BLUE SIDE

By ParkJiEun-KTPO

219K 19.9K 1K

JiKook KookMin (Complete) More

BLUE SIDE ( Ep 1)
BLUE SIDE (Ep 2)
BLUE SIDE (Ep 3)
BLUE SIDE (Ep 4)
BLUE SIDE (Ep 5)
BLUE SIDE (Ep 7)
BLUE SIDE (Ep 8)
BLUE SIDE (Ep 9)
BLUE SIDE (Ep 10)
BLUE SIDE (Ep 11)
BLUE SIDE (Ep 12)
BLUE SIDE (Ep 13)
BLUE SIDE (Ep 14)
BLUE SIDE (Ep 15)
BLUE SIDE (Ep 16)
BLUE SIDE (Ep 17)
BLUE SIDE (Ep 18)
BLUE SIDE (Ep 19)
BLUE SIDE (Ep 20)
BLUE SIDE (Ep 21)
BLUE SIDE (Ep 22)
BLUE SIDE (Ep 23)
BLUE SIDE (Ep 24)
BLUE SIDE (Ep 25)
BLUE SIDE (Ep 26)
BLUE SIDE (Ep 27)
BLUE SIDE (Ep 28)
BLUE SIDE (Ep 29) Unicode
BLUE SIDE (Ep 29) Zawgyi
❤️ Proposal VD ❤️
BLUE SIDE (Ep 30)
BLUE SIDE (Ep 31) Unicode
BLUE SIDE (Ep 31) Zawgyi
❤️ PreWedding VD ❤️
BLUE SIDE (Ep 32)
BLUE SIDE (Ep 33)
BLUE SIDE (Ep 34)

BLUE SIDE (Ep 6)

5.4K 623 13
By ParkJiEun-KTPO

JiMin - Tae... ဟို၃ယောက်ကိုညနေအိမ်ဘက်လာခိုင်းလိုက်..ပြီးရင် ညနေစာ စားဖို့ပါ hotelတစ်ခုခုကမှာထားလိုက်...အော် ပြီးတော့...လက်မှတ်ထိုးဖို့ပါ ပြင်ဆင်ထားလိုက်ဦး...

Tae - ဟုတ်ကဲ့ hyung...ပြီးတော့ကော...

JiMin - ရွဲ့တာလား...

Tae - hyung ကလဲ မရွဲ့ပါဘူး....ဟွန်းးးးး...

တစ်ခုပြီးတစ်ခုပြီးခိုင်းနေတဲ့ Hyungအဖိုးကြီးကို မျက်စောင်းထိုးကာ ညနေကြDinner လာစားရန်ဖိတ်ဖို့ အိမ်ဖြူလေးဆီသို့ထွက်ခဲ့လိုက်သည်

တင်းတောင် တင်းတောင်.....

JungKook - အော် TaeHyung Hyung ဝင်ပါဗျ

Taeအတွေး - အမယ် hyung တဲ့ ...သူ့ဘယ်သူကဒီလိုခေါ်ခိုင်းလို့လဲ....

ဒါပေမယ့် Hyung လို့အခေါ်ခံရတော့ Taeတစ်ယောက်သဘောကျမိတာတော့အမှန်ပင်..သူ့ဘဝမှာငယ်ငယ်ထဲက JiMin Hyung လက်အောက်မှာပဲ အငယ်လိုနေလာခဲ့ရတာဆိုတော့...

Tae - မဝင်တော့ဘူး..ညနေ အိမ်မကြီးဘက်ကို ၃ယောက်လုံးကြွခဲ့ပါဦး CEO က Dinner ဖိတ်ခိုင်းလိုက်လို့ ....ပြီးတော့ လိုအပ်တဲ့ စာရွက်စာတမ်းပါပြင်ဆင်ခဲ့လိုက်ပါ လက်မှတ်ထိုးရမှာဆိုတော့...

JungKook - ဟုတ်ကဲ့ Hyung...သိပါပြီဗျ....

Tae တစ်ယောက် Hyung လိုထပ်အခေါ်ခံရတော့ သဘောကျပေမယ့် မျက်ခုံးအနည်းငယ်ကျုံ့ပြီး JungKook ကို ကြည့်လိုက်လေရာ...

JungKook - အာာ ဟုတ်သားပဲ ကျွန်တော် Hyung လို့ခေါ်လို့ရတယ်မှတ်လားဟင်....

Tae - ရပါတယ် ငါသွားပြီ...

JungKook - ဟုတ် ကျေးဇူးပါ Hyung...

