Spring in yours

De Miz4JW

41.7K 3.3K 41

......My spring was born in your eyes ..... Mais

.1.
.2.
.3.
.4.
.6.
.7.
. 8 .
.9.
.10.
.11.
.12.
.13.
.14.
.15. Finale

.5.

2.4K 211 0
De Miz4JW

" ရိေပၚ  ရိေပၚ"

" က်န္႔ေကာ ဘာျဖစ္လို႔ေျပးလာတာလဲ
ျဖည္းျဖည္းလာတာမဟုတ္ဘူးကြၽန္ေတာ္ေစာင့္ေန
မွာေပါ့"

"ဟီး ရိေပၚကိုမမီလိုက္မွာစိုးလို႔"

"အေရးႀကိ္ီးကိစၥရွိလို႔လား"

"အာ မဟုတ္ပါဘူး ဒီအတိုင္း"

ေနာက္ေက်ာေလးလွမ္းျမင္လိုက္ရံုနဲ႔
အေမာတေကာေျပးလိုက္လာခဲ့တာေၾကာင့္
ေရွာင္းက်န္႔မွာေျဖစရာအေျဖမရွိ

"ဒီအတိုင္း အတူတူသြားခ်င္လို႔"

တင္းတင္းေစ့ထားတဲ့ႏႈတ္ခမ္းေဖာင္းေဖာင္းေလး
ေတြကေရွာင္းက်န္႔အေျဖေၾကာင့္ထင္ပါရဲ႕
ၿပံဳးစစအသြင္ကိုကူးေျပာင္းတယ္

"အဲ့တာဆိုကြၽန္ေတာ္ကအိမ္သာသြားမွာ
လိုက္မွာလား"

ေခါင္းညိတ္ျပတဲ့ေရွာင္းက်န္႔ကိုၾကည့္ၿပီး
ရိေပၚကေခါင္းတခါခါနဲ႔သြားျဖဴျဖဴေတြေပၚတဲ့အထိ
ရယ္တယ္

တစ္ႏွစ္ေက်ာ္အတြင္းေက်ာင္းမွာသူငယ္ခ်င္းမရွိတဲ့
ရိေပၚကယာယီဘတ္စကတ္ေဘာနည္းျပျဖစ္တဲ့
ေရွာင္းက်န္႔နဲ့ေတာ့တစ္ပတ္ေက်ာ္အတြင္း
တတြဲတြဲေတြ႔ရတတ္တယ္

ေန႔ခင္းပိုင္းေလ့က်င့္ေရးဆင္းခ်ိန္ေလာက္ပဲ
လာစရာလိုတဲ့ခပ္ငယ္ငယ္နည္းျပေလးကလည္း
ရိေပၚတို႔အတန္းခ်ိန္အတိုင္းေက်ာင္းထပ္တက္
တယ္

ေက်ာင္းဝန္းထဲကဆာကူရာပင္ႀကီးေတြကေတာ့
မေတြ႔ရတာၾကာၿပီျဖစ္တဲ့ဝမ္ရိေပၚဆိုတဲ့လူငယ္ေလး ကိုလြမ္းေနၾကလို႔ျဖစ္မယ္
ဒီေန႔ေတာ့လူငယ္ေလးကေရာက္လာေလရဲ႕
အၿမဲတစ္ေယာက္တည္းလာတာကိုပဲျမင္ဖူးတဲ့
လူငယ္ေလးေဘးမွာေနာက္ထပ္လူငယ္ေလးတစ္
ေယာက္ကကပ္ပါလာတယ္

ဆာကူရာပင္ျကီးကအနည္းငယ္အံ့ျသသြားသလိုပင္
ပြင့္ဖတ္ေတြေျမျပင္ေပၚကိုပံုမွန္ထက္ပ္ိုသက္ဆင္း
ကုန္တယ္

"ရိေပၚကေႏြဦးပန္းေတြကိုသေဘာက်တယ္လို႔
ေျပာဖူးတယ္ေနာ္ သူတို႔ရဲ႕အဓိပၸာယ္ေတြကိုေရာ
သိလား"

ေခါင္းခါတဲ့ရိေပၚကိုၾကည့္ၿပီးေရွာင္းက်န္႔ကပါးေပၚက
ခပ္ေရးေရးအခ်ိဳင့္ေလးေပၚတဲ့အထိၿပံဳးတယ္

"မသိခ်င္ဘူးလား"

"သိေတာ့သ္ိခ်င္ေပမဲ့ ရွာရမွာပ်င္းတယ္"

