့္သူကေကြၽးတာကိုမစားရင္ ရိုင္းရာက်မွာေပါ့"

"ဒါေပါ့ ဒါေပါ့ ဒါဆိုအိမ္ျပန္ရင္လိုက္ခဲ့ေတာ့ေနာ္ ခ်န္းေကာ"

မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္လုပ္ၿပီးေျပာေနတဲ့ရွင္းယကိုၾကၫ့္ရင္းေဘးမွာပန္းေတြပြင့္လာသလိုေတာင္ျမင္ေနရတယ္။

"အင္း"

ဝူခ်န္​းကတိေပးလိုက္ေတာ့ေပ်ာ္ရႊင္သြားတဲ့ရွင္းယကမ်က္လံုးေလးေတြပိတ္သြားတဲ့အထိသေဘာတက်ၿပံဳးျပေနေလရဲ့ မင္းအၿပံဳးေလးကလွလိုက္တာ

ထိုျဖဴစင္လွပလြန္းတဲ့အၿပံဳးေနာက္ကြယ္ကမဟာစီမံကိန္းႀကီးကိုေတာ့ဝူခ်န္းတစ္ေယာက္မျမင္ႏိုင္ခဲ့ပါေပ။

..................................................

စားေသာက္ၿပီးစကားမ်ားေနတဲ့မိန္ဂြာမကအတင္းႏွင္လႊတ္မွမျပန္ခ်င္ျပန္ခ်င္နဲ႔ျပန္တယ္ ဒါေတာင္ေနာက္ေန့ေတြထပ္လာခဲ့အံုးမယ္လို႔တတြတ္တြတ္ေျပာသြားေသးသည္။

ေနာက္ေန့ထပ္လာၿပီးစကားမ်ားရင္တစ္ကယ္ႀကီးနားထဲကေသြးေတြထြက္ေတာ့မယ္ထင္တယ္

"ကိုကို အဲ့အစ္မကအရမ္းစကားမ်ားတာပဲ ကြၽန္ေတာ္ေတာင္အဲ့ေလာက္မမ်ားဘူး"

ေရွာင္းက်န႔္ကျပန္သြားၿပီျဖစ္တဲ့က်ိဳးဝမ္ယြီအားေျပာလိုက္တယ္ သူေခၚမိတဲ့နာမ္စားကိုေတာင္သတိမထားမိဘဲနဲ႔ေပါ့

ဝမ္ရိေပၚကေတာ့အမွတ္မထင္ေခၚမိသြားတဲ့သူ႔အတြက္အမည္နာမ္စားအားသေဘာက်ကာၿပံဳးစိစိ မ်က္ႏွာႀကီးကပ်ားရည္အိုးေမွာက္က်သြားတဲ့အတိုင္းပဲၿပံဳးၿဖီးလို႔ ဒါေပမယ့္သြားမစရဲဘူး ဒီအတိုင္းေလးပဲေဖာေရွာလိုက္တာပိုအဆင္ေျပတယ္

"သူကအဲ့လိုပဲ ငယ္ငယ္တည္းက​ေ-ာက္စကားကအရမ္းမ်ားတာ အဲ့ဒါေၾကာင့္ခုခ်ိန္ထိဘဲမရေသးတာပဲၾကၫ့္ သူ႔ေလေၾကာကိုဘယ္သူမွမခံႏိုင္တာေလ အဟား"

ေအာ ဒီလိုမ်ိဳးလည္းသူမ်ားအတင္းကိုေျပာတတ္ေသးတာလား မထင္ရဘူးေနာ္ အစ္ကိုႀကီး

"ခင္ဗ်ားကလည္း သူမ်ားသားသမီးကို ဒါေပမယ့္အစ္မဝမ္ယြီကသေဘာေကာင္းပါတယ္ မၾကာခင္သူလည္းေကာင္းတဲ့လူတစ္ေယာက္နဲ႔ေတြ့မွာေပါ့"

"ေတြ့ပါေစေပါ့"

ရိေပၚစကားေၾကာင့္ေရွာင္းက်န႔္မ်က္ေစာင္းထိုးကာၾကၫ့္လိုက္တယ္ ထိုစဉ္အိမ္ထဲကိုအေမာတေကာေျပးဝင္လာတဲ့ဝူခ်န္း ေနာက္ကိုလည္းမလံုသလိုၾကၫ့္လာေသးတယ္။

"က်ိဳးခ်န္ ဘာျဖစ္လာတာလဲ ဘာျဖစ္လာလို႔လဲ"

