My Gym Trainer (Completed)

Par Its_just_Thu

501K 59.1K 4.4K

When Yibo become a persona gym trainer for Xiao Zhan... Will Yibo change Chubby XZ to Handsome XZ??? Will Xia... Plus

💚Introduction❤️ Must read !!!
Ep 1 - အျဖစ္အပ်က္မ်ားရဲ႕အစ
Ep 2 - Gym လာမိတာမွားၿပီ
Character Introduction (again)
Ep 3 - Another Gym Day
Ep 4 - အျပစ္ေပးခံရတဲ႔ ကိုႀကီး
Ep 5 - ေနမေကာင္းျဖစ္သြားရွာတဲ႔ကိုႀကီး
Ep 6 - လြမ္းတယ္
Ep 7 - Unexpected
Ep 8 - ပုန္းေရွာင္ျခင္း
Ep 9 - ကၽြန္ေတာ္မသိျခင္းမ်ား
Ep 10 - Jelous Yibo
Ep 11- Crush Zone
Ep 12 - ကိုႀကီး !
Ep 13 - Is it a dream?
Ep14-ဝမ္ရိေပၚရဲ႕၂၂ခ်က္
Ep 15- Home Date
Ep16 - အနမ္းလူမိသြားျခင္း
Ep 17 - Yes we are dating
Ep 18 - You or Me??
Ep 19 - The Next Morning
Ep 20 - Yibo is mine 😎
Ep 21 - Colgate အျပံဳး
Ep 22 - 💚❤️
Ep 24 - Couples now
Ep25 - Just the way you are
New Fics 💚❤️
Extra 1 - ေဟာက္က်ိ's first kiss
Extra 2 - Happy 520 Day Special
Fic Book 🔥

Ep 23 - ကိုႀကီးကို လႊတ္လိုက္ !

14.1K 1.8K 244
Par Its_just_Thu

My Gym Trainer Ep 23

စန္႔က်င္တစ္ေယာက္ gym ရဲ႕ဧည့္ခန္းေရွ႕မွာ ဟိုဘက္ေလွ်ာက္လိုက္ ဒီဘက္ေလွ်ာက္လိုက္နဲ႔ ေခြးေနရာမရသလိုျဖစ္ေနေလသည္။

အေၾကာင္းကေတာ့ အထဲမွာ ဟိုက္ခြမ္းေကာရွိေနလို႔။

gym ကိုမလာဘဲ တစ္ပတ္ေလာက္ေပ်ာက္ေနတဲ႔ဒီေန႔မွ ဧည့္သည္တစ္ေယာက္နဲ႔ ခ်ိန္းထားလို႔ဆုိျပီး gym ကိုေရာက္လာေတာ့ စန္႔က်င္အၾကိဳက္ပဲေလ။

ဖုန္းဆက္ရင္လဲမကိုင္၊ စာပို႔ရင္လဲ စာမျပန္တဲ႔ လူပ်ိဳသိုးၾကီးကို ဒီေန႔ေတာ့ အမိအရဖမ္းရမည္။

ဒီဘက္ကေျပာခ်င္တာကို ဆုံးေအာင္နားမေထာင္ပဲ ဟိုတစ္ပတ္ကေရွာင္သြားတာ စန္႔က်င္မွာ အခဲမေၾကႏိုင္။ သူ႔စိတ္ထင္တာေျပာျပီးထြက္သြားတာ ဒီဘက္က ခ်စ္တယ္ေတာင္မေျပာလိုက္ရ။

ရိေပၚကို ေတာ္ေတာ္ျဖစ္လို႔ ေလွာင္ခ႔ဲလို႔ ဝဋ္လည္တယ္ထင္ရေအာင္ပဲ အခုလဲ စန္႔က်င္မွာ ေတာ္ေတာ္ျဖစ္ေနတာပါ။

အဲဒီလူၾကီးမေကာင္းဘူး။ ေျပာေတာ့သာ ရည္းစားမထားခ်င္လို႔ လူပ်ိဳၾကီးလုပ္ေနတာတဲ႔။

အတတ္ေကာင္းေတြ ဘယ္လိုတတ္ခဲ႔သလဲမသိ၊ လူကိုနမ္းသြားလိုက္တာမ်ား ဒီမွာအရူးေတြရင့္လို႔။

အနမ္းတစ္ခုနဲ႔ရူးေလာက္ေအာင္ခ်စ္တယ္ဆုိတာ ခင္ဗ်ားတုိ႔ၾကံဳဖူးၾကလား။

ဒီက က်ဴးစန္႔က်င္ၾကီးကေတာ့ ၾကံဳခဲ႔ရတယ္။

သူမွမဟုတ္ရင္ ဘယ္သူ႔မွ မနမ္းခ်င္ေတာ့တဲ႔အထိ။

ေကာ ဘက္က ဘယ္လိုတုံ႔ျပန္မယ္မသိေပမယ့္ စန္႔က်င္ကေတာ့ အဲလိုနမ္းျပီးတဲ႔ေနာက္ေန႔မွာတင္ ရွိသမွ်ရည္းစားေတြကိုအကုန္ျဖတ္။

အေကာင့္ဟက္ခံရလိုက္၊ မသိတဲ႔ဖုန္းနံပါတ္အစိမ္းေတြနဲ႔ ဖုန္းဆက္ျပီးဆဲခံရလိုက္နဲ႔ တစ္ရက္မွ ေအးေဆးမေနရ။

အဲဒါကို ေကာကမသိပဲ လူကို စိတ္ဆိုးေနေသးသည္။

ဟိုေယာက္ဖဆိုတဲ႔ေကာင္ကလဲ ဘာမွသုံးစားမရ။

အားအားေန သူ႔ကိုၾကီးနားပဲကပ္ေနတာ gym ေတာင္မလာႏိုင္။

တစ္ေယာက္တည္းေတြးရင္း စိတ္တိုေနတုန္းပဲ ဧည့္ခန္းထဲက ဧည့္သည္ ၂ ေယာက္ျပန္ထြက္လာတာေတြ႔တာမုိ႔ စန္႔က်င္ ဧည့္ခန္းထဲ အျမန္ေျပးဝင္လိုက္သည္။

မဟုတ္ရင္ ဟိုက္ခြမ္းေကာက ျပန္သြားအုံးမွာ သူသိသည္ေလ။

“ေကာ”

“စန္႔က်င္ မင္းနဲ႔ငါေျပာစရာမရွိ…”

“ကၽြန္ေတာ္ ေကာကိုခ်စ္တယ္ .. အဲဒါေၾကာင့္ ကၽြန္ေတာ့္ခ်စ္သူျဖစ္ေပးပါ”

“က်ဴးစန္႔က်င္ မင္းဘာေျပာတယ္”

“ကၽြန္ေတာ္ ေကာကိုခ်စ္တယ္လု႔ိ”

“မင္းမွာ ရည္းစားေတြ ဒီေလာက္မ်ားတာကို မင္းကငါ့ကိုခ်စ္တယ္ဆိုေတာ့ မင္းငါ့ကိုေစာ္ကားေနတာနဲ႔တူတူပဲလို႔ မသိဘူးလား”

ရည္းစားစကားေျပာခံရတာကို မရွက္ပဲ ေဒါသေတြၾကီးျပီး တရွူးရွူးျဖစ္ေနေသာ ဟိုက္ခြမ္းေကာကိုၾကည့္ပီး စန္႔က်င္မွာ ငိုပဲငိုရမလို ရယ္ပဲရယ္မလိုေတြျဖစ္လို႔။

ေတြးထားတာက ဒီလို … စန္႔က်င္က ခ်စ္တယ္လို႔ေျပာရင္ ဟိုက္ခြမ္းေကာက ရွက္သြားမယ္ .. ျပီးရင္
“ဟာ စန္႔က်င္ကလဲကြာ”
ဆိုျပီး မူရင္ ရင္ခြင္ထဲဆြဲသြင္းျပီး ဘာညာ ဘာညာ … နမ္းတာ ျပဳတာလုပ္မည္ေပါ့ေလ။

အခုလို ေဒါသၾကီးေနတဲ႔ ဟိုက္ခြမ္းေကာကိုမ်ား ရင္ခြင္ထဲဆြဲသြင္းလိုက္လု႔ိကေတာ့ စန္႔က်င္ ၾကယ္ေတြ လေတြပါျမင္သြားႏိုင္ေခ်ရွိတယ္။

“ေကာ … ေကာ ေဒါသမထြက္နဲ႔ေလဗ်ာ”

“မင္းကငါ့ကိုလာေစာ္ကားေနတာကိုးကြ”

“ကၽြန္ေတာ့္မွာ ဘာရည္းစားမွမရွိေတာ့ပါဘူးဗ်ာ က်ိန္ဆုိက်ိန္ရဲပါတယ္ အကုန္လုံးကိုျဖတ္လိုက္ပါပီ ျပီးေတာ့ ကၽြန္ေတာ္ ေကာကို တကယ္ခ်စ္မိသြားတာပါ”

“အပိုေတြ မင္းနဲ႔ငါသိလာတာ မင္းတစ္သက္နီးပါးရွိျပီ မင္းရည္းစားထားတာလဲ မင္းသက္ေစ့ရွိေနျပီ အခုမွ ငါ့ကိုေကာက္ခါငင္ခါခ်စ္တယ္ဆိုတာ အဓိပၸါယ္ရွိလို႔လား.. မင္း ဟိုညက ငါနမ္းလိုက္တာကို တလဲြထင္ျပီး ငါ့ကိုရမလားလို႔ လာၾကံတာမွတ္လား ငါ့ကိုအေပါစားထင္ေနလား ဟမ္ ငါကမင္းသူငယ္ခ်င္းအကို မင္းထက္အသက္ ၁၀ ႏွစ္ပိုၾကီးတယ္ မင္းကစားစရာအရုပ္မဟုတ္ဖူး … မင္း လက္တည့္စမ္းျပီး အေပ်ာ္ရွာခ်င္ရင္ တျခားေကာင္ေတြကိုသြားရွာ”

