"ရှောင်ကျန့်...."
အားယူဖွင့်မိသည်။
ဘယ်ရောက်နေတာလဲ......
ငါ...ဝေ့ရင်းပါ"
"ဝေ့..ဝေ့ရင်း.."
ငြိမ်နေမိသည်။
ဘာကစပြောရမလဲမသိလို့။
"ဘာ..ဘာကိုလဲ..."
ဘာလို့ငိုတာလဲ.....
တရားပါတယ်.
ထွက်လာသည်။
ငါ..လူသတ်ခံရတာ.."
"ဘာ!!"
မင်းရောက်နေပြီ...."
ရင်ဘတ်ထဲက ခံစားရတဲ့
တားဆီးချင်းပါ။
ရိပေါ်စောင့်နေတယ်...."
မုန်းလိုက်တာ။
🎴🎴🎴🎴🎴🎴
"အဟွတ်...အဟွတ်..."
*၀ုန်း*
မျက်လုံးထဖွင့်မိသည်။
လန်ဝမ့်ကျီး။
"အရှင်...အ!!"
နှစ်ဖက်ကနေဆွဲမကာ
"အရှင်...အားး..နာ...တယ်.."
"မဟုတ်..အ.."
အကြင်နာတရားမဲ့ရတာလဲ
လှုပ်လို့ပင်မရ။
"ဘာ!!"
ပြောမဲ့စကားတို့ကိုသာပြန်မျိုချရင်း
သူ့ မျက်နှာကို လာတို့ထိတဲ့
ဖြတ်ပြေးသွားရသည်။
ဖြစ်သွားတယ်...မငိုနဲ့နော်"
ဖျစ်ညစ်ခံရသလို။
ရှိတယ်မလား ဝေ့ရင်း..*
🎴🎴🎴🎴🎴🎴
"နာနေလား..."
ရှိသေးတယ်မလား"
ငိုချင်သွားသည်။
"တအားနာလား..."
ငိုချင်နေပြီ..."
ဝမ့်ကျီးက
"ဘာလို့လဲ..."
ဆွဲဖွကာ 'အရူးလေး'
🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴
တစ်ညမပြည့်လိုက်ဘူး😒
စိတ်တော့ချပါနော်😅
မဟုတ်ပါဘူး....
ရင်းနှီးထားရတာ😅
ချစ်နေပေးကြ😗😗😗
"ရှောင်ကျန့်...."
အသံသေးသေးလေးရဲ့ ဆွဲဆောင်မှုကြောင့်
ပိတ်ထားတဲ့မျက်လုံးများကို
အားယူဖွင့်မိသည်။
ဘယ်ရောက်နေတာလဲ......
ပတ်ဝန်းကျင်ကတော့မြူတွေဆိုင်းလို့။
အဖြူရောင်ပြင်ကျယ်ကြီးတစ်ခုကလွဲပြီး
ဘာမှမရှိတဲ့အနေထားမှာ ရှောင်ကျန့်
ထိန့်လန့်စွာ ပတ်ပတ်လည်ကိုကြည့်မိသည်။
"ရှောင်ကျန့်...မကြောက်ပါနဲ့...
ငါ...ဝေ့ရင်းပါ"
"ဝေ့..ဝေ့ရင်း.."
"ငါ့ကိုကူညီပါဦးရှောင်ကျန့်!"
တုန်ရီနေတဲ့ သူ့ကိုယ်က
စကားလုံးတွေကို ထွက်ခွင့်မပြု။
နှုတ်ခမ်းတွေတွေ ခြောက်သွေ့နေတယ်လို့
ခံစားရတာကြောင့် လျှာဖြင့်တစ်ချက်သပ်ကာ
ငြိမ်နေမိသည်။
ဘာကစပြောရမလဲမသိလို့။
"ရှောင်ကျန့်...ငါ့ကိုကူညီမယ်မလားဟင်.."
"ဘာ..ဘာကိုလဲ..."
"ငါ...ငါ့ခန္ဓာကိုယ်ထဲ ပြန်လာချင်တယ်.."
ရင်ခုန်နှုန်းတွေရပ်တန့်သွားပြီး
မျက်ဝန်းတွေ ကမျက်ရည်တွေက
အလိုလျောက်ခုန်ဆင်းလာသည်
ဘာလို့ငိုတာလဲ.....
တကယ်ဆို သူ့ခန္ဓာကိုယ်သူလိုချင်တာ
တရားပါတယ်.
"အဲ့တော့...ငါဘာကူပေးရမှာလဲ..
တကယ်ဆို မင်းက သေချင်လွန်းလို့
ကိုယ့်ကိုကိုစီရင်ခဲ့တဲ့သူမဟုတ်ဘူးလား"
စိတ်ထဲရှိတာပြောလိုက်တော့
တရွှတ်ရွှတ်နဲ့ ငိုသံလေး
ထွက်လာသည်။
"ငါ...ငါ ...အဆုံးစီရင်တာမဟုတ်ဘူး...
ငါ..လူသတ်ခံရတာ.."
"ဘာ!!"
"ဟုတ်တယ်...ငါ့ကို လူတစ်ယောက်
အဆောင်တော်ပေါ်ကနေတွန်းချသွားတာ...ဘယ်သူမှန်းလဲမသိဘူး..
ငါသတိရတော့ ငါ့ခန္ဓာကိုယ်ထဲမှာ
မင်းရောက်နေပြီ...."
ရုတ်တရက် ဆိတ်ငြိမ်တဲ့အနေထားမှာ
ဝေ့ရင်းငိုသံဟာပျံ့လွင့်လို့။
ရင်ဘတ်ထဲက ခံစားရတဲ့
အနေထားကတင်းကျပ်လိုက်တာဆိုတာ။
"ငါ့ကို တရားခံဖော်ပေးပြီး ငါ့ခန္ဓာကိုယ်ကို
ပြန်ပေးပါနော်....ငါတောင်းဆိုပါတယ်"
ခဏတာတိတ်ဆိတ်မှုက ထပ်မငိုမိအောင်
တားဆီးချင်းပါ။
"စိတ်ချပါ...ငါမင်းကိုကူညီပါ့မယ်"
"ကျေးဇူးပါရှောင်ကျန့်...မင်းကိုလည်း
ရိပေါ်စောင့်နေတယ်...."
ရိပေါ်ဆိုတာနဲ့ လှုပ်သွားတဲ့နှလုံးသားကို
မုန်းလိုက်တာ။
တကယ်ဆို ငါ့အတွက်လေးပဲဖြစ်ဖြစ်
ခဏလေးတည်ငြိမ်ပေးလို့မရဘူးလား..
🎴🎴🎴🎴🎴🎴
"အဟွတ်...အဟွတ်..."
လည်ပင်းတစ်လျှောက် စူးရှတဲ့ခံစားမှုကြောင့်
နိုးနိုးချင်းချောင်းထဆိုးမိတဲ့အဖြစ်။
နှာခေါင်းတွေလဲ ပူလောင်လိုက်တာဆိုတာ။
"ကိုယ်လုပ်တော်ဝေ့သတိရပါပြီအရှင်"
သမားတော်ကြီးက သတိပေးကြောင်းအော်ပြီး
ဘေးနားက ထသွားတာ ရေတောင်းသောက်မဲ့
ရှောင်ကျန့်လက်တို့ လေထဲမှာတန်းလန်း။
အခုချိန် ကြိမ်းစက်လွန်းတဲ့လည်ချောင်းကြောင့်
ဘာသံမှမထွက်နိုင်ဘဲ ပြန်ငြိမ်နေရသည်။
*၀ုန်း*
မျက်လုံးလေး ပြန်မှိတ်ပြီး မှိန်းနေမယ်ကြံတုန်း
တံခါးဖွင့်သံပြင်းပြင်းကြောင့်
ရှောင်ကျန့် အလန့်တကြား
မျက်လုံးထဖွင့်မိသည်။
ကြည့်လိုက်တော့ ဒေါသမျက်ဝန်းတွေနဲ့
လန်ဝမ့်ကျီး။
"အရှင်...အ!!"
ဒေါသခြေလှမ်းတွေနဲ့ ၀မ့်ကျီးတစ်ယောက်
ကုတင်ပေါ်မှ ရှောင်ကျန့်လက်မောင်း
နှစ်ဖက်ကနေဆွဲမကာ
"အဲ့ကန်ထဲဆင်းရတာ သိပ်ကိုပျော်နေလား။
ငါ့လက်ထဲမှာနေရတာ အဲ့လောက်တောင်
ကြောက်စရာမကောင်းဘူးပေါ့..."
"အရှင်...အားး..နာ...တယ်.."
တင်းကျပ်လွန်းတဲလက်မောင်းက
ခံစားချက်ကြောင့် နာနေသည့်
လည်ချောင်းပင် ပျောက်သွားသယောင်။
"ဟိုတစ်ခေါက်က ကြိမ်ဒဏ်၁၀ချက်က
အယားမပြေလို့ အခုလို ထပ်လုပ်တာလား"
"မဟုတ်..အ.."
"မင်းကို ကုထားတာ အလကားမဟုတ်ဘူး
အပြစ်မခံလိုက်ရဘဲ သေသွားမစိုးလို့။
လာ....အဲ့လောက်မှ အဲ့ကန်ထဲမှာပျော်နေရင်
ငါကိုယ်တိုင် နစ်သတ်ပေးမယ်...လာခဲ့"
လက်ကောက်ဝတ်ကနေ ဆောင့်ဆွဲခံရတဲ့
ဝေဒနာက ဒီလောက်ဆိုးမယ်လို့မထင်မိခဲ့။
လူတစ်ကိုယ်လုံး ကုတင်ပေါ်က ပြုတ်ကျတာတောင်
တရွတ်တိုက်ဆွဲသွားနိုင်တဲ့
လန်ဝမ့်ကျီးက ဘယ်လိုတောင်
အကြင်နာတရားမဲ့ရတာလဲ
"ထ..လူပျော့လူညံ့လိုလုပ်မနေနဲ့"
ရှောင်ကျန့် ထဖို့လုပ်လိုက်ပေမဲ့
ထုံထိုင်းနေတဲ့သူခြေအစုံက
လှုပ်လို့ပင်မရ။
"မထနိုင်ဘူး...ပွေ့သွားပေး"
"ဘာ!!"
"မထနိုင်ဘူးလို့..အဲ့လောက်မှသတ်ချင်နေရင်လည်း
ပွေ့ပြီးကန်လယ်တည့်တည့်သာ ပစ်ချလိုက်တော့။
တစ်ကိုယ်လုံးက ချမ်းပြီးထုံကျင်နေပါတယ်ဆိုမှ
လူကို ခွေးလိုဝက်လိုဆက်ဆံနေတယ်....
ဒီအချိန်မှာကြင်ကြင်နာနာနဲ့ ထွေးပွေ့ရမဲ့အစား
သတ်မယ်ဖြတ်မယ်လုပ်နေတဲ့ ခင်ဗျားကို....."
ပြောမဲ့စကားတို့ကိုသာပြန်မျိူချရင်း
ခေါင်းကိုငုံ့ထားမိတယ်။
*ဝေ့ရင်း ခင်ဗျားကို မချစ်ရဲခဲ့တာ
အခုလိုတွေ ကြမ်းတမ်းလို့ဝမ့်ကျီး*
မျက်ရည်တစ်စက် ကြွေလွင့်သွားတဲ့နောက်ပိုင်း
သူ့ မျက်နှာက်ို လာတို့ထိတဲ့
လက်ရှည်ရှည်သွယ်သွယ်တွေ။
ပါးပြင်ပေါ်က မျက်ရည်ကြောင်းလေးကို
လက်မနဲ့ဖွဖွသုတ်ပေးတဲ့ သူ့ကြောင့်
ရင်ဘတ်ထဲမှာ မသိမသာ လှိုင်းလေးတစ်ခု
ဖြတ်ပြေးသွားရသည်။
"တောင်းပန်ပါတယ်...ကိုစိတ်မထိန်းနိုင်
ဖြစ်သွားတယ်...မင်ိုနဲ့နော်"
မငိုပါနဲ့ဆိုခါမှပိုစီးကျလာတဲ့ မျက်ရည်တွေကြောင့်
၀မ့်ကျီးကိုသာ လှမ်းဖက်တွယ်မိသည်။
ကျောပြင်ကိုဖွဖွပုတ်ပေးရင်း
ဆံစတွေကြား လှမ်းလှမ်းနမ်းတက်တဲ့
၀မ့်ကျီးကြောင့် နှလုံးသားတစ်ခုလုံး
ဖျစ်ညစ်ခံရသလို။
*ဒီအခိုက်တန့်လေးတော့ ငါ ရပိုင်ခွင့်
ရှိတယ်မလား ဝေ့ရင်း..*
🎴🎴🎴🎴🎴🎴
"နာနေလား..."
လက်ကောက်ဝတ်က ရဲစက်နေတဲ့
ဒဏ်ရာလေးကိုတို့ထိရင်းပြောနေတဲ့
၀မ့်ကျီးကို မျက်နှာလွှဲလိုက်တော့
ခပ်ဖွဖွရယ်တဲ့ ရိပေါ်မျက်နှာနဲ့ကောင်ကြီး။
"ကိုဆေးထည့်ပေးမယ်နော်.."
"ထည့်ချင်ထည့်..မထည့်ချင်နေ..
အနာပေးလိုက်ဆေးပေးလိုက်သာမလုပ်နဲ့။
နောက်တစ်ခါဆို အော်ဆဲမှာ..."
"ဟားးဟားး...ဟုတ်ပါပြီကွာ....
လာ..၀တ်ရုံစကိုလှန်....လက်မောင်းမှာလည်း
ရှိသေးတယ်မလား"
လက်မောငကတော့ ညိုပင်ညိုနေပြီမို့
ရှောင်ကျန့်ကိုယ့်ဒဏ်ရာကိုကြည့်ပြီး
ငိုချင်သွားသည်။
"တအားနာလား..."
"မြန်မြန်လုပ်...ဒဏ်ရာကြည့်ပြီး
ငိုချင်နေပြီ..."
ဆေးထည့်ပေးနေတဲ့ ၀မ့်ကျီးမျက်နှာကို
အနီးကပ်ကြည့်ရင်း မှင်သက်နေမိသည်။
ဘယ်လောက်ကြာသွားလဲမသိပေမဲ့
၀မ့်ကျီးက ဆေးထည့်ပြီးနေပြီ။
"ခဏနားလိုက်...ပင်ပန်းသွားတယ်မလား"
"အင်း...လန်ဝမ့်ကျီး .. ကျေးဇူးပဲ.."
အထူးအဆန်းလို ပြုံးပြီးပြန်ကြည့်တဲ့
၀မ့်ကျီးက
"ဘာလို့လဲ..."
"ကျွန်တော့ကို ကယ်ပေးလို့....
ပြီးတော့....ဝေ့ရင်းကိုချစ်ပေးလို့"
စကားဆုံးသည်နှင့် ရှောင်ကျန့်ဆံပင်တွေကို
ဆွဲဖွကာ 'အရူးလေး'
ဆိုပြီး ပြောသွားသည့်ဝမ့်ကျီးကြောင့်
မျက်ရည်တစ်စက် ပါးပေါ်ဖြတ်ပြေးရပြန်သည်။
*ခင်ဗျားကို မချစ်မိအောင် စည်းတစ်ခု
ထားသင့်ပြီလို့ ထင်တာပဲဗျာ...*
🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴
ညက D၀င်သွားလို့Postလေးတင်ပါတယ်
ဒီအားဆေးတွေနဲ့ D ၀င်တာ
တစ်ညမပြည့်လိုက်ဘူး😒
စိတ်တော့ချပါနော်😅
ကို့Ficတွေကို ထားခဲ့မယ်သူတော့
မဟုတ်ပါဘူး....
ဒီလို လေးဖြစ်အောင် မမှီ့တမှီဉာဏ်လေးနဲ့
ရင်းနှီးထားရတာ😅
တကယ်ကိုချစ်ပါတယ် အသဲတို့ရေ😘😘😘
ကျန်းမာရေး ဂရုစိုက်ပြီး ကျွန်မကို
ချစ်နေပေးကြ😗😗😗