"ေရွာင္းက်န႔္ငါ့ကိုလူတစ္ေယာက္လာရွာရင္မရိွဘူးေျပာလိုက္စမ္းပါ ၿပီးေတာ့မနက္ျဖန္က်ရင္ ငါ ငါ ျပန္ေတာ့မယ္ ဒီမွာေနရင္အဲ့လူနဲ႔ဆက္ေတြ့ေနရအံုးမယ္"

"ဘယ္ကလူလဲ  ငါတို႔ကိုေသခ်ာေျပာေလ"

"ၿပီးမွေျပာမယ္ အခုေလာေလာဆယ္ဘယ္သူေမးေမးငါမရိွဘူးလို႔ပဲေျပာလိုက္ေနာ္ စိတ္ခ်မယ္ေနာ္ "

ေျပာၿပီးအိမ္ေပၚတက္ေျပးသြားတာမ်ားလွစ္ခနဲပဲ ေရွာင္းက်န႔္နဲ႔ရိေပၚမွာဘာမွနားမလည္လိုက္သျဖင့္တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကၫ့္လ်က္က်န္ခဲ့ၾကသည္။

ဘယ္သူလာမလဲလို႔ေစာင့္ေနၾကေပမယ့္ဘယ္သူမွေတာ့မလာခဲ့ေပ

ညေရာက္မွႏွစ္ေယာက္သားက်ိဳးခ်န္အခန္းထဲဝင္ၿပီးမနက္ကကိစၥကိုေမးေတာ့အစကမေျပာျပဘူး ေနာက္အတင္းေမးကာမွေျပာျပတယ္

"ေရွာင္းက်န္႔ ငါ့ရုပ္ကေယာက်္ားေတြကိုစိတ္ဝင္စားတဲ့ရုပ္ေပါက္ေနလား"

"မသိဘူးေလ"

ဟုတ္တယ္ေလ သူႀကိဳက္မႀကိဳက္ကိုငါကဘယ္သူလုပ္သိမွာတုန္း သူငယ္ခ်င္းေတြဆိုေပမယ့္ေပါ့

"ငါ့ရုပ္ကေယာက်္ားေလးေတြႀကိဳက္ေလာက္တဲ့ရုပ္ေရာျဖစ္ေနလား"

ေရွာင္က်န္႔ ဝူခ်န္းကိုအေသအခ်ာၾကည့္လိုက္ၿပီး

"တစ္ျခားလူေတာ့မသိေပမယ့္ ငါ့အႀကိဳက္ကေတာ့မင္းပံုစံလံုးဝကိုမဟုတ္တာ"

"ဟုတ္တယ္ ကေလးအႀကိဳက္ကကိုယ္ေလဟုတ္တယ္မလား"

ေရွာင္က်န္႔စကားေၾကာင့္ေဘးနားကရိေပၚကဂုဏ္ဆာေနတဲ့ေလသံႀကီးနဲ႔ဖက္ကာဝင္ေျပာတယ္။

ေစာက္လင္လင္ေတြ စိတ္ကၾကည္ေနတာမဟုတ္ဘူးေနာ္ အသက္ႀကီးခ်င္ႀကီးမႀကီးခ်င္ေန အကုန္ေရာသမေမႊၿပီးအခန္းျပင္ကန္ထုတ္ပစ္လိုက္လို႔မေကာင္းရိွေတာ့မယ္

"ခင္ဗ်ားအသာေနစမ္းပါ မင္းကေရာဘာ့လို႔ဒီလိုေတြေမးေနတာလဲ"

"ငါ... တကယ္ေတာ့ဒီေန့ ငါ့ကိုရွင္းယကသူ႔အိမ္မွာထမင္းစားဖိတ္တယ္ ငါလည္းဖိတ္ေတာ့လိုက္စားတာေပါ့ အဲ့မွာသူ႔အစ္ကိုဆိုတဲ့လူနဲ႔မိတ္ဆက္ေပးတယ္ မင္းသိပါတယ္ငါရွင္းယကိုနည္းနည္း စိတ္ဝင္စားေနတယ္ဆိုတာ"

"အင္း "

ဒါေပမယ့္ဟိုကမင္းကိုစိတ္မဝင္စားဘဲ တစ္ခ်ိန္လံုးလင္ေပးစားဖို႔ေခ်ာင္းေနတာလည္းသိတယ္ အဟီး

