My Gym Trainer (Completed)

By Its_just_Thu

501K 59.1K 4.4K

When Yibo become a persona gym trainer for Xiao Zhan... Will Yibo change Chubby XZ to Handsome XZ??? Will Xia... More

๐Ÿ’šIntroductionโค๏ธ Must read !!!
Ep 1 - แ€กแ€ปแ€–แ€…แ€นแ€กแ€•แ€บแ€€แ€นแ€™แ€บแ€ฌแ€ธแ€›แ€ฒแ‚•แ€กแ€…
Ep 2 - Gym แ€œแ€ฌแ€™แ€ญแ€แ€ฌแ€™แ€ฝแ€ฌแ€ธแฟแ€•แ€ฎ
Character Introduction (again)
Ep 4 - แ€กแ€ปแ€•แ€…แ€นแ€ฑแ€•แ€ธแ€แ€ถแ€›แ€แ€ฒแ‚” แ€€แ€ญแ€ฏแ‚€แ€€แ€ฎแ€ธ
Ep 5 - แ€ฑแ€”แ€™แ€ฑแ€€แ€ฌแ€„แ€นแ€ธแ€ปแ€–แ€…แ€นแ€žแ€ผแ€ฌแ€ธแ€›แ€ฝแ€ฌแ€แ€ฒแ‚”แ€€แ€ญแ€ฏแ‚€แ€€แ€ฎแ€ธ
Ep 6 - แ€œแ€ผแ€™แ€นแ€ธแ€แ€šแ€น
Ep 7 - Unexpected
Ep 8 - แ€•แ€ฏแ€”แ€นแ€ธแ€ฑแ€›แ€ฝแ€ฌแ€„แ€นแ€ปแ€แ€„แ€นแ€ธ
Ep 9 - แ€€แฝแ€ผแ€”แ€นแ€ฑแ€แ€ฌแ€นแ€™แ€žแ€ญแ€ปแ€แ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ
Ep 10 - Jelous Yibo
Ep 11- Crush Zone
Ep 12 - แ€€แ€ญแ€ฏแ‚€แ€€แ€ฎแ€ธ !
Ep 13 - Is it a dream?
Ep14-แ€แ€™แ€นแ€›แ€ญแ€ฑแ€•แšแ€›แ€ฒแ‚•แ‚แ‚แ€แ€บแ€€แ€น
Ep 15- Home Date
Ep16 - แ€กแ€”แ€™แ€นแ€ธแ€œแ€ฐแ€™แ€ญแ€žแ€ผแ€ฌแ€ธแ€ปแ€แ€„แ€นแ€ธ
Ep 17 - Yes we are dating
Ep 18 - You or Me??
Ep 19 - The Next Morning
Ep 20 - Yibo is mine ๐Ÿ˜Ž
Ep 21 - Colgate แ€กแ€ปแ€•แ€ถแ€ณแ€ธ
Ep 22 - ๐Ÿ’šโค๏ธ
Ep 23 - แ€€แ€ญแ€ฏแ‚€แ€€แ€ฎแ€ธแ€€แ€ญแ€ฏ แ€œแ‚Šแ€แ€นแ€œแ€ญแ€ฏแ€€แ€น !
Ep 24 - Couples now
Ep25 - Just the way you are
New Fics ๐Ÿ’šโค๏ธ
Extra 1 - แ€ฑแ€Ÿแ€ฌแ€€แ€นแ€€แ€บแ€ญ's first kiss
Extra 2 - Happy 520 Day Special
Fic Book ๐Ÿ”ฅ

Ep 3 - Another Gym Day

17.1K 2.3K 101
By Its_just_Thu

My Gym Trainer Ep 3

ေရွာင္းက်န္႔ ဒီေန႔ မိမိဆီ လာမွလာပါ့မလားလို႔ က်ိရန္ေတြးထားေပမယ့္ ေလးတိေလးကန္ေျခလွမ္းေတြနဲ႔ ဆိုင္ထဲဝင္လာသူ ေရွာင္းက်န္႔ကိုေတြ႔လိုက္ရတာမုိ႔ က်ိရန္ ခ်ီးက်ဴးခ်င္စိတ္ေလးဝင္သြားတယ္။ ငါ့သူငယ္ခ်င္းေလးက ဇြဲေတာ့ရွိသားပဲ။ မဆုိးရွာပါဘူး။

"က်ိရန္ cheese cake နဲ႔ iced mocha တစ္ခြက္ cream မ်ားမ်ားေနာ္ ေခ်ာကလက္အႏွစ္လဲမ်ားေပး"

ပိန္အုံးမွာပဲလို႔ က်ိရန္စိတ္ထဲက ေျပာလိုက္ရင္း လက္ကေတာ့ သူေျပာတဲ႔အတိုင္း ေကာ္ဖီေဖ်ာ္ေပးရျပန္သည္။ gym ေလး ပု့ံမွန္သြားေနရင္ပဲေတာ္ေသးတာပဲမဟုတ္လား။ က်ိရန္မွာ gym trainer ေလး ေဟာက္ရႊမ္းေလးကို crush ျပီး gym ကိုသြားခ်င္ေသာ္လည္း အေဖာ္မရွိေတာ့ နည္းနည္းပ်င္းေနတာမုိ႔ ေရွာင္းက်န္႔ကို ရေအာင္မဲဆြယ္ထားရတာ။ ေရွာင္းက်န္႔ေလးကေတာ့ သူ႔ကို ေစတနာရွိလြန္းလို႔လို႔ထင္ေနမွာ။

"ေရာ့ .. သုံးေဆာင္ေတာ္မူပါ အကိုေလး .. မင္းအဲေလာက္ အဆီတက္မယ့္ဟာေတြစားေနတာ gym ေဆာ့တာ ဘာထူးေတာ့မွာလဲ"

"အဲဒါေၾကာင့္ မေဆာ့ေတာ့ဘူးလားလို႔ေလ"

Cheese cake တေကာကို အားရပါးရဖဲ႔ကာ ပါးစပ္ထဲသြင္းရင္း ေရွာင္းက်န္႔ေျပာေလသည္။

"ဘယ္လို ဘယ္လို"

"မေဆာ့ေတာ့ဘူးလို႔ အရမ္းပင္ပန္းတယ္ကြာ ညကဆုိ ငါပုံၾကမ္းဆြဲစရာရွိတာေတာင္ မဆြဲႏိုင္ပဲ တန္းအိပ္ေပ်ာ္သြားတာ အဲဒီလိုသာ ေန႔တုိင္းဆုိ ငါေသလိမ့္မယ္ မျဖစ္ဘူး"

"ဟာ မင္းကလဲ ဒါကအစမုိ႔ပါ ငါလဲ အစပိုင္း ၃ ရက္ေလာက္ အဲလိုပဲ ကိုယ္လက္ေတြနာတာ ေနာက္ေတာ့အဆင္ေျပသြားေရာ"

"မင္းကကိုယ္လက္ေတြနာရင္ ဆိုင္ကို မန္ေနဂ်ာနဲ႔ဖြင့္ခိုင္းလို႔ရတယ္ ငါကေက်ာင္းမတက္လို႔မရဘူးကြ"

"မင္းကလဲ အဲလိုမလုပ္ပါနဲ႔ မင္းမရွိရင္ ငါတစ္ေယာက္တည္းေငါင္ေနမွာေလ ပီးေတာ့ မင္းကိုဆရာဝန္ကလဲ ကိုယ္လက္လႈပ္ရွားလုပ္ခိုင္းထားတာေလ"

