๐‘ด๐’š ๐’‡๐’‚๐’“๐’Ž๐’†๐’“ ๐’‰๐’–๐’”๐’ƒ๐’‚๏ฟฝ...

Da Feng__er

312K 27.3K 966

๐–๐š๐ง๐  ๐˜๐ข๐›๐จ & ๐—๐ข๐š๐จ ๐™๐ก๐š๐งโ™ก๏ธŽ. (๐˜๐ข๐ณ๐ก๐š๐ง ๐…๐š๐ง๐Ÿ๐ข๐œ๐ญ๐ข๐จ๐ง) ๐š‰๐šŠ๐š ๐š๐šข๐š’ แ€ฑแ€แ€ผแ‚•แ€แ€ฌแ€”แ€ฒแ‚”แ€›แ€”แ€นแ€แ€€แ€บแ€€แ€นแ€€แ€บ... Altro

part-1 [ Z + U ]
part-2 [ Z+U ]
part-3( Z+ U )
part-4 [ Z+U ]
part-5 [ Z+U ]
part-6 [ Z+U ]
part-7 [ Z+U ]
part-8 [ Z+U ]
part-9 [ Z+U ]
part-10 [ Z+U ]
part-11 [ Z+U ]
part-12 [ Z+U ]
part-13 [ Z+U ]
part-14 [ Z+U ]
part-15 [ Z+U ]
part-16 [ Z+U ]
exam
part-17 [ Z+U ]
part-18 [ Z+U ]
part-19 [ Z+U ]
part-20 [Z+U]
part-22 [ Z+U ]
part-23 [ Z+U ]
part-24 [ Z+U ]
part-25 [ Z+U ]
part-26 [ Z+U ]
part-27 [ Z+U ]
part-28 [.Z+U ]
part-29 [ Z+U]
part-30 [ Z+U ]
part-31 [ Z+U ]

part-21 [Z+U]

6.6K 787 41
Da Feng__er

Unicode

ခြေထောက်ဒဏ်ရာသက်သာတော့အရင်ဆုံးသွားတာကစိုက်ခင်း ရိပေါ်စိုက်ခင်းကိုလာတော့အလုပ်သမားတွေကနှုတ်ဆက်ကြသည်။

အလုပ်သမား ၁: "အစ်ကိုလေးဒဏ်ရာသက်သာသွားပြီလား"

"သက်သာသွားပါပြီ"

ရိပေါ်ကဝတ်ကျေတန်းကျေပြန်နှုတ်ဆက်ပြီးတဲဆီသို့သွားလေသည်။

အလုပ်သမား ၂: "အစ်ကိုလေးတို့ကမိုက်တယ်ဗျာ အိမ်ထောင်ဖက်ကဆရာဝန်ဆိုတော့ဘာရောဂါရရပြုစုပေးဖို့အဆင်သင့်"

အလုပ်သမား ၁: "ဟ မင်းနေမကောင်းရင်မင်းမိန်းမကမပြုစုဘူးလားကွ"

အလုပ်သမား ၂: "ပြုစုဖို့မပြောနဲ့သူ့တောင်ဇစ်ကျောပြန်ဆွဲပေးရသေးတယ်ဗျား "

All: ha ha ha

ထိုလူ့စကားကြောင့်အားလုံးရယ်မိကြတယ်

အလုပ်သမား ၂: "ဘာပဲပြောပြောအစ်ကိုလေးရဲ့အိမ်ထောင်ဖက်ဆရာဝန်လေးကတစ်ကယ်ကောင်းတာပါဗျာ ရွာသားတွေကိုဆေးကုတာမှာလည်းစိတ်ရှည်တယ် စိတ်ထားကလည်းကောင်းရုပ်ကလည်းချော ဘာမှကိုအပြစ်ပြောစရာမရှိတာပါဗျာ အစ်ကိုလေးအိမ်ထောင်ကျတာကံကောင်းတယ်ပြောရမယ် ယောကျ်ားနှစ်ယောက်ဆိုပေမယ့်ပေါ့လေ"

အလုပ်သမား ၁: "တိုးတိုးပြောစမ်းပါ အစ်ကိုလေးကြားသွားမှ"

"အေးပါကွ"

ထိုလူနှစ်ဦးပြောနေသံကိုသေချာကြားနေရပါသည်။

ကိုယ့်ခင်ပွန်းလေးကိုချီးမွန်းနေတာကြားရတော့လည်းကိုယ်ပါမနေနိုင်လိုက်ပြုံးမိပါရဲ့ ခင်ဗျားတို့ပြောတာထက်ကိုကျွန်တော့်အိမ်ထောင်ရေးကပိုပြီးတော့တောင်ကံကောင်းသေးတာဗျား ဘာ့လို့ဆိုကျွန်တော့်ရဲ့အိမ်ထောင်ဖက်ကရှောင်းကျန့်ဆိုတဲ့လူသားလေးဖြစ်နေလို့ပဲ

.............................................................

နေ့လည်နေ့ခင်းရောက်တော့ရှောင်းကျန့်နဲ့ဝူချန်းတို့အိမ်ကိုထမင်းစားဖို့ပြန်လာကြတယ် အိမ်ရောက်တော့မေမေကိုပဲတွေ့တယ် ဖေဖေကတော့ဒီအချိန်ဆိုရင်စိုက်ခင်းမှာစားနေရောပေါ့ ဒါဆိုဟိုလူကရော...

ရှောင်းကျန့်အပေါ်ထပ်ကသူတို့အခန်းကိုတက်ကြည့်လိုက်တော့ရိပေါ်ကိုမတွေ့ ဒါနဲ့အောက်ပြန်ဆင်းပြီးရေချိုးခန်းအိမ်သာလိုက်ရှာနေတယ်

ဝမ်အမေကထမင်းပွဲပြင်နေတုန်းမို့ရှောင်းကျန့်ဘာလုပ်နေမှန်းမသိလိုက်ဘူး ရိပေါ်ကိုမတွေ့တော့ထမင်းစားခန်းထဲဝင်လာပြီးဝမ်အမေကိုမေးတော့သည်။

"မေမေ့"

"ရှင်"

"ကိုကိုဘယ်သွားတာလဲ ရှာနေတာနှံ့နေပြီမတွေ့လို့"

"သြော် ဝမ်လေးကစိုက်ခင်းဘက်ခဏသွားတယ် ခြေထောက်နာနေမှာကြောင့်မသွားပါနဲ့ပြောတာတောင်မရပါဘူးကွယ်"

စိုက်ခင်းကိုသွားတယ် သူ့ဒဏ်ရာကအရှင်းပျောက်သေးတာလည်းမဟုတ်ဘဲနဲ့ အလုပ်မလုပ်ရလို့မသေဘူးအနာထဲပိုးထပ်ဝင်ခါမှသေမယ် မဖြစ်သေးပါဘူးလိုက်သွားအုံးမှပဲ

"မေမေ ဒါဆိုသားလိုက်သွားလိုက်အုံးမယ်နော်"

"ဟဲ့ ဟဲ့ နေအုံးလေ သြော်...ထမင်းတောင်စားမသွားပြန်ဘူးတစ်ယောက်ကလည်း ဟင်း..."

ဝူချန်းကတော့ထမင်းဝိုင်းမှာဝင်ထိုင်ပြီးစားစရာရှိတာသာစားနေလိုက်တော့သည်။

သူ့သူငယ်ချင်းအကြောင်းသိတာပေါ့ အလကား ပါးစပ်ကသာမချစ်ဘူး မချစ်ဘူးနဲ့ကိုကိုလို့ခေါ်ပြီးစိတ်ပူလို့လိုက်သွားတာများလှစ်ခနဲပဲ ငါကတော့မလိုက်နိုင်ဘူးစားစရာရှိတာတော့စားရမှာပဲ ထမင်းစားမှဗိုက်ဝမှာ  ချစ်နေလို့ဗိုက်မဝဘူး။

ရှောင်းကျန့်စိုက်ခင်းကိုရောက်တော့ အလုပ်လုပ်နေကြတဲ့အလုပ်သမားတွေကပြုံးပြနှုတ်ဆက်ကြတယ်။ မိုးရောက်တော့မှာကြောင့်အခုတည်းကမြေဆွကာစိုက်ပျိုးနေကြပြီဖြစ်သည်။ ခြေထောက်မှာပတ်တီးအဖွေးသားနဲ့ရိပေါ်ကတော့စိုက်ခင်းတစ်နေရာမှာရှောင်းကျန့်ကိုကျောပေးလျက်လူနှစ်ယောက်ကိုဘာတွေပြောနေလဲမသိဘူး။

ရှောင်းကျန့်လည်းအနားကိုသွားလိုက်တော့ ထိုလူနှစ်ယောက်ကသူ့ကိုကြည့်ပြီးပြုံးပြနှုတ်ဆက်ကာထွက်သွားလေသည်။

"ခင်ဗျားတော်တော်ခေါင်းမာတဲ့လူပဲ"

"ဟင် ရှောင်းကျန့်!"

"ဟုတ်တယ် ခင်ဗျားကိုပြောမထားဘူးလားဘယ်မှမသွားဘဲအိမ်မှာပဲနေပါလို့ ခင်ဗျားဟာလေကျွန်တော့်စကားဆိုဖင်ကြားထဲတောင်မညှပ်ဘူး ဒီကစိတ်ပူလို့ပြောတဲ့ဟာကို"

အရှေ့မှာဆူနေတဲ့သူရဲ့မူပိုင်ဆရာဝန်လေးကိုလက်ပိုက်ကာပြုံးပြုံးလေးကြည့်နေလိုက်တယ်။ စိတ်ပူလို့တဲ့လား ကိုယ်ပျော်လိုက်တာရှောင်းကျန့်ရာ

"ကိုယ့်ကိုစိတ်ပူလို့!"

"အင်းလေ စိတ်ပူတာပေါ့အနာကသက်သာပြီဆိုပေမယ့်သွားရလာရတာအဆင်မပြေသေးဘူးမလား အဲ့ဒါကိုခင်ဗျားကစိုက်ခင်းကိုသွားဖြစ်အောင်သွားလိုက်သေးတယ် ခင်ဗျားအလုပ်မလုပ်လည်းဘာမှမဖြစ်ပါဘူးအိမ်မှာပဲအေးဆေးနေစမ်းပါဗျ  အင့်"

ရိပေါ်ကရုတ်တရက်ဖက်လိုက်တော့ရှောင်းကျန့်မှာကြောင်သွားတာကြောင့်ညိမ်ညိမ်လေးရပ်နေမိတယ် ခဏကြာမှဘေးမှာအလုပ်သမားတွေရှိသေးတာကိုသတိရပြီးရိပေါ်ကိုအသာတွန်းလိုက်ကာမှလွှတ်ပေးလေသည်။
အလုပ်သမားတွေကလည်းလုပ်လက်စတွေကိုရပ်ကာသူတို့နှစ်ယောက်ကိုပြူးပြဲကြည့်နေကြတယ် မသိရင်ရုပ်ရှင်ရိုက်နေလို့ကြည့်နေတဲ့ပုံစံနဲ့

"တောင်းပန်ပါတယ် ကိုယ်ပျော်သွားလို့ပါ"

"အမ် အဟမ်း ရ ရပါတယ်"

ရှက်နေတဲ့ရှောင်းကျန့်ကတော့ခေါင်းတောင်ဖော်မလာတော့ တယ်လည်းရှက်တတ်တဲ့ဆရာဝန်လေး ဖက်တာလေးကိုရှက်နေတယ်။

ရိပေါ် ခုထိသူတို့ကိုကြည့်လို့မဝကြသေးတဲ့သူ့အလုပ်သမားတွေဘက်ကိုခပ်တည်တည်ကြည့်လိုက်တော့မှ ကယောင်ကတန်းနဲ့သူတို့အလုပ်သူတို့ပြန်လုပ်နေကြတော့သည်။

"လာ ပြန်မယ်"

"ဟမ်!"

"မင်းပဲဒီမှာမနေစေချင်လို့လာခေါ်တာမလား ပြန်မယ်လေ"

ရှောင်းကျန့်ရဲ့လက်ကိုဆွဲကာခပ်တည်တည်ပဲစိုက်ခင်းထဲကထွက်လာလိုက်သည်။

ဝမ်ရိပေါ်ကြီးဒီနေ့ဘာဖြစ်နေတာများလဲ စကားပြောတာနူးညံ့နေတာပဲ

"ကိုယ့်ကိုတစ်ကယ်စိတ်ပူတာလား"

"မပူဘူး  ကျွန်တော်အရမ်းအားနေလို့ခင်ဗျားနဲ့ရန်မဖြစ်ရသေးလို့တမင်တကာလာခေါ်တာ"

ရှောင်းကျန့်ဘုဘောက်ပြောပြီးရှေ့ကသွားလေသည်။

စိတ်ပူပါတယ်ဆိုစိတ်ပူတယ်ပေါ့ စိတ်ပူလို့လား စိတ်ပူလို့လားနဲ့ခဏခဏမေးနေတယ် ဘာဖြစ်နေမှန်းကိုမသိဘူး အဲ့မှာကိုယ့်ဟာကိုထော့နဲ့ထော့နဲ့ နဲ့လာနေလိုက် ကူမတွဲပေးဘူး

"ဟေ့ နေအုံးလေ လူနာကိုကူမတွဲပေးဘူးလား"

"ရှည်ပြီးဘာ့လို့သွားချင်သေးလဲ ကိုယ့်ဟာကိုလာ"

"ဟာ ဟေ့ မင်းကအဲ့လိုလားအိမ်ထောင်ဦးစီးကိုမလေးမစားမလုပ်ကောင်းဘူးနော်"

"ဟွန့်"

ရှောင်းကျန့်တမင်မြန်မြန်လျှောက်လိုက်တယ်။ တော်တော်ဝေးဝေးရောက်လို့အသံမကြားလို့လှည့်ကြည့်တော့ ခပ်လှမ်းလှမ်းမှာငုတ်တုတ်ထိုင်နေတဲ့ရိပေါ်

"မလာဘဲ ဘာ့လို့ထိုင်နေတာလဲ ဘာလဲကျွန်တော်ပိုးခေါ်ရဖို့လား"

"အဲ့လိုဆိုကောင်းတာပေါ့ ချစ်ညီရယ် ကိုကို့ကိုပိုးမခေါ်ချင်ဘူးလား ကိုကို့ခြေထောက်နာလာလို့ပါ"

ဘာ!!! ချစ်ညီ!!!! ဘာချစ်ညီလဲ ဘင်္ဂလားချစ်ညီလား

"ခင်ဗျားလာတုန်းကဘာနဲ့လာလဲ"

"ဆိုင်ကယ်နဲ့လေ"

"အဲ့ဆိုင်ကယ်ကရော"

"စိုက်ခင်းမှာကျန်ခဲ့ပြီ လာပါကိုကို့ကိုကူတွဲပေးပါနော် နော်လို့"

ပြောနေပုံကမသိရင်အိပ်ယာပေါ်ကလက်ယက်ခေါ်နေတဲ့ကြွက်ရုပ်နဲ့ မပိုးဘူးလုံးဝပဲ နိုင်လည်းမနိုင်ပါဘူး

ရှောင်းကျန့်ဘေးကိုကြည့်လိုက်တော့ အသီးတွေကိုတင်တဲ့ဘီးတပ်လက်တွန်းလှည်းအသေးလေး

ရှောင်းကျန့်ရဲ့မျက်နှာမှာအပြုံးပန်းတို့ဖြစ်တည်လာတယ်။

ထို့နောက်မှာတော့ဝမ်ရိပေါ်မှာမျက်နှာဆူပုတ်ပုတ်နဲ့လက်တွန်းလှည်းထဲတွင်ထိုင်နေပြီးရှောင်းကျန့်ကတော့ပြုံးပြုံးကြီးတွန်းကာရွာထဲသို့ သွားလေတော့သည်။
ရွာထဲကသူတို့နှစ်ယောက်ကိုမြင်တဲ့လူတွေကတော့ပြုံးစိစိနဲ့ဖြစ်နေကြတယ်။ သူတို့နှစ်ယောက်ဖြစ်နေပုံကကလေးတွေတစ်ယောက်တစ်လှည့်စီတွန်းပေးခြင်းကစားနေတဲ့ပုံပေါ်နေတယ်။

ကုန်းပိုးခံချင်လို့ဉာဏ်ဆင်ကာမှ လက်တွန်းလှည်းထဲထည့်တွန်းခံနေရတယ် သောက်ကျိုးနည်း ဘယ်လိုတောင်ကလေးကလားနိုင်လိုက်သလဲ






..............

Zawgyi

Unicode

ေျခေထာက္ဒဏ္ရာသက္သာေတာ့အရင္ဆံုးသြားတာကစိုက္ခင္း ရိေပၚစိုက္ခင္းကိုလာေတာ့အလုပ္သမားေတြကႏႈတ္ဆက္ၾကသည္။

အလုပ္သမား ၁: "အစ္ကိုေလးဒဏ္ရာသက္သာသြားၿပီလား"

"သက္သာသြားပါၿပီ"

ရိေပၚကဝတ္ေက်တန္းေက်ျပန္ႏႈတ္ဆက္ၿပီးတဲဆီသို႔သြားေလသည္။

အလုပ္သမား ၂: "အစ္ကိုေလးတို႔ကမိုက္တယ္ဗ်ာ အိမ္ေထာင္ဖက္ကဆရာဝန္ဆိုေတာ့ဘာေရာဂါရရျပဳစုေပးဖို႔အဆင္သင့္"

အလုပ္သမား ၁: "ဟ မင္းေနမေကာင္းရင္မင္းမိန္းမကမျပဳစုဘူးလားကြ"

အလုပ္သမား ၂: "ျပဳစုဖို႔မေျပာနဲ႔သူ႔ေတာင္ဇစ္ေက်ာျပန္ဆြဲေပးရေသးတယ္ဗ်ား "

All: ha ha ha

ထိုလူ႔စကားေၾကာင့္အားလံုးရယ္မိၾကတယ္

အလုပ္သမား ၂: "ဘာပဲေျပာေျပာအစ္ကိုေလးရဲ့အိမ္ေထာင္ဖက္ဆရာဝန္ေလးကတစ္ကယ္ေကာင္းတာပါဗ်ာ ရြာသားေတြကိုေဆးကုတာမွာလည္းစိတ္ရွည္တယ္ စိတ္ထားကလည္းေကာင္းရုပ္ကလည္းေခ်ာ ဘာမွကိုအျပစ္ေျပာစရာမရိွတာပါဗ်ာ အစ္ကိုေလးအိမ္ေထာင္က်တာကံေကာင္းတယ္ေျပာရမယ္ ေယာက်္ားႏွစ္ေယာက္ဆိုေပမယ့္ေပါ့ေလ"

အလုပ္သမား ၁: "တိုးတိုးေျပာစမ္းပါ အစ္ကိုေလးၾကားသြားမွ"

"ေအးပါကြ"

ထိုလူႏွစ္ၪီးေျပာေနသံကိုေသခ်ာၾကားေနရပါသည္။

ကိုယ့္ခင္ပြန္းေလးကိုခ်ီးမြန္းေနတာၾကားရေတာ့လည္းကိုယ္ပါမေနႏိုင္လိုက္ၿပံဳးမိပါရဲ့ ခင္ဗ်ားတို႔ေျပာတာထက္ကိုကြၽန္ေတာ့္အိမ္ေထာင္ေရးကပိုၿပီးေတာ့ေတာင္ကံေကာင္းေသးတာဗ်ား ဘာ့လို႔ဆိုကြၽန္ေတာ့္ရဲ့အိမ္ေထာင္ဖက္ကေရွာင္းက်န္႔ဆိုတဲ့လူသားေလးျဖစ္ေနလို႔ပဲ

.............................................................

ေန့လည္ေန့ခင္းေရာက္ေတာ့ေရွာင္းက်န႔္နဲ႔ဝူခ်န္းတို႔အိမ္ကိုထမင္းစားဖို႔ျပန္လာၾကတယ္ အိမ္ေရာက္ေတာ့ေမေမကိုပဲေတြ့တယ္ ေဖေဖကေတာ့ဒီအခ်ိန္ဆိုရင္စိုက္ခင္းမွာစားေနေရာေပါ့ ဒါဆိုဟိုလူကေရာ...

ေရွာင္းက်န႔္အေပၚထပ္ကသူတို႔အခန္းကိုတက္ၾကၫ့္လိုက္ေတာ့ရိေပၚကိုမေတြ့ ဒါနဲ႔ေအာက္ျပန္ဆင္းၿပီးေရခ်ိဳးခန္းအိမ္သာလိုက္ရွာေနတယ္

ဝမ္အေမကထမင္းပြဲျပင္ေနတုန္းမို႔ေရွာင္းက်န႔္ဘာလုပ္ေနမွန္းမသိလိုက္ဘူး ရိေပၚကိုမေတြ့ေတာ့ထမင္းစားခန္းထဲဝင္လာၿပီးဝမ္အေမကိုေမးေတာ့သည္။

"ေမေမ့"

"ရွင္"

"ကိုကိုဘယ္သြားတာလဲ ရွာေနတာႏွံ႔ေနၿပီမေတြ့လို႔"

"ေၾသာ္ ဝမ္ေလးကစိုက္ခင္းဘက္ခဏသြားတယ္ ေျခေထာက္နာေနမွာေၾကာင့္မသြားပါနဲ႔ေျပာတာေတာင္မရပါဘူးကြယ္"

စိုက္ခင္းကိုသြားတယ္ သူ႔ဒဏ္ရာကအရွင္းေပ်ာက္ေသးတာလည္းမဟုတ္ဘဲနဲ႔ အလုပ္မလုပ္ရလို႔မေသဘူးအနာထဲပိုးထပ္ဝင္ခါမွေသမယ္ မျဖစ္ေသးပါဘူးလိုက္သြားအံုးမွပဲ

"ေမေမ ဒါဆိုသားလိုက္သြားလိုက္အံုးမယ္ေနာ္"

"ဟဲ့ ဟဲ့ ေနအံုးေလ ေၾသာ္...ထမင္းေတာင္စားမသြားျပန္ဘူးတစ္ေယာက္ကလည္း ဟင္း..."

ဝူခ်န္းကေတာ့ထမင္းဝိုင္းမွာဝင္ထိုင္ၿပီးစားစရာရိွတာသာစားေနလိုက္ေတာ့သည္။

သူ႔သူငယ္ခ်င္းအေၾကာင္းသိတာေပါ့ အလကား ပါးစပ္ကသာမခ်စ္ဘူး မခ်စ္ဘူးနဲ႔ကိုကိုလို႔ေခၚၿပီးစိတ္ပူလို႔လိုက္သြားတာမ်ားလွစ္ခနဲပဲ ငါကေတာ့မလိုက္ႏိုင္ဘူးစားစရာရိွတာေတာ့စားရမွာပဲ ထမင္းစားမွဗိုက္ဝမွာ  ခ်စ္ေနလို႔ဗိုက္မဝဘူး။

ေရွာင္းက်န႔္စိုက္ခင္းကိုေရာက္ေတာ့ အလုပ္လုပ္ေနၾကတဲ့အလုပ္သမားေတြကၿပံဳးျပႏႈတ္ဆက္ၾကတယ္။ မိုးေရာက္ေတာ့မွာေၾကာင့္အခုတည္းကေျမဆြကာစိုက္ပ်ိဳးေနၾကၿပီျဖစ္သည္။ ေျခေထာက္မွာပတ္တီးအေဖြးသားနဲ႔ရိေပၚကေတာ့စိုက္ခင္းတစ္ေနရာမွာေရွာင္းက်န႔္ကိုေက်ာေပးလ်က္လူႏွစ္ေယာက္ကိုဘာေတြေျပာေနလဲမသိဘူး။

ေရွာင္းက်န႔္လည္းအနားကိုသြားလိုက္ေတာ့ ထိုလူႏွစ္ေယာက္ကသူ႔ကိုၾကၫ့္ၿပီးၿပံဳးျပႏႈတ္ဆက္ကာထြက္သြားေလသည္။

"ခင္ဗ်ားေတာ္ေတာ္ေခါင္းမာတဲ့လူပဲ"

"ဟင္ ေရွာင္းက်န႔္!"

"ဟုတ္တယ္ ခင္ဗ်ားကိုေျပာမထားဘူးလားဘယ္မွမသြားဘဲအိမ္မွာပဲေနပါလို႔ ခင္ဗ်ားဟာေလကြၽန္ေတာ့္စကားဆိုဖင္ၾကားထဲေတာင္မၫွပ္ဘူး ဒီကစိတ္ပူလို႔ေျပာတဲ့ဟာကို"

အေရ႔ွမွာဆူေနတဲ့သူရဲ့မူပိုင္ဆရာဝန္ေလးကိုလက္ပိုက္ကာၿပံဳးၿပံဳးေလးၾကၫ့္ေနလိုက္တယ္။ စိတ္ပူလို႔တဲ့လား ကိုယ္ေပ်ာ္လိုက္တာေရွာင္းက်န႔္ရာ

"ကိုယ့္ကိုစိတ္ပူလို႔!"

"အင္းေလ စိတ္ပူတာေပါ့အနာကသက္သာၿပီဆိုေပမယ့္သြားရလာရတာအဆင္မေျပေသးဘူးမလား အဲ့ဒါကိုခင္ဗ်ားကစိုက္ခင္းကိုသြားျဖစ္ေအာင္သြားလိုက္ေသးတယ္ ခင္ဗ်ားအလုပ္မလုပ္လည္းဘာမွမျဖစ္ပါဘူးအိမ္မွာပဲေအးေဆးေနစမ္းပါဗ်  အင့္"

ရိေပၚကရုတ္တရက္ဖက္လိုက္ေတာ့ေရွာင္းက်န႔္မွာေၾကာင္သြားတာေၾကာင့္ညိမ္ညိမ္ေလးရပ္ေနမိတယ္ ခဏၾကာမွေဘးမွာအလုပ္သမားေတြရိွေသးတာကိုသတိရၿပီးရိေပၚကိုအသာတြန္းလိုက္ကာမွလႊတ္ေပးေလသည္။
အလုပ္သမားေတြကလည္းလုပ္လက္စေတြကိုရပ္ကာသူတို႔ႏွစ္ေယာက္ကိုျပဴးၿပဲၾကၫ့္ေနၾကတယ္ မသိရင္ရုပ္ရွင္ရိုက္ေနလို႔ၾကၫ့္ေနတဲ့ပံုစံနဲ႔

"ေတာင္းပန္ပါတယ္ ကိုယ္ေပ်ာ္သြားလို႔ပါ"

"အမ္ အဟမ္း ရ ရပါတယ္"

ရွက္ေနတဲ့ေရွာင္းက်န႔္ကေတာ့ေခါင္းေတာင္ေဖာ္မလာေတာ့ တယ္လည္းရွက္တတ္တဲ့ဆရာဝန္ေလး ဖက္တာေလးကိုရွက္ေနတယ္။

ရိေပၚ ခုထိသူတို႔ကိုၾကည့္လို႔မဝၾကေသးတဲ့သူ႔အလုပ္သမားေတြဘက္ကိုခပ္တည္တည္ၾကၫ့္လိုက္ေတာ့မွ ကေယာင္ကတန္းနဲ႔သူတို႔အလုပ္သူတို႔ျပန္လုပ္ေနၾကေတာ့သည္။

"လာ ျပန္မယ္"

"ဟမ္!"

"မင္းပဲဒီမွာမေနေစခ်င္လို႔လာေခၚတာမလား ျပန္မယ္ေလ"

ေရွာင္းက်န႔္ရဲ့လက္ကိုဆြဲကာခပ္တည္တည္ပဲစိုက္ခင္းထဲကထြက္လာလိုက္သည္။

ဝမ္ရိေပၚႀကီးဒီေန့ဘာျဖစ္ေနတာမ်ားလဲ စကားေျပာတာႏူးညံ့ေနတာပဲ

"ကိုယ့္ကိုတစ္ကယ္စိတ္ပူတာလား"

"မပူဘူး  ကြၽန္ေတာ္အရမ္းအားေနလို႔ခင္ဗ်ားနဲ႔ရန္မျဖစ္ရေသးလို႔တမင္တကာလာေခၚတာ"

ေရွာင္းက်န႔္ဘုေဘာက္ေျပာၿပီးေရ႔ွကသြားေလသည္။

စိတ္ပူပါတယ္ဆိုစိတ္ပူတယ္ေပါ့ စိတ္ပူလို႔လား စိတ္ပူလို႔လားနဲ႔ခဏခဏေမးေနတယ္ ဘာျဖစ္ေနမွန္းကိုမသိဘူး အဲ့မွာကိုယ့္ဟာကိုေထာ့နဲ႔ေထာ့နဲ႔ နဲ႔လာေနလိုက္ ကူမတြဲေပးဘူး

"ေဟ့ ေနအံုးေလ လူနာကိုကူမတြဲေပးဘူးလား"

"ရွည္ၿပီးဘာ့လို႔သြားခ်င္ေသးလဲ ကိုယ့္ဟာကိုလာ"

"ဟာ ေဟ့ မင္းကအဲ့လိုလားအိမ္ေထာင္ဦးစီးကိုမေလးမစားမလုပ္ေကာင္းဘူးေနာ္"

"ဟြန႔္"

ေရွာင္းက်န႔္တမင္ျမန္ျမန္ေလ်ွာက္လိုက္တယ္။ ေတာ္ေတာ္ေဝးေဝးေရာက္လို႔အသံမၾကားလို႔လွၫ့္ၾကၫ့္ေတာ့ ခပ္လွမ္းလွမ္းမွာငုတ္တုတ္ထိုင္ေနတဲ့ရိေပၚ

"မလာဘဲ ဘာ့လို႔ထိုင္ေနတာလဲ ဘာလဲကြၽန္ေတာ္ပိုးေခၚရဖို႔လား"

"အဲ့လိုဆိုေကာင္းတာေပါ့ ခ်စ္ညီရယ္ ကိုကို႔ကိုပိုးမေခၚခ်င္ဘူးလား ကိုကို႔ေျခေထာက္နာလာလို႔ပါ"

ဘာ!!! ခ်စ္ညီ!!!! ဘာခ်စ္ညီလဲ ဘဂၤလားခ်စ္ညီလား

"ခင္ဗ်ားလာတုန္းကဘာနဲ႔လာလဲ"

"ဆိုင္ကယ္နဲ႔ေလ"

"အဲ့ဆိုင္ကယ္ကေရာ"

"စိုက္ခင္းမွာက်န္ခဲ့ၿပီ လာပါကိုကို႔ကိုကူတြဲေပးပါေနာ္ ေနာ္လို႔"

ေျပာေနပံုကမသိရင္အိပ္ယာေပၚကလက္ယက္ေခၚေနတဲ့ႂကြက္ရုပ္နဲ႔ မပိုးဘူးလံုးဝပဲ ႏိုင္လည္းမႏိုင္ပါဘူး

ေရွာင္းက်န႔္ေဘးကိုၾကၫ့္လိုက္ေတာ့ အသီးေတြကိုတင္တဲ့ဘီးတပ္လက္တြန္းလွည္းအေသးေလး

ေရွာင္းက်န္႔ရဲ့မ်က္ႏွာမွာအၿပံဳးပန္းတို႔ျဖစ္တည္လာတယ္။

ထို႔ေနာက္မွာေတာ့ဝမ္ရိေပၚမွာမ်က္ႏွာဆူပုတ္ပုတ္နဲ႔လက္တြန္းလွည္းထဲတြင္ထိုင္ေနၿပီးေရွာင္းက်န႔္ကေတာ့ၿပံဳးၿပံဳးႀကီးတြန္းကာရြာထဲသို႔ သြားေလေတာ့သည္။
ရြာထဲကသူတို႔ႏွစ္ေယာက္ကိုျမင္တဲ့လူေတြကေတာ့ၿပံဳးစိစိနဲ႔ျဖစ္ေနၾကတယ္။ သူတို႔ႏွစ္ေယာက္ျဖစ္ေနပံုကကေလးေတြတစ္ေယာက္တစ္လွၫ့္စီတြန္းေပးျခင္းကစားေနတဲ့ပံုေပၚေနတယ္။

ကုန္းပိုးခံခ်င္လို႔ဉာဏ္ဆင္ကာမွ လက္တြန္းလွည္းထဲထၫ့္တြန္းခံေနရတယ္ ေသာက္က်ိဳးနည္း ဘယ္လိုေတာင္ကေလးကလားႏိုင္လိုက္သလဲ






..............

Continua a leggere

Ti piacerร  anche

574K 12.9K 40
In wich a one night stand turns out to be a lot more than that.
675K 33.4K 24
โ†ณ โ [ ILLUSION ] โž โ” yandere hazbin hotel x fem! reader โ” yandere helluva boss x fem! reader โ”• ๐ˆ๐ง ๐ฐ๐ก๐ข๐œ๐ก, a powerful d...
1.1M 44.4K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
242K 6K 52
โŽฏโŽฏโŽฏโŽฏโŽฏโŽฏโŽฏ เชœโ€โžด ๐…๐„๐„๐‹๐’ ๐‹๐ˆ๐Š๐„ .แŸ โ› & i need you sometimes, we'll be alright. โœ IN WHICH; kate martin's crush on the basketball photographer is...