"ငါလည္းသူ႔အစ္ကိုဆိုေတာ့အလိုက္အထိုက္စကားျပန္ေျပာတာေပါ့ ရွင္းယကငါတို႔ႏွစ္ေယာက္ကိုအိမ္မွာထားခဲ့ၿပီးငါ့ကိုလည္းမေခၚဘဲေဆးခန္းကိုျပန္သြားတယ္ေလ"

"အဲ့ေတာ့"

"အဲ့မွာငါ့ကိုအဲ့လူႀကီးကခ်စ္တယ္တဲ့ လက္ထပ္ခ်င္တယ္တဲ့ ငါ့ကိုလည္းကေလးဆိုၿပီး ကေလးျပန္ခ်စ္လာေအာင္ကိုယ္ကအစြမ္းကုန္ႀကိဳးစားမယ္ဆိုၿပီးအနားကပ္လာလို႔ ငါ့မွာဖိနပ္ေတာင္မစီးႏိုင္ဘဲေျပးလာရတယ္"

က်ိဳးခ်န္စကားေၾကာင့္ ရိေပၚနဲ႔ေရွာင္းက်န္႔မွာပါးစပ္အေဟာင္းသား

"ျပန္မယ္ ျပန္မယ္ ငါဒီမွာလံုးဝမေနႏိုင္ဘူး"

ဝူခ်န္းကခါးခါးသီးသီးေျပာရင္း luggageထဲကိုအက်ႌေတြကိုထည့္ေနေတာ့တာပဲ။ရိေပၚမွာကမန္းကတန္းေမးလိုက္ရတယ္

"ေန ေနပါအံုး ရွင္းပိုင္ေကာကတစ္ကယ္ႀကီးမင္းကိုအဲ့လိုေျပာတာလား"

"အဲ့လူနာမည္လား ဟာ မသိခ်င္ဘူး ဒီမွာမေနခ်င္တာပဲသိတယ္ ျပန္မယ္ မနက္ျဖန္ျပန္မယ္ ငါ့ကိုကားဂိတ္လိုက္ပို႔ေရွာင္းက်န္႔"

ပံုမွန္ဆိုေအးေဆးေနတတ္တဲ့ရြာထဲကလူပ်ိဳႀကီးကဝူခ်န္းလိုေဒါသအိုးကိုသြားၿပီးဒီလိုစကားေျပာတယ္ဆိုေတာ့ ရိေပၚမွာယံုေတာင္မယံုႏိုင္ ေတာ္ေသးတာေပါ့မ်က္ႏွာေတြဘာေတြစုတ္ျပတ္သြားေအာင္ထိုးမခဲ့တာပဲေက်းဇူးတင္ရမယ္။

"ေအးပါကြာ လိုက္ပို႔ပါ့မယ္ ေျဖးေျဖးလုပ္ပါ အိတ္ႀကီးလည္းကြဲကုန္အံုးမယ္"

............................

"ေရွာင္းက်န္႔ေရ မၿပီးေသးဘူးလားျမန္ျမန္လုပ္ပါဟ လိုက္ပို႔ရံုေလးတင္ကိုျပင္ဆင္မေနနဲ႔ "

မနက္၄နာရီတည္းကအခန္းတံခါးေခါက္ကာလာလာေျပာေနတဲ့ဝူခ်န္းကဒီရြာမွာတစ္စကၠန္႔ေလးေတာင္ေနခ်င္စိတ္မရိွတဲ့ပံုပဲ

"လာပါၿပီကြာ မင္းကလည္းကားသမားကခုမွခ်ီးယိုေသးေပါက္တုန္းေနမယ္ "

"ၿပီးၿပီလား သြားမယ္လာ"

ဝူခ်န္းကေရွာင္းက်န္႔လက္ကိုအတင္းဆြဲကာေခၚေတာ့ ေရွာင္းက်န္႔နာသြားလို႔ေအာ္လိုက္တယ္ ေရွာင္းက်န္႔အသံၾကားေတာ့အခန္းထဲကရိေပၚကထြက္လာၿပီးျပာျပာသလဲနဲ႔

"ကေလး ဘာျဖစ္လို႔လဲ နာေနလို႔လား ကိုယ္ေတာင္းပန္ပါတယ္ညကအရမ္း.."

ေရွာင္းက်န္႔ ဝမ္ရိေပၚပါးစပ္ႀကီးကိုအတင္းပိတ္ရေတာ့သည္။ဘယ္သူကအဲ့အေၾကာင္းေတြေျပာခိုင္းေနလို႔လဲ ဒီ...

"ဘာေတြေျပာေနတာလဲ"

"အမယ္ေလး ပိတ္မေနနဲ႔မင္းတို႔အခန္းကအသံေတြငါညကအကုန္ၾကားတယ္"

ဟမ္!!

