My Gym Trainer Ep 13
"အင့္…ကုန္ပါၿပီ"
ေရခဲမုန္႔ေလးကိုင္ကာ လမ္းေလွ်ာက္ေနတဲ႔ေရွာင္းက်န္႔တစ္ေယာက္အေနာက္ကေန တစ္စုံတစ္ေယာက္ရဲ႕ ဝင္တိုက္ျခင္းကိုခံလိုက္ရေလေကာ ေရခဲမုန္႔ေလးက ေရွာင္းက်န္႔အက်ီမွာကပ္ရက္သားေလး။
ကုန္ပါျပီဟု ေရွာင္းက်န္႔ေတြးလိုက္မိတာ ေပသြားတဲ႔မိမိအက်ီကိုႏွေျမာလို႔မဟုတ္။ ဒီအက်ီက ဝယ္ထားတာ ၃ႏွစ္ေလာက္ေတာင္ရွိျပီလားမသိေသာ ေဟာင္းေနျပီျဖစ္တဲ႔အက်ီမုိ႔ ႏွေျမာစရာမရွိ။
ေရွာင္းက်န္႔ႏွေျမာတာက ေရခဲမုန္႔ကေလးကို။ ေရခဲမုန္႔က cone နဲ႔ထည့္ထားတာျဖစ္ကာ မိမိအက်ီမွာအကုန္ေပကုန္တာနဲ႔ ဘာမွ မစားလိုက္ရဘူး။ ဝမ္ရိေပၚမသိေအာင္ ခိုးစားပါတယ္ဆုိမွ။ ဂါး။
"ကၽြန္ေတာ္ေတာင္းပန္ပါတယ္ေနာ္ ကၽြန္ေတာ္ဖုန္းကိုငုံ႔ၾကည့္ေနလို႔မျမင္လိုက္လို႔ပါ"
မိမိအားဝင္တိုက္သူက ေတာင္းပန္လာသည္။ ေကာင္ေလးက ေခ်ာသားပဲဟ။
ဒါေပမယ့္ ဝမ္ရိေပၚကိုေတာ့ ဘယ္မွီပါ့မလဲေလ။
ကိုၾကီးရဲ႕ ေပၚတိေလးက ၃၁ ဘုံမွာ အေခ်ာဆုံး။
ရိေပၚဆိုတဲ႔အေတြးနဲ႔ကို လူက ျပံဳစိစိျဖစ္သြားရျပန္သည္။ ကိုၾကီးက ရိေပၚကိုဆိုအဲလိုရူးတာ။
"အင္း ရပါတယ္ ကိစၥမရွိပါဘူး"
"အက်ီမွာအမ်ားၾကီးေပသြားတာပဲ ခဏေလး ကၽြန္ေတာ့္မွာတစ္ရွူးပါတယ္"
ေကာင္ေလးက ေျပာေျပာဆိုဆိုနဲ႔သူ႔အိတ္ထဲက တစ္ရွူးကိုထုတ္ကာ လူကိုအတင္းေတြသုတ္ေပးေနျပန္တယ္။
"အဲဒါကဘာျဖစ္ေနတာလဲ"
ရုတ္တရက္ၾကားလိုက္ရတဲ႔အသံေၾကာင့္ ေရွာင္းက်န္႔
တုန္တက္သြားရသည္။
အဲဒါ .. အဲဒါ ဝမ္ရိေပၚအသံၾကီး။
"ေပၚတိ"
"ဗ်ာ"
"အာ မင္းကိုေခၚတာမဟုတ္ဖူးေလ"
"ေအာ္ အဟီး
အူေၾကာင္ေၾကာင္နဲ႔ ဝင္တိုက္တဲ႔ေကာင္ေလးက ဗ်ာလုိ႔ထူးေနေသး။ မင္းကိုေခၚေနတာမဟုတ္ဘူးေဟ့ ငါ့အေဖဝမ္ရိေပၚကိုေခၚတာ။
"ေရွာင္းက်န္႔"
လာျပီ လာျပီ တျခားအခ်ိန္သာ ကိုၾကီးဆုိျပီး ခၽြဲရင္ခၽြဲမယ္ စိတ္တုိေနရင္ေတာ့ ေရွာင္းက်န္႔ခ်င္းထပ္ေနေအာင္ေခၚတဲ႔ ကေလးဆုိးၾကီ။။
"ေပၚတိ ဘယ္ကဘယ္လိုေရာက္လာတာလဲ"
"ကိစၥရွိလို႔လာတာ ဒါကဘာျဖစ္ေနတာလဲ"
"ကိုၾကီးကို သူကဝင္တိုက္မိတာ အဲဒါ ကိုၾကီးအက်ီမွာ ေရခဲမုန္႔ေတြေပသြားလို႔သုတ္ေပးေနတာ"
"ဟုတ္ပါတယ္ဗ် အကို႔အက်ီကအျဖဴဆိုေတာ့ေလ အစြန္းေတြကေပ်ာက္မယ္မထင္ဘူး ကၽြန္ေတာ္အက်ီအသစ္တစ္ထည္ျပန္ဝယ္ေပးပါရေစ
အခုက ကၽြန္ေတာ္ခ်ိန္းထားတာေလးရွိေနလို႔ေလ အကို႔ဖုန္းနံပါတ္ေလးေပးခဲ႔ပါလား"
"မလိုဘူး"
"ဟိုဒီဘက္ကအကိုကိုေပးမွာမဟုတ္ဖူးေလ"
"သူ႔ကိုေပးစရာမလိုဘူးလို႔ေျပာေနတာ"
"ဟုတ္ဟုတ္ကဲ႔ .. ဒါနဲ႔အကိုကဘယ္သူလဲဟင္"
"ငါကသူ႔ရည္းစား မင္းကဘာျဖစ္ခ်င္လို႔လဲ"
"ဟိုေလ ငယ္ငယ္တုန္းကေတာ့ ဆရာဝန္ၾကီးျဖစ္ခ်င္တာပါ အခုေတာ့ ဘာမွမျဖစ္ခ်င္ေတာ့ပါဘူး သြားေတာ့မယ္ေနာ္ အဟီး"
ေရွာင္းက်န္႔မွာ ရယ္ခ်င္တဲ႔မ်က္ႏွာကိုထိန္းကာ အရူးကြက္နင္းျပီးထြက္သြားေသာ အႏွီေကာင္ေလးကိုၾကည့္ကာ ရယ္ရမလို ရိေပၚေျပာတဲ႔ သူ႔ရည္းစားဆိုတဲ႔စကားကိုရင္ခုန္ရမလိုနဲ႔ ေရွာင္းက်န္႔မွာ အီလည္လည္ၾကီး။
"ဟြန္း ကိုၾကီးတုိ႔မ်ား အရမ္းစံြတာေနာ္ အခုမွေတြ႔တဲ႔သူက ဖုန္းနံပါတ္ေတာင္းရတာနဲ႔ ဘာနဲ႔"
"အာ မဟုတ္ပါဘူး သူကသူ႔ေၾကာင့္ျဖစ္သြားလို႔ျပန္ေလ်ာ္ေပးမယ္ေျပာတာကို"
"ဘယ္လိုပဲျဖစ္ျဖစ္ ေနာက္ကိုဒါမ်ိဳးမျမင္ခ်င္ဘူးေနာ္ ဘယ္ေကာင့္ကိုမွလဲဖုန္းနံပါတ္ေပးဖို႔မစဥ္းစားနဲ႔ေနာ္"
"အင္းပါ ဒါနဲ႔အခုကလဲ ကိုၾကီးကိုသဝန္တုိတာပဲလားဟင္"
မဝ့ံမရဲေလး ေမးၾကည့္ေတာ့ ရိေပၚက အင္းလို႔ျပန္ေျဖတယ္။ ထပ္ျပီး အရဲစြန္႔ၾကည့္လိုက္ရမလား။ ေရွာင္းက်န္႔ ေခါင္းငုံ႔ျပီး ခပ္တိုးတိုးေမးၾကည့္မိသည္။ အၾကီးတန္မ႔ဲ အရွက္နည္းတယ္လို႔ထင္ရင္လဲထင္ပါေလ့ေစေတာ့ ဒီအရြယ္ေရာက္မွ ေရာင္းထြက္ခ်င္ေတာ့လဲ ေစ်းဗန္းေတာ့ခင္းရမွာပဲ။
"ဟိုေလ ဘာလို႔သဝန္တုိတာလဲဟင္"
"……"
ရိေပၚကျပန္မေျဖ။
ရိေပၚကျပန္မေျဖေတာ့ ေခါင္းျပန္ေမာ့ပီး ရိေပၚကိုၾကည့္မိေတာ့ ရိေပၚကတစ္ခုခုေျပာခ်င္ပုံပဲ။ အၾကည့္ေစးေစးေတြၾကားမွာ ေရွာင္က်န္႔ေရာ ရိေပၚေရာ မခြာႏိုင္ခဲ႔။ ရင္ထဲကခံစားခ်က္ေတြထုတ္ေျပာဖို႔ ဒါကအခ်ိန္ေကာင္းလား။ ေရွာင္းက်န္႔မသိဘူး။
ကိုယ္ကပဲ စေျပာလိုက္ရမလား။
ဟင့္အင္း ကိုယ့္ဘက္ကမူးမူးနဲ႔တစ္ခါထုတ္ေျပာခဲ႔ဖူးတာပဲမဟုတ္လား။ သူ႔ဘက္ကမွ မတုံ႔ျပန္လာခဲ႔တာ။
လြယ္ထားတဲ႔ေက်ာပိုးအိတ္ရဲ႕ၾကိဳးကိုအေၾကာင္းမဲ႔ ကုတ္ျခစ္ေနမိရင္း ရိေပၚဘက္က ေျပာလာမယ့္တစ္စုံတစ္ရာကို ေစာင့္ေမွ်ာ္ရတာ ေလ့က်င့္ခန္းမလုပ္ပဲ လူကေမာလာသလိုပဲ။
"အက်ီေတြေပေနတာအဆင္မေျပဘူး အသစ္သြားဝယ္ရေအာင္ လိုက္ခဲ႔"
ဟင္ .. အခုရိေပၚက ထြက္သြားတာလား။ ဒီေလာက္ထိ ေရလာေအာင္ ေျမာင္းေတြလဲေပးထားပါရက္။ ဝင္လာပါလို႔ တံခါးၾကီးဖြင့္ျပီး warmly welcome ဆိုတဲ႔ ဆုိင္းဘုတ္ၾကီးလဲ ခ်ိတ္ထားေပးပါရက္နဲ႔ေလ။
ရိေပၚနဲ႔ပက္သက္ရင္ ကိုယ့္ဘက္က ဘာမွမျပည့္စုံတဲ႔သူမုိ႔ ေမွ်ာ္လင့္ခ်က္သိပ္မထားဘူးဆုိေပမယ့္ … အခုတေလာ အရင္ထက္ ပိုၾကင္နာျပီး ကိုယ့္အနားကို ပိုကပ္လာတဲ႔ ရိေပၚအမူအရာေတြေၾကာင့္ ေရွာင္းက်န္႔ တိတ္တိတ္ေလးေတာ့ ေမွ်ာ္လင့္မိတာေပါ့။
ဒါေပမယ့္ ေရွာင္းက်န႔္ထင္ထားသလို ေရွာင္းက်န္႔စိတ္နဲ႔ ရိေပၚစိတ္က ထပ္တူမက်ခဲ႔ဘူးထင္ပါရဲ႕။ အေရွ႕ကထြက္သြားတဲ႔ ရိေပၚေနာက္ကိုအမွီလိုက္လာခဲ႔ေပမယ့္ ေရွာင္းက်န္႔ရဲ႕စိတ္ေတြကေတာ့ ေလးလံေနခဲ႔တာအမွန္ပါပဲ။
Xxxxxxxxxxxxx
ရိေပၚ ကုတင္ေပၚမွာ လွဲေနရင္း မ်က္ႏွာက်က္ကိုၾကည့္ကာ စိတ္ေတြေလလြင့္ေနမိသည္။ ဟိုတေန႔ညေနတုန္းက .. ဘာလိ႔ုသဝန္တိုတာလဲဆိုတဲ႔ ေရွာင္းက်န္႔အေမးကို ျပန္မေျဖခဲ႔မိ။ ရုတ္တရက္ၾကီးျဖစ္ေနတာေရာ .. ျပီးေတာ့ မိမိကိုယ္ကိုအဆင္သင့္မျဖစ္ေသးဘူးဟု ထင္မိတာေၾကာင့္ေရာ ရိေပၚ ျပန္မေျဖခဲ႔မိတာ။
အဲဒီရဲ႔အက်ိဳးရလဒ္ကေတာ့ ကိုၾကီးရဲ႕ေျပာင္းလဲမႈပဲ။ အဲဒီတညေနလုံးကိုၾကီးက ေဘးနားမွာရွိေပမယ့္ အရင္လိုမဟုတ္ေတာ့။ အျမဲတမ္းစကားမ်ားေနတဲ႔ ကိုၾကီးက ရိေပၚကို ေမးတစ္ခြန္း ေျဖတစ္ခြန္းေလာက္သာေျပာေတာ့သည္။
အရင္တုန္းက gym မွာ ကိုယ္ကသူ႔အနားကိုမကပ္ရင္ေတာင္ ေပၚတိေလးေရဆိုျပီး အနားကိုေရာက္ေရာက္လာသူက သူေဆာ့ခိုင္းတာေတြပဲေဆာ့ေနျပီး သူ႔အနားကိုေရာက္မလာေတာ့ဘူး။
ကိုယ္စကားေျပာရင္ေတာ့ ျပန္ေျပာပါရဲ႕ .. ဒါေပမယ့္ တကယ့္ကိုဝတ္ေၾကတန္းေၾကပဲ။ အဲဒီလိုေနတာၾကီးက ရိေပၚအတြက္ တကယ္အဆင္မေျပဘူး။
ကိုၾကီးရဲ႕ ဂရုစိုက္မႈေတြနဲ႔အသားက်ေနျပီးသားမုိ႔ ကိုၾကီး ဂရုမစိုက္တဲ႔အခါ မေနတတ္မထိုင္တတ္ေအာင္ျဖစ္ရတယ္။ ကိုၾကီး မ်က္ႏွာညွိဳးေနတဲ႔အခါ ရိေပၚလဲေနရတာအဆင္မေျပဘူး။
အဲဒါဆို ကိုၾကီးေပ်ာ္ေအာင္ ကိုၾကီးခင္းတဲ႔ေစ်းဗန္းကို ဝယ္လိုက္ရေအာင္ဆိုေတာ့လဲ … ရိေပၚ ဆုံးျဖတ္ခ်က္မခ်ႏိုင္ေသးဘူး။
ရိေပၚ အတၱၾကီးတယ္ပဲေခၚမလား အခုခ်ိန္ထိ ရိေပၚရဲ႕ ၂၂ ခ်က္ဆုိတာၾကီးကိုေတြးေနမိတာအမွန္။ ဝမ္ရိေပၚရဲ႕ ရည္းစားျဖစ္ဖို႔ ၂၂ ခ်က္နဲ႔ကိုက္ညီမွဆုိျပီး ေၾကြးေၾကာ္ခဲ႔သမွ် ထုိအခ်က္ေတြနဲ႔ တစ္ခုမွမကိုက္ညီတဲ႔ ေရွာင္းက်န္႔အေပၚမွ စိတ္ယိုင္မိေသာအခါ ရိေပၚအရမ္းေတြေဝေနတာအမွန္။
ကိုၾကီးရာ .. ခ်စ္တယ္ဆုိတာမေျပာပဲနဲ႔ အခုလိုေလးပဲ ကၽြန္ေတာ္တုိ႔ေနလို႔မရႏိုင္ဘူးလား။
~အဲဒါဆိုလဲ မင္းသူ႔ကိုလုိက္သဝန္တုိျပီး ခ်ဳပ္ခ်ယ္မေနနဲ႔ေလ~လို႔ ကိုယ့္ဘာသာဆုံးမေပမယ့္ အဲလိုက်ေတာ့လဲ မေနႏုိင္ျပန္ဘူး။ ကိုၾကီးနားမွာ ဘယ္ေယာက်ာ္း၊ ဘယ္မိန္းမကိုမွမျမင္ခ်င္ဘူး။
ကၽြန္ေတာ္ဘယ္လိုလုပ္ရမလဲ ကိုၾကီးရာ။ ကိုၾကီးကလဲ ဘာလို႔ အဲဒီ ၂၂ ခ်က္ကေန မတရားၾကီးကိုေသြဖယ္ေနရတာလဲ။
"အားးးး"
ရိေပၚအခန္းထဲမွာတစ္ေယာက္တည္းထေအာ္ေနေတာ့ အခန္းထဲကို အကိုျဖစ္သူကအလန္႔တၾကားဝင္လာသည္။
"ရိေပၚ ဘာျဖစ္တာတုန္း"
"ဘာမွမျဖစ္ဘူး ေအာ္ခ်င္လို႔ေအာ္တာ"
"ငါလုပ္လိုက္ရင္ေသေတာ့မယ္ အခ်ိန္ကိုၾကည့္အုံး ေသာက္ရူးထမေနနဲ႔ ပါးနဲ႔မားတုိ႔ကအိပ္ေနေလာက္ျပီ"
"ေကာ"
"ဘာလဲ"
"ဘာမွမဟုတ္ေတာ့ပါဘူး"
"ရိေပၚ တိတိ ဘာျဖစ္ေနတာလဲ"
"ကၽြန္ေတာ္လဲမသိေတာ့ပါဘူး ေကာရာ"
"ေရွာင္းက်န္႔ေၾကာင့္လား"
"ဟင္ ေကာကဘယ္လိုသိတာလဲ"
"အစတုန္းက ခြာထုတ္မရေအာင္ပူးကပ္ေနတဲ႔ႏွစ္ေယာက္က ဒီရက္ပိုင္းခပ္ခြာခြာျဖစ္ေနသလားလို႔ ငါသတိထားမိေနတာ ရန္ျဖစ္ထားတာလား"
"ရန္ေတာ့မျဖစ္ပါဘူး ဒီတုိင္းကိုၾကီးက ကၽြန္ေတာ့္ကိုနည္းနည္းေရွာင္ေနလို႔"
"ေရွာင္းက်န္႔ကမင္းကိုဘလိုင္းၾကီးေတာ့ ေရွာင္မွာမဟုတ္ပါဘူး မင္းတုိ႔ၾကားမွာ ျပႆနာတစ္ခုခုျဖစ္လို႔ေနမွာေပါ့"
"ေကာ နားလည္မွာမဟုတ္ပါဘူးဗ်ာ"
"ဟုတ္တယ္ ေကာနားမလည္ဘူး အထူးသျဖင့္ မင္းကိုပိုျပီးနားမလည္ဘူး မင္းတုိ႔တစ္ေယာက္ကိုတစ္ေယာက္ၾကိဳက္ေနတယ္ဆုိတာအသိသာၾကီးကို ဘာလို႔အခုထိမပြင့္လင္းၾကေသးတာလဲဆုိတာ ေကာနားမလည္ဘူး .. ဘာလဲ ေရွာင္းက်န္႔ကုိရည္းစားဆိုျပီး တြဲသြားရမွာ ရွက္ေနတာလား"
ေကာေျပာသလိုရွက္ေနတာလားဆိုေတာ့လဲမဟုတ္ျပန္။ သူနဲ႔ကၽြန္ေတာ္လက္တြဲပီးေတာင္ အျပင္သြားတာရွိေသးတာပဲ။ ဒါေပမယ့္ ဝန္ခံလိုက္ရမွာကို တြန္႔ဆုတ္ေနမိတာေလ။
"မေျဖခ်င္လဲထားပါ ဒါေပမယ့္ ရိေပၚ အခ်ိဳ႕ဟာေတြက အခ်ိန္လြန္သြားရင္ ဘာမွလုပ္မရေတာ့ဘူးေနာ္ ဆုံးရွံးသြားမွ ေနာင္တမရနဲ႔ ေကာသြားအိပ္ေတာ့မယ္ မနက္က် မားကိုေစ်းပို႔ရအုံးမွာ"
ေကာေျပာသလို ကၽြန္ေတာ္ ခင္ဗ်ားကိုတကယ္ပဲ ဆုံးရွုံးသြားႏုိင္လား ေရွာင္းက်န္႔။
Xxxxxxxxxxxxxxxxxxxx
"ရိေပၚ ဒီေန႔ က်န္႔ေကာ မလာဘူးလား"
ဟိုက္ခြမ္းေကာအျပင္သြားတာမုိ႔ ေကာင္တာထိုင္ေပးေနေသာ ရိေပၚနားကို ေဟာက္ရႊမ္းကေရာက္လာကာေမးသည္။
"အင္း ကိစၥတစ္ခုရွိလို႔မလာဘူးတဲ႔"
"ေအာ္ ဟုတ္သားပဲ ဒီေန႔ သူတုိ႔ေက်ာင္းက gathering ရွိတယ္ေျပာတယ္ ညေနပိုင္းက ဒင္နာ ျပီးရင္ club သြားၾကမွာတဲ႔ ငါ့ကိုေတာင္ေခၚထားေသးတယ္ ငါခဏေနသြားမလုိ႔"
"အင္း"
"ဘာျဖစ္ေနတာလဲ မင္းက…မဟုတ္မွလြဲေရာ ဟိုကိစၥ မင္းတုိ႔ျပႆနာတက္ထားတာလား"
"ဟမ္ ဘယ္ကိစၥလဲ"
"ေကာနဲ႔မင္းအေလာင္းအစားလုပ္ပီး သူ႔ကိုဝိတ္ခ်ေပးမယ္ဆုိတဲ႔ကိစၥေလ"
"ဘယ္လို ငါနားလည္ေအာင္ေျပာစမ္းပါ ေဟာက္ရႊမ္း"
"ဒီလိုကြာ မေန႔က မင္း Ray နဲ႔ခ်ိန္းထားလို႔ဆုိပီး နည္းနည္းေစာျပန္သြားတုန္းက ငါတုိ႔နဲ႔သူတုိ႔နဲ႔ စကားထုိင္ေျပာၾကရင္းနဲ႔ စန္႔က်င္ကေယာင္ျပီး အဲဒီအေလာင္းအစားလုပ္ထားတ႔ဲကိစၥေျပာမိသြားတယ္"
ေသျပီ ေသျပီဟု ရိေပၚစိတ္ထဲမွာ အခါတစ္ရာေျပာေနမိသည္။ အစတည္းက သူနဲ႔ေရွာင္းက်န္႔ရဲ႕ ဆက္ဆံေရးက အဖုအထစ္ေတြျဖစ္ေနပါတယ္ဆုိမွ ဒီအခ်ိန္က်မွ အဲဒီအေလာင္းအစားကိစၥပါသိသြားတယ္ဆိုေတာ့…
"ရိေပၚ ရိေပၚ ဟလို .."
"ဟင္ အင္း"
"ငါေမးေနတာ ၾကားလား အဲဒါ မင္းကို က်န္႔ေကာေမးေသးလားလို႔"
"ဟင့္အင္း ဘာမွမေျပာဘူး"
"ေအာ္ အဲဒါဆုိရင္ေတာ့ ဘာမွမျဖစ္လို႔ေနမွာပါ မေန႔ကလဲ သူက ဘာမွေတာ့မေျပာဘူး ျပံဳးေနတာပါပဲ"
မ်က္ႏွာကျပံဳးေနေပမယ့္ စိတ္အားငယ္တတ္တဲ႔ ငါ့ကိုၾကီးအေၾကာင္းကို မင္းကသိလို႔လားလို႔ ေဟာက္ရႊမ္းကုိ ျပန္မေမးလိုက္ပါ။ ေဟာက္ရႊမ္းသိမွာမွမဟုတ္တာ။
ကိုၾကီးအေၾကာင္းကို ကၽြန္ေတာ္အသိဆုံးေလ။ အဲလိုသိထားတာေတာင္မွ ကိုၾကီးကိုခံစားရေအာင္ ကၽြန္ေတာ္က ခဏခဏလုပ္မိေနတာပဲ။ ကၽြန္ေတာ္တကယ္မေကာင္းဘူး ကိုၾကီးရာ။ ကိုၾကီး ကၽြန္ေတာ့္ကိုမုန္းသြားမွာလား။
အဲလိုေတာ့အျဖစ္မခံႏိုင္ပါ။ ဘယ္လိုပဲေတာင္းပန္ရ ေတာင္းပန္ရ … ကၽြန္ေတာ့္ဘဝမွာ ကိုၾကီးမရွိလို႔မျဖစ္ေတာ့ဘူး။ အဲဒါကိုေတာ့ ကိုၾကီးသိမွျဖစ္မယ္။
"ေဟာက္ရႊမ္း မင္းကလပ္သြားရင္ ငါလဲလိုက္မယ္"
"ေအာ္ အင္းလိုက္ခဲ႔ေလ ယီြပင္းကိုသိတယ္မွတ္လား သူ႔ကလပ္မွာတဲ႔"
ယီြပင္းဆိုတာ ကၽြန္ေတာ္တုိ႔လို အထက္တန္းလႊာကသူေဌးသားတစ္ေယာက္ပဲျဖစ္ကာ ေက်ာင္းျပီးေတာ့ ကလပ္ဖြင့္ထားတာမို႔ ကၽြန္ေတာ္တို႔လဲ သြားဖူးၾကတာမုိ႔သိပါသည္။
"ေအး သြားၾကတာေပါ့ အခုပဲသြားရေအာင္"
"ဟ ေနပါအုံး ငါတစ္ေယာက္ train ေနတာမျပီးေသးဘူး ျပီးရင္သြားမယ္"
Xxxxxxxxxxxxxxxxxxxxxx
ကလပ္ေရာက္ေတာ့ ကိုၾကီးရွိမယ့္ဝိုင္းကိုအသည္းအသန္လိုက္ရွာေနရင္း ကုိၾကီးကို ဖုန္းေခၚေတာ့ ကိုၾကီးကမကိုင္။ အဲဒီအခ်ိန္မွာ လူကိုအေနာက္က လက္လာဆြဲသူက ယီြပင္း။
"ဝမ္ရိေပၚ မလာတာေတာင္ၾကာပီ ထူးထူးဆန္းဆန္းပါလား"
"ေအး ငါခ်ိန္းထားတာရွိလို႔"
"ရိေပၚ တခါတေလေရာက္တုန္းကြာ သီခ်င္းတစ္ပုဒ္ေလာက္ေပးစမ္းပါ ပလိစ္ ပလိစ္"
"အာ ငါဒီမွာအေရးၾကီးေနလို႔ပါကြာ မင္းကလဲ"
"လုပ္ပါ ၂ မိနစ္ ၃ မိနစ္ပဲၾကာမယ့္ဟာကို မင္းကလဲ"
ခါတိုင္းလဲ ဒီကိုေရာက္ရင္ တစ္ပုဒ္ေလာ္ကေတာ့ကေပးေနၾကျဖစ္ေနတာမုိ႔ ယီြပင္းက မကမခ်င္းေခၚေနမယ့္ပုံပဲ။
ရုတ္တရက္အေတြးထဲေရာက္လာတာက ရိေပၚ dancing floor မွာဆင္းကလိုက္ရင္ ကိုၾကီးဘယ္ေနရာမွာပဲရွိရွိ ရိေပၚကိုျမင္ႏိုင္မွာ၊ အဲဒါဆုိ ရိေပၚေရာက္ေနတာသူသိသြားမည့္ဆုိတဲ႔အေတြးနဲ႔ လက္ခံလုိက္ေတာ့တယ္။
သိပ္ေထြေထြထူထူးမစဥ္းစားေတာ့ပဲ ရိေပၚကေနၾက candy shop သီခ်င္းနဲ႔ပဲ ကေနလိုက္ေတာ့ .. အားေပးသူေတြကလဲ ထုံးစံအတုိင္း အံုးအုံးၾကြက္ၾကြက္ပဲ။ ကေနရင္းကေန ကိုၾကီးဘယ္ေနရာမွာမ်ားရွိေနမလဲလို႔ ေဝ့ဝဲျပီးၾကည့္ရေသးသည္။
သူငယ္ခ်င္းေတြနဲ႔ေသာက္ေနတုန္း dj မွ guest dance Wang Yibo ဆိုတာကိုၾကားလိုက္မိတာမုိ႔ dancing floor ကိုအၾကည့္ေရာက္သြားေတာ့ တကယ္ၾကီး ရိေပၚရယ္ေလ။ ရိေပၚကို crush မိကတည္းက သူကတဲ႔ဗိဒီယုိေတြ youtube မွာအကုန္ရွာျပီး ၾကည့္ဖူးေသာ္လည္း live ၾကည့္ရတာက ပိုျပီးေတာ့ေတာင္ ရင္ခုန္စရာေကာင္းေသးတယ္။
ဘက္စုံေတာ္တဲ႔ ကိုၾကီးရဲ႕ေပၚတိေလးဟာ ကသြားတာမ်ား ပါးစပ္ၾကီးဟျပီး ေငးၾကည့္ေနခ်င္စရာပဲ။ လက္လႈပ္တာ ေခါင္းလႈပ္တာအဆံုး body wave လုပ္သြားတာအစ အပိုအလိုမရွိ။ အဲလိုမိမိုက္ေနတဲ႔ ရိေပၚကို ၾကည့္ေနသူက ကိုယ္တင္မဟုတ္ပဲ ကလပ္တစ္ခုလုံးကလူအားလုံးပဲဆိုတာ သတိထားမိေတာ့ အျမင္ကတ္သြားျပန္သည္။
ေတာ္ေတာ္ေလးလဲ ေစ်းဗန္းခင္းႏိုင္တဲ႔ ဝမ္ရိေပၚ။ ဟြန္း သူ႔ေလာက္ေတာ့ ဒီကေရွာင္းက်န္႔လဲ ခင္းတတ္ပါေသးတယ္။ ရိေပၚမကခင္တည္းက ေရွာင္းက်န္႔က ဆင္းကဖို႔ စီစဥ္ထားျပီးသား။ ေရွာင္းက်န္႔ကလဲ လူကသာဝေပမယ့္ အထက္တန္းတုန္းက အကခ်န္ပီယံပဲေလ။ အခုလို ပိန္သြားေတာ့ ပိုေတာင္ကလို႔ေကာင္းေသးတာ။
ဝမ္ရိေပၚ ဝမ္ရိေပၚ။ ကထားနွင့္ဦးေပါ့ ငါေစ်းဗန္းခင္းေတာ့မွ မငိုနဲ႔။
Xxxxxxxxxxx
ယီြပင္းေတာင္းဆိုလို႔ သီခ်င္းတစ္ပုဒ္နဲ႔ကေပးအျပီးမွာ ေဟာက္ရႊမ္းက ေရွာင္းက်န္႔တို႔ရွိတဲ႔ဝိုုင္းသိျပီလုိ႔ လာဆြဲေခၚေတာ့ ရိေပၚ အျမန္လိုက္သြားခဲ႔ေပမယ့္ ကိုၾကီးကိုမေတြ႔ရပဲ က်ိရန္ေကာကိုသာေတ႔ြရသည္။
"က်ိရန္ေကာ ကိုၾကီးေရာ"
"အဟဲ ေရွာင္းက်န္႔က"
က်ိရန္ေကာစကားမွမဆုံးေသား နားထဲကို ခပ္က်ယ္က်ယ္ဝင္လာေသာ black pink ရဲ႕ let's kill this love သီခ်င္းသံခပ္က်ယ္က်ယ္ထြက္လာေလသည္။
"ရိေပၚ ေရွာင္းက်န္႔က ဟိုမွာ"
က်ိရန္ေကာ လက္ညွိဳးညႊန္ျပရာေနရာက dancing floor!
Wait … What … Oh My God ! ေရွာင္းက်န္႔က ကမွာ .. black pink သီခ်င္းနဲ႔ေလ။
ႏုံနုံအအၾကီးလုိ႔ လူတကာထင္ထားတဲ႔ ေရွာင္းက်န္႔က ေခသူမဟုတ္ေၾကာင္း dancing floor မွာ သက္ေသျပေနခဲ႔ျပီ။ သီခ်င္းရဲ႕စည္းခ်က္ခပ္ျမဴးျမဴးအတိုင္း body ကို အလိုက္သင့္လႈပ္ရွားကာ ကေနတာ သူ႔ကိုယ္သူ black pink က Lisa မ်ား မွတ္ေနေလသလား။
အမ်ိဳးသမီးထုၾကီး ဝန္းရံေနခ်က္ကလဲ ကိုၾကီးကိုေတာင္ မနည္းရွာေနရသည္။ ဒါမ်ိဳးေတာ့ သည္းမခံႏိုင္ဘူး။ ေအာက္ထပ္က dancing floor ဆီ ခပ္ျမန္ျမန္ဆင္းသြားကာ ကိုၾကီးကေနတာကို ဝင္ join မိခ်ိန္ .. လာေနတဲ႔ beat က .. chorous အပိုဒ္ျဖစ္ေနတာမုိ႔ ရိေပၚလဲ ဝင္ကလိုက္တာ … ေသနတ္ပစ္တဲ႔ဟန္ပန္ေလးနဲ႔။
ကိုၾကီးက ေၾကာင္သြားပုံရေသာ္လည္း ကေနတာေတာ့ရပ္မသြားပဲ ကၽြန္ေတာ့္ေဘးမွာ အလိုက္သင့္ ဆက္ကေနေလသည္။
(A.N – club သြားတဲ႔အခန္းေရးမယ္ဆိုေတာ့ ရိေပၚရဲ႕ candy shop အကနဲ႔ ေရွာင္းက်န္႔ကို let's kill this love နဲ႔ကခိုင္းမယ္ဆိုတာေတြးထားျပီးသားျဖစ္ေပမယ့္ ရိေပၚကို ေသနတ္ပစ္ျပီးဝင္ခိုင္းပါလို႔ ညီမေလးတစ္ေယာက္က အၾကံေပးတာေၾကာင့္ duet အကေလး စဥ္းစားျဖစ္သြားတယ္ .. ေပၚေပၚနဲ႔က်န္႔က်န္႔ေလးကို let's kill this love ကေနတာေလးျမင္ေယာင္ၾကည့္ပါလား ခ်စ္စရာေလးေနမွာ)
သီခ်င္းဆုံးေတာ့ အနည္းငယ္ေမာေနဟန္ရွိေသာ ကိုၾကီးလက္ကိုဆြဲျပီး စကားေျပာလုိ႔အဆင္ေျပမယ့္ toilet နားက စၾကၤန္လမ္းကိုေခၚလာခဲသည္။
"ေတာ္ေတာ္ေလးေပ်ာ္ေနတယ္ေပါ့ ဟုတ္လား ေကာင္မေလးေတြကိုဝိုင္းေနတာပဲေလ အဲလိုမ်ိဳးကေနတာကိုေပ်ာ္တယ္ေပါ့"
"ဟင္ ေပၚတိလဲကတာပဲေလ"
"ဒီကလပ္က ကၽြန္ေတာ့္သူငယ္ခ်င္းပိုင္တာ ဒီကိုလာတုိင္း အျမဲတစ္ပုဒ္ကေပးေနၾက အဲဒါေၾကာင့္မို႔"
"ကိုၾကီးလဲ ကလပ္လာလို႔ ကတာပဲေလ ဘာျဖစ္လို႔လဲ"
"မကနဲ႔ ကၽြန္ေတာ္မၾကိဳက္ဘူး ကိုၾကီးကို လူေတြဝိုင္းၾကည့္ေနတာ ကၽြန္ေတာ္မၾကိဳက္ဘူး သိရဲ႕လား"
ေရွာင္းက်န္႔က တစ္ခုခုေျပာခ်င္ပုံျဖင့္ ႏႈတ္ခမ္းဟကာ ျပန္ျပင္ျပီးမွ ဘာမွမေျပာပဲ ပါးစပ္ပိတ္သြားတယ္။
"ကိုၾကီး"
ေရွာင္းက်န္႔ကျပန္လဲမထူး၊ ရိေပၚကိုလဲမၾကည့္ပဲ အၾကည့္လႊဲထားသည္။ ႏႈတ္ခမ္းေထာ္ေနတာေတာ့ တေတာင္ေလာက္ရွိမည္။ အဲလိုခ်စ္စရာေကာင္းတဲ႔ပံုစံေလးကို မျမင္ဖူးတာေၾကာင့္ ရိေပၚေငးၾကည့္ေနမိတယ္။
ေသခ်ာပါတယ္ ရိေပၚ ဒီကိုၾကီးကို ေတာ္ေတာ္ခ်စ္ေနမိတာ အေသအခ်ာပါပဲ။
"ကိုၾကီး ကၽြန္ေတာ့္ကိုၾကည့္"
လက္ႏွစ္ဖက္နဲ႔ ေရွာင္းက်န္႔ ပုခုံးကိုဆုပ္ကိုင္ကာ မိမိကိုအတင္းၾကည့္ေစလိုက္သည္။
"ဘာလဲ ရိေပၚ .. မင္းလဲငါ့ကိုသေဘာက်တာမဟုတ္ပဲနဲ႔ ဘာလို႔ငါ့ကိုဟိုဟာမလုပ္နဲ႔ ဒီဟာမလုပ္နဲ႔ တားေနရတာလဲ ငါ့ကိ ဘာလို႔ လုိက္ျပီး သဝန္တုိေနရတာလဲ မင္းကဘာျဖစ္ခ်င္ေနတာလဲ"
"ကိုၾကီးကိုခ်စ္ခ်င္ေနတာ"
"ဘာရယ္"
"ကိုၾကီးကိုခ်စ္ခ်င္ေနတာ ကိုၾကီးကိုခ်စ္ေနတာလို႔ သိလား"
"ရိေပၚ ရိေပၚ ငါ့ကိုနမ္းစမ္းပါ"
"ဟမ္ ဘယ္လို"
"ငါ့ကိုနမ္းပါလို႔"
ကၽြန္ေတာ္ ကိုၾကီး ပါးကိုတစ္ခ်က္နမ္းလိုက္ေတာ့ သူက ေက်နပ္ဟန္မျပပဲ မ်က္ေမွာင္ႀကီးတြန္႔ေကြးေနျပန္သည္
"နႈတ္ခမ္းကိုနမ္းပါအုံး"
သူ႔စိတ္တိုင္းက်ပဲ ႏႈတ္ခမ္းပါးေလးကို အနမ္းေႁခြလိုက္ေတာ့ သူကေျပာလာသည္
"ဒါတကယ္ပဲေပါ့ ငါအိပ္မက္မက္ေနတာမဟုတ္ဖူးေပါ့"
"ဟာ ကိုၾကီးရယ္ တကယ္ေပါ့ အိပ္မက္မဟုတ္ဖူးေလ ကိုၾကီးေရွ႕မွာ ကၽြန္ေတာ္က အေကာင္လိုက္ၾကီးေလး"
"ကိုၾကီးမယုံရဲဘူးေလ ေပၚတိလို အဖက္ဖက္ကျပည့္စုံတဲ႔လူတစ္ေယာက္က ကိုၾကီးကိုခ်စ္တယ္ဆိုေတာ့ အိပ္မက္လိုပဲခံစားေနရတာဟာကို"
"အိပ္မက္မဟုတ္ဖူး ကၽြန္ေတာ္ တကယ္အျပင္မွာ ကိုၾကီးကို ခ်စ္တယ္လို႔ေျပာေနတာ ကိုၾကီးကေရာ ကၽြန္ေတာ့္ကိုခ်စ္လား အေျဖျပန္ေပးအုံးေလ"
"အ႐ူးေလး ဘယ္သူကမင္းကိုမခ်စ္ပဲ နမ္းခိုင္းမွာလဲ"
သူ႔ကိုရည္းစကားေျပာတာကို အေျဖျပန္မေပးဘဲ အရင္နမ္းခိုင္းေသာ အရူးၾကီးဟာ ကၽြန္ေတာ့္ကိုျပန္ပီး အရူးေလးလို႔ေျပာေနေသးတယ္ေလ။ ေသခ်ာတာကေတာ့
ကၽြန္ေတာ္တို႔ ၂ ေယာက္စလုံး အခ်စ္ေၾကာင့္ ႐ူးသြပ္သြားတာထင္ပါတယ္။
ေသာက္ထားတာေၾကာင့္ အနည္းငယ္နီေနေသာ ကိုႀကီးမ်က္ႏွာေခ်ာေခ်ာကို အနီးကပ္ပဲရိေပၚၾကည့္ေနမိတယ္။ ၾကားေလေသြးရင္ ေဝးမွာစိုးသည့္အလား ကိုႀကီးကို မိမိအနားထပ္မံတိုးကပ္ေစလိုက္ေတာ့ ကိုႀကီးက ကၽြန္ေတာ့္ခါးကိုအလိုက္သင့္ေလး ျပန္လည္ဖက္တြယ္လာတယ္။
"ေပၚတိကိုအရမ္းခ်စ္တယ္"
ကိုႀကီးရဲ႔ ခ်စ္စကားကို စကားျဖင့္ မတုံ႔ျပန္ေတာ့ပဲ
ကိုၾကီးမ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ ခပ္ဖြဖြဆုပ္ကိုင္ျပီး ခုနကနမ္းလိုက္တဲ႔ အနမ္းတစ္ပြင့္ရဲ႕ေနာက္ဆက္တြဲကို ပုံေဖာ္လိုက္မိျပီ။ ကိုၾကီးနႈတ္ခမ္းေတြက ပီေကေတြလိုပဲ။ ကပ္ျပီးရင္ခြာမရေတာ့ပဲ ျငိတြယ္ေစတယ္။ အထပ္ထပ္အခါခါ နမ္းေနရလဲ အားမရႏိုင္ဘူး။ မိမိခါးကိုဖက္တြယ္လာတဲ႔ လက္ေတြပိုမိုတင္းၾကပ္သြားသည့္တိုင္ ရိေပၚအနမ္းေတြရပ္ဖို႔မေတြးႏိုင္ေသးဘူး။ ကိုၾကီးႏႈတ္ခမ္းေတြက ေမွာ္ႏႈတ္ခမ္းေလးေတြပဲျဖစ္မယ္။ အားမလို အားမရနဲ႔ အေပၚႏႈတ္ခမ္းေလးကို ဆြဲကိုက္မိေတာ့ ကိုၾကီးဆီက အင့္ခနဲအသံထြက္လာတယ္။ ကလပ္ထဲက တီးလုံသံေတြၾကားမွာ ခ်စ္သူဆီက ညည္းညဴသံသဲ႔သဲ႔ကို ရိေပၚၾကားျဖစ္ေအာင္ၾကားတယ္။
"အြန္း..အရမ္းၾကီးမနမ္းနဲ႔ေလ ေပၚတိကလဲ"
"ကိုၾကီးကလဲ ကၽြန္ေတာ္အသည္းယားေအာင္ အရမ္းမညည္းနဲ႔ေလ"
တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွည္အျပစ္တင္ရင္း နမ္းေနၾကတဲ႔ ရိေပၚနဲ႔ ေရွာင္းက်န္႔တို႔ရဲ႕ ပုံရိပ္ကို video ရိုက္ေနတဲ႔ ေဟာက္ရႊမ္းကိုေတာ့ ဘယ္သူမွသတိထားမိပုံမရဘူး။
အဲဒီညက ဟိုက္ခြမ္း၊စန္႔က်င္၊ေဟာက္ရႊမ္းနဲ႔က်ိရန္တုိ႔ရဲ႕ Yizhan အမည္ရ group chat တစ္ခုထဲမွာ ဗီဒီယိုဖိုင္တစ္ခုရွိေနျပီး caption ကေတာ့ ~yizhan is real~ ျဖစ္ပါသတဲ႔။
Ep 14 to be continued
ကဲ အရွည္ၾကီးေရးရင္း အတည္ဆြဲစိပလိုက္ျပီေနာ္။ feedback ေလးေတြေပးခဲ႔ၾကပါအုံး။
Unicode
My Gym Trainer Ep 13
"အင့်…ကုန်ပါပြီ"
ရေခဲမုန့်လေးကိုင်ကာ လမ်းလျှောက်နေတဲ့ရှောင်းကျန့်တစ်ယောက်အနောက်ကနေ တစ်စုံတစ်ယောက်ရဲ့ ဝင်တိုက်ခြင်းကိုခံလိုက်ရလေကော ရေခဲမုန့်လေးက ရှောင်းကျန့်အကျီမှာကပ်ရက်သားလေး။
ကုန်ပါပြီဟု ရှောင်းကျန့်တွေးလိုက်မိတာ ပေသွားတဲ့မိမိအကျီကိုနှမြောလို့မဟုတ်။ ဒီအကျီက ဝယ်ထားတာ ၃နှစ်လောက်တောင်ရှိပြီလားမသိသော ဟောင်းနေပြီဖြစ်တဲ့အကျီမို့ နှမြောစရာမရှိ။
ရှောင်းကျန့်နှမြောတာက ရေခဲမုန့်ကလေးကို။ ရေခဲမုန့်က cone နဲ့ထည့်ထားတာဖြစ်ကာ မိမိအကျီမှာအကုန်ပေကုန်တာနဲ့ ဘာမှ မစားလိုက်ရဘူး။ ဝမ်ရိပေါ်မသိအောင် ခိုးစားပါတယ်ဆိုမှ။ ဂါး။
"ကျွန်တော်တောင်းပန်ပါတယ်နော် ကျွန်တော်ဖုန်းကိုငုံ့ကြည့်နေလို့မမြင်လိုက်လို့ပါ"
မိမိအားဝင်တိုက်သူက တောင်းပန်လာသည်။ ကောင်လေးက ချောသားပဲဟ။
ဒါပေမယ့် ဝမ်ရိပေါ်ကိုတော့ ဘယ်မှီပါ့မလဲလေ။
ကိုကြီးရဲ့ ပေါ်တိလေးက ၃၁ ဘုံမှာ အချောဆုံး။
ရိပေါ်ဆိုတဲ့အတွေးနဲ့ကို လူက ပြုံစိစိဖြစ်သွားရပြန်သည်။ ကိုကြီးက ရိပေါ်ကိုဆိုအဲလိုရူးတာ။
"အင်း ရပါတယ် ကိစ္စမရှိပါဘူး"
"အကျီမှာအများကြီးပေသွားတာပဲ ခဏလေး ကျွန်တော့်မှာတစ်ရှူးပါတယ်"
ကောင်လေးက ပြောပြောဆိုဆိုနဲ့သူ့အိတ်ထဲက တစ်ရှူးကိုထုတ်ကာ လူကိုအတင်းတွေသုတ်ပေးနေပြန်တယ်။
"အဲဒါကဘာဖြစ်နေတာလဲ"
ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် ရှောင်းကျန့်
တုန်တက်သွားရသည်။
အဲဒါ .. အဲဒါ ဝမ်ရိပေါ်အသံကြီး။
"ပေါ်တိ"
"ဗျာ"
"အာ မင်းကိုခေါ်တာမဟုတ်ဖူးလေ"
"အော် အဟီး
အူကြောင်ကြောင်နဲ့ ဝင်တိုက်တဲ့ကောင်လေးက ဗျာလို့ထူးနေသေး။ မင်းကိုခေါ်နေတာမဟုတ်ဘူးဟေ့ ငါ့အဖေဝမ်ရိပေါ်ကိုခေါ်တာ။
"ရှောင်းကျန့်"
လာပြီ လာပြီ တခြားအချိန်သာ ကိုကြီးဆိုပြီး ချွဲရင်ချွဲမယ် စိတ်တိုနေရင်တော့ ရှောင်းကျန့်ချင်းထပ်နေအောင်ခေါ်တဲ့ ကလေးဆိုးကြီ။။
"ပေါ်တိ ဘယ်ကဘယ်လိုရောက်လာတာလဲ"
"ကိစ္စရှိလို့လာတာ ဒါကဘာဖြစ်နေတာလဲ"
"ကိုကြီးကို သူကဝင်တိုက်မိတာ အဲဒါ ကိုကြီးအကျီမှာ ရေခဲမုန့်တွေပေသွားလို့သုတ်ပေးနေတာ"
"ဟုတ်ပါတယ်ဗျ အကို့အကျီကအဖြူဆိုတော့လေ အစွန်းတွေကပျောက်မယ်မထင်ဘူး ကျွန်တော်အကျီအသစ်တစ်ထည်ပြန်ဝယ်ပေးပါရစေ
အခုက ကျွန်တော်ချိန်းထားတာလေးရှိနေလို့လေ အကို့ဖုန်းနံပါတ်လေးပေးခဲ့ပါလား"
"မလိုဘူး"
"ဟိုဒီဘက်ကအကိုကိုပေးမှာမဟုတ်ဖူးလေ"
"သူ့ကိုပေးစရာမလိုဘူးလို့ပြောနေတာ"
"ဟုတ်ဟုတ်ကဲ့ .. ဒါနဲ့အကိုကဘယ်သူလဲဟင်"
"ငါကသူ့ရည်းစား မင်းကဘာဖြစ်ချင်လို့လဲ"
"ဟိုလေ ငယ်ငယ်တုန်းကတော့ ဆရာဝန်ကြီးဖြစ်ချင်တာပါ အခုတော့ ဘာမှမဖြစ်ချင်တော့ပါဘူး သွားတော့မယ်နော် အဟီး"
ရှောင်းကျန့်မှာ ရယ်ချင်တဲ့မျက်နှာကိုထိန်းကာ အရူးကွက်နင်းပြီးထွက်သွားသော အနှီကောင်လေးကိုကြည့်ကာ ရယ်ရမလို ရိပေါ်ပြောတဲ့ သူ့ရည်းစားဆိုတဲ့စကားကိုရင်ခုန်ရမလိုနဲ့ ရှောင်းကျန့်မှာ အီလည်လည်ကြီး။
"ဟွန်း ကိုကြီးတို့များ အရမ်းစွံတာနော် အခုမှတွေ့တဲ့သူက ဖုန်းနံပါတ်တောင်းရတာနဲ့ ဘာနဲ့"
"အာ မဟုတ်ပါဘူး သူကသူ့ကြောင့်ဖြစ်သွားလို့ပြန်လျော်ပေးမယ်ပြောတာကို"
"ဘယ်လိုပဲဖြစ်ဖြစ် နောက်ကိုဒါမျိုးမမြင်ချင်ဘူးနော် ဘယ်ကောင့်ကိုမှလဲဖုန်းနံပါတ်ပေးဖို့မစဉ်းစားနဲ့နော်"
"အင်းပါ ဒါနဲ့အခုကလဲ ကိုကြီးကိုသဝန်တိုတာပဲလားဟင်"
မဝံ့မရဲလေး မေးကြည့်တော့ ရိပေါ်က အင်းလို့ပြန်ဖြေတယ်။ ထပ်ပြီး အရဲစွန့်ကြည့်လိုက်ရမလား။ ရှောင်းကျန့် ခေါင်းငုံ့ပြီး ခပ်တိုးတိုးမေးကြည့်မိသည်။ အကြီးတန်မဲ့ အရှက်နည်းတယ်လို့ထင်ရင်လဲထင်ပါလေ့စေတော့ ဒီအရွယ်ရောက်မှ ရောင်းထွက်ချင်တော့လဲ ဈေးဗန်းတော့ခင်းရမှာပဲ။
"ဟိုလေ ဘာလို့သဝန်တိုတာလဲဟင်"
"……"
ရိပေါ်ကပြန်မဖြေ။
ရိပေါ်ကပြန်မဖြေတော့ ခေါင်းပြန်မော့ပီး ရိပေါ်ကိုကြည့်မိတော့ ရိပေါ်ကတစ်ခုခုပြောချင်ပုံပဲ။ အကြည့်စေးစေးတွေကြားမှာ ရှောင်ကျန့်ရော ရိပေါ်ရော မခွာနိုင်ခဲ့။ ရင်ထဲကခံစားချက်တွေထုတ်ပြောဖို့ ဒါကအချိန်ကောင်းလား။ ရှောင်းကျန့်မသိဘူး။
ကိုယ်ကပဲ စပြောလိုက်ရမလား။
ဟင့်အင်း ကိုယ့်ဘက်ကမူးမူးနဲ့တစ်ခါထုတ်ပြောခဲ့ဖူးတာပဲမဟုတ်လား။ သူ့ဘက်ကမှ မတုံ့ပြန်လာခဲ့တာ။
လွယ်ထားတဲ့ကျောပိုးအိတ်ရဲ့ကြိုးကိုအကြောင်းမဲ့ ကုတ်ခြစ်နေမိရင်း ရိပေါ်ဘက်က ပြောလာမယ့်တစ်စုံတစ်ရာကို စောင့်မျှော်ရတာ လေ့ကျင့်ခန်းမလုပ်ပဲ လူကမောလာသလိုပဲ။
"အကျီတွေပေနေတာအဆင်မပြေဘူး အသစ်သွားဝယ်ရအောင် လိုက်ခဲ့"
ဟင် .. အခုရိပေါ်က ထွက်သွားတာလား။ ဒီလောက်ထိ ရေလာအောင် မြောင်းတွေလဲပေးထားပါရက်။ ဝင်လာပါလို့ တံခါးကြီးဖွင့်ပြီး warmly welcome ဆိုတဲ့ ဆိုင်းဘုတ်ကြီးလဲ ချိတ်ထားပေးပါရက်နဲ့လေ။
ရိပေါ်နဲ့ပက်သက်ရင် ကိုယ့်ဘက်က ဘာမှမပြည့်စုံတဲ့သူမို့ မျှော်လင့်ချက်သိပ်မထားဘူးဆိုပေမယ့် … အခုတလော အရင်ထက် ပိုကြင်နာပြီး ကိုယ့်အနားကို ပိုကပ်လာတဲ့ ရိပေါ်အမူအရာတွေကြောင့် ရှောင်းကျန့် တိတ်တိတ်လေးတော့ မျှော်လင့်မိတာပေါ့။
ဒါပေမယ့် ရှောင်းကျန့်ထင်ထားသလို ရှောင်းကျန့်စိတ်နဲ့ ရိပေါ်စိတ်က ထပ်တူမကျခဲ့ဘူးထင်ပါရဲ့။ အရှေ့ကထွက်သွားတဲ့ ရိပေါ်နောက်ကိုအမှီလိုက်လာခဲ့ပေမယ့် ရှောင်းကျန့်ရဲ့စိတ်တွေကတော့ လေးလံနေခဲ့တာအမှန်ပါပဲ။
Xxxxxxxxxxxxx
ရိပေါ် ကုတင်ပေါ်မှာ လှဲနေရင်း မျက်နှာကျက်ကိုကြည့်ကာ စိတ်တွေလေလွင့်နေမိသည်။ ဟိုတနေ့ညနေတုန်းက .. ဘာလိ့ုသဝန်တိုတာလဲဆိုတဲ့ ရှောင်းကျန့်အမေးကို ပြန်မဖြေခဲ့မိ။ ရုတ်တရက်ကြီးဖြစ်နေတာရော .. ပြီးတော့ မိမိကိုယ်ကိုအဆင်သင့်မဖြစ်သေးဘူးဟု ထင်မိတာကြောင့်ရော ရိပေါ် ပြန်မဖြေခဲ့မိတာ။
အဲဒီရဲ့အကျိုးရလဒ်ကတော့ ကိုကြီးရဲ့ပြောင်းလဲမှုပဲ။ အဲဒီတညနေလုံးကိုကြီးက ဘေးနားမှာရှိပေမယ့် အရင်လိုမဟုတ်တော့။ အမြဲတမ်းစကားများနေတဲ့ ကိုကြီးက ရိပေါ်ကို မေးတစ်ခွန်း ဖြေတစ်ခွန်းလောက်သာပြောတော့သည်။
အရင်တုန်းက gym မှာ ကိုယ်ကသူ့အနားကိုမကပ်ရင်တောင် ပေါ်တိလေးရေဆိုပြီး အနားကိုရောက်ရောက်လာသူက သူဆော့ခိုင်းတာတွေပဲဆော့နေပြီး သူ့အနားကိုရောက်မလာတော့ဘူး။
ကိုယ်စကားပြောရင်တော့ ပြန်ပြောပါရဲ့ .. ဒါပေမယ့် တကယ့်ကိုဝတ်ကြေတန်းကြေပဲ။ အဲဒီလိုနေတာကြီးက ရိပေါ်အတွက် တကယ်အဆင်မပြေဘူး။
ကိုကြီးရဲ့ ဂရုစိုက်မှုတွေနဲ့အသားကျနေပြီးသားမို့ ကိုကြီး ဂရုမစိုက်တဲ့အခါ မနေတတ်မထိုင်တတ်အောင်ဖြစ်ရတယ်။ ကိုကြီး မျက်နှာညှိုးနေတဲ့အခါ ရိပေါ်လဲနေရတာအဆင်မပြေဘူး။
အဲဒါဆို ကိုကြီးပျော်အောင် ကိုကြီးခင်းတဲ့ဈေးဗန်းကို ဝယ်လိုက်ရအောင်ဆိုတော့လဲ … ရိပေါ် ဆုံးဖြတ်ချက်မချနိုင်သေးဘူး။
ရိပေါ် အတ္တကြီးတယ်ပဲခေါ်မလား အခုချိန်ထိ ရိပေါ်ရဲ့ ၂၂ ချက်ဆိုတာကြီးကိုတွေးနေမိတာအမှန်။ ဝမ်ရိပေါ်ရဲ့ ရည်းစားဖြစ်ဖို့ ၂၂ ချက်နဲ့ကိုက်ညီမှဆိုပြီး ကြွေးကြော်ခဲ့သမျှ ထိုအချက်တွေနဲ့ တစ်ခုမှမကိုက်ညီတဲ့ ရှောင်းကျန့်အပေါ်မှ စိတ်ယိုင်မိသောအခါ ရိပေါ်အရမ်းတွေဝေနေတာအမှန်။
ကိုကြီးရာ .. ချစ်တယ်ဆိုတာမပြောပဲနဲ့ အခုလိုလေးပဲ ကျွန်တော်တို့နေလို့မရနိုင်ဘူးလား။
~အဲဒါဆိုလဲ မင်းသူ့ကိုလိုက်သဝန်တိုပြီး ချုပ်ချယ်မနေနဲ့လေ~လို့ ကိုယ့်ဘာသာဆုံးမပေမယ့် အဲလိုကျတော့လဲ မနေနိုင်ပြန်ဘူး။ ကိုကြီးနားမှာ ဘယ်ယောကျာ်း၊ ဘယ်မိန်းမကိုမှမမြင်ချင်ဘူး။
ကျွန်တော်ဘယ်လိုလုပ်ရမလဲ ကိုကြီးရာ။ ကိုကြီးကလဲ ဘာလို့ အဲဒီ ၂၂ ချက်ကနေ မတရားကြီးကိုသွေဖယ်နေရတာလဲ။
"အားးးး"
ရိပေါ်အခန်းထဲမှာတစ်ယောက်တည်းထအော်နေတော့ အခန်းထဲကို အကိုဖြစ်သူကအလန့်တကြားဝင်လာသည်။
"ရိပေါ် ဘာဖြစ်တာတုန်း"
"ဘာမှမဖြစ်ဘူး အော်ချင်လို့အော်တာ"
"ငါလုပ်လိုက်ရင်သေတော့မယ် အချိန်ကိုကြည့်အုံး သောက်ရူးထမနေနဲ့ ပါးနဲ့မားတို့ကအိပ်နေလောက်ပြီ"
"ကော"
"ဘာလဲ"
"ဘာမှမဟုတ်တော့ပါဘူး"
"ရိပေါ် တိတိ ဘာဖြစ်နေတာလဲ"
"ကျွန်တော်လဲမသိတော့ပါဘူး ကောရာ"
"ရှောင်းကျန့်ကြောင့်လား"
"ဟင် ကောကဘယ်လိုသိတာလဲ"
"အစတုန်းက ခွာထုတ်မရအောင်ပူးကပ်နေတဲ့နှစ်ယောက်က ဒီရက်ပိုင်းခပ်ခွာခွာဖြစ်နေသလားလို့ ငါသတိထားမိနေတာ ရန်ဖြစ်ထားတာလား"
"ရန်တော့မဖြစ်ပါဘူး ဒီတိုင်းကိုကြီးက ကျွန်တော့်ကိုနည်းနည်းရှောင်နေလို့"
"ရှောင်းကျန့်ကမင်းကိုဘလိုင်းကြီးတော့ ရှောင်မှာမဟုတ်ပါဘူး မင်းတို့ကြားမှာ ပြဿနာတစ်ခုခုဖြစ်လို့နေမှာပေါ့"
"ကော နားလည်မှာမဟုတ်ပါဘူးဗျာ"
"ဟုတ်တယ် ကောနားမလည်ဘူး အထူးသဖြင့် မင်းကိုပိုပြီးနားမလည်ဘူး မင်းတို့တစ်ယောက်ကိုတစ်ယောက်ကြိုက်နေတယ်ဆိုတာအသိသာကြီးကို ဘာလို့အခုထိမပွင့်လင်းကြသေးတာလဲဆိုတာ ကောနားမလည်ဘူး .. ဘာလဲ ရှောင်းကျန့်ကိုရည်းစားဆိုပြီး တွဲသွားရမှာ ရှက်နေတာလား"
ကောပြောသလိုရှက်နေတာလားဆိုတော့လဲမဟုတ်ပြန်။ သူနဲ့ကျွန်တော်လက်တွဲပီးတောင် အပြင်သွားတာရှိသေးတာပဲ။ ဒါပေမယ့် ဝန်ခံလိုက်ရမှာကို တွန့်ဆုတ်နေမိတာလေ။
"မဖြေချင်လဲထားပါ ဒါပေမယ့် ရိပေါ် အချို့ဟာတွေက အချိန်လွန်သွားရင် ဘာမှလုပ်မရတော့ဘူးနော် ဆုံးရှံးသွားမှ နောင်တမရနဲ့ ကောသွားအိပ်တော့မယ် မနက်ကျ မားကိုဈေးပို့ရအုံးမှာ"
ကောပြောသလို ကျွန်တော် ခင်ဗျားကိုတကယ်ပဲ ဆုံးရှုံးသွားနိုင်လား ရှောင်းကျန့်။
Xxxxxxxxxxxxxxxxxxxx
"ရိပေါ် ဒီနေ့ ကျန့်ကော မလာဘူးလား"
ဟိုက်ခွမ်းကောအပြင်သွားတာမို့ ကောင်တာထိုင်ပေးနေသော ရိပေါ်နားကို ဟောက်ရွှမ်းကရောက်လာကာမေးသည်။
"အင်း ကိစ္စတစ်ခုရှိလို့မလာဘူးတဲ့"
"အော် ဟုတ်သားပဲ ဒီနေ့ သူတို့ကျောင်းက gathering ရှိတယ်ပြောတယ် ညနေပိုင်းက ဒင်နာ ပြီးရင် club သွားကြမှာတဲ့ ငါ့ကိုတောင်ခေါ်ထားသေးတယ် ငါခဏနေသွားမလို့"
"အင်း"
"ဘာဖြစ်နေတာလဲ မင်းက…မဟုတ်မှလွဲရော ဟိုကိစ္စ မင်းတို့ပြဿနာတက်ထားတာလား"
"ဟမ် ဘယ်ကိစ္စလဲ"
"ကောနဲ့မင်းအလောင်းအစားလုပ်ပီး သူ့ကိုဝိတ်ချပေးမယ်ဆိုတဲ့ကိစ္စလေ"
"ဘယ်လို ငါနားလည်အောင်ပြောစမ်းပါ ဟောက်ရွှမ်း"
"ဒီလိုကွာ မနေ့က မင်း Ray နဲ့ချိန်းထားလို့ဆိုပီး နည်းနည်းစောပြန်သွားတုန်းက ငါတို့နဲ့သူတို့နဲ့ စကားထိုင်ပြောကြရင်းနဲ့ စန့်ကျင်ကယောင်ပြီး အဲဒီအလောင်းအစားလုပ်ထားတဲ့ကိစ္စပြောမိသွားတယ်"
သေပြီ သေပြီဟု ရိပေါ်စိတ်ထဲမှာ အခါတစ်ရာပြောနေမိသည်။ အစတည်းက သူနဲ့ရှောင်းကျန့်ရဲ့ ဆက်ဆံရေးက အဖုအထစ်တွေဖြစ်နေပါတယ်ဆိုမှ ဒီအချိန်ကျမှ အဲဒီအလောင်းအစားကိစ္စပါသိသွားတယ်ဆိုတော့…
"ရိပေါ် ရိပေါ် ဟလို .."
"ဟင် အင်း"
"ငါမေးနေတာ ကြားလား အဲဒါ မင်းကို ကျန့်ကောမေးသေးလားလို့"
"ဟင့်အင်း ဘာမှမပြောဘူး"
"အော် အဲဒါဆိုရင်တော့ ဘာမှမဖြစ်လို့နေမှာပါ မနေ့ကလဲ သူက ဘာမှတော့မပြောဘူး ပြုံးနေတာပါပဲ"
မျက်နှာကပြုံးနေပေမယ့် စိတ်အားငယ်တတ်တဲ့ ငါ့ကိုကြီးအကြောင်းကို မင်းကသိလို့လားလို့ ဟောက်ရွှမ်းကို ပြန်မမေးလိုက်ပါ။ ဟောက်ရွှမ်းသိမှာမှမဟုတ်တာ။
ကိုကြီးအကြောင်းကို ကျွန်တော်အသိဆုံးလေ။ အဲလိုသိထားတာတောင်မှ ကိုကြီးကိုခံစားရအောင် ကျွန်တော်က ခဏခဏလုပ်မိနေတာပဲ။ ကျွန်တော်တကယ်မကောင်းဘူး ကိုကြီးရာ။ ကိုကြီး ကျွန်တော့်ကိုမုန်းသွားမှာလား။
အဲလိုတော့အဖြစ်မခံနိုင်ပါ။ ဘယ်လိုပဲတောင်းပန်ရ တောင်းပန်ရ … ကျွန်တော့်ဘဝမှာ ကိုကြီးမရှိလို့မဖြစ်တော့ဘူး။ အဲဒါကိုတော့ ကိုကြီးသိမှဖြစ်မယ်။
"ဟောက်ရွှမ်း မင်းကလပ်သွားရင် ငါလဲလိုက်မယ်"
"အော် အင်းလိုက်ခဲ့လေ ယွီပင်းကိုသိတယ်မှတ်လား သူ့ကလပ်မှာတဲ့"
ယွီပင်းဆိုတာ ကျွန်တော်တို့လို အထက်တန်းလွှာကသူဌေးသားတစ်ယောက်ပဲဖြစ်ကာ ကျောင်းပြီးတော့ ကလပ်ဖွင့်ထားတာမို့ ကျွန်တော်တို့လဲ သွားဖူးကြတာမို့သိပါသည်။
"အေး သွားကြတာပေါ့ အခုပဲသွားရအောင်"
"ဟ နေပါအုံး ငါတစ်ယောက် train နေတာမပြီးသေးဘူး ပြီးရင်သွားမယ်"
Xxxxxxxxxxxxxxxxxxxxxx
ကလပ်ရောက်တော့ ကိုကြီးရှိမယ့်ဝိုင်းကိုအသည်းအသန်လိုက်ရှာနေရင်း ကိုကြီးကို ဖုန်းခေါ်တော့ ကိုကြီးကမကိုင်။ အဲဒီအချိန်မှာ လူကိုအနောက်က လက်လာဆွဲသူက ယွီပင်း။
"ဝမ်ရိပေါ် မလာတာတောင်ကြာပီ ထူးထူးဆန်းဆန်းပါလား"
"အေး ငါချိန်းထားတာရှိလို့"
"ရိပေါ် တခါတလေရောက်တုန်းကွာ သီချင်းတစ်ပုဒ်လောက်ပေးစမ်းပါ ပလိစ် ပလိစ်"
"အာ ငါဒီမှာအရေးကြီးနေလို့ပါကွာ မင်းကလဲ"
"လုပ်ပါ ၂ မိနစ် ၃ မိနစ်ပဲကြာမယ့်ဟာကို မင်းကလဲ"
ခါတိုင်းလဲ ဒီကိုရောက်ရင် တစ်ပုဒ်လော်ကတော့ကပေးနေကြဖြစ်နေတာမို့ ယွီပင်းက မကမချင်းခေါ်နေမယ့်ပုံပဲ။
ရုတ်တရက်အတွေးထဲရောက်လာတာက ရိပေါ် dancing floor မှာဆင်းကလိုက်ရင် ကိုကြီးဘယ်နေရာမှာပဲရှိရှိ ရိပေါ်ကိုမြင်နိုင်မှာ၊ အဲဒါဆို ရိပေါ်ရောက်နေတာသူသိသွားမည့်ဆိုတဲ့အတွေးနဲ့ လက်ခံလိုက်တော့တယ်။
သိပ်ထွေထွေထူထူးမစဉ်းစားတော့ပဲ ရိပေါ်ကနေကြ candy shop သီချင်းနဲ့ပဲ ကနေလိုက်တော့ .. အားပေးသူတွေကလဲ ထုံးစံအတိုင်း အုံးအုံးကြွက်ကြွက်ပဲ။ ကနေရင်းကနေ ကိုကြီးဘယ်နေရာမှာများရှိနေမလဲလို့ ဝေ့ဝဲပြီးကြည့်ရသေးသည်။
သူငယ်ချင်းတွေနဲ့သောက်နေတုန်း dj မှ guest dance Wang Yibo ဆိုတာကိုကြားလိုက်မိတာမို့ dancing floor ကိုအကြည့်ရောက်သွားတော့ တကယ်ကြီး ရိပေါ်ရယ်လေ။ ရိပေါ်ကို crush မိကတည်းက သူကတဲ့ဗိဒီယိုတွေ youtube မှာအကုန်ရှာပြီး ကြည့်ဖူးသော်လည်း live ကြည့်ရတာက ပိုပြီးတော့တောင် ရင်ခုန်စရာကောင်းသေးတယ်။
ဘက်စုံတော်တဲ့ ကိုကြီးရဲ့ပေါ်တိလေးဟာ ကသွားတာများ ပါးစပ်ကြီးဟပြီး ငေးကြည့်နေချင်စရာပဲ။ လက်လှုပ်တာ ခေါင်းလှုပ်တာအဆုံး body wave လုပ်သွားတာအစ အပိုအလိုမရှိ။ အဲလိုမိမိုက်နေတဲ့ ရိပေါ်ကို ကြည့်နေသူက ကိုယ်တင်မဟုတ်ပဲ ကလပ်တစ်ခုလုံးကလူအားလုံးပဲဆိုတာ သတိထားမိတော့ အမြင်ကတ်သွားပြန်သည်။
တော်တော်လေးလဲ ဈေးဗန်းခင်းနိုင်တဲ့ ဝမ်ရိပေါ်။ ဟွန်း သူ့လောက်တော့ ဒီကရှောင်းကျန့်လဲ ခင်းတတ်ပါသေးတယ်။ ရိပေါ်မကခင်တည်းက ရှောင်းကျန့်က ဆင်းကဖို့ စီစဉ်ထားပြီးသား။ ရှောင်းကျန့်ကလဲ လူကသာဝပေမယ့် အထက်တန်းတုန်းက အကချန်ပီယံပဲလေ။ အခုလို ပိန်သွားတော့ ပိုတောင်ကလို့ကောင်းသေးတာ။
ဝမ်ရိပေါ် ဝမ်ရိပေါ်။ ကထားနှင့်ဦးပေါ့ ငါဈေးဗန်းခင်းတော့မှ မငိုနဲ့။
Xxxxxxxxxxx
ယွီပင်းတောင်းဆိုလို့ သီချင်းတစ်ပုဒ်နဲ့ကပေးအပြီးမှာ ဟောက်ရွှမ်းက ရှောင်းကျန့်တို့ရှိတဲ့ဝိုင်းသိပြီလို့ လာဆွဲခေါ်တော့ ရိပေါ် အမြန်လိုက်သွားခဲ့ပေမယ့် ကိုကြီးကိုမတွေ့ရပဲ ကျိရန်ကောကိုသာတေ့ွရသည်။
"ကျိရန်ကော ကိုကြီးရော"
"အဟဲ ရှောင်းကျန့်က"
ကျိရန်ကောစကားမှမဆုံးသေား နားထဲကို ခပ်ကျယ်ကျယ်ဝင်လာသော black pink ရဲ့ let's kill this love သီချင်းသံခပ်ကျယ်ကျယ်ထွက်လာလေသည်။
"ရိပေါ် ရှောင်းကျန့်က ဟိုမှာ"
ကျိရန်ကော လက်ညှိုးညွှန်ပြရာနေရာက dancing floor!
Wait … What … Oh My God ! ရှောင်းကျန့်က ကမှာ .. black pink သီချင်းနဲ့လေ။
နုံနုံအအကြီးလို့ လူတကာထင်ထားတဲ့ ရှောင်းကျန့်က ခေသူမဟုတ်ကြောင်း dancing floor မှာ သက်သေပြနေခဲ့ပြီ။ သီချင်းရဲ့စည်းချက်ခပ်မြူးမြူးအတိုင်း body ကို အလိုက်သင့်လှုပ်ရှားကာ ကနေတာ သူ့ကိုယ်သူ black pink က Lisa များ မှတ်နေလေသလား။
အမျိုးသမီးထုကြီး ဝန်းရံနေချက်ကလဲ ကိုကြီးကိုတောင် မနည်းရှာနေရသည်။ ဒါမျိုးတော့ သည်းမခံနိုင်ဘူး။ အောက်ထပ်က dancing floor ဆီ ခပ်မြန်မြန်ဆင်းသွားကာ ကိုကြီးကနေတာကို ဝင် join မိချိန် .. လာနေတဲ့ beat က .. chorous အပိုဒ်ဖြစ်နေတာမို့ ရိပေါ်လဲ ဝင်ကလိုက်တာ … သေနတ်ပစ်တဲ့ဟန်ပန်လေးနဲ့။
ကိုကြီးက ကြောင်သွားပုံရသော်လည်း ကနေတာတော့ရပ်မသွားပဲ ကျွန်တော့်ဘေးမှာ အလိုက်သင့် ဆက်ကနေလေသည်။
(A.N – club သွားတဲ့အခန်းရေးမယ်ဆိုတော့ ရိပေါ်ရဲ့ candy shop အကနဲ့ ရှောင်းကျန့်ကို let's kill this love နဲ့ကခိုင်းမယ်ဆိုတာတွေးထားပြီးသားဖြစ်ပေမယ့် ရိပေါ်ကို သေနတ်ပစ်ပြီးဝင်ခိုင်းပါလို့ ညီမလေးတစ်ယောက်က အကြံပေးတာကြောင့် duet အကလေး စဉ်းစားဖြစ်သွားတယ် .. ပေါ်ပေါ်နဲ့ကျန့်ကျန့်လေးကို let's kill this love ကနေတာလေးမြင်ယောင်ကြည့်ပါလား ချစ်စရာလေးနေမှာ)
သီချင်းဆုံးတော့ အနည်းငယ်မောနေဟန်ရှိသော ကိုကြီးလက်ကိုဆွဲပြီး စကားပြောလို့အဆင်ပြေမယ့် toilet နားက စင်္ကြန်လမ်းကိုခေါ်လာခဲသည်။
"တော်တော်လေးပျော်နေတယ်ပေါ့ ဟုတ်လား ကောင်မလေးတွေကိုဝိုင်းနေတာပဲလေ အဲလိုမျိုးကနေတာကိုပျော်တယ်ပေါ့"
"ဟင် ပေါ်တိလဲကတာပဲလေ"
"ဒီကလပ်က ကျွန်တော့်သူငယ်ချင်းပိုင်တာ ဒီကိုလာတိုင်း အမြဲတစ်ပုဒ်ကပေးနေကြ အဲဒါကြောင့်မို့"
"ကိုကြီးလဲ ကလပ်လာလို့ ကတာပဲလေ ဘာဖြစ်လို့လဲ"
"မကနဲ့ ကျွန်တော်မကြိုက်ဘူး ကိုကြီးကို လူတွေဝိုင်းကြည့်နေတာ ကျွန်တော်မကြိုက်ဘူး သိရဲ့လား"
ရှောင်းကျန့်က တစ်ခုခုပြောချင်ပုံဖြင့် နှုတ်ခမ်းဟကာ ပြန်ပြင်ပြီးမှ ဘာမှမပြောပဲ ပါးစပ်ပိတ်သွားတယ်။
"ကိုကြီး"
ရှောင်းကျန့်ကပြန်လဲမထူး၊ ရိပေါ်ကိုလဲမကြည့်ပဲ အကြည့်လွှဲထားသည်။ နှုတ်ခမ်းထော်နေတာတော့ တတောင်လောက်ရှိမည်။ အဲလိုချစ်စရာကောင်းတဲ့ပုံစံလေးကို မမြင်ဖူးတာကြောင့် ရိပေါ်ငေးကြည့်နေမိတယ်။
သေချာပါတယ် ရိပေါ် ဒီကိုကြီးကို တော်တော်ချစ်နေမိတာ အသေအချာပါပဲ။
"ကိုကြီး ကျွန်တော့်ကိုကြည့်"
လက်နှစ်ဖက်နဲ့ ရှောင်းကျန့် ပုခုံးကိုဆုပ်ကိုင်ကာ မိမိကိုအတင်းကြည့်စေလိုက်သည်။
"ဘာလဲ ရိပေါ် .. မင်းလဲငါ့ကိုသဘောကျတာမဟုတ်ပဲနဲ့ ဘာလို့ငါ့ကိုဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ တားနေရတာလဲ ငါ့ကိ ဘာလို့ လိုက်ပြီး သဝန်တိုနေရတာလဲ မင်းကဘာဖြစ်ချင်နေတာလဲ"
"ကိုကြီးကိုချစ်ချင်နေတာ"
"ဘာရယ်"
"ကိုကြီးကိုချစ်ချင်နေတာ ကိုကြီးကိုချစ်နေတာလို့ သိလား"
"ရိပေါ် ရိပေါ် ငါ့ကိုနမ်းစမ်းပါ"
"ဟမ် ဘယ်လို"
"ငါ့ကိုနမ်းပါလို့"
ကျွန်တော် ကိုကြီး ပါးကိုတစ်ချက်နမ်းလိုက်တော့ သူက ကျေနပ်ဟန်မပြပဲ မျက်မှောင်ကြီးတွန့်ကွေးနေပြန်သည်
"နှုတ်ခမ်းကိုနမ်းပါအုံး"
သူ့စိတ်တိုင်းကျပဲ နှုတ်ခမ်းပါးလေးကို အနမ်းခြွေလိုက်တော့ သူကပြောလာသည်
"ဒါတကယ်ပဲပေါ့ ငါအိပ်မက်မက်နေတာမဟုတ်ဖူးပေါ့"
"ဟာ ကိုကြီးရယ် တကယ်ပေါ့ အိပ်မက်မဟုတ်ဖူးလေ ကိုကြီးရှေ့မှာ ကျွန်တော်က အကောင်လိုက်ကြီးလေး"
"ကိုကြီးမယုံရဲဘူးလေ ပေါ်တိလို အဖက်ဖက်ကပြည့်စုံတဲ့လူတစ်ယောက်က ကိုကြီးကိုချစ်တယ်ဆိုတော့ အိပ်မက်လိုပဲခံစားနေရတာဟာကို"
"အိပ်မက်မဟုတ်ဖူး ကျွန်တော် တကယ်အပြင်မှာ ကိုကြီးကို ချစ်တယ်လို့ပြောနေတာ ကိုကြီးကရော ကျွန်တော့်ကိုချစ်လား အဖြေပြန်ပေးအုံးလေ"
"အရူးလေး ဘယ်သူကမင်းကိုမချစ်ပဲ နမ်းခိုင်းမှာလဲ"
သူ့ကိုရည်းစကားပြောတာကို အဖြေပြန်မပေးဘဲ အရင်နမ်းခိုင်းသော အရူးကြီးဟာ ကျွန်တော့်ကိုပြန်ပီး အရူးလေးလို့ပြောနေသေးတယ်လေ။ သေချာတာကတော့
ကျွန်တော်တို့ ၂ ယောက်စလုံး အချစ်ကြောင့် ရူးသွပ်သွားတာထင်ပါတယ်။
သောက်ထားတာကြောင့် အနည်းငယ်နီနေသော ကိုကြီးမျက်နှာချောချောကို အနီးကပ်ပဲရိပေါ်ကြည့်နေမိတယ်။ ကြားလေသွေးရင် ဝေးမှာစိုးသည့်အလား ကိုကြီးကို မိမိအနားထပ်မံတိုးကပ်စေလိုက်တော့ ကိုကြီးက ကျွန်တော့်ခါးကိုအလိုက်သင့်လေး ပြန်လည်ဖက်တွယ်လာတယ်။
"ပေါ်တိကိုအရမ်းချစ်တယ်"
ကိုကြီးရဲ့ ချစ်စကားကို စကားဖြင့် မတုံ့ပြန်တော့ပဲ
ကိုကြီးမျက်နှာကို လက်နှစ်ဖက်ဖြင့် ခပ်ဖွဖွဆုပ်ကိုင်ပြီး ခုနကနမ်းလိုက်တဲ့ အနမ်းတစ်ပွင့်ရဲ့နောက်ဆက်တွဲကို ပုံဖော်လိုက်မိပြီ။ ကိုကြီးနှုတ်ခမ်းတွေက ပီကေတွေလိုပဲ။ ကပ်ပြီးရင်ခွာမရတော့ပဲ ငြိတွယ်စေတယ်။ အထပ်ထပ်အခါခါ နမ်းနေရလဲ အားမရနိုင်ဘူး။ မိမိခါးကိုဖက်တွယ်လာတဲ့ လက်တွေပိုမိုတင်းကြပ်သွားသည့်တိုင် ရိပေါ်အနမ်းတွေရပ်ဖို့မတွေးနိုင်သေးဘူး။ ကိုကြီးနှုတ်ခမ်းတွေက မှော်နှုတ်ခမ်းလေးတွေပဲဖြစ်မယ်။ အားမလို အားမရနဲ့ အပေါ်နှုတ်ခမ်းလေးကို ဆွဲကိုက်မိတော့ ကိုကြီးဆီက အင့်ခနဲအသံထွက်လာတယ်။ ကလပ်ထဲက တီးလုံသံတွေကြားမှာ ချစ်သူဆီက ညည်းညူသံသဲ့သဲ့ကို ရိပေါ်ကြားဖြစ်အောင်ကြားတယ်။
"အွန်း..အရမ်းကြီးမနမ်းနဲ့လေ ပေါ်တိကလဲ"
"ကိုကြီးကလဲ ကျွန်တော်အသည်းယားအောင် အရမ်းမညည်းနဲ့လေ"
တစ်ယောက်ကိုတစ်ယောက် အပြန်အလှည်အပြစ်တင်ရင်း နမ်းနေကြတဲ့ ရိပေါ်နဲ့ ရှောင်းကျန့်တို့ရဲ့ ပုံရိပ်ကို video ရိုက်နေတဲ့ ဟောက်ရွှမ်းကိုတော့ ဘယ်သူမှသတိထားမိပုံမရဘူး။
အဲဒီညက ဟိုက်ခွမ်း၊စန့်ကျင်၊ဟောက်ရွှမ်းနဲ့ကျိရန်တို့ရဲ့ Yizhan အမည်ရ group chat တစ်ခုထဲမှာ ဗီဒီယိုဖိုင်တစ်ခုရှိနေပြီး caption ကတော့ ~yizhan is real~ ဖြစ်ပါသတဲ့။
Ep 14 to be continued
ကဲ အရှည်ကြီးရေးရင်း အတည်ဆွဲစိပလိုက်ပြီနော်။ feedback လေးတွေပေးခဲ့ကြပါအုံး။