အိမ်ဖြူလေးမှ အိမ်မကြီးသို့အပြန်လမ်းမှာ Tae တို့ ခြေနဲ့မြေကြီးသိပ်မထိချင်တော့....ဒီလိုရှားရှားပါးပါးရလာတဲ့ အငယ်တစ်ယောက်ကို ကောင်းကောင်းကြီး ဆရာလုပ်ဦးမယ်ဆိုသော အတွေးများဖြင့်....အထူးသဖြင့် JiMin လိုပေါ့....

JiMin - ဟေ့ကောင် ဘာတွေပြုံးစိစိဖြစ်လာတာလဲ....ပိုက်ဆံကောက်ရလို့လား...

Tae - ကိုယ့်အိမ်ထဲကိုယ်နေပြီး ပိုက်ဆံကောက်ရမလား hyungရဲ့....

JiMin - မသိဘူးလေ မြောက်ကြွမြောက်ကြွနဲ့ .....လုပ်မနေနဲ့ စီစဥ်စရာရှိတာစီစဥ်တော့...

Tae - ဟုတ်.....

***************************************

Tae - ဝင်ပါ ထမင်းစားခန်းထဲမှာ CEO စောင့်နေပါတယ်....

Yoongiတို့ ထမင်းစားဝိုင်းထိဝင်သွားတော့ ထမင်းစားဝိုင်းမှာ သတင်းစာထိုင်ဖတ်နေတဲ့ CEO သူတို့မျက်နှာကို လှည့်တောင်မကြည့်....ပြီးတော့ Dinner ဖိတ်တယ်သာပြောတယ် စားပွဲပေါ်မှာလဲ စားစရာနဲ့တူတာဆိုလို့တစ်ခုမှမရှိလေတော့ အနည်းငယ် ကြောင်တောင်တောင်နိုင်သည်မှာအမှန်...ထိုစဥ် JiMin မှ ဖတ်လက်စ သတင်းစာကို စားပွဲပေါ် ချလိုက်ကာ..

JiMin - ထိုင်ပါ....

YG+HS+JK -ဟုတ်ကဲ့....

ထိုင်ပြီးတဲ့နောက်လဲ ဘာမှဆက်မပြော နာရီကိုငုံကြည့်လိုက် စာဆက်ဖတ်လိုက်သာလုပ်နေတဲ့ CEO JiMin ကိုကြည့်ရတာ ဘယ်လိုမှနားမလည်နိုင်....ထို့နောက် အိမ်မကြီး ဘဲလ်သံမြည်လာပြီး တန်းစီဝင်လာတဲ့ တန်းစီဝင်လာတဲ့ chefများ လက်ထဲမှာလဲ အုပ်စောင်းအုပ်ထားတဲ့ ဗန်းတွေကိုင်လို့...တခဏအတွင်းမှာပဲ ဗလာကျင်းနေတဲ့ စာပွဲရှည်ပေါ် ပြည့်နှက်သွားတဲ့ hotel အစားအသောက်​များကြောင့် အနည်းငယ်မှင်သက်သွားရသည်...အော် CEO ဒါကိုစောင့်နေတာကိုးးး...

ထို့နောက် chef များပြန်ထွက်သွားတော့ Tae လဲစားပွဲမှာဝင်ထိုင်လိုက်သည်...

JiMin - စားကြပါ အားမနာပါနဲ့....

ထမင်းစားသောက်ပြီးချိန်တွင် ဧည့်ခန်းထဲသို့ပြန်သွားကာ စာချုပ်အတွက်ပြင်ဆင်ရတော့သည်....CEO JiMin မှလဲ Projectvအစအဆုံးတာဝန်ယူမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးပြီး ဒီဘက်Professor ၃ယောက်မှာလဲ သဘောတူညီကြောင်းလက်မှတ်ရေးထိုးခဲ့ကြသည်....ဇီဇာကြောင်တဲ့ CEO ရဲ့ သဘောတူညီချက်စာချုပ်မှာ လိုက်နာရမည့် စည်းကမ်းချက်များ အများအပြားပါဝင်လိမ့်မယ်လို့ထင်ထားခဲ့သော်လည်း ထင်ထားသည်နှင့်တခြား စည်းကမ်းချက်၂ချက်သာပါဝင်နေသည် ပထမအချက်မှာ Project တောက်လျှောက် မည်သည့်ရေသတ္တဝါကိုမှ ထိခိုက်စေနိုင်သည့် စမ်းသပ်မှုမျိုးမလုပ်ပါ ဟူသောအချက်နဲ့ ဒုတိယအချက်ကတော့ အကြောင်းအရာတစ်စုံတစ်ခုမျှမရှိပဲ အိမ်မကြီးဘက်မလာပါ ဆိုသောအချက်....ဘယ်လိုတောင်လဲ သဘောတူစာချုပ်က အကျိုးအမြတ်ရလာခဲ့ရင် ဘယ်လိုခွဲဝေယူမည်ဖြစ်ကြောင်းတစ်ခုမျှမပါပဲ ဒီ၂ချက်ထဲလား..နားလည်ရအတော်ခက်ပါသည် CEO Park JiMin....