ထပ္ၿပံဳးတဲ့ေရွာင္းက်န္႔ကိုၾကည့္မိတဲ့ရိေပၚရဲ႕
ဘယ္ဘက္ရင္အံုကေသြးခုန္နွုန္းတစ္ခ်က္ေစာင့္တုိးတယ္

ရပ္ကြက္ႏွစ္ခုေလာက္ျခားေနတာေတာင္အတင္း
လမ္းႀကံဳခ်င္ေနတဲ့ေရွာင္းက်န္႔ကိုရိေပၚကအတင္း
တြန္းလႊတ္ရတယ္

စက္ဘီးအျဖဴေလးစီဦးတည္ေတာ့ျခင္းေလးထဲမွာ
ဒုတိယေျမာက္ပန္းစည္းေလးကႀကိဳဆိုေနေလရဲ႕

ဒီေန့ေတာ့ျကိဳးအနီေလးနဲ႔စည္းထားတဲ့
ume (japanese apricot)ပန္းစည္း
ေလးမွာစိမ္းေဖ်ာ့ေဖ်ာ့ကတ္ေလးတစ္ခုကတိုးလို႔
ေနရာယူတယ္

ပံုမွန္အတိုင္းပါပဲအျဖဴေရာင္စက္ဘီးေလးက
ေက်ာင္းဝန္းထဲကတစ္ေရြ႕ေရြ႕ထြက္ခြာျပန္တယ္

မအိပ္ခ်င္ေသးတာမို႔အျဖဴေရာင္တံခါးေလးကိုဆြဲဖြင့္
ၿပီးခပ္က်ဥ္းက်ဥ္းဝရန္တာေလးကိုထြက္တဲ့အခါ
ခပ္စိမ့္စိမ့္ေလေအးေတြကမ်က္နွာေပၚ
အလုအယက္တိုးေဝွ့ျကတယ္

လက္ထဲကစိမ္ေဖ်ာ့ေဖ်ာ့ကတ္ေလးေပၚမွာေတာ့

~ မင္းအတြက္ကိုယ့္ရဲ႕အျဖဴေရာင္
ႏွလံုးသားငယ္ေလး ~

ဆိုတဲ့ခပ္ေသာ့ေသာ့စာလံုးေလးေတြက
ဝင့္ဝင့္ထည္ထည္

ျပန္ေရာက္လာထဲကလက္ထဲကမခ်ရေသးတဲ့ကတ္
ေလးကၾကည့္လိုက္မိတိုင္းရိေပၚရဲ႕ပါးေဖာင္းေဖာင္း
ေလးေတြကိုမို႔တက္ေနေစဖို႔စြမ္းတယ္

Tokyoရဲ႕မီးေရာင္ေတြေအာက္မွာ
စံုစံုလင္လင္မျမင္ရတဲ့ၾကယ္ေတြေၾကာင့္လားပဲ
ခပ္ခံုးခံုးလေလးက ေႏြဦးရဲ႕တိမ္ကင္းလို႔ၾကည္စင္
ေနတဲ့ညေကာင္းကင္မွာ ခပ္ေမာ့ေမာ့ေတာက္ပ
တယ္

ျမို့ျပရဲ့မီးေရာင္ေတြနဲ့ဖံုးကြယ္ခံထားရတဲ့ၾကယ္
ေလးေတြကရိေပၚရဲ႕မ်က္လံုးထဲမွာေတာ့
တလက္လက္နဲ႔အစီအရီေတာက္ပေနၾကတုန္းပဲ

အိတ္ကပ္ထဲမွာထည့္ထားတဲ့ဖုန္းရဲ႕အနည္းငယ္
တုန္ခါမႈေၾကာင့္ဖြင့္ၾကည့္တဲ့အခါဒုတိယေျမာက္
စာတိုတစ္ေစာင္ကိုလက္ခံရရွိတယ္

~စစ္မွန္ျခင္းအျပည့္နဲ့နွလံုးသားငယ္ကေကာင္ေလး
အတြက္သီးသန္႔ျဖစ္တည္ခဲ့တာ~

<<Your Spring>>


ဒီီေန႔ညအတြက္ရိေပၚရဲ႕အၿပံဳးေတြကလည္း
ခပ္ခံုးခံုးလေလးလိုပဲၾကယ္ကင္းစင္တဲ့ေႏြဦးည
မွာေအးစိမ့္စိမ့္ေလညင္းေတြေတာင္ေကြကြင္းသြား
ေလာက္ေအာင္ခပ္စူးစူးေတာက္ပေနခဲ့တယ္