"ငါ့ဘာသာ တိုက္ခန္းေအာက္မွာ လမ္းေလး ဘာေလးဆင္းေလွ်ာက္"

"ေရွာင္က်န္႔ မင္းနဲ႔ငါေပါင္းလာတာ ၅ ႏွစ္မကေတာ့ဘူး တေနရာမွာထိုင္ပီးရင္ ေက်ာက္ခ်သလိုထိုင္တတ္တဲ႔ေကာင္က အိမ္ျပန္ေရာက္ပီးမွ ေအာက္ျပန္ဆင္းလမ္းေလွ်ာက္မယ္ဆုိတာ ယုံႏိုင္စရာမရွိဘူး"

"မင္းကလဲကြာ"

"မင္းကလဲကြာမလုပ္ပါနဲ႔ မပိန္ခ်င္ရင္ေတာင္ ကိုယ္လက္လႈပ္ရွားတဲ႔သေဘာနဲ႔ေဆာ့"

"မင္းအေဖ ဟိုဝမ္ရိေပၚဆိုတဲ႔တစ္ေယာက္က အေသေမာင္းတာ .. ကိုယ္လက္လႈပ္ရွားတဲ႔သေဘာထက္ လြန္ေနျပီ"

"မင္းကလဲ သြားၾကီးျဖဲျပီးခိုင္းသမွ်အကုန္လုပ္ေနျပီးေတာ့"

"အဲဒါက ငါကအားနာလု႔ိေလကြာ ျပီးေတာ့ သူက ခိုင္းတာမလုပ္ရင္ ဘုၾကည့္ၾကည့္ေသးတာ"

"မင္းပဲ သူ႔လိုျဖစ္ခ်င္တယ္ဆို သူ႔ေဘာ္ဒီကိုအားမက်ဘူးလား"

"အားက်တယ္ အားက်တယ္ အဲဒါ သူခိုင္းသမွ်မလုပ္ခင္အထိ သူ႔လို abs လဲရေအာင္လုပ္မယ္လို႔စဥ္းစားမိေသးတယ္ ဒါေပမယ့္ မေန႔က အိမ္အျပန္လမ္းမွာတင္ အဲဒါေတြအကုန္ေမ့လိုက္ျပီ"

"ေရွာင္းက်န္႔ အပိုေတြမေျပာနဲ႔ ငါအဝတ္ထုပ္သြားယူအံုးမယ္ မင္းလိုက္ခဲ႔ရမယ္ ဒါပဲ"

"ငါ့မွာအဝတ္ေတြမပါဘူး"

"ငါ့ဟာယူဝတ္"

ေရွာင္းက်န္႔မွာ က်ိရန္နဲအတူ ဆိုင္ထဲမွ လိုက္ထြက္လာရေသာ္လည္း လစ္ေျပးဖို႔ၾကံစည္ေနဆဲ။

"ငါဒီေန႔မလိုက္ေသးဘူးကြာေနာ္ က်ိရန္ မနက္ျဖန္လိုက္မယ္ေလ ဒီေန႔တအားပင္ပန္းေနတာကြ မနက္ ၈ နာရီကတည္းက အတန္းတက္ေနရတာ"

"တစ္ရက္နားပီးမွ ျပန္ေဆာ့ရင္ ကိုယ္လက္ေတြပိုနာမွာ ေခါင္းမာစမ္းပါနဲ႔ က်န္႔က်န္႔ရာ"

ဆိုင္ျပင္မွာ မတ္တပ္ရပ္ကာ ႏွစ္ေယာက္သားျငင္းခုန္ေနတုန္းပဲ ဆိုင္ကယ္သံျပင္းျပင္းကို ၾကားလိုက္တာမို႔ အသံလာရာကိုၾကည့္လိုက္ေတာ့ တစ္မိုးေအာက္ဝမ္ရိေပၚ။ ဆိုင္ကယ္လ္ေတြ စက္ဘီးေတြရပ္ရမည့္ေနရာတြင္ ဆိုင္ကယ္ကုိ ပါကင္ထုိးေနပုံကို လွမ္းေငးေနမိသည္။ ဒီေန႔ဝတ္ထားတာလဲ စတိုင္လ္က်ေနေရာပဲ။

လည္သာဂ်ာကင္အမည္းေရာင္ကို ေအာက္က ဂ်င္းေဘာင္းဘီနဲ႔တြဲဝတ္ထားပံုက ေမာ္ဒယ္လ္တစ္ေယာက္လုိ။ ဆိုင္ကယ္ဦးထုပ္ေအာက္က မ်က္ဝန္းေတြကလဲစူးရွျပီးလွေနတာပဲ။ ဆိုင္ကယ္လ္ဦးထုပ္ခၽြတ္ေနရင္း ကၽြန္ေတာ္တုိ႔ ၂ေယာက္ရွိရာကို တန္းတန္းမတ္မတ္လာေနတာ။

"ကၽြန္ေတာ္ကေနာက္က်ေနျပီးေတာင္ထင္တာ အေပၚေတာင္မတက္ရေသးဘူးကိုး ျပီးမွေတြ႕မယ္ေနာ္ ကၽြန္ေတာ္တက္ႏွင့္ျပီ"

ရိေပၚက ေရွာင္းက်န္႔ကို ေစ့ေစ့ၾကည့္ပီးေျပာလာေတာ့ ေရွာင္းက်န္႔ခမ်ာ တစ္ခြန္းတည္းျပန္ေျပာႏိုင္သည္။

"အင္း"

ထို႔ေနာက္ေတာ့ ဝမ္ရိေပၚက လွည့္ပင္မၾကည့္ေတာ့ပဲ ထြက္သြားေလရာ စုံက်ိရန္ရဲ႕မ်က္ေစာင္းကို လက္ခံရရွိသူက ေရွာင္းက်န္႔ပင္။

"ခုနကေတာ့ gym မလိုက္ဖူးလို႔အေၾကာက္အကန္ျငင္းေနတာသူမဟုတ္သလိုပဲေနာ္ မင္းအဲဒီေကာင္ေလးကို အဲေလာက္ၾကိဳက္တာလား"

"အင္းၾကိဳက္တာေပါ့ သူ႔ပုံစံကိုၾကည့္အုံး မၾကိဳက္စရာ တစ္ကြက္မွမရွိတာကိုး"

ေရွာင္းက်န္႔ရဲ႕ ရိုးရိုးသားသား celebrity တစ္ေယာ္ကိုၾကိဳက္သလို ၾကိဳက္သည္ဟု ရည္ညႊန္းခ်င္ေသာစကားကို က်ိရန္တစ္ေယာက္ယူဆလိုက္ပုံမွာ "ေအာ္ ငါ့သူငယ္ခ်င္း FA ၾကီးေတာင္ ခ်စ္တတ္သြားျပီကိုး" ဟု၍တည္း။

Xxxxxxxxxxxxxxxxxxx

"က်ိရန္ေကာတိ႔ုေတာင္ ေရာက္လာျပီကိုး ရိေပၚေစာင့္ေနေလရဲ႕ ဒါနဲ႔ ဒီက က်ိရန္ေကာ သူငယ္ခ်င္းဆုိတာထင္တယ္"

က်ိရန္ရဲ႕ trainer ေကာင္ေလးက gym ထဲဝင္ဝင္ခ်င္းမွာ ႏႈတ္ဆက္စကားေျပာေလသည္။ ဒီေကာင္ေလးလဲေခ်ာတာပဲ။ သူတုိ႔ gym က တကယ္ေခ်ာတဲ႔ေကာင္ေလးေတြကိုပဲ trainer လုပ္ခိုင္းတာလားမသိ။