ထို့နောက် လက်ဆွဲနှုတ်ဆက်ပြီး အတည်ပြုကြောင်းသဘောဆောင်ပြီးချိန်တွင်....

Yoongi - အခုလို Dinner ဖိတ်ကြားတဲ့အတွက်ကျေးဇူးတင်ပါတယ်....

HoSeok - ကောင်းကောင်းစားခဲ့ရပါတယ် သွားခွင့်ပြုပါဦး....

JiMin - JungKook-shi ခဏကျန်ခဲ့ပါ...

JungKook - ဗျာ ဟုတ်ကဲ့....

Yoongi နဲ့ Hoseok ပြန်သွားချိန်တွင်

JiMin - Tae မင်းလဲနားတော့ Hyung ခြံထဲလမ်းခဏဆင်းလျှောက်ဦးမယ်....

Tae - ဟုတ်ကဲ့ Hyung....

ထို့နောက် JungKook နဲ့ JiMin ခြံထဲလမ်းလျှောက်ရန်ဆင်းခဲ့ကြသည်....လမ်းလျှောက်ရင်းခဏအကြာ...

JiMin - မင်း မိဘတွေကော....

JungKook - ဗျာ....ဆုံးသွားပါပြီ...

JiMin - ဆော်ရီးပါ

JungKook - ရပါတယ်ဗျ

JiMin - ရေသတ္တဝါတွေနဲ့ ပက်သတ်ပြီး ဘာလို့စိတ်ဝင်စားတာလဲ...

JungKook - မသိဘူးဗျ ရေသတ္တဝါတွေက အံ့သြဖို့ကောင်းတယ် ချစ်ဖို့ကောင်းတယ် အပူအပင်မရှိဘူး...ဘာအကူအညီမှမပါပဲကို သဘာဝအတိုင်းရေထဲမှာ လွပ်လွပ်လပ်လပ်လှနိုင်ကြတယ်လေ.....

JiMin - အဟတ်....

JiMin တစ်ချက်ရယ်လိုက်ပုံကို JungKook ကစိုက်ကြည့်ပြီး တစ်စုံတစ်ခုကိုသိချင်တဲ့မျက်လုံးလေးကပါ အရိပ်အယောင်ပြနေတော့...

JiMin - မင်း ငါ့အကြောင်းသိချင်တာရှိလို့လား ချာတိတ်....

JungKook - ဗျာ...အဟီးးး ဟိုဟာ ဟိုဟာလေ...

JiMinမှ လျှောက်လက်စခြေလှမ်းတို့ကိုရပ်တန့်လိုက်ပြီး JungKook ဘက်လှည့်ကာ ..

JiMin - မေးချင်တာရှိရင်မေးလေ....

JungKook -  ဟိုဟာလေ CEO တို့အိမ်မှာ အလုပ်သမားမရှိဘူးလားဗျ ထမင်းရောဘယ်လိုစားလဲဟင် ဒါဆို မနက်တိုင်း အလုပ်မသွားခင်မနက်စာမစားသွားရဘူးပေါ့ မနက်ဆို မနက်စာမစားရင် ကျန်းမာရေးအတွက်မကောင်းဘူးဗျ...

အရမ်းကိုသိချင်နေတဲ့ မျက်လုံးတွေနဲ့ကြည့်ပြီးမှ မေးချလိုက်တာက အစားအသောက်အကြောင်းတဲ့လား..JiMin လဲ မျက်လုံးလေးများပိတ်သည်အထိ ဟက်ဟက်ပက်ပက် ရယ်ချလိုက်ပြီး...

JiMin - ဟားဟား မင်းသိချင်တာဒါလား ....ငါဖြေပေးမယ် အိမ်မှာအလုပ်သမားမရှိဘူး Taeနဲ့ ငါနဲ့၂ယောက်ထဲနေတာ ထမင်းကတော့ အပြင်မှာပဲ ဖြစ်သလိုစားတယ် မနက်စာကတော့ ရုံးရောက်မှ ကော်ဖီတစ်ခွက်သောက်ဖြစ်တယ် ရပြီလား...ဟားဟားးးး.....

