𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔...

Da Iris_Choi

232K 21.1K 1.4K

I will tell you a secret tale. " The love is beautiful but The end is hideous " -"Mianhae Tae"- -"Saranghae... Altro

(( 1 ))
(( 3 ))
(( 4 ))
(( 5 ))
(( 6 ))
(( 7 ))
(( 8 ))
(( 9 ))
(( 10 ))
(( 11 ))
(( 12 ))
(( 13 ))
(( 14 ))
(( 15 ))
(( 16 ))
(( 17 ))
(( 18 ))
(( 19 ))
(( 20 ))
(( 21 ))
(( 22 ))
(( 23 ))
(( 24 ))
(( 25 ))
(( 26 ))
(( 27 )) - Final

(( 2 ))

10.4K 1K 11
Da Iris_Choi




// Unicode//

မီးအရောင်မရှိ နေရောင်မဝင်ခန်းဆီးလိုက်ကာတို့ဖြင့်အမှောင်ကျနေသည့်အခန်းထဲတွင် ကုတင်ခြေရင်း၌ခြေထောက်လေးဆင်းကာ အရုပ်လေးတစ်ရုပ်လိုမလှုပ်မယှက်ထိုင်နေသည့် Jungkookရဲ့လူနာကြွေရုပ်ကလေး။ 

Yoongi hyungသည်သူ့အပေါ်ရက်စက်သည်။ Hyungသူ့ကိုမုန်းမှာ သူအလွန်ကြောက်သည်။ Hyungချစ်သူကောင်လေးဘယ်သူဆိုတာသူမသိသလို သူ့ကိုလဲဘယ်တုန်းကမှမပြောပြဖူးခဲ့။

သူCanadaမှာကျောင်းသွားတက်နေခဲ့တဲ့ 2နှစ်အတွင်းဘာတွေဖြစ်ခဲ့လဲ Taehyungမသိ။ သူ့ကိုခေါ်လို့ အလောတကြီးဒီပြန်ရောက်မှ သိလိုက်ရသည်က Hyungက ကောင်လေးတစ်ယောက်နှင့်တွဲနေသည်တဲ့။ လူငယ်ဖြစ်သည်ကတစ်ကြောင်း ဒီလိုကိစ္စတွေကိုသိပ်ပြီးseriousမထားတတ်သူမလို့ သူ့အတွက်မထူးဆန်းလှသော်လည်း Appaတို့လိုလူကြီးတွေတွက်လက်ခံရခက်မည်လို့ထင်ခဲ့သည်။ သို့သော်သူထင်တာမှားခဲ့သည်။ တစ်ဖက်ကကောင်လေးသည် Appaတို့လိုအဆင့်အတန်းမြင့် လူဂုဏ်ထံအသိုင်းအဝိုင်းနှင့်မတူ သာမန်လူလတ်တန်းစားမိသားစုကမို့ Hyungရဲ့ကောင်လေးကိုလက်မခံကြောင်းသိခဲ့ရသည်။

Hyungကိုအခန်းတွင်းပိတ်ထားကြသည်မလို့ သူလဲအနီးကပ်မေးခွင့်မရခဲ့။ သူပြန်ရောက်လာသည့်တိုင်ဘာတွေဖြစ်ထားမှန်း ရေရေရာရာမသိခဲ့ရ။ သူသိသည်က Hyungနဲ့သူ့ကောင်လေးကို Appaတို့ကသဘောမတူဘူး။ Hyungကသေလောက်လောက်အောင် ခံစားနေရတယ်။ နောက်တစ်ခုက

"Min Groupကဆက်ခံသူအား ယောကျာ်းလေးတစ်ယောက်နှင့်အတူ....မှာ .....နေ့ကတူတူတွဲ တွေ့လိုက်ရသည်" ဆိုသည့်သတင်းပေါင်းများစွာထွက်လို့နေခဲ့သည်။ ဓာတ်ပုံများမှာ ဝါးနေသောကြောင့် မည်သူမည်ဝါမှန်းမသိခဲ့ရ။ ဘယ်သူမှလဲ သူ့ကိုမပြောပြ။

Hyungနဲ့တွေ့တိုင်း အကူညီတောင်းခံချင်နေသည့်မျက်ဝန်းတို့အားသူဖမ်းမိခဲ့သည်။ ဒါပေမဲ့hyungသူ့ကို တစ်ခါမှကူညီပေးဖို့အကူအညီမတောင်းခဲ့။ ဒါပေမဲ့ hyungဒီလိုခံစားနေရတာသူလဲမခံစားနိုင်ပါလေ။ ပြန်လာလျှင်ချွဲမည်ဟုကြိမ်းခဲ့သမျှ ယခုတော့Hyungရဲ့ဒီလိုပုံစံကိုသူမကြည့်ရက်နိုင်ခဲ့။ သူ့Hyungကိုသူကူညီရမည်။ သူတတ်နိုင်သလောက်ကူညီချင်သည်။ ချစ်သူနှင့်ဝေးနေရတာ သေလောက်အောင်ခံစားနေရရှာမှာ။ သို့သော် အချိန်တွေကိုသာပြန်လှည့်ခွင့်ရခဲ့မည်ဆိုလျှင် သူမကူညီဖို့ ဝင်မပါဖို့လမ်းကိုပဲရွေးခဲ့မိမှာအမှန်ပင်။

အဲ့လိုသာကူညီဖို့မကြိုးစားခဲ့ဘူးဆိုရင် အခုချိန်ဆိုအရာအားလုံးကပြောင်းလဲနေလောက်မလား? အခုလိုHyungရဲ့ လစ်လျူရှုမှုတွေမရှိပဲနဲ့ပေါ့။

~

~

~

~

Flashback

~

~

~

Accidentမဖြစ်မှီ မနက်ခင်းပိုင်းကဖြစ်သည်။

"တစ်လတောင်ရှိပြီကို သတင်းတွေကလဲမငြိမ်သေးဘူး ရှယ်ယာတွေကဆက်တိုက်ကိုကျနေတော့တာပဲ တစ်ခုခုတော့ရှင်းမှဖြစ်တော့မှာYeobo"

"အင်း ဟိုကောင်လေးက လက်ထပ်သွားပြီဆို?"

"မသိတော့ပါဘူးရှင်"

"မထူးတော့ပါဘူး စီစဉ်ထားတဲ့အတိုင်းပဲလုပ်ကြတော့မလား?"

"ဟင်း... လက်ထပ်ဖို့လား?"