"ဟုတ္ကဲ႔ ေရွာင္းက်န္႔လို႔ေခၚပါတယ္"

"ေတြ႔ရတာဝမ္းသာပါတယ္ ကၽြန္ေတာ့္နာမည္က ေဟာက္ရႊမ္းပါ ရိေပၚရဲ႕အခ်စ္ဆုံးသူငယ္ခ်င္း ဟိုနားမွာ weight မေနတဲ႔ တစ္ေယာက္က စန္႔က်င္တဲ႔ ကၽြန္ေတာ္တုိ႔ ၃ ေယာက္က bff"

ေဟာက္ရႊမ္းက ေဖာ္ေရြပုံရကာ စကားရႊမ္းရႊမ္းေဝေအာင္ ေျပာေနေတာ့တာပဲ။ ဝမ္ရိေပၚနဲ႔မ်ားကြာပါ့။

"ေကာနဲ႔ က်ိရန္လိုပဲေပါ့ ေကာတုိ႔ကေတာ့ သူငယ္ခ်င္း ၂ ေယာက္တည္း .. မသိတာေတြလဲသင္ေပးပါအုံး ေဟာက္ရႊမ္း အားကိုးပါတယ္"

"ရိေပၚသင္ေပးလိမ့္မယ္ စိတ္ခ် .. သူက trainer သာမလုပ္တာ .. ဘယ္လို train ရမလဲ ေကာင္းေကာင္းသိတယ္"

"ေက်းဇူးကြာ အဲဒါဆုိ ေကာ ရိေပၚ သြားလိုက္အုံးမယ္"

ရိေပၚအနားေလွ်ာက္သြားေတာ့ ရိေပၚက အေၾကာေလွ်ာ့ေနရာမွ တခ်က္ၾကည့္သည္။

"အေၾကာ အရင္ေလွ်ာ့လိုက္"

ျပီးေတာ့ သူ႔ဘာသာလုပ္စရာရွိတာဆက္လုပ္ေနေလေတာ့ ကၽြန္ေတာ္လဲ မွတ္မိသေလာက္ အေၾကာေလွ်ာ့ေလ့က်င့္ခန္းကိုစလိုက္သည္။ ျပီးေတာ့ မေန႔ကလို လမ္းေလွ်ာက္ရသည္။ လမ္းေလွ်ာက္တာေတာ့ သိပ္မပင္ပန္းေသး။ ျပီးေတာ့ မေန႔ကလို စက္ဘီးမစီးခိုင္းေတာ့ ေနာက္ထပ္ equipment တစ္ခုေဆာ့ရသည္။ ဒါေပမယ့္ စက္ဘီးစီးရတာထက္ပိုဆုိးပါသည္။ ဝိတ္တုံးေတြကို ေျခေထာက္နဲ႔မရတာ။ ျပီးေတာ့ေျပာေသးတာ ဘာတဲ႔။ ေျခေထာက္ကို အားမစိုက္နဲ႔ ေျခသလုံးၾကြက္သားကေနမတဲ႔။ ဘိုးေအထဲမွပဲ။ သူေျပာသလို ေျခသလုံးကို အားထည့္ျပီး မရတာ ေျခေထာက္ေတြေတာင့္လိုက္တာမွေသေတာ့မယ္။ ျပီးေတာ့ တခါ ဝိတ္မရေသးသည္။ လက္ေတြေရာ ေျခေတြေရာ တစ္နာရီလုံးအလုပ္ေပးျပီးတဲ႔ေနာက္ ေရကူးရအုံးမည္တဲ႔ေလ။ ေရွာင္းက်န္႔လႈပ္ပင္မလႈပ္ခ်င္ေတာ့။ ဒါေပမယ့္ ရိေပၚေလးကိုဆုိ ဟင့္အင္းလုိ႔ ျငင္းဖို႔ခက္သည္။ ျငင္းရက္တာမျငင္းရက္တာထက္ ရိေပၚတစ္ခ်က္ၾကည့္လိုက္ရင္ လူက အာေစးမိသူလို ပါးစပ္က ဘာမွမထြက္ေတာ့တာခက္သည္။ နာရီဝက္ေလာက္ေရကူးအျပီးမွာေတာ့ ေရွာင္းက်န္႔ ၾကြက္တက္ေတာ့သည္။

"အား ရိေပၚေရ ေျခေထာက္လႈပ္မရေတာ့ဘူး"

ကၽြန္ေတာ့္ေခၚသံေၾကာင့္ ေရကူးကန္ ဟိုဘက္အျခမ္းမွာရွိေနတဲ႔ ရိေပၚက ကၽြန္ေတာ့္နားခ်က္ခ်င္းကူးလာကာ ကန္ေဘာင္ေပၚေရာက္ေအာင္ ဆြဲလာေပးသည္။ ထုိ႔ေနာက္ သူ႔လက္ႏုႏုေလးေတြကို ကၽြန္ေတာ့္ေျခသလုံးကို ႏွိပ္နယ္ေပးသည္။ အုိက္ယား အသားအိအိေလးေတြရဲ႕အထိအေတြ႔က တက္ေနတဲ႔ၾကြက္ကိုေတာင္ ေမ့သြားရသည္။ ဒီေကာင္ေလးရဲ႕အသားက ဘာလုိ႔အဲေလာက္ႏူးညံ့ရပါလိမ့္။

"က်န္႔ေကာ က်န္႔ေကာ အဆင္ေျပလား ေျခေထာက္ ၾကြက္တက္ေနတုန္းလား"

က်န္႔ေကာတဲ႔။ ဒီႏွစ္ရက္အတြင္းမွာ သူ႔ဆီက က်န္႔ေကာေခၚလု႔ိေခၚတာ ပထမဆုံးၾကားရျခင္း။ ေက်ာင္းက ဂ်ဴနီယာေတြကလဲ က်န္႔ေကာလို႔ေခၚၾကတာပဲ။ ဘာလို႔ ဝမ္ရိေပၚ ေခၚသံက ဒီေလာက္ နားဝင္ခ်ိဳရတာလဲ။ ေကာင္ေလးက ပ်ားရည္စိမ္ျပီးေခၚတာလား။

"အင္း အင္း ရျပီ အဆင္ေျပပီ"

ခပ္တိုးတုိးျပန္ေျဖမိသည္။ က်န္႔ေကာလို႔အေခၚခံရလို႔ ႏႈတ္ခမ္းေတြကေတာ့ ျပံဳးေနမွာအေသအခ်ာပင္။ ဝမ္ရိေပၚကေတာ့ ၾကြက္တက္ေနတာကိုေတာင္ ျပံဳးေနႏုိင္ေသးလို႔ ေတြးမိႏုိင္သည္။ မတတ္ႏိုင္ဘူး ဒီကိုၾကီးက မေနာေတြေခြ႕ေနတာ ထိန္းမရဘူးေလ။ မတ္တပ္မရပ္ႏိုင္ေသးတာမုိ႔ ဆက္ထိုင္ေနမိေတာ့ ရိေပၚက ကၽြန္ေတာ့္ေဘးနားတြင္ဝင္ထိုင္ကာေမးသည္။

"ေမာေနျပီလား"

