သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှ...

By thinlaelaewin

1.1M 154K 7.4K

ေသြးစုပ္ဖုတ္ေကာင္၏ သႏၶေသားႏွင့္အတူႏိုးထျခင္း Title : I woke up pregnant with a Jiangshi's child Original Auth... More

Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 2.1
Chapter 2.2
Chapter 2.3
Chapter 3.1
Just Announcement
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8(full chapter)
Chapter 9(full chapter)
Chapter 10(full chapter)
Chapter 11.1
Chapter 11.2
Chapter 12(full chapter)
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16(full chapter)
Chapter 17(full chapter)
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22(full chapter)
Chapter 23.1
Chapter 23.2
Chapter 24.1
Poster +spoiler
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26(full chapter )
Chapter 27(full chapter)
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 30(full chapter)
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33(full chapter)
Chapter 34.1(warning)
Chapter 34.2
Chapter 35(full chapter)
Chapter 36(full chapter)
Chapter 37(full chapter)
Chapter 38.1
Chapter 39(full Chapter)
Chapter 40(full chapter)
Chapter 41(full chapter)
Chapter 42(full chapter)
Chapter 43(full chapter)
Chapter 44(full chapter)
Chapter 45(full chapter)
Chapter 46(full chapter)
Chapter 47(full chapter)
Chapter 48(full chapter)
Chapter 49(full chapter)
Chapter 50(full chapter)
Chapter 51.1
Chapter 51.2
Chapter 52(full chaper)
Chapter 53(full chapter)
Chapter 54(full chapter)
Chapter 55(full chapter)
Chapter 56(full chapter)
Chpater 57(full chapter)
Chapter 58(full chapter)
Chapter 59(full chapter)
Chapter 60(full chapter)
Chapter 61(full chapter)
Chapter 62(full chapter)
Chapter 63(full chapter)
Chapter 64(full chapter)
Chapter 65(full chapter)
Chapter 66(full chapter)
Chapter 67(full chapter)
Chapter 68(full chapter)
Chapter 69(full chapter)
Chapter 70(full chapter)
Chapter 71(full chapter)
Chapter 72(full chapter)
Chapter 73(full chapter)
Chapter 74(full chapter)
Chapter 75(full chapter)
Chapter 76(full chapter)
Chapter 77(full chapter)
Chapter 78(full chapter)
Chapter 79(full chapter)
Chapter 80(full chapter)

Chapter 38.2

8.5K 1.2K 58
By thinlaelaewin

သူတို့မြစ်ဆိပ်ပြန်ရောက်ချိန် မနက်ပင်ရောက်တော့မည်။ ရွာကတော့တိတ်ဆိတ်နေပြီး ဘယ်သူမှတော့မနိုးကြသေး။ သူတို့ လှေတွေသိမ်းနေချိန် တားလျို့ သူ့လည်ပင်းကိုသာကုတ်နေသဖြင့် ရှောင်းလျို့လှမ်းမေးလိုက်၏။

"ဘာဖြစ်လို့လဲ မျက်နှာက နာနေသေးလို့လား"

"သွားစမ်းပါကွာ ဘယ်လိုတောင်ဆိုးလိုက်တဲ့ကံလဲ"

"ဟာ လုပ်စမ်းပါ ဟိုလူကြီးတို့ကိုကယ်ခဲ့တာပဲ ပြီးတော့ ဒီနှစ်ခုစီရယ် Bossငါတို့ကို ခွဲပေးမယ့်​ေ၀စုရယ်နဲ့တင် ငါတို့ နှစ်တော်တော်ကြာ အေးဆေးနှပ်နေလို့ရပြီကို"

တားလျို့  သူ့ဂုတ်နားက မာတောင်တောင်အေးစက်စက်နှင့်ထုံနေသလိုခံစားနေရသဖြင့် ကိုင်ကြည့်လိုက်သော်လည်း ဘားမှမရှိနေ။

"မြန်မြန်ရှင်းရအောင် ခနနေရွာသားတွေနိုးလာတော့မှာ"

တားလျို့ သူ့လည်ပင်းကိစ္စမေ့ထားလိုက်ပြီး ကျွန်ကိုထုပ်ပြီး ကားစမောင်းလိုက်၏။ဒါတွေပြီးလျှင် သူဒီနေရာကိုနောက်တစ်ခေါက်ပြန်လာရန်စဥ်းစားလိုက်၏။ ဂူထဲကျန်းရှီလဲမရှိတော့ အလောင်းခြောက်တွေသာရှိတော့မည်ဖြစ်သဖြင့် သူဘာကိုကြောက်မှကြောက်စရာမလိုတော့။ ကျန်းချိုးကိုမုန်းတာတွေက ဂူထဲကရတနာတွေ သူ့အပိုင်ဖြစ်လာမည်ဆိုသည့်အတွေးတွေအောက် ပျောက်သွားလေတော့သညါ။

-

ကားသွားနေစဥ် ကျန်းချိုး သူ့အိတ်ကိုကိုင်ရင်းအလန့်တကြားဖြစ်သွားရလေ၏။

"ရှောင်းကျန်းလေး​ပျောက်နေတယ် သူကားထဲမှာရှိမနေဘူးလား ငါသွားရှာ..."

"မင်းခေါင်းပေါ်မှာမဟုတ်ဘူးလား"

ဖီးရှန် ကျန်းချိုးခေါင်းကိုညွှန်ပြလိုက်မှ ပျော့ပြီးရှည်သည့်ကျန်းချိုးဆံပင်တွေကြား ထိုင်နေသည့် ကျန်းရှီလေးကိုစမ်းလိုက်မိ၏။

"ရှောင်းကျန်းလေး ဘာလို့အပေါ်ပြေးတက်ရတာလဲ ငါ့ကိုသေအောင်ခြောက်နေတာလား နောက်တစ်ခါမလုပ်ရဘူးနော်"

"ပါ့ပါ သားသိပါပြီ"

ကျန်းရှီလေးသူ့သွားစွယ်တွေကိုလျှာဖြင့်သပ်လိုက်ပြီး ချစ်စဖွဟ်လေးလုပ်ပြလိုက်၏။ ကျန်းချိုးမမြင်ရသော်လည်း ကျန်းရှီအသံလေးကြောင့် သူ့သားဘယ်လောက်တောင် နာခံတတ်ပြီး ချစ်ဖို့ကောင်းနေလဲကို ခံစားမိလျက် ဘေးဖက်ကို အမှတ်မထင်လှည့်ကြည့်လိုက်တော့ ပိုင်ကျွင်းကိုမြင်၍ သူအတောင့်လိုက်ဖြစ်သွားရ၏။ ဟုတ်သားပဲ ကားထဲမှာ ဖေးချင်ပါ ပါလာတာကိုသူမေ့နေသည်ပဲ။ ကားနောက်ခန်းတွင် ဖေးချင်အေးဆေးလှဲလျက် ပြုံးပြလာ၏။

"တကယ်တော့ ကျတော်အားလုံးသိပါတယ် ဒါပေမယ့် ခများတို့မ​ပြောပြမချင်း ကျတော်မမေးဘူး"

"အာ   ဒါက ကျတော့သား ကျန်းရှောင်းကျန်းလေးပါ"

ပြောရင်း ဖေးချင်မျက်နှာကိုစိုက်ကြည့်လိုက်သော်လည်း သူကတော့ ဘာမှမဖြစ်သလိုပင် ပြုံးပြပြီး နှုတ်ပင်ဆက်လိုက်၏။

"Helloရှောင်းကျန်းလေး"

ကျန်းရှီလေးကတော့ ဟွန်းခနဲနှာမှုတ်ပြလိုက်သဖြင့် ကျန်းချိုး စိတ်ကသိကအောက်ဖြစ်သွားလျက်  ကျန်းရှီလေးကိုအောက်ချပြီး ပထမကတော့မယဥ်ကျေးသည့်အပြုအမူကိုဆူရန်ပင်။ သို့သော် သူ့သား၏ ချစ်စရာမျက်လုံးများအကြည့်အောက် အရည်ပျော်သွားလေပြီး စကားလေးတစ်ကြောင်းတောင်မနည်းပြောဆူလိုက်၏။

"မရိုင်းရဘူးလေသား"

ကျန်းရှီလေးကတော့ သူ့ပါးပါးကိုမျက်နှာလုပ်ပြီး ရိုကျိုးစွာ ဦးလေးလို့ပြန်ထူးရင်း ကျန်းချိုးအိတ်ထဲ၀င်အိပ်သွား၏။

ကျန်းချိုး သူ့သား၏ ၀ိညာဥ်သိပ်က နေ့ခင်းဖက်အားန ည်းတတ်ပြီး တိမ်ထူသည့်ရက်တွေ ညဘက်တွေမှာသာအားကောင်းတတ်သဖြင့် နေ့ခင်းတွင် အိပ်နေလေ့သာရှိတတ်သည်ကိုသတိထားမိ၏။ သူ အိတ်လေးကိုပုတ်ပေးရင်း ကျန်းရှီလေးကိုချော့သိပ်လိုက်၏။

-

သူတို့ချန်းရှားမြို့ ဟိုတယ်ကိုပြန်ရောက်ချိန် ကျွန်အလောင်ကိုမထုတ်လာရဲ။ အခုချိန်တွင် ရဲတွေက ဂူတူးသူတွေကို လိုက်လံဖမ်းဆီးနေချိန်ဖြစ်ပြီး မိသွားလျှင်တော့မတွေး၀ံ့စရာပင်။ ကျန်းချိုး စဥ်းစားမိရုံနှင့်ပင်ကြောက်မိသွားရင်း ဟိုတယ်ထဲ လီစူးနောက်လိုက်သွားလိုက်၏။

ရေချိုးပြီးချိန် ကုတင်ပေါ်ကျောခင်းရင်း ဖုန်းထုတ်လိုက်၏။ သူဖေးချင်အကြောင်းကို သူ့စီနီယာဆီမေးရန်ရည်ရွယ်လိုက်သော်လည်း သူ့စီနီယာက အခု ဆေးရုံပေါ်မှာမဟုတ်လား။ ပြီးတော့ လုဖန်နှင့်ကလည်း ဘယ်လိုဆက်သွယ်ရမှန်းမသိသဖြင့် ပြန်ရောက်မှမေးရန်သာ စဥ်းစားလိုက်ရတော့၏။

"ဘာလုပ်နေတာလဲ"

အနောက်ထွက်လာသည့် လီစူးအသံကြောင့် ကျန်းချို့ လန့်ခနဲဖြစ်သွားပြီး နောက်လှည့်ကြည့်တော့ ရေချိုးခန်းထဲကတပတ်တစ်ထည်ပတ်လျက် ထွက်လာသည့် လီစူး။ လီစူးကိုယ်ပေါ်က တစ်စက်ချင်းကျနေသည့်ရေစက်တို့ကတော့ ကျန်းချိုးအတွက် သိပ်တော့အဆင်မပြေလှ။ sexyကျလွန်းနေ၏။

ကျန်းချိုး တံတွေးမြိုချချိန် လည်ကခြောက်နေပြီး နှခေါင်းကလဲ ယားကျိကျိနှင့်။ လီစူးမျက်နှာက်ု ဘယ်လောက်မြင်ရမြင်ရ ရိုးမသွားဖူး။ အခုလဲ သူ့မျက်နှာက ကူရာမဲ့အနေအထားဖြစ်နေမှာ ကျိမ်းသေ၏။

"ဘာလို့အ၀တ်ချက်ချင်းမ၀တ်ရတာလဲ ခများက"

ကျန်းချိုးစကားသာပြောနေတာ မျက်လုံးမလွှဲနိုင်သလို မြူစွယ်တဲ့စကားတစ်ချို့ပါ ထွက်အန်ကျလာ၏။ လီစူး သူ့တပတ်ကိုချွန်လိုက်ရင်း သု့ဆီဖြေးဖြေးချင်းကပ်လာပြီး အေးစက်ပြီး မြူစွယ်သည့်အသံကြီးနှင့်ပြောလာ၏။

"ဘာလဲ မြူစွယ်နေတာလား ဟမ်"

ကျန်းချိုးထားကပ်လှဲရင်း ကျန်းချိုးပေါ်ကပ်လာသဖြင့် ကျန်းချိုးရင်ပတ်က ယားကျိကျိဖြစ်လာပြီး လီစူး၏ ရေစိုနေသည့်ဆံပင်ကိုတစ်ချက်ကြည့်လိုက်၏။ ခေါင်းလျော်ရည်အတူတူသုံးကြပေမယ့် လီစူးရဲ့အနံ့က သူ့ကိုပိုစိတ်ပါအောင်ဆွဲဆောင်နေသလိုပင်။ fuck သူအခု လီစူးဆီကအအုပ်ခံချင်နေပြန်ပြီ။

အမြဲတမ်းပဲ သူလီစူးရဲ့အလှအောက်ကျသွားမယ် ပြီးရင် သူ့ကိုယ်သူ လီစူးရဲ့အယုအရခံချင်လာမယ် ပြီးရင်တော့ လီစူးဆီက အသနားခံရသည်အထိ အလုပ်ခံရမည် ပြီးရင်တော့ ကောင်းကင်ကိုအော် မြေကိုတောင်းပန် အဖေသာ တရမည့်အဖြစ်။ ငိုရတာမှ တကယ့်သနားစရာလေး။ ပြီး အားရှောင်(ဖီးရှန်)ရဲ့ လိပ်ခေါင်းဖြစ်နေတာလားဟု သူထူးထူးဆန်းဆန်းလမ်းလျှောက်ရတိုင်း အစခံရသည့်အဖြစ်ကပါ အဆစ်ပါဦးမည်။  သူလ္စူးရင်ပတ်ကိုတွန်းလိုက်ရင်း ကပ်လာမည့်ရန်က ကာလိုက်သော်လည်း ရင်ဘတ်က musclesတွေစမ်းမိတာကလဲ သူ့အတွက်အဆင်မပြေလှ။ ကျန်းချိုး စိတ်တင်းရင်း အကြောင်းအရာ ခေါင်းစဥ်ပြောင်းလိုက်၏။ မဟုတ်ရင် အန္တရာယ်ကတော်တော်ကြီးတော့မည်မှာမလွဲ။

"ကျတော် စီနီယာဆီ စာပို့မေးမလို့ ဖေးချင်နဲ့ စု၀မ်တင်တို့ကအရင်ကတည်းကသိနေသလိုပဲ ပြီးတော့အရမ်းနီးစပ်နေသလိုခံစားရတယ်"

ကျန်းချိုး ကျွန်နှင့်တိုက်တုန်းကဖေးချင်အော်ခေါ်ခဲ့သည့် တင်တင်ဆိုသည့်အသုံးကို သတိရတုန်းပင်။ အသက်အန္တာရာယ်ကြုံပြီဆို လူတွေရဲ့အပြုအမူက သိပ်သတိမရှိကြတော့။

"ဖေးချင်ကော စုမိသားစုနောက်ကပါ တစ်ယောက်ယောက်ရှိနေတာ ဒါပေမယ့် အပေးအယူတော့လုပ်လို့ရပါတယ်"

လီစူးစကားအစအနေအဆုံးထိမှာ သူ့မျက်လုံးတွေကအေးစက်လျက်။ ကျန်းချိုးရုတ်တရက်အတွေးပေါက်သွား၏။

"ကျင်းလောင်ဒါးနောက်က bossလား"

လီစူးခေါင်းငြိတ်ပြ၏။ ကျန်းချိုး သု့အတွေးမှန်သွားလို့နည်းနည်းပျော်သွားမိ၏။ သူ့ကို အတွေးနက်စေသည်က ကျွန်ရဲ့ မင်းငါ့ကိုစားချင်လားဆိုသည့်စကား။ စု၀မ်တင်ကလဲထူးဆန်း၏။ သူတို့ပထမဆုံးတွေ့သည့် ကလေးပစ္စည်းဆိုင်တွင် စု၀မ်တင်ပုံက ဖြူစင်တဲ့မင်းသမီးပုံပေါက်နေပေမဟ့် သု့ပုံစံအပြုအမူကတော့ မဟုတ်။လေလံပစ်ပွဲမှာ ၀တ်ပုံပြောပုံကြလဲ အသက် ၁၈ ၁၉နှစ်အ ရွယ်နှင့်မကိုက်။ သူမ ကျန်းရှီကိုရွံတယ်ဆိုသော်လဲ တကယ်တမ်းတွေ့တော့ မကြောက်မလန့်နှင့် မြန်မြန်ပင်ဖမ်းခိုင်းနေသေး၏။

"မင်း အနံ့ရပြီး ထင်ယောင်ထင်မှားဖြစ်တာကော မှတ်မိသေးလား"

"အဲ့မှာလဲ ပြဿနာရှိတာလား"

"ပထမဆုံးရေထဲပြုတ်ကြတာက ကတုံးပဲ ပြီးတော့ စု၀မ်တင်ချက်ချင်းလိုက်ခုန်ဆင်းသွားတာ ရေထဲဘာဖြစ်ခဲ့လဲမသိပေမယ့် ကတုံးမျက်နှာမှာ အစင်းရာရှိနေသလို စု၀မ်တင်လက်သည်းကြားမှာလဲ အသားစရှိနေတယ်"

"စု၀မ်တင် ထင်ယောင်ထင်မှားဖြစ်ပြီးတိုက်တာပဲမဟုတ်ဘူးလား"

"စု၀မ်တင်ကသတိကြီးတယ် ကတုံး မသေတာ ဖေးချင်ကယ်လို့"

လီစူးစကားကြောင့် ကျန်းချိုးခေါင်းရှုပ်ပုံဖြစ်သွားသဖြင့် လီစူး ကျန်းချိုးကိုနမ်းလိုက်၏။

"အရမ်းကြီးမတွေးနဲ့ ဒီဖြစ်ရပ်နောက်ကွယ်က လူတွေက တဖြေးဖြေးလောနေကြပြီး သူတို့တွေ ပေါ်တော့မှာ ဖေးချင်ကတော့ စု၀မ်တင်ကိုသိနေပေမယ့်  နောက်ကွယ်ကလူတွေနဲ့တော့မဆိုင်လောက်ဘူး"

ကျန်းချိုးလဲ ဖေးချင်က လူဆိုးမဟုတ်မှန်း ခံစားမိ၏။ သူစဥ်းစားလေ ရှုပ်လာလေလေဖြစ်သဖြင့် အရှုပ်ထုတ်ကြီးလို ခံစားလာမိ၏။ ကျန်းချိုး မီးတောက်မျက်လုံးတစ်စုံတို့ နီးလာမှ တစ်ခုခုမှားနေမှန်းသိတော့သည်။ လီစူးအကြည့်အောက် သူရင်တစ်ခုလုံးဗြောင်းဆန်ကုန်၏။

"ကျတော် ကျတော်ပြောချင်တာက မနက်ဖြန် ခရီးသွားရဦးမှာမလား..."

အစကတော့ ငြင်းပါသေးတယ်။ သို့သော် လီစူး၏ ဆွဲဆောင်မှုရှိလွန်းသည့်အကြည့်အောက် သူတွန်းထားသည့် လက်တို့ တဖြေးဖြေးလျော့သွားရလေတော့သည်။

"အင် အနားယူတာလဲ ကောင်းပါတယ်"

လီစူးနှုတ်ခမ်းတို့ပြုံးတက်သွား၏။

"လိမ္မာတယ်"

ကျန်း ချိုးတို့နှစ်ယောက်၏ ကုတင်ပေါ်ကကိစ္စက တော်တော်ကိုအရှိန်တက်လာချိန် ကျန်းချိုးစဥ်းစားမိသည်က ရှေးခေတ်လူတွေက ရှေးရိုးစွဲသမားတွေလို့ပြောကြတဟ်မလား လီစူးကတော့ သန္ဓေပြောင်းကောင်ကြီး သူ့ထက်တောင် ပိုဆန်းဆန်းကစားနိုင်သေးတယ်ဟူသည့်အတွေးသာ။

"ခနနေဦး ကျန်းရှီလေးရော"

လီစူး ဂိမ်းအကြီးကြီးကစားချင်နေချိန် သူစကားပြောတာ စောသွားသည်ကိုနောင်တက ရချင်သွား၏။ သူတို့နောက်ဆုံးကစားခဲ့သည့် မီးဖိုချောင်က အချစ်ဂိမ်းကတော့ ပြန်တွေးတိုင်းရှက်စရာကြီးပင်။ ကိုယ်လက်သန့်စင်ပြီး စောစောအိပ်မှပါ။ စောင်အောက်မှာ စကားပြောကြတာလဲကောင်းတာပဲမဟုတ်ဘူးလား။ သို့သော် သူအနေအထားပြောင်းလိုက်လျှင် လီစူးမျက်နှာက အစွန့်ပစ်ခံရုပ်ကပေါ်လာပေမည်။

ကျန်းရှီ သူ လီစူးအောက်အဖိခံရင်း  ညည်းသံထွက်သည်အထိ နှာခေါင်းသွေးရှန် ပျော်ရသည့်ပုံစံက ဦးနှောက်ထဲအပြည့်နေရာယူထားပြန်၏။ လီစူး သူ့နားကို ကိုက်လိုက်ချိန် တုန်တက်သွားရလောက်သည်အထိ feelသွားပြန်သည်။

သူ့ပါးစပ်ကတော့ ခေါင်းမာစွာနှင့်ငြင်းနေဆဲ။

"သာ သာ"

(T/Nဒီမှာ သားလို့ပြောချင်ပေမယ့် ကျန်းချိုးစကားတောင်မပီတော့တာပါ ကိုယ်စာလုံးကျန်တာမဟုတ်ပါဘူး)

:ဒီလိုမဟုတ်သေးဘူးလေ ကလေးလေးကိုပျက်စီးအောင်မပြစ်ထားသင့်ဘူး ကလေးရှေ့မှာ အဲ့လိုညည်းရမှာကလဲ အဆင်ပြေမနေဘူး ဒါက ဒီလိုမဖြစ်ရဘူးလေ:

လီစူးရဲ့နှုတ်ခမ်းစွန်းတွန့်တက်သွားတာကလဲ ကျန်းချိုးမျက်စိထဲ မုန်တိုင်းကြီးတစ်ခုဖြစ်ထွန်းတော့မည်လိုပင်။

"ရှောင်းကျန်းလေးက ရေချိုးခန်းထဲမှာ ဘဲနဲ့ကစားနေတယ်"

လီစူးပြောပြီး ထပ်ဖြည့်ပြောပြန်၏။

"အရမ်းပျော်ပျော်ရွှင်ရွှင်နဲ့လေ"

ကျန်းရှောင်းကျန်း: ငါဘာသာငါ ရွှေဘဲလေးနဲ့ကစားဆော့တာပဲ ပျော်ဖို့ကောင်းပါတယ်

(T/N ဒါလေးကတော့ chp 38အစက ကျန်းရှီလေးရေ အဲ့မှာ ဘဲလဲနဲ့ပဲ ကစားနေပါ ဆိုတဲ့ခေါင်းစဥ်ရဲ့ အနက်ဆိုလိုရင်းလေးဖြစ်ပါတယ်)

Total:2153words
Sorry for spelling mistakes

Zawgyi
သူတို႔ျမစ္ဆိပ္ျပန္ေရာက္ခ်ိန္ မနက္ပင္ေရာက္ေတာ့မည္။ ရြာကေတာ့တိတ္ဆိတ္ေနၿပီး ဘယ္သူမွေတာ့မႏိုးၾကေသး။ သူတို႔ ေလွေတြသိမ္းေနခ်ိန္ တားလ်ိဳ႕ သူ႔လည္ပင္းကိုသာကုတ္ေနသျဖင့္ ေရွာင္းလ်ိဳ႕လွမ္းေမးလိုက္၏။

"ဘာျဖစ္လို႔လဲ မ်က္ႏွာက နာေနေသးလို႔လား"

"သြားစမ္းပါကြာ ဘယ္လိုေတာင္ဆိုးလိုက္တဲ့ကံလဲ"

"ဟာ လုပ္စမ္းပါ ဟိုလူႀကီးတို႔ကိုကယ္ခဲ့တာပဲ ၿပီးေတာ့ ဒီႏွစ္ခုစီရယ္ Bossငါတို႔ကို ခြဲေပးမယ့္​ေဝစုရယ္နဲ႔တင္ ငါတို႔ ႏွစ္ေတာ္ေတာ္ၾကာ ေအးေဆးႏွပ္ေနလို႔ရၿပီကို"

တားလ်ိဳ႕  သူ႔ဂုတ္နားက မာေတာင္ေတာင္ေအးစက္စက္ႏွင့္ထံုေနသလိုခံစားေနရသျဖင့္ ကိုင္ၾကည့္လိုက္ေသာ္လည္း ဘားမွမရိွေန။

"ျမန္ျမန္ရွင္းရေအာင္ ခနေနရြာသားေတြႏိုးလာေတာ့မွာ"

တားလ်ိဳ႕ သူ႔လည္ပင္းကိစၥေမ့ထားလိုက္ၿပီး ကြၽန္ကိုထုပ္ၿပီး ကားစေမာင္းလိုက္၏။ဒါေတြၿပီးလ်ွင္ သူဒီေနရာကိုေနာက္တစ္ေခါက္ျပန္လာရန္စဥ္းစားလိုက္၏။ ဂူထဲက်န္းရွီလဲမရိွေတာ့ အေလာင္းေျခာက္ေတြသာရိွေတာ့မည္ျဖစ္သျဖင့္ သူဘာကိုေၾကာက္မွေၾကာက္စရာမလိုေတာ့။ က်န္းခ်ိဳးကိုမုန္းတာေတြက ဂူထဲကရတနာေတြ သူ႔အပိုင္ျဖစ္လာမည္ဆိုသည့္အေတြးေတြေအာက္ ေပ်ာက္သြားေလေတာ့သညါ။

-

ကားသြားေနစဥ္ က်န္းခ်ိဳး သူ႔အိတ္ကိုကိုင္ရင္းအလန္႔တၾကားျဖစ္သြားရေလ၏။

"ေရွာင္းက်န္းေလး​ေပ်ာက္ေနတယ္ သူကားထဲမွာရိွမေနဘူးလား ငါသြားရွာ..."

"မင္းေခါင္းေပၚမွာမဟုတ္ဘူးလား"

ဖီးရွန္ က်န္းခ်ိဳးေခါင္းကိုၫႊန္ျပလိုက္မွ ေပ်ာ့ၿပီးရွည္သည့္က်န္းခ်ိဳးဆံပင္ေတြၾကား ထိုင္ေနသည့္ က်န္းရွီေလးကိုစမ္းလိုက္မိ၏။

"ေရွာင္းက်န္းေလး ဘာလို႔အေပၚေျပးတက္ရတာလဲ ငါ့ကိုေသေအာင္ေျခာက္ေနတာလား ေနာက္တစ္ခါမလုပ္ရဘူးေနာ္"

"ပါ့ပါ သားသိပါၿပီ"

က်န္းရွီေလးသူ႔သြားစြယ္ေတြကိုလ်ွာျဖင့္သပ္လိုက္ၿပီး ခ်စ္စဖြဟ္ေလးလုပ္ျပလိုက္၏။ က်န္းခ်ိဳးမျမင္ရေသာ္လည္း က်န္းရွီအသံေလးေၾကာင့္ သူ႔သားဘယ္ေလာက္ေတာင္ နာခံတတ္ၿပီး ခ်စ္ဖို႔ေကာင္းေနလဲကို ခံစားမိလ်က္ ေဘးဖက္ကို အမွတ္မထင္လွည့္ၾကည့္လိုက္ေတာ့ ပိုင္ကြၽင္းကိုျမင္၍ သူအေတာင့္လိုက္ျဖစ္သြားရ၏။ ဟုတ္သားပဲ ကားထဲမွာ ေဖးခ်င္ပါ ပါလာတာကိုသူေမ့ေနသည္ပဲ။ ကားေနာက္ခန္းတြင္ ေဖးခ်င္ေအးေဆးလွဲလ်က္ ၿပံဳးျပလာ၏။

"တကယ္ေတာ့ က်ေတာ္အားလံုးသိပါတယ္ ဒါေပမယ့္ ခမ်ားတို႔မ​ေျပာျပမခ်င္း က်ေတာ္မေမးဘူး"

"အာ   ဒါက က်ေတာ့သား က်န္းေရွာင္းက်န္းေလးပါ"

ေျပာရင္း ေဖးခ်င္မ်က္ႏွာကိုစိုက္ၾကည့္လိုက္ေသာ္လည္း သူကေတာ့ ဘာမွမျဖစ္သလိုပင္ ၿပံဳးျပၿပီး ႏႈတ္ပင္ဆက္လိုက္၏။

"Helloေရွာင္းက်န္းေလး"

က်န္းရွီေလးကေတာ့ ဟြန္းခနဲႏွာမႈတ္ျပလိုက္သျဖင့္ က်န္းခ်ိဳး စိတ္ကသိကေအာက္ျဖစ္သြားလ်က္  က်န္းရွီေလးကိုေအာက္ခ်ၿပီး ပထမကေတာ့မယဥ္ေက်းသည့္အျပဳအမူကိုဆူရန္ပင္။ သို႔ေသာ္ သူ႔သား၏ ခ်စ္စရာမ်က္လံုးမ်ားအၾကည့္ေအာက္ အရည္ေပ်ာ္သြားေလၿပီး စကားေလးတစ္ေၾကာင္းေတာင္မနည္းေျပာဆူလိုက္၏။

"မရိုင္းရဘူးေလသား"

က်န္းရွီေလးကေတာ့ သူ႔ပါးပါးကိုမ်က္ႏွာလုပ္ၿပီး ရိုက်ိဳးစြာ ၪီးေလးလို႔ျပန္ထူးရင္း က်န္းခ်ိဳးအိတ္ထဲ၀င္အိပ္သြား၏။

က်န္းခ်ိဳး သူ႔သား၏ ဝိညာဥ္သိပ္က ေန့ခင္းဖက္အားန ည္းတတ္ၿပီး တိမ္ထူသည့္ရက္ေတြ ညဘက္ေတြမွာသာအားေကာင္းတတ္သျဖင့္ ေန့ခင္းတြင္ အိပ္ေနေလ့သာရိွတတ္သည္ကိုသတိထားမိ၏။ သူ အိတ္ေလးကိုပုတ္ေပးရင္း က်န္းရွီေလးကိုေခ်ာ့သိပ္လိုက္၏။

-

သူတို႔ခ်န္းရွားၿမိဳ႔ ဟိုတယ္ကိုျပန္ေရာက္ခ်ိန္ ကြၽန္အေလာင္ကိုမထုတ္လာရဲ။ အခုခ်ိန္တြင္ ရဲေတြက ဂူတူးသူေတြကို လိုက္လံဖမ္းဆီးေနခ်ိန္ျဖစ္ၿပီး မိသြားလ်ွင္ေတာ့မေတြးဝံ့စရာပင္။ က်န္းခ်ိဳး စဥ္းစားမိရံုႏွင့္ပင္ေၾကာက္မိသြားရင္း ဟိုတယ္ထဲ လီစူးေနာက္လိုက္သြားလိုက္၏။

ေရခ်ိဳးၿပီးခ်ိန္ ကုတင္ေပၚေက်ာခင္းရင္း ဖုန္းထုတ္လိုက္၏။ သူေဖးခ်င္အေၾကာင္းကို သူ႔စီနီယာဆီေမးရန္ရည္ရြယ္လိုက္ေသာ္လည္း သူ႔စီနီယာက အခု ေဆးရံုေပၚမွာမဟုတ္လား။ ၿပီးေတာ့ လုဖန္ႏွင့္ကလည္း ဘယ္လိုဆက္သြယ္ရမွန္းမသိသျဖင့္ ျပန္ေရာက္မွေမးရန္သာ စဥ္းစားလိုက္ရေတာ့၏။

"ဘာလုပ္ေနတာလဲ"

အေနာက္ထြက္လာသည့္ လီစူးအသံေၾကာင့္ က်န္းခ်ိဳ႕ လန္႔ခနဲျဖစ္သြားၿပီး ေနာက္လွည့္ၾကည့္ေတာ့ ေရခ်ိဳးခန္းထဲကတပတ္တစ္ထည္ပတ္လ်က္ ထြက္လာသည့္ လီစူး။ လီစူးကိုယ္ေပၚက တစ္စက္ခ်င္းက်ေနသည့္ေရစက္တို႔ကေတာ့ က်န္းခ်ိဳးအတြက္ သိပ္ေတာ့အဆင္မေျပလွ။ sexyက်လြန္းေန၏။

က်န္းခ်ိဳး တံေတြးၿမိဳခ်ခ်ိန္ လည္ကေျခာက္ေနၿပီး ႏွေခါင္းကလဲ ယားက်ိက်ိႏွင့္။ လီစူးမ်က္ႏွာက္ု ဘယ္ေလာက္ျမင္ရျမင္ရ ရိုးမသြားဖူး။ အခုလဲ သူ႔မ်က္ႏွာက ကူရာမဲ့အေနအထားျဖစ္ေနမွာ က်ိမ္းေသ၏။

"ဘာလို႔အ၀တ္ခ်က္ခ်င္းမ၀တ္ရတာလဲ ခမ်ားက"

က်န္းခ်ိဳးစကားသာေျပာေနတာ မ်က္လံုးမလႊဲႏိုင္သလို ျမဴစြယ္တဲ့စကားတစ္ခ်ိဳ႕ပါ ထြက္အန္က်လာ၏။ လီစူး သူ႔တပတ္ကိုခြၽန္လိုက္ရင္း သု႔ဆီေျဖးေျဖးခ်င္းကပ္လာၿပီး ေအးစက္ၿပီး ျမဴစြယ္သည့္အသံႀကီးႏွင့္ေျပာလာ၏။

"ဘာလဲ ျမဴစြယ္ေနတာလား ဟမ္"

က်န္းခ်ိဳးထားကပ္လွဲရင္း က်န္းခ်ိဳးေပၚကပ္လာသျဖင့္ က်န္းခ်ိဳးရင္ပတ္က ယားက်ိက်ိျဖစ္လာၿပီး လီစူး၏ ေရစိုေနသည့္ဆံပင္ကိုတစ္ခ်က္ၾကည့္လိုက္၏။ ေခါင္းေလ်ာ္ရည္အတူတူသံုးၾကေပမယ့္ လီစူးရဲ့အနံ႔က သူ႔ကိုပိုစိတ္ပါေအာင္ဆြဲေဆာင္ေနသလိုပင္။ fuck သူအခု လီစူးဆီကအအုပ္ခံခ်င္ေနျပန္ၿပီ။

အၿမဲတမ္းပဲ သူလီစူးရဲ့အလွေအာက္က်သြားမယ္ ၿပီးရင္ သူ႔ကိုယ္သူ လီစူးရဲ့အယုအရခံခ်င္လာမယ္ ၿပီးရင္ေတာ့ လီစူးဆီက အသနားခံရသည္အထိ အလုပ္ခံရမည္ ၿပီးရင္ေတာ့ ေကာင္းကင္ကိုေအာ္ ေျမကိုေတာင္းပန္ အေဖသာ တရမည့္အျဖစ္။ ငိုရတာမွ တကယ့္သနားစရာေလး။ ၿပီး အားေရွာင္(ဖီးရွန္)ရဲ့ လိပ္ေခါင္းျဖစ္ေနတာလားဟု သူထူးထူးဆန္းဆန္းလမ္းေလ်ွာက္ရတိုင္း အစခံရသည့္အျဖစ္ကပါ အဆစ္ပါၪီးမည္။  သူလၥူးရင္ပတ္ကိုတြန္းလိုက္ရင္း ကပ္လာမည့္ရန္က ကာလိုက္ေသာ္လည္း ရင္ဘတ္က musclesေတြစမ္းမိတာကလဲ သူ႔အတြက္အဆင္မေျပလွ။ က်န္းခ်ိဳး စိတ္တင္းရင္း အေၾကာင္းအရာ ေခါင္းစဥ္ေျပာင္းလိုက္၏။ မဟုတ္ရင္ အႏၲရာယ္ကေတာ္ေတာ္ႀကီးေတာ့မည္မွာမလြဲ။

"က်ေတာ္ စီနီယာဆီ စာပို႔ေမးမလို႔ ေဖးခ်င္နဲ႔ စု၀မ္တင္တို႔ကအရင္ကတည္းကသိေနသလိုပဲ ၿပီးေတာ့အရမ္းနီးစပ္ေနသလိုခံစားရတယ္"

က်န္းခ်ိဳး ကြၽန္ႏွင့္တိုက္တုန္းကေဖးခ်င္ေအာ္ေခၚခဲ့သည့္ တင္တင္ဆိုသည့္အသံုးကို သတိရတုန္းပင္။ အသက္အႏၲာရာယ္ႀကံဳၿပီဆို လူေတြရဲ့အျပဳအမူက သိပ္သတိမရိွၾကေတာ့။

"ေဖးခ်င္ေကာ စုမိသားစုေနာက္ကပါ တစ္ေယာက္ေယာက္ရိွေနတာ ဒါေပမယ့္ အေပးအယူေတာ့လုပ္လို႔ရပါတယ္"

လီစူးစကားအစအေနအဆံုးထိမွာ သူ႔မ်က္လံုးေတြကေအးစက္လ်က္။ က်န္းခ်ိဳးရုတ္တရက္အေတြးေပါက္သြား၏။

"က်င္းေလာင္ဒါးေနာက္က bossလား"

လီစူးေခါင္းၿငိတ္ျပ၏။ က်န္းခ်ိဳး သု႔အေတြးမွန္သြားလို႔နည္းနည္းေပ်ာ္သြားမိ၏။ သူ႔ကို အေတြးနက္ေစသည္က ကြၽန္ရဲ့ မင္းငါ့ကိုစားခ်င္လားဆိုသည့္စကား။ စု၀မ္တင္ကလဲထူးဆန္း၏။ သူတို႔ပထမဆံုးေတြ့သည့္ ကေလးပစၥည္းဆိုင္တြင္ စု၀မ္တင္ပံုက ျဖဴစင္တဲ့မင္းသမီးပံုေပါက္ေနေပမဟ့္ သု႔ပံုစံအျပဳအမူကေတာ့ မဟုတ္။ေလလံပစ္ပြဲမွာ ၀တ္ပံုေျပာပံုၾကလဲ အသက္ ၁၈ ၁၉ႏွစ္အ ရြယ္ႏွင့္မကိုက္။ သူမ က်န္းရွီကိုရြံတယ္ဆိုေသာ္လဲ တကယ္တမ္းေတြ့ေတာ့ မေၾကာက္မလန္႔ႏွင့္ ျမန္ျမန္ပင္ဖမ္းခိုင္းေနေသး၏။

"မင္း အနံ႔ရၿပီး ထင္ေယာင္ထင္မွားျဖစ္တာေကာ မွတ္မိေသးလား"

"အဲ့မွာလဲ ျပႆနာရိွတာလား"

"ပထမဆံုးေရထဲျပဳတ္ၾကတာက ကတံုးပဲ ၿပီးေတာ့ စု၀မ္တင္ခ်က္ခ်င္းလိုက္ခုန္ဆင္းသြားတာ ေရထဲဘာျဖစ္ခဲ့လဲမသိေပမယ့္ ကတံုးမ်က္ႏွာမွာ အစင္းရာရိွေနသလို စု၀မ္တင္လက္သည္းၾကားမွာလဲ အသားစရိွေနတယ္"

"စု၀မ္တင္ ထင္ေယာင္ထင္မွားျဖစ္ၿပီးတိုက္တာပဲမဟုတ္ဘူးလား"

"စု၀မ္တင္ကသတိႀကီးတယ္ ကတံုး မေသတာ ေဖးခ်င္ကယ္လို႔"

လီစူးစကားေၾကာင့္ က်န္းခ်ိဳးေခါင္းရႈပ္ပံုျဖစ္သြားသျဖင့္ လီစူး က်န္းခ်ိဳးကိုနမ္းလိုက္၏။

"အရမ္းႀကီးမေတြးနဲ႔ ဒီျဖစ္ရပ္ေနာက္ကြယ္က လူေတြက တေျဖးေျဖးေလာေနၾကၿပီး သူတို႔ေတြ ေပၚေတာ့မွာ ေဖးခ်င္ကေတာ့ စု၀မ္တင္ကိုသိေနေပမယ့္  ေနာက္ကြယ္ကလူေတြနဲ႔ေတာ့မဆိုင္ေလာက္ဘူး"

က်န္းခ်ိဳးလဲ ေဖးခ်င္က လူဆိုးမဟုတ္မွန္း ခံစားမိ၏။ သူစဥ္းစားေလ ရႈပ္လာေလေလျဖစ္သျဖင့္ အရႈပ္ထုတ္ႀကီးလို ခံစားလာမိ၏။ က်န္းခ်ိဳး မီးေတာက္မ်က္လံုးတစ္စံုတို႔ နီးလာမွ တစ္ခုခုမွားေနမွန္းသိေတာ့သည္။ လီစူးအၾကည့္ေအာက္ သူရင္တစ္ခုလံုးေျဗာင္းဆန္ကုန္၏။

"က်ေတာ္ က်ေတာ္ေျပာခ်င္တာက မနက္ျဖန္ ခရီးသြားရၪီးမွာမလား..."

အစကေတာ့ ျငင္းပါေသးတယ္။ သို႔ေသာ္ လီစူး၏ ဆြဲေဆာင္မႈရိွလြန္းသည့္အၾကည့္ေအာက္ သူတြန္းထားသည့္ လက္တို႔ တေျဖးေျဖးေလ်ာ့သြားရေလေတာ့သည္။

"အင္ အနားယူတာလဲ ေကာင္းပါတယ္"

လီစူးႏႈတ္ခမ္းတို႔ၿပံဳးတက္သြား၏။

"လိမၼာတယ္"

က်န္း ခ်ိဳးတို႔ႏွစ္ေယာက္၏ ကုတင္ေပၚကကိစၥက ေတာ္ေတာ္ကိုအရိွန္တက္လာခ်ိန္ က်န္းခ်ိဳးစဥ္းစားမိသည္က ေရွးေခတ္လူေတြက ေရွးရိုးစြဲသမားေတြလို႔ေျပာၾကတဟ္မလား လီစူးကေတာ့ သႏၶေျပာင္းေကာင္ႀကီး သူ႔ထက္ေတာင္ ပိုဆန္းဆန္းကစားႏိုင္ေသးတယ္ဟူသည့္အေတြးသာ။

"ခနေနၪီး က်န္းရွီေလးေရာ"

လီစူး ဂိမ္းအႀကီးႀကီးကစားခ်င္ေနခ်ိန္ သူစကားေျပာတာ ေစာသြားသည္ကိုေနာင္တက ရခ်င္သြား၏။ သူတို႔ေနာက္ဆံုးကစားခဲ့သည့္ မီးဖိုေခ်ာင္က အခ်စ္ဂိမ္းကေတာ့ ျပန္ေတြးတိုင္းရွက္စရာႀကီးပင္။ ကိုယ္လက္သန္႔စင္ၿပီး ေစာေစာအိပ္မွပါ။ ေစာင္ေအာက္မွာ စကားေျပာၾကတာလဲေကာင္းတာပဲမဟုတ္ဘူးလား။ သို႔ေသာ္ သူအေနအထားေျပာင္းလိုက္လ်ွင္ လီစူးမ်က္ႏွာက အစြန္႔ပစ္ခံရုပ္ကေပၚလာေပမည္။

က်န္းရွီ သူ လီစူးေအာက္အဖိခံရင္း  ညည္းသံထြက္သည္အထိ ႏွာေခါင္းေသြးရွန္ ေပ်ာ္ရသည့္ပံုစံက ၪီးေနွာက္ထဲအျပည့္ေနရာယူထားျပန္၏။ လီစူး သူ႔နားကို ကိုက္လိုက္ခ်ိန္ တုန္တက္သြားရေလာက္သည္အထိ feelသြားျပန္သည္။

သူ႔ပါးစပ္ကေတာ့ ေခါင္းမာစြာႏွင့္ျငင္းေနဆဲ။

"သာ သာ"

(T/Nဒီမွာ သားလို႔ေျပာခ်င္ေပမယ့္ က်န္းခ်ိဳးစကားေတာင္မပီေတာ့တာပါ ကိုယ္စာလံုးက်န္တာမဟုတ္ပါဘူး)

:ဒီလိုမဟုတ္ေသးဘူးေလ ကေလးေလးကိုပ်က္စီးေအာင္မျပစ္ထားသင့္ဘူး ကေလးေရ႔ွမွာ အဲ့လိုညည္းရမွာကလဲ အဆင္ေျပမေနဘူး ဒါက ဒီလိုမျဖစ္ရဘူးေလ:

လီစူးရဲ့ႏႈတ္ခမ္းစြန္းတြန္႔တက္သြားတာကလဲ က်န္းခ်ိဳးမ်က္စိထဲ မုန္တိုင္းႀကီးတစ္ခုျဖစ္ထြန္းေတာ့မည္လိုပင္။

"ေရွာင္းက်န္းေလးက ေရခ်ိဳးခန္းထဲမွာ ဘဲနဲ႔ကစားေနတယ္"

လီစူးေျပာၿပီး ထပ္ျဖည့္ေျပာျပန္၏။

"အရမ္းေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ေလ"

က်န္းေရွာင္းက်န္း: ငါဘာသာငါ ေရႊဘဲေလးနဲ႔ကစားေဆာ့တာပဲ ေပ်ာ္ဖို႔ေကာင္းပါတယ္

(T/N ဒါေလးကေတာ့ chp 38အစက က်န္းရွီေလးေရ အဲ့မွာ ဘဲလဲနဲ႔ပဲ ကစားေနပါ ဆိုတဲ့ေခါင္းစဥ္ရဲ့ အနက္ဆိုလိုရင္းေလးျဖစ္ပါတယ္)

Total:2153words
Sorry for spelling mistakes

Continue Reading