My Gym Trainer (Completed)

By Its_just_Thu

501K 59K 4.4K

When Yibo become a persona gym trainer for Xiao Zhan... Will Yibo change Chubby XZ to Handsome XZ??? Will Xia... More

💚Introduction❤️ Must read !!!
Ep 1 - အျဖစ္အပ်က္မ်ားရဲ႕အစ
Ep 2 - Gym လာမိတာမွားၿပီ
Character Introduction (again)
Ep 3 - Another Gym Day
Ep 4 - အျပစ္ေပးခံရတဲ႔ ကိုႀကီး
Ep 5 - ေနမေကာင္းျဖစ္သြားရွာတဲ႔ကိုႀကီး
Ep 6 - လြမ္းတယ္
Ep 7 - Unexpected
Ep 8 - ပုန္းေရွာင္ျခင္း
Ep 9 - ကၽြန္ေတာ္မသိျခင္းမ်ား
Ep 10 - Jelous Yibo
Ep 11- Crush Zone
Ep 12 - ကိုႀကီး !
Ep 13 - Is it a dream?
Ep14-ဝမ္ရိေပၚရဲ႕၂၂ခ်က္
Ep 15- Home Date
Ep16 - အနမ္းလူမိသြားျခင္း
Ep 18 - You or Me??
Ep 19 - The Next Morning
Ep 20 - Yibo is mine 😎
Ep 21 - Colgate အျပံဳး
Ep 22 - 💚❤️
Ep 23 - ကိုႀကီးကို လႊတ္လိုက္ !
Ep 24 - Couples now
Ep25 - Just the way you are
New Fics 💚❤️
Extra 1 - ေဟာက္က်ိ's first kiss
Extra 2 - Happy 520 Day Special
Fic Book 🔥

Ep 17 - Yes we are dating

15K 1.8K 144
By Its_just_Thu

My Gym Trainer Ep 17

"ကိုၾကီး ကၽြန္ေတာ္လုပ္ေပးမယ္"

ဟိတ္ .. ေမွာင္မသြားၾကနဲ႔။ ျပီးေအာင္ဆက္ဖတ္ပါ။

ဝမ္ရိေပၚက ေရွာင္းက်န္႔ကို ေဟာ့ေပါ့စားဖို႔ တူေဖာက္ေပးေနတာပါ။ တူေလးတစ္ေခ်ာင္းေဖာက္တာမ်ား က်န္႔ေကာဘာသာေဖာက္လဲရတာကို ကဲသဲျပေနတာ ဝမ္ရိေပၚဟာ ေဟာက္ရႊမ္းမ်က္လုံးထဲ နည္းနည္းမွ ေသာက္ခ်ိဳးေျပမေနဘူး။

စိတ္တိုတိုနဲ႔ ခ်ထားတဲ႔ေရတစ္ခြက္ကိုေမာ့ေသာက္ကာ ေဟာက္ရႊမ္းတစ္ေယာက္ အေရွ႕ကအတြဲကို ဘုၾကည့္ၾကည့္ေနမိတယ္။

ဘာမဆုိင္ ညာမဆိုင္ ဒီလိုဆိုင္ေတြသြားစားရင္ တူေဖာက္တာကအစ၊ ပန္းကန္ထဲေကာင္းႏိုးရာရာေတြထည့္ေပးတတ္တဲ႔ က်ိရန္ေကာကို သြားသတိရမိေရာ။

ျပတ္ခါစဆိုေတာ့လဲဒီလိုပဲေပါ့ဆုိျပီး ေဟာက္ရႊမ္းေျဖသိမ့္လိုက္တယ္။

"သဲေလးကလဲကြာ ကိုကိုဒီေန႔ ရိေပၚတုိ႔နဲ႔ ညစာစားေနလို႔ပါ ေနာက္ေန႔လာေတြ႔မယ္ေလေနာ္ .. သဲေလးက ကိုကို႔ကိုလြမ္းေနတာလား ..
အင္း ကိုကိုလဲလြမ္းေနတာ .. အင္းပါ မနက္ျဖန္လာေတြ႔မယ္ေနာ္"

အေရွ႕ကအတဲြေၾကာင့္ စိတ္တိုေနပါတယ္ဆုိမွ
ေဘးနားက စန္႔က်င္ကလဲ ဘယ္ရည္းစားမွန္းမသိတဲ႔ရည္းစားနဲ႔ ဖုန္းေျပာျပီး ရိုျပေနတယ္။ ငါ့ကိုအႏုနည္းနဲ႔ႏွိပ္စက္ေနၾကတာလားပဲ။

ဘာမွမစားခင္ကတည္းက ရုိေနေသာ ရိေပၚတုိ႔အတြဲဟာ စားေနတဲ႔အခ်ိန္မွာလဲ ရိုေနၾကတုန္းပဲ။

"ေပၚတိ ေရာ့ အသည္းေလးစား ကိုၾကီး ေသခ်ာရွာထားတာ"

"အြန္းစားမယ္ ခြံ႔ေကၽြး"

"အာ…."

သမီးရည္းစားတုိင္းအဲလိုရိုၾကတာလား။ သူတုိ႔ႏွစ္ေယာက္ကပဲ ကဲလြန္းတာလားမသိေတာ့ဘူး။

ေသာက္က်ိဳးနည္းပါ ေတာ္ေတာ္ျဖစ္ႏွစ္ေယာက္ေရ။ ေတာ္ပါေတာ့ဟ။

ဒီႏွစ္ေယာက္ရိုတာထုိင္ၾကည့္ေနလို႔ကေတာ့ ဗိုက္မဝဘူး ကိုယ့္ဘာသာစားတာပဲေကာင္းတယ္ဆိုျပီး ေဟာ့ေပါ့အိုးကို လွမ္းအႏိႈက္ ..

"ေဟ့ေကာင္ အဲဒါ ငါ ကိုၾကီးအတြက္ထည့္ျပဳတ္ထားတာ ကိုၾကီးက အပ္မႈိၾကိဳက္လို႔ မင္းတျခားဟာစား" တဲ႔။

"မင္းကလဲကြာ အမ်ားၾကီးရွိတာပဲကို နည္းနည္းေလးေကၽြးလုိက္လို႔ဘာမွမျဖစ္ပါဘူး"

"ျဖစ္တယ္ ျဖစ္တယ္ စားခ်င္ရင္ ကိုယ့္ဘာသာအသစ္ထပ္ျပဳတ္စား"

ဟြန္႔ေနေပါ့။ အပ္မႈိမစားရရင္ ေခါက္ဆြဲေျပာင္းစားမယ္။ ေခါက္ဆြဲေလးကို လက္လွမ္းလိုက္တယ္ရွိေသး က်န္႔ေကာက

"ေဟာက္ရႊမ္း ေခါက္ဆြဲကေလ ရိေပၚအတြက္ ေကာျပဳတ္ေပးထားတာ" တဲ႔ေလ။

ေက်နပ္တယ္ တကယ္ေက်နပ္တယ္။

"ေဟ့ေကာင္ ငါ့ေခါက္ဆြဲေတြမထိနဲ႔ေနာ္ ငါ့အတြက္ ငါ့ရည္းစားက သူကိုယ္တုိင္ယူပီး ျပဳတ္ေပးထားတာ မေက်နပ္ရင္ မင္းရည္းစားနဲ႔က်မွ ျပဳတ္ခိုင္း"

ရိေပၚစကားေၾကာင့္ ကၽြန္ေတာ္မ်က္လုံးၾကီးျပဴးျပီး ရိေပၚကိုၾကည့္ေတာ့ သူက တဟားဟားရယ္သည္။

"ေအာ္ ေမ့သြားတယ္ မင္းမွာရည္းစားမွမရွိေတာ့တာကိုး ငါ့သူငယ္ခ်င္း စင္ဂယ္လ္ေလးအတြက္ စိတ္မေကာင္းပါဘူးကြာ"

"ငါ့သူငယ္ခ်င္း စင္ဂယ္လ္ေလး ေဟာက္ရႊမ္းအတြက္ မ်က္ရည္ႏွစ္စက္" ဟု စန္႔က်င္ကထေျပာသည္။

ရည္းစားျပတ္ရတဲ႔ဘဝၾကီးက အရမ္းခါးသက္လြန္းတယ္။ စားခ်င္တာလဲမစားရတဲ႔အျပင္ မျမင္ခ်င္ မၾကားခ်င္တာေတြလဲၾကားေနရတယ္။ အဆင္မေျပဘူး က်ိရန္ေကာေရလို႔ တလိုက္ခ်င္ေတာ့တာပဲ။

ေအာ္ ေမ့လို႔ .. သူကပဲ စျပီး ေကာကိုမခ်စ္ဖူးလုိ႔ေျပာခဲ႔မိတာပဲေလ…..