"အင္း တခါမွ ဒါမ်ိဳးမလုပ္ဖူးေတာ့ အရမ္းပင္ပန္းတယ္ေလ မေန႔ညကဆို ညစာေတာင္မခ်က္ႏိုင္ဘူး ေခါက္ဆြဲျပဳတ္စားျပီးတန္းအိပ္သြားတာ ဒီေန႔လဲ ခ်က္ႏိုင္မယ့္ပုံမေပၚဘူး ေအာက္ထပ္က KFC ပဲဆြဲသြားရမွာပဲ"

"ဘာ KFC စားမယ္ဟုတ္လား မေန႔ညကလဲ ေခါက္ဆြဲျပဳတ္ကစားေသးတယ္ ပိန္အုံးမယ္ပိန္အုံးမယ္ ခင္ဗ်ား အခု burn ထားတဲ႔ ကယ္လိုရီ အားလုံး ဟုတ္ခနဲ ျပန္တက္မွာဗ် သိရဲ႕လား"

"ငင့္"

"KFC ၾကက္ရင္အုံတစ္တုံးက ကယ္လိုရီ ၃၃၀ ရွိတယ္ instant noodle တစ္ထုပ္ဆိုလဲ ကယ္လုိရီ ၃၀၀ အသာေလးပဲ .. ခင္ဗ်ား treadmill ေပၚမွာ နာရီဝက္လမ္းေလွ်ာက္ရင္ေတာင္ ကယ္လိုရီ ၂၀၀ ပဲ burn တာ"

အားရွိလွစရာ ဝမ္ရိေပၚရဲ႕စကားအဆုံးမွာ ေရွွာင္းက်န္႔တစ္ေယာက္ မ်က္လုံးေလး ကလယ္ကလယ္ကိုျဖစ္လုိ႔။ နာရီဝက္လမ္းေလွ်ာက္လို႔က်တဲ႔အဆီက ေခါက္ဆြဲတစ္ထုပ္စားရင္ ကုန္ျပီဆိုေတာ့ အေတာ္အားတက္စရာပဲ။

"ေရကူးတာက ဝိတ္ပိုက်တယ္ဆုိ ေရကူးရင္ေရာ ဟင္"

"ေပါင္ ၁၅၀ သမားက ေရတစ္နာရီကူးရင္ ကယ္လိုရီ ၄၀၀ ကေန ၅၀၀ ၾကားပဲ burn ႏိုင္တာ၊ တကယ့္နည္းစနစ္မွန္မွန္နဲ႔ မနားတမ္းကူးရင္ေတာ့ ၈၀၀ ေလာက္က်တယ္ ခင္ဗ်ားက အခုမွ နည္းစနစ္ေတြသင္ရင္း ေလ့က်င့္တုန္းဆုိေတာ့ ထန္ကုန္ ၅၀၀ ပဲ"

ေတာ္ေတာ္ေလးကို အားတက္သြားျပီ။ ရွုံ႕မဲ႔သြားတဲ႔ ေရွာင္းက်န္႔ရုပ္ကိုၾကည့္ျပီး ဝမ္ရိေပၚရယ္သည္။

ေဟာ သူရယ္ျပန္ျပီ။ ဒီေန႔အတြက္ ပထမဆုံးရယ္ျခင္းပဲ။ ၾကည့္လို႔ေကာင္းလိုက္တာ ခုနကေမာေနတာေတြေတာင္ ေျပသြားတယ္။

"ခင္ဗ်ား ေလ့က်င့္ခန္းတစ္ခုတည္းနဲ႔ေတာ့ဝိတ္မက်ႏိုင္ဘူး အစားအေသာက္ပါ ဆင္ျခင္မွရမယ္ healthy food ပဲစားတာ အဆင္အေျပအဆုံးပဲ"

"အင္း ဆင္ျခင္ပါ့မယ္ကြာ"

"ေျပာတဲ႔ေလသံကတကယ္ဆင္ျခင္မယ့္ပုံမဟုတ္ပါဘူး"

"မင္းကလဲ"

ခဏေလးအတြင္းမွာ ရိေပၚက သူ train ေပးရတဲ႔ ကၽြန္ေတာ့့္အေၾကာင္းကို ေကာင္းေကာင္းသိသြားတဲ႔ပုံပင္။ ကၽြန္ေတာ္ဆုိတာ ျပန္မေျပာ နားမေထာင္သမားေလ။ ဒီေကာင္ေလး ဘယ္လိုရိပ္မိသြားပါလိမ့္။

"အင္းဆုိပီး ေအာက္ဆင္းသြားတာနဲ႔ KFC ဆိုင္ေျပးမွာပဲမဟုတ္လား"

"မင္းကလဲ healthy food ဆိုတာ ခ်က္ခ်င္းလက္ငင္းေကာက္ခ်က္စားလို႔မွမရတာ ေကာအိမ္မွာက unhealthy food ေတြပဲရွိတာ"

"အဲဒါဆုိ ေရခ်ိဳးပီးရင္ ေအာက္က supermarket မွာ လိုတာေတြသြားဝယ္မယ္"

"ဟင္"

"မဟင္နဲ႔ ေရသြားခ်ိဳးေတာ့မယ္ ျပီးရင္ေတြ႔မယ္"

Xxxxxxxxxxxxxxxxxxxxxxxxxxxxx

"ေရွာင္းက်န႔္ ေရခ်ိဳးျပီးျပီလား မင္းကိုေစာင့္ေနတာ ေအာက္မွာေဟာ့ေပါ့သြားစားရေအာင္ ေဟာက္ရႊမ္းတုိ႔လဲလိုက္မယ္တဲ႔"

Locker room မွအထြက္ က်ိရန္ရဲ႕ ေဟာ့ေပါ့ဆုိတဲ႔စကားေၾကာင့္ ေရွာင္းက်န္႔မ်က္လုံးမ်ား အေရာင္ေတာက္လာစဥ္

"က်န္႔ေကာက ေဟာ့ေပါ့မစားေတာ့ဘူး ကၽြန္ေတာ္နဲ႔အတူ supermarket မွာ diet food စားဖို႔လိုတာေတြဝယ္ဖုိ႔" လို႔ ဘယ္တုန္းက အေနာက္ေရာက္ေနမွန္းမသိတဲ႔ ဝမ္ရိေပၚက ဝင္ေျပာေလသည္။

"ဟင္"

"ဘယ္လို"

အာေမဋိတ္သံမ်ားက က်ိရန္နဲ႔ ေဟာက္ရႊမ္းဆီမွ ေရွ႕ဆင့္ေနာက္ဆင့္။ စန္႔က်င္ဆီမွ အသံထြက္မလာေသာ္လည္း အ့ံအားသင့္ေသာ မ်က္လုံးမ်ားက ေရွာင္းက်န္႔နဲ႔ ရိေပၚထံမွာ။ ဘာေတြမ်ား အဲေလာက္ထူးဆန္းေနၾကပါလိမ့္။ supermarket မွာေစ်းသြားဝယ္မွာပဲဟာကို။

"က်န္႔ေကာ သြားမယ္ေလ"

"ဟင္ ေအာ္သြားမယ္ က်ိရန္ မနက္ဖန္မွေတြ႔မယ္ေနာ္"

က်ိရန္ကိုခပ္သြက္သြက္ႏႈတ္ဆက္ရင္း ေျခလွမ္းက်ဲၾကီးေတြနဲ႔ ေလွ်ာက္သြားေသာ ရိေပၚေနာက္အမွီလိုက္ရသည္။

"ရိေပၚ ေစာင့္ပါအုံးကြ"