သြားပါၿပီ အဲ့ဒါဟိုႏွာဘူးႀကီးေၾကာင့္ ဒီေန့ညေတာ့ေသျပေတာင္ညစာမေကြၽးဘူး မွတ္

...............................

"အန္တီတို႔ကိုလည္းေျပာလိုက္ပါအံုးႏႈတ္ဆက္ခဲ့ပါတယ္လို႔ "

ဝူခ်န္းကကားေပၚကေနလွမ္းႏႈတ္ဆက္တယ္။

"ေအးပါ"

"ေရွာင္းက်န္႔ ဒီနားကိုလာအံုး"

ေရွာင္းက်န္႔လည္းကားျပတင္းေပါက္နားတိုးေပးေတာ့ ဝူခ်န္းက

"မင္းတို႔အိမ္ခြဲေနဖို႔စိတ္ကူးမရိွဘူးလား"

"ဘာ့လို႔လဲ"

"အသံေတြထြက္ေနလို႔ေလ ေအာက္ထပ္ကမင္းေမေမတို႔သာၾကားရင္ဘယ္လိုလုပ္မလဲ ငါကေစတနာနဲ႔သတိေပးတာ"

ေရွာင္းက်န္႔မွာပါးေတြရဲလာၿပီးဝူခ်န္းေခါင္းကိုလွမ္းေခါက္ေတာ့သည္။

"သူေတာင္းစား မင္းကေႁမြကိုက္တာမျမင္ဘူးဖားေအာ္သံပဲၾကားတာမလား လဒရဲ့"

"ငါက ေစတနာနဲ႔ေျပာတာကို လုပ္ရက္တယ္ ဟင့္"

မင္းႀကီးေဒၚႀကီးပဲ ေစတနာထားလိုက္

"မားတို႔ကိုလည္းေျပာလိုက္ပါအံုး က်န္းမာေရးဂရုစိုက္လို႔ အားတဲ့တစ္ေန့လည္ရေအာင္လာခဲ့မယ္လို႔"

"ေအး "

"အဲ့ဒါဆိုငါျပန္ၿပီေနာ္ မင္းလူႀကီးကကားေပၚထိေတာ့မလိုက္လာေလာက္ပါဘူး ဟုတ္တယ္မလား"

"အဲ့လူအေၾကာင္းမေျပာစမ္းပါနဲ႔ နမိတ္မရိွနမာမရိွ ငါအိမ္ျပန္ေရာက္ရင္တစ္ေယာက္ေယာက္နဲ႔လက္ထပ္ေတာ့မွာ ငါ့ရဲ့အိပ္မက္ဆိုးႀကီးကိုဒီမွာပဲထားခဲ့ေတာ့မယ္"

"ဟား ဟား ေအးပါကြာ ျပန္ေတာ့ေနာ္ဝူခ်န္း"

ဝူခ်န္းစီးသြားတဲ့ကားထြက္ခြာမွေရွာင္းက်န္႔လည္းကားဂိတ္အျပင္ကိုထြက္လာခဲ့လိုက္တယ္။ရိေပၚကကားဂိတ္အဝမွာရပ္ေစာင့္ေနသည္မဟုတ္ပါလား အိမ္မွာေနခဲ့ခိုင္းတာကိုလိုက္ျဖစ္ေအာင္လိုက္လာတယ္ ေျပာလို႔ဆိုလို႔ကိုမရဘူး

"ကေလးကလည္းၾကာလိုက္တာ"

"ခင္ဗ်ားကဘယ္လိုေၾကာင့္ပါလာတာလဲ ေနခဲ့လို႔ေျပာထားတာကို ကြၽန္ေတာ့္စကားနားမေထာင္ဘူးေပါ့ေလ"

"မဟုတ္ပါဘူး ကိုယ္လည္းလူတစ္ေယာက္ကိုလာပို႔တာ"

"ဘယ္သူလဲ"

ခ်က္ခ်င္းမ်က္ႏွာတင္းတင္းေလသံမာမာနဲ႔ေရွာင္းက်န္႔ရဲ့ေမးပံုေၾကာင့္ ရိေပၚမွာျပာျပာသလဲရွင္းျပလိုက္ရတယ္

"ရွင္းပိုင္ေကာပါ အိမ္လာၿပီးသူ႔ကေလးေနာက္ကိုလိုက္ပို႔ေပးပါဆိုလို႔ အတင္းေျပာေနတာနဲ႔ကိုယ္လည္းနားပူမခံႏိုင္လို႔..လိုက္ပို႔ေပးလိုက္တာ"

"ေၾသာ္...ဘာ!! ရွင္းပိုင္ေကာ? သူအခုဘယ္မွာလဲ"

"ကားေပၚပါသြားေရာေပါ့"

"ဘယ္ကားလဲ မဟုတ္မွ..."

