My Gym Trainer (Completed)

Por Its_just_Thu

501K 59.1K 4.4K

When Yibo become a persona gym trainer for Xiao Zhan... Will Yibo change Chubby XZ to Handsome XZ??? Will Xia... Más

💚Introduction❤️ Must read !!!
Ep 1 - အျဖစ္အပ်က္မ်ားရဲ႕အစ
Ep 2 - Gym လာမိတာမွားၿပီ
Character Introduction (again)
Ep 3 - Another Gym Day
Ep 5 - ေနမေကာင္းျဖစ္သြားရွာတဲ႔ကိုႀကီး
Ep 6 - လြမ္းတယ္
Ep 7 - Unexpected
Ep 8 - ပုန္းေရွာင္ျခင္း
Ep 9 - ကၽြန္ေတာ္မသိျခင္းမ်ား
Ep 10 - Jelous Yibo
Ep 11- Crush Zone
Ep 12 - ကိုႀကီး !
Ep 13 - Is it a dream?
Ep14-ဝမ္ရိေပၚရဲ႕၂၂ခ်က္
Ep 15- Home Date
Ep16 - အနမ္းလူမိသြားျခင္း
Ep 17 - Yes we are dating
Ep 18 - You or Me??
Ep 19 - The Next Morning
Ep 20 - Yibo is mine 😎
Ep 21 - Colgate အျပံဳး
Ep 22 - 💚❤️
Ep 23 - ကိုႀကီးကို လႊတ္လိုက္ !
Ep 24 - Couples now
Ep25 - Just the way you are
New Fics 💚❤️
Extra 1 - ေဟာက္က်ိ's first kiss
Extra 2 - Happy 520 Day Special
Fic Book 🔥

Ep 4 - အျပစ္ေပးခံရတဲ႔ ကိုႀကီး

16.6K 2.3K 124
Por Its_just_Thu

My Gym Trainer Ep 4

ဟိုက္ခြမ္းတစ္ေယာက္ ျပံဳးျပံဳးႀကီး စာရင္းထိုင္တြက္ေနသည္။
ဝမ္ရိေပၚ ဒီမွာ အခ်ိန္ပိုင္း trainer လာလုပ္ေနသည္ဆိုေသာ သတင္းက ဟိုက္ခြမ္းေၾကာ္ျငာစရာေတာင္မလိုပဲ weibo မွာ ဟိုးေလးတေက်ာ္ေက်ာ္ပဲ။ ဘယ္သူေတြ႐ိုက္သြားမွန္းမသိေသာ ရိေပၚေလ့က်င့္ခန္းလုပ္ေနေသာ snap မ်ားနဲ႔ ိုရိေပၚ ဟိုဖက္တီးေလး ေရွာင္းက်န္႔ကို train ေပးေနသည့္ပုံေတြလဲ weibo မွာ အႏွံ႔။ ဟိုက္ခြမ္းေတာင္ ၄/၅ ပုံ save ထားေသးသည္။ gym page မွာ ျပန္တင္ၿပီးေၾကာ္ျငာဖို႔။ ဒါေပမယ့္ အဲလိုမတင္ရေသးခင္မွာတင္ gym ကိုအသစ္ေရာက္လာတဲ႔ member ဝင္ ၅၀ နီးပါးရွိၿပီမို႔ gym မဆန္႔မွာေတာင္စိတ္ပူမိေသး။
ဒီပံုအတိုင္းဆို စက္ေတြေတာင္ အသစ္ထပ္ျဖည့္ရမယ့္အလားအလာရွိသည္။
အဲဒါေၾကာင့္ ဒီရက္ပိုင္းေတြမွာ ဟိုက္ခြမ္း သိပ္ေပ်ာ္ေနသည္။ ဟိုက္ခြမ္းၾကံလိုက္တဲ႔အၾကံဟာ အေတာ္ေလးထိေရာက္မႈရွိသား။ အခုလဲ ရိေပၚေဘးမွာ ထိုင္ေနတာမို႔ ေကာင္မေလးေတြက ကြက္ၾကည့္ ကြက္ၾကည့္နဲ႔။ ေကာင္မေလးႏွစ္ေယာက္က ရိေပၚအနီးသို႔ ခ်ဥ္းကပ္လာၿပီး ခပ္ေခ်ာေခ်ာေကာင္မေလးတစ္ေယာက္က ရိေပၚကိုစကားစလာသည္။

"ရိေပၚေကာေကာ"

ဝမ္ရိေပၚကျပန္မထူး၊ ဘာလဲဆိုသည့္အၾကည့္နဲ႔သာ ျပန္ၾကည့္လိုက္တာေတြ႕ရသည္။

"ဟိုေလ ရိေပၚေကာကာ ညီမတို႔ကို personal trainer လုပ္ေပးပါလားဟင္"

"ငါ့မွာအခ်ိန္မရွိဘူး"

"တစ္လေလာက္ပဲဲျဖစ္ျဖစ္ မရႏိုင္ဘူးလားဟင္ တစ္ေန႔မွာ တစ္နာရီေလာက္ဆိုလဲရပါတယ္"

"မျဖစ္ႏိုင္ဘူး ငါမိန္းကေလးေတြနဲ႔ အလာဂ်ီရွိတယ္"

ေဟ အဆန္းပါလား။ ငါေတာင္မသိလိုက္ပါဘူး။ ဘယ္တုန္းက အဲဒီ အလာဂ်ီရွိသြားပါလိမ့္။

"ဟုတ္ အဲဒါဆို ရိေပၚေကာေကာရဲ႔ ဖုန္းနံပါတ္ေလးမ်ားရႏိုင္မလားဟင္"

"မရဘူး"

ေကာင္မေလး ႏွစ္ေယာက္ၾကည့္ရတာ ဘာဆက္ေျပာရမယ္မွန္းမသိျဖစ္သြားပုံနဲ႔ ရိေပၚအနားမွာ ေယာင္ေပေပရပ္ေနၾကျပန္သည္။

"မသြားေသးဘူးလား"

"ဟုတ္သြားလိုက္အုံးမယ္ေနာ္ ရိေပၚေကာေကာ"

ရိေပၚေလသံမာမာနဲ႔ ေမးလိုက္ေတာ့တစ္ခ်ိဳးတည္းလစ္ေျပးေတာ့သည္။
ဒီေကာင္ ငါ့စီးပြားကို တုတ္နဲ႔ထိုးေနျပန္ၿပီ။
ဟိုေကာင္မေလးေတြ membership သက္တမ္းမတိုးေတာ့ရင္ဒုကၡ။

"ရိေပၚ ေစာလွခ်ည္လား မင္းေကာေကာကိုလာေစာင့္တာလား"

ေနာက္ထပ္ ရိေပၚအနားေရာက္လာသူက ေဟာက္ရႊမ္း။

"အင္း .. အမ္ ဘာကို ငါ့ေကာေကာလဲ ေသခ်င္ေနတာလား ေဟာက္ရႊမ္း"

"မေသခ်င္ေသးပါဘူး ဖြန္ေၾကာင္လို႔ေတာင္မဝေသးဘူး မင္းေတာင္မွ အခုမွဖြန္ေၾကာင္ရေကာင္းမွန္းသိတာမဟုတ္လား"

"ငါက ဘာကိုဖြန္ေၾကာင္ရမွာလဲ ဝမ္ရိေပၚဘဝမွာ အဲလိုမ်ိဳးလုပ္ခဲ႔ဖူးလို႔လား"

ရိေပၚနဲ႔ ေဟာက္ရႊမ္းစကားေျပာေနတာကို ေကာင္တာေနာက္က ဟိုက္ခြမ္းက အကဲခတ္သလိုၾကည့္တယ္။ လက္ကေတာ့ သူ႔ေပသီး အဲေလ calculator ကို တစ္ေဂ်ာက္ေဂ်ာက္ေခါက္ေနဆဲ။

"အရင္ကမလုပ္ပဲ မင္းအခုလုပ္ေနလို႔ ငါကထူးဆန္းေနတာ"

ေဟာက္ရႊမ္းကစကားကိုဆက္သည္။

"ငါကဘာလုပ္ေနလို႔လဲ"

"မေန႔က မင္းက်န္႔ေကာနဲအတူ ေစ်းလိုက္ဝယ္ေပးတယ္ဆို"

"ေဟ ဘယ္လို"

ဒီတခါ အသံထြက္လာတဲ႔သူက ခုနက သူတုိ႔စကားဝိုင္းကို နားစြင့္ေနတဲ႔ ဝမ္ဟိုက္ခြမ္းဆီက။ သူ႔တစ္သက္ ရိေပၚနဲ႔ပက္သက္တဲ႔ အထူးဆန္းဆုံးစကားကို စတင္ၾကားဖူးျပီေလ။ ဝမ္ရိေပၚက အခုမွသိတဲ႔လူတစ္ေယာက္နဲ႔ အတူေစ်းဝယ္ထြက္သတဲ႔။ အိမ္က ဝမ္မာမားသိရင္ ေသြးေဆာင့္တက္ႏိုင္ဖြယ္ရွိသည္။

"ေဟာက္ရႊမ္း ငါ့ကိုေျပာစမ္းပါအုံး ရိေပၚက ေရွာင္းက်န္႔နဲ႔အတူေစ်းဝယ္တယ္ ဟုတ္လား"

"ဟုတ္တယ္ ေကာ .. က်န္႔ေကာအတြက္ diet food လုပ္ဖို႔ ေအာက္က supermarket မွာ ေစ်းလိုက္ဝယ္ေပးသတဲ႔"

"ဝမ္ရိေပၚ မင္းမဟုတ္ေတာ့ဘူး မင္းဘယ္တုန္းကအဲလိုလုပ္ဖူးလုိ႔လဲ"

ဟိုက္ခြမ္းမေက်မနပ္ျဖစ္ျပီ။ အိမ္အတြက္ဆို ဘာတစ္ခုမွ ခိုင္းလို႔မရတဲ႔ ဝမ္သခင္ေလးက ဒါမ်ိဳးေတြလုပ္တယ္တဲ႔။ ဒါျဖစ္သင့္လို႔လား။ ငါ့ညီေလးက အဲဒီေရွာင္းက်န္႔ဆုိတာေလးကိုၾကိဳက္ေနတာလား။

"ဟာ ေကာကလဲ သူက ကၽြန္ေတာ့္တပည့္ေလ ေကာတို႔န႔ဲေလာင္းထားတယ္ေလ သူ ၆ လအတြင္းမွာ 6 packs မရရင္ ကၽြန္ေတာ္ရွံုးမွာေပါ့ အဲဒီေတာ့ လုပ္ဖို႔လိုတာလုပ္တာပဲ ထူးဆန္းလို႔လား"

ရိေပၚေျပာတာလဲ ဟုတ္ေတာ့ဟုတ္တယ္။ ဒါေပမယ့္ မဟုတ္ေတာ့လဲမဟုတ္ေသးဘူး။ ဘယ္လုိပဲ ေလာင္းထားတယ္လို႔ေျပာေျပာ ဒါက ပုံမွန္ေတာ့မဟုတ္ဖူးလို႔ ဟိုက္ခြမ္း အာရုံရေနတယ္။

"ရိေပၚ မင္းမညာစမ္းပါနဲ႔ကြာ မင္းက်န္႔ေကာအေပၚ ေစတနာပိုေနတာမွတ္လား"

"မဆိုင္လိုက္တာ ငါ့အလုပ္ငါလုပ္ေနတာ"

"ဒါေပမယ့္ မင္းကအရင္က"

ေဟာက္ရႊမ္းစကားမဆုံးခင္ က်န္႔ေကာနဲ႔ က်ိရန္ေကာ gym ထဲဝင္လာတာျမင္တာမိ႔ု ေဟာက္ရႊမ္းစကားဆက္မေျပာေတာ့ေပ။ က်န္႔ေကာက သူ႔ရဲ႕မူပိုင္အျပံဳးေလးျဖင့္ႏႈတ္ဆက္သည္။

"ရိေပၚေရာက္ေနျပီလား ေကာဒီေန႔နည္းနည္းေနာက္က်ေနတာ ဒီဇိုင္းပုံၾကမ္းတစ္ခုဆြဲတာမျပီးေသးလို႔"

"ရတယ္"

"ေကာ အက်ီသြားလဲလိုက္အုံးမယ္"

ေရွာင္းက်န္႔အဝတ္အစားလဲျပီးေတာ့ မတ္တပ္ရပ္ေနတဲ႔ ဝမ္ရိေပၚနားသုိ႔သြားလိုက္သည္။ ဒီေန႔လဲ ကိုၾကီးရဲ႕ ဝမ္ရိေပၚေလးက သိပ္ေခ်ာ။ နဖူးစည္းအျဖဴေလးတပ္ထားတာ သူ႔ဆံပင္အုပ္အုပ္ေလးေတြက အဲဒီဖူးစည္းေပၚမွာ က်ေနတာ ကဗ်ာေတာင္ဆန္ေနေသး။ အရမ္းၾကီးေတြ ေခ်ာမေနနဲ႔ရိေပၚရာ။ ဒီကိုၾကီးက ေတာ္ေတာ္ျဖစ္ေနျပီ။


"မေန႔ညက ဘာစားလဲ"

"အဟဲ ဘာမွမစားျဖစ္ဘူး ျပန္ေရာက္ေတာ့ ပင္ပန္းလို႔တန္းအိပ္တာ"

"အပိုေတြ"

What! ဝမ္ရိေပၚ မ်က္ေစာင္းထုိးလိုက္တာလား။ အပိုေတြလုိ႔ေျပာပီး ရိေပၚမ်က္ေစာင္းေလးဝင့္လိုက္သလားလို႔ ေရွာင္းက်န္႔ထင္မိသည္။ ကိုၾကီး ေဆြမ်ိဳးေမ့ေတာ့မလို႔။ ရိေပၚေလးမွာ ဒီလို ခရုတဲ႔ပုံစံေလးေတြရွိတာပဲလား။

"အဟဲရိေပၚေလးကလဲ မေန႔ကခ်က္ခ်င္းၾကီးဆုိေတာ့ ခ်က္ဖို႔ျပဳတ္ဖုိ႔မလြယ္လို႔ေလ"

"အဲဒီေတာ့ ဘာစားလိုက္လဲ"

"ဟိုဟာေလ .. ေခါက္ဆြဲျပဳတ္"

"အဲဒါေတြၾကပ္ၾကပ္စား ဝိတ္ကက်မွာမဟုတ္ဖူး ပီးေတာ့ အဲဒီလို ready made က က်န္းမာေရးနဲ႔လုံးဝမညီညြတ္ဘူး ၾကာရင္ လူကိုပါထိလိမ့္မယ္သိလား"

"ဟုတ္"

"ေျပာလိုက္ရင္ မ်က္ႏွာငယ္ေလးနဲ႔ ျပီးရင္ သူလုပ္ခ်င္တာလုပ္တာ"

"တစ္ခါတည္းပါရိေပၚရယ္"

တစ္သက္လုံးကိုယ့္စိတ္နဲ႔ကိုယ္ေနလာခဲ႔သမွ် ဝမ္ရိေပၚနဲ႔က်မွ ေၾကာက္ေနရေသာ ေရွာင္းက်န္႔ရယ္ပါ။ ဒါေပမယ့္ ရိေပၚေလးကို စိတ္မဆုိးမိပါဘူး။ ရိေပၚေလးက ကိုၾကီးေကာင္းဖုိ႔အတြက္ေျပာေနတာပဲဟာ။

"ျပီးေတာ့ diet food ေတြကဘယ္လိုလုပ္ရမလဲဆုိတာ ေသခ်ာမသိေသးဘူးေလ အြန္လိုင္းမွာရွာၾကည့္မယ္လို႔ေတာ့စဥ္းစားထားတယ္ ဒါေပမယ့္သိတဲ႔အတုိင္း ေကာကမအားလို႔"

"ဖုန္းနံပါတ္ေပး wechat သုံးတယ္မွတ္လား"

"အင္း သုံးတယ္"

ရိေပၚက ဖုန္းထုိးေပးတာမုိ႔ ကိုယ့္နံပါတ္ေလး ရိုက္ထည့္ေပးလိုက္သည္။ ကိုယ့္နာမည္ကို သူဘယ္လိုမွတ္မလဲဆိုတာ သိခ်င္စမ္းပါဘိ။
အဲဒီလိုပဲ ဒီလိုဖုန္းနံပါတ္ေပးေနတာကို ဝမ္ဟိုက္ခြမ္းမ်ားျမင္ရင္ ဘာေျပာမည္လဲမသိ။

"missed call ေပးလိုက္တယ္ အဲဒါ ကၽြန္ေတာ့္ဖုန္း .. diet food ဘယ္လိုလုပ္ရတယ္ဆုိတာ ပို႔ေပးမယ္ ဘယ္လုိအခ်ိဳးအစားနဲ႔စားရတယ္ဆုိတာပါ ပို႔ေပးမယ္ ခင္ဗ်ားက တစ္ေန႔တစ္ေန႔ ဘာေတြစားတယ္ဆိုတာ ဓာတ္ပုံရိုက္ျပီး ျပန္ပို႔"

"အင္း"

"အခုေတာ့ အေၾကာေလွ်ာ့ပီး ၄၅ မိနစ္လမ္းေလွ်ာက္"

"ဟင္ ၄၅ မိနစ္ေတာင္"

"ဟုတ္တယ္ေလ ခင္ဗ်ား မေန႔က ေခါက္ဆြဲျပဳတ္စားတာကိုး လမ္းမ်ားမ်ားေလွ်ာက္မွျဖစ္မွာေပါ့ ပီးရင္ ခင္ဗ်ားကိုအျပစ္ေပးတဲ႔အေနနဲ႔ plank ေထာက္ခိုင္းမွာ"

ဘယ္လို ဘယ္လို .. ေခါက္ဆြဲအျပဳတ္အစြမ္း အံ့မခမ္းပါလား။ ေနာက္ကို မစားရဲေလာက္ပဲ။
plank ေထာက္တယ္ဆုိတာ မလြယ္ေၾကာင္း က်ိရန္ဆီမွတဆင့္သိပီးပီ။ သူ႔လို ပိန္ပိန္ေလးေတာင္ plank ေထာက္တဲ႔ေန႔ဆုိ ေသေအာင္နာတာလို႔ေျပာဖူးသည္။ ကိုယ့္ေဘာ္ဒီနဲ႔ဆိုရင္ .. က်ဥက်ဥ။
ေရွာင္းက်န္႔ေလးကို ဘယ္သူမွမကယ္ႏိုင္ေတာ့ဘူးလားဟင္။ ဘယ္သူမွလဲ ကယ္ႏုိင္မယ့္ပုံမေပၚပါဘူး။
ဒီ gym မွာ ဝမ္ရိေပၚေၾကာက္တဲ႔သူမွမရွိတာ။ သက္ျပင္းရွည္ၾကီးခ်ျပီး အေၾကာစေလွ်ာ့လိုက္သည္။

Plank ေထာက္တဲ႔အခ်ိန္မွာ ေရွာင္းက်န္႔တကယ္ထိသည္။ လက္ေတြေရာ ေျခသလုံးေတြေရာ နာတာမွအေသပဲ။ ေျခေခ်ာင္းေလးေတြကို အားျပဳပီး ကိုယ္ကိုုျပန္မရတာမုိ႔ ေျခေခ်ာင္းေလးေတြကိုေတာင္ အေတာ္သနားမိသည္။ အဲလိုမွန္းသိ အာလူးေၾကာ္ေတြေလွ်ာ့စားခဲ႔ပါတယ္ကြာ။ ခုေတာ့ ၁၀ ၾကိမ္ေလာက္လုပ္တာေတာင္ လူက ဟပ္ထုိးလိုက္ေနျပီ။

"ေပ်ာ့လိုက္တာ ၁၀ ခါေလာက္ကိုမ်ား"

"ေကာက ရိေပၚလို ပိန္ပိန္ေသးေသးမွမဟုတ္ပဲ"

ရမလားလို႔အထြန္႔နည္းနည္းတက္ၾကည့္ေတာ့ ရိေပၚကရယ္သည္။ တစ္ရက္ထက္တစ္ရက္ အရယ္အျပံဳးေလးေတြ နည္းနည္းပိုစြန္႔ၾကဲေပးတဲ႔ ရိေပၚေလးကိုေက်းဇူးတင္သည္။ ဒါကကိုယ့္အတြက္ ေလ့က်င့္ခန္းပိုလုပ္ႏိုင္ေအာင္အားေဆးေလး။ လက္ကိုဆက္မေထာက္ထားႏိုင္တာမုိ႔ ၾကမ္းေပၚခဏလွဲအိပ္လိုက္တယ္။ ေမာတယ္ တကယ္ကိုပဲ။

"လက္မေထာက္ႏိုင္ေတာ့ဘူးဆုိရင္ အိပ္ထမတင္ ေျပာင္းလုပ္"

ဘယ္လိုေနေန မလြတ္ဘူးဟ။ စိတ္ထဲမွာ ရိေပၚကို မ်က္ေစာင္းအၾကီးၾကီးထုိးလိုက္ျပီး အိပ္ထမတင္လုပ္ရျပန္သည္။ အိပ္ထမတင္ကေတာ့ လွဲေနရတာဆိုေတာ့ plank ေထာက္ရတာေလာက္ တအားမဆုိး။

"ေျခေထာက္ကိုအားမျပဳနဲ႔ အဲဒါဆုိ ေျခေထာက္ၾကီးပါေျမာက္သြားလိမ့္မယ္ ေျခေထာက္ကို ၾကမ္းျပင္မွာကပ္ထား ခါးကိုအားျပဳပီး ကိုယ္အေပၚပိုင္းကိုုပဲ အားျပဳျပီးထ"

အားလားလား။ သူေျပာသလို လိုက္လုပ္တာ ေတာ္ေတာ္ထိတာပင္။ အစတုန္းက ကိုယ့္ဘာသာေျခေထာက္အားစိုက္ပီးလုပ္တာက နည္းနည္းပိုသက္သာေသးသည္။ အခုက သူေျပာသလိုလုပ္တာ ဗိုက္ကအသားေတြေတာင္ တုန္တယ္။ မ်က္ႏွာတစ္ခုလုံးေခၽြးေတြနဲ႔မုိ႔ တပ္ထားတဲ႔မ်က္မွန္က ေလွ်ာေလွ်ာက်လာသည္။
အဲဒါကို ရိေပၚလဲ သတိထားမိပုံရတယ္။ လွဲျပီး အိပ္ထမတင္လုပ္ေနတဲ႔ ကၽြန္ေတာ့္ေဘးကို ရိေပၚက ဒူးေထာက္ျပီး ကၽြန္ေတာ့္မ်က္ႏွာနားကိုကပ္လာကာ ကၽြန္ေတာ့္မ်က္မွန္ကို ဆြဲခၽြတ္လိုက္သည္။ ျပီးေတာ့ ေခါင္းကုုိငံု႔ကာ ကၽြန္ေတာ့္မ်က္ႏွာကိုေစ့ေစ့ၾကည့္သည္။

"ေကာက မ်က္မွန္တပ္မထားရင္ ၾကည့္လို႔ေကာင္းသားပဲ ေကာမ်က္လုံးေတြတကယ္လွတယ္"


အခု ဝမ္ရိေပၚက ငါ့ကိုခ်ီးမြမ္းလိုက္တာလား။ ရိေပၚေလးက ကိုၾကီးကိုေလ လွတယ္လို႔ေျပာလိုက္သလား။ ခုနက ဗိုက္ကအသားေတြတုန္ေနတာ ေျခေထာက္ေတြတုန္ေနတာေတြ သတိမရေတာ့ဘူး။ ေရွာင္းက်န္႔ဘဝမွာ အေပ်ာ္ဆုံးအခ်ိန္တစ္ခုအလား ရင္ေတြေတာင္ခုန္လို႔။ ေအာင္စာရင္းထြက္တုန္းက မာစတာတန္းဝင္တုန္းကေတာင္ အခုေလာက္မေပ်ာ္။
ရိေပၚက ကၽြန္ေတာ့္ကိုၾကည့္ေနတာ အၾကည့္မလႊဲေသး။ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ၾကားအကြာအေဝးက ၅စင္တီမီတာေလာက္ပဲရွိမည္ထင္တယ္။
အနီးကပ္ေတြ႔ရတဲ႔ ရိေပၚမ်က္ႏွာကိုၾကည့္ပီး ကၽြန္ေတာ္ တံေတြးေတြျမိဳခ်ေနမိသည္။။ ေယာက်ာ္းေလးတစ္ေယာက္က တျခားေယာက်ာ္း တစ္ေယာက္ကို အာေခါင္ေတြေျခာက္လာေစတဲအထိ အဲေလာက္ၾကီးေခ်ာဖို႔လိုလို႔လားကြာ။ အဲဒီအခ်ိ္န္မွာပဲ တိုက္တိုက္ဆိုင္ဆိုင္ gym မွာဖြင့္ေနတဲ႔သီခ်င္းက ဘာတဲ႔။

~~I want nobody nobody but you, I want nobody nobody but you~~ တဲ႔ေလ။ ရိေပၚအကို ဝမ္ဟိုက္ခြမ္းကကိုယ့္ကိုမ်ား ေစာင္းျပီးဖြင့္ေလသလားမွတ္ရတယ္။ ေကာေရာ wonder girls က ေကာင္မေလးေတြကျပီး ရိေပၚကို သီခ်င္းဆုိျပရင္ေကာင္းမလား။ ~~I want nobody nobody but you, I want nobody nobody but you လို႔ေလ။ ကိုယ့္အေတြးနဲ႔ကုိယ္သေဘာက်ျပီး အဟိဆိုပီးရယ္မိေတာ့ ဝမ္ရိေပၚက ေပေစာင္းေစာင္းၾကည့္သည္။

"ရယ္စရာပါလား"

"ဟင့္အင္း ေကာကိုလွတယ္လို႔ေျပာလို႔ ေပ်ာ္လို႔"

"မ်က္လုံးပဲလွတယ္လို႔ေျပာတာ လူကေတာ့ ေပါင္ ၄၀ ခ်ရအုံးမယ္"

မ်က္မွန္ကို ဇြတ္ခနဲျပန္တပ္ေပးကာ ထြက္သြားတဲ႔ဝမ္ရိေပၚ။ ေသေသခ်ာခ်ာေတာ့ေျပာသြားေသးသည္။

"အိပ္ထမတင္ အခါ ၅၀ လုပ္" တဲ႔။

Ep 5 to be continued

ဒီေန႔အခ်ိန္မရလို႔ နည္းနည္းတိုသြားတယ္။ update ေမွ်ာ္ေနတဲ႔သူေတြအတြက္ပါ။ မနက္ျဖန္ ရွည္ရွည္အပ္ေပးမယ္ေနာ္ promise promise !! ကိုၾကီးနဲရိေပၚေလးကို စီးေမ်ာရင္း feedback ေလးေတြေပးခဲ႔ပါအုံး။ ဒါနဲ႔ role ေရာ ခြဲျပီးၾကျပီလား ငိငိ။

Unicode

My Gym Trainer Ep 4

ဟိုက်ခွမ်းတစ်ယောက် ပြုံးပြုံးကြီး စာရင်းထိုင်တွက်နေသည်။
ဝမ်ရိပေါ် ဒီမှာ အချိန်ပိုင်း trainer လာလုပ်နေသည်ဆိုသော သတင်းက ဟိုက်ခွမ်းကြော်ငြာစရာတောင်မလိုပဲ weibo မှာ ဟိုးလေးတကျော်ကျော်ပဲ။ ဘယ်သူတွေရိုက်သွားမှန်းမသိသော ရိပေါ်လေ့ကျင့်ခန်းလုပ်နေသော snap များနဲ့ ိုရိပေါ် ဟိုဖက်တီးလေး ရှောင်းကျန့်ကို train ပေးနေသည့်ပုံတွေလဲ weibo မှာ အနှံ့။ ဟိုက်ခွမ်းတောင် ၄/၅ ပုံ save ထားသေးသည်။ gym page မှာ ပြန်တင်ပြီးကြော်ငြာဖို့။ ဒါပေမယ့် အဲလိုမတင်ရသေးခင်မှာတင် gym ကိုအသစ်ရောက်လာတဲ့ member ဝင် ၅၀ နီးပါးရှိပြီမို့ gym မဆန့်မှာတောင်စိတ်ပူမိသေး။
ဒီပုံအတိုင်းဆို စက်တွေတောင် အသစ်ထပ်ဖြည့်ရမယ့်အလားအလာရှိသည်။
အဲဒါကြောင့် ဒီရက်ပိုင်းတွေမှာ ဟိုက်ခွမ်း သိပ်ပျော်နေသည်။ ဟိုက်ခွမ်းကြံလိုက်တဲ့အကြံဟာ အတော်လေးထိရောက်မှုရှိသား။ အခုလဲ ရိပေါ်ဘေးမှာ ထိုင်နေတာမို့ ကောင်မလေးတွေက ကွက်ကြည့် ကွက်ကြည့်နဲ့။ ကောင်မလေးနှစ်ယောက်က ရိပေါ်အနီးသို့ ချဉ်းကပ်လာပြီး ခပ်ချောချောကောင်မလေးတစ်ယောက်က ရိပေါ်ကိုစကားစလာသည်။

"ရိပေါ်ကောကော"

ဝမ်ရိပေါ်ကပြန်မထူး၊ ဘာလဲဆိုသည့်အကြည့်နဲ့သာ ပြန်ကြည့်လိုက်တာတွေ့ရသည်။

"ဟိုလေ ရိပေါ်ကောကာ ညီမတို့ကို personal trainer လုပ်ပေးပါလားဟင်"

"ငါ့မှာအချိန်မရှိဘူး"

"တစ်လလောက်ပဲဖြစ်ဖြစ် မရနိုင်ဘူးလားဟင် တစ်နေ့မှာ တစ်နာရီလောက်ဆိုလဲရပါတယ်"

"မဖြစ်နိုင်ဘူး ငါမိန်းကလေးတွေနဲ့ အလာဂျီရှိတယ်"

ဟေ အဆန်းပါလား။ ငါတောင်မသိလိုက်ပါဘူး။ ဘယ်တုန်းက အဲဒီ အလာဂျီရှိသွားပါလိမ့်။

"ဟုတ် အဲဒါဆို ရိပေါ်ကောကောရဲ့ ဖုန်းနံပါတ်လေးများရနိုင်မလားဟင်"

"မရဘူး"

ကောင်မလေး နှစ်ယောက်ကြည့်ရတာ ဘာဆက်ပြောရမယ်မှန်းမသိဖြစ်သွားပုံနဲ့ ရိပေါ်အနားမှာ ယောင်ပေပေရပ်နေကြပြန်သည်။

"မသွားသေးဘူးလား"

"ဟုတ်သွားလိုက်အုံးမယ်နော် ရိပေါ်ကောကော"

ရိပေါ်လေသံမာမာနဲ့ မေးလိုက်တော့တစ်ချိုးတည်းလစ်ပြေးတော့သည်။
ဒီကောင် ငါ့စီးပွားကို တုတ်နဲ့ထိုးနေပြန်ပြီ။
ဟိုကောင်မလေးတွေ membership သက်တမ်းမတိုးတော့ရင်ဒုက္ခ။

"ရိပေါ် စောလှချည်လား မင်းကောကောကိုလာစောင့်တာလား"

နောက်ထပ် ရိပေါ်အနားရောက်လာသူက ဟောက်ရွှမ်း။

"အင်း .. အမ် ဘာကို ငါ့ကောကောလဲ သေချင်နေတာလား ဟောက်ရွှမ်း"

"မသေချင်သေးပါဘူး ဖွန်ကြောင်လို့တောင်မဝသေးဘူး မင်းတောင်မှ အခုမှဖွန်ကြောင်ရကောင်းမှန်းသိတာမဟုတ်လား"

"ငါက ဘာကိုဖွန်ကြောင်ရမှာလဲ ဝမ်ရိပေါ်ဘဝမှာ အဲလိုမျိုးလုပ်ခဲ့ဖူးလို့လား"

ရိပေါ်နဲ့ ဟောက်ရွှမ်းစကားပြောနေတာကို ကောင်တာနောက်က ဟိုက်ခွမ်းက အကဲခတ်သလိုကြည့်တယ်။ လက်ကတော့ သူ့ပေသီး အဲလေ calculator ကို တစ်ဂျောက်ဂျောက်ခေါက်နေဆဲ။

"အရင်ကမလုပ်ပဲ မင်းအခုလုပ်နေလို့ ငါကထူးဆန်းနေတာ"

ဟောက်ရွှမ်းကစကားကိုဆက်သည်။

"ငါကဘာလုပ်နေလို့လဲ"

"မနေ့က မင်းကျန့်ကောနဲအတူ ဈေးလိုက်ဝယ်ပေးတယ်ဆို"

"ဟေ ဘယ်လို"

ဒီတခါ အသံထွက်လာတဲ့သူက ခုနက သူတို့စကားဝိုင်းကို နားစွင့်နေတဲ့ ဝမ်ဟိုက်ခွမ်းဆီက။ သူ့တစ်သက် ရိပေါ်နဲ့ပက်သက်တဲ့ အထူးဆန်းဆုံးစကားကို စတင်ကြားဖူးပြီလေ။ ဝမ်ရိပေါ်က အခုမှသိတဲ့လူတစ်ယောက်နဲ့ အတူဈေးဝယ်ထွက်သတဲ့။ အိမ်က ဝမ်မာမားသိရင် သွေးဆောင့်တက်နိုင်ဖွယ်ရှိသည်။

"ဟောက်ရွှမ်း ငါ့ကိုပြောစမ်းပါအုံး ရိပေါ်က ရှောင်းကျန့်နဲ့အတူဈေးဝယ်တယ် ဟုတ်လား"

"ဟုတ်တယ် ကော .. ကျန့်ကောအတွက် diet food လုပ်ဖို့ အောက်က supermarket မှာ ဈေးလိုက်ဝယ်ပေးသတဲ့"

"ဝမ်ရိပေါ် မင်းမဟုတ်တော့ဘူး မင်းဘယ်တုန်းကအဲလိုလုပ်ဖူးလို့လဲ"

ဟိုက်ခွမ်းမကျေမနပ်ဖြစ်ပြီ။ အိမ်အတွက်ဆို ဘာတစ်ခုမှ ခိုင်းလို့မရတဲ့ ဝမ်သခင်လေးက ဒါမျိုးတွေလုပ်တယ်တဲ့။ ဒါဖြစ်သင့်လို့လား။ ငါ့ညီလေးက အဲဒီရှောင်းကျန့်ဆိုတာလေးကိုကြိုက်နေတာလား။

"ဟာ ကောကလဲ သူက ကျွန်တော့်တပည့်လေ ကောတို့နဲ့လောင်းထားတယ်လေ သူ ၆ လအတွင်းမှာ 6 packs မရရင် ကျွန်တော်ရှုံးမှာပေါ့ အဲဒီတော့ လုပ်ဖို့လိုတာလုပ်တာပဲ ထူးဆန်းလို့လား"

ရိပေါ်ပြောတာလဲ ဟုတ်တော့ဟုတ်တယ်။ ဒါပေမယ့် မဟုတ်တော့လဲမဟုတ်သေးဘူး။ ဘယ်လိုပဲ လောင်းထားတယ်လို့ပြောပြော ဒါက ပုံမှန်တော့မဟုတ်ဖူးလို့ ဟိုက်ခွမ်း အာရုံရနေတယ်။

"ရိပေါ် မင်းမညာစမ်းပါနဲ့ကွာ မင်းကျန့်ကောအပေါ် စေတနာပိုနေတာမှတ်လား"

"မဆိုင်လိုက်တာ ငါ့အလုပ်ငါလုပ်နေတာ"

"ဒါပေမယ့် မင်းကအရင်က"

ဟောက်ရွှမ်းစကားမဆုံးခင် ကျန့်ကောနဲ့ ကျိရန်ကော gym ထဲဝင်လာတာမြင်တာမိ့ု ဟောက်ရွှမ်းစကားဆက်မပြောတော့ပေ။ ကျန့်ကောက သူ့ရဲ့မူပိုင်အပြုံးလေးဖြင့်နှုတ်ဆက်သည်။

"ရိပေါ်ရောက်နေပြီလား ကောဒီနေ့နည်းနည်းနောက်ကျနေတာ ဒီဇိုင်းပုံကြမ်းတစ်ခုဆွဲတာမပြီးသေးလို့"

"ရတယ်"

"ကော အကျီသွားလဲလိုက်အုံးမယ်"

ရှောင်းကျန့်အဝတ်အစားလဲပြီးတော့ မတ်တပ်ရပ်နေတဲ့ ဝမ်ရိပေါ်နားသို့သွားလိုက်သည်။ ဒီနေ့လဲ ကိုကြီးရဲ့ ဝမ်ရိပေါ်လေးက သိပ်ချော။ နဖူးစည်းအဖြူလေးတပ်ထားတာ သူ့ဆံပင်အုပ်အုပ်လေးတွေက အဲဒီဖူးစည်းပေါ်မှာ ကျနေတာ ကဗျာတောင်ဆန်နေသေး။ အရမ်းကြီးတွေ ချောမနေနဲ့ရိပေါ်ရာ။ ဒီကိုကြီးက တော်တော်ဖြစ်နေပြီ။


"မနေ့ညက ဘာစားလဲ"

"အဟဲ ဘာမှမစားဖြစ်ဘူး ပြန်ရောက်တော့ ပင်ပန်းလို့တန်းအိပ်တာ"

"အပိုတွေ"

What! ဝမ်ရိပေါ် မျက်စောင်းထိုးလိုက်တာလား။ အပိုတွေလို့ပြောပီး ရိပေါ်မျက်စောင်းလေးဝင့်လိုက်သလားလို့ ရှောင်းကျန့်ထင်မိသည်။ ကိုကြီး ဆွေမျိုးမေ့တော့မလို့။ ရိပေါ်လေးမှာ ဒီလို ခရုတဲ့ပုံစံလေးတွေရှိတာပဲလား။

"အဟဲရိပေါ်လေးကလဲ မနေ့ကချက်ချင်းကြီးဆိုတော့ ချက်ဖို့ပြုတ်ဖို့မလွယ်လို့လေ"

"အဲဒီတော့ ဘာစားလိုက်လဲ"

"ဟိုဟာလေ .. ခေါက်ဆွဲပြုတ်"

"အဲဒါတွေကြပ်ကြပ်စား ဝိတ်ကကျမှာမဟုတ်ဖူး ပီးတော့ အဲဒီလို ready made က ကျန်းမာရေးနဲ့လုံးဝမညီညွတ်ဘူး ကြာရင် လူကိုပါထိလိမ့်မယ်သိလား"

"ဟုတ်"

"ပြောလိုက်ရင် မျက်နှာငယ်လေးနဲ့ ပြီးရင် သူလုပ်ချင်တာလုပ်တာ"

"တစ်ခါတည်းပါရိပေါ်ရယ်"

တစ်သက်လုံးကိုယ့်စိတ်နဲ့ကိုယ်နေလာခဲ့သမျှ ဝမ်ရိပေါ်နဲ့ကျမှ ကြောက်နေရသော ရှောင်းကျန့်ရယ်ပါ။ ဒါပေမယ့် ရိပေါ်လေးကို စိတ်မဆိုးမိပါဘူး။ ရိပေါ်လေးက ကိုကြီးကောင်းဖို့အတွက်ပြောနေတာပဲဟာ။

"ပြီးတော့ diet food တွေကဘယ်လိုလုပ်ရမလဲဆိုတာ သေချာမသိသေးဘူးလေ အွန်လိုင်းမှာရှာကြည့်မယ်လို့တော့စဉ်းစားထားတယ် ဒါပေမယ့်သိတဲ့အတိုင်း ကောကမအားလို့"

"ဖုန်းနံပါတ်ပေး wechat သုံးတယ်မှတ်လား"

"အင်း သုံးတယ်"

ရိပေါ်က ဖုန်းထိုးပေးတာမို့ ကိုယ့်နံပါတ်လေး ရိုက်ထည့်ပေးလိုက်သည်။ ကိုယ့်နာမည်ကို သူဘယ်လိုမှတ်မလဲဆိုတာ သိချင်စမ်းပါဘိ။
အဲဒီလိုပဲ ဒီလိုဖုန်းနံပါတ်ပေးနေတာကို ဝမ်ဟိုက်ခွမ်းများမြင်ရင် ဘာပြောမည်လဲမသိ။

"missed call ပေးလိုက်တယ် အဲဒါ ကျွန်တော့်ဖုန်း .. diet food ဘယ်လိုလုပ်ရတယ်ဆိုတာ ပို့ပေးမယ် ဘယ်လိုအချိုးအစားနဲ့စားရတယ်ဆိုတာပါ ပို့ပေးမယ် ခင်ဗျားက တစ်နေ့တစ်နေ့ ဘာတွေစားတယ်ဆိုတာ ဓာတ်ပုံရိုက်ပြီး ပြန်ပို့"

"အင်း"

"အခုတော့ အကြောလျှော့ပီး ၄၅ မိနစ်လမ်းလျှောက်"

"ဟင် ၄၅ မိနစ်တောင်"

"ဟုတ်တယ်လေ ခင်ဗျား မနေ့က ခေါက်ဆွဲပြုတ်စားတာကိုး လမ်းများများလျှောက်မှဖြစ်မှာပေါ့ ပီးရင် ခင်ဗျားကိုအပြစ်ပေးတဲ့အနေနဲ့ plank ထောက်ခိုင်းမှာ"

ဘယ်လို ဘယ်လို .. ခေါက်ဆွဲအပြုတ်အစွမ်း အံ့မခမ်းပါလား။ နောက်ကို မစားရဲလောက်ပဲ။
plank ထောက်တယ်ဆိုတာ မလွယ်ကြောင်း ကျိရန်ဆီမှတဆင့်သိပီးပီ။ သူ့လို ပိန်ပိန်လေးတောင် plank ထောက်တဲ့နေ့ဆို သေအောင်နာတာလို့ပြောဖူးသည်။ ကိုယ့်ဘော်ဒီနဲ့ဆိုရင် .. ကျဥကျဥ။
ရှောင်းကျန့်လေးကို ဘယ်သူမှမကယ်နိုင်တော့ဘူးလားဟင်။ ဘယ်သူမှလဲ ကယ်နိုင်မယ့်ပုံမပေါ်ပါဘူး။
ဒီ gym မှာ ဝမ်ရိပေါ်ကြောက်တဲ့သူမှမရှိတာ။ သက်ပြင်းရှည်ကြီးချပြီး အကြောစလျှော့လိုက်သည်။

Plank ထောက်တဲ့အချိန်မှာ ရှောင်းကျန့်တကယ်ထိသည်။ လက်တွေရော ခြေသလုံးတွေရော နာတာမှအသေပဲ။ ခြေချောင်းလေးတွေကို အားပြုပီး ကိုယ်ကိုပြန်မရတာမို့ ခြေချောင်းလေးတွေကိုတောင် အတော်သနားမိသည်။ အဲလိုမှန်းသိ အာလူးကြော်တွေလျှော့စားခဲ့ပါတယ်ကွာ။ ခုတော့ ၁၀ ကြိမ်လောက်လုပ်တာတောင် လူက ဟပ်ထိုးလိုက်နေပြီ။

"ပျော့လိုက်တာ ၁၀ ခါလောက်ကိုများ"

"ကောက ရိပေါ်လို ပိန်ပိန်သေးသေးမှမဟုတ်ပဲ"

ရမလားလို့အထွန့်နည်းနည်းတက်ကြည့်တော့ ရိပေါ်ကရယ်သည်။ တစ်ရက်ထက်တစ်ရက် အရယ်အပြုံးလေးတွေ နည်းနည်းပိုစွန့်ကြဲပေးတဲ့ ရိပေါ်လေးကိုကျေးဇူးတင်သည်။ ဒါကကိုယ့်အတွက် လေ့ကျင့်ခန်းပိုလုပ်နိုင်အောင်အားဆေးလေး။ လက်ကိုဆက်မထောက်ထားနိုင်တာမို့ ကြမ်းပေါ်ခဏလှဲအိပ်လိုက်တယ်။ မောတယ် တကယ်ကိုပဲ။

"လက်မထောက်နိုင်တော့ဘူးဆိုရင် အိပ်ထမတင် ပြောင်းလုပ်"

ဘယ်လိုနေနေ မလွတ်ဘူးဟ။ စိတ်ထဲမှာ ရိပေါ်ကို မျက်စောင်းအကြီးကြီးထိုးလိုက်ပြီး အိပ်ထမတင်လုပ်ရပြန်သည်။ အိပ်ထမတင်ကတော့ လှဲနေရတာဆိုတော့ plank ထောက်ရတာလောက် တအားမဆိုး။

"ခြေထောက်ကိုအားမပြုနဲ့ အဲဒါဆို ခြေထောက်ကြီးပါမြောက်သွားလိမ့်မယ် ခြေထောက်ကို ကြမ်းပြင်မှာကပ်ထား ခါးကိုအားပြုပီး ကိုယ်အပေါ်ပိုင်းကိုပဲ အားပြုပြီးထ"

အားလားလား။ သူပြောသလို လိုက်လုပ်တာ တော်တော်ထိတာပင်။ အစတုန်းက ကိုယ့်ဘာသာခြေထောက်အားစိုက်ပီးလုပ်တာက နည်းနည်းပိုသက်သာသေးသည်။ အခုက သူပြောသလိုလုပ်တာ ဗိုက်ကအသားတွေတောင် တုန်တယ်။ မျက်နှာတစ်ခုလုံးချွေးတွေနဲ့မို့ တပ်ထားတဲ့မျက်မှန်က လျှောလျှောကျလာသည်။
အဲဒါကို ရိပေါ်လဲ သတိထားမိပုံရတယ်။ လှဲပြီး အိပ်ထမတင်လုပ်နေတဲ့ ကျွန်တော့်ဘေးကို ရိပေါ်က ဒူးထောက်ပြီး ကျွန်တော့်မျက်နှာနားကိုကပ်လာကာ ကျွန်တော့်မျက်မှန်ကို ဆွဲချွတ်လိုက်သည်။ ပြီးတော့ ခေါင်းကိုငုံ့ကာ ကျွန်တော့်မျက်နှာကိုစေ့စေ့ကြည့်သည်။

"ကောက မျက်မှန်တပ်မထားရင် ကြည့်လို့ကောင်းသားပဲ ကောမျက်လုံးတွေတကယ်လှတယ်"

အခု ဝမ်ရိပေါ်က ငါ့ကိုချီးမွမ်းလိုက်တာလား။ ရိပေါ်လေးက ကိုကြီးကိုလေ လှတယ်လို့ပြောလိုက်သလား။ ခုနက ဗိုက်ကအသားတွေတုန်နေတာ ခြေထောက်တွေတုန်နေတာတွေ သတိမရတော့ဘူး။ ရှောင်းကျန့်ဘဝမှာ အပျော်ဆုံးအချိန်တစ်ခုအလား ရင်တွေတောင်ခုန်လို့။ အောင်စာရင်းထွက်တုန်းက မာစတာတန်းဝင်တုန်းကတောင် အခုလောက်မပျော်။

ရိပေါ်က ကျွန်တော့်ကိုကြည့်နေတာ အကြည့်မလွှဲသေး။ ကျွန်တော်တို့နှစ်ယောက်ကြားအကွာအဝေးက ၅စင်တီမီတာလောက်ပဲရှိမည်ထင်တယ်။
အနီးကပ်တွေ့ရတဲ့ ရိပေါ်မျက်နှာကိုကြည့်ပီး ကျွန်တော် တံတွေးတွေမြိုချနေမိသည်။။ ယောကျာ်းလေးတစ်ယောက်က တခြားယောကျာ်း တစ်ယောက်ကို အာခေါင်တွေခြောက်လာစေတဲအထိ အဲလောက်ကြီးချောဖို့လိုလို့လားကွာ။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် gym မှာဖွင့်နေတဲ့သီချင်းက ဘာတဲ့။

~~I want nobody nobody but you, I want nobody nobody but you~~ တဲ့လေ။ ရိပေါ်အကို ဝမ်ဟိုက်ခွမ်းကကိုယ့်ကိုများ စောင်းပြီးဖွင့်လေသလားမှတ်ရတယ်။ ကောရော wonder girls က ကောင်မလေးတွေကပြီး ရိပေါ်ကို သီချင်းဆိုပြရင်ကောင်းမလား။ ~~I want nobody nobody but you, I want nobody nobody but you လို့လေ။ ကိုယ့်အတွေးနဲ့ကိုယ်သဘောကျပြီး အဟိဆိုပီးရယ်မိတော့ ဝမ်ရိပေါ်က ပေစောင်းစောင်းကြည့်သည်။

"ရယ်စရာပါလား"

"ဟင့်အင်း ကောကိုလှတယ်လို့ပြောလို့ ပျော်လို့"

"မျက်လုံးပဲလှတယ်လို့ပြောတာ လူကတော့ ပေါင် ၄၀ ချရအုံးမယ်"

မျက်မှန်ကို ဇွတ်ခနဲပြန်တပ်ပေးကာ ထွက်သွားတဲ့ဝမ်ရိပေါ်။ သေသေချာချာတော့ပြောသွားသေးသည်။

"အိပ်ထမတင် အခါ ၅၀ လုပ်" တဲ့။

Ep 5 to be continued

ဒီနေ့အချိန်မရလို့ နည်းနည်းတိုသွားတယ်။ update မျှော်နေတဲ့သူတွေအတွက်ပါ။ မနက်ဖြန် ရှည်ရှည်အပ်ပေးမယ်နော် promise promise !! ကိုကြီးနဲရိပေါ်လေးကို စီးမျောရင်း feedback လေးတွေပေးခဲ့ပါအုံး။ ဒါနဲ့ role ရော ခွဲပြီးကြပြီလား ငိငိ။

Seguir leyendo

También te gustarán

417K 39.2K 46
HE ပါ SE ထင္ရင္ လိုက္ရိုက္မာ😘 HE ပါ SE ထင်ရင် လိုက်ရိုက်မာ😘
1.7M 218K 98
Cinderellaေတာ့ Cinderellaပဲ ဒါေပမ့ဲ ရိေပၚရဲ႕Cinderellaေလးက အရမ္းစိတ္ႀကီးတယ် Cinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီး...
286K 25.8K 36
#Yizhan fiction #okipuy 9th December , 2020 ~ 1st May , 2021
324K 40.2K 77
ကိုယ်ဝန်ဆောင်သည် မိန်းမတစ်ဦးကို vampireကူးစပ်လာတာကနေ ဖြစ်ပေါ်လာသော ပြဿနာအရှုပ်အထွေးများနှင့် အချစ်ဇာတ်လမ်းများ. . . ဤFictionသည် စာရေးသူ၏ကိုယ်ပိုင်ဖန်...