"ျမန္ျမန္ေလွ်ာက္ေလဗ်ာ"


Gym bag ေတြေရာ ေက်ာင္းသြားတဲ႔ ေက်ာပိုးအိတ္ေတြေရာ ဖ႐ိုဖရဲနဲ႕ ကိုယ့္မွာ ရိေပၚေျခလွမ္းေတြကို အမွီလိုက္ေလွ်ာက္ရင္း အေမာတေကာ။ ဒါေပမယ့္ ဝမ္ရိေပၚနဲ႔ေဘးခ်င္းယွဥ္ေလွ်ာက္သြားရာ လမ္းတစ္ေလွ်ာက္မွာ လူေတြက ကိုယ္တုိ႔ႏွစ္ေယာက္ကို ကြက္ၾကည့္ကြက္ၾကည့္နဲ႔ ကိုယ့္ကို အားက်သလိုၾကည့္တာေတြ႔ေတာ့ ေပ်ာ္မိသား။ ဝမ္ရိေပၚက အဲေလာက္ထိ ဆြဲေဆာင္အားေကာင္းတာျဖစ္သည္။

"olive oil က က်န္းမာေရးအတြက္အေထာက္အကူျဖစ္တယ္ ေနၾကာဆီတုိ႔ဘာတုိ႔သန္႔တယ္ဆုိတာမွန္ေပမယ့္ ဝိတ္က်ခ်င္ရင္ olive oil အစားထုိးစားေပးတာေကာင္းတယ္ အရြက္ေၾကာ္ ဘာညာဆုိလဲ ဒီဆီပဲသုံသိလား"

"အင္း"

ျခင္းထဲကိုေလွ်ာက္လာေလာဆီပုလင္း။ ေစ်းကလဲသိပ္မေသး။ ထားလိုက္ပါေတာ့ ဝိတ္က်ဖို႔ပဲ။ ေဟာ ျပီးေတာ့ထည့္ျပန္ပီ celeral ေတြ။

"အေပ်ာ္စားတဲ႔ cereal ေတြက အလကား အခ်ိဳဓာတ္မ်ားတယ္ ဒီ oatmeal က အခ်ိဳမပါဘူး ဒါကို low fat milk နဲ႔တြဲပီးမနက္စာအေနနဲ႔စားလို႔ရတယ္ အလြယ္ဆုိပီး croissant ေတြမစားနဲ႔ေနာ္ အဲဒါက တစ္ခုကို ကယ္လုိရီ ၄၀၀ သိလား"

"အင္း"

ဘာပဲျဖစ္ျဖစ္ အင္းလိုက္။ ဝမ္ရိေပၚေျပာတာအမွန္ဆုံး။ ကိုၾကီးေထာက္ခံတယ္။

"တစ္ေန႔ကို ကယ္လုိရီ ၂၀၀၀ အတြင္းဝင္ေအာင္စားႏုိင္ရင္ အဆင္ေျပတယ္ ဒါေတာင္ အဲထက္နည္းေစခ်င္ေသးတာ အရမ္းၾကမ္းသြားမွာစိုးလို႔ ေလွ်ာ့ေပးထားတာ အဲဒီ ကယ္လုိရီ ၂၀၀၀ စားျပီးရင္ ျပန္ burn ဖို႔က အေတာ္လုပ္ရအုံးမွာ"

"အင္းပါကြာ တိတိေလး ေျပာတဲ႔အတုိင္းစားပါ့မယ္"

စိတ္ထဲကေခၚခ်င္ေနတဲ႔ တိတိေလးဆိုတဲ႔အေခၚကို ေခၚမိျပီးမွ ငါေတာ့ ဒုကၡပါပဲဆိုပီး နႈတ္ခမ္းကိုကိုက္ာ အရွိန္သတ္ရသည္။ ကၽြန္ေတာ့္ တိတိေလးဆိုတဲ႔အေခၚေၾကာင့္ထင္တယ္။ ခပ္လွမ္းလွမ္းေရာက္သြားျပီျဖစ္တဲ႔ ဝမ္ရိေပၚက ကၽြန္ေတာ့္ကိုတစ္ခ်က္ၾကည့္တယ္။ ဘုရား ဘုရား ငါေတာ့ ဘယ္လိုအတုတ္ခံရမလဲမသိ။
ဒါေပမယ့္ ရိေပၚက ျပံဳးတယ္။ ႏွစ္ႏွစ္ျခိဳက္ျခိဳက္အျပံဳး။


သူ႔အျပံဳးမွာ နစ္ေမ်ာသြားျပီး ကၽြန္ေတာ္ ေစ်းဝယ္တဲ႔ပစၥည္းကိုတြန္းျပီးေနရာမွအထြက္ ေျခမနဲ႔ ဘီးလုံးေလး ခလုတ္တိုက္သြားတယ္။ အားပါးပါး နာလိုက္တဲ႔ျဖစ္ျခင္း။

"ေသပါပီ မားေရ"

နာလြန္းလို႔ပါးစပ္ကပါ ထုတ္ေအာ္မိသြားေတာ့ ရိေပၚက ခ်က္ခ်င္းလွည့္ေျပးလာသည္။

"က်န္႔ေကာ ဘာျဖစ္သြားတာလဲ"

"ဘီးနဲ႔ ေျခမနဲ႔တိုက္မိတာ"

ေျခေထာက္ကို ငုံ႕ၾကည့္ေတာ့ ေျခမက အသားေလးနည္းနည္းလွန္သြားကာ ေသြးစို႔ေနသည္။

"အသားလန္သြားတာပဲ ေဆးထည့္မွျဖစ္မယ္ ပလာစတာလဲကပ္ရမယ္ ေနအုံး သြားဝယ္အုံးမယ္" ဆုိပီး ရိေပၚက လွစ္ခနဲထြက္သြားသည္။ အိမ္မွာရွိတယ္လို႔ေျပာမလို႔ေတာင္ မေျပာလိုက္ရ။ တကယ့္ကို စိတ္ျမန္တဲ႔ေကာင္ေလး။

ဟိုဟာေလးလဲလိုတယ္၊ ဒီဟာေလးလဲလုိတယ္နဲ႔ဝယ္လုိက္တာ ေရွာင္းက်န္႔ ကတ္ထဲကေငြေတာ္ေတာ္မ်ားမ်ားကုန္သြားေလသည္။ ႏွေျမာစိတ္ကေလးျဖစ္မိေပမယ့္ တိတိေလးက ဝယ္ဆုိေတာ့လဲ ဒီကိုၾကီးက ဘယ္ျငင္းႏိုင္ပါ့မလဲ။ အထုပ္ေတြအပိုးေတြနဲ႔ ဘတ္စ္မစီးခ်င္ေတာ့တာေၾကာင့္ ဒီေန႔ေတာ့ တကၠစီငွားျပန္မွလို႔ေတြးလိုက္သည္။ ရိေပၚကေတာ့ သူ႔အခ်စ္ေတာ္ဆိုင္ကယ္လ္ေပၚေတာင္ေရာက္သြားျပီ။ ဆုိင္ကယ္လ္မထြက္ခင္ ကၽြန္ေတာ့္ကိုေသခ်ာၾကည့္ျပီး မွာသြားေသးတယ္။