“ေကာ”

စန္႔က်င္ ေအာ္လိုက္ေတာ့ ဟိုက္ခြမ္းေကာက ဘာမွဆက္မေျပာေတာ့။ စန္႔က်င္ တဖန္စိတ္ျပန္တိုျပီေလ။

“ေတာ္ပါေတာ့ ကၽြန္ေတာ့္ကိုအဲေလာက္ပဲစြပ္စြဲပါေတာ့ ကၽြန္ေတာ္ရည္းစားမ်ားတာဟုတ္ပါတယ္ အဲဒါကလဲ လူငယ္သဘာဝအရ ထားခဲတာပါ ဘယ္မိန္းကေလးကိုမွလဲ ေက်ာရရုံမၾကံဖူးဘူး သန္႔သန္႔ေလးပဲတြဲခဲတာ ျပီးေတာ့ ေကာနဲ႔နမ္းျပီးမွ ေကာကိုခ်စ္သြားတာဆုိတာလဲဟုတ္ပါတယ္ ဒါေပမယ့္ ေကာကို အေပါစားလို သေဘာထားျပီးခ်စ္တယ္ေျပာတာမဟုတ္ဖူးဗ် သိလား .. ဒီရင္ဘတ္ထဲကေကာင္က အဲဒီအခ်ိန္က်မွ ေဆာင့္ခုန္လာတာ အဲဒီအခ်ိန္က်မွ ခ်စ္သြားမိျပီဆုိတာ သိတာကို ဘယ္လိုလုပ္ရမလဲ ခ်စ္တာကို ခ်စ္တယ္လို႔ေျပာမိတာ ကၽြန္ေတာ္မွားလို႔လား ေကာ ျပန္မခ်စ္ဖူးမွတ္လား ရတယ္ ဒါေပမယ့္ ကၽြန္ေတာ့္အခ်စ္ကိုေတာ့မေစာ္ကားနဲ႔ ကၽြန္ေတာ္သြားျပီ”

ေျပာခ်င္တာေတြ မနားတမ္းေျပာသြားျပီး ေဒါသတၾကီးထြက္သြားေသာ စန္႔က်င္ကိုၾကည့္ျပီး ဟိုက္ခြမ္းေတာင့္ေတာင့္ၾကီးက်န္ခဲ႔သည္။

အခု သူကငါ့ကိုေဒါသျပန္ထြက္သြားတာလား။

မထင္မွတ္ထားပဲ ကိုယ့္ညီသူငယ္ခ်င္းက ခ်စ္တယ္လို႔ ေျပာတာခံလိုက္ရေတာ့ ဟိုက္ခြမ္းကမတုန္လႈပ္ရဘူးလား။

ျပီးေတာ့ ဒီေကာင္ေလးအေၾကာင္းကုိ အကုန္သိထားတာမုိ႔ စိုးရိမ္မိတာ သူလြန္လို႔လား။

ကိုယ္လဲရင္ခုန္မိေပမယ့္ ေၾကာက္တယ္ေလ။

ကိုယ္က အသက္ပိုၾကီးသူလဲျဖစ္တဲ႔အျပင္ သူ႔လိုရည္းစားေတြအမ်ားၾကီးထားဖူးတဲ႔သူလဲမဟုတ္ေတာ့ အေတြ႔အၾကံဳမရွိဘူး။

အရင္က ရည္းစားထားဖူးတာကလဲ မိန္းကေလးဆိုေတာ့ ကိုယ္က ကိုယ့္စိတ္ကိုယ္ျပင္ဆင္ျပီး ရည္းစားစကားစေျပာရတာေလ။

အခုလို ရည္းစားစကားအေျပာခံရတာက် ဟိုက္ခြမ္း စိတ္လႈပ္ရွားမိတာေပါ့။

အဲဒါကို သူက စိတ္ျပန္ဆုိးသြားရတယ္လို႔။ လူငယ္ေတြမ်ား တကယ္ခက္တာပဲ နည္းနည္းေလးမွစိတ္မရွည္ဘူး။

အခုေတာ့ လူပ်ိဳၾကီးမွာ ေျပးပဲေခ်ာ့ရမလို၊ ထိုင္ပဲငိုရမလိုနဲ႔ ကိုးရုိ႕ကားယားေတြကိုျဖစ္လုိ႔။

Xxxxxxxxxx

Counter ေရွ႕မွာ က်ိရန္ေကာထြက္အလာကို ေမွ်ာ္ေနရတဲ႔ ေဟာက္ရႊမ္းအဖို႔ေတာ့ တရားလူၾကီးခ်မွတ္မယ့္ျပစ္ဒဏ္ကိုေစာင့္ေနရတဲ႔ ရာဇဝတ္သားထက္ပင္ စိတ္လႈပ္ရွားေနရေလသည္။

က်ိရန္ေကာကို ေတာင္းပန္စကားေျပာမည္ဟု လာခဲ႔ေပမယ့္ က်ိရန္ေကာက counter မွာမရွိတာေၾကာင့္ cashier ေကာင္ေလးကိုေခၚခိုင္းရတာ။

ေကာင္ေလးက ေဟာက္ရႊမ္းတုိ႔ျပႆနာတက္တာကို တစြန္းတစေတာ့ သိထားပုံေပၚကာ မေခၚေပးပဲ ေပေတျပီးေနေနေသးသည္။

ေဟာက္ရႊမ္းမွာ မ်က္ရည္က်မတတ္ေတာင္းပန္မွ ခဏေလးဆုိျပီး သြားေခၚေပးတာ။

ရင္တုန္လိုက္တာ မေျပာပါနဲ႔ေတာ့။

“ဘာကိစၥရွိလို႔လဲ”

အၾကည့္စူးစူးနဲ႔ အေရွ႕မွာ လာရပ္ျပီးေမးလာေသာ က်ိရန္ေကာမ်က္ႏွာကို ဘာမွျပန္မေျပာႏိုင္ပဲ ေငးၾကည့္ေနမိသည္။

ဒီမ်က္ႏွာေလးကို လြမ္းလို္က္ရတာ။ အခုလိုအနီးကပ္မျမင္ရတာၾကာခဲ႔ျပီ။

အရင္ကေတာ့ ဒီမ်က္ႏွာေလးကို အနီးကပ္ မျမင္ခ်င္လဲျမင္ရတာ … အခြင့္ၾကံဳရင္ၾကံဳသလို ကိုယ့္ရင္ခြင္ထဲ ေခါင္းဝင္တတ္သူေလး။

ေဝးေနရမွ အဲဒီအခ်ိန္ေလးေတြက သိပ္တန္ဖိုးရွိမွန္းသိလာသည္။

အခြင့္အေရးရွိပါရက္နဲ႔ တစ္ခါမွ မနမ္းျဖစ္ခဲ႔သည့္ အဲဒီႏႈတ္ခမ္းေလးေတြကို အခုမွနမ္းခ်င္စိတ္ေတြက တဖြားဖြား။

အစကေတာ့ ေတာင္းပန္ရရုံနဲ႔ေက်နပ္ရျပီဆုိျပီး လာခဲ႔တာ။ ဒါေပမယ့္ မျဖစ္ႏိုင္။

က်ိရန္ေကာအခ်စ္ကို ျပန္ရေအာင္ကို ယူမွျဖစ္မည္။

က်ိရန္ေကာနဲ႔ မေဝးေနႏိုင္ေတာ့တာ ပိုေသခ်ာသြားျပီ။

“ေမးေနတယ္ေလ”

“ေဆာ္…ေဆာ္ရီး ေကာ ကၽြန္ေတာ္အေငးလြန္သြားလို႔”

မ်က္ေစာင္းထုိးခ်င္ေပမယ့္ ရင္းႏွီးတဲ႔ပုံေပါက္သြားမွာစိုးလို႔ မ်က္ေစာင္းမထိုးေတာ့တဲ႔ က်ိရန္ေကာ မ်က္ႏွာေခ်ာေခ်ာကိုေငးၾကည့္ရင္း ေဟာက္ရႊမ္းရင္ခုန္ရျပန္သည္။

ဘယ္လိုေနေနကိုခ်စ္တယ္ဆိုတဲ႔စကားကို အခုေတာ့ ေဟာက္ရႊမ္းသေဘာေပါက္ခဲ႔ျပီ။

“ဟိုေလ ရိေပၚက က်န္႔ေကာအတြက္ ေကာ္ဖီသြားဝယ္ေပးပါဆုိလို႔ က်န္႔ေကာက ဘာေကာ္ဖီေသာက္မွန္းမသိတာနဲ႔ အဲဒါ က်ိရန္ေကာကို ေခၚခိုင္းလိုက္တာ”

ေတြ႔ေတြ႔ခ်င္း ကိုယ္ေတြကိစၥေျပာလိုက္ရင္ ျပန္ျပီးေျပးဝင္သြားမွာစိုးလို႔ ပါးစပ္ထဲေတြ႔ရာေျပာလုိက္ရျခင္းပင္။

အဲဒါကို က်ိရန္ေကာကလဲ ရိပ္မိပုံပဲ။

မယုံသလိုအၾကည့္နဲ႔ၾကည့္လာသည္။

ဒါေပမယ့္ ဘာမွေတာ့မေျပာ။

ေကာ္ဖီစက္ဆီေလွ်ာက္သြားကာ ေကာ္ဖီေဖ်ာ္ေပးေနေလသည္။

ျပီးေတာ့ ေကာ္ဖီခြက္ကို ကၽြန္ေတာ့္လက္ထဲထည့္ေပးျပီးေျပာသည္။

“ေရာ့ ေရွာင္းက်န္႔အတြက္မုိ႔ ပိုက္ဆံမယူေတာ့ဘူး”

“ေကာ ကၽြန္ေတာ္ေတာင္းပန္ပါတယ္”

“ဘာလဲ ငါနဲ႔ျပတ္ျပီးျပီးခ်င္း ရည္းစားတစ္ေယာက္ထပ္ထားလိုက္ႏိုင္တဲ႔အတြက္လား”

