π‘΄π’š π’‡π’‚π’“π’Žπ’†π’“ 𝒉𝒖𝒔𝒃𝒂�...

Av Feng__er

312K 27.3K 966

π–πšπ§π  π˜π’π›π¨ & π—π’πšπ¨ π™π‘πšπ§β™‘οΈŽ. (𝐘𝐒𝐳𝐑𝐚𝐧 π…πšπ§πŸπ’πœπ­π’π¨π§) πš‰πšŠπš πšπš’πš’ တွေ့တာနဲ့ရန်တကျက်ကျ... Mer

part-1 [ Z + U ]
part-2 [ Z+U ]
part-3( Z+ U )
part-4 [ Z+U ]
part-5 [ Z+U ]
part-6 [ Z+U ]
part-7 [ Z+U ]
part-8 [ Z+U ]
part-9 [ Z+U ]
part-10 [ Z+U ]
part-11 [ Z+U ]
part-12 [ Z+U ]
part-13 [ Z+U ]
part-14 [ Z+U ]
part-15 [ Z+U ]
part-16 [ Z+U ]
exam
part-17 [ Z+U ]
part-18 [ Z+U ]
part-19 [ Z+U ]
part-20 [Z+U]
part-21 [Z+U]
part-22 [ Z+U ]
part-23 [ Z+U ]
part-24 [ Z+U ]
part-26 [ Z+U ]
part-27 [ Z+U ]
part-28 [.Z+U ]
part-29 [ Z+U]
part-30 [ Z+U ]
part-31 [ Z+U ]

part-25 [ Z+U ]

6.5K 721 24
Av Feng__er

Unicode

"အိမ်ပြန်မယ်လေ "

"ပြန်ဘူး"

"ဒီမှာအိပ်မှာလား"

"အင်း"

ဆေးသောက်ပြီးတည်းကကုတင်ပေါ်မှာပြန်ကွေးနေတဲ့ရှောင်းကျန့်ကအိမ်ပြန်ခေါ်လို့ရမယ့်ပုံလည်းမပေါ်ဘူး ဒါပေမယ့်အတတ်နိုင်ဆုံးတော့ချော့ခေါ်ရမှာပဲ အိမ်ပြန်မအိပ်ရင်အိမ်ကအမေကသူ့ပဲဆူမှာသိနေတာကိုး

"ပြန်ရအောင်ပါနော် ပြန်မလာရင်အမေကမျှော်နေအုံးမယ် ကိုယ့်အမေအကြောင်းလည်းသိသားနဲ့"

အမေဆိုမှလှုပ်လှုပ်ရွရွဖြစ်လာပြီးစောင်ပုံထဲကနေထွက်လာတဲ့အကောင်လေးက ချက်ချင်းထပြီးအပြင်ထွက်သွားလေရဲ့ဘာမှပြောမသွားပေမယ့်အိမ်ပြန်မှာကိုသိနေတော့ ရိပေါ်လည်းနောက်ကခပ်မြန်မြန်လိုက်သွားရတယ် တော်ကြာစိတ်ပြောင်းပြီးဒီမှာပဲအိပ်မယ်ဖြစ်နေပြန်အုံးမယ်

ရှောင်းကျန့်အိမ်ပြန်တဲ့လမ်းတစ်လျှောက်တွေးနေမိတယ်

နေပါအုံး ကိစ္စကဘာမှကြီးကျယ်တာလည်းမဟုတ်ဘဲနဲ့ငါကဘာဖြစ်နေတာလဲ လင်နဲ့လင်နဲ့မှာဒါကရှိမှာပဲလေ ရှက်စရာမှမဟုတ်ဘဲသူ့မျက်နှာကိုမမြင်ချင်စရာလည်းအကြောင်းမှမရှိတာကို ငါကဘာဖြစ်နေတာလဲ ချီးပဲ ကိုယ့်ကိုကိုယ်ဘာဖြစ်နေမှန်းတောင်မသိတော့ဘူး

"ကိုယ်တောင်းပန်ပါတယ်"

"ဟင်!"

