ခ်စ္ေသာအရွင္(ချစ်သောအရှင်){Co...
By HninPhyo353
363K 33.4K 1.4K
အချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း အချိန်တွေသာ ကျော်ပ... More
Part 1
Part 2
Anni
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 18
Part 19
Part 20
Hi😊
Part 21
Part 22
Part 23
Hi😊😊
Part 17
10.7K 1.2K 70
By HninPhyo353
ပြုံးပြသည်။
"...."
"သားတော်သိလား...ငယ်ငယ်က
"........"
အိပ်ချင်တယ်"
ဒီဘုရင်ခံတော့မယ်။
🎴🎴🎴🎴🎴🎴
ဘုရင်စုတ်။
ရှိနေပေးမယ်တဲ့။
ပေးနေသေးတာလဲမသိဘူး။
"အ!!"
သွေးတွေရဲထွက်လာသည်။
ငါ....ဒီလိုမျိုး ရွေးချယ်ရခက်တဲ့
ဘ၀နဲ့မနေချင်ဘူး။မင်းသိလား...
လာခဲ့လို့များ..."
ဆင်းသွားသည်။သူတကယ်မပျော်တော့ဘူး။
အရှင်က ဆေးကျိုပို့လိုက်ပါတယ်"
စောစောက အစေခံက
ပျောက်ချင်းမလှ။
ထုံထိုင်းလာခဲ့သည်။
"မင်းအန်နေတဲ့ ဆေးတွေက
"မ...မယ်တော်.."
"Hk....အရင်ကထက်တော့
ဉာဏ်ကောင်းလာတာပဲ။"
လာအုပ်ကာ
လိုက်သွားတော့။"
"အ....အားးးး"
"Hk....ဖြေဆေးမရှိဘူး။
အဆိပ်ဖြစ်တယ်လေ။"
ပစ်လွှတ်လိုက်သည်။
🎴🎴🎴🎴🎴🎴🎴🎴
ရပ်ကြည့်နေသလို။
အသံသေးသေးလေး
*လန်ဝမ့်ကျီး...ထပါအုံး....
"ဝေ့ရင်း....ဝေ့ရင်း..."
အော်နေမိသည်။
"ဝေ့ရင်း!!!"
သတိထားမိပုံမရ။
"ဝေ့ရင်း....."
အရှင်!!"
"အရှင်...အရှင်ထွက်လာပြီ။
သွားသယ်ကူကြလေ"
"ဖယ်စမ်း...."
ပုတ်ရင်း
အိပ်လို့ကောင်းတုန်း။
"ဝေ့ရင်း....ထပါကွာ။ကိုယ့်ကိုအဲ့လိုကြီး
မနှိပ်စက်ပါနဲ့။ဝေ့ရင်း...."
"ခင်ဗျား....လုပ်မှ.....သေမှာ.....
ချီးထုပ်...ကြီးရဲ့"
"သမားတော်ပြင်ထား...."
🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴
ရေးနေတာ 7နာရီတည်းက😅
ကောင်းနေတာ😂
တို့အိုက်ဒေါ🙂😂
"မယ်မယ် ....ဘာကိစ္စရှိလို့လဲ။"
မယ်မယ်က ၀မ့်ကျီးအခန်းကိုလှည့်ပတ်ကြည့်ရင်း
ပြုံးပြသည်။
"သားတော်လေးရဲ့အဆောင်က သပ်ရပ်နေတာပဲ။
ဟင်းးးးငယ်ငယ်က အရမ်းဆော့တဲ့ ၀မ့်ကျီး
သေးသေးလေးမဟုတ်တော့သလိုပဲ"
"...."
"သားတော်သိလား...ငယ်ငယ်က
သားတော်လေးကအရမ်းမယ်တော့စကားနားထောင်ပြီး
အချွဲလေးဖြစ်ခဲ့တယ်ဆိုတာ"
"........"