ရယ်မောကာ လမ်းလျှောက်သွားတဲ့ CEO ကိုကြည့်ပြီး မှင်သက်မိတာတော့ အမှန်ပါ...ဒီလောက်လှတဲ့ အပြုံးတွေကို ဖုံးကွယ်ပြီး အမြဲခပ်တည်တည်ဘာလို့နေနေရတာလဲ....အပြုံးတွေက တော်တော်ကိုလှရက်တာပါ...ရယ်လိုက်ရင် ပိတ်သွားတဲ့ မျက်လုံးလေးတွေကလဲ ဆွဲဆောင်မှုအရမ်းရှိတယ် စကားပြောရင်းနဲ့မှ တစ်ခါတစ်ခါ ဆံပင်ကို သပ်တင်လိုက်ရင်လဲ စမတ်ကျလွန်းတယ်....ခင်ဗျားကဘယ်လိုလူလဲ Park JiMin...

JiMin - မင်းလမ်းမလျှောက်တော့ဘူးလား...

အရှေ့ခပ်လှမ်းလှမ်းကိုရောက်နေပြီဖြစ်တဲ့ JiMin က ကြက်သေသေနေတဲ့ JungKook ကိုလှမ်းအော်ပြီးပြောသည်...JungKook လဲ တွေးနေတဲ့အတွေးတို့ ရပ်တန့်ကာ CEO ဆီပြေးလိုက်သွားလိုက်တော့ ခြေချိတ်ကာ အရှေ့တည့်တည့်မှာရှိနေသည့် CEOရင်ခွင်ထဲသို့ တန်းတန်းမတ်မတ်ပင်....ရင်ခွင်ထဲအရောက် နှာဖျားသို့တိုးဝှေ့လာတဲ့ ကိုယ့်သင်းရနံ့နှင့် ရေမွေးရနံံလေးကြောင့် ရင်ဘတ်ထဲမှသိသိသာသာခုန်ဆွဆွလုပ်လာတဲ့ အကောင်လေး....ဘယ်လိုခံစားမှုမျိုးလဲ...ရင်ခုန်တယ်ဆိုတာ ဒါမျိုးလား အတွေးတွေနဲ့တင်ပက်ချာလည်နေတုန်း ရင်ခွင်ထဲကရုန်းထွက်ဖို့မေ့နေတဲ့အချိန်...CEO မှခေါင်းလေးငုံကာ..

JiMin - ချာတိတ် မင်းအဆင်ပြေရဲ့လား ဘယ်နားနာသွားသေးလဲ " ဟု ခေါင်းငုံကာမေးလာတဲ့ CEO ကြောင့် ခုန်ဆွဆွဖြစ်နေတဲ့ အကောင်လေးတောင် အပြင်သို့ခုန်ထွက်လာတော့မည်ထင်ပါရဲ့...CEO ရဲ့ ဝင်သက်ထွက်သက်လေများက သူ့မျက်နှာပေါ်သို့ လာရောက်ရိုက်ခတ်နေတာကြောင့် ပို၍တင်ဆိုးနေပါပြီ....

JungKook - ဗျာ ...ဘာမှမဖြစ်ပါဘူး ကျွန်တော့ကို သွားခွင့်ပြုပါဦးဗျ...." ဆိုပြီး ရုတ်တရတ်ရေးကြီးသုတ်ပြာထွက်သွားတဲ့ ချာတိတ်ကို ကြည့်ပြီး JiMin နားမလည်နိုင်ခဲ့....သူလဲ အိမ်မကြီးကိုပြန်လာကာ ရေချိုးသန့်စင်ပြီး အိပ်ယာဝင်ခဲ့လိုက်သည်....

တဖက်ဒီအိမ်ဖြူလေးထဲမှာတော့ ကောင်လေးတစ်ယောက် တော်တော်နှင့်အိပ်မပျော်နိုင်ခဲ့ပါ....CEOအကြောင်းတွေးတိုင်း အကြောင်းမရှိပါပဲ ခုန်ဆွဆွလုပ်နေသော ရင်ဘတ်ကအကောင်လေးကြောင့် မိုးလင်းလုနီးဖြစ်ခဲ့ရသည်....

**************************************

မနက် အလုပ်သွားရန် အိမ်မကြီးမှထွက်ပြီး ကားပေါ်တတ်ဖို့ပြင်လိုက်တော့...

Tae - ဒါဘာကြီးလဲ...." အိမ်မကြီးတံခါးရှေ့က ဘူးလေးကိုဖွင့်ကြည့်လိုက်တော့ အသားညှပ်ပေါင်မုန့်နှင့် ကြက်ဥကြော် ဘေးကဓာတ်ဗူးသေးစားကိုကြည့်တော့လဲ ကော်ဖီဖြစ်နေတာကြောင့်...

Tae - ဂိတ်စောင့် ဦးလေးကြီးဟာများလား...

JiMin - ပေး ငါ့ဟာ..." လက်ထဲမှ ဗူး၂ဗူးကိုဆွဲယူကာ ကားပေါ်ဝင်ထိုင်လိုက်တဲ့ JiMin Hyung ကိုကြည့်ပြီး ကြောင်တောင်တောင်ဖြစ်သွားမိသည်....