"အင်းလေ Yoongiလဲမငယ်တော့ဘူး ...ဟိုကောင်လေးနဲ့ကိစ္စတွေသာမဖြစ်လာရင် ဒီကိစ္စကဖြစ်မှာပဲ အခုတော့လည်း ရေလိုက်ငါးလိုက်ပဲလုပ်လိုက်ကြတာပေါ့"

Appaနှင့်Ommaပြောတာတွေသည် ဘာတွေမှန်းမသိပေမဲ့ သူ့hyungကိုလက်ထပ်ပေးတော့မည့်အကြောင်းကတော့သေချာသည်။နံရံအကွယ်ကနေခိုးနားထောင်နေမိသည်မလို့ သူ့ကိုတော့Appaတို့မြင်ပုံမပေါ်။  မဖြစ်ဘူး။ Hyungသာလက်ထပ်လိုက်ရင် သူ့ကောင်လေးနဲ့အပြီးဝေးရတော့မှာ။ Hyungလဲပျော်မှာမဟုတ်ဘူး။ Hyungနှင့်လက်ဆက်ရမည့်သူကို မကြည်ဖြူတာမျိုးမဟုတ်ပေမဲ့ Hyungကိုတော့သူချစ်တဲ့သူနှင့်သာ ပေါင်းဖက်ပျော်ရွှင်စေချင်သည်မှာ Taehyungရဲ့ဖြူစင်သောဆန္ဒလေးသာ။ ချက်ချင်းပင်Yoongi Hyungအခန်းထဲခိုးဝင်ပြီးပြေးတွေ့တော့ Hyungကမျှော်လင့်ချကိမဲ့နေသောမျက်ဝန်းများဖြင့် သူ့အားကြည့်ကာပြုံးလာသည်။

"Tae Taeလေး"

"Hyung!အချိန်မရှိတော့ဘူး Hyungကိုလက်ထပ်ပေးကြတော့မယ်တဲ့ Hyungကောင်လေးနဲ့Hyung ထွက်ပြေးကြတော့ "

"ဘယ် ဘယ်လို?!"

"ဟုတ်တယ်လို့ဆို ကျွန်တော်တကယ်ကြားလားတာ..."

"........"

"Hyung!! Hyungကောင်လေး လိပ်စာပြော ကျွန်တော်သွားခေါ်ပေးမယ် ပြီးတော့မှHyungကိုအိမ်ထဲက မသိအောင်တစ်ခါခေါ်ထုတ်ပေးမယ်"

သူပြောသည်အထိ သတိမကပ်နိုင်သေးသောYoongi hyung။ ထို့နောက်Yoongi ရုတ်တရက်ထိုင်နေရာမှ ထရပ်လိုက်ကာ စားပွဲဆီသို့ပြေးကာစာရွက်အပိုင်းလေးတစ်ခုပေါ်လိပ်စာတစ်ခုရေးပေးသည်။ ထို့နောက်သူ့လက်ထဲထိုးထည့်ပေးရင်း

"ဒီ ဒီလိပ်စာမှာ သူရှိမယ် မဟုတ်ဘူး သူရှိတယ် Taehyungie....နားထောင် Hyungတောင်းပန်ပါတယ် Hyungတို့ကမင်းကိုတမင်မပြောတာမဟုတ်ဘူး အကြောင်းရှိလို့မပြောခဲ့တာ နောက်မှအကြောင်းစုံရှင်းပြမယ်နော် အခုအဲ့လိပ်စာကိုသွားသူ့ကိုအကြောင်းစုံရှင်းပြပေး "

အဲ့တုန်းကHyungဘာတွေပြောနေမှန်းTaehyung တကယ်နားမလည်ခဲ့ပါ။ အခုထိပြန်စဉ်းစားတိုင်းလည်းမသိပါ။

"နေအုံးလေHyung Hyungကောင်လေးနာမည်ပြောအုံးလေ နာမည်ကဘယ်သူလဲ ဘယ် ဘယ်လိုပုံလဲ"

"Tae Taeရောက်ရင်သိလိမ့်မယ် သွားတော့"

အောက်ထပ်ရောက်မှ ခက်ပြီ။ အပြင်သွားရင်ဒရိုင်ဘာကသိတော့မှာ ပြီးရင်Ommaတို့ပါသိတော့မှာ။ ကားနားမှာဝေ့သီဝေ့သီလုပ်ရင်း အတန်ကြာအောင်သူစဉ်းစားနေမိသည်။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာချလိုက်ရင်း

"ဟုတ်ပြီ ကိုယ်တိုင်မောင်းသွားမယ်... ဖိုက်တင်းTaehyungie ...Hyungတွက် မင်းလုပ်နိုင်တယ်"

အခြေအနေတစ်ချက်ကြည့်ပြီး လူရှင်းသည်နှင့်မည်သူမျှမမြင်လိုက်ခင်ကားပေါ်တက်ကာဖြည်းဖြည်းချင်းမောင်းထွက်လာခဲ့လိုက်သည်။ တကယ်တော့ Taehyungမှာလိုင်စင်စာမေးပွဲတောင်မဖြေရသေး။ ကားမောင်းသင်ပြီးခါစနှင့်ပင် Canadaလာလိုက်ရသည်မလို့ ကောင်းမမောင်းတာနှစ်နှစ်ကျော်ကျော်လောက်ရှိပြီဖြစ်သည်။  အခုတော့သူ့Hyungတွက်သူစွန့်စားကြိုးစားပေးမည်။

တစ်ဖက်တွင်လည်း Yoongiတစ်ယောက် Taehyungထွက်သည်ခပ်ငေးငေးထိုင်ကြည့်ရင်း ရုတ်တရက်အချက်တစ်ချက်ကိုသတိရသွားသည်။

အာ... ဒရိုက်ဘာလီနဲ့သွားမှတော့ Appaတို့မိတော့မှာပဲ။ မဖြစ်သေးပြန်ဘူး

သူအမြန်ထကာ ပြတင်းပေါက်ကနေလှမ်းကြည့်တော့ကားလေးကထွက်သွားပြီဖြစ်သည်။

"ကျစ် သိကုန်တော့မယ် Tae Taeရယ် Hyungမတွေးမိလိုက်ဘူး..."

ပြတင်းပေါက်ကနေ ခြေကုန်လက်မှိုင်ကျကာအကြည့်လွှဲမလို့ရှိသေး ဂိုဒေါင်ဘက်ကထွက်လာသည့် ဒရိုင်ဘာလီကြောင့် အတွေးတွေရောက်ယက်ခတ်ကုန်သည်။ 

'ဘာလဲ ဒရိုင်ဘာလီက ဒီမှာရှိနေတာလား? ဒါဆို စောစောက ကားမောင်းထွက်သွားတာဘယ်သူလဲ?? ဧကန္တ...'

"မဖြစ်ဘူး Tae Tae!!!"

သူတံခါးနားသွားကာ ပြေးဖွင့်ရန်လုပ်တော့အပြင်ကလော့ခ်ချထားသည်ကြောင့်ဖွင့်မရ။ ဟုတ်သားပဲ သူအိမ်ထဲမှာအပိတ်ခံထားရတာ။ မဖြစ်ဘူး Taehyungတစ်ယောက်တည်း ကားမောင်းသွားတာထင်တယ် ။ ထိုအတွေးနဲ့တင် သူ့အားရူးစေသည်။

'ဒုန်း ဒုန်း ဒုန်း'

"Omma!!!! တံခါးဖွင့်အုံး အပြင်မှာ ဘယ်သူရှိလဲ တံခါးလာဖွင့်ကြစမ်း!!! Omma!!!"