"က်န္႔ေကာ အိမ္ေရာက္ရင္ေဆးထည့္ေနာ္" တဲ႔။ ဘယ္ေျပာေကာင္းမလဲ ေရွာင္းက်န႔္မ်က္ႏွာက မိုးေပၚက လမင္းၾကီးနဲ႔အျပိဳင္ ထိန္ထိန္သာလို႔ေပါ့။ စကားအပိုအလိုသိပ္မေျပာတဲ႔ေကာင္ေလးဟာ ေရွာင္းက်န္႔ကိုေတာ့ စိတ္ပူေပးရွာသားဆုိတဲ႔အသိေလးက ေရွာင္းက်န္႔ကို အိပ္မက္လွလွမက္ေစေလသည္။


Ep 4 to be continued

ဒီအပိုင္းမွာထည့္ထားတဲ႔ အစားအေသာက္နဲ႔ဆိုင္တဲ႔ data ေတြကအျပင္ကတကယ့္အမွန္ေတြမုိ႔ ဝိတ္ေလွ်ာ့လိုတဲ႔သူေတြအတြက္ အသုံးျပဳလို႔ရပါတယ္ေနာ္။ feedback ေလးေတြေမွ်ာ္ပါတယ္ရွင့္

Unicode

My Gym Trainer Ep 3

ရှောင်းကျန့် ဒီနေ့ မိမိဆီ လာမှလာပါ့မလားလို့ ကျိရန်တွေးထားပေမယ့် လေးတိလေးကန်ခြေလှမ်းတွေနဲ့ ဆိုင်ထဲဝင်လာသူ ရှောင်းကျန့်ကိုတွေ့လိုက်ရတာမို့ ကျိရန် ချီးကျူးချင်စိတ်လေးဝင်သွားတယ်။ ငါ့သူငယ်ချင်းလေးက ဇွဲတော့ရှိသားပဲ။ မဆိုးရှာပါဘူး။

"ကျိရန် cheese cake နဲ့ iced mocha တစ်ခွက် cream များများနော် ချောကလက်အနှစ်လဲများပေး"

ပိန်အုံးမှာပဲလို့ ကျိရန်စိတ်ထဲက ပြောလိုက်ရင်း လက်ကတော့ သူပြောတဲ့အတိုင်း ကော်ဖီဖျော်ပေးရပြန်သည်။ gym လေး ပုံ့မှန်သွားနေရင်ပဲတော်သေးတာပဲမဟုတ်လား။ ကျိရန်မှာ gym trainer လေး ဟောက်ရွှမ်းလေးကို crush ပြီး gym ကိုသွားချင်သော်လည်း အဖော်မရှိတော့ နည်းနည်းပျင်းနေတာမို့ ရှောင်းကျန့်ကို ရအောင်မဲဆွယ်ထားရတာ။ ရှောင်းကျန့်လေးကတော့ သူ့ကို စေတနာရှိလွန်းလို့လို့ထင်နေမှာ။

"ရော့ .. သုံးဆောင်တော်မူပါ အကိုလေး .. မင်းအဲလောက် အဆီတက်မယ့်ဟာတွေစားနေတာ gym ဆော့တာ ဘာထူးတော့မှာလဲ"

"အဲဒါကြောင့် မဆော့တော့ဘူးလားလို့လေ"

Cheese cake တကောကို အားရပါးရဖဲ့ကာ ပါးစပ်ထဲသွင်းရင်း ရှောင်းကျန့်ပြောလေသည်။

"ဘယ်လို ဘယ်လို"

"မဆော့တော့ဘူးလို့ အရမ်းပင်ပန်းတယ်ကွာ ညကဆို ငါပုံကြမ်းဆွဲစရာရှိတာတောင် မဆွဲနိုင်ပဲ တန်းအိပ်ပျော်သွားတာ အဲဒီလိုသာ နေ့တိုင်းဆို ငါသေလိမ့်မယ် မဖြစ်ဘူး"

"ဟာ မင်းကလဲ ဒါကအစမို့ပါ ငါလဲ အစပိုင်း ၃ ရက်လောက် အဲလိုပဲ ကိုယ်လက်တွေနာတာ နောက်တော့အဆင်ပြေသွားရော"

"မင်းကကိုယ်လက်တွေနာရင် ဆိုင်ကို မန်နေဂျာနဲ့ဖွင့်ခိုင်းလို့ရတယ် ငါကကျောင်းမတက်လို့မရဘူးကွ"

"မင်းကလဲ အဲလိုမလုပ်ပါနဲ့ မင်းမရှိရင် ငါတစ်ယောက်တည်းငေါင်နေမှာလေ ပီးတော့ မင်းကိုဆရာဝန်ကလဲ ကိုယ်လက်လှုပ်ရှားလုပ်ခိုင်းထားတာလေ"

"ငါ့ဘာသာ တိုက်ခန်းအောက်မှာ လမ်းလေး ဘာလေးဆင်းလျှောက်"

"ရှောင်ကျန့် မင်းနဲ့ငါပေါင်းလာတာ ၅ နှစ်မကတော့ဘူး တနေရာမှာထိုင်ပီးရင် ကျောက်ချသလိုထိုင်တတ်တဲ့ကောင်က အိမ်ပြန်ရောက်ပီးမှ အောက်ပြန်ဆင်းလမ်းလျှောက်မယ်ဆိုတာ ယုံနိုင်စရာမရှိဘူး"

"မင်းကလဲကွာ"

"မင်းကလဲကွာမလုပ်ပါနဲ့ မပိန်ချင်ရင်တောင် ကိုယ်လက်လှုပ်ရှားတဲ့သဘောနဲ့ဆော့"

"မင်းအဖေ ဟိုဝမ်ရိပေါ်ဆိုတဲ့တစ်ယောက်က အသေမောင်းတာ .. ကိုယ်လက်လှုပ်ရှားတဲ့သဘောထက် လွန်နေပြီ"

"မင်းကလဲ သွားကြီးဖြဲပြီးခိုင်းသမျှအကုန်လုပ်နေပြီးတော့"

"အဲဒါက ငါကအားနာလု့ိလေကွာ ပြီးတော့ သူက ခိုင်းတာမလုပ်ရင် ဘုကြည့်ကြည့်သေးတာ"

"မင်းပဲ သူ့လိုဖြစ်ချင်တယ်ဆို သူ့ဘော်ဒီကိုအားမကျဘူးလား"

"အားကျတယ် အားကျတယ် အဲဒါ သူခိုင်းသမျှမလုပ်ခင်အထိ သူ့လို abs လဲရအောင်လုပ်မယ်လို့စဉ်းစားမိသေးတယ် ဒါပေမယ့် မနေ့က အိမ်အပြန်လမ်းမှာတင် အဲဒါတွေအကုန်မေ့လိုက်ပြီ"

"ရှောင်းကျန့် အပိုတွေမပြောနဲ့ ငါအဝတ်ထုပ်သွားယူအုံးမယ် မင်းလိုက်ခဲ့ရမယ် ဒါပဲ"

"ငါ့မှာအဝတ်တွေမပါဘူး"

"ငါ့ဟာယူဝတ်"

ရှောင်းကျန့်မှာ ကျိရန်နဲအတူ ဆိုင်ထဲမှ လိုက်ထွက်လာရသော်လည်း လစ်ပြေးဖို့ကြံစည်နေဆဲ။

"ငါဒီနေ့မလိုက်သေးဘူးကွာနော် ကျိရန် မနက်ဖြန်လိုက်မယ်လေ ဒီနေ့တအားပင်ပန်းနေတာကွ မနက် ၈ နာရီကတည်းက အတန်းတက်နေရတာ"

"တစ်ရက်နားပီးမှ ပြန်ဆော့ရင် ကိုယ်လက်တွေပိုနာမှာ ခေါင်းမာစမ်းပါနဲ့ ကျန့်ကျန့်ရာ"

ဆိုင်ပြင်မှာ မတ်တပ်ရပ်ကာ နှစ်ယောက်သားငြင်းခုန်နေတုန်းပဲ ဆိုင်ကယ်သံပြင်းပြင်းကို ကြားလိုက်တာမို့ အသံလာရာကိုကြည့်လိုက်တော့ တစ်မိုးအောက်ဝမ်ရိပေါ်။ ဆိုင်ကယ်လ်တွေ စက်ဘီးတွေရပ်ရမည့်နေရာတွင် ဆိုင်ကယ်ကို ပါကင်ထိုးနေပုံကို လှမ်းငေးနေမိသည်။ ဒီနေ့ဝတ်ထားတာလဲ စတိုင်လ်ကျနေရောပဲ။

လည်သာဂျာကင်အမည်းရောင်ကို အောက်က ဂျင်းဘောင်းဘီနဲ့တွဲဝတ်ထားပုံက မော်ဒယ်လ်တစ်ယောက်လို။ ဆိုင်ကယ်ဦးထုပ်အောက်က မျက်ဝန်းတွေကလဲစူးရှပြီးလှနေတာပဲ။ ဆိုင်ကယ်လ်ဦးထုပ်ချွတ်နေရင်း ကျွန်တော်တို့ ၂ယောက်ရှိရာကို တန်းတန်းမတ်မတ်လာနေတာ။

"ကျွန်တော်ကနောက်ကျနေပြီးတောင်ထင်တာ အပေါ်တောင်မတက်ရသေးဘူးကိုး ပြီးမှတွေ့မယ်နော် ကျွန်တော်တက်နှင့်ပြီ"

ရိပေါ်က ရှောင်းကျန့်ကို စေ့စေ့ကြည့်ပီးပြောလာတော့ ရှောင်းကျန့်ခမျာ တစ်ခွန်းတည်းပြန်ပြောနိုင်သည်။

"အင်း"

ထို့နောက်တော့ ဝမ်ရိပေါ်က လှည့်ပင်မကြည့်တော့ပဲ ထွက်သွားလေရာ စုံကျိရန်ရဲ့မျက်စောင်းကို လက်ခံရရှိသူက ရှောင်းကျန့်ပင်။

"ခုနကတော့ gym မလိုက်ဖူးလို့အကြောက်အကန်ငြင်းနေတာသူမဟုတ်သလိုပဲနော် မင်းအဲဒီကောင်လေးကို အဲလောက်ကြိုက်တာလား"

"အင်းကြိုက်တာပေါ့ သူ့ပုံစံကိုကြည့်အုံး မကြိုက်စရာ တစ်ကွက်မှမရှိတာကိုး"

ရှောင်းကျန့်ရဲ့ ရိုးရိုးသားသား celebrity တစ်ယော်ကိုကြိုက်သလို ကြိုက်သည်ဟု ရည်ညွှန်းချင်သောစကားကို ကျိရန်တစ်ယောက်ယူဆလိုက်ပုံမှာ "အော် ငါ့သူငယ်ချင်း FA ကြီးတောင် ချစ်တတ်သွားပြီကိုး" ဟု၍တည်း။

Xxxxxxxxxxxxxxxxxxx

"ကျိရန်ကောတိ့ုတောင် ရောက်လာပြီကိုး ရိပေါ်စောင့်နေလေရဲ့ ဒါနဲ့ ဒီက ကျိရန်ကော သူငယ်ချင်းဆိုတာထင်တယ်"

ကျိရန်ရဲ့ trainer ကောင်လေးက gym ထဲဝင်ဝင်ချင်းမှာ နှုတ်ဆက်စကားပြောလေသည်။ ဒီကောင်လေးလဲချောတာပဲ။ သူတို့ gym က တကယ်ချောတဲ့ကောင်လေးတွေကိုပဲ trainer လုပ်ခိုင်းတာလားမသိ။

"ဟုတ်ကဲ့ ရှောင်းကျန့်လို့ခေါ်ပါတယ်"

"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော့်နာမည်က ဟောက်ရွှမ်းပါ ရိပေါ်ရဲ့အချစ်ဆုံးသူငယ်ချင်း ဟိုနားမှာ weight မနေတဲ့ တစ်ယောက်က စန့်ကျင်တဲ့ ကျွန်တော်တို့ ၃ ယောက်က bff"

ဟောက်ရွှမ်းက ဖော်ရွေပုံရကာ စကားရွှမ်းရွှမ်းဝေအောင် ပြောနေတော့တာပဲ။ ဝမ်ရိပေါ်နဲ့များကွာပါ့။

"ကောနဲ့ ကျိရန်လိုပဲပေါ့ ကောတို့ကတော့ သူငယ်ချင်း ၂ ယောက်တည်း .. မသိတာတွေလဲသင်ပေးပါအုံး ဟောက်ရွှမ်း အားကိုးပါတယ်"

"ရိပေါ်သင်ပေးလိမ့်မယ် စိတ်ချ .. သူက trainer သာမလုပ်တာ .. ဘယ်လို train ရမလဲ ကောင်းကောင်းသိတယ်"

"ကျေးဇူးကွာ အဲဒါဆို ကော ရိပေါ် သွားလိုက်အုံးမယ်"

ရိပေါ်အနားလျှောက်သွားတော့ ရိပေါ်က အကြောလျှော့နေရာမှ တချက်ကြည့်သည်။

"အကြော အရင်လျှော့လိုက်"

ပြီးတော့ သူ့ဘာသာလုပ်စရာရှိတာဆက်လုပ်နေလေတော့ ကျွန်တော်လဲ မှတ်မိသလောက် အကြောလျှော့လေ့ကျင့်ခန်းကိုစလိုက်သည်။ ပြီးတော့ မနေ့ကလို လမ်းလျှောက်ရသည်။ လမ်းလျှောက်တာတော့ သိပ်မပင်ပန်းသေး။ ပြီးတော့ မနေ့ကလို စက်ဘီးမစီးခိုင်းတော့ နောက်ထပ် equipment တစ်ခုဆော့ရသည်။ ဒါပေမယ့် စက်ဘီးစီးရတာထက်ပိုဆိုးပါသည်။ ဝိတ်တုံးတွေကို ခြေထောက်နဲ့မရတာ။ ပြီးတော့ပြောသေးတာ ဘာတဲ့။ ခြေထောက်ကို အားမစိုက်နဲ့ ခြေသလုံးကြွက်သားကနေမတဲ့။ ဘိုးအေထဲမှပဲ။ သူပြောသလို ခြေသလုံးကို အားထည့်ပြီး မရတာ ခြေထောက်တွေတောင့်လိုက်တာမှသေတော့မယ်။ ပြီးတော့ တခါ ဝိတ်မရသေးသည်။ လက်တွေရော ခြေတွေရော တစ်နာရီလုံးအလုပ်ပေးပြီးတဲ့နောက် ရေကူးရအုံးမည်တဲ့လေ။ ရှောင်းကျန့်လှုပ်ပင်မလှုပ်ချင်တော့။ ဒါပေမယ့် ရိပေါ်လေးကိုဆို ဟင့်အင်းလို့ ငြင်းဖို့ခက်သည်။ ငြင်းရက်တာမငြင်းရက်တာထက် ရိပေါ်တစ်ချက်ကြည့်လိုက်ရင် လူက အာစေးမိသူလို ပါးစပ်က ဘာမှမထွက်တော့တာခက်သည်။ နာရီဝက်လောက်ရေကူးအပြီးမှာတော့ ရှောင်းကျန့် ကြွက်တက်တော့သည်။