Tae - Hyung အဲ့တာ အိမ်ရှေ့မှာတွေ့တာနော် ဘယ်သူချထားမှန်းမသိပဲနဲ့ စားချင်မနေနဲ့....

JiMin - မင်းကငါ့ကို ငတ်တယ်လို့ပြောချင်နေတာလား ဒါငါ့ဟာ ...." သူသိတာပေါ့ ဟိုချာတိတ်လက်ချက်မှန်း ဗူးကိုဖွင့်ကာ ချက်ချင်းပြင်ပြုံးမိလိုက်ပြီး အသားညှပ်ပေါင်မုန့်တစ်ခုကိုယူကာ အားရပါးရစားသောက်လိုက်သည်...Tae လဲနားမလည်တဲ့အဆုံးခေါင်းတစ်ခါခါဖြင့်သာ အလုပ်သွားရန် ကားစက်နှိုး၍မောင်းထွက်ခဲ့လိုက်သည်...

တစ်ဖက်က အပင်အကွယ်လေးက ယုန်ပေါက်လေးကတော့ ပျော်လို့မဆုံးပင် သူလုပ်ပေးတဲ့ မနက်စာလေးကို ယူသွားရုံမက သူ့မျက်စိရှေ့မှာတင် အားရပါးရစားသွားတာကိုမြင်လိုက်ရတော့ အတိုင်းအထက်အလွန်ပေါ့...ခုန်ဆွခုန်ဆွဖြင့် အိမ်ဖြူလေးဆီပြန်လာခဲ့လိုက်သည်...တနေကုန် Project အတွက်စာပြန်လေ့လာနေပြန်တော့လဲ အတွေးထဲခဏခဏဝင်လာတဲ့ CEO JiMin ...နေ့လည်စာစားချိန်ရောက်တော့လဲ CEOကော စားပြီးရဲ့လား အလုပ်တွေများနေမလားဆိုပြီးဝင်လာပြန်ရော...ထမင်းစားပြီးစာပြန်ဖတ်တော့လဲ ဝင်လာပြန်တဲ့ မနေ့ညကအပြုံးနဲ့ ကိုယ်သင်းရနံ့ ကြာရင်ရူးရလိမ့်မည်....ထိုသို့ စာဖတ်တာ ၅မိနစ်မပြည့် ပြီးရင်တနေရာငေးလိုက် ခေါင်းခါလိုက် ပြုံးဖြီးလိုက် လုပ်နေသည့် JungKook ကို Hoseok စိတ်မရှည်ချင်တော့ပါ....

HoSeok - မင်းဘာဖြစ်နေတာလဲ....

JungKook - ဟီးးးး ဘာမှမဖြစ်ပါဘူး....

HoSeok - ငါလုပ်ထည့်လိုက်လို့ ဘာဖြစ်နေတာလဲပြော...

JungKook - အမ် ဟိုဟာလေ ညက Drama တစ်ကားကြည့်ပြီးအိပ်လိုက်လို့ Hyung ရဲ့...Drama ထဲမှာလေ ကောင်လေးတစ်ယောက်က ကောင်လေးတယောက်ကို အဲ ကောင်မလေးတယောက်က ကောင်လေးတယောက်ကို အချိန်တိုင်းတွေးမိနေတာ Hyungရယ် သူ့အပြုံးသူ့ကိုယ်သင်းရနံ့ကအစ စိတ်ထဲကထုတ်မရအောင်ဖြစ်နေတာ...အဲ့တာ အဲ့တာ ကြည်နူးဖို့ကောင်းလို့...

HoSeok - ဒါဆို အဲ့မင်းသမီးက မင်းသားကိုချစ်နေလို့ပေါ့ကွ...မင်းဇာတ်လမ်းကြီးကလဲ မင်းသမီးက စကြိုက်ရတယ်လို့..." နှာခေါင်းရှုံ့ကာ ခေါင်းတစ်ခါခါဖြင့် ထွက်သွားတဲ့ Hoseok....

JungKook အတွေး - ဟင် ချစ်နေတာ....ငါက CEO ကို....မဖြစ်နိုင်တာ...ငါ ငါ ဒီအတိုင်း အားကျပြီး လေးစားတာနေမှာပါ...

မဟုတ်မှန်းလဲသိပါရက် အတင်းစိတ်ကူးနဲ့လက်တွေ့လွန်ဆွဲနေတဲ့ကောင်လေးရယ်ပါ....

**************************************

JiMin- Hello Park JiMinပြောနေပါတယ်...

Jin - ငါပါ....ထမင်းစားပြီးပြီလား ငါဗိုက်ဆာလို့ တခုခုသွားစားကြမယ်လေ

JiMin - မစားဘူး ငါစားပြီးပြီ...