### ume ပန္းေလးေတြရဲ႕အဓိပၸာယ္က
pure heartပါ

__________________________________

" ရိပေါ်  ရိပေါ်"

" ကျန့်ကော ဘာဖြစ်လို့ပြေးလာတာလဲ
ဖြည်းဖြည်းလာတာမဟုတ်ဘူးကျွန်တော်စောင့်နေ
မှာပေါ့"

"ဟီး ရိပေါ်ကိုမမီလိုက်မှာစိုးလို့"

"အရေးကြီးကိစ္စရှိလို့လား"

"အာ မဟုတ်ပါဘူး ဒီအတိုင်း"

နောက်ကျောလေးလှမ်းမြင်လိုက်ရုံနဲ့
အမောတကောပြေးလိုက်လာခဲ့တာကြောင့်
ရှောင်းကျန့်မှာဖြေစရာအဖြေမရှိ

"ဒီအတိုင်း အတူတူသွားချင်လို့"

တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းဖောင်းဖောင်းလေး
တွေကရှောင်းကျန့်အဖြေကြောင့်ထင်ပါရဲ့
ပြုံးစစအသွင်ကိုကူးပြောင်းတယ်

"အဲ့တာဆိုကျွန်တော်ကအိမ်သာသွားမှာ
လိုက်မှာလား"

ခေါင်းညိတ်ပြတဲ့ရှောင်းကျန့်ကိုကြည့်ပြီး
ရိပေါ်ကခေါင်းတခါခါနဲ့သွားဖြူဖြူတွေပေါ်တဲ့အထိ
ရယ်တယ်

တစ်နှစ်ကျော်အတွင်းကျောင်းမှာသူငယ်ချင်းမရှိတဲ့
ရိပေါ်ကယာယီဘတ်စကတ်ဘောနည်းပြဖြစ်တဲ့
ရှောင်းကျန့်နဲ့တော့တစ်ပတ်ကျော်အတွင်း
တတွဲတွဲတွေ့ရတတ်တယ်

နေ့ခင်းပိုင်းလေ့ကျင့်ရေးဆင်းချိန်လောက်ပဲ
လာစရာလိုတဲ့ခပ်ငယ်ငယ်နည်းပြလေးကလည်း
ရိပေါ်တို့အတန်းချိန်အတိုင်းကျောင်းထပ်တက်
တယ်

ကျောင်းဝန်းထဲကဆာကူရာပင်ကြီးတွေကတော့
မတွေ့ရတာကြာပြီဖြစ်တဲ့ဝမ်ရိပေါ်ဆိုတဲ့လူငယ်လေး ကိုလွမ်းနေကြလို့ဖြစ်မယ်
ဒီနေ့တော့လူငယ်လေးကရောက်လာလေရဲ့
အမြဲတစ်ယောက်တည်းလာတာကိုပဲမြင်ဖူးတဲ့
လူငယ်လေးဘေးမှာနောက်ထပ်လူငယ်လေးတစ်
ယောက်ကကပ်ပါလာတယ်

ဆာကူရာပင်ကြီးကအနည်းငယ်အံ့သြသွားသလိုပင်
ပွင့်ဖတ်တွေမြေပြင်ပေါ်ကိုပုံမှန်ထက်ပိုသက်ဆင်း
ကုန်တယ်

"ရိပေါ်ကနွေဦးပန်းတွေကိုသဘောကျတယ်လို့
ပြောဖူးတယ်နော် သူတို့ရဲ့အဓိပ္ပာယ်တွေကိုရော
သိလား"

ခေါင်းခါတဲ့ရိပေါ်ကိုကြည့်ပြီးရှောင်းကျန့်ကပါးပေါ်က
ခပ်ရေးရေးအချိုင့်လေးပေါ်တဲ့အထိပြုံးတယ်

"မသိချင်ဘူးလား"

"သိတော့သိချင်ပေမဲ့ ရှာရမှာပျင်းတယ်"

ထပ်ပြုံးတဲ့ရှောင်းကျန့်ကိုကြည့်မိတဲ့ရိပေါ်ရဲ့
ဘယ်ဘက်ရင်အုံကသွေးခုန်နှုန်းတစ်ချက်စောင့်တိုးတယ်

ရပ်ကွက်နှစ်ခုလောက်ခြားနေတာတောင်အတင်း
လမ်းကြုံချင်နေတဲ့ရှောင်းကျန့်ကိုရိပေါ်ကအတင်း
တွန်းလွှတ်ရတယ်