'ဒုန်း ဒုန်း ဒုန်း'

'ကျွိ'

"ဘယ်လိုဖြစ်လို့ တအားတွေအော်နေတာလဲYoongi!  "

"Omma! Tae Tae!! Taehyung အပြင်သွားတယ် ! "

"ဟင် ဟုတ်လား? တစ်နေရာသွားတာနေမှာပေါ့ !အပြင်ထွက်ပြီး ဟိုကောင်လေးဆီသွားဖို့ ကြံနေတာဆိုရင် တော်လိုက်တော့Yoongi ah ..."

"မဟုတ်ဘူးလို့! သူတစ်ယောက်တည်းသွားတာ! ကားမောင်းသွားတာ တစ်ယောက်တည်း!! သူလိုင်စင်တောင်ရသေးတာမဟုတ်ဘူး ...သူ့ကိုသွားခေါ်ရမယ် အန္တရာယ်များတယ် "

" ဘာ!!! "

ထို့နောက် ကားသော့ဆွဲရင်း အမြန်မောင်းထွက်လာလိုက်သည်။ သူပေးလိုက်သည့် လိပ်စာအတိုင်းသူလိုက်သွားတော့ ထိုနေရာကိုသူရောက်ခဲ့သည် သို့သော်Taehyungအရိပ်အယောင်မတွေ့ခဲ့။ မောင်းသည့်နှုန်းအရသူပိုမြန်မည်မှာသေချာသည်။ သို့သော် အချိန်တစ်ခုကြာသည့်တိုင် Taehyungရောက်မလာခဲ့။

အမှန်တိုင်းဝန်ခံခြင်းရယ်ပါ သူလိပ်စာအတိုင်းရောက်နေပြီဖြစ်၍ သူ့ချစ်သူကိုခေါ်ပြီးထွက်ပြေးရန် အကောင်းဆုံးအချိန်တစ်ခုသို့ရောက်နေပြီဖြစ်သည်။ သို့သော် သူထိုအချိန်တုန်းက Taehyungieကိုစိတ်ပူခြင်းကလွဲ၍ ဘာမှခေါင်းထဲရှိမနေနိုင်ခဲ့။

အကိုတစ်ယောက်ရဲ့အတ္တကိုတော့ နားလည်ပေးမယ်မလားချစ်သူ?

-

-

-

-

တုန်ယင်နေသည့် လက်တို့ကိုလစ်လျူရှုကာ ဖြည်းဖြည်းချင်းကြိုးစား၍မောင်းနှင်လာသော်လည်း  လမ်းကြောမသိ လမ်းမသိခြင်းပြဿနာသည် Taehyungအတွက် အကြီးမားဆုံးဒုက္ခဖြစ်နေခဲ့သည်။ ရှုပ်ထွေးလာသည့် လမ်းမကြီးပေါ်သို့ တဆတဆရောက်လာလေ စိုးရိမ်စိတ်တို့ကြီးစိုးလာလေဖြစ်သည်။

(A/N - ကားစစမောင်းဖူးတဲ့သူတိုင်း အဲ့feelကြီးသိကြမယ်ထင်ပါတယ်နော်🥺 )

လမ်းကြောအယူမှားခြင်းကစကာ ကွေ့ရမည့်လမ်းကိုမကွေ့နိုင်တော့ပဲ ရှုပ်ထွေးနေသည့်ယာဉ်ကြောအတိုင်းမျောပါသွားရင်း ပြန်လည်မထွက်လာတတ်တော့ ဘယ်ရပ်ကွက်တွေထိရောက်သွားပြီမှန်းလဲမသိတော့။ ငယ်ငယ်တည်းက ဒရိုင်ဘာလီမောင်းသည့်ကားပေါ်ကလိုက်စီးခဲ့ရသူမို့ ဘာလမ်းကြောင်းမှမကျွမ်းကျင်။

"စိတ်လျော့ ဘာမှမဖြစ်ဘူး ရှေ့ရောက်ရင် လမ်းဖြတ်မှာ ပြန်ကွေ့လို့ရလောက်တယ်"

ကိုယ့်ကိုကိုယ်အားတင်းလိုက်ရင်း ဆက်မောင်းလာကာ လမ်းဖြတ်တစ်ခုသို့ရောက်တော့ မီးကလည်းအစိမ်းပြသည်နှင့် ပြန်အကွေ့။ မီးအဝါကနေ မှီမည်အထင်နှင့် တရှိန်ထိုးဖြတ်မောင်းလာသည့် တစ်ဖက်လမ်းကြောမှ ကုန်တင်ကားကြီးသည် လမ်းတဝက်တွင်ကွေ့နေသည့် Taehyungကားလေးကို ပေ၆၀လောက်အကွာအဝေးထိ သိမ်းကြုံးတိုက်ချသွားရင်း....

လွင့်စင်ထိမှန်လာသည့် မှန်ကွဲစများသည် Taehyungငယ်၏မျက်နှာပြင်ပေါ် လက်ချောင်းလေးတွေပေါ် ခန္ဓာကိုယ်အစိတ်အပိုင်းတွေပေါ် ထို့နောက် နူးညံ့လှပသောကလေးငယ်၏မျက်လုံးလေးတွေပေါ်...

-

-

-

-

သူတို့နှစ်ယောက်၏အကြံအစအဆုံးကို

သိသွားကြပြီးနောက်တွင်တော့ Appa၏လက်သီးများသည်Yoongiမျက်နှာထက်တွင် တသဲသဲ။ Ommaကတော့ ငိုနေရုံမှလွဲ၍ဘာမှမပြောနိုင်တော့။

"တောက်! Min Yoongi သားမိုက်! မင်းအကောင်ကိုတွေ့ဖို့အတွက် ကိုယ့်ညီကိုအသုံးချတဲ့ကောင်! ကိုကိုယ့်ညီကိုကိုယ် ပြန်သတ်မိတော့မလို့ကွ မင်းသိရဲ့လား?"

Min Yoongiလဲ Appaတို့ရှေ့ တနည်းအားဖြင့်Taehyungလေး၏ဆေးရုံခန်းရှေ့တွင်ဒူးထောက်ငိုကြွေးရုံမှလွဲ၍မတတ်နိုင်ခဲ့။ သူမရည်ရွယ်ခဲ့ပါလေ။ သူဆိုသူကား ငယ်ငယ်လေးတည်းကTae Taeလေးကိုဘယ်လောက်ထိကဲကဲလှုပ်ချစ်သလဲဆိုတာ Appaတို့မသိခဲ့လို့လား?

ဆေးရုံအခန်းတွင်း ကုတင်ထက်တွင်အိပ်ပျော်နေသူကလေးငယ်သည် ဖြူစင်စွာအိပ်မောကျလျက်ရှိသည်။ ကလေးငယ်စသတိရရချင်းတုန်းကဆို ဘာမှမမြင်ရတော့လို့ဆိုပြီးအော်ဟစ်ငိုယိုသောင်းကျန်းသည့်အခိုက်က သူဘယ်လောက်သေမတတ်ရင်ကွဲခဲ့ရသလဲ သူ့ကြောင့်ဖြစ်တာပါဆိုပြီး။

-

-

-

-

အဖြစ်အပျက်တို့ မျက်လုံးထဲပြန်ပြန်ပေါ်လာတော့ မျက်ရည်တို့ကတသွင်သွင်ကျသည်။

'ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲလေ??'