Jin - မင်းကလဲ အခုအချိန်ထိ....ကဲပါ ငါခဏနေလာခဲ့မယ် စောင့်နေ...

JiMin - မလာနဲ့ ငါ Meeting သွားရမှာ meeting ပြီးရင်လဲ အိမ်တန်းပြန်မှာ မင်းလာလဲငါ့ကိုတွေ့ရမှာမဟုတ်ဘူး ...ဒါပဲ ဒါပဲ မအားဘူး....

ပြောချင်ရာပြောပြီး အောင်နိုင်သူအပြုံးကြီးဖြင့် ဖုန်းချလိုက်ပေမယ့် တဖက်ကJin မှာတော့ စိတ်ဆိုးပြေရက်နဲ့ စိတ်ဆိုးချင်ယောင်ဆောင်နေတဲ့ သူ့သူငယ်ချင်းအဆိုးလေးကို တစ်ခစ်ခစ်ရယ်မိတော့သည်...နေနှင့်ဦး JiMin ငါ့ကိုလာစမ်းနေတာ....

**************************************

တနေ့လုံးအတွေးများနဲ့လွန်ဆွဲနေခဲ့ပြီး အခုလဲ ညနေစောင်း ရုံးဆင်းချိန်မို့ ခြံထဲမှာတဝဲလည်လည်နှင့် CEOပြန်လာမယ့်အချိန်ကို မျှော်နေမိပြန်ပါသည်...ထို့အချိန် ခြံထဲသို့ဝင်လာတဲ့ကားအသံကြောင့် ပျော်သွားပြီး လှည့်ကြည့်လိုက်ရာ JiMin ကားအမဲရောင်မဟုတ်ပဲ တခြား အနီရောင်ကားတစ်စီး....ထို့နောက်ကားပေါ်မှ ခပ်ချောချောအကိုကြီးမှ ကားပေါ်ကတောင်မဆင်းပဲ...

Jin - ချာတိတ်....မင်းတို့အိမ်ရှင်ပြန်ရောက်ပြီလား....

JungKookတစ်ယောက်မသိချင်ယောင်ဆောင်၍အပင်တွေဘက်မျက်နှာမူနေတာကြောင့် Jin လဲစိတ်မရှည်ကာ ကားပေါ်မှဆင်းလိုက်ပြီး...

Jin - ဒီမှာ ချာတိတ် မင်းတို့အိမ်ရှင်ပြန်မရောက်သေးဘူးလားလို့....အိမ်ကိုလာတဲ့ ဧည့်သည်ကိုဘယ်လိုဆက်ဆံနေတာလဲ....JiMin ကလဲကွာ ဘယ်လိုကလေးတွေကို ခန့်ထားမှန်းမသိဘူး....

JungKook - ဒီမှာဗျ ကျွန်တော် ဒီအိမ်ကအလုပ်သမားမဟုတ်ဘူး....

JungKookအတွေး ဟွန်းးးဘယ်လိုလူမှန်းမသိဘူး ဟိုနေ့က CEO ရုံးခန်းမှာတွေ့ခဲ့တုန်း ငါ့CEOဒေါသထွက်နေတာကြည့်ရင် မကောင်းတဲ့လူပဲဖြစ်ဖို့များတယ် ဒါမှမဟုတ် ငါ့CEOကို အတင်းလိုက်ကပ်နေတာလား....သူ့ကြည့်တော့လဲ ချောပါတယ် ဒါမယ့် ငါ့CEO လောက်တော့မချောဘူးပေါ့ ဟီးဟီးးးး....

Jinလဲ သူ့ရှေ့မှာတင် သူနဲ့ JiMinအကြောင်းပယ်ပယ်နယ်နယ်တွေးနေတဲ့ကောင်လေးကိုကြည့်ပြီးရယ်ချင်စိတ်တွေမနည်းထိန်းထားရသည်...ပြီးတော့ ငါ့CEOလို့ သုံးနှုန်းနေပုံထောက်ရင် ဒီကောင်လေးJiMinအပေါ် မရိုးသားမှန်းသိပ်သိသာသည်...ဒီလိုအတွေးတွေဖောက်မြင်နိုင်တယ်ဆိုတာက Jinဆိုသည်မှာလဲ JiMinလို ရေသူထီးတစ်ယောက်မဟုတ်ပါပေလား...

Jin - ဒီမှာ ချာတိတ် ဘာတွေတွေးနေတာလဲမေးတာဖြေဦးလေ....

JungKookအတွေး ​- ဖြေစရာလား ငါ့CEO အမြင်ကပ်တဲ့သူကို ပြန်ဖြေစရာလား ဟွန်း...