က်ိရန္ေကာက ေျပာပီးကာမွ ႏႈတ္ခမ္းကိုကိုက္ကာ သူ႔စကားကိုအရွိန္သတ္သည္။

“မေျပာေတာ့ဘူး ေဆာ္ရီး မင္းနဲ႔ငါက ဘာမွမဆုိင္ေတာ့ဘူးပဲ မင္းသြားေတာ့”

“ေကာ ကၽြန္ေတာ္နဲ႔အဲဒီေကာင္မေလးက ဘာမွမပက္သတ္ပါဘူး တကယ္ပဲ အဲဒါေတြ ကၽြန္ေတာ္အကုန္ရွင္းျပပါ့မယ္ေနာ္ ျပီးေတာ့ေလ ကၽြန္ေတာ္ေလ ေကာကိုခ်စ္တယ္”

ပြင့္ဟသြားတ႔ဲ ႏႈတ္ခမ္းအစုံက သူဘယ္ေလာက္အံ့ၾသေနတယ္ဆုိတာကို ျပသေနသည္။

က်ိရန္ေကာမ်က္ဝန္းက ရုတ္ခ်ည္းဆုိသလို မ်က္ရည္ေတြဝိုင္းလာေတာ့ ေဟာက္ရႊမ္းဘာလုပ္လို႔လုပ္ရမယ္မသိ။

“ေကာ .. ေကာ မငိုနဲ႔ေလ”

“ငါက ဘာလို႔ငိုရမွာလဲ မငိုပါဘူး”

မငိုပါဘူးသာဆုိတယ္ သူ႔မ်က္ႏွာက ငိုမဲ႔မဲ႔ေလ။ျဖစ္ေနတဲ႔ဟာ။

သူငိုတာကို ကိုယ္စိတ္မေကာင္းေပမယ့္ အခုလို တုံ႔ျပန္မႈရွိတယ္ဆုိကတည္းက သူ႔စိတ္ထဲမွာကိုယ္ရွိေနေသးတယ္ဆိုတာ သိလိုက္ရတာမုိ႔ ေဟာက္ရႊမ္းက ေပ်ာ္ေတာင္ေပ်ာ္မိေသးသည္။

ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ ေကာအခ်စ္ကို ကၽြန္ေတာ္ ေသခ်ာေပါက္ရေအာင္ယူမွာ။

“ေကာ ကၽြန္ေတာ္အရမ္းခ်စ္တာယုံေပးပါေနာ္”

“ဝမ္ေဟာက္ရႊမ္း လူေတြရွိတယ္ေလ မရွက္ဖူးလား သြား ျပန္ေတာ့”

“ေကာကလဲ ကၽြန္ေတာ္ ဘာမွေတာင္မေျပာရေသးဘူးေလ”

“မသိဘူး မေျပာနဲ႔ ငါဆြဲထုတ္ခိုင္းရမွာလား ေျပာ”

“သြားဆုိလဲသြားပါမယ္ မနက္ျဖန္ထပ္လာမယ္ေနာ္ အရမ္းအရမ္းခ်စ္တယ္ သိလား”

ဆိုင္ကျပန္ထြက္မသြားခင္ ခ်စ္တယ္ခ်ည္းတဖြဖြေျပာပီးထြက္သြားေလတဲ႔ေကာင္ေလးကိုၾကည့္ျပီး က်ိရန္တစ္ေယာက္ ႏႈတ္ခမ္းကိုခပ္ဖြဖြကိုက္ကာ ၾကည့္ေနမိခဲ႔သည္။

သူ႔ေမတၱာေတြအတြက္ တန္ျပန္သက္ေရာက္တဲ႔အခ်ိန္ေရာက္လာခဲ႔ျပီလား။

ခ်က္ခ်င္းပဲ ယုံၾကည္ခ်င္လိုက္ေပမယ့္ ခဲမွန္ဖူးတဲ႔စာသူငယ္မို႔ အခ်ိန္တစ္ခုေတာ့ယူရပါအံုးမွာ အေသအခ်ာပါပဲ။

Xxxxxxxxxxxx

“ကိုၾကီး ဘာမွမေၾကာက္နဲ႔ေနာ္ ပါးနဲ႔မားက သေဘာေကာင္းပါတယ္ အိမ္မွာ ေကာလဲရွိတယ္ သူလဲကူေျပာေပးမွာမုိ႔ ဘာမွစိတ္ပူမေနနဲ႔”

လက္ဖ်ားေတြေအးစက္ကာ စိတ္လႈပ္ရွားေနေသာ ေရွာင္းက်န္႔လက္ေတြကို တင္းတင္းဆုပ္ကိုင္ကာ ရိေပၚကေျပာသည္။

ေရွာင္းက်န္႔စာေမးပြဲျပီးသြားျပီမုိ႔ ရိေပၚအလုိက် သူ႔မိဘေတြကုိ လိုက္ေတြ႔ဖို႔အခ်ိန္က်လာျပီ။

ရိေပၚက စိတ္မလႈပ္ရွားပါန႔ဲဆိုေပမယ့္ သူတုိ႔ျခံထဲေရာက္ကတည္းက လူကဒူးတုန္ခ်င္လာျပီ။

ဘယ္လိုေတာင္ၾကီးတဲ႔အိမ္ၾကီးလဲ။

ဒီအိမ္ထဲမွာ ရိေပၚနဲ႔ တူတူပုန္းတမ္းေဆာ့ရင္ေတာင္ ေတြ႔ေအာင္လုိက္မရွာႏိုင္ေလာက္ဘူးထင္မိတယ္။

စိန္ေျပးလိုက္တမ္းေဆာ့ရင္ေရာ .. အဲလုိဆိုလဲ ေျပးရလြန္းလို႔ အသက္ထြက္မွာပဲ။

ဗုတ္စေတးလို႔ေအာ္ျပီး ေက်ာက္ရုပ္လိုမတ္တပ္ရပ္ေနရင္ေတာ့မဆုိး။

အာ ငါ့ႏွယ္ ေပါက္ပန္းေလးဆယ္ေတြေတြးေနမိျပန္ျပီ။ ဒါအရမ္းစိတ္လႈပ္ရွားေနလို႔ေနမွာ။ စိတ္ေလွ်ာ့ စိတ္ေလွ်ာ့။

ဒီအေျခအေနအထိေရာက္ျပီးမွေတာ့ သူတို႔သားနဲ႔ ကိုယ္နဲ႔ကုိ သေဘာမတူလို႔မရပါဘူး။

ေပၚတိက ကိုၾကီးမွ ကိုၾကီးျဖစ္ျပီး အခ်ိန္တိုင္း everyday ေနတာေလ။

အခုခ်ိန္က်မွ သေဘာမတူပါဘူးဆိုလို႔ကေတာ့ ေရွာင္းက်န္႔တုိ႔က ဒီတုိင္းျငိမ္ခံေနမယ္ထင္လား။

သူတုိ႔သား ကိုယ့္ကုိဇြတ္အတင္း papapa တဲ႔ကိစၥကို ေျပာလိုက္မွာေပါ့။

စားျပီးနားမလည္လုပ္လို႔ရမလား။

သူတုိ႔သားေၾကာင့္ ကိုယ့္မက္မြန္သီးေလးက အကိုက္ခံရလြန္းလိ႔ု ပုတ္ခ်င္ခ်င္ျဖစ္ေနတာကို ဟြန္း။

“ပါးနဲ႔မား သားခ်စ္သူကို ေခၚလာျပီ”

အိမ္ရဲ႕လူ အေယာက္ ၂၀ ေလာက္ဆန္႔ေသာ ဧည့္ခန္းၾကီးထဲမွာ ထုိင္ေနတာက ၃ေယာက္တည္း။ ဝမ္ပါပါးနဲ႔ ဝမ္မာမားရယ္၊ ဟိုက္ခြမ္းေကာရယ္။

“လာ လာ သားတုိ႔ကိုေမွ်ာ္ေနတာ သူေလးကေရွာင္းက်န႔္လား”

ထိုင္ေတာင္မထိုင္ရေသးခင္မွာပဲ ဝမ္မာမားက ဧည့္ၾကိဳစကားေျပာတာေၾကာင့္ ေရွာင္းက်န္႔နည္းနည္းစိတ္သက္သာရာရသြားသည္။

ေတာ္ေသးတယ္ အေျခအေနသိပ္မဆုိးေလာက္ေသး။

“ဟုတ္ကဲ႔ ေရွာင္ေရွာင္းက်န္႔ပါခင္ဗ်”

ရိေပၚက ဆိုဖာအလြတ္တစ္ခုမွာဝင္ထိုင္လ်က္ မိမိကိုယ္ပါ လက္ဆြဲျပီး ထုိင္ေစတာမုိ႔ ေရွာင္းက်န္႔ထုိင္မယ္အလုပ္ ဝမ္ပါပါးဆီမွ အသံထြက္လာသည္။

“အဟမ္း မင္းကေရွာင္ေရွာင္းက်န္႔ေနာ္ ငါနဲ႔ စာၾကည့္ခန္းထဲလိုက္ခဲ႔ ဝမ္ရိေပၚ မင္းေနခဲ႔”

ေရွာင္းက်န္႔မွာ ဆိုဖာေပၚေတာင္ ဖင္မထိုင္ရေသး၊ ဝမ္ပါပါးစကားသံေၾကာင့္ ဖင္ေလးေတာင္တြန္႔သြားရသည္။

“ပါး ကိုၾကီးကိုဘာေျပာမလို႔လဲ ကၽြန္ေတာ္တုိ႔ကိုခြဲလို႔မရဘူးေနာ္ ကၽြန္ေတာ္ ကိုၾကီးကို မရရေအာင္ယူမွာ”

“တိတ္စမ္း ဝမ္ရိေပၚ စကားမရွည္နဲ႔ ဟိုတစ္ေယာက္ .. ဘာလုပ္ေနတာလဲ ငါ့ေနာက္လုိက္ခဲ႔”