စက်ဘီးအဖြူလေးစီဦးတည်တော့ခြင်းလေးထဲမှာ
ဒုတိယမြောက်ပန်းစည်းလေးကကြိုဆိုနေလေရဲ့

ဒီနေ့တော့ကြိုးအနီလေးနဲ့စည်းထားတဲ့
ume (japanese apricot)ပန်းစည်း
လေးမှာစိမ်းဖျော့ဖျော့ကတ်လေးတစ်ခုကတိုးလို့
နေရာယူတယ်

ပုံမှန်အတိုင်းပါပဲအဖြူရောင်စက်ဘီးလေးက
ကျောင်းဝန်းထဲကတစ်ရွေ့ရွေ့ထွက်ခွာပြန်တယ်

မအိပ်ချင်သေးတာမို့အဖြူရောင်တံခါးလေးကိုဆွဲဖွင့်
ပြီးခပ်ကျဉ်းကျဉ်းဝရန်တာလေးကိုထွက်တဲ့အခါ
ခပ်စိမ့်စိမ့်လေအေးတွေကမျက်နှာပေါ်
အလုအယက်တိုးဝှေ့ကြတယ်

လက်ထဲကစိမ်ဖျော့ဖျော့ကတ်လေးပေါ်မှာတော့

~ မင်းအတွက်ကိုယ့်ရဲ့အဖြူရောင်
နှလုံးသားငယ်လေး ~

ဆိုတဲ့ခပ်သော့သော့စာလုံးလေးတွေက
ဝင့်ဝင့်ထည်ထည်

ပြန်ရောက်လာထဲကလက်ထဲကမချရသေးတဲ့ကတ်
လေးကကြည့်လိုက်မိတိုင်းရိပေါ်ရဲ့ပါးဖောင်းဖောင်း
လေးတွေကိုမို့တက်နေစေဖို့စွမ်းတယ်

Tokyoရဲ့မီးရောင်တွေအောက်မှာ
စုံစုံလင်လင်မမြင်ရတဲ့ကြယ်တွေကြောင့်လားပဲ
ခပ်ခုံးခုံးလလေးက နွေဦးရဲ့တိမ်ကင်းလို့ကြည်စင်
နေတဲ့ညကောင်းကင်မှာ ခပ်မော့မော့တောက်ပ
တယ်

မြို့ပြရဲ့မီးရောင်တွေနဲ့ဖုံးကွယ်ခံထားရတဲ့ကြယ်
လေးတွေကရိပေါ်ရဲ့မျက်လုံးထဲမှာတော့
တလက်လက်နဲ့အစီအရီတောက်ပနေကြတုန်းပဲ

အိတ်ကပ်ထဲမှာထည့်ထားတဲ့ဖုန်းရဲ့အနည်းငယ်
တုန်ခါမှုကြောင့်ဖွင့်ကြည့်တဲ့အခါဒုတိယမြောက်
စာတိုတစ်စောင်ကိုလက်ခံရရှိတယ်

~စစ်မှန်ခြင်းအပြည့်နဲ့နှလုံးသားငယ်ကကောင်လေး
အတွက်သီးသန့်ဖြစ်တည်ခဲ့တာ~

<<Your Spring>>

ဒီနေ့ညအတွက်ရိပေါ်ရဲ့အပြုံးတွေကလည်း
ခပ်ခုံးခုံးလလေးလိုပဲကြယ်ကင်းစင်တဲ့နွေဦးည
မှာအေးစိမ့်စိမ့်လေညင်းတွေတောင်ကွေကွင်းသွား
လောက်အောင်ခပ်စူးစူးတောက်ပနေခဲ့တယ်




### ume ပန်းလေးတွေရဲ့အဓိပ္ပာယ်က
pure heartပါ

Continue lendo

Você também vai gostar

1.5K 52 5
*art not by me* .... As a child you were found by the chasseur's and trained under Roland to become one yourself. Not long after, another boy came by...
658K 33.2K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
61K 4.4K 14
BJYX MYANMAR FANFICTION 3rd time complete CHAPTER- 12 [Ended] Introduction 19 oct 2021 Conclusion 15 Nov 2021
151K 10K 19
Wang Yibo 💜Xiao Zhan ခ်စ္​ျခင္​း​ေမတၱာ ဟာ စကားလံုး​ေတြထက္​ပို​ေလးနက္​​ေၾကာင္​း..... Unicode ချစ်​ခြင်​း​မေတ္တာ ဟာ စကားလုံး​တွေထက်​ပို​လေးနက်​​ကြောင...