"ဟုတ္တယ္ ဝူခ်န္းစီးတဲ့ကားမွာ သူ႔ေဘးမွာပါထိုင္ရေအာင္ေသခ်ာစီစဥ္ေပးလိုက္တယ္"

ေရွာင္းက်န္႔မွာရိေပၚနဲ႔ရွင္းပိုင္ေကာအစားေခါင္းေတြေတာင္က်ိန္းလာသလိုရိွလာတယ္။

ဘယ္လိုသတၲိနဲ႔မ်ားဝူခ်န္းေဘးကိုပို႔လိုက္ပါလိမ့္ ဟိုကလည္းေတာ္ေတာ္သတၲိေကာင္းတာပဲေဘးနားမွာေတာင္ထိုင္ၿပီးလိုက္မွာတဲ့ အမယ္ေလး ကားေပၚမွာလူသတ္မႈေတျြဖစ္ေနရင္ေတာ့ကိုယ္က်ိဳးေတြနည္းရခ်ည္ရဲ့ အဲ့ဒါထက္ငါ့သူငယ္ခ်င္းကိုဟိုလူႀကီးက

ေရွာင္းက်န္႔မ်က္ႏွာႀကီးမည္းလာၿပီးရိေပၚကိုၾကည့္ကာ

"ခင္ဗ်ားေတာ္ေတာ္သတၲိေတြေကာင္းေနတယ္ေပါ့ ဟုတ္လား"

လက္တစ္ဖက္ကရိေပၚနားရြက္ကိုဆြဲၿပီးတစ္ဖက္ကဗိုက္ေၾကာကိုလိမ္လိုက္သည္။

"အ့ အား နာတယ္ ကေလးရဲ့လႊတ္ပါအံုး"

"မလႊတ္ဘူး ကြၽန္ေတာ့္သူငယ္ခ်င္းႏုႏုထြတ္ထြတ္ေလးကိုခင္ဗ်ားကအဲ့လူပ်ိဳသိုးႀကီးကို ေရာ့ အင့္ ဆိုၿပီးပစ္ေပးလိုက္တာေလ"

"ကိုယ္ကေစတနာနဲ႔ျမားနတ္ေမာင္လုပ္... အား!! ေတာင္းပန္ပါတယ္ လႊတ္ေပးပါေနာ္ အား နာတယ္လို႔!!"

ထိုေန့ကေတာ့ကားဂိတ္မွာမယားကလုပ္လို႔တအားအားေအာ္ေနတဲ့ေကာင္ေလးနဲ႔ကားေပၚမွာမ်က္ရည္မိုးရြာသြန္းေနတဲ့ေကာင္ေလးတစ္ေယာက္လည္းရိွေပသည္။

" ငါမိန္းမယူမလို႔အိမ္ျပန္တာေလ ဘယ္ကေယာက်္ားကပါလာရျပန္တာလဲ အယုတ္တမာေရွာင္းက်န္႔ ဒါမင္းလက္ခ်က္ပဲေနမယ္ အီး ဟီး ဟီး..."

"ကိုယ့္ကိုတာဝန္ယူရမယ္ေနာ္ သူစိမ္းေတြၾကားထဲေခၚလာၿပီးပစ္ထားလို႔ကေတာ့..."

"အီး ဟီး ငလူးႀကီး ခင္ဗ်ားကိုဘယ္သူကေခၚလို႔လဲ သူ႔ဘာသာလိုက္လာၿပီးေတာ့ ၿဗဲ..."

"ဘာပဲျဖစ္ျဖစ္တာဝန္ယူရမယ္ ဒါပဲ"

ခင္ဗ်ားႀကီးေဒၚႀကီးပဲတာဝန္ယူခိုင္း ငလူးေကာင္ရဲ့ ၿဗဲ...






......






Continue Reading

You'll Also Like

2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader β”• 𝐈𝐧 𝐰𝐑𝐒𝐜𝐑, (y/n) dies and for some strange reason, reincarnates as a ...
1M 54.4K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
31.6K 795 49
Sundrop/moondrop x child reader (platonic) fanfic Tw: angst, blood, death, suicide menstions, wounds, and more
853K 39.7K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...