"အား ရိပေါ်ရေ ခြေထောက်လှုပ်မရတော့ဘူး"

ကျွန်တော့်ခေါ်သံကြောင့် ရေကူးကန် ဟိုဘက်အခြမ်းမှာရှိနေတဲ့ ရိပေါ်က ကျွန်တော့်နားချက်ချင်းကူးလာကာ ကန်ဘောင်ပေါ်ရောက်အောင် ဆွဲလာပေးသည်။ ထို့နောက် သူ့လက်နုနုလေးတွေကို ကျွန်တော့်ခြေသလုံးကို နှိပ်နယ်ပေးသည်။ အိုက်ယား အသားအိအိလေးတွေရဲ့အထိအတွေ့က တက်နေတဲ့ကြွက်ကိုတောင် မေ့သွားရသည်။ ဒီကောင်လေးရဲ့အသားက ဘာလို့အဲလောက်နူးညံ့ရပါလိမ့်။

"ကျန့်ကော ကျန့်ကော အဆင်ပြေလား ခြေထောက် ကြွက်တက်နေတုန်းလား"

ကျန့်ကောတဲ့။ ဒီနှစ်ရက်အတွင်းမှာ သူ့ဆီက ကျန့်ကောခေါ်လု့ိခေါ်တာ ပထမဆုံးကြားရခြင်း။ ကျောင်းက ဂျူနီယာတွေကလဲ ကျန့်ကောလို့ခေါ်ကြတာပဲ။ ဘာလို့ ဝမ်ရိပေါ် ခေါ်သံက ဒီလောက် နားဝင်ချိုရတာလဲ။ ကောင်လေးက ပျားရည်စိမ်ပြီးခေါ်တာလား။

"အင်း အင်း ရပြီ အဆင်ပြေပီ"

ခပ်တိုးတိုးပြန်ဖြေမိသည်။ ကျန့်ကောလို့အခေါ်ခံရလို့ နှုတ်ခမ်းတွေကတော့ ပြုံးနေမှာအသေအချာပင်။ ဝမ်ရိပေါ်ကတော့ ကြွက်တက်နေတာကိုတောင် ပြုံးနေနိုင်သေးလို့ တွေးမိနိုင်သည်။ မတတ်နိုင်ဘူး ဒီကိုကြီးက မနောတွေခွေ့နေတာ ထိန်းမရဘူးလေ။ မတ်တပ်မရပ်နိုင်သေးတာမို့ ဆက်ထိုင်နေမိတော့ ရိပေါ်က ကျွန်တော့်ဘေးနားတွင်ဝင်ထိုင်ကာမေးသည်။

"မောနေပြီလား"

"အင်း တခါမှ ဒါမျိုးမလုပ်ဖူးတော့ အရမ်းပင်ပန်းတယ်လေ မနေ့ညကဆို ညစာတောင်မချက်နိုင်ဘူး ခေါက်ဆွဲပြုတ်စားပြီးတန်းအိပ်သွားတာ ဒီနေ့လဲ ချက်နိုင်မယ့်ပုံမပေါ်ဘူး အောက်ထပ်က KFC ပဲဆွဲသွားရမှာပဲ"

"ဘာ KFC စားမယ်ဟုတ်လား မနေ့ညကလဲ ခေါက်ဆွဲပြုတ်ကစားသေးတယ် ပိန်အုံးမယ်ပိန်အုံးမယ် ခင်ဗျား အခု burn ထားတဲ့ ကယ်လိုရီ အားလုံး ဟုတ်ခနဲ ပြန်တက်မှာဗျ သိရဲ့လား"

"ငင့်"

"KFC ကြက်ရင်အုံတစ်တုံးက ကယ်လိုရီ ၃၃၀ ရှိတယ် instant noodle တစ်ထုပ်ဆိုလဲ ကယ်လိုရီ ၃၀၀ အသာလေးပဲ .. ခင်ဗျား treadmill ပေါ်မှာ နာရီဝက်လမ်းလျှောက်ရင်တောင် ကယ်လိုရီ ၂၀၀ ပဲ burn တာ"

အားရှိလှစရာ ဝမ်ရိပေါ်ရဲ့စကားအဆုံးမှာ ရှောင်းကျန့်တစ်ယောက် မျက်လုံးလေး ကလယ်ကလယ်ကိုဖြစ်လို့။ နာရီဝက်လမ်းလျှောက်လို့ကျတဲ့အဆီက ခေါက်ဆွဲတစ်ထုပ်စားရင် ကုန်ပြီဆိုတော့ အတော်အားတက်စရာပဲ။

"ရေကူးတာက ဝိတ်ပိုကျတယ်ဆို ရေကူးရင်ရော ဟင်"

"ပေါင် ၁၅၀ သမားက ရေတစ်နာရီကူးရင် ကယ်လိုရီ ၄၀၀ ကနေ ၅၀၀ ကြားပဲ burn နိုင်တာ၊ တကယ့်နည်းစနစ်မှန်မှန်နဲ့ မနားတမ်းကူးရင်တော့ ၈၀၀ လောက်ကျတယ် ခင်ဗျားက အခုမှ နည်းစနစ်တွေသင်ရင်း လေ့ကျင့်တုန်းဆိုတော့ ထန်ကုန် ၅၀၀ ပဲ"

တော်တော်လေးကို အားတက်သွားပြီ။ ရှုံ့မဲ့သွားတဲ့ ရှောင်းကျန့်ရုပ်ကိုကြည့်ပြီး ဝမ်ရိပေါ်ရယ်သည်။

ဟော သူရယ်ပြန်ပြီ။ ဒီနေ့အတွက် ပထမဆုံးရယ်ခြင်းပဲ။ ကြည့်လို့ကောင်းလိုက်တာ ခုနကမောနေတာတွေတောင် ပြေသွားတယ်။

"ခင်ဗျား လေ့ကျင့်ခန်းတစ်ခုတည်းနဲ့တော့ဝိတ်မကျနိုင်ဘူး အစားအသောက်ပါ ဆင်ခြင်မှရမယ် healthy food ပဲစားတာ အဆင်အပြေအဆုံးပဲ"

"အင်း ဆင်ခြင်ပါ့မယ်ကွာ"

"ပြောတဲ့လေသံကတကယ်ဆင်ခြင်မယ့်ပုံမဟုတ်ပါဘူး"

"မင်းကလဲ"

ခဏလေးအတွင်းမှာ ရိပေါ်က သူ train ပေးရတဲ့ ကျွန်တော့်အကြောင်းကို ကောင်းကောင်းသိသွားတဲ့ပုံပင်။ ကျွန်တော်ဆိုတာ ပြန်မပြော နားမထောင်သမားလေ။ ဒီကောင်လေး ဘယ်လိုရိပ်မိသွားပါလိမ့်။

"အင်းဆိုပီး အောက်ဆင်းသွားတာနဲ့ KFC ဆိုင်ပြေးမှာပဲမဟုတ်လား"

"မင်းကလဲ healthy food ဆိုတာ ချက်ချင်းလက်ငင်းကောက်ချက်စားလို့မှမရတာ ကောအိမ်မှာက unhealthy food တွေပဲရှိတာ"

"အဲဒါဆို ရေချိုးပီးရင် အောက်က supermarket မှာ