"အင်းးးးဒါတွေက အခုတော့အိမ်မက်လိုပဲ။
သားတော်ရဲ့ ခမည်းတော်ကလည်း
မယ်တော့ကို တစ်ယောက်တည်းချန်ထားခဲ့တယ်။"
"ခမည်းတော်ကောင်းကင်ဘုံကနေ
သားတော်တို့ကိုစောင့်ရှောက်နေမှာပါ"
"ဟင့်....မကောင်းတဲ့သူကြီး။မယ်တော့ကို
တစ်ယောက်တည်းထားခဲ့ပြီးသူကတော့
ကောင်းကင်ဘုံမှာပျော်နေမှာပေါ့"
စိတ်လိုလက်ရငိုပြလိုက်တော့
၀မ့်ကျီးက သူမကျောကိုဖွဖွလေးပုတ်လာသည်။
"မယ်တော်ဒီည သားတော်အခန်းမှာ
အိပ်ချင်တယ်"
"ရပါတယ်။အခုတော့ နားလိုက်အုံးမယ်မယ်"
သူမကိုကုတင်ပေါ်နေရာပြောင်းကာ
စောင်ခြုံပေးလိုက်ပြီး ၀မ့်ကျီး
စာလေ့လာရာနေရာကို လျှောက်လာခဲ့လိုက်သည်။
ဒီည သူ့ကလေးကိုလာမယ်လို့ကတိပေးထားတာတော့
ပျက်ရပြီ။နောက်မှပဲ အဆိုးလေးဆဲတာ
ဒီဘုရင်ခံတော့မယ်။
🎴🎴🎴🎴🎴🎴
ခြေသံတစ်လျှပ်လျှပ်ကြားတိုင်း
သူများလားလို့ ခေါင်းထောင်ကြည့်ရတာအမော။
မှောင်စ ပျိုးတည်းက ရှောင်ကျန့်
သူ့ကိုမျှော်နေတာ ခုထိပေါ်မလာတဲ့
ဘုရင်စုတ်။
ပြောတော့ နက်ဖြန်ညမင်းနဲ့အတူတူ
ရှိနေပေးမယ်တဲ့။
လှီးလက်စပန်းသီးလေးကိုအာရုံမရ။
သူ့စိတ်ထဲလန်ဝမ်ကျီးသာကြီးစိုးနေသည်။
အစတည်းက မလာနိုင်ရင်ဘာလို့ကတိတွေ
ပေးနေသေးတာလဲမသိဘူး။
"အ!!"
ပြတ်ရှဒဏ်ရာကြောင့် သူ့လက်ညိုးမှာ
သွေးတွေရဲထွက်လာသည်။
လက်ကိုပါးစပ်ထဲငုံရင်း
ပြတင်းဝဘက်ခြေလှမ်းမိသည်။
သန်းခေါင်ကျော်လို့မှမလာရင် တစ်သက်လုံး
မခေါ်တော့ဘူးလန်ဝမ့်ကျီး။
"ဝေ့ရင်း...ငါတကယ်မွန်းကျပ်နေပြီ။
ငါ....ဒီလိုမျိူး ရွေးချယ်ရခက်တဲ့
ဘ၀နဲ့မနေချင်ဘူး။မင်းသိလား...
ငါအခု ၀မ်ရိပေါ်ကိုလွမ်းနေပြန်ပြီ။
တစ်ခါတစ်လေ မင်းရဲ့လန်ဝမ့်ကျီး
အပေါ်စိတ်ယိုင်ချင်တယ်။
ငါ....ဒီဘက်လောကကို မလာသင့်ဘဲ
လာခဲ့လို့များ..."
ပါးပြင်ပေါ်မျက်ရည်တစ်စက်ခုန်ပေါက်
ဆင်းသွားသည်။သူတကယ်မပျော်တော့ဘူး။
"ကိုယ်လုပ်တော်ဝေ့....ဒီမှာ
အရှင်က ဆေးကျိူပို့လိုက်ပါတယ်"
ညသန်းခေါင်ကြီးကျမှ ဆေးကျိုပို့တဲ့
၀မ့်ကျီးက ထူးဆန်းလွန်းနေသည်။
သူ့အကြောင်းမေးမယ်လုပ်တော့
စောစောက အစေခံက
ပျောက်ချင်းမလှ။
ဆေးရည်ခါးခါးကြီးကို မောလိုက်တဲ့
တစ်ခဏ သူ့တစ်ကိုယ်လုံး
ထုံထိုင်းလာခဲ့သည်။
တစ်ခုခုမှားနေပြီဆိုတာသိတာနဲ့
ရေအိမ်သွားပြီး လက်ထိုးအန်နေလိုက်တော့
"မင်းအန်နေတဲ့ ဆေးတွေက
ဘယ်လောက်တန်ဖိုးရှိတယ်ထင်လဲ.."
"မ...မယ်တော်.."
"Hk....အရင်ကထက်တော့
ဉာဏ်ကောင်းလာတာပဲ။"
ရှောင်ကျန့် နောက်လှည့်ကာ
ထိုးအန်ဖို့ပြင်လိုက်တော့
မယ်ယ်က သူ့ပါးစပ်ကိုလာတဲ့
လာအုပ်ကာ
"မြိုချစမ်း....အန်လို့မရဘူး။မြိုချလိုက်။
ပြီးရင် မင်းခမည်းတော်နောက်
လိုက်သွားတော့။"
"အ....အားးးး"
အန်ထုတ်လို့မရတဲ့အခြေနေနဲ့
အတင်းအကျပ်လုပ်ရပ်တွေကြား
ရှောင်ကျန့်အသက်ရူရကျပ်လာခဲ့သည်။
မျက်လုံးတွေက အရာရာရီဝေစွာ။
"Hk....ဖြေဆေးမရှိဘူး။
ရှောင်ယန်းက လိုတာထပ်ပိုသောက်မိရင်
အဆိပ်ဖြစ်တယ်လေ။"
ရှောင်ကျန့် တွားသွားရုံသာ
လှမ်းနိုင်ပြီး နောက်ဆုံးလုံးဝ
လဲကျသွားတော့မှ မယ်တော်က
ခြောက်ကပ်စွာရယ်ရင်း ထွက်သွားခဲ့သည်။
သူမထွက်သွားတာသေချာတာနှင့်
ဘေးနားက မီးခွက်ကိုခပ်ဝေးဝေး
ပစ်လွှတ်လိုက်သည်။
*ငါ့ကိုသနားရင်လာကယ်ပါအုံးဝမ့်ကျီး။*
🎴🎴🎴🎴🎴🎴🎴🎴
🧐ရုတ်တရက် အေးစက်သွားတဲ့
ကျောပြင်က တစ်စုံတစ်ယောက်
ရပ်ကြည့်နေသလို။
အေးစက်စက်အနေထားကြီးမို့
နောက်ကျော်မလုံစွာ စောင်ကို
ရင်ဘတ်ထိဆွဲခြုံကာဆက်အိပ်ဖို့လုပ်လိုက်သည်။
အိပ်ပျော်လုဆဲဆဲမှာအိမ်မက်ထဲက
အသံသေးသေးလေး
*လန်ဝမ့်ကျီး...ထပါအုံး....
လန်ဝမ့်ကျီး..ကယ်ပေးပါအုံး...အဟင့်...*
"ဝေ့ရင်း....ဝေ့ရင်း..."
ရင်းနှီးနေတဲ့ငိုသံလေးကြောင့်
ရုတ်တရက်ထထိုင်ကာ အရူးတစ်ယောက်လို
အော်နေမိသည်။
ဘေးနားကအေးစက်စက်ခံစားချက်က
မယ်တော်မရှိတော့ဘူးဆိုတာသိလိုက်ရသည်။
ပြန်အိပ်ဖို့ပြင်လိုက်ပေမဲ့ ရုတ်တရက်
ဝေ့ရင်းဆောင်ဘက်က မီးရောင်
သဲ့သဲ့လေးကြော်က့ ရုတ်တရက်
ပြတင်းပေါက်ကနေလှမ်းကြည့်မိတော့
တ၀ုန်းဝုန်းထတောက်နေသည့် မီးညွန့်တွေ။
"ဝေ့ရင်း!!!"
သူဝေ့ရင်းအဆောင်ရောက်တော့
မီးစတွေက အဆောင်ရဲ့၃ပုံ ၁ပုံကျွမ်းနေလေပြီ။
အစေခံတွေကလည်း ရေသယ်သူသယ်
သဲယူသူယူနှင့် အထဲက အရာရာကို
သတိထားမိပုံမရ။
"ဝေ့ရင်း....."
"အရှင်...၀င်လို့မဖြစ်ပါဘူး။
မီးအပူရှိန်က အရမ်းပြင်းတယ်...
အရှင်!!"
အော်ခေါ်သံတွေနောက်ထားပြီးရေပုံးထဲက
ရေကိုတစ်ကိုယ်လုံးလောင်းချကာ
မီးစလွတ်ရာကနေ အဆောင်ထဲပြေးဝင်မိသည်။
မွှန်ထူလှတဲ့ မီးခိုးတွေကြား
သူချစ်ရတဲ့ အရိပ်လေးကိုရှာနေမိသည်။
သေချာတာက ဒီအချိန်ကောင်လေး
သလွန်တော်ပေါ်မှာ အိပ်ပျော်နေအုံးမှာပဲ
သလွန်ဘက်ကို လှမ်းကြည့်မိတဲ့
သူ့မျက်ဝန်းတွေ အထိန်းကွပ်မဲ့စွာ
လှုပ်ခတ်သွားသည်က မေ့လဲနေတဲ့
အရိပ်ငယ်လေးတစ်ခုကြောင့်။
"ဝေ့ရင်း....ဝေ့ရင်း...ထပါအုံး"
တုန့်ပြန်မှုမဲ့တဲ့ကောင်လေးကြောင့်
သူထမ်းပိုးကာ အပြင်ထွက်ဖို့ပြင်လိုက်သည်။
ပြုတ်ကျလာတဲ့ မီးစတွေကြား
သူရှောင်တိမ်းရင်း ကောင်လေးကို
မီးကင်းရာ ပွေ့ခေါ်လာခဲမိသည်။
"အရှင်...အရှင်ထွက်လာပြီ။
သွားသယ်ကူကြလေ"
ကုန်းကုန်းရဲ့အော်သံတွေကြား
လူတစ်ချို့ လန်ဝမ့်ကျီးနားရောက်လာာ
ရှောင်ကျန့်ကို လက်ပြောင်းယူဖို့ပြင်ကြပေမဲ့
"ဖယ်စမ်း...."
ဒေါသမျက်လုံးတွေနဲ့သာကြည့်ခံလိုက်ရပြီး
ဝေ့ရင်းကိုယ်လေးကို ဂရုတစိုက်
ချပေကာ ပါးနုနုလေးတွေကို
ပုတ်ရင်း
"ဝေ့ရင်း...ထပါအုံး...ဝေ့ရင်း..."
ကောင်လေးကတော့ စိမ်းကားစွာ
အိပ်လို့ကောင်းတုန်း။
"ဝေ့ရင်း....ထပါကွာ။ကိုယ့်ကိုအဲ့လိုကြီး
မနှိပ်စက်ပါနဲ့။ဝေ့ရင်း...."
ငိုကြီးချက်မနဲ့လန်ဝမ့်ကျီးပုံစံကို
အပြေးတပိုင်းရောက်လာတဲ့မယ်တော်အပါအ၀င်
အားလုံးက မှင်သက်စွာကြည့်နေကြသည်။
ကောင်လေးရဲ့ကိုယ်သေးသေးလေးကို
ရင်ခွင်ထဲ ထည့်ပြီး ငိုကျွေးနေသူကြောင့်
မီးငြိမ်းဖို့ပင်မေ့နေရှာကြသည်ထိ။
"အ....ဘိုးကြီး.....ငါ......မွှန်းနေပြီ"
ရင်ခွင်ထဲက အသံသေးသေးလေးကြောင့်
သူ မယုံနိုင်စွာ ဖြစ်ရသည်။
အားလုံးလည်း လှုပ်လှုပ်ရှားရှား။
"ဝေ့ရင်း....ဝေ့ရင်းနိုးလာ"
"ခင်ဗျား....လုပ်မှ.....သေမှာ.....
ချီးထုပ်...ကြီးရဲ့"
မောမောနဲ့တစ်လုံးချင်းစီဆဲသွားတဲ့
ကောင်လေးကြောင့် ၀မ့်ကျီး
မျက်ရည်များနဲ့ပြုံးရသည်။
"သမားတော်ပြင်ထား...."
🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴
ရေးနေတာ 7နာရီတည်းက😅
အိမ်က ဗမာကားကိုလှောင်လို့
ကောင်းနေတာ😂
တို့အိုက်ဒေါ🙂😂
Continue Reading
You'll Also Like
109K 9.3K 54
yg: ငါဘယ်ရောက်နေတာလဲ။ပြီးတော့....ငါ..ငါကဘယ်သူလဲ။ v: အားလုံးမောင့်အပြစ်တွေပါအချစ်ရယ်။အချစ်ရဲ့နောက်ကိုလိုက်ပြီးမောင်တောင်းပန်ပါမှာမလို့ မောင့်အနားကနောက...
95.8K 8.3K 27
ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction(Supernatural) [Read the tags and make sure you're ready]
18.3K 3K 23
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
195K 13.8K 43
YiZhan❗Not ZhanYi❗ ကြယ်လေးရဲ့5ပုဒ်မြှောက် yizhan ficလေးပါရှင့် ဒီတခါတမူထူးခြားစွာTime travelပုံစံမျိုးလေးရေးဖို့လုပ်ထားပါတယ် အားလုံးပဲအားပေးကြပါအုံးန...