'ကျွန်တော်က hyungစိတ်သက်သာရာရစေချင်တာ တစ်ခုတည်းကြောင့်ပါပဲ ...ဘာလို့ကျွန်တော့်ကို မုန်းနေတာလဲဟင်'

'ဒေါက် ဒေါက် ဒေါက်'

"Taehyung sii ကိုယ်Jungkookပါ ဝင်ခဲ့မယ်နော်"

မှောင်မိုက်နေသော အခန်းအပြင်အဆင်ကြောင့်Jungkookသက်​ြပင်းချမိသွားသည်။ ကုတင်ပေါ်က ကောင်လေးကတော့မလှုပ်မယှက်။

"ထမင်းစားရအောင် Taehyung sii"

"လာပို့ခိုင်းလိုက်ပါ ဆရာJeon"

"အဲ့လိုမလုပ်နဲ့လေTaehyung siiရဲ့ အခန်းကြီးထဲမှာပဲနေတော့ မွန်းကြပ်မှာပေါ့ ။ လတ်ဆတ်အောင် လေကောင်းလေသန့်ရှုပေးရမယ် ပြီးတော့ထမင်းကိုဂထမင်းစားခန်းထဲမှာစားဖို့သင့်တော်တယ်"

"ဟင့်အင်း ဘယ်မှမသွားချင်ဘူး လာပဲပို့ခိုင်းလိုက်ပါ"

"Kim Taehyung sii!ဒီလိုအခြေအနေမျိုးမှာကိုယ့်ကိုကိုယ်ဂရုစိုက်နေသင့်တယ်ဆိုတာ မသိဘူးလား? ဒီအခန်းကြီးထဲမှာပဲမအောင်းနေပဲ အပြင်လောကကိုထွက်ဖို့ကြိုးစားသင့်တယ်"

အော်လိုက်သည်မဟုတ်ပေမဲ့ အနည်းငယ်မာသွားသည့်အသံအနေဟန်ထားကြောင့် တုန်တက်သွားတဲ့ခန္ဓာကိုယ်လေးကိုမြင်တော့ သူသက်ပြင်းထပ်ချမိပြန်သည်။

"ဘာ ဘာလို့လာအော်နေတာလဲ? ဟင့် ခင်ဗျားကဘာလို့ကျွန်တော့်ကိုလာအော်နေတာလဲလို့? အင့် အဒေါ်ကြီးကိုထမင်းပို့ခိုင်းပေးပါဆို ဘာလို့လာအော်တာလဲ? ကျွန်တော်မှမမြင်ရတာကို ဘယ်လိုဆင်းပြီးစားမှာလဲလို့ အင့် သူတို့ကမြင်ရတိုင်း..အင့်"

အင်း... ဒီကလေးခံစားနေရတာတွေ ပေါက်ကွဲပါစေလေ။  ဘာတွေခံစားနေရလဲမသိသော်လဲ ထိုခံစားချက်အချို့နှင့်အတူ သူအော်လိုက်သလိုဖြစ်သွားသည်ကြောင့်အားငယ်စိတ်နှင့်လန့်စိတ်​ေပါင်းကာ သူ့အပေါ်လာပေါက်ကွဲသည်ထင်သည်။

မိနစ်အချို့ကြာပြီးနောက်တွင်တော့ ဆရာလေးJungkookဘယ်လိုတွေ စွမ်းဆောင်စည်းရုံးလိုက်လဲမသိ။ Taehyungတစ်ယောက် Jungkookရဲ့ပွေ့ချီမှုအောက်တွင်Jungkookရင်ခွင်ထဲကုပ်ကုပ်လေး ထမင်းစားခန်းသို့ပါလာသည်။

အဒေါ်ကြီးနှင့်အတူအိမ်ကူမိန်းကလေးတွေကလည်း ဘေးကနေစောင့်ပေးကြရှာသည်။

Taehyungလက်လေးထဲ ဇွန်းလေးထည့်ပေးကာ တူဖြင့်ဟင်းလေးတွေထည့်ပေးသည်။ ထို့နောက်ဇွန်းကိုင်ထားသည့် Taehyungလက်ပေါ်မှတဆင့်အုပ်ကိုင်ပေးရင်း ပါးစပ်ဆီသို့ဖြေးဖြေးချင်းထည့်ပေးရသည်။ မမြင်ရသည်နှင့် အသားမကျသေးသည်မို့ကိုယ်တိုင်ထမင်းမစားတတ်သေး။ ထို့ကြောင့်အားငယ်နေခြင်းဖြစ်သည်။ Jungkookကဒါကိုနားလည်စွာ လေ့ကျင့်ပေးမည်။ မျက်စိမမြင်သော်လည်းလောကကြီးနှင့် အဆက်အသွယ်မပြတ်သွားနိုင်ကြောင်း ဒီကောင်လေးသိစေရန်ကြိုးစားမည်။

ထမင်းတလုပ်သွင်းတိုင်း တအင့်အင့်ရှိုက်ငိုနေသည်မို့ ဘေးနားကမြင်ရသူတွေလဲစိတ်မကောင်း။ အဒေါ်ကြီးဆို Taehyungကိုကြည့်ကာ တစ်ဖက်သို့လှည့်ရင်းကြိတ်ငိုနေရှာသည်။

'ဒီနေ့တော့ရှိပါစေတော့ ဘာပဲဖြစ်ဖြစ်သူဒီအိမ်ကလူတွေအကြောင်းတော့ သိဖို့လိုပြီ အထူးသဖြင့်Taehyungနဲ့ ဟိုတစ်နေ့ကMin Yoongiဆိုသည့်လူအကြောင်း...'

TBC...

|| Tae_For_Jeon

   Jeon_To_Tae ||

With Love 💜


// Zawgyi //


မီးအေရာင္မရွိ ေနေရာင္မဝင္ခန္းဆီးလိုက္ကာတို႔ျဖင့္အေမွာင္က်ေနသည့္အခန္းထဲတြင္ ကုတင္ေျခရင္း၌ေျခေထာက္ေလးဆင္းကာ အ႐ုပ္ေလးတစ္႐ုပ္လိုမလႈပ္မယွက္ထိုင္ေနသည့္ Jungkookရဲ့လူနာေႂကြ႐ုပ္ကေလး။

Yoongi hyungသည္သူ႔အေပၚရက္စက္သည္။ Hyungသူ႔ကိုမုန္းမွာ သူအလြန္ေၾကာက္သည္။ Hyungခ်စ္သူေကာင္ေလးဘယ္သူဆိုတာသူမသိသလို သူ႔ကိုလဲဘယ္တုန္းကမွမေျပာျပဖူးခဲ့။