ထိုအချိန် ခြံထဲသို့ ကားတစ်စီးဝင်လာပြီး Jinရဲ့ကားအနောက်မှာရပ်လိုက်သည် သေချာပါတယ် JiMin တို့အလုပ်ကပြန်လာသည်သာ...

JiMin - ဘာတွေဖြစ်နေကြတာလဲ....

Jinတစ်ယောက် ဟိုချာတိတ်လေးကို အမြင်ကပ်ကပ်နဲ့ JiMinအနားသွားကာ လက်ကိုချိတ်လိုက်ပြီး...

Jin - Min ဘာလို့အခုမှပြန်လာတာလဲ စောင့်နေတာကြာပြီ လာ...အိမ်ထဲသွားရအောင်....

Jin ဆွဲခေါ်ရာနောက် JiMin ပါသွားရလေပြီ...အဲ့ပုံစံကိုကြည့်ပြီး အတွေးများစွာနဲ့ ကျန်ခဲ့သူမှာတော့ ချာတိတ်လေးJungKook ရယ်ပါ....

အိမ်ထဲရောက်တော့...

JiMin - လွှတ်စမ်းပါ ဘယ်လိုဖြစ်နေတာလဲ...

Jin - ဟီးဟီးးးးး......

JiMin - ရယ်မနေနဲ့ ဘာလာလုပ်တာလဲ....

Jin - စိတ်ဆိုးပြေရက်နဲ့ စောက်ပဲများနေတဲ့ ချီးပေကောင်ကို လာချော့တာ...

JiMin - ချော့ရအောင် ငါက မင်းရည်းစားလဲမဟုတ်....သွားစမ်းပါ ပင်ပန်းလာရတဲ့ကြားထဲ...

Jin - အဲ့အလုပ်တွေ ဘယ်သူက အတင်းလုပ်ခိုင်းနေလို့လဲ ကိုယ့်ဘာသာလုပ်နေပြီးတော့ အခုလဲ ရှာထားတာတွေက မင်းတသက်စားလို့တောင်မကုန်ဘူး...

JiMin - မင်းလိုယောကျားလုပ်စာ ထိုင်စားနေတဲ့သူကတော့ ပြောအားရှိမှာပေါ့....

Jin - မင်းလဲ မကြာခင်ထိုင်စားရတော့မှာပဲကို...

JiMin - ဘာ....

JiMin - အဟတ် ဘာမှမဟုတ်ဘူး ငါပြန်တော့မယ် နောက်နေ့မှလာခဲ့မယ်...

Jin - ကြွ ကြွ....

စပ်စုစိန်Jin တစ်ယောက်ပြန်ခါနီးတောင် Taeအခန်းထဲဝင်ပြီး ခုနကချာတိတ်အကြောင်းမေးကြည့်လိုက်သေးသည်....အော် Professorပေါက်စကိုးးးး မင်းနဲ့ငါတွေ့ကြသေးတာပေါ့ စွာစိစိန်ချာတိတ်....

Jinပြန်သွားပြီးနောက်....

JiMin - Tae .....Taeရေ.....

Tae - ဗျာ....Hyung...

JiMin - မနက်ဖြန် ခရီးသွားဖို့ပြင်နေတာလား အားတော့နာတယ် မနက်က ငါ့မနက်စာဘူးလေး၂ဗူးမတွေ့လို့ ဘယ်မှာလဲ...

Tae - ကားပေါ်မှာထင်တယ် Hyung...

JiMin - အေးအေး လုပ်စရာရှိတာဆက်လုပ်....

**************************************
Msg - ချာတိတ် ခြံထဲခဏဆင်းခဲ့....

JungKook ခြံထဲဆင်းလိုက်တော့ တွေ့ရပါပြီ နောက်ကြောပေးပြီးရပ်နေတဲ့ သူ့လူကြီး...

JungKook - ကျွန်တော်ရောက်ပါပြီ....

JiMin - ရော့ (မနက်စာဘူးလေး၂ဘူးကိုပြန်ပေးကာ)... မနက်ကကောင်းကောင်းစားလိုက်ရတယ် ကျေးဇူးပဲ....

JungKook - ကျွန်တော်ပေးမှန်းသိနေတာလား...

JiMin - အေးလေ ငါ့ကိုဒီအိမ်မှာအဲ့လိုပေးမယ့်သူဘယ်သူရှိလို့တုန်း ဒါနဲ့ မင်းမျက်နှာမကောင်းပါလား ဘာဖြစ်နေတာလဲ....

JungKook - ဗျာ ကျွန်တော် ဘာမှမဖြစ်ပါဘူး...

JiMin - ဘာမှမဖြစ်ရင်လဲပြီးရော...ပြီးတော့ ငါ့ကို Hyungလို့ပဲခေါ် လိုအပ်တာရှိရင်လဲပြော...Hyung သွားတော့မယ်...