Xxxxxxxxxxxxx

~~put your hands in the air, how you'all feeling out there, we going over here, sing it let me hear you say…la la la la la la la ~~
(Big Bang fan မို႔ပါ) 😂

"ဟလို ေကာ ဘာလို႔အေစာၾကီးဖုန္းဆက္တာလဲ ကၽြန္ေတာ္အိပ္ေရးမဝေသးဘူး"

အိပ္ခ်င္မူးတူးနဲ႔ဖုန္းေျဖေနေသာ ဝမ္ေဟာက္ရႊမ္း။

"ေဟ့ေကာင္ ေကာမဟုတ္ဘူးေဟ မင္းပါပါးဝမ္ရိေပၚဟ"

ဟင္။ ေဟာက္ရႊမ္းမ်က္လုံးေတြက်ယ္သြားျပီ။ ဖုန္းကိုၾကည့္လိုက္ေတာ့ တကယ္ဝမ္ရိေပၚပဲ။

အဲဒီေနာက္ တဆက္တည္းသတိရသြားတာ သူနဲ႔က်ိရန္ေကာက မေန႔ကတင္လမ္းခြဲျပီးသြားၾကျပီးၿပီဆိုတာပဲ။ ေကာက သူ႔ကို ဘာလိ႔ု ဖုန္းဆက္ႏိႈးအုံးမွာလဲ။ ငါ့ႏွယ္ သတိေမ့တတ္ရန္ေကာ။

"ေအး ရိေပၚ ေျပာ"

"ႏိုးျပီလား မသာ"

"ႏိုးျပီ ဘာလဲေျပာ အရစ္ရွည္မေနနဲ႔"

"ညက်ရင္ ယီြးပင္းတုိ႔ကလပ္သြားမလို႔
အဲဒါလွမ္းေျပာတာ ည ၁၀ နာရီ ကလပ္ကိုလာခဲ႔လို႔ ေကာသူငယ္ခ်င္းတစ္ေယာက္ ႏိုင္ငံျခားက ျပန္လာမွာ လိုက္ပို႔ေပးမလို႔"

"ဟ ညကလပ္သြားမယ့္ကိစၥကို မနက္အေစာၾကီးဖုန္းဆက္ေျပာရလား gym မွာေတြ႔မွ ေျပာလဲရတာကို"

"က်န္႔ေကာ ဒီေန႔ assignment တင္ရမွာမုိ႔ gym မလာဘူး အဲဒါ ငါေက်ာင္းမွာလိုက္ေစာင့္ေပးမွာမုိ႔ ငါလဲမလာဘူး ေကာကလဲ သူ႔သူငယ္ခ်င္းေတြနဲ႔ေတြ႔မွာမုိ႔မလာဘူး အဲဒါေၾကာင့္ ဖုန္းၾကိဳဆက္တာ"

"ေအးေအး ပီးေရာ"

"gym ကိုေစာေစာသြားေစာင့္ေပးပါတဲ႔ ေကာက ဆက္ဆက္မွာခိုင္းလိုက္တယ္"

"ေအးေဟ့ အခုေရခ်ိဳးပီးရင္သြားလိုက္မယ္ ဒါပဲ"

ေယာင္ယမ္းျပီး က်ိရန္ေကာဆီက msg ေလးဝင္မလားဆုိျပီးၾကည့္မိေပမယ့္ ဘာ msg မွဝင္မထားပါ။ အင္းေလ ကိုယ္တုိ႔ႏွစ္ေယာက္က အျပန္အလွန္စာတုိေလးေတြပုိ႔ရမယ့္အေနအထားမွမဟုတ္ပဲ။

၁လလုံးလုံးကိုယ့္အနားမွာ အရိပ္လို လိုက္ပီး ဂရုစိုက္ေပးေနခဲ႔သူ ရုတ္တရက္မရွိေတာ့တဲ႔အခါ ေဟာက္ရႊမ္းအတြက္ ကေမာက္ကမပါပဲ။

သူခ်စ္ေနခဲ႔တာလဲမဟုတ္ပါပဲနဲ႔ ဘာလို႔ ဒီလစ္ဟာမႈကိုအၾကီးၾကီး ခံစားေနရလဲဆုိတာ ေဟာက္ရႊမ္း ကိုယ့္ဘာသာပင္ နားမလည္ႏိုင္ေသးပါ။

ရည္းစားအျဖစ္တြဲေနတဲ႔အခ်ိန္တုန္းက မနက္မိုးလင္းတာနဲ႔ ဖုန္းဆက္တာေတြ၊ စာပို႔တာေတြ၊ ထမင္းအတူစားဖုိ႔ေတာင္းဆုိတတ္တာေတြ၊ ေန႔လည္ဘက္ ေကာ္ဖီေသာက္ဖို႔လာပို႔တတ္တာေတြ ဘာမွထပ္မရႏိုင္ဘူးဆုိတဲ႔အသိက ေဟာက္ရႊမ္းကို ဝမ္းနည္းေစတာေတာ့အမွန္ပါပဲ။

"သား ႏိုးျပီလား"

တံခါးေခါက္သံနဲ႔အတူ မားက အခန္းထဲဝင္လာေလသည္။

"ဟုတ္ အခုပဲ ရိေပၚ ဖုန္းဆက္လို႔ ႏိုးသြားတာ မား"

"မေန႔ကမားေျပာတဲ႔ကိစၥ စဥ္းစားျပီးျပီလား သား"

'ကၽြန္ေတာ္အိမ္ေထာင္မျပဳခ်င္ေသးဘူးမား ျပီးေတာ့ ကၽြန္ေတာ့္အရြယ္က အခုခ်က္ခ်င္း အိမ္ေထာင္ျပဳဖို႔လဲ မလိုေသးပါဘူး ကၽြန္ေတာ္ငယ္ပါေသးတယ္မားရယ္ မားနဲ႔ေတာင္ ေနလို႔မဝေသးတာကို"

အႏုနည္းနဲ႔ မားရင္ခြင္ထဲဝင္ကာ ခၽြဲၾကည့္လိုက္မိသည္။ ငယ္ငယ္တည္းက မားက ေဟာက္ရႊမ္းခၽြဲရင္ တစ္ခ်က္ပဲေလ။

အခုေတာင္ မားဆီက သက္ျပင္းခ်သံၾကားလိုက္ရျပီမုိ႔ အေျခအေနသိပ္မဆုိးေလာက္ပါဘူး။

"အဲဒါဆုိလဲ လူငယ္ခ်င္းတစ္ခါေလာက္ေတြ႔ၾကည့္ပါလား သား .. ေတြ႔ၾကည့္ပီးမွ သားလုံးဝလက္မခံႏိုင္ဘူးဆုိရင္ မားၾကည့္ေကာင္းေအာင္ေျပာေပးပါ့မယ္"

"တကယ္ေနာ္ မား"

"တကယ္"

"အဲဒါဆုိရင္ တစ္ခါေတြ႕ၾကည့္ေပးမယ္"

ကုိယ့္ဘက္က လုံးဝစိတ္မယိုင္မွာေသခ်ာတာမို႔ ေဟာက္ရႊမ္းလက္ခံလုိက္သည္။ က်ိရန္ေကာနဲ႔ျပႆနာအနည္မထိုင္ေသးပဲ သူတျခားဘယ္သူနဲ႔မွ မပက္သက္ခ်င္ပါ။

အခုေလာေလာဆယ္ သူ႔စိတ္ထဲမွာ ဘာျဖစ္ေနတယ္ဆုိတာေတာင္ သူမသိေသးသည့္အေျခအေနမို႔ တျခားဘယ္သူ႔ကိုမွ ထပ္ပီးမပက္သက္ရဲေသးတာပါ။

Xxxxxxxxxxxxxxx

ေရွာင္းက်န္႔တစ္ေယာက္ ဒီေန႔ေက်ာင္းေရာက္ကတည္းက ခါတိုင္းနဲ႔မတူတဲ႔ ပတ္ဝန္းက်င္ကို ခံစားရသည္။

လူေတြအကုန္လုံးက ကိုယ့္ကိုၾကည့္ေနသလိုမ်ိဳး ဒါေပမယ့္ ကိုယ္ကၾကည့္လိုက္ရင္ေတာ့ လူေတြက မသိခ်င္ေယာင္ေဆာင္သြားၾကသည္။

ေရွာင္းက်န္႔က စာေတာ္ေပမယ့္ လူေတြၾကားထဲ သိပ္ထင္ထင္ေပၚေပၚေနတဲ႔သူမဟုတ္ေတာ့ အေပါင္းအသင္းလဲသိပ္မမ်ား၊ ေပၚျပဴလာျဖစ္တဲ႔ေက်ာင္းသားထဲလဲမပါဘူး။

အခုလို လူတကာက ၾကည့္ေနသလို ခံစားခ်က္ၾကီးေၾကာင့္ ေက်ာင္းကေန အိမ္ကိုျမန္ျမန္ျပန္ေျပးခ်င္မိျပီ။

ဒါေပမယ့္ ဒီေန႔က်မွပဲ assignment ထပ္ဖို႔ ဆရာနဲ႔ေတြ႔ရမွာမို႔ ဆရာစာသင္ခ်ိန္ေတြျပီးသည္အထိ ေက်ာင္းမွာထုိင္ေစာင့္ေနရတာပင္။


"က်န္႔ေကာ မျပန္ေသးဘူးလား"

ေက်ာင္းက အရိပ္ေကာင္းေကာင္းသစ္ပင္တစ္ပင္ေအာက္မွာထိုင္ကာ စာဖတ္ေနေသာ ေရွာင္းက်န္႔အနားကို ေရာက္လာတာက ဖန္ရွင္းနဲ႔က်င္းလင္။

"ဖန္ရွင္းနဲ႔က်င္းလင္ပါလား .. ေကာမျပန္ရေသးဘူးကြ ဆရာတစ္ေယာက္ကို စာတင္ဖို႔ေစာင့္ေနတာ"

"ေအာ္ ရိေပၚေကာ လာၾကိဳမွာမွတ္လား"

"အင္းဟုတ္တယ္"

"က်န္႔ေကာကိုေတာ့ တကယ္အားက်တယ္သိလား ရိေပၚေကာဆိုတဲ႔အကိုက က်န္႔ေကာကို တအားခ်စ္တဲ႔ပုံပဲ ေက်ာင္းက ျမိဳ႕ထဲနဲ႔အေဝးၾကီးကို ေန႔တုိင္းလာၾကိဳႏိုင္တယ္"

"က်င္းလင္ကလဲကြာ ငါလဲမင္းကို ေန႔တုိင္းအိမ္ျပန္ပို႔တာပဲကို"

"မဟုတ္ဖူးေလ ဖန္ရွင္းရဲ႕ ငါတုိ႔ကေက်ာင္းအတူတူတက္တာဆိုေတာ့အတူတူျပန္တာက မဆန္းဘူးေလကြာ ရိေပၚေကာက တကူးတကၾကီးလာလာၾကိဳေပးေနတာ အရမ္းဂရုစိုက္တယ္ဆုိတာ သိသာလြန္းတယ္ အဲလိုေျပာတာ"

"ဟုတ္ေတာ့ဟုတ္ပါတယ္ ဟားဟား မင္းမသိလို႔သိလား ငါ့ကို ရိေပၚေကာစေတြ႔ေတြ႕ခ်င္းကဆို က်န္႔ေကာကို လာပိုးေနတယ္ထင္လို႔လားမသိပါဘူး မ်က္ေစာင္းခ်ည္းလွိမ္းထိုးတာ သူသာနဂါးဆို ငါျပာျဖစ္ေနေလာက္ျပီ"

"အဲေလာက္လဲမဟုတ္ပါဘူးကြာ"

ေရွာင္းက်န္႔မွာ ဂ်ဴနီယာႏွစ္ေယာက္ရဲ႕စကားေတြေၾကာင့္ မ်က္ႏွာၾကီးနီကာ အျငင္းစကားဆုိရသည္။

ဒါေပမယ့္ ကိုၾကီးေပ်ာ္ေနတယ္သိလား။

ကိုယ္ကစျပီး crush ရတဲ႔ေကာင္ေလးက လူအမ်ား အားက်ရေလာက္တဲ႔အထိ ခ်စ္ေပးတယ္ဆိုတာ ကိုယ့္အတြက္ေတာ့ ကံေကာင္းမႈၾကီးပဲေလ။

"အာ ျပီးေတာ့ မေန႔ကေကာတုိ႔သတင္း weibo မွာတက္လာတယ္ေနာ္"

"ဟင္ ဟုတ္လား"

မေန႔ညကေဟာ့ေပါ့စားပီးအိမ္ျပန္ေရာက္ေတာ့ ဗိုက္ေလးေနတာန႔ဲ ရိေပၚနဲ႔ေတာင္ ဖုန္းေျပာရင္းအိပ္ေပ်ာ္သြားတာမုိ႔ weibo ေတာင္မၾကည့္ျဖစ္ေသး။

"ဟုတ္လား ငါေခ်ာရဲ႕လား"

"ေကာပုံကသိပ္မသိသာဘူး တစ္ျခမ္းေလာက္ပဲပါတာ ရိေပၚေကာက က်န္႔ေကာပါးကိုကိုင္ျပီး နမ္းေနလို႔ေလ"

"ရိေပၚပုံက်ေတာ့ ေပၚလား"

"ရိေပၚေကာပုံက်ေတာ့ေပၚတယ္ သူလဲမ်က္ႏွာတစ္ျခမ္းပဲေပၚတာပါ ဒါေပမယ့္ဗ်ာ ဟိုက္ခြမ္းေကာရဲ႕ gym မွာ နမ္းေနၾကတာဆုိေတာ့ ေသခ်ာေပါက္ ရိေပၚေကာပဲဆိုပီးေရးေနၾကတာပဲ .. အံမယ္ ရိေပၚေကာကေတာင္ ျပန္ share ထားေသးတယ္"

"ဟမ္ ဟုတ္လား ငါၾကည့္လိုက္အုံးမယ္"

"စကားေကာင္းေနတာနဲ႔ ေနာက္က်ေနျပီ ကၽြန္ေတာ္တုိ႔သြားေတာ့မယ္ က်န္႔ေကာေရ က်င္းလင္ကိုအိမ္ျပန္ပို႔ေပးရအုံးမွာမုိ႔"

"ေအးေအး ေနာက္မွတစ္ရက္မုန္႔သြားစားရေအာင္"

"ဟုတ္က်န္႔ေကာ"

ဖန္ရွင္းတုိ႔ႏွစ္ေယာက္လက္ခ်င္းတြဲကာထြက္သြားၾကေတာ့ ေရွာင္းက်န္႔ ဖုန္းကိုထုတ္ၾကည့္လိုက္သည္။ weibo မွာ ကၽြန္ေတာ္တို႔ပုံေလးေတြတက္ေနတယ္ဆိုေတာ့ ျမင္ခ်င္မိသား။

ေတြ႔ပါျပီ။ ဝမ္ရိေပၚနဲ႔ ကၽြန္ေတာ္နဲ႔တူေသာ ေကာင္ေလးတစ္ေယာက္နမ္းေနတဲ႔ပုံေတြ။ 🥴ဟုတ္တယ္ေလ ကၽြန္ေတာ့္ကိုျမင္ဖူးမွသာ ကၽြန္ေတာ္မွန္းသိႏိုင္မည့္ပုံေတြ။ ရိုက္တဲ႔သူေတြကလဲ ငါ့ပံုက်ေသခ်ာပါေအာင္မရိုက္ၾကဘူး။

ေနာက္ေန႔မွ gym ေရွ႕မွာ တစ္ခါေလာက္ အၾကင္နာေပးျပီး ဓာတ္ပုံေသခ်ာရိုက္ခိုင္းရမယ္။

အင္း…ျပီးေတာ့ ရိေပၚကိုလဲ မ်က္ႏွာကိုမကိုင္ထားဖို႔ေေသခ်ာမွာရမယ္ မဟုတ္ရင္ ကၽြန္ေတာ့္မ်က္ႏွာေပၚမွာမဟုတ္ဖူး ဟြန္႔။

ေနအုံး ဖန္ရွင္းေျပာသြားေတာ့ ရိေပၚက ကၽြန္ေတာ္တုိ႔ပုံကို share ထားတယ္တဲ႔။ ရိေပၚ အေကာင့္ကိုဝင္ၾကည့္အုံးမွ။

အဲ သူ share ထားတဲ႔ပုံမွာေတာ့ ကၽြန္ေတာ့္မ်က္ႏွာေလးနည္းနည္းပိုေပၚတယ္ဟ။
ပုံဆုိမွ ရိေပၚအတြက္ ကၽြန္ေတာ္ဆြဲထားတဲ႔ပုံေလးကို တင္ဖို႔သတိရသည္။

ဟိုတစ္ရက္က ပုံဆြဲရင္း ရိေပၚကို အရမ္းလြမ္းလာတာမုိ႔ ပုံေလးတစ္ပုံ ကၽြန္ေတာ္ဆြဲျဖစ္သြားတာ။ ေဘာင္းဘီတုိးေလးနဲ႔ ခ်စ္စရာေကာင္ေလးတစ္ေယာက္က မီးပုံကိုင္ထားျပီး background အမဲေပၚမွာထင္းေနတာကေတာ့ ၾကယ္ေလးေတြေပါ့။

အဲဒီၾကယ္ေလးေတြထဲက တစ္လုံးနားမွာေတာ့ Wang Yibo ကို ကိုယ္စားျပဳတဲ႔ W Y B ဆိုတဲ႔အဂၤလိပ္စာလုံးေလးကို ေသခ်ာၾကည့္ရင္ေတြ႔ႏိုင္တယ္။ ေနာက္တစ္ခုက ေကာင္ေလးကိုင္ထားတဲ႔မီးပုံေလးေပါ့။

ဒီတုိင္းၾကည့္မယ္ဆုိရင္ေတာ့ အဝါေရာင္မီးပုံထဲမွာ အရိပ္ကေလးေတြျမင္ရမွာဆုိေပမယ့္ ပုံကို color contrast ကစားလိုက္ရင္ ကၽြန္ေတာ္တုိ႔ ႏွစ္ေယာက္ ပထမဆုံးကလပ္သြားတုန္းက ေဟာက္ရႊမ္းခိုးရိုက္ထားတဲ႔ ေနာက္ေက်ာပုံေလးကိုျမင္ရလိမ့္မယ္ေလ။

ကိုယ့္ဘာသာဆြဲထားပီး သေဘာက်မိတဲ႔ပုံေလးကို ေပၚတိေလးလဲ သေဘာက်ေလာက္ပါရဲ႕။ ပုံေလးကို ဘာ caption မွ ထူးထူးးျခားျခားမတပ္ပဲ အစိမ္းနဲအနီေရာင္အသည္းေလး ၂ ခုနဲ႔ weibo မွာ update လုပ္လိုက္တယ္။

ခ်စ္သူေကာင္ေလးျမင္ရင္ သေဘာေပါက္ပါေစေပါ့။

Xxxxxxxxxxxxxx

ေရွာင္းက်န္႔ကိုလိုက္ၾကည့္ေနတဲ႔လူစုက ေရွာင္းက်န္႔ ေက်ာင္းျပန္ခ်ိန္ထိ မျပီးသြားဘူး။
ဆရာနဲ႔ေတြ႔ျပီးလို႔ ရိေပၚ လာၾကိဳမွာကိုေစာင့္ေနတဲ႔အခ်ိန္အထိ အနားမွာရစ္သီရစ္သီလုပ္ေနတဲ႔ ေကာင္မေလးတစ္စုကို ေတြ႔မိတယ္။ ဖာသိဖာသာပဲ ရိေပၚကိုဆက္ေစာင့္ေနတုန္း ေကာင္မေလး ၄ ေယာက္က အနားကိုေရာက္လာတယ္။

"ဒီကအကိုက ေရွာင္းက်န္႔ဟုတ္တယ္မွတ္လားဟင္"

"ဟုတ္ပါတယ္ ဘာကိစၥရွိလို႔လဲဗ်"

"ဟိုေလ ေကာက ဝမ္ရိေပၚရဲ႕ေကာင္ေလးဆုိတာဟုတ္လားဟင္ မေန႔ညကတက္လာတဲ႔နမ္းေနတဲ႔ပုံထဲကေလ"

"အဲ"

မ်က္ႏွာမွာစိုးရိမ္မႈေတြအထင္းသားနဲ႔လာေမးေနတဲ႔ေကာင္မေလးေတြကို ဘယ္လိုျပန္ေျဖရမလဲလို႔ ေရွာင္းက်န္႔အၾကံအိုက္သြားတယ္။ ဟုတ္ေတာ့ဟုတ္တယ္ဆိုေပမယ့္လဲ ဟုတ္တယ္လို႔ေျဖလိုက္ရမွာမဝံ့မရဲ။ သူတုိ႔ပုံစံက ရိေပၚရည္းစားထားေနတယ္ဆိုတာမ်ားေသခ်ာရင္ ငိုခ်ေတာ့မယ့္ပုံေတြလိုလို။ ၾကည့္ရတာ ရိေပၚရဲ႕ fangirl ေလးေတြျဖစ္မယ့္ပုံပဲ။

"ေကာ … ေျပာျပေပးပါေနာ္ ညီမတုိ႔တကယ္သိခ်င္လို႔ပါ"

ေကာင္မေလးတစ္ေယာက္က လက္တစ္ဖက္ကိုဆြဲကာ ေမးလာေတာ့ ေရွာင္းက်န္႔ တကယ္ပဲစိုးရိမ္သြားမိသည္။ ဘယ္လိုလုပ္ရပါ့။

(သူ႔ရည္းစားလက္ကိုဆြဲေနလို႔ ေဒါခြီးေနသူ ေပၚေပၚ)

"အဲဒီလက္ကိုအခုလႊတ္လိုက္"

ေအာ္သံနဲ႔အတူ ေကာင္မေလးရဲ႕လက္ကို ဘတ္ခနဲအသံျမည္ေအာင္ ပုတ္ခ်လိုက္သူက ….

ဟုတ္ပါတယ္ တစ္မုိးေအာက္က ဝမ္ရိေပၚပါ။

"ေပၚတိ"

"ဘာျဖစ္ေနတာလဲ ကိုၾကီး"

"ဟယ္ ကိုၾကီးတဲ႔ ေဖးယီြ ငါေျပာပါတယ္ ဟုတ္ပါတယ္ဆို"

ေကာင္မေလးတစ္ေယာက္က သူ႔ေဘးကသူငယ္ခ်င္းျဖစ္သူကို တံေတာင္နဲ႔တြတ္ျပီးေျပာသည္။ ေနာက္တစ္ေယာက္ကလဲ ခပ္တုိးတုိးနဲ႔ ဘာေတြျပန္ေျပာေနမွန္းမသိ။

"ရိေပၚေကာ ရိေပၚေကာ ညီမတုိ႔က ရိေပၚေကာရဲ႕ fan ေတြပါ"

"အဲဒီေတာ့ ငါကဘာလုပ္ရမွာလဲ"

"ေပၚတိကလဲ အားနာစရာၾကီး ကိုယ့္ကိုအားေပးတဲ႔သူေတြေလ"

"အင္းေလ အားေပးေပါ့ ဘယ္သူက အားမေပးနဲ႔ေျပာေနလို႔လဲ ဒါေပမယ့္ အခု သူက ကိုၾကီးလက္ကိုဆြဲျပီး ဘာလုပ္ေနတာလဲ"

"ညီမတုိ႔က ဒီကေကာကို ရိေပၚေကာနဲ႔တြဲေနတာလားလို႔ေမးေနတာပါ"

"ဟုတ္တယ္"

"ဟယ္ တကယ္"

"အိုမို ဟုတ္တယ္တဲ႔"

"တကယ္ အဲဒါဆုိ ဒီေကာကမေန႔က ဓာတ္ပုံေတြထဲကတစ္ေယာက္ေပါ့ အျပင္မွာပိုေခ်ာတယ္ေနာ္"

ေျပာပါတယ္ ငါကအျပင္မွာေခ်ာပါတယ္လို႔ .. မေန႔က ဓာတ္ပုံရိုက္တဲ႔ဟာေတြက ေသခ်ာမရိုက္လို႔ပါဆို။

"ရိေပၚေကာ .. ဟိုေလ ညီမတုိ႔ ရိေပၚေကာနဲ႔ ဓာတ္ပုံတစ္ပုံေလာက္တြဲရိုက္လို႔ရမလားဟင္"

"မရဘူး"

"ဟင္…"

"ေပၚတိကလဲ တစ္ပုံေလာက္ေပးရိုက္လိုက္ပါ"

"ဟီး ဟုတ္ပါတယ္ ရိေပၚေကာရယ္ .. ဟိုေလ ရိေပၚေကာတစ္ေယာက္တည္းနဲ႔မဟုတ္ပဲ ဒီကေကာနဲ႔ စုံတဲြရိုက္ရလဲျဖစ္ပါတယ္"

"အဲဒါဆုိရင္ရိုက္"

တတ္လည္းတတ္ႏိုင္တဲ႔ရိေပၚေလး။ သူ႔ရည္းစားနဲ႔ပါတြဲရိုက္မယ္ဆုိရင္ေတာ့ရိုက္တဲ႔ေလ။ ဟိုေကာင္မေလးေတြကေတာ့ သူတုိ႔စကားနဲ႔သူတုိ႔မုိ႔ ေရွာင္းက်န္႔နဲ႔ပါတြဲရက္ဓာတ္ပုံရိုက္ရေတာ့တာပဲ။


ဒါေတာင္ ေက်းဇူးရွင္ေလး ရိေပၚရုပ္က မရယ္မျပံဳး ခပ္တည္တည္မို႔ ကိုယ့္မွာ ဟာသေတြလုပ္ျပရေသး။ အဲေတာ့မွ ရယ္ျပေတာ့တာ။ ေခါင္းေလးတစ္ဖက္ကေတာ့ ကၽြန္ေတာ့္ဘက္ကို ေစာင္းလို႔။
အဲဒါကိုပဲ ႔ fan ေတြကခ်စ္ေနၾကတာ .. ကိုယ္အပါအဝင္ေပါ့ေလ။

"ကိုၾကီးကို သူတုိ႔ေႏွာင့္ယွက္ၾကေသးလား"

"မေႏွာင့္ယွက္ပါဘူး ေပၚတိရဲ႕ သူတုိ႔က ကိုၾကီးနဲ႔ေပၚတိက တြဲေနတာလား လာေမးတာ ကိုၾကီးလဲရုတ္တရက္ၾကီးဆုိေတာ့ ဘာျပန္ေျဖရမလဲဆုိျပီး စဥ္းစားေနတုန္း ေပၚတိေရာက္လာတာပဲ"

"ဟုတ္တယ္လို႔ျပန္ေျဖလိုက္ေပါ့ ဘာေတြစဥ္းစားေနတာလဲ"

"ျပန္ေျဖခ်င္တာေပါ့ ဒါေပမယ့္ ေပၚတိက celebrity တစ္ေယာက္ေလ dating news ေၾကာင့္ ရိေပၚကို မထိခိုက္ေစခ်င္လို႔"

"ဘာမွထိခိုက္စရာမရွိဘူး dating news နဲ႔အလုပ္ထိခိုက္ရေအာင္ ကၽြန္ေတာ္က မင္းသားလဲမဟုတ္ဘူး racer တစ္ေယာက္ပဲ ၾကိဳက္တဲ႔သူနဲ႔တြဲလို႔ရတယ္ အခု ကၽြန္ေတာ္တုိ႔သတင္းက တအား hot ျဖစ္ေနတယ္ဆိုတာက ကိုၾကီးက ကၽြန္ေတာ့္ဘဝမွာ ပထမဆုံးတြဲဖူးတဲ႔သူမုိ႔ လူေတြအရမ္းစိတ္ဝင္စားေနၾကတာ သိလား"

"အင္း"

"အဲဒါေၾကာင့္ ေနာက္ဘယ္သူေမးေမး ဝမ္ရိေပၚက ငါ့ေကာင္ေလး ငါ့ခ်စ္သူလိ႔ု ရဲရဲတင္းတင္းသာေျဖ ျပီးေတာ့ ခုနက ကၽြန္ေတာ္ဘာလို႔ဓာတ္ပုံအရိုက္ခံလဲသိလား"

"မသိဘူးေလ"

"မေန႔ကပုံမွာ ကၽြန္ေတာ္တုိ႔၂ေယာက္မ်က္ႏွာသိပ္မေပၚလို႔ တမင္မ်က္ႏွာေသခ်ာျမင္ရတဲ႔ပုံေတြျပန္႔သြားေအာင္ရိုက္ခိုင္းလိုက္တာ"

ရိေပၚစကားေၾကာင့္ ေရွာင္းက်န္႔ျပံဳးသြားရသည္။ ရုိးရိုးျပံဳးတာမဟုတ္ဖူး။ ႏွလုံးသားထဲက နက္ရွိုင္းစြာထြက္ေပၚလာတဲ႔အျပံဳးမ်ိဳးျဖစ္သည္။

"ခ်စ္တယ္ ေပၚတိ"

အရိုးရွင္းဆံုးနဲ႔အထိေရာက္ဆုံးပါပဲ။ ဘယ္လိုေတြခ်စ္တယ္ ဘယ္ေလာက္ထိခ်စ္တယ္ဆိုတာမ်ိဳး ေရွာင္းက်န္႔ဖြဲ႔ႏြဲ႔ျပီး မေျပာတတ္ပါဘူး။ ဒီအသက္အရြယ္ထိ ဒီေကာင္ေလးတစ္ေယာက္တည္းကိုပဲရင္ခုန္ဖူးျပီး ဒီတစ္ေယာက္တည္းကိုပဲရူးေအာင္ခ်စ္ရပါသည္။

"ကၽြန္ေတာ္ေရာပဲသိလား"

"အြန္း သိတယ္ ဒါနဲ႔ weibo ၾကည့္ျပီးျပီလား"

"ဟင့္အင္း မၾကည့္ျဖစ္ေသးဘူး ညေနကိုၾကီးနဲ႔အျပင္သြားမယ္ဆုိေတာ့ အခ်ိန္ရွိတုန္း လုံ႔လစိုက္ျပီး ဂိမ္းထုိင္ေဆာ့ေနတာ ဟဲဟဲ"

"ေကာတုိ႔ႏွစ္ေယာက္ပုံေလးတင္ထားတယ္"

"တကယ္ ဘယ္မွာလဲ ျပ ျပ"

"ကိုယ့္ဘာသာဖြင့္ၾကည့္ေလ"

ဆိုင္ကယ္လ္ေပၚမတက္ႏိုင္ေသးပဲ ဖုန္းဖြင့္ကာ weibo ဖြင့္ေနေသာ ရိေပၚက ကၽြန္ေတာ္တင္ထားေသာပုံရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကိုသိပုံမရဘူး။ အဲဒါနဲ႔ပဲ ရွင္းျပလိုက္ရသည္။

"ကိုၾကီးက တကယ္ကဗ်ာဆန္တာပဲ"

"ဟုတ္လား ကိုၾကီးျဖင့္အဲလိုမထင္ပါဘူး ကိုၾကီးက ကဗ်ာမဆန္တတ္ဖူး ေပၚတိကို ဘယ္ေလာက္ခ်စ္ေၾကာင္းလဲ ေသခ်ာမေျပာျပတတ္လို႔ ေပၚတိ ၾကာရင္စိတ္ပ်က္သြားမွာစိုးရိမ္ေနတာ"

"မဟုတ္တာကိုၾကီးရာ ကိုၾကီးဘယ္လိုပဲေနေန ကၽြန္ေတာ္ကခ်စ္ျပီးသား … ကဗ်ာဆန္ဆန္ မဆန္ဆန္ ကၽြန္ေတာ္ စိတ္မဝင္စားဘူး ကိုၾကီးဘယ္လုိပဲေနေန ကၽြန္ေတာ္ခ်စ္တယ္ ကၽြန္ေတာ္က ကိုၾကီးကိုခ်စ္ဖို႔ေမြးဖြားလာရသလိုမ်ိဳးပဲ"

"မင္းကိုခ်စ္လိုက္တာ ေပၚတိရာ"

"အဲဒါဆုိ ကၽြန္ေတာ့္ကိုနမ္း"

"ဒီလမ္းမၾကီးမွာလား"

"အင္း အခု"

ခ်စ္သူအလိုက် နဖူးေလးကိုအနမ္းေပးေတာ့ ခ်စ္သူက ရင္ခြင္ထဲတုိးဝင္လာတယ္။ ရိေပၚကို အလိုက္သင့္ေလးျပန္ဖက္ထားရင္း ရိေပၚခ်စ္သူျဖစ္ခြင့္ရတဲ႔အတြက္ ကံတရားကိုေက်းဇူးတင္တယ္။ သူနဲ႔မွ ကိုယ့္ရဲ႕ေန႔ရက္ေတြက အသက္ပိုဝင္ခဲ႔တာမုိ႔ (ေလ့က်င့္ခန္းလုပ္ရတာေတြလဲအပါအဝင္ေပါ့ေလ။)

Ep 18 to be continued

Unicode

My Gym Trainer Ep 17

"ကိုကြီး ကျွန်တော်လုပ်ပေးမယ်"

ဟိတ် .. မှောင်မသွားကြနဲ့။ ပြီးအောင်ဆက်ဖတ်ပါ။

ဝမ်ရိပေါ်က ရှောင်းကျန့်ကို ဟော့ပေါ့စားဖို့ တူဖောက်ပေးနေတာပါ။ တူလေးတစ်ချောင်းဖောက်တာများ ကျန့်ကောဘာသာဖောက်လဲရတာကို ကဲသဲပြနေတာ ဝမ်ရိပေါ်ဟာ ဟောက်ရွှမ်းမျက်လုံးထဲ နည်းနည်းမှ သောက်ချိုးပြေမနေဘူး။

စိတ်တိုတိုနဲ့ ချထားတဲ့ရေတစ်ခွက်ကိုမော့သောက်ကာ ဟောက်ရွှမ်းတစ်ယောက် အရှေ့ကအတွဲကို ဘုကြည့်ကြည့်နေမိတယ်။

ဘာမဆိုင် ညာမဆိုင် ဒီလိုဆိုင်တွေသွားစားရင် တူဖောက်တာကအစ၊ ပန်းကန်ထဲကောင်းနိုးရာရာတွေထည့်ပေးတတ်တဲ့ ကျိရန်ကောကို သွားသတိရမိရော။

ပြတ်ခါစဆိုတော့လဲဒီလိုပဲပေါ့ဆိုပြီး ဟောက်ရွှမ်းဖြေသိမ့်လိုက်တယ်။

"သဲလေးကလဲကွာ ကိုကိုဒီနေ့ ရိပေါ်တို့နဲ့ ညစာစားနေလို့ပါ နောက်နေ့လာတွေ့မယ်လေနော် .. သဲလေးက ကိုကို့ကိုလွမ်းနေတာလား ..
အင်း ကိုကိုလဲလွမ်းနေတာ .. အင်းပါ မနက်ဖြန်လာတွေ့မယ်နော်"

အရှေ့ကအတွဲကြောင့် စိတ်တိုနေပါတယ်ဆိုမှ
ဘေးနားက စန့်ကျင်ကလဲ ဘယ်ရည်းစားမှန်းမသိတဲ့ရည်းစားနဲ့ ဖုန်းပြောပြီး ရိုပြနေတယ်။ ငါ့ကိုအနုနည်းနဲ့နှိပ်စက်နေကြတာလားပဲ။

ဘာမှမစားခင်ကတည်းက ရိုနေသော ရိပေါ်တို့အတွဲဟာ စားနေတဲ့အချိန်မှာလဲ ရိုနေကြတုန်းပဲ။

"ပေါ်တိ ရော့ အသည်းလေးစား ကိုကြီး သေချာရှာထားတာ"

"အွန်းစားမယ် ခွံ့ကျွေး"

"အာ…."

သမီးရည်းစားတိုင်းအဲလိုရိုကြတာလား။ သူတို့နှစ်ယောက်ကပဲ ကဲလွန်းတာလားမသိတော့ဘူး။

သောက်ကျိုးနည်းပါ တော်တော်ဖြစ်နှစ်ယောက်ရေ။ တော်ပါတော့ဟ။

ဒီနှစ်ယောက်ရိုတာထိုင်ကြည့်နေလို့ကတော့ ဗိုက်မဝဘူး ကိုယ့်ဘာသာစားတာပဲကောင်းတယ်ဆိုပြီး ဟော့ပေါ့အိုးကို လှမ်းအနှိုက် ..

"ဟေ့ကောင် အဲဒါ ငါ ကိုကြီးအတွက်ထည့်ပြုတ်ထားတာ ကိုကြီးက အပ်မှိုကြိုက်လို့ မင်းတခြားဟာစား" တဲ့။

"မင်းကလဲကွာ အများကြီးရှိတာပဲကို နည်းနည်းလေးကျွေးလိုက်လို့ဘာမှမဖြစ်ပါဘူး"

"ဖြစ်တယ် ဖြစ်တယ် စားချင်ရင် ကိုယ့်ဘာသာအသစ်ထပ်ပြုတ်စား"

ဟွန့်နေပေါ့။ အပ်မှိုမစားရရင် ခေါက်ဆွဲပြောင်းစားမယ်။ ခေါက်ဆွဲလေးကို လက်လှမ်းလိုက်တယ်ရှိသေး ကျန့်ကောက

"ဟောက်ရွှမ်း ခေါက်ဆွဲကလေ ရိပေါ်အတွက် ကောပြုတ်ပေးထားတာ" တဲ့လေ။

ကျေနပ်တယ် တကယ်ကျေနပ်တယ်။

"ဟေ့ကောင် ငါ့ခေါက်ဆွဲတွေမထိနဲ့နော် ငါ့အတွက် ငါ့ရည်းစားက သူကိုယ်တိုင်ယူပီး ပြုတ်ပေးထားတာ မကျေနပ်ရင် မင်းရည်းစားနဲ့ကျမှ ပြုတ်ခိုင်း"

ရိပေါ်စကားကြောင့် ကျွန်တော်မျက်လုံးကြီးပြူးပြီး ရိပေါ်ကိုကြည့်တော့ သူက တဟားဟားရယ်သည်။

"အော် မေ့သွားတယ် မင်းမှာရည်းစားမှမရှိတော့တာကိုး ငါ့သူငယ်ချင်း စင်ဂယ်လ်လေးအတွက် စိတ်မကောင်းပါဘူးကွာ"

"ငါ့သူငယ်ချင်း စင်ဂယ်လ်လေး ဟောက်ရွှမ်းအတွက် မျက်ရည်နှစ်စက်" ဟု စန့်ကျင်ကထပြောသည်။

ရည်းစားပြတ်ရတဲ့ဘဝကြီးက အရမ်းခါးသက်လွန်းတယ်။ စားချင်တာလဲမစားရတဲ့အပြင် မမြင်ချင် မကြားချင်တာတွေလဲကြားနေရတယ်။ အဆင်မပြေဘူး ကျိရန်ကောရေလို့ တလိုက်ချင်တော့တာပဲ။

အော် မေ့လို့ .. သူကပဲ စပြီး ကောကိုမချစ်ဖူးလို့ပြောခဲ့မိတာပဲလေ…..

Xxxxxxxxxxxxx

~~put your hands in the air, how you'all feeling out there, we going over here, sing it let me hear you say…la la la la la la la ~~
(Big Bang fan မို့ပါ) 😂

"ဟလို ကော ဘာလို့အစောကြီးဖုန်းဆက်တာလဲ ကျွန်တော်အိပ်ရေးမဝသေးဘူး"

အိပ်ချင်မူးတူးနဲ့ဖုန်းဖြေနေသော ဝမ်ဟောက်ရွှမ်း။

"ဟေ့ကောင် ကောမဟုတ်ဘူးဟေ မင်းပါပါးဝမ်ရိပေါ်ဟ"

ဟင်။ ဟောက်ရွှမ်းမျက်လုံးတွေကျယ်သွားပြီ။ ဖုန်းကိုကြည့်လိုက်တော့ တကယ်ဝမ်ရိပေါ်ပဲ။

အဲဒီနောက် တဆက်တည်းသတိရသွားတာ သူနဲ့ကျိရန်ကောက မနေ့ကတင်လမ်းခွဲပြီးသွားကြပြီးပြီဆိုတာပဲ။ ကောက သူ့ကို ဘာလိ့ု ဖုန်းဆက်နှိုးအုံးမှာလဲ။ ငါ့နှယ် သတိမေ့တတ်ရန်ကော။

"အေး ရိပေါ် ပြော"

"နိုးပြီလား မသာ"

"နိုးပြီ ဘာလဲပြော အရစ်ရှည်မနေနဲ့"

"ညကျရင် ယွီးပင်းတို့ကလပ်သွားမလို့
အဲဒါလှမ်းပြောတာ ည ၁၀ နာရီ ကလပ်ကိုလာခဲ့လို့ ကောသူငယ်ချင်းတစ်ယောက် နိုင်ငံခြားက ပြန်လာမှာ လိုက်ပို့ပေးမလို့"

"ဟ ညကလပ်သွားမယ့်ကိစ္စကို မနက်အစောကြီးဖုန်းဆက်ပြောရလား gym မှာတွေ့မှ ပြောလဲရတာကို"

"ကျန့်ကော ဒီနေ့ assignment တင်ရမှာမို့ gym မလာဘူး အဲဒါ ငါကျောင်းမှာလိုက်စောင့်ပေးမှာမို့ ငါလဲမလာဘူး ကောကလဲ သူ့သူငယ်ချင်းတွေနဲ့တွေ့မှာမို့မလာဘူး အဲဒါကြောင့် ဖုန်းကြိုဆက်တာ"

"အေးအေး ပီးရော"

"gym ကိုစောစောသွားစောင့်ပေးပါတဲ့ ကောက ဆက်ဆက်မှာခိုင်းလိုက်တယ်"

"အေးဟေ့ အခုရေချိုးပီးရင်သွားလိုက်မယ် ဒါပဲ"

ယောင်ယမ်းပြီး ကျိရန်ကောဆီက msg လေးဝင်မလားဆိုပြီးကြည့်မိပေမယ့် ဘာ msg မှဝင်မထားပါ။ အင်းလေ ကိုယ်တို့နှစ်ယောက်က အပြန်အလှန်စာတိုလေးတွေပို့ရမယ့်အနေအထားမှမဟုတ်ပဲ။

၁လလုံးလုံးကိုယ့်အနားမှာ အရိပ်လို လိုက်ပီး ဂရုစိုက်ပေးနေခဲ့သူ ရုတ်တရက်မရှိတော့တဲ့အခါ ဟောက်ရွှမ်းအတွက် ကမောက်ကမပါပဲ။

သူချစ်နေခဲ့တာလဲမဟုတ်ပါပဲနဲ့ ဘာလို့ ဒီလစ်ဟာမှုကိုအကြီးကြီး ခံစားနေရလဲဆိုတာ ဟောက်ရွှမ်း ကိုယ့်ဘာသာပင် နားမလည်နိုင်သေးပါ။

ရည်းစားအဖြစ်တွဲနေတဲ့အချိန်တုန်းက မနက်မိုးလင်းတာနဲ့ ဖုန်းဆက်တာတွေ၊ စာပို့တာတွေ၊ ထမင်းအတူစားဖို့တောင်းဆိုတတ်တာတွေ၊ နေ့လည်ဘက် ကော်ဖီသောက်ဖို့လာပို့တတ်တာတွေ ဘာမှထပ်မရနိုင်ဘူးဆိုတဲ့အသိက ဟောက်ရွှမ်းကို ဝမ်းနည်းစေတာတော့အမှန်ပါပဲ။

"သား နိုးပြီလား"

တံခါးခေါက်သံနဲ့အတူ မားက အခန်းထဲဝင်လာလေသည်။

"ဟုတ် အခုပဲ ရိပေါ် ဖုန်းဆက်လို့ နိုးသွားတာ မား"

"မနေ့ကမားပြောတဲ့ကိစ္စ စဉ်းစားပြီးပြီလား သား"

'ကျွန်တော်အိမ်ထောင်မပြုချင်သေးဘူးမား ပြီးတော့ ကျွန်တော့်အရွယ်က အခုချက်ချင်း အိမ်ထောင်ပြုဖို့လဲ မလိုသေးပါဘူး ကျွန်တော်ငယ်ပါသေးတယ်မားရယ် မားနဲ့တောင် နေလို့မဝသေးတာကို"

အနုနည်းနဲ့ မားရင်ခွင်ထဲဝင်ကာ ချွဲကြည့်လိုက်မိသည်။ ငယ်ငယ်တည်းက မားက ဟောက်ရွှမ်းချွဲရင် တစ်ချက်ပဲလေ။

အခုတောင် မားဆီက သက်ပြင်းချသံကြားလိုက်ရပြီမို့ အခြေအနေသိပ်မဆိုးလောက်ပါဘူး။

"အဲဒါဆိုလဲ လူငယ်ချင်းတစ်ခါလောက်တွေ့ကြည့်ပါလား သား .. တွေ့ကြည့်ပီးမှ သားလုံးဝလက်မခံနိုင်ဘူးဆိုရင် မားကြည့်ကောင်းအောင်ပြောပေးပါ့မယ်"

"တကယ်နော် မား"

"တကယ်"

"အဲဒါဆိုရင် တစ်ခါတွေ့ကြည့်ပေးမယ်"

ကိုယ့်ဘက်က လုံးဝစိတ်မယိုင်မှာသေချာတာမို့ ဟောက်ရွှမ်းလက်ခံလိုက်သည်။ ကျိရန်ကောနဲ့ပြဿနာအနည်မထိုင်သေးပဲ သူတခြားဘယ်သူနဲ့မှ မပက်သက်ချင်ပါ။

အခုလောလောဆယ် သူ့စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာတောင် သူမသိသေးသည့်အခြေအနေမို့ တခြားဘယ်သူ့ကိုမှ ထပ်ပီးမပက်သက်ရဲသေးတာပါ။

Xxxxxxxxxxxxxxx

ရှောင်းကျန့်တစ်ယောက် ဒီနေ့ကျောင်းရောက်ကတည်းက ခါတိုင်းနဲ့မတူတဲ့ ပတ်ဝန်းကျင်ကို ခံစားရသည်။

လူတွေအကုန်လုံးက ကိုယ့်ကိုကြည့်နေသလိုမျိုး ဒါပေမယ့် ကိုယ်ကကြည့်လိုက်ရင်တော့ လူတွေက မသိချင်ယောင်ဆောင်သွားကြသည်။

ရှောင်းကျန့်က စာတော်ပေမယ့် လူတွေကြားထဲ သိပ်ထင်ထင်ပေါ်ပေါ်နေတဲ့သူမဟုတ်တော့ အပေါင်းအသင်းလဲသိပ်မများ၊ ပေါ်ပြူလာဖြစ်တဲ့ကျောင်းသားထဲလဲမပါဘူး။

အခုလို လူတကာက ကြည့်နေသလို ခံစားချက်ကြီးကြောင့် ကျောင်းကနေ အိမ်ကိုမြန်မြန်ပြန်ပြေးချင်မိပြီ။

ဒါပေမယ့် ဒီနေ့ကျမှပဲ assignment ထပ်ဖို့ ဆရာနဲ့တွေ့ရမှာမို့ ဆရာစာသင်ချိန်တွေပြီးသည်အထိ ကျောင်းမှာထိုင်စောင့်နေရတာပင်။

"ကျန့်ကော မပြန်သေးဘူးလား"

ကျောင်းက အရိပ်ကောင်းကောင်းသစ်ပင်တစ်ပင်အောက်မှာထိုင်ကာ စာဖတ်နေသော ရှောင်းကျန့်အနားကို ရောက်လာတာက ဖန်ရှင်းနဲ့ကျင်းလင်။

"ဖန်ရှင်းနဲ့ကျင်းလင်ပါလား .. ကောမပြန်ရသေးဘူးကွ ဆရာတစ်ယောက်ကို စာတင်ဖို့စောင့်နေတာ"

"အော် ရိပေါ်ကော လာကြိုမှာမှတ်လား"

"အင်းဟုတ်တယ်"

"ကျန့်ကောကိုတော့ တကယ်အားကျတယ်သိလား ရိပေါ်ကောဆိုတဲ့အကိုက ကျန့်ကောကို တအားချစ်တဲ့ပုံပဲ ကျောင်းက မြို့ထဲနဲ့အဝေးကြီးကို နေ့တိုင်းလာကြိုနိုင်တယ်"

"ကျင်းလင်ကလဲကွာ ငါလဲမင်းကို နေ့တိုင်းအိမ်ပြန်ပို့တာပဲကို"

"မဟုတ်ဖူးလေ ဖန်ရှင်းရဲ့ ငါတို့ကကျောင်းအတူတူတက်တာဆိုတော့အတူတူပြန်တာက မဆန်းဘူးလေကွာ ရိပေါ်ကောက တကူးတကကြီးလာလာကြိုပေးနေတာ အရမ်းဂရုစိုက်တယ်ဆိုတာ သိသာလွန်းတယ် အဲလိုပြောတာ"

"ဟုတ်တော့ဟုတ်ပါတယ် ဟားဟား မင်းမသိလို့သိလား ငါ့ကို ရိပေါ်ကောစတွေ့တွေ့ချင်းကဆို ကျန့်ကောကို လာပိုးနေတယ်ထင်လို့လားမသိပါဘူး မျက်စောင်းချည်းလှိမ်းထိုးတာ သူသာနဂါးဆို ငါပြာဖြစ်နေလောက်ပြီ"

"အဲလောက်လဲမဟုတ်ပါဘူးကွာ"

ရှောင်းကျန့်မှာ ဂျူနီယာနှစ်ယောက်ရဲ့စကားတွေကြောင့် မျက်နှာကြီးနီကာ အငြင်းစကားဆိုရသည်။

ဒါပေမယ့် ကိုကြီးပျော်နေတယ်သိလား။

ကိုယ်ကစပြီး crush ရတဲ့ကောင်လေးက လူအများ အားကျရလောက်တဲ့အထိ ချစ်ပေးတယ်ဆိုတာ ကိုယ့်အတွက်တော့ ကံကောင်းမှုကြီးပဲလေ။

"အာ ပြီးတော့ မနေ့ကကောတို့သတင်း weibo မှာတက်လာတယ်နော်"

"ဟင် ဟုတ်လား"

မနေ့ညကဟော့ပေါ့စားပီးအိမ်ပြန်ရောက်တော့ ဗိုက်လေးနေတာနဲ့ ရိပေါ်နဲ့တောင် ဖုန်းပြောရင်းအိပ်ပျော်သွားတာမို့ weibo တောင်မကြည့်ဖြစ်သေး။

"ဟုတ်လား ငါချောရဲ့လား"

"ကောပုံကသိပ်မသိသာဘူး တစ်ခြမ်းလောက်ပဲပါတာ ရိပေါ်ကောက ကျန့်ကောပါးကိုကိုင်ပြီး နမ်းနေလို့လေ"

"ရိပေါ်ပုံကျတော့ ပေါ်လား"

"ရိပေါ်ကောပုံကျတော့ပေါ်တယ် သူလဲမျက်နှာတစ်ခြမ်းပဲပေါ်တာပါ ဒါပေမယ့်ဗျာ ဟိုက်ခွမ်းကောရဲ့ gym မှာ နမ်းနေကြတာဆိုတော့ သေချာပေါက် ရိပေါ်ကောပဲဆိုပီးရေးနေကြတာပဲ .. အံမယ် ရိပေါ်ကောကတောင် ပြန် share ထားသေးတယ်"

"ဟမ် ဟုတ်လား ငါကြည့်လိုက်အုံးမယ်"

"စကားကောင်းနေတာနဲ့ နောက်ကျနေပြီ ကျွန်တော်တို့သွားတော့မယ် ကျန့်ကောရေ ကျင်းလင်ကိုအိမ်ပြန်ပို့ပေးရအုံးမှာမို့"

"အေးအေး နောက်မှတစ်ရက်မုန့်သွားစားရအောင်"

"ဟုတ်ကျန့်ကော"

ဖန်ရှင်းတို့နှစ်ယောက်လက်ချင်းတွဲကာထွက်သွားကြတော့ ရှောင်းကျန့် ဖုန်းကိုထုတ်ကြည့်လိုက်သည်။ weibo မှာ ကျွန်တော်တို့ပုံလေးတွေတက်နေတယ်ဆိုတော့ မြင်ချင်မိသား။

တွေ့ပါပြီ။ ဝမ်ရိပေါ်နဲ့ ကျွန်တော်နဲ့တူသော ကောင်လေးတစ်ယောက်နမ်းနေတဲ့ပုံတွေ။ 🥴ဟုတ်တယ်လေ ကျွန်တော့်ကိုမြင်ဖူးမှသာ ကျွန်တော်မှန်းသိနိုင်မည့်ပုံတွေ။ ရိုက်တဲ့သူတွေကလဲ ငါ့ပုံကျသေချာပါအောင်မရိုက်ကြဘူး။

နောက်နေ့မှ gym ရှေ့မှာ တစ်ခါလောက် အကြင်နာပေးပြီး ဓာတ်ပုံသေချာရိုက်ခိုင်းရမယ်။

အင်း…ပြီးတော့ ရိပေါ်ကိုလဲ မျက်နှာကိုမကိုင်ထားဖို့ေသေချာမှာရမယ် မဟုတ်ရင် ကျွန်တော့်မျက်နှာပေါ်မှာမဟုတ်ဖူး ဟွန့်။

နေအုံး ဖန်ရှင်းပြောသွားတော့ ရိပေါ်က ကျွန်တော်တို့ပုံကို share ထားတယ်တဲ့။ ရိပေါ် အကောင့်ကိုဝင်ကြည့်အုံးမှ။

အဲ သူ share ထားတဲ့ပုံမှာတော့ ကျွန်တော့်မျက်နှာလေးနည်းနည်းပိုပေါ်တယ်ဟ။
ပုံဆိုမှ ရိပေါ်အတွက် ကျွန်တော်ဆွဲထားတဲ့ပုံလေးကို တင်ဖို့သတိရသည်။

ဟိုတစ်ရက်က ပုံဆွဲရင်း ရိပေါ်ကို အရမ်းလွမ်းလာတာမို့ ပုံလေးတစ်ပုံ ကျွန်တော်ဆွဲဖြစ်သွားတာ။ ဘောင်းဘီတိုးလေးနဲ့ ချစ်စရာကောင်လေးတစ်ယောက်က မီးပုံကိုင်ထားပြီး background အမဲပေါ်မှာထင်းနေတာကတော့ ကြယ်လေးတွေပေါ့။

အဲဒီကြယ်လေးတွေထဲက တစ်လုံးနားမှာတော့ Wang Yibo ကို ကိုယ်စားပြုတဲ့ W Y B ဆိုတဲ့အင်္ဂလိပ်စာလုံးလေးကို သေချာကြည့်ရင်တွေ့နိုင်တယ်။ နောက်တစ်ခုက ကောင်လေးကိုင်ထားတဲ့မီးပုံလေးပေါ့။

ဒီတိုင်းကြည့်မယ်ဆိုရင်တော့ အဝါရောင်မီးပုံထဲမှာ အရိပ်ကလေးတွေမြင်ရမှာဆိုပေမယ့် ပုံကို color contrast ကစားလိုက်ရင် ကျွန်တော်တို့ နှစ်ယောက် ပထမဆုံးကလပ်သွားတုန်းက ဟောက်ရွှမ်းခိုးရိုက်ထားတဲ့ နောက်ကျောပုံလေးကိုမြင်ရလိမ့်မယ်လေ။

ကိုယ့်ဘာသာဆွဲထားပီး သဘောကျမိတဲ့ပုံလေးကို ပေါ်တိလေးလဲ သဘောကျလောက်ပါရဲ့။ ပုံလေးကို ဘာ caption မှ ထူးထူးးခြားခြားမတပ်ပဲ အစိမ်းနဲအနီရောင်အသည်းလေး ၂ ခုနဲ့ weibo မှာ update လုပ်လိုက်တယ်။

ချစ်သူကောင်လေးမြင်ရင် သဘောပေါက်ပါစေပေါ့။

Xxxxxxxxxxxxxx

ရှောင်းကျန့်ကိုလိုက်ကြည့်နေတဲ့လူစုက ရှောင်းကျန့် ကျောင်းပြန်ချိန်ထိ မပြီးသွားဘူး။
ဆရာနဲ့တွေ့ပြီးလို့ ရိပေါ် လာကြိုမှာကိုစောင့်နေတဲ့အချိန်အထိ အနားမှာရစ်သီရစ်သီလုပ်နေတဲ့ ကောင်မလေးတစ်စုကို တွေ့မိတယ်။ ဖာသိဖာသာပဲ ရိပေါ်ကိုဆက်စောင့်နေတုန်း ကောင်မလေး ၄ ယောက်က အနားကိုရောက်လာတယ်။

"ဒီကအကိုက ရှောင်းကျန့်ဟုတ်တယ်မှတ်လားဟင်"

"ဟုတ်ပါတယ် ဘာကိစ္စရှိလို့လဲဗျ"

"ဟိုလေ ကောက ဝမ်ရိပေါ်ရဲ့ကောင်လေးဆိုတာဟုတ်လားဟင် မနေ့ညကတက်လာတဲ့နမ်းနေတဲ့ပုံထဲကလေ"

"အဲ"

မျက်နှာမှာစိုးရိမ်မှုတွေအထင်းသားနဲ့လာမေးနေတဲ့ကောင်မလေးတွေကို ဘယ်လိုပြန်ဖြေရမလဲလို့ ရှောင်းကျန့်အကြံအိုက်သွားတယ်။ ဟုတ်တော့ဟုတ်တယ်ဆိုပေမယ့်လဲ ဟုတ်တယ်လို့ဖြေလိုက်ရမှာမဝံ့မရဲ။ သူတို့ပုံစံက ရိပေါ်ရည်းစားထားနေတယ်ဆိုတာများသေချာရင် ငိုချတော့မယ့်ပုံတွေလိုလို။ ကြည့်ရတာ ရိပေါ်ရဲ့ fangirl လေးတွေဖြစ်မယ့်ပုံပဲ။

"ကော … ပြောပြပေးပါနော် ညီမတို့တကယ်သိချင်လို့ပါ"

ကောင်မလေးတစ်ယောက်က လက်တစ်ဖက်ကိုဆွဲကာ မေးလာတော့ ရှောင်းကျန့် တကယ်ပဲစိုးရိမ်သွားမိသည်။ ဘယ်လိုလုပ်ရပါ့။

(သူ့ရည်းစားလက်ကိုဆွဲနေလို့ ဒေါခွီးနေသူ ပေါ်ပေါ်)

"အဲဒီလက်ကိုအခုလွှတ်လိုက်"

အော်သံနဲ့အတူ ကောင်မလေးရဲ့လက်ကို ဘတ်ခနဲအသံမြည်အောင် ပုတ်ချလိုက်သူက ….

ဟုတ်ပါတယ် တစ်မိုးအောက်က ဝမ်ရိပေါ်ပါ။

"ပေါ်တိ"

"ဘာဖြစ်နေတာလဲ ကိုကြီး"

"ဟယ် ကိုကြီးတဲ့ ဖေးယွီ ငါပြောပါတယ် ဟုတ်ပါတယ်ဆို"

ကောင်မလေးတစ်ယောက်က သူ့ဘေးကသူငယ်ချင်းဖြစ်သူကို တံတောင်နဲ့တွတ်ပြီးပြောသည်။ နောက်တစ်ယောက်ကလဲ ခပ်တိုးတိုးနဲ့ ဘာတွေပြန်ပြောနေမှန်းမသိ။

"ရိပေါ်ကော ရိပေါ်ကော ညီမတို့က ရိပေါ်ကောရဲ့ fan တွေပါ"

"အဲဒီတော့ ငါကဘာလုပ်ရမှာလဲ"

"ပေါ်တိကလဲ အားနာစရာကြီး ကိုယ့်ကိုအားပေးတဲ့သူတွေလေ"

"အင်းလေ အားပေးပေါ့ ဘယ်သူက အားမပေးနဲ့ပြောနေလို့လဲ ဒါပေမယ့် အခု သူက ကိုကြီးလက်ကိုဆွဲပြီး ဘာလုပ်နေတာလဲ"

"ညီမတို့က ဒီကကောကို ရိပေါ်ကောနဲ့တွဲနေတာလားလို့မေးနေတာပါ"

"ဟုတ်တယ်"

"ဟယ် တကယ်"

"အိုမို ဟုတ်တယ်တဲ့"

"တကယ် အဲဒါဆို ဒီကောကမနေ့က ဓာတ်ပုံတွေထဲကတစ်ယောက်ပေါ့ အပြင်မှာပိုချောတယ်နော်"

ပြောပါတယ် ငါကအပြင်မှာချောပါတယ်လို့ .. မနေ့က ဓာတ်ပုံရိုက်တဲ့ဟာတွေက သေချာမရိုက်လို့ပါဆို။

"ရိပေါ်ကော .. ဟိုလေ ညီမတို့ ရိပေါ်ကောနဲ့ ဓာတ်ပုံတစ်ပုံလောက်တွဲရိုက်လို့ရမလားဟင်"

"မရဘူး"

"ဟင်…"

"ပေါ်တိကလဲ တစ်ပုံလောက်ပေးရိုက်လိုက်ပါ"

"ဟီး ဟုတ်ပါတယ် ရိပေါ်ကောရယ် .. ဟိုလေ ရိပေါ်ကောတစ်ယောက်တည်းနဲ့မဟုတ်ပဲ ဒီကကောနဲ့ စုံတွဲရိုက်ရလဲဖြစ်ပါတယ်"

"အဲဒါဆိုရင်ရိုက်"

တတ်လည်းတတ်နိုင်တဲ့ရိပေါ်လေး။ သူ့ရည်းစားနဲ့ပါတွဲရိုက်မယ်ဆိုရင်တော့ရိုက်တဲ့လေ။ ဟိုကောင်မလေးတွေကတော့ သူတို့စကားနဲ့သူတို့မို့ ရှောင်းကျန့်နဲ့ပါတွဲရက်ဓာတ်ပုံရိုက်ရတော့တာပဲ။

ဒါတောင် ကျေးဇူးရှင်လေး ရိပေါ်ရုပ်က မရယ်မပြုံး ခပ်တည်တည်မို့ ကိုယ့်မှာ ဟာသတွေလုပ်ပြရသေး။ အဲတော့မှ ရယ်ပြတော့တာ။ ခေါင်းလေးတစ်ဖက်ကတော့ ကျွန်တော့်ဘက်ကို စောင်းလို့။
အဲဒါကိုပဲ့ fan တွေကချစ်နေကြတာ .. ကိုယ်အပါအဝင်ပေါ့လေ။

"ကိုကြီးကို သူတို့နှောင့်ယှက်ကြသေးလား"

"မနှောင့်ယှက်ပါဘူး ပေါ်တိရဲ့ သူတို့က ကိုကြီးနဲ့ပေါ်တိက တွဲနေတာလား လာမေးတာ ကိုကြီးလဲရုတ်တရက်ကြီးဆိုတော့ ဘာပြန်ဖြေရမလဲဆိုပြီး စဉ်းစားနေတုန်း ပေါ်တိရောက်လာတာပဲ"

"ဟုတ်တယ်လို့ပြန်ဖြေလိုက်ပေါ့ ဘာတွေစဉ်းစားနေတာလဲ"

"ပြန်ဖြေချင်တာပေါ့ ဒါပေမယ့် ပေါ်တိက celebrity တစ်ယောက်လေ dating news ကြောင့် ရိပေါ်ကို မထိခိုက်စေချင်လို့"

"ဘာမှထိခိုက်စရာမရှိဘူး dating news နဲ့အလုပ်ထိခိုက်ရအောင် ကျွန်တော်က မင်းသားလဲမဟုတ်ဘူး racer တစ်ယောက်ပဲ ကြိုက်တဲ့သူနဲ့တွဲလို့ရတယ် အခု ကျွန်တော်တို့သတင်းက တအား hot ဖြစ်နေတယ်ဆိုတာက ကိုကြီးက ကျွန်တော့်ဘဝမှာ ပထမဆုံးတွဲဖူးတဲ့သူမို့ လူတွေအရမ်းစိတ်ဝင်စားနေကြတာ သိလား"

"အင်း"

"အဲဒါကြောင့် နောက်ဘယ်သူမေးမေး ဝမ်ရိပေါ်က ငါ့ကောင်လေး ငါ့ချစ်သူလိ့ု ရဲရဲတင်းတင်းသာဖြေ ပြီးတော့ ခုနက ကျွန်တော်ဘာလို့ဓာတ်ပုံအရိုက်ခံလဲသိလား"

"မသိဘူးလေ"

"မနေ့ကပုံမှာ ကျွန်တော်တို့၂ယောက်မျက်နှာသိပ်မပေါ်လို့ တမင်မျက်နှာသေချာမြင်ရတဲ့ပုံတွေပြန့်သွားအောင်ရိုက်ခိုင်းလိုက်တာ"

ရိပေါ်စကားကြောင့် ရှောင်းကျန့်ပြုံးသွားရသည်။ ရိုးရိုးပြုံးတာမဟုတ်ဖူး။ နှလုံးသားထဲက နက်ရှိုင်းစွာထွက်ပေါ်လာတဲ့အပြုံးမျိုးဖြစ်သည်။

"ချစ်တယ် ပေါ်တိ"

အရိုးရှင်းဆုံးနဲ့အထိရောက်ဆုံးပါပဲ။ ဘယ်လိုတွေချစ်တယ် ဘယ်လောက်ထိချစ်တယ်ဆိုတာမျိုး ရှောင်းကျန့်ဖွဲ့နွဲ့ပြီး မပြောတတ်ပါဘူး။ ဒီအသက်အရွယ်ထိ ဒီကောင်လေးတစ်ယောက်တည်းကိုပဲရင်ခုန်ဖူးပြီး ဒီတစ်ယောက်တည်းကိုပဲရူးအောင်ချစ်ရပါသည်။

"ကျွန်တော်ရောပဲသိလား"

"အွန်း သိတယ် ဒါနဲ့ weibo ကြည့်ပြီးပြီလား"

"ဟင့်အင်း မကြည့်ဖြစ်သေးဘူး ညနေကိုကြီးနဲ့အပြင်သွားမယ်ဆိုတော့ အချိန်ရှိတုန်း လုံ့လစိုက်ပြီး ဂိမ်းထိုင်ဆော့နေတာ ဟဲဟဲ"

"ကောတို့နှစ်ယောက်ပုံလေးတင်ထားတယ်"

"တကယ် ဘယ်မှာလဲ ပြ ပြ"

"ကိုယ့်ဘာသာဖွင့်ကြည့်လေ"

ဆိုင်ကယ်လ်ပေါ်မတက်နိုင်သေးပဲ ဖုန်းဖွင့်ကာ weibo ဖွင့်နေသော ရိပေါ်က ကျွန်တော်တင်ထားသောပုံရဲ့ လျှို့ဝှက်ချက်ကိုသိပုံမရဘူး။ အဲဒါနဲ့ပဲ ရှင်းပြလိုက်ရသည်။

"ကိုကြီးက တကယ်ကဗျာဆန်တာပဲ"

"ဟုတ်လား ကိုကြီးဖြင့်အဲလိုမထင်ပါဘူး ကိုကြီးက ကဗျာမဆန်တတ်ဖူး ပေါ်တိကို ဘယ်လောက်ချစ်ကြောင်းလဲ သေချာမပြောပြတတ်လို့ ပေါ်တိ ကြာရင်စိတ်ပျက်သွားမှာစိုးရိမ်နေတာ"

"မဟုတ်တာကိုကြီးရာ ကိုကြီးဘယ်လိုပဲနေနေ ကျွန်တော်ကချစ်ပြီးသား … ကဗျာဆန်ဆန် မဆန်ဆန် ကျွန်တော် စိတ်မဝင်စားဘူး ကိုကြီးဘယ်လိုပဲနေနေ ကျွန်တော်ချစ်တယ် ကျွန်တော်က ကိုကြီးကိုချစ်ဖို့မွေးဖွားလာရသလိုမျိုးပဲ"

"မင်းကိုချစ်လိုက်တာ ပေါ်တိရာ"

"အဲဒါဆို ကျွန်တော့်ကိုနမ်း"

"ဒီလမ်းမကြီးမှာလား"

"အင်း အခု"

ချစ်သူအလိုကျ နဖူးလေးကိုအနမ်းပေးတော့ ချစ်သူက ရင်ခွင်ထဲတိုးဝင်လာတယ်။ ရိပေါ်ကို အလိုက်သင့်လေးပြန်ဖက်ထားရင်း ရိပေါ်ချစ်သူဖြစ်ခွင့်ရတဲ့အတွက် ကံတရားကိုကျေးဇူးတင်တယ်။ သူနဲ့မှ ကိုယ့်ရဲ့နေ့ရက်တွေက အသက်ပိုဝင်ခဲ့တာမို့ (လေ့ကျင့်ခန်းလုပ်ရတာတွေလဲအပါအဝင်ပေါ့လေ။)

Ep 18 to be continued

Continue Reading

You'll Also Like

451K 49K 39
၃၁ ဘံုမွာ လူ႔ျပည္က မက္မြန္ပန္းအရက္သည္ သာလြန္ေကာင္းမြန္၏။ ထိုအရာထက္ လူသားတစ္ေယာက္ကို ခ်စ္မိတာသည္ ပိုျပီး သာလြန္ေကာင္းမြန္၏။ ၃၁ ဘုံမှာ လူ့ပြည်က မက်မွ...
177K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
68.6K 4.5K 21
Only youကSeason1ပြီးသွားပါပြီ Saeson2မှာMDZSထဲကဇာတ်ကောင်တွေပါဝင်ပါမယ် ဇာတ်လမ်းဇာတ်ကွက်မတူဘဲ ကိုယ့်ဘာသာစိတ်ကူးယဥ်ဆန်ဆန်ရေးမှာမို့မူရင်းဝတ္ထုထဲကလိုတော့...
178K 9.3K 25
-BOTH ZAWGYI/ UNICODE Available- Official Myanmar Translation Novel of Jittirain by Calico Published by Shwe Luck Book House