သူCanadaမွာေက်ာင္းသြားတက္ေနခဲ့တဲ့ 2ႏွစ္အတြင္းဘာေတြျဖစ္ခဲ့လဲ Taehyungမသိ။ သူ႔ကိုေခၚလို႔ အေလာတႀကီးဒီျပန္ေရာက္မွ သိလိုက္ရသည္က Hyungက ေကာင္ေလးတစ္ေယာက္ႏွင့္တြဲေနသည္တဲ့။ လူငယ္ျဖစ္သည္ကတစ္ေၾကာင္း ဒီလိုကိစၥေတြကိုသိပ္ၿပီးseriousမထားတတ္သူမလို႔ သူ႔အတြက္မထူးဆန္းလွေသာ္လည္း Appaတို႔လိုလူႀကီးေတြတြက္လက္ခံရခက္မည္လို႔ထင္ခဲ့သည္။ သို႔ေသာ္သူထင္တာမွားခဲ့သည္။ တစ္ဖက္ကေကာင္ေလးသည္ Appaတို႔လိုအဆင့္အတန္းျမင့္ လူဂုဏ္ထံအသိုင္းအဝိုင္းႏွင့္မတူ သာမန္လူလတ္တန္းစားမိသားစုကမို႔ Hyungရဲ့ေကာင္ေလးကိုလက္မခံေၾကာင္းသိခဲ့ရသည္။

Hyungကိုအခန္းတြင္းပိတ္ထားၾကသည္မလို႔ သူလဲအနီးကပ္ေမးခြင့္မရခဲ့။ သူျပန္ေရာက္လာသည့္တိုင္ဘာေတြျဖစ္ထားမွန္း ေရေရရာရာမသိခဲ့ရ။ သူသိသည္က Hyungနဲ႔သူ႔ေကာင္ေလးကို Appaတို႔ကသေဘာမတူဘူး။ Hyungကေသေလာက္ေလာက္ေအာင္ ခံစားေနရတယ္။ ေနာက္တစ္ခုက

"Min Groupကဆက္ခံသူအား ေယာက်ာ္းေလးတစ္ေယာက္ႏွင့္အတူ....မွာ .....ေန႔ကတူတူတြဲ ေတြ႕လိုက္ရသည္" ဆိုသည့္သတင္းေပါင္းမ်ားစြာထြက္လို႔ေနခဲ့သည္။ ဓာတ္ပုံမ်ားမွာ ဝါးေနေသာေၾကာင့္ မည္သူမည္ဝါမွန္းမသိခဲ့ရ။ ဘယ္သူမွလဲ သူ႔ကိုမေျပာျပ။

Hyungနဲ႔ေတြ႕တိုင္း အကူညီေတာင္းခံခ်င္ေနသည့္မ်က္ဝန္းတို႔အားသူဖမ္းမိခဲ့သည္။ ဒါေပမဲ့hyungသူ႔ကို တစ္ခါမွကူညီေပးဖို႔အကူအညီမေတာင္းခဲ့။ ဒါေပမဲ့ hyungဒီလိုခံစားေနရတာသူလဲမခံစားနိုင္ပါေလ။ ျပန္လာလၽွင္ခၽြဲမည္ဟုႀကိမ္းခဲ့သမၽွ ယခုေတာ့Hyungရဲ့ဒီလိုပုံစံကိုသူမၾကည့္ရက္နိုင္ခဲ့။ သူ႔Hyungကိုသူကူညီရမည္။ သူတတ္နိုင္သေလာက္ကူညီခ်င္သည္။ ခ်စ္သူႏွင့္ေဝးေနရတာ ေသေလာက္ေအာင္ခံစားေနရရွာမွာ။ သို႔ေသာ္ အခ်ိန္ေတြကိုသာျပန္လွည့္ခြင့္ရခဲ့မည္ဆိုလၽွင္ သူမကူညီဖို႔ ဝင္မပါဖို႔လမ္းကိုပဲေရြးခဲ့မိမွာအမွန္ပင္။

အဲ့လိုသာကူညီဖို႔မႀကိဳးစားခဲ့ဘူးဆိုရင္ အခုခ်ိန္ဆိုအရာအားလုံးကေျပာင္းလဲေနေလာက္မလား? အခုလိုHyungရဲ့ လစ္လ်ဴရႈမႈေတြမရွိပဲနဲ႔ေပါ့။

~

~

~

~

Flashback

~

~

~

Accidentမျဖစ္မွီ မနက္ခင္းပိုင္းကျဖစ္သည္။

"တစ္လေတာင္ရွိၿပီကို သတင္းေတြကလဲမၿငိမ္ေသးဘူး ရွယ္ယာေတြကဆက္တိုက္ကိုက်ေနေတာ့တာပဲ တစ္ခုခုေတာ့ရွင္းမွျဖစ္ေတာ့မွာYeobo"

"အင္း ဟိုေကာင္ေလးက လက္ထပ္သြားၿပီဆို?"

"မသိေတာ့ပါဘူးရွင္"

"မထူးေတာ့ပါဘူး စီစဥ္ထားတဲ့အတိုင္းပဲလုပ္ၾကေတာ့မလား?"

"ဟင္း... လက္ထပ္ဖို႔လား?"

"အင္းေလ Yoongiလဲမငယ္ေတာ့ဘူး ...ဟိုေကာင္ေလးနဲ႔ကိစၥေတြသာမျဖစ္လာရင္ ဒီကိစၥကျဖစ္မွာပဲ အခုေတာ့လည္း ေရလိုက္ငါးလိုက္ပဲလုပ္လိုက္ၾကတာေပါ့"

Appaႏွင့္Ommaေျပာတာေတြသည္ ဘာေတြမွန္းမသိေပမဲ့ သူ႔hyungကိုလက္ထပ္ေပးေတာ့မည့္အေၾကာင္းကေတာ့ေသခ်ာသည္။နံရံအကြယ္ကေနခိုးနားေထာင္ေနမိသည္မလို႔ သူ႔ကိုေတာ့Appaတို႔ျမင္ပုံမေပၚ။  မျဖစ္ဘူး။ Hyungသာလက္ထပ္လိုက္ရင္ သူ႔ေကာင္ေလးနဲ႔အၿပီးေဝးရေတာ့မွာ။ Hyungလဲေပ်ာ္မွာမဟုတ္ဘူး။ Hyungႏွင့္လက္ဆက္ရမည့္သူကို မၾကည္ျဖဴတာမ်ိဳးမဟုတ္ေပမဲ့ Hyungကိုေတာ့သူခ်စ္တဲ့သူႏွင့္သာ ေပါင္းဖက္ေပ်ာ္ရႊင္ေစခ်င္သည္မွာ Taehyungရဲ့ျဖဴစင္ေသာဆႏၵေလးသာ။ ခ်က္ခ်င္းပင္Yoongi Hyungအခန္းထဲခိုးဝင္ၿပီးေျပးေတြ႕ေတာ့ Hyungကေမၽွာ္လင့္ခ်ကိမဲ့ေနေသာမ်က္ဝန္းမ်ားျဖင့္ သူ႔အားၾကည့္ကာျပဳံးလာသည္။

"Tae Taeေလး"

"Hyung!အခ်ိန္မရွိေတာ့ဘူး Hyungကိုလက္ထပ္ေပးၾကေတာ့မယ္တဲ့ Hyungေကာင္ေလးနဲ႔Hyung ထြက္ေျပးၾကေတာ့ "

"ဘယ္ ဘယ္လို?!"

"ဟုတ္တယ္လို႔ဆို ကၽြန္ေတာ္တကယ္ၾကားလားတာ..."

"........"