ညအိပ်ပျော်လုဆဲဆဲမှာနောက်ကျောဘက်ကရိပေါ်ဆီမှထွက်လာသောစကားကြောင့်ရှောင်းကျန့်ကြောင်တောင်တောင်ဖြစ်သွားသည်။

"တစ်ကယ်ဆိုနေမကောင်းတဲ့လူကို ကိုယ်အသားမယူသင့်ဘူး တောင်းပန်ပါတယ် ကိုယ့်ကိုစိတ်ဆိုးနေရင်လည်းပြေပါတော့နော်
နောက်ခါဒါမျိုးမဖြစ်အောင်ကိုယ်ဆင်ခြင်..!"

စကားမဆုံးခင်ရင်ခွင်ထဲတိုးဝင်လာတဲ့ရှောင်းကျန့်ကြောင့်ဒီတစ်ခါကြောင်သွားရတာကရိပေါ်

"အဲ့အကြောင်းမပြောဘဲနေကြရအောင် ခင်ဗျားမမှားပါဘူး ခင်ဗျားကျွန်တော့်ကိုကြိုက်သလိုလုပ်ပိုင်ခွင့်ရှိတယ် ဘာ့လို့ဆိုတော့ ကျွန်တော်ကခင်ဗျားရဲ့တရားဝင်ယောကျ်ားမို့လို့"

ရှောင်းကျန့်ဘာဖြစ်ဖြစ်စိတ်ဆိုးစရာမဟုတ်လို့သတ်မှတ်လိုက်ပြီး အရင်လိုပြန်နေချင်တာကြောင့်ပြောလိုက်ခြင်းဖြစ်သည်။ ရိပေါ်ကတော့ထိုစကားကြားပြီးတောင့်ခဲသွားလေသည်။

"ရှောင်းကျန့်"

"အိပ်ချင်ပြီ ဒီအတိုင်းပဲနေပေး"

ကျေးဇူးပါကလေး ကိုယ့်ကိုလက်ခံပေးတယ်လို့မှတ်လိုက်ပြီနော်

အိပ်မောကျနေတဲ့ကလေးရဲ့နဖူးထက်သို့အနမ်းတစ်ပွင့်ခြွေရင်းအိပ်မက်ကမ္ဘာဆီသို့
ထိုနေ့ညကရိပေါ်ရဲ့အိပ်မက်တွေကတော့လှပနေခဲ့တယ်။

..............................

• • • • • ရိပေါ်ရေ..ရိပေါ်! • • • •

အိမ်ရှေ့ကလူခေါ်သံကြားလို့ရှောင်းကျန့်ထွက်ကြည့်လိုက်တော့အရပ်ရှည်ရှည်ပိန်ပိန်သွယ်သွယ်အစ်မကြီးတစ်ယောက်

မေမေကမီးဖိုချောင်ဝင်နေတာမို့ရှောင်းကျန့်ကပဲအပြင်ထွက်ကာ

"အစ်မ ကိုကိုမရှိဘူးစိုက်ခင်းသွားတယ်"

သိတယ် ဟောဒီကမမကသိပါ့ရှင် ရိပေါ်မရှိတဲ့အချိန်ကိုတမင်လာတာ

"သြော်...ဟုတ်သားပဲဒီအချိန်ဆိုစိုက်ခင်းမှာပဲနေမှာပေါ့ ဒါနဲ့အဒေါ်ရှိလား"

"ရှိပါတယ်"

ရှောင်းကျန့်ဖော်ရွေစွာပြန်ပြောလိုက်သည်။

အမယ်လေး ချစ်ဖို့ကောင်းလိုက်တာဝမ်ရိပေါ်ကဒါမျိုးလေးနဲ့ရတာနည်းနည်းနောနောကံကောင်းချက်လား

"အစ်မကိုအထဲမခေါ်တော့ဘူးလား အဟီး"

"သြော် အထဲဝင်ပါအုံး ကျွန်တော်ကလည်းခေါ်ဖို့မေ့နေတာ "

"ရတယ် ရတယ်"