“မာမား လုပ္ပါအုံး ပါးက အက်င့္ပုတ္ေတာ့မွာ သားကိုၾကီးနဲ႔မခြဲႏိုင္ဘူးေနာ္ သားကိုယ္သားသတ္ေသမွာေနာ္”

ဟိုကဘာေျပာမယ္မွန္းေတာင္မသိေသးပဲ ဇြတ္ေတြ ဒရမာခ်ိဳးေနေသာ ဝမ္ရိေပၚ ေတာ္ေတာ္ျဖစ္။

“ေအးပါ သားရယ္ မားသိပါတယ္ ပါးကဘာေျပာမလို႔လဲမွမသိတာ .. အခုေတာ့ ေရွာင္းက်န္႔ရဲ႕လက္ကိုလႊတ္ေပးလိုက္အုံးေနာ္”

“ေပၚတိ စိတ္ခ်ေနာ္ ကိုၾကီးဘာမွမျဖစ္ဖူး ျပန္လာမယ္”

ေရွာင္းက်န္႔နဲ႔ ဝမ္မာမားစကားေၾကာင့္ ရိေပၚက ေရွာင္းက်န္႔လက္ကို မလႊတ္ခ်င္ပဲ လႊတ္ေပးလိုက္သည္။

ေရွာင္းက်န္႔မွာ ရင္တထိတ္ထိတ္နဲ႔ ဝမ္ပါပါးေနာက္ကိုလိုက္လာရင္း ဘာေျပာရမလဲဆုိတာ စဥ္းစားေနရသည္။

ရုပ္ရွင္ေတြထဲကလို ေငြနဲ႔ေပါက္ျပီး သူ႔သားနဲ႔သေဘာမတူႏိုင္ဘူးဆုိျပီး ေျပာမွာလား။

အဲလိုဆိုရင္ေတာ့ ေရွာင္းက်န္႔က ပိုက္ဆံေတြယူျပီး ရိေပၚေလးလက္ကုိွဆြဲျပီး အိမ္ထဲက ထြက္ေျပးပစ္လိုက္မွာ။

စာၾကည့္ခန္းဆုိေသာအခန္းကလဲ ေရွာင္းက်န္႔ရဲ႕တုိက္ခန္းတစ္ခန္းစာေလာက္ေတာင္က်ယ္ေသးသည္။

ရိေပၚကို ခ်စ္ရုံသတ္သတ္သာ စိတ္ထဲထားခဲ႔သည့္ ေရွာင္းက်န္႔က ရိေပၚတုိ႔ Wang Group က ခ်မ္းသာတာသိေပမယ့္ အခုေလာက္ၾကီးထိ ခ်မ္းသာတယ္ဆိုတာ မွန္းမထားခဲ႔မိဘူး။

ဝမ္ပါပါးက ထိုင္ခုံတစ္ခုမွဝင္ထိုင္ေတာ့ ေရွာင္းက်န္႔လဲ လြတ္တဲ႔ခုံတစ္ခုံမွာ ခပ္ရို႕ရို႕ေလးဝင္ထိုင္ရသည္။ ဝမ္ပါပါးက ဘာမွစမေျပာေလသး။

“ဟိုေလ ကၽြန္ေတာ့္ကိုေျပာစရာရွိတာေျပာပါ”

“ငါက ဘာေျပာရမွာလဲ”

“ဗ်ာ ကၽြန္ေတာ့္ကိုေျပာစရာရွိလို႔ေခၚတာမဟုတ္ဖူးလား”

“မဟုတ္ပါဘူး”

“ဗ်ာ”

ငင့္ … မေျပာဘူးဆိုရင္ တခုခုလုပ္မလို႔လား။

ငါ့ကို ဒီစာၾကည့္ခန္းက်ယ္ၾကီးထဲမွာသတ္ပစ္ျပီး လက္စေဖ်ာက္ပစ္မလို႔ေတာ့မဟုတ္ဖူးမွတ္လား။

ဒါမွမဟုတ္ သတ္မွာမဟုတ္ပဲ မဟုတ္တာတစ္ခုခုလုပ္ရင္ေရာ။ ငါဘယ္လိုေျပးရပါ့မလဲ။

အေဖကယ္ပါ အေမကယ္ပါ ဝမ္ရိေပၚကယ္ပါ။

“အံ့ၾသသြားတယ္လား ဟားဟား ငါက မင္းကိုဘာမွေထြေထြထူးထူးေျပာစရာမရွိပါဘူး ေသာက္ပိုေတြလုပ္ျပီး ေသာက္ရမ္းကဲေနတဲ႔ ဝမ္ရိေပၚဆိုတဲ႔ ငါ့သားကို ေသာက္ျမင္ကတ္လို႔ မင္းကိုဒီေခၚလာတာ”

“ဒါ..ဒါဆို ကၽြန္ေတာ္တုိ႔ကိုခြဲမလို႔မဟုတ္ဖူးေပါ့”

“မဟုတ္ပါဘူး ငါကဘာလုိ႔ခြဲရမွာတုန္း”

“ဟို ကၽြန္ေတာ္က ဝမ္သူေဌးတုိ႔လုိ လူခ်မ္းသာအသိုင္းအဝိုင္းကမဟုတ္ပဲ သာမာန္လူတန္းစားထဲကဆိုေတာ့ ရိေပၚနဲမတန္”

“ဟာ မဟုတ္တာ ငါတို႔မွာအဲလိုအဆင့္အတန္းခြဲတဲ႔စိတ္မရွိပါဘူး ျပီးေတာ့ ငါတို႔ခ်မ္းသာတာက မင္းတုိ႔တင္မဟုတ္ဖူး မင္းတုိ႔ေျမးျမစ္ေတြအထိ အလုပ္မလုပ္ပဲ ထိုင္စားခိုင္းလုိ႔ရတယ္”’

အိုက္စ္စ္ ၾကိဳက္ျပီ။

ဝမ္ပါပါးကိုမဟုတ္ဖူးေနာ္ သူ႔ေတာ္ကီကိုေျပာတာ။

လူကေတာ့ ဝမ္ရိေပၚကိုပဲၾကိဳက္တာ သိဘို႔။

“ဒါေပမယ့္ ကၽြန္ေတာ္တုိ႔ကေယာက်ာ္းေလးခ်င္းဆုိေတာ့”

“အဲဒါလဲကိစၥမရွိပါဘူး ကေလးေမြးစားရင္ေမြးစား မဟုတ္လဲ မင္းတုိ႔စိတ္အားထက္သန္မႈရွိရင္ ဖန္ျပြန္သေႏၵသားယူတာတုိ႔ဘာတုိ႔လုပ္လို႔ရတာပဲ”

“အဲဒါဆို ကၽြန္ေတာ္တို႔ကို ဝမ္သူေဌးက သေဘာတူတယ္ေပါ့ေနာ္”

“ပါပါးလို႔ပဲေခၚမွာ ေနာက္လဲ အဲလိုပဲေခၚရမွာပဲ ငါက ရိေပၚကိုစခ်င္လို႔ မင္းကိုေခၚလာတာ .. သေဘာမတူလို႔ ခြဲခ်င္လို႔မဟုတ္ဖူး စိတ္မပူန႔ဲ႔ ဟုတ္ျပီလား မင္းအေၾကာင္းေတြလဲ ပါးက သိျပီးသား ရိေပၚရည္းစားထားတယ္ဆုိျပီး weibo မွာတက္လာကတည္းက အကုန္စုံစမ္းထားျပီးသား ပါးတုိ႔ဘက္က သေဘာမတူစရာမရွိဘူး”

“ေက်းဇူးတင္ပါတယ္ တကယ္ပါ”

“သားကခ်စ္စရာေလးပဲ သေဘာမတူစရာမရွိပါဘူး အာဒါနဲ႔ သားက နည္းပညာတကၠသိုလ္က စံျပေက်ာင္းသားဆို သတင္းေတြေမႊးေနတာပဲ”

“နည္းနည္းပါခင္ဗ်ာ”

“အေတာ္ပဲ ပါး convention center အသစ္တစ္ခုေဆာက္ဖို႔ရွိတယ္ သားေရွာင္းက်န္႔က ဒီဇိုင္းဆဲြေပးႏိုင္မလား”

“ပါး ပါးတကယ္ေျပာေနတာလား”

ေရွာင္းက်န္႔ ကိုယ့္နားကိုယ္မယုံႏိုင္။

Wang group အတြက္ ဒီဇိုင္းတစ္ခုဆြဲဖို႔ဆုိတာ အခုမွ final စာေမးပြဲေျဖထားတဲ႔ သူ႔လိုေက်ာင္းသားတစ္ေယာက္အတြက္ အိပ္မက္မက္ေနသလိုပင္။

ဒါေပမယ့္ဝမ္ပါပါးပုံစံကလဲ ေနာက္ေနတာေတာ့ မဟုတ္တန္ရာ။

“တကယ္ေျပာတာေပါ့ကြ ငါ့သားမက္ေလာင္း လက္ရာကို အကဲခတ္ၾကည့္ခ်င္ေနတာ”

“ကၽြန္ေတာ္ၾကိဳးစားေပးပါ့မယ္”

“construction စဖို႔က ၁လေက်ာ္ေလာက္လိုေသးတာမုိ႔ ေသခ်ာအခ်ိန္ယူပီးဆြဲ ငါမၾကိဳက္မခ်င္း ျပန္ျပင္ခိုင္းမွာ ဒါေပမယ့္ မင္းဒီဇိုင္းနဲ႔ပဲေဆာက္မွာေနာ္ ငါ့သားမက္ဆြဲတဲ႔ဒီဇိုင္းဆုိျပီး ငါဂုဏ္ယူခ်င္လို႔ .. ဝမ္ရိေပၚကဘယ္ေနရာမွ သုံးစားလို႔မရေပမယ့္ ဒီေနရာေတာ့ေတာ္သြားတယ္ သူ႔ကို အလုပ္မွာခိုင္းစားလို႔မရေပမယ့္ ငါ့ကိုကူညီႏိုင္တဲ႔ သားမက္ကိုရွာေပးလို႔”

ဝမ္ပါပါးစကားေၾကာင့္ ေရွာင္းက်န္႔ျပံဳးမိသည္။

ျပီးေတာ့ မ်က္ရည္လဲက်ခ်င္သည္။

ဝမ္မိသားစုက သူ႔ကိုလက္ခံေပးျပီး သ႔ူပညာကိုပါ တန္ဖိုးထားေပးတာမုိ႔ ေရွာင္းက်န္႔မွ မေပ်ာ္ရင္ ဘယ္သူေပ်ာ္မလဲေလ။

သူတို႔သား ကိုယ့္ကိုသိပ္ခ်စ္သလို သူ႔မိဘေတြကလဲ ကိုယ့္ကို တန္ဖိုးထားျပီး လက္ခံေပးတယ္။

တကယ္ပဲ ရိေပၚေလးက သူ႔ဘဝရဲ႕ကံေကာင္းျခင္းေလး။

အေတြးနဲ႔ေပ်ာ္ေနတုန္း အခန္းတံခါးဖြင့္ကာ ဝင္လာသည့္ ေပၚတိရဲ႕ အသံေၾကာင့္ ေရွာင္းက်န္႔ တုန္တက္သြားရသည္။

“ပါး ကၽြန္ေတာ့္ကိုၾကီးကို အခုျပန္လႊတ္ေပး”

Ep 24 to be continued

ကဲကဲ … သိပ္မၾကာခင္ ကၽြန္မတို႔ My Gym Trainer ေလးကို ႏႈတ္ဆက္ရပါေတာ့မယ္။ ဒီ fic ေလးကို အစတည္းက plot ရွည္ရွည္မစဥ္းစားထားတာမုိ႔ တအားရွည္ရွည္ၾကီးမဆြဲဆန္႔ေတာ့ပါဘူး။ အပိုင္းနည္းတယ္ဆုိေပမယ့္ အပိုင္းတုိင္းကို အရွည္ၾကီးေရးထားေပးခဲ႔တာပါေနာ္။ မခြဲခ်င္ေပမယ့္ ဇာတ္ေမ်ာၾကီးျဖစ္မေနခ်င္တာမုိ႔ ျမန္ျမန္ေလး လက္စသတ္ဖို႔စဥ္းစားရတာပါ။ Ep 25 က final part ျဖစ္မွာပါ။ အခုထိ ခ်စ္ေနေပးၾကတဲ႔ စာဖတ္သူေတြကို အရမ္းအရမ္းခ်စ္ပါတယ္ေနာ္။

Unicode

My Gym Trainer Ep 23

စန့်ကျင်တစ်ယောက် gym ရဲ့ဧည့်ခန်းရှေ့မှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ ခွေးနေရာမရသလိုဖြစ်နေလေသည်။

အကြောင်းကတော့ အထဲမှာ ဟိုက်ခွမ်းကောရှိနေလို့။

gym ကိုမလာဘဲ တစ်ပတ်လောက်ပျောက်နေတဲ့ဒီနေ့မှ ဧည့်သည်တစ်ယောက်နဲ့ ချိန်းထားလို့ဆိုပြီး gym ကိုရောက်လာတော့ စန့်ကျင်အကြိုက်ပဲလေ။

ဖုန်းဆက်ရင်လဲမကိုင်၊ စာပို့ရင်လဲ စာမပြန်တဲ့ လူပျိုသိုးကြီးကို ဒီနေ့တော့ အမိအရဖမ်းရမည်။

ဒီဘက်ကပြောချင်တာကို ဆုံးအောင်နားမထောင်ပဲ ဟိုတစ်ပတ်ကရှောင်သွားတာ စန့်ကျင်မှာ အခဲမကြေနိုင်။ သူ့စိတ်ထင်တာပြောပြီးထွက်သွားတာ ဒီဘက်က ချစ်တယ်တောင်မပြောလိုက်ရ။

ရိပေါ်ကို တော်တော်ဖြစ်လို့ လှောင်ခဲ့လို့ ဝဋ်လည်တယ်ထင်ရအောင်ပဲ အခုလဲ စန့်ကျင်မှာ တော်တော်ဖြစ်နေတာပါ။

အဲဒီလူကြီးမကောင်းဘူး။ ပြောတော့သာ ရည်းစားမထားချင်လို့ လူပျိုကြီးလုပ်နေတာတဲ့။

အတတ်ကောင်းတွေ ဘယ်လိုတတ်ခဲ့သလဲမသိ၊ လူကိုနမ်းသွားလိုက်တာများ ဒီမှာအရူးတွေရင့်လို့။

အနမ်းတစ်ခုနဲ့ရူးလောက်အောင်ချစ်တယ်ဆိုတာ ခင်ဗျားတို့ကြုံဖူးကြလား။

ဒီက ကျူးစန့်ကျင်ကြီးကတော့ ကြုံခဲ့ရတယ်။

သူမှမဟုတ်ရင် ဘယ်သူ့မှ မနမ်းချင်တော့တဲ့အထိ။

ကော ဘက်က ဘယ်လိုတုံ့ပြန်မယ်မသိပေမယ့် စန့်ကျင်ကတော့ အဲလိုနမ်းပြီးတဲ့နောက်နေ့မှာတင် ရှိသမျှရည်းစားတွေကိုအကုန်ဖြတ်။

အကောင့်ဟက်ခံရလိုက်၊ မသိတဲ့ဖုန်းနံပါတ်အစိမ်းတွေနဲ့ ဖုန်းဆက်ပြီးဆဲခံရလိုက်နဲ့ တစ်ရက်မှ အေးဆေးမနေရ။

အဲဒါကို ကောကမသိပဲ လူကို စိတ်ဆိုးနေသေးသည်။

ဟိုယောက်ဖဆိုတဲ့ကောင်ကလဲ ဘာမှသုံးစားမရ။

အားအားနေ သူ့ကိုကြီးနားပဲကပ်နေတာ gym တောင်မလာနိုင်။

တစ်ယောက်တည်းတွေးရင်း စိတ်တိုနေတုန်းပဲ ဧည့်ခန်းထဲက ဧည့်သည် ၂ ယောက်ပြန်ထွက်လာတာတွေ့တာမို့ စန့်ကျင် ဧည့်ခန်းထဲ အမြန်ပြေးဝင်လိုက်သည်။

မဟုတ်ရင် ဟိုက်ခွမ်းကောက ပြန်သွားအုံးမှာ သူသိသည်လေ။

“ကော”

“စန့်ကျင် မင်းနဲ့ငါပြောစရာမရှိ…”

“ကျွန်တော် ကောကိုချစ်တယ် .. အဲဒါကြောင့် ကျွန်တော့်ချစ်သူဖြစ်ပေးပါ”

“ကျူးစန့်ကျင် မင်းဘာပြောတယ်”

“ကျွန်တော် ကောကိုချစ်တယ်လု့ိ”

“မင်းမှာ ရည်းစားတွေ ဒီလောက်များတာကို မင်းကငါ့ကိုချစ်တယ်ဆိုတော့ မင်းငါ့ကိုစော်ကားနေတာနဲ့တူတူပဲလို့ မသိဘူးလား”

ရည်းစားစကားပြောခံရတာကို မရှက်ပဲ ဒေါသတွေကြီးပြီး တရှူးရှူးဖြစ်နေသော ဟိုက်ခွမ်းကောကိုကြည့်ပီး စန့်ကျင်မှာ ငိုပဲငိုရမလို ရယ်ပဲရယ်မလိုတွေဖြစ်လို့။

တွေးထားတာက ဒီလို … စန့်ကျင်က ချစ်တယ်လို့ပြောရင် ဟိုက်ခွမ်းကောက ရှက်သွားမယ် .. ပြီးရင်
“ဟာ စန့်ကျင်ကလဲကွာ”
ဆိုပြီး မူရင် ရင်ခွင်ထဲဆွဲသွင်းပြီး ဘာညာ ဘာညာ … နမ်းတာ ပြုတာလုပ်မည်ပေါ့လေ။

အခုလို ဒေါသကြီးနေတဲ့ ဟိုက်ခွမ်းကောကိုများ ရင်ခွင်ထဲဆွဲသွင်းလိုက်လု့ိကတော့ စန့်ကျင် ကြယ်တွေ လတွေပါမြင်သွားနိုင်ချေရှိတယ်။

“ကော … ကော ဒေါသမထွက်နဲ့လေဗျာ”

“မင်းကငါ့ကိုလာစော်ကားနေတာကိုးကွ”

“ကျွန်တော့်မှာ ဘာရည်းစားမှမရှိတော့ပါဘူးဗျာ ကျိန်ဆိုကျိန်ရဲပါတယ် အကုန်လုံးကိုဖြတ်လိုက်ပါပီ ပြီးတော့ ကျွန်တော် ကောကို တကယ်ချစ်မိသွားတာပါ”

“အပိုတွေ မင်းနဲ့ငါသိလာတာ မင်းတစ်သက်နီးပါးရှိပြီ မင်းရည်းစားထားတာလဲ မင်းသက်စေ့ရှိနေပြီ အခုမှ ငါ့ကိုကောက်ခါငင်ခါချစ်တယ်ဆိုတာ အဓိပ္ပါယ်ရှိလို့လား.. မင်း ဟိုညက ငါနမ်းလိုက်တာကို တလွဲထင်ပြီး ငါ့ကိုရမလားလို့ လာကြံတာမှတ်လား ငါ့ကိုအပေါစားထင်နေလား ဟမ် ငါကမင်းသူငယ်ချင်းအကို မင်းထက်အသက် ၁၀ နှစ်ပိုကြီးတယ် မင်းကစားစရာအရုပ်မဟုတ်ဖူး … မင်း လက်တည့်စမ်းပြီး အပျော်ရှာချင်ရင် တခြားကောင်တွေကိုသွားရှာ”

“ကော”

စန့်ကျင် အော်လိုက်တော့ ဟိုက်ခွမ်းကောက ဘာမှဆက်မပြောတော့။ စန့်ကျင် တဖန်စိတ်ပြန်တိုပြီလေ။

“တော်ပါတော့ ကျွန်တော့်ကိုအဲလောက်ပဲစွပ်စွဲပါတော့ ကျွန်တော်ရည်းစားများတာဟုတ်ပါတယ် အဲဒါကလဲ လူငယ်သဘာဝအရ ထားခဲတာပါ ဘယ်မိန်းကလေးကိုမှလဲ ကျောရရုံမကြံဖူးဘူး သန့်သန့်လေးပဲတွဲခဲတာ ပြီးတော့ ကောနဲ့နမ်းပြီးမှ ကောကိုချစ်သွားတာဆိုတာလဲဟုတ်ပါတယ် ဒါပေမယ့် ကောကို အပေါစားလို သဘောထားပြီးချစ်တယ်ပြောတာမဟုတ်ဖူးဗျ သိလား .. ဒီရင်ဘတ်ထဲကကောင်က အဲဒီအချိန်ကျမှ ဆောင့်ခုန်လာတာ အဲဒီအချိန်ကျမှ ချစ်သွားမိပြီဆိုတာ သိတာကို ဘယ်လိုလုပ်ရမလဲ ချစ်တာကို ချစ်တယ်လို့ပြောမိတာ ကျွန်တော်မှားလို့လား ကော ပြန်မချစ်ဖူးမှတ်လား ရတယ် ဒါပေမယ့် ကျွန်တော့်အချစ်ကိုတော့မစော်ကားနဲ့ ကျွန်တော်သွားပြီ”

ပြောချင်တာတွေ မနားတမ်းပြောသွားပြီး ဒေါသတကြီးထွက်သွားသော စန့်ကျင်ကိုကြည့်ပြီး ဟိုက်ခွမ်းတောင့်တောင့်ကြီးကျန်ခဲ့သည်။

အခု သူကငါ့ကိုဒေါသပြန်ထွက်သွားတာလား။

မထင်မှတ်ထားပဲ ကိုယ့်ညီသူငယ်ချင်းက ချစ်တယ်လို့ ပြောတာခံလိုက်ရတော့ ဟိုက်ခွမ်းကမတုန်လှုပ်ရဘူးလား။

ပြီးတော့ ဒီကောင်လေးအကြောင်းကို အကုန်သိထားတာမို့ စိုးရိမ်မိတာ သူလွန်လို့လား။

ကိုယ်လဲရင်ခုန်မိပေမယ့် ကြောက်တယ်လေ။

ကိုယ်က အသက်ပိုကြီးသူလဲဖြစ်တဲ့အပြင် သူ့လိုရည်းစားတွေအများကြီးထားဖူးတဲ့သူလဲမဟုတ်တော့ အတွေ့အကြုံမရှိဘူး။

အရင်က ရည်းစားထားဖူးတာကလဲ မိန်းကလေးဆိုတော့ ကိုယ်က ကိုယ့်စိတ်ကိုယ်ပြင်ဆင်ပြီး ရည်းစားစကားစပြောရတာလေ။

အခုလို ရည်းစားစကားအပြောခံရတာကျ ဟိုက်ခွမ်း စိတ်လှုပ်ရှားမိတာပေါ့။

အဲဒါကို သူက စိတ်ပြန်ဆိုးသွားရတယ်လို့။ လူငယ်တွေများ တကယ်ခက်တာပဲ နည်းနည်းလေးမှစိတ်မရှည်ဘူး။

အခုတော့ လူပျိုကြီးမှာ ပြေးပဲချော့ရမလို၊ ထိုင်ပဲငိုရမလိုနဲ့ ကိုးရို့ကားယားတွေကိုဖြစ်လို့။

Xxxxxxxxxx

Counter ရှေ့မှာ ကျိရန်ကောထွက်အလာကို မျှော်နေရတဲ့ ဟောက်ရွှမ်းအဖို့တော့ တရားလူကြီးချမှတ်မယ့်ပြစ်ဒဏ်ကိုစောင့်နေရတဲ့ ရာဇဝတ်သားထက်ပင် စိတ်လှုပ်ရှားနေရလေသည်။

ကျိရန်ကောကို တောင်းပန်စကားပြောမည်ဟု လာခဲ့ပေမယ့် ကျိရန်ကောက counter မှာမရှိတာကြောင့် cashier ကောင်လေးကိုခေါ်ခိုင်းရတာ။

ကောင်လေးက ဟောက်ရွှမ်းတို့ပြဿနာတက်တာကို တစွန်းတစတော့ သိထားပုံပေါ်ကာ မခေါ်ပေးပဲ ပေတေပြီးနေနေသေးသည်။

ဟောက်ရွှမ်းမှာ မျက်ရည်ကျမတတ်တောင်းပန်မှ ခဏလေးဆိုပြီး သွားခေါ်ပေးတာ။

ရင်တုန်လိုက်တာ မပြောပါနဲ့တော့။

“ဘာကိစ္စရှိလို့လဲ”

အကြည့်စူးစူးနဲ့ အရှေ့မှာ လာရပ်ပြီးမေးလာသော ကျိရန်ကောမျက်နှာကို ဘာမှပြန်မပြောနိုင်ပဲ ငေးကြည့်နေမိသည်။

ဒီမျက်နှာလေးကို လွမ်းလိုက်ရတာ။ အခုလိုအနီးကပ်မမြင်ရတာကြာခဲ့ပြီ။

အရင်ကတော့ ဒီမျက်နှာလေးကို အနီးကပ် မမြင်ချင်လဲမြင်ရတာ … အခွင့်ကြုံရင်ကြုံသလို ကိုယ့်ရင်ခွင်ထဲ ခေါင်းဝင်တတ်သူလေး။

ဝေးနေရမှ အဲဒီအချိန်လေးတွေက သိပ်တန်ဖိုးရှိမှန်းသိလာသည်။

အခွင့်အရေးရှိပါရက်နဲ့ တစ်ခါမှ မနမ်းဖြစ်ခဲ့သည့် အဲဒီနှုတ်ခမ်းလေးတွေကို အခုမှနမ်းချင်စိတ်တွေက တဖွားဖွား။

အစကတော့ တောင်းပန်ရရုံနဲ့ကျေနပ်ရပြီဆိုပြီး လာခဲ့တာ။ ဒါပေမယ့် မဖြစ်နိုင်။

ကျိရန်ကောအချစ်ကို ပြန်ရအောင်ကို ယူမှဖြစ်မည်။

ကျိရန်ကောနဲ့ မဝေးနေနိုင်တော့တာ ပိုသေချာသွားပြီ။

“မေးနေတယ်လေ”

“ဆော်…ဆော်ရီး ကော ကျွန်တော်အငေးလွန်သွားလို့”

မျက်စောင်းထိုးချင်ပေမယ့် ရင်းနှီးတဲ့ပုံပေါက်သွားမှာစိုးလို့ မျက်စောင်းမထိုးတော့တဲ့ ကျိရန်ကော မျက်နှာချောချောကိုငေးကြည့်ရင်း ဟောက်ရွှမ်းရင်ခုန်ရပြန်သည်။

ဘယ်လိုနေနေကိုချစ်တယ်ဆိုတဲ့စကားကို အခုတော့ ဟောက်ရွှမ်းသဘောပေါက်ခဲ့ပြီ။

“ဟိုလေ ရိပေါ်က ကျန့်ကောအတွက် ကော်ဖီသွားဝယ်ပေးပါဆိုလို့ ကျန့်ကောက ဘာကော်ဖီသောက်မှန်းမသိတာနဲ့ အဲဒါ ကျိရန်ကောကို ခေါ်ခိုင်းလိုက်တာ”

တွေ့တွေ့ချင်း ကိုယ်တွေကိစ္စပြောလိုက်ရင် ပြန်ပြီးပြေးဝင်သွားမှာစိုးလို့ ပါးစပ်ထဲတွေ့ရာပြောလိုက်ရခြင်းပင်။

အဲဒါကို ကျိရန်ကောကလဲ ရိပ်မိပုံပဲ။

မယုံသလိုအကြည့်နဲ့ကြည့်လာသည်။

ဒါပေမယ့် ဘာမှတော့မပြော။

ကော်ဖီစက်ဆီလျှောက်သွားကာ ကော်ဖီဖျော်ပေးနေလေသည်။

ပြီးတော့ ကော်ဖီခွက်ကို ကျွန်တော့်လက်ထဲထည့်ပေးပြီးပြောသည်။

“ရော့ ရှောင်းကျန့်အတွက်မို့ ပိုက်ဆံမယူတော့ဘူး”

“ကော ကျွန်တော်တောင်းပန်ပါတယ်”

“ဘာလဲ ငါနဲ့ပြတ်ပြီးပြီးချင်း ရည်းစားတစ်ယောက်ထပ်ထားလိုက်နိုင်တဲ့အတွက်လား”

ကျိရန်ကောက ပြောပီးကာမှ နှုတ်ခမ်းကိုကိုက်ကာ သူ့စကားကိုအရှိန်သတ်သည်။

“မပြောတော့ဘူး ဆော်ရီး မင်းနဲ့ငါက ဘာမှမဆိုင်တော့ဘူးပဲ မင်းသွားတော့”

“ကော ကျွန်တော်နဲ့အဲဒီကောင်မလေးက ဘာမှမပက်သတ်ပါဘူး တကယ်ပဲ အဲဒါတွေ ကျွန်တော်အကုန်ရှင်းပြပါ့မယ်နော် ပြီးတော့လေ ကျွန်တော်လေ ကောကိုချစ်တယ်”

ပွင့်ဟသွားတဲ့ နှုတ်ခမ်းအစုံက သူဘယ်လောက်အံ့သြနေတယ်ဆိုတာကို ပြသနေသည်။

ကျိရန်ကောမျက်ဝန်းက ရုတ်ချည်းဆိုသလို မျက်ရည်တွေဝိုင်းလာတော့ ဟောက်ရွှမ်းဘာလုပ်လို့လုပ်ရမယ်မသိ။

“ကော .. ကော မငိုနဲ့လေ”

“ငါက ဘာလို့ငိုရမှာလဲ မငိုပါဘူး”

မငိုပါဘူးသာဆိုတယ် သူ့မျက်နှာက ငိုမဲ့မဲ့လေ။ဖြစ်နေတဲ့ဟာ။

သူငိုတာကို ကိုယ်စိတ်မကောင်းပေမယ့် အခုလို တုံ့ပြန်မှုရှိတယ်ဆိုကတည်းက သူ့စိတ်ထဲမှာကိုယ်ရှိနေသေးတယ်ဆိုတာ သိလိုက်ရတာမို့ ဟောက်ရွှမ်းက ပျော်တောင်ပျော်မိသေးသည်။

ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကောအချစ်ကို ကျွန်တော် သေချာပေါက်ရအောင်ယူမှာ။

“ကော ကျွန်တော်အရမ်းချစ်တာယုံပေးပါနော်”

“ဝမ်ဟောက်ရွှမ်း လူတွေရှိတယ်လေ မရှက်ဖူးလား သွား ပြန်တော့”

“ကောကလဲ ကျွန်တော် ဘာမှတောင်မပြောရသေးဘူးလေ”

“မသိဘူး မပြောနဲ့ ငါဆွဲထုတ်ခိုင်းရမှာလား ပြော”

“သွားဆိုလဲသွားပါမယ် မနက်ဖြန်ထပ်လာမယ်နော် အရမ်းအရမ်းချစ်တယ် သိလား”

ဆိုင်ကပြန်ထွက်မသွားခင် ချစ်တယ်ချည်းတဖွဖွပြောပီးထွက်သွားလေတဲ့ကောင်လေးကိုကြည့်ပြီး ကျိရန်တစ်ယောက် နှုတ်ခမ်းကိုခပ်ဖွဖွကိုက်ကာ ကြည့်နေမိခဲ့သည်။

သူ့မေတ္တာတွေအတွက် တန်ပြန်သက်ရောက်တဲ့အချိန်ရောက်လာခဲ့ပြီလား။

ချက်ချင်းပဲ ယုံကြည်ချင်လိုက်ပေမယ့် ခဲမှန်ဖူးတဲ့စာသူငယ်မို့ အချိန်တစ်ခုတော့ယူရပါအုံးမှာ အသေအချာပါပဲ။

Xxxxxxxxxxxx

“ကိုကြီး ဘာမှမကြောက်နဲ့နော် ပါးနဲ့မားက သဘောကောင်းပါတယ် အိမ်မှာ ကောလဲရှိတယ် သူလဲကူပြောပေးမှာမို့ ဘာမှစိတ်ပူမနေနဲ့”

လက်ဖျားတွေအေးစက်ကာ စိတ်လှုပ်ရှားနေသော ရှောင်းကျန့်လက်တွေကို တင်းတင်းဆုပ်ကိုင်ကာ ရိပေါ်ကပြောသည်။

ရှောင်းကျန့်စာမေးပွဲပြီးသွားပြီမို့ ရိပေါ်အလိုကျ သူ့မိဘတွေကို လိုက်တွေ့ဖို့အချိန်ကျလာပြီ။

ရိပေါ်က စိတ်မလှုပ်ရှားပါနဲ့ဆိုပေမယ့် သူတို့ခြံထဲရောက်ကတည်းက လူကဒူးတုန်ချင်လာပြီ။

ဘယ်လိုတောင်ကြီးတဲ့အိမ်ကြီးလဲ။

ဒီအိမ်ထဲမှာ ရိပေါ်နဲ့ တူတူပုန်းတမ်းဆော့ရင်တောင် တွေ့အောင်လိုက်မရှာနိုင်လောက်ဘူးထင်မိတယ်။

စိန်ပြေးလိုက်တမ်းဆော့ရင်ရော .. အဲလိုဆိုလဲ ပြေးရလွန်းလို့ အသက်ထွက်မှာပဲ။

ဗုတ်စတေးလို့အော်ပြီး ကျောက်ရုပ်လိုမတ်တပ်ရပ်နေရင်တော့မဆိုး။

အာ ငါ့နှယ် ပေါက်ပန်းလေးဆယ်တွေတွေးနေမိပြန်ပြီ။ ဒါအရမ်းစိတ်လှုပ်ရှားနေလို့နေမှာ။ စိတ်လျှော့ စိတ်လျှော့။

ဒီအခြေအနေအထိရောက်ပြီးမှတော့ သူတို့သားနဲ့ ကိုယ်နဲ့ကို သဘောမတူလို့မရပါဘူး။

ပေါ်တိက ကိုကြီးမှ ကိုကြီးဖြစ်ပြီး အချိန်တိုင်း everyday နေတာလေ။

အခုချိန်ကျမှ သဘောမတူပါဘူးဆိုလို့ကတော့ ရှောင်းကျန့်တို့က ဒီတိုင်းငြိမ်ခံနေမယ်ထင်လား။

သူတို့သား ကိုယ့်ကိုဇွတ်အတင်း papapa တဲ့ကိစ္စကို ပြောလိုက်မှာပေါ့။

စားပြီးနားမလည်လုပ်လို့ရမလား။

သူတို့သားကြောင့် ကိုယ့်မက်မွန်သီးလေးက အကိုက်ခံရလွန်းလိ့ု ပုတ်ချင်ချင်ဖြစ်နေတာကို ဟွန်း။

“ပါးနဲ့မား သားချစ်သူကို ခေါ်လာပြီ”

အိမ်ရဲ့လူ အယောက် ၂၀ လောက်ဆန့်သော ဧည့်ခန်းကြီးထဲမှာ ထိုင်နေတာက ၃ယောက်တည်း။ ဝမ်ပါပါးနဲ့ ဝမ်မာမားရယ်၊ ဟိုက်ခွမ်းကောရယ်။

“လာ လာ သားတို့ကိုမျှော်နေတာ သူလေးကရှောင်းကျန့်လား”

ထိုင်တောင်မထိုင်ရသေးခင်မှာပဲ ဝမ်မာမားက ဧည့်ကြိုစကားပြောတာကြောင့် ရှောင်းကျန့်နည်းနည်းစိတ်သက်သာရာရသွားသည်။

တော်သေးတယ် အခြေအနေသိပ်မဆိုးလောက်သေး။

“ဟုတ်ကဲ့ ရှောင်ရှောင်းကျန့်ပါခင်ဗျ”

ရိပေါ်က ဆိုဖာအလွတ်တစ်ခုမှာဝင်ထိုင်လျက် မိမိကိုယ်ပါ လက်ဆွဲပြီး ထိုင်စေတာမို့ ရှောင်းကျန့်ထိုင်မယ်အလုပ် ဝမ်ပါပါးဆီမှ အသံထွက်လာသည်။

“အဟမ်း မင်းကရှောင်ရှောင်းကျန့်နော် ငါနဲ့ စာကြည့်ခန်းထဲလိုက်ခဲ့ ဝမ်ရိပေါ် မင်းနေခဲ့”

ရှောင်းကျန့်မှာ ဆိုဖာပေါ်တောင် ဖင်မထိုင်ရသေး၊ ဝမ်ပါပါးစကားသံကြောင့် ဖင်လေးတောင်တွန့်သွားရသည်။

“ပါး ကိုကြီးကိုဘာပြောမလို့လဲ ကျွန်တော်တို့ကိုခွဲလို့မရဘူးနော် ကျွန်တော် ကိုကြီးကို မရရအောင်ယူမှာ”

“တိတ်စမ်း ဝမ်ရိပေါ် စကားမရှည်နဲ့ ဟိုတစ်ယောက် .. ဘာလုပ်နေတာလဲ ငါ့နောက်လိုက်ခဲ့”

“မာမား လုပ်ပါအုံး ပါးက အကျင့်ပုတ်တော့မှာ သားကိုကြီးနဲ့မခွဲနိုင်ဘူးနော် သားကိုယ်သားသတ်သေမှာနော်”

ဟိုကဘာပြောမယ်မှန်းတောင်မသိသေးပဲ ဇွတ်တွေ ဒရမာချိုးနေသော ဝမ်ရိပေါ် တော်တော်ဖြစ်။

“အေးပါ သားရယ် မားသိပါတယ် ပါးကဘာပြောမလို့လဲမှမသိတာ .. အခုတော့ ရှောင်းကျန့်ရဲ့လက်ကိုလွှတ်ပေးလိုက်အုံးနော်”

“ပေါ်တိ စိတ်ချနော် ကိုကြီးဘာမှမဖြစ်ဖူး ပြန်လာမယ်”

ရှောင်းကျန့်နဲ့ ဝမ်မာမားစကားကြောင့် ရိပေါ်က ရှောင်းကျန့်လက်ကို မလွှတ်ချင်ပဲ လွှတ်ပေးလိုက်သည်။

ရှောင်းကျန့်မှာ ရင်တထိတ်ထိတ်နဲ့ ဝမ်ပါပါးနောက်ကိုလိုက်လာရင်း ဘာပြောရမလဲဆိုတာ စဉ်းစားနေရသည်။

ရုပ်ရှင်တွေထဲကလို ငွေနဲ့ပေါက်ပြီး သူ့သားနဲ့သဘောမတူနိုင်ဘူးဆိုပြီး ပြောမှာလား။

အဲလိုဆိုရင်တော့ ရှောင်းကျန့်က ပိုက်ဆံတွေယူပြီး ရိပေါ်လေးလက်ကိုှဆွဲပြီး အိမ်ထဲက ထွက်ပြေးပစ်လိုက်မှာ။

စာကြည့်ခန်းဆိုသောအခန်းကလဲ ရှောင်းကျန့်ရဲ့တိုက်ခန်းတစ်ခန်းစာလောက်တောင်ကျယ်သေးသည်။

ရိပေါ်ကို ချစ်ရုံသတ်သတ်သာ စိတ်ထဲထားခဲ့သည့် ရှောင်းကျန့်က ရိပေါ်တို့ Wang Group က ချမ်းသာတာသိပေမယ့် အခုလောက်ကြီးထိ ချမ်းသာတယ်ဆိုတာ မှန်းမထားခဲ့မိဘူး။