"Hyung!! Hyungေကာင္ေလး လိပ္စာေျပာ ကၽြန္ေတာ္သြားေခၚေပးမယ္ ၿပီးေတာ့မွHyungကိုအိမ္ထဲက မသိေအာင္တစ္ခါေခၚထုတ္ေပးမယ္"

သူေျပာသည္အထိ သတိမကပ္နိုင္ေသးေသာYoongi hyung။ ထို႔ေနာက္Yoongi ႐ုတ္တရက္ထိုင္ေနရာမွ ထရပ္လိုက္ကာ စားပြဲဆီသို႔ေျပးကာစာရြက္အပိုင္းေလးတစ္ခုေပၚလိပ္စာတစ္ခုေရးေပးသည္။ ထို႔ေနာက္သူ႔လက္ထဲထိုးထည့္ေပးရင္း

"ဒီ ဒီလိပ္စာမွာ သူရွိမယ္ မဟုတ္ဘူး သူရွိတယ္ Taehyungie....နားေထာင္ Hyungေတာင္းပန္ပါတယ္ Hyungတို႔ကမင္းကိုတမင္မေျပာတာမဟုတ္ဘူး အေၾကာင္းရွိလို႔မေျပာခဲ့တာ ေနာက္မွအေၾကာင္းစုံရွင္းျပမယ္ေနာ္ အခုအဲ့လိပ္စာကိုသြားသူ႔ကိုအေၾကာင္းစုံရွင္းျပေပး "

အဲ့တုန္းကHyungဘာေတြေျပာေနမွန္းTaehyung တကယ္နားမလည္ခဲ့ပါ။ အခုထိျပန္စဥ္းစားတိုင္းလည္းမသိပါ။

"ေနအုံးေလHyung Hyungေကာင္ေလးနာမည္ေျပာအုံးေလ နာမည္ကဘယ္သူလဲ ဘယ္ ဘယ္လိုပုံလဲ"

"Tae Taeေရာက္ရင္သိလိမ့္မယ္ သြားေတာ့"

ေအာက္ထပ္ေရာက္မွ ခက္ၿပီ။ အျပင္သြားရင္ဒရိုင္ဘာကသိေတာ့မွာ ၿပီးရင္Ommaတို႔ပါသိေတာ့မွာ။ ကားနားမွာေဝ့သီေဝ့သီလုပ္ရင္း အတန္ၾကာေအာင္သူစဥ္းစားေနမိသည္။ ေနာက္ဆုံးေတာ့ ဆုံးျဖတ္ခ်က္တစ္ခုကို အခိုင္အမာခ်လိုက္ရင္း

"ဟုတ္ၿပီ ကိုယ္တိုင္ေမာင္းသြားမယ္... ဖိုက္တင္းTaehyungie ...Hyungတြက္ မင္းလုပ္နိုင္တယ္"

အေျခအေနတစ္ခ်က္ၾကည့္ၿပီး လူရွင္းသည္ႏွင့္မည္သူမၽွမျမင္လိုက္ခင္ကားေပၚတက္ကာျဖည္းျဖည္းခ်င္းေမာင္းထြက္လာခဲ့လိုက္သည္။ တကယ္ေတာ့ Taehyungမွာလိုင္စင္စာေမးပြဲေတာင္မေျဖရေသး။ ကားေမာင္းသင္ၿပီးခါစႏွင့္ပင္ Canadaလာလိုက္ရသည္မလို႔ ေကာင္းမေမာင္းတာႏွစ္ႏွစ္ေက်ာ္ေက်ာ္ေလာက္ရွိၿပီျဖစ္သည္။  အခုေတာ့သူ႔Hyungတြက္သူစြန႔္စားႀကိဳးစားေပးမည္။

တစ္ဖက္တြင္လည္း Yoongiတစ္ေယာက္ Taehyungထြက္သည္ခပ္ေငးေငးထိုင္ၾကည့္ရင္း ႐ုတ္တရက္အခ်က္တစ္ခ်က္ကိုသတိရသြားသည္။

အာ... ဒရိုက္ဘာလီနဲ႔သြားမွေတာ့ Appaတို႔ငိေဆာ့မွာပဲ။ မျဖစ္ေသးျပန္ဘူး

သူအျမန္ထကာ ျပတင္းေပါက္ကေနလွမ္းၾကည့္ေတာ့ကားေလးကထြက္သြားၿပီျဖစ္သည္။

"က်စ္ သိကုန္ေတာ့မယ္ Tae Taeရယ္ Hyungမေတြးမိလိုက္ဘူး..."

ျပတင္းေပါက္ကေန ေျခကုန္လက္မွိုင္က်ကာအၾကည့္လႊဲမလို႔ရွိေသး ဂိုေဒါင္ဘက္ကထြက္လာသည့္ ဒရိုင္ဘာလီေၾကာင့္ အေတြးေတြေရာက္ယက္ခတ္ကုန္သည္။ 

'ဘာလဲ ဒရိုင္ဘာလီက ဒီမွာရွိေနတာလား? ဒါဆို ေစာေစာက ကားေမာင္းထြက္သြားတာဘယ္သူလဲ?? ဧကႏၲ...'

"မျဖစ္ဘူး Tae Tae!!!"

သူတံခါးနားသြားကာ ေျပးဖြင့္ရန္လုပ္ေတာ့အျပင္ကေလာ့ခ္ခ်ထားသည္ေၾကာင့္ဖြင့္မရ။ ဟုတ္သားပဲ သူအိမ္ထဲမွာအပိတ္ခံထားရတာ။ မျဖစ္ဘူး Taehyungတစ္ေယာက္တည္း ကားေမာင္းသြားတာထင္တယ္ ။ ထိုအေတြးနဲ႔တင္ သူ႔အား႐ူးေစသည္။

'ဒုန္း ဒုန္း ဒုန္း'

"Omma!!!! တံခါးဖြင့္အုံး အျပင္မွာ ဘယ္သူရွိလဲ တံခါးလာဖြင့္ၾကစမ္း!!! Omma!!!"

'ဒုန္း ဒုန္း ဒုန္း'

'ကၽြိ'

"ဘယ္လိုျဖစ္လို႔ တအားေတြေအာ္ေနတာလဲYoongi!  "

"Omma! Tae Tae!! Taehyung အျပင္သြားတယ္ ! "

"ဟင္ ဟုတ္လား? တစ္ေနရာသြားတာေနမွာေပါ့ !အျပင္ထြက္ၿပီး ဟိုေကာင္ေလးဆီသြားဖို႔ ႀကံေနတာဆိုရင္ ေတာ္လိုက္ေတာ့Yoongi ah ..."