ကျိုးဝမ်ယွီကပြုံးပြုံးလေးနဲ့ပဲရှောင်ကျန့်ကိုပြောပြီးအိမ်ထဲဝင်လာလိုက်တယ် အိမ်ရှေ့ကအသံကြားလို့မီးဖိုချောင်ထဲကထွက်လာတဲ့ဝမ်အမေကတော့ ဝမ်ယွီကိုမြင်တာနဲ့ဝမ်းသာအားရနှုတ်ဆက်တော့တာပဲ

"အယ် သမီးဝမ်ယွီ ဘယ်တုန်းကပြန်ရောက်နေတာလဲ"

"မနေ့ကမှပြန်ရောက်တာအဒေါ်ရဲ့ ရိပေါ်နဲ့တောင်လမ်းမှာတွေ့လို့အထုပ်တွေကူသယ်ခိုင်းလိုက်ရသေးတယ်"

"ဝမ်လေးကဘာမှမပြောလို့လေ"

"အဲ့အကောင်ကဘယ်ခါများအရေးတယူပြောနေဖူးလို့လဲ အဒေါ်ရယ် "

"အေးပါ အေးပါ ရောက်လာမှတော့စားပြီးမှပြန်ရမယ်နော် ဒီနေ့အိမ်မှာဟင်းကောင်းတယ်"

"ဟုတ် စားပြီးမှပြန်မယ် အဟီး"

မေမေနဲ့ရယ်လိုက်မောလိုက်စကားပြောနေတဲ့အစ်မကြီးကသွက်သွက်လက်လက်လည်းရှိတယ် ရယ်လိုက်ရင်ပေါ်လာတတ်တဲ့သွားတက်လေးနဲ့တစ်မျိုးကြည့်လို့ကောင်းတယ် ဒါနဲ့ ဒီအစ်မကြီးနဲ့ကိုကိုကဘယ်လိုပတ်သက်တာလဲ သူတို့ကအရမ်းခင်ကြတာပဲလား ခင်ရုံအဆင့်ရောဟုတ်ရဲ့လား မေမေကလည်းဒီအစ်မကြီးကိုအရမ်းချစ်တဲ့ပုံပဲ

"သြော် သမီး ဒါကအဒေါ့်ရဲ့သမက်ရှောင်းကျန့်တဲ့ ဆရာဝန်လေးလေ "

"မောင်လေးကချစ်စရာလေးပဲ တွေ့ရတာဝမ်းသာပါတယ်မောင်လေး အစ်မနာမည်ကကျိုးဝမ်ယွီ ရိပေါ်ရဲ့သူငယ်ချင်းလေဒါပေမယ့်မောင်နှမတွေလိုပါပဲ မမကိုကိုယ့်အစ်မလိုပဲသဘောထားရတယ်နော် ဟိုကောင်ရိပေါ်ကမောင်လေးကိုအနိုင်ကျင့်ရင်လည်းမမကိုပြော အဲ့ကောင်ကိုအမှုန့်ချေပေးမယ် အဟင်း"

ဝမ်ယွီသူအရမ်းပြောချင်နေတဲ့စကားတွေကိုစတင်ပြောပါတော့သည်။ စတွေ့တည်းကဒီချစ်စရာကောင်လေးကိုအရမ်းတွေအသဲယားနေတာ သူတောင်ဒီလောက်ဖြစ်နေမှတော့ဝမ်ရိပေါ်ကြီးဘယ်လောက်တောင်ချစ်လိုက်မလဲတွေးနေစရာတောင်မလို

ဝမ်အမေကတော့ဟင်းချက်ရအုံးမှာကြောင့်စကားစဖြတ်ကာထသွားလေသည်။

"အဲ့ရိပေါ်ဆိုတဲ့အကောင်ကလေစကားပြောရင်ဘုနဲ့ဘောက် မမနဲ့ဆိုဘယ်တော့မှမတည့်ဘူး ဘုကလန့်ပြောလွန်းလို့ငယ်ငယ်ကဆိုရန်ဖြစ်ကြတာခဏခဏ"

"အဲ့ဒါတော့ကျွန်တော်လည်းထောက်ခံတယ် ကျွန်တော်နဲ့စတွေ့တုန်းကတောင်ရန်ဖြစ်ရသေးတယ်"

"မနေ့ကလည်းလေ လမ်းမှာတွေ့လို့ခေါ်တာကိုမမကိုမမှတ်မိဘူးဆိုပြီး မျက်စောင်းကြီးနဲ့ကြည့်လိုက်သေးတယ် နောက်မှမောင်လေးကစိတ်ဆိုးနေလို့သူဒီလိုဖြစ်နေတာသိလိုက်ရတယ် အခုရောအဆင်ပြေကြပြီလား"

ဘယ်လိုကြောင့်အဲ့အကြောင်းထိပြောပြရတာလဲ အစ်ကိုကြီးရဲ့

"ပြေ  ပြေပါပြီ "

ထို့နောက်မှာတော့ပြောလိုက်တဲ့စကားများရှောင်ကျန့်မှာကြိတ်မှိတ်နားထောင်နေရတယ် အများစုကတော့ရိပေါ်ရဲ့ငယ်ကျိုးငယ်နာတွေပင်ဖြစ်သည်။

အစ်မကြီးရေ အစ်မကိုယူမယ့်ယောကျ်ားကတော့ နားကသွေးထွက်တဲ့အထိနားထောင်ရတော့မှာပဲ

........................................................

ဝမ်ရိပေါ်အိမ်ပြန်ရောက်တော့ဧည့်ခန်းမှာမိန့်မိန့်ကြီးထိုင်ကာမိမိမကောင်းကြောင်းတွေကိုအာပေါင်အာရင်းသန်သန်နဲ့ပြောနေတဲ့မိန်ဂွာမကြောင့်ဂုတ်ကဆွဲပြီးသာကမ္ဘာ့အပြင်ဘက်ကိုလွှတ်ပစ်လိုက်ချင်တော့တာပဲ ဒါကိုတောင်အပြုံးမပျက်ညိမ်ညိမ်လေးနားထောင်နေတဲ့ရှောင်းကျန့်ကြောင့်ရိပေါ်သူတို့အနားသွားကာ ဝမ်ယွီရဲ့ခေါင်းကိုဖတ်ခနဲရိုက်လိုက်တယ်

"နင်ငါ့အိမ်လာပြီးငါ့မကောင်းကြောင်းလာပြောနေတယ်ပေါ့ တော်တော်သတ္တိရှိနေတယ်ပေါ့လေဟုတ်လား"

"သေနာကောင် ငါကနင့်ဟာလေးကနင့်ကိုပိုစိတ်ဝင်စားအောင်ပြောနေတာလေ ငနာရဲ့"

ဝမ်ယွီကအသံကိုနှိမ့်ကာသွားစေ့သံကြီးနဲ့ရိပေါ်နားရွက်ကိုထဆွဲကာပြောလိုက်သည်။ ထိုအခါမှဟီးခနဲရယ်ပြပြီးရှောင်းကျန့်ဘေးကိုသွားထိုင်နေသောဝမ်ရိပေါ်

"ငါ့အိမ်လာတာ ဘာကိစ္စလဲ"

"ရှောင်းကျန့်ကိုလာတောင်းတာ"

"ဘာ!! နင်သေချင်နေပြီလား"

ရိပေါ်ကပြောရင်းဘေးနားကစာအုပ်နဲ့ကောက်ပေါက်တော့ဝမ်ယွီကရှောင်ရင်းလျှာထုတ်ပြတယ်
စင်စစ်တော့သူတို့နှစ်ယောက်ဟာမောင်နှမလိုထက်ညီအစ်ကိုတွေလိုနေထိုင်ကြတာဖြစ်သည်။

ရှောင်းကျန့်ကတော့ရိပေါ်ရဲ့တစ်ခါမှမတွေ့ဖူးတဲ့ပုံစံကိုတွေ့ရတော့မျက်လုံးလေးပြူးလို့
လူကြီးကဒီလိုလည်းကလေးကလားရန်ဖြစ်တတ်သေးတာပဲလား

"အမယ်လေး ဖြစ်နေလိုက်တာ နင့်ဟာလေးကိုမတောင်းပါဘူး"

"တောင်းလို့လည်းမရပါဘူး ကလေးကငါ့အပိုင် ဟွန်း"

ရိပေါ်ကပြောလည်းပြောရှောင်းကျန့်ကိုလည်းသူ့ဘက်ပါအောင်ပုခုံးကနေဆွဲလိုက်သည်။ ရှောင်းကျန့်မှာတော့သူ့ရင်ခွင်ထဲဆွေ့ခနဲ
ဝမ်ယွီ ရိပေါ်နဲ့တုမပြောချင်တော့တာကြောင့်နှုတ်ခမ်းမဲ့ကာမျက်ဖြူလန်ပြလိုက်တယ်

ရှောင်းကျန့်သူစိမ်းရှေ့မှာကြောင့်အနေကြပ်လို့တံတောင်နဲ့တွတ်ပေမယ့် ရိပေါ်တို့ကအပြုံးတောင်မပျက် ပိုလို့တောင်ဖက်ပြနေသေးတယ်

ဝမ်ယွီကတော့သွေးပါအန်ချင်လာပြီ ဘယ်လိုကြောင့်ငါ့လို FA ရှေ့မှာဒါမျိုးတွေလုပ်ပြနေရတာလဲ သူတောင်းစားရဲ့

တစ်ဆက်တည်းတွေးမိတာက သူမဒီကိုလာမိတာမှားပြီဆိုတာပဲ အမယ်လေး ရင်ကြပ်တယ် ရင်ကြပ်တယ်

         ...........





Zawgyi

"အိမ်ပြန်မယ်လေ "

"ပြန်ဘူး"

"ဒီမှာအိပ်မှာလား"

"အင်း"



အမေဆိုမှလှုပ်လှုပ်ရွရြွဖစ်လာပြီးစောင်ပုံထဲကနေထွက်လာတဲ့အကောင်လေးက ချက်ချင်းထပြီးအပြင်ထွက်သွားလေရဲ့ဘာမှပြောမသွားပေမယ့်အိမ်ပြန်မှာကိုသိနေတော့ ရိပေါ်လည်းနောက်ကခပ်မြန်မြန်လိုက်သွားရတယ် တော်ကြာစိတ်ပြောင်းပြီးဒီမှာပဲအိပ်မယ်ဖြစ်နေပြန်အုံးမယ်



"ကိုယ်တောင်းပန်ပါတယ်"

"ဟင်!"




"အဲ့အကြောင်းမပြောဘဲနေကြရအောင် ခင်ဗျားမမှားပါဘူး ခင်ဗျားကျွန်တော့်ကိုကြိုက်သလိုလုပ်ပိုင်ခွင့်ရှိတယ် ဘာ့လို့ဆိုတော့ ကျွန်တော်ကခင်ဗျားရဲ့တရားဝင်ယောက်ျားမို့လို့"


"ရှောင်းကျန့်"




..............................

• • • • • ရိပေါ်ရေ..ရိပေါ်! • • • •






"ရှိပါတယ်"





"ရတယ် ရတယ်"



"မနေ့ကမြှပန်ရောက်တာအဒေါ်ရဲ့ ရိပေါ်နဲ့တောင်လမ်းမှာတွေ့လို့အထုပ်တွေကူသယ်ခိုင်းလိုက်ရသေးတယ်"



"အေးပါ အေးပါ ရောက်လာမှတော့စားပြီးမြှပန်ရမယ်နော် ဒီနေ့အိမ်မှာဟင်းကောင်းတယ်"

"ဟုတ် စားပြီးမြှပန်မယ် အဟီး"










"ပြေ  ပြေပါပြီ "


အစ်မကြီးရေ အစ်မကိုယူမယ့်ယောက်ျားကတော့ နားကသွေးထွက်တဲ့အထိနားထောင်ရတော့မှာပဲ

........................................................







"ဘာ!! နင်သေချင်နေပြီလား"









         ...........




Fortsett Γ₯ les

You'll Also Like

593K 31.4K 15
#wangxiao #wangyibo #xiaozhan Start-5.11.2019 End-15.12.2019
675K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader β”• 𝐈𝐧 𝐰𝐑𝐒𝐜𝐑, a powerful d...
22.1M 683K 29
"Ethan." Aiden pauses. "I want you." He softly bites my ear. "I want to kiss you more than you will ever know." Trying to avoid the daily beatings of...
1.1M 49.1K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC