Embracing him is like breathi...
By Ti__Shu
732K 60.5K 1.9K
• Omegaverse • သူ့ကိုထွေးပွေ့ရတာ အသက်ရှူနေရသလိုပဲ။ ရပ်တန့်ပစ်လို့မရဘူး။ သူ့ကိုထွေးပွေ့ထားရတာ အသက်ရှူနေရသလိ... More
Unofficial Guide to the Omegaverse
My Omega - 1
My Omega - 2
My Omega - 3
My Omega - 4
My Omega - 5
My Omega - 6
My Omega - 7
My Omega - 9
My Omega - 10
My Omega - 11
My Omega - 12
My Omega - 13
My Omega - 14
My Omega - 15
My Omega - 16
My Omega - 17
My Omega - 18
My Omega - 19
My Omega - 20
My Omega - 21
My Omega - 22
My Omega - 23
My Omega - 24
My Omega - 25
My Omega - 26
My Omega - 27
My Omega - 28
My Omega - 29
My Omega - 30
My Omega - 31
My Omega - 32
My Omega - 33
My Omega - 34
My Omega - 35
My Omega - 36
My Omega - 37
My Omega - 38
My Omega - 39
My Omega - 40
My Omega - 41
My Omega - 42
My Omega - 43
My Omega - 44
My Omega - 45
My Omega - 46
My Omega - 47
My Omega - 48
My Omega - 49
My Omega - 50
My Omega - 51
My Omega - 52
My Omega - 53
My Omega - 54
My Omega - 55
My Omega - 56
My Omega - 57
My Omega - 58
My Omega - 59
My Omega - 60
My Omega - 61
My Omega - 62
My Omega - 63
My Omega - 64
Bachelor Night
Wedding D-Day
The Most Precious Moment in Life
Quarantine Special - Extra
Tell me your wish | Extra
7 Again - Sai [ Extra ]
7 Again - Sitt [ Extra ]
Mini-skirt - [ Extra ]
Farewell ...
Honey Moon : Special 1
Honey Moon : Special 2
Honey Moon : Special 3
Honey Moon : Special 4
Honey Moon : Special 5
Honey Moon : Special (End)
New Fic !!
My Omega - 8
12.9K 1.2K 27
By Ti__Shu
- ZawGyi-
၁လခန့်ကြာသော် ~
" sorry ဆရာ မတော်လို့.."
"နင်ဒါဘာလုပ်တာလဲ.. "
"ဘာလုပ်လို့လဲဗျ.. "
"အဟမ်း... "
"လူကြီး ဘယ်လိုလဲ"
"မဆိုးပါဘူး..."
တီ... တီ... တီ
"ဟဲလို... "
"ဒါဘဲမဟုတ်လား..."
"ဘယ်နေရာလဲဝေးလား"
"အင်းလိုက်ခဲ့ပေး.. "
"အင်း.. သဘော.."
✦ ✦ ✦
- Unicode -
၁လခန့်ကြာသော် ~
ဘာလိုလိုနှင့် စိုင်းနှင့်အတူတွဲပြီး အလုပ်လုပ်တာတာ ၁လတောင်ရှိပြီ။ ကုမ္ပဏီတစ်ခုလုံးကို တနေရာရာလစ်ဟင်းသည်မရှိအောင် မျက်စိဒေါက်ထောက်ပြီးလိုက်ကြည့်နေတတ်သည်။ ထို့အပြင်လွှာနှင့်အလုပ်များခွဲဝေယူကာ တချို့သောကုမ္ပဏီပြင်ပကိစ္စများကို စစ်ကပဲတာဝန်ယူပြီး အစအဆုံးလုပ်ပေးတာကြောင့် အရင်ကလိုအလုပ်ဝန်ပိမနေတော့။
စိုင်းဘေးနားမှာ အချိန်ပြည့်ရှိနေသည့်အပြင် အလုပ်အသွားအပြန် စိုင်းနှင့်အတူတွဲသွားတွဲလားလုပ်နေသော စစ်ကို စတွေ့ထဲကမျက်စိကလောလောက်အောင် စိုင်းကိုအလှတွေပစ်ပစ်ကျွေးနေတဲ့အမျိုးသမီး ကကြည့်မရ၊ သူတို့နှစ်ယောက်ကလည်း တွေ့လိုက်ရင် မျက်စောင်းဆိုတာကြီးပဲ။
အခုလဲ လျှောက်လမ်းအကျယ်ကြီးမှာ စိုင်းနဲ့စစ် ပုခုံးချင်းယှဉ်ပြီး meeting ခန်းမသို့အလာ စစ်ကိုဝင်မတိုက်ဘဲ၊ အနောက်နားမှာဖုန်းပြောရင်းလမ်းလျှောက်လာတဲ့စိုင်းကိုတကူးတကဝင်တိုက်လိုက်သေးသည်။
" sorry ဆရာ မတော်လို့.."
စိုင်းကရတယ်ဟုသောအမူအရာဖြင့် လက်ကာပြကာ ဖုန်းဆက်ပြေလေသည်။ ဒါကိုသူမ မကျေနပ်နိုင်ပေ။ မလုံ့တလုံအဝတ်အစားများဝတ်ကာ စူးရှလှသောရေမွှေးပုလင်းမှောက်ကျထားသဖွယ် တကိုယ်လုံးရေမွှေးနံ့တွေကလဲထောင်းထောင်းထနေပြီး မသိလျှင်ကိုရီးယားကားတွေထဲကလို မင်းသမီးချောခနဲဖြစ်သွားရင် မင်းသားကလှမ်းဖမ်းလိုက်လိုက်မည်အထင်နဲ့ နောက်တစ်ကြိမ်ပစ်လှဲချလိုက်ပေသည်။
ကံဆိုးချင်တော့ စိုင်းဖုန်းပြောနေရင်း ဘုမသိဘမသိ သူမကိုယ်ယ်နှင့်ဝေးရာကို ခြေနောက်တစ်လှမ်းဆုတ်လိုက်သည်။ လဲကျလာသော သူမအားစစ်ကခပ်တည်တည်နှင့် ကုတ်အင်္ကျီကော်လံစကိုနောက်ကနေဆွဲမလိုက်သည်။ လဲကျခါနီးနောက်ကနေ ဟန်ချက်မပျက်အောင်ထိန်းလိုက်ပေးလိုက်သည့်သဘောပင်။ ရုပ်ရှင်တွေကလိုလဲကျလျှင် မင်းသားကထူပေးမည်အမှတ်နှင့် ပစ်လဲကျသောဗျူဟာကြီးကလဲ ပျက်စီးသွားခဲ့သည်။
စိုင်းကဖုန်းပြောနေရင်း စစ်ဘာလုပ်လဲဆိုတာကို အစအဆုံးတွေ့တော့ ရယ်ကျဲကျဲဖြင့်သူမကိုကြည့်ကာ ထွက်သွားလေသည်။ ရှက်ကလဲရှက် ဒေါသကလဲထွက်ပြီးမသွားသေးဘဲရပ်နေတဲ့ စစ်ရဲ့လက်ကိုဆွဲကာ စိုင်းရဲ့ရုံးခန်းနှင့်ဝေးရာကိုခေါ်ထုတ်လာသည်။
"နင်ဒါဘာလုပ်တာလဲ.. "
"ဘာလုပ်လို့လဲဗျ.. "
"နင်ငါ့အင်္ကျီကော်လံကိုဘာကိစ္စဆွဲတာလဲ"
"အော်ဒါလား အမရှေ့ကိုမှောက်လျက်ကြီးကျသွားမှာစိုးလို့ ဆွဲလိုက်တာလေဗျာ"
"ငါ့ဟာငါမှောက်လျက်ကျကျ ပက်လက်ကျကျနင့်အလုပ်မဟုတ်ဘူး ကိုယ့်ကိစ္စကိုယ်ဘဲခေါင်းထဲထည့်ထားစမ်းပါ omega ကောင်ကများ"
"တကယ်က half-omega ပါဗျ၊ ကျွန်တော့်ဘဝတစ်လျှောက်လုံး alpha လိုနေခဲ့တာလေ စကားပြောနေရင်း ဗြုန်းစားကြိး omega ဖြစိတဲ့အကြောင်းထည့်ပြောရတာတုန်း"
"ပြောရမယ် ... နင်တို့ omega ကောင်တွေက မြူစွယ်သိမ်းသွင်းဖို့လောက်ပဲသိတဲ့ဟာတွေ"
"ဟောဗျာ ... ဒီအကြောင်းကို စကားထဲအရေးတယူထည့်ထည့်ပြောနေတယ် ဘာဖြစ်လို့လဲအမတို့ alpha တွေကကျွန်တော်တို့လို ... alpha တွေကိုဆွဲဆောင်လို့မရလို့လား ..? ဒါမှမဟုတ် ကလေးမရနိုင်လို့လား..?
"တောက်... နင်... နင်ဘာစကားပြောတာလဲ"
စစ်ခံပြောလိုက်တဲ့စကားကိုနာလုံးတက်ပြီး စစ်ကိုရိုက်ဖို့ လက်ရွယ်ကာရှေ့တိုးလိုက်ပေမဲ့ အောက်ကကြမ်းခင်းမညီတာကိုသတိမထားမိတော့ ခလုတ်တိုက်ပြီးမှောက်လျက်လဲကျပါလေကော။ ဒါတောင်ပိုးမသေသေး စစ်ကိုမျက်ထောင့်နီကြီးနဲ့ကြည့်နေဆဲ။ စစ်ကခပ်အေးအေးရယ်လျက်
"လဲကျရင်ပြန်ထအမရေ ဘဝကရုပ်ရှင်ကမဟုတ်သလို မြေကြီးကလဲအမလင်ကြီးမဟုတ်ဘူး၊ ဒီနားမှာလဲအမကို လာထူမဲ့သူမရှိဘူး။"
"မင်း... မိုက်ရိုင်းလိုက်တဲ့ omega ကောင် နင်ကများငါ့ကိုရာရာစစ ရတယ်ကိုစိုင်းကို နင်အတင်းအဓမ္မပြုကျင့်ပါတယ်ဆိုပြီးပြောပစ်မယ်၊ မိန်းကလေးတစ်ယောက်ကို ဒီလိုနိုင်ထက်စီးနင်းလုပ်လို့ရမယ်ထင်နေလားဟင်..."
"မထင်ပါဘူးဗျာ အမပြောတာကိုလဲလူကြီးယုံပါစေအုံး၊ နောက်ပြီးပြောဖို့မေ့နေတာ ဟိုးမှာတွေ့လား"
စစ်ကနံရံထောင့်တစ်နေရာလေးမှာ ကပ်ထားတဲ့ကင်မရာအသေးစားလေးကိုညွှန်ပြလိုက်တယ်။
"အမ ရုပ်ကောအသံကောပါဖမ်းတဲ့ကင်မရာအသေးစားလေး ဒီအခန်းထဲကိုစဝင်လာတဲ့အမရဲ့ပုံရိပ်တွေကအစပြုလို့ တမင်သတ်သတ်ကြီးလှဲချပစ်လိုက်တာတွေ အမပါးစပ်ကထွက်သမျှစကားလုံးတိုင်းကို ဒီစက်လေးနဲ့ဖမ်းယူထားပြီး စက်ကလေးကနေတစ်ဆင့် ဖမ်းယူထားတဲ့အမရဲ့ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို တိုက်ရိုက်ကြည့်နေတာကတော့ Solar Eclipse ရဲ့ CEO ကိုစိုင်းကမ္ဘာပါ... လက်ပြပြီးနှုတ်ဆက်လိုက်ပါဦး"
စစ်က ကင်မရာဘက်ကိုလှည့်ကာ စိုင်းကိုလက်ပြလိုက်ပြီး ဘယ်လိုလဲဆိုတဲ့အကြည်ဖြင့်မေးငေ့ပြလိုက်သည်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှ အဖြစ်အပျက်အစအဆုံးကို ကြည့်နေတဲ့စိုင်းကတော့ ခပ်ဟဟ ရယ်မောလျက် ..
ရုံးခန်းထဲဝင်လာထဲက ပြုံးဖြီးဖြီးနဲ့ laptop ကိုကြည့်နေတဲ့စိုင်းကြောင့် လွှာလဲ အစကဝင်သွားရင်ကောင်းမလား လှည့်ပြန်ရင်ကောင်းမလားစဉ်းစားနေသေးသည်။ အချိန်ကောင်းကိုဝင်နှောင့်ယှက်ရင် အဟောက်ခံရမယ်မဟုတ်လား။ ဒါကြောင့်အလိုက်တသိဘဲလက်မှတ်ထိုးရမဲ့စာရင်းတွေကိုအသာပိုက်ကာ အခန်းတံခါးလေးပြန်စိပြီးထွက်သွားတော့သည်။ meeting ခန်းထဲရောက်မှပဲ လက်မှတ်ဆက်ထိုးခိုင်းတော့မည်။
တစ်ဖက်မှာလဲ drama တွေခင်း အပိုတွေလုပ်တေတဲ့အကယ်ဒမီများရှင်ကြမ်းပြင် သခင်မကြီးကိုလျစ်လျူရှုကာ စိုင်းရဲ့ရုံးခန်းဆီကိုဘဲပြန်လာခဲ့သည်။ နောက်မှာကျန်ခဲ့တဲ့အမျိုးသမီးကတော့ ထိုနေရာမှာတင်ငူငူငိုင်ငိုင်ထိုင်လျက် သူမအလုပ်ပြုတ်တော့မည့်အရေးတွေးတာ ရင်ထုနေတော့သည်။
စစ်ကရုံးခန်းနားရောက်တော့ မဝင်သေးဘဲတံခါးလေးအသာဟပြီး စိုင်းရဲ့အခြေအနေကိုအကဲခတ်ကြည့်တော့ ခုထိ laptop ကိုကြည့်နေတုန်းဘဲ ပြုံးစိစိနဲ့ တစ်ခုခုကိုကျေနပ်နေတဲ့ပုံ ပြီးတော့ထိုင်နေရာကနေထပြီး ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နဲ့လမ်းထလျှောက်နေပြန်သည်။ စပ်ဖြီးဖြီးနဲ့ သူငယ်ပြန်သွားမှာကိုတောင်စိုးရိမ်ရပါတယ်။ စစ်လဲချောင်းကြည့်မနေတော့ဘဲ တံခါးကိုအသာဖွင့်ကာ ရယ်ချင်စိတ်ကိုထိန်းလျက် ရုံးခန်းထဲဝင်လိုက် သွားသည်။
"အဟမ်း... "
စစ်အသံကြားတော့ စိုင်းကထိုင်ခံပေါ်မှာပြန်ထိုင်လိုက်ပြီး လူကြီးလူကောင်းဆိုဒ်ပြန်ဖမ်းကာ
"လူကြီး ဘယ်လိုလဲ"
"မဆိုးပါဘူး..."
ခုနကစပ်ဖြီးဖြီးလုပ်နေတဲ့သူက စစ်ကိုလဲမြင်ကောချက်ချင်းရုပ်တည်သွားပြီး မသိရင်မခုတ်တတ်တဲ့ကြောင်ဇိုးကြီးကျနေတာပဲ။ စကားပြောတာကလဲခပ်တည်တည် စစ်ကလဲရွဲ့ချင်တာနဲ့ဆက်မမေးတော့ စကားဆက်ပြောနေရင် ဒီရေခဲတုံးကအရည်ပျော်ချင်မှပျော်ကျမှာလေ လေကုန်တာဘဲအဖတ်တယ်။ ဒါကြောင့် သူ့ထိုင်ခုံမှာဘဲသွားထိုင်နေလိုက်သည်။
ရုံးဆင်းချိန်ရောက်တော့ အကိုတော်ဘစိုင်းက အပြင်ထွက်ပြီးဆိုင်တစ်ဆိုင်မှာစားမယ်ဆိုတော့ စစ်တားရသည်။ အခြားတစ်နေရာမှာသွားစားတာထက်စာရင် Hotel မှာဘဲစားတာကပိုပြီးကောင်းကြောင့် ကိုယ့်စားဖိုမှူးနဲ့ကိုယ်ဆိုတော့ စိတ်ချရကြောင်းနားချတော့မှ အပြင်ထွက်မစားတော့ဘဲ Hotel မှာဘဲစားဖို့သဘောတူတော့တယ်။
တီ... တီ... တီ
ညစာစားနေရင်းကဘဲ ဖုန်းကဝင်လာသည်။ စိုင်းကတော်ရုံဖုန်းဆိုချပစ်ပေမဲ့အခုဝင်လာတဲ့ဖုန်းက သူ့အမကြယ်ပန်းချီဆီကာဖုန်း ချပစ်ရင်တွတ်ကထိုးအုံးမည်ဖြစ်သည်။ ဒါကြောင့်စစ်ကိုထမင်းဆက်စားနေဖို့ပြောပြီး ဖုန်းပြောဖို့ထွက်လာခဲ့သည်။
"ဟဲလို... "
"ဘာဟဲလိုလဲ ငါခေါ်တာဖြင့်ကြာလှပြီချက်ချင်းကိုင်ပါ့လား သေရေးရှင်ရေးကိစ္စဆိုဘယ်လိုလုပ်မလဲ"
"ဟာဗျာ မမကလဲကျွန်တော်ထမင်းစားနေတာလေဗျာ ဘယ်လိုလုပ်ချက်ချင်းကိုင်နိုင်မှာလဲ"
"ပြောလိုက်ရင်ဆင်ခြေကြီးဘဲ ငါပြောမယ်နားထောင်မနက်ဖြန်ကျရင် ငါဝယ်ထားတဲ့မြေကွက်မှာ resort အသစ်ဆောက်နေတာရှိတယ် site ထဲနင်သွားကြည့်ပေးစမ်းပါ"
"ဟာမမကလဲ မမရဲ့ဝန်ထမ်းတွေကတစ်ယောက်ကိုလွှတ်လိုက်ပေါ့ဗျာ ဘာလို့ကျွန်တော်ကသွားရမှာလဲ ပြီးတော့ကျွန်တော်က CEO ဗျ မမခိုင်းတိုင်းလုပ်မဲ့ သူငယ်နှပ်စားမဟုတ်ဘူး"
"စိုင်းကမ္ဘာနင်ငါ့ကိုဘယ်လိုပြောလိုက်တယ် ငါနိုင်ငံခြားရောက်နေလို့နင့်ကိုအကူအညီတောင်းတာလေ စကားကြီးစကားကျယ်ကစပြီ ရာထူးလေးပိုက်ဆံလေးမရှိလိုက်နဲ့ ဖင်ခေါင်းကကျယ်ပြီ"
"သွားမယ် သွားမယ်ဟုတ်ပြီလား နားကိုညီးနေတာပဲ ပြော ... ဘယ်နေရာလဲ"
" ငါ location ပို့လိုက်မယ် မနက် ၉ခွဲအရောက်သွား "
"ဒါဘဲမဟုတ်လား..."
"ဒါဘဲဟေ့ နင်နဲ့စကားပြောရတာအကုသိုလ်ကိုများတယ် ငါဖုန်းချပြီ"
ပြန်တောင်မပြောလိုက်ရ ကြယ်ပန်းချီ၏ဆုတောင်းသံများနှင့်အတူ တီကနေဖုန်းကျသွားခဲ့သည်။ စိုင်းကတော့ ကြယ့်ကိုမကျေနပ်သေး ပြန်လာမလေ့စေအုံး ပြန်လာမှ တွေ့မယ် ဟူ၍စိတ်ထဲကြိမ်းဝါးလျက် စစ်ထမင်းစားနေတဲ့ဝိုင်းကိုပြန်လာခဲ့သည်။
"မနက်ဖြန်ကျရင် ကိုတို့သွားရမဲ့နေရာတစ်ခုရှိတယ် ခုနကဘဲကိုယ့်အမဖုန်းဆက်တယ် site ထဲသွားကြည့်ရမယ်တဲ့"
"ဘယ်နေရာလဲဝေးလား"
ကြယ်ပန်းချီပို့လိုက်တဲ့ location file လေးဖွင့်ပြလိုက်တော့
"အင်း သိပ်မဝေးဘူးဘဲအဆင်ပြေတယ် မနကိဖြန်လဲလူကြီးရဲ့  schedule ကနေ့လည်ပိုင်းမှာဘဲရှိတော့မနက်ပိုင်းသွားလို့ရတယ်"
"အင်း ကိုယ့်အမကလဲမနက်၉ခွဲအရောက်သွားခိုင်းတယ်"
"အဆင်ပြေတာဘဲ ကျွန်တော်လိုက်ခဲ့ရအုံးမလား"
"အင်းလိုက်ခဲ့ပေး.. "
"ဒါဆို မမလွှာကိုဖုန်းဆက်ပြီးအချိန်တစ်ချက်ညှိကြည့်ဦးမယ် အဆင်ပြေမှာပါ"
"အင်း.. သဘော.."
စစ်ကတော့ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေတုန်း စိုင်းလဲထမင်းစားလက်စကိုဆက်ပြီးစားနေလိုက်သည်။
- - -
May 5th, 2020
1:12 A.M
- - -
Continue Reading
You'll Also Like
634K 70.7K 48
Title : Last Kingdom (Myanmar Fiction) Author : Astabella_Non Category :BL,GL,Mature,Fantasy,Horror, Psychological thriller,Sci-Fi,action, Thriller...
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
9.6K 1.4K 11
240K 19K 26