"မဟုတ္ဘူးလို႔! သူတစ္ေယာက္တည္းသြားတာ! ကားေမာင္းသြားတာ တစ္ေယာက္တည္း!! သူလိုင္စင္ေတာင္ရေသးတာမဟုတ္ဘူး ...သူ႔ကိုသြားေခၚရမယ္ အႏၲရာယ္မ်ားတယ္ "

" ဘာ!!! "

ထို႔ေနာက္ ကားေသာ့ဆြဲရင္း အျမန္ေမာင္းထြက္လာလိုက္သည္။ သူေပးလိုက္သည့္ လိပ္စာအတိုင္းသူလိုက္သြားေတာ့ ထိုေနရာကိုသူေရာက္ခဲ့သည္ သို႔ေသာ္Taehyungအရိပ္အေယာင္မေတြ႕ခဲ့။ ေမာင္းသည့္ႏႈန္းအရသူပိုျမန္မည္မွာေသခ်ာသည္။ သို႔ေသာ္ အခ်ိန္တစ္ခုၾကာသည့္တိုင္ Taehyungေရာက္မလာခဲ့။

အမွန္တိုင္းဝန္ခံျခင္းရယ္ပါ သူလိပ္စာအတိုင္းေရာက္ေနၿပီျဖစ္၍ သူ႔ခ်စ္သူကိုေခၚၿပီးထြက္ေျပးရန္ အေကာင္းဆုံးအခ်ိန္တစ္ခုသို႔ေရာက္ေနၿပီျဖစ္သည္။ သို႔ေသာ္ သူထိုအခ်ိန္တုန္းက Taehyungieကိုစိတ္ပူျခင္းကလြဲ၍ ဘာမွေခါင္းထဲရွိမေနနိုင္ခဲ့။

အကိုတစ္ေယာက္ရဲ့အတၱကိုေတာ့ နားလည္ေပးမယ္မလားခ်စ္သူ?

-

-

-

-

တုန္ယင္ေနသည့္ လက္တို႔ကိုလစ္လ်ဴရႈကာ ျဖည္းျဖည္းခ်င္းႀကိဳးစား၍ေမာင္းႏွင္လာေသာ္လည္း  လမ္းေၾကာမသိ လမ္းမသိျခင္းျပႆနာသည္ Taehyungအတြက္ အႀကီးမားဆုံးဒုကၡျဖစ္ေနခဲ့သည္။ ရႈပ္ေထြးလာသည့္ လမ္းမႀကီးေပၚသို႔ တဆတဆေရာက္လာေလ စိုးရိမ္စိတ္တို႔ႀကီးစိုးလာေလျဖစ္သည္။

(A/N - ကားစစေမာင္းဖူးတဲ့သူတိုင္း အဲ့feelႀကီးသိၾကမယ္ထင္ပါတယ္ေနာ္🥺 )

လမ္းေၾကာအယူမွားျခင္းကစကာ ေကြ႕ရမည့္လမ္းကိုမေကြ႕နိုင္ေတာ့ပဲ ရႈပ္ေထြးေနသည့္ယာဥ္ေၾကာအတိုင္းေမ်ာပါသြားရင္း ျပန္လည္မထြက္လာတတ္ေတာ့ ဘယ္ရပ္ကြက္ေတြထိေရာက္သြားၿပီမွန္းလဲမသိေတာ့။ ငယ္ငယ္တည္းက ဒရိုင္ဘာလီေမာင္းသည့္ကားေပၚကလိုက္စီးခဲ့ရသူမို႔ ဘာလမ္းေၾကာင္းမွမကၽြမ္းက်င္။

"စိတ္ေလ်ာ့ ဘာမွမျဖစ္ဘူး ေရွ႕ေရာက္ရင္ လမ္းျဖတ္မွာ ျပန္ေကြ႕လို႔ရေလာက္တယ္"

ကိုယ့္ကိုကိုယ္အားတင္းလိုက္ရင္း ဆက္ေမာင္းလာကာ လမ္းျဖတ္တစ္ခုသို႔ေရာက္ေတာ့ မီးကလည္းအစိမ္းျပသည္ႏွင့္ ျပန္အေကြ႕။ မီးအဝါကေန မွီမည္အထင္ႏွင့္ တရွိန္ထိုးျဖတ္ေမာင္းလာသည့္ တစ္ဖက္လမ္းေၾကာမွ ကုန္တင္ကားႀကီးသည္ လမ္းတဝက္တြင္ေကြ႕ေနသည့္ Taehyungကားေလးကို ေပ၆၀ေလာက္အကြာအေဝးထိ သိမ္းၾကဳံးတိုက္ခ်သြားရင္း....

လြင့္စင္ထိမွန္လာသည့္ မွန္ကြဲစမ်ားသည္ Taehyungငယ္၏မ်က္ႏွာျပင္ေပၚ လက္ေခ်ာင္းေလးေတြေပၚ ခႏၶာကိုယ္အစိတ္အပိုင္းေတြေပၚ ထို႔ေနာက္ ႏူးညံ့လွပေသာကေလးငယ္၏မ်က္လုံးေလးေတြေပၚ...

-

-

-

-

သူတို႔ႏွစ္ေယာက္၏အႀကံအစအဆုံးကို

သိသြားၾကၿပီးေနာက္တြင္ေတာ့ Appa၏လက္သီးမ်ားသည္Yoongiမ်က္ႏွာထက္တြင္ တသဲသဲ။ Ommaကေတာ့ ငိုေန႐ုံမွလြဲ၍ဘာမွမေျပာနိုင္ေတာ့။

"ေတာက္! Min Yoongi သားမိုက္! မင္းအေကာင္ကိုေတြ႕ဖို႔အတြက္ ကိုယ့္ညီကိုအသုံးခ်တဲ့ေကာင္! ကိုကိုယ့္ညီကိုကိုယ္ ျပန္သတ္မိေတာ့မလို႔ကြ မင္းသိရဲ့လား?"

Min Yoongiလဲ Appaတို႔ေရွ႕ တနည္းအားျဖင့္Taehyungေလး၏ေဆး႐ုံခန္းေရွ႕တြင္ဒူးေထာက္ငိုေႂကြး႐ုံမွလြဲ၍မတတ္နိုင္ခဲ့။ သူမရည္ရြယ္ခဲ့ပါေလ။ သူဆိုသူကား ငယ္ငယ္ေလးတည္းကTae Taeေလးကိုဘယ္ေလာက္ထိကဲကဲလႈပ္ခ်စ္သလဲဆိုတာ Appaတို႔မသိခဲ့လို႔လား?

ေဆး႐ုံအခန္းတြင္း ကုတင္ထက္တြင္အိပ္ေပ်ာ္ေနသူကေလးငယ္သည္ ျဖဴစင္စြာအိပ္ေမာက်လ်က္ရွိသည္။ ကေလးငယ္စသတိရရခ်င္းတုန္းကဆို ဘာမွမျမင္ရေတာ့လို႔ဆိုၿပီးေအာ္ဟစ္ငိုယိုေသာင္းက်န္းသည့္အခိုက္က သူဘယ္ေလာက္ေသမတတ္ရင္ကြဲခဲ့ရသလဲ သူ႔ေၾကာင့္ျဖစ္တာပါဆိုၿပီး။

-

-

-

-

အျဖစ္အပ်က္တို႔ မ်က္လုံးထဲျပန္ျပန္ေပၚလာေတာ့ မ်က္ရည္တို႔ကတသြင္သြင္က်သည္။

'ကၽြန္ေတာ့္မွာ ဘာအျပစ္ရွိလို႔လဲေလ??'