ဝမ်ပါပါးက ထိုင်ခုံတစ်ခုမှဝင်ထိုင်တော့ ရှောင်းကျန့်လဲ လွတ်တဲ့ခုံတစ်ခုံမှာ ခပ်ရို့ရို့လေးဝင်ထိုင်ရသည်။ ဝမ်ပါပါးက ဘာမှစမပြောလေသး။

“ဟိုလေ ကျွန်တော့်ကိုပြောစရာရှိတာပြောပါ”

“ငါက ဘာပြောရမှာလဲ”

“ဗျာ ကျွန်တော့်ကိုပြောစရာရှိလို့ခေါ်တာမဟုတ်ဖူးလား”

“မဟုတ်ပါဘူး”

“ဗျာ”

ငင့် … မပြောဘူးဆိုရင် တခုခုလုပ်မလို့လား။

ငါ့ကို ဒီစာကြည့်ခန်းကျယ်ကြီးထဲမှာသတ်ပစ်ပြီး လက်စဖျောက်ပစ်မလို့တော့မဟုတ်ဖူးမှတ်လား။

ဒါမှမဟုတ် သတ်မှာမဟုတ်ပဲ မဟုတ်တာတစ်ခုခုလုပ်ရင်ရော။ ငါဘယ်လိုပြေးရပါ့မလဲ။

အဖေကယ်ပါ အမေကယ်ပါ ဝမ်ရိပေါ်ကယ်ပါ။

“အံ့သြသွားတယ်လား ဟားဟား ငါက မင်းကိုဘာမှထွေထွေထူးထူးပြောစရာမရှိပါဘူး သောက်ပိုတွေလုပ်ပြီး သောက်ရမ်းကဲနေတဲ့ ဝမ်ရိပေါ်ဆိုတဲ့ ငါ့သားကို သောက်မြင်ကတ်လို့ မင်းကိုဒီခေါ်လာတာ”

“ဒါ..ဒါဆို ကျွန်တော်တို့ကိုခွဲမလို့မဟုတ်ဖူးပေါ့”

“မဟုတ်ပါဘူး ငါကဘာလို့ခွဲရမှာတုန်း”

“ဟို ကျွန်တော်က ဝမ်သူဌေးတို့လို လူချမ်းသာအသိုင်းအဝိုင်းကမဟုတ်ပဲ သာမာန်လူတန်းစားထဲကဆိုတော့ ရိပေါ်နဲမတန်”

“ဟာ မဟုတ်တာ ငါတို့မှာအဲလိုအဆင့်အတန်းခွဲတဲ့စိတ်မရှိပါဘူး ပြီးတော့ ငါတို့ချမ်းသာတာက မင်းတို့တင်မဟုတ်ဖူး မင်းတို့မြေးမြစ်တွေအထိ အလုပ်မလုပ်ပဲ ထိုင်စားခိုင်းလို့ရတယ်”’

အိုက်စ်စ် ကြိုက်ပြီ။

ဝမ်ပါပါးကိုမဟုတ်ဖူးနော် သူ့တော်ကီကိုပြောတာ။

လူကတော့ ဝမ်ရိပေါ်ကိုပဲကြိုက်တာ သိဘို့။

“ဒါပေမယ့် ကျွန်တော်တို့ကယောကျာ်းလေးချင်းဆိုတော့”

“အဲဒါလဲကိစ္စမရှိပါဘူး ကလေးမွေးစားရင်မွေးစား မဟုတ်လဲ မင်းတို့စိတ်အားထက်သန်မှုရှိရင် ဖန်ပြွန်သန္ဒေသားယူတာတို့ဘာတို့လုပ်လို့ရတာပဲ”

“အဲဒါဆို ကျွန်တော်တို့ကို ဝမ်သူဌေးက သဘောတူတယ်ပေါ့နော်”

“ပါပါးလို့ပဲခေါ်မှာ နောက်လဲ အဲလိုပဲခေါ်ရမှာပဲ ငါက ရိပေါ်ကိုစချင်လို့ မင်းကိုခေါ်လာတာ .. သဘောမတူလို့ ခွဲချင်လို့မဟုတ်ဖူး စိတ်မပူနဲ့ ဟုတ်ပြီလား မင်းအကြောင်းတွေလဲ ပါးက သိပြီးသား ရိပေါ်ရည်းစားထားတယ်ဆိုပြီး weibo မှာတက်လာကတည်းက အကုန်စုံစမ်းထားပြီးသား ပါးတို့ဘက်က သဘောမတူစရာမရှိဘူး”

“ကျေးဇူးတင်ပါတယ် တကယ်ပါ”

“သားကချစ်စရာလေးပဲ သဘောမတူစရာမရှိပါဘူး အာဒါနဲ့ သားက နည်းပညာတက္ကသိုလ်က စံပြကျောင်းသားဆို သတင်းတွေမွှေးနေတာပဲ”

“နည်းနည်းပါခင်ဗျာ”

“အတော်ပဲ ပါး convention center အသစ်တစ်ခုဆောက်ဖို့ရှိတယ် သားရှောင်းကျန့်က ဒီဇိုင်းဆွဲပေးနိုင်မလား”

“ပါး ပါးတကယ်ပြောနေတာလား”

ရှောင်းကျန့် ကိုယ့်နားကိုယ်မယုံနိုင်။

Wang group အတွက် ဒီဇိုင်းတစ်ခုဆွဲဖို့ဆိုတာ အခုမှ final စာမေးပွဲဖြေထားတဲ့ သူ့လိုကျောင်းသားတစ်ယောက်အတွက် အိပ်မက်မက်နေသလိုပင်။

ဒါပေမယ့်ဝမ်ပါပါးပုံစံကလဲ နောက်နေတာတော့ မဟုတ်တန်ရာ။

“တကယ်ပြောတာပေါ့ကွ ငါ့သားမက်လောင်း လက်ရာကို အကဲခတ်ကြည့်ချင်နေတာ”

“ကျွန်တော်ကြိုးစားပေးပါ့မယ်”

“construction စဖို့က ၁လကျော်လောက်လိုသေးတာမို့ သေချာအချိန်ယူပီးဆွဲ ငါမကြိုက်မချင်း ပြန်ပြင်ခိုင်းမှာ ဒါပေမယ့် မင်းဒီဇိုင်းနဲ့ပဲဆောက်မှာနော် ငါ့သားမက်ဆွဲတဲ့ဒီဇိုင်းဆိုပြီး ငါဂုဏ်ယူချင်လို့ .. ဝမ်ရိပေါ်ကဘယ်နေရာမှ သုံးစားလို့မရပေမယ့် ဒီနေရာတော့တော်သွားတယ် သူ့ကို အလုပ်မှာခိုင်းစားလို့မရပေမယ့် ငါ့ကိုကူညီနိုင်တဲ့ သားမက်ကိုရှာပေးလို့”

ဝမ်ပါပါးစကားကြောင့် ရှောင်းကျန့်ပြုံးမိသည်။

ပြီးတော့ မျက်ရည်လဲကျချင်သည်။

ဝမ်မိသားစုက သူ့ကိုလက်ခံပေးပြီး သ့ူပညာကိုပါ တန်ဖိုးထားပေးတာမို့ ရှောင်းကျန့်မှ မပျော်ရင် ဘယ်သူပျော်မလဲလေ။

သူတို့သား ကိုယ့်ကိုသိပ်ချစ်သလို သူ့မိဘတွေကလဲ ကိုယ့်ကို တန်ဖိုးထားပြီး လက်ခံပေးတယ်။

တကယ်ပဲ ရိပေါ်လေးက သူ့ဘဝရဲ့ကံကောင်းခြင်းလေး။

အတွေးနဲ့ပျော်နေတုန်း အခန်းတံခါးဖွင့်ကာ ဝင်လာသည့် ပေါ်တိရဲ့ အသံကြောင့် ရှောင်းကျန့် တုန်တက်သွားရသည်။

“ပါး ကျွန်တော့်ကိုကြီးကို အခုပြန်လွှတ်ပေး”

Ep 24 to be continued

ကဲကဲ … သိပ်မကြာခင် ကျွန်မတို့ My Gym Trainer လေးကို နှုတ်ဆက်ရပါတော့မယ်။ ဒီ fic လေးကို အစတည်းက plot ရှည်ရှည်မစဉ်းစားထားတာမို့ တအားရှည်ရှည်ကြီးမဆွဲဆန့်တော့ပါဘူး။ အပိုင်းနည်းတယ်ဆိုပေမယ့် အပိုင်းတိုင်းကို အရှည်ကြီးရေးထားပေးခဲ့တာပါနော်။ မခွဲချင်ပေမယ့် ဇာတ်မျောကြီးဖြစ်မနေချင်တာမို့ မြန်မြန်လေး လက်စသတ်ဖို့စဉ်းစားရတာပါ။ Ep 25 က final part ဖြစ်မှာပါ။ အခုထိ ချစ်နေပေးကြတဲ့ စာဖတ်သူတွေကို အရမ်းအရမ်းချစ်ပါတယ်နော်။

Continuer la Lecture

Vous Aimerez Aussi

348K 35.9K 52
အထီးကျန်ရင်း၊ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းနဲ့ အချိန်တွေကို ဖြတ်သန်းကုန်ဆုံးခဲ့တာက သူ့ကိုတွေ့ဖို့အတွက် ရင်းခဲ့ရတဲ့အရာတွေလို့ ကျွန်တော်မှတ်ယူထားတယ်။ 『 F...
286K 36.7K 34
[ ZHANYI ] သရဲကေရာ ခ်စ္သူျဖစ္လာႏိုင္ပါသလား ? သရဲကရော ချစ်သူဖြစ်လာနိုင်ပါသလား ? Everything here is just a fantasy. cover from pinterest.
229K 13.2K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
390K 49.3K 46
Start date - 31 May 2020 End date - 18 Nov 2020 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]