ပြောချင်ရာပြောပြီး လှည့်ထွက်သွားတဲ့ လူကြီးကိုကြည့်ကာ ကျန်ခဲ့သူမှာတော့ ချာတိတ်လေးJungKook ....သူမေးလိုက်ချင်သည် ခုနက ခပ်ချောချောအကိုကြီးနဲ့ကဘာတွေလဲလို့ ..ဘာပဲပြောပြော မနက်စာလေးကို သူပြင်ပေးမှန်းသိရက်နဲ့ အားရပါးရစားပေးတာကို သူပျော်မိပါတယ်...ဗူးလေးတွေကိုလဲ သတိတရလာပေးတယ်ဆိုတော့ နောက်ရက်တွေလဲ သူပြင်ပေးတာစားချင်တာလားဆိုတဲ့ လောဘလေးကလဲကပ်ပါမိသည်...ခင်ဗျား ကျွန်တော့ကို အတွေးတွေနဲ့ အလုပ်ပေးခဲ့ပြန်ပြီ JiMin Hyung.....

Ep 7 Coming Soon....💜

___________________________________________



JiMin - ရွဲ့တာလား...



တင်းတောင် တင်းတောင်.....








Tae - ရပါတယ် ငါသွားပြီ...






Tae - ဟုတ်.....

***************************************



JiMin - ထိုင်ပါ....

YG+HS+JK -ဟုတ်ကဲ့....









JungKook - ဗျာ ဟုတ်ကဲ့....



Tae - ဟုတ်ကဲ့ Hyung....


JiMin - မင်း မိဘတွေကော....


JiMin - ဆော်ရီးပါ

JungKook - ရပါတယ်ဗျ



JiMin - အဟတ်....











အရှေ့ခပ်လှမ်းလှမ်းကိုရောက်နေပြီဖြစ်တဲ့ JiMin က ကြက်သေသေနေတဲ့ JungKook ကိုလှမ်းအော်ပြီးပြောသည်...JungKook လဲ တွေးနေတဲ့အတွေးတို့ ရပ်တန့်ကာ CEO ဆီပြေးလိုက်သွားလိုက်တော့ ခြေချိတ်ကာ အရှေ့တည့်တည့်မှာရှိနေသည့် CEOရင်ခွင်ထဲသို့ တန်းတန်းမတ်မတ်ပင်....ရင်ခွင်ထဲအရောက် နှာဖျားသို့တိုးဝှေ့လာတဲ့ ကိုယ့်သင်းရနံ့နှင့် ရေမွေးရနံလေးကြောင့် ရင်ဘတ်ထဲမှသိသိသာသာခုန်ဆွဆွလုပ်လာတဲ့ အကောင်လေး....ဘယ်လိုခံစားမှုမျိုးလဲ...ရင်ခုန်တယ်ဆိုတာ ဒါမျိုးလား အတွေးတွေနဲ့တင်ပက်ချာလည်နေတုန်း ရင်ခွင်ထဲကရုန်းထွက်ဖို့မေ့နေတဲ့အချိန်...CEO မှခေါင်းလေးငုံကာ..




**************************************















**************************************







**************************************















အိမ်ထဲရောက်တော့...


Jin - ဟီးဟီးးးးး......







JiMin - ဘာ....


Jin - ကြွ ကြွ....



JiMin - Tae .....Taeရေ.....

Tae - ဗျာ....Hyung...




**************************************









Ep 7 Coming Soon....💜

___________________________________________

Continue Reading

You'll Also Like

FOLIA By Yastel

Science Fiction

57 0 45
Ernold vit son existence sur Terre ayant appris à s'habituer à la norme, mais une profonde lassitude s'empare de lui chaque jour un peu plus forte. I...
By kiat army

Science Fiction

109K 20.3K 37
Zawgyi Version ရုပ်ရှင်လောကမှာ အကျော်ကြားဆုံးသရုပ်ဆောင်ဖြစ်တဲ့ Ji Ran ဟာသူ့ရဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံးသရုပ်ဆောင်ဆုကိုရရှိပြီးနောက်တစ်နေ့မှာ ယာဥ...
41.3K 5.9K 6
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့short storyလေးပါ♡˖꒰ᵕ༚ᵕ⑅꒱ I do not own the novel. All credits go t...
2M 151K 180
Yaoi Ongoing ရည်းစားဖြစ်သူက အိမ်ကိုရောင်းပြီးအကြွေတွေ့နဲ့ပြစ်ထားခဲ့ချိန်မှာ ကလေးငယ်တစ်ဦးကကံကောင်းခြင်းတွေ့ကိုယူဆောင်လာပြီးနောက် yakuzaခေါင်းဆောင်နဲ...