'ကၽြန္ေတာ္က hyungစိတ္သက္သာရာရေစခ်င္တာ တစ္ခုတည္းေၾကာင့္ပါပဲ ...ဘာလို႔ကၽြန္ေတာ့္ကို မုန္းေနတာလဲဟင္'

'ေဒါက္ ေဒါက္ ေဒါက္'

"Taehyung sii ကိုယ္Jungkookပါ ဝင္ခဲ့မယ္ေနာ္"

ေမွာင္မိုက္ေနေသာ အခန္းအျပင္အဆင္ေၾကာင့္Jungkookသက္​ျပင္းခ်မိသြားသည္။ ကုတင္ေပၚက ေကာင္ေလးကေတာ့မလႈပ္မယွက္။

"ထမင္းစားရေအာင္ Taehyung sii"

"လာပို႔ခိုင္းလိုက္ပါ ဆရာJeon"

"အဲ့လိုမလုပ္နဲ႔ေလTaehyung siiရဲ့ အခန္းႀကီးထဲမွာပဲေနေတာ့ မြန္းၾကပ္မွာေပါ့ ။ လတ္ဆတ္ေအာင္ ေလေကာင္းေလသန႔္ရႈေပးရမယ္ ၿပီးေတာ့ထမင္းကိုဂထမင္းစားခန္းထဲမွာစားဖို႔သင့္ေတာ္တယ္"

"ဟင့္အင္း ဘယ္မွမသြားခ်င္ဘူး လာပဲပို႔ခိုင္းလိုက္ပါ"

"Kim Taehyung sii!ဒီလိုအေျခအေနမ်ိဳးမွာကိုယ့္ကိုကိုယ္ဂ႐ုစိုက္ေနသင့္တယ္ဆိုတာ မသိဘူးလား? ဒီအခန္းႀကီးထဲမွာပဲမေအာင္းေနပဲ အျပင္ေလာကကိုထြက္ဖို႔ႀကိဳးစားသင့္တယ္"

ေအာ္လိုက္သည္မဟုတ္ေပမဲ့ အနည္းငယ္မာသြားသည့္အသံအေနဟန္ထားေၾကာင့္ တုန္တက္သြားတဲ့ခႏၶာကိုယ္ေလးကိုျမင္ေတာ့ သူသက္ျပင္းထပ္ခ်မိျပန္သည္။

"ဘာ ဘာလို႔လာေအာ္ေနတာလဲ? ဟင့္ ခင္ဗ်ားကဘာလို႔ကၽြန္ေတာ့္ကိုလာေအာ္ေနတာလဲလို႔? အင့္ အေဒၚႀကီးကိုထမင္းပို႔ခိုင္းေပးပါဆို ဘာလို႔လာေအာ္တာလဲ? ကၽြန္ေတာ္မွမျမင္ရတာကို ဘယ္လိုဆင္းၿပီးစားမွာလဲလို႔ အင့္ သူတို႔ကျမင္ရတိုင္း..အင့္"

အင္း... ဒီကေလးခံစားေနရတာေတြ ေပါက္ကြဲပါေစေလ။  ဘာေတြခံစားေနရလဲမသိေသာ္လဲ ထိုခံစားခ်က္အခ်ိဳ႕ႏွင့္အတူ သူေအာ္လိုက္သလိုျဖစ္သြားသည္ေၾကာင့္အားငယ္စိတ္ႏွင့္လန႔္စိတ္​ေပါင္းကာ သူ႔အေပၚလာေပါက္ကြဲသည္ထင္သည္။

မိနစ္အခ်ိဳ႕ၾကာၿပီးေနာက္တြင္ေတာ့ ဆရာေလးJungkookဘယ္လိုေတြ စြမ္းေဆာင္စည္း႐ုံးလိုက္လဲမသိ။ Taehyungတစ္ေယာက္ Jungkookရဲ့ေပြ႕ခ်ီမႈေအာက္တြင္Jungkookရင္ခြင္ထဲကုပ္ကုပ္ေလး ထမင္းစားခန္းသို႔ပါလာသည္။

အေဒၚႀကီးႏွင့္အတူအိမ္ကူမိန္းကေလးေတြကလည္း ေဘးကေနေစာင့္ေပးၾကရွာသည္။

Taehyungလက္ေလးထဲ ဇြန္းေလးထည့္ေပးကာ တူျဖင့္ဟင္းေလးေတြထည့္ေပးသည္။ ထို႔ေနာက္ဇြန္းကိုင္ထားသည့္ Taehyungလက္ေပၚမွတဆင့္အုပ္ကိုင္ေပးရင္း ပါးစပ္ဆီသို႔ေျဖးေျဖးခ်င္းထည့္ေပးရသည္။ မျမင္ရသည္ႏွင့္ အသားမက်ေသးသည္မို႔ကိုယ္တိုင္ထမင္းမစားတတ္ေသး။ ထို႔ေၾကာင့္အားငယ္ေနျခင္းျဖစ္သည္။ Jungkookကဒါကိုနားလည္စြာ ေလ့က်င့္ေပးမည္။ မ်က္စိမျမင္ေသာ္လည္းေလာကႀကီးႏွင့္ အဆက္အသြယ္မျပတ္သြားနိုင္ေၾကာင္း ဒီေကာင္ေလးသိေစရန္ႀကိဳးစားမည္။

ထမင္းတလုပ္သြင္းတိုင္း တအင့္အင့္ရွိုက္ငိုေနသည္မို႔ ေဘးနားကျမင္ရသူေတြလဲစိတ္မေကာင္း။ အေဒၚႀကီးဆို Taehyungကိုၾကည့္ကာ တစ္ဖက္သို႔လွည့္ရင္းႀကိတ္ငိုေနရွာသည္။

'ဒီေန႔ေတာ့ရွိပါေစေတာ့ ဘာပဲျဖစ္ျဖစ္သူဒီအိမ္ကလူေတြအေၾကာင္းေတာ့ သိဖို႔လိုၿပီ အထူးသျဖင့္Taehyungနဲ႔ ဟိုတစ္ေန႔ကMin Yoongiဆိုသည့္လူအေၾကာင္း...'

TBC...

|| Tae_For_Jeon

   Jeon_To_Tae ||

With Love 💜

Continua a leggere

Ti piacerΓ  anche

15.7K 318 9
You are Y/N, a Green lantern with a Red lantern ring. You became Hal's sidekick as a green lantern, but after a while, your anger issues became abund...
34.5K 2.3K 12
"𝐊𝐈𝐌 : π‘³π’Šπ’Œπ’† π‘¬π’—π’†π’π’Šπ’π’ˆ" 'π‘‡β„Žπ‘’ π‘™π‘Žπ‘ π‘‘ π‘π‘Žπ‘Ÿπ‘‘ π‘œπ‘“ π‘šπ‘¦ π‘™π‘œπ‘£π‘’, π‘‡β„Žπ‘’ π‘’π‘Žπ‘Ÿπ‘™π‘¦ π‘™π‘œπ‘£π‘’ π‘œπ‘“ π‘šπ‘¦ 𝑙𝑖𝑓𝑒'
186K 3.9K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
51.4K 1.5K 28
{BOOK ONE} ❝I will protect her.❞ + Copyright © 2014 trashydarlin trailer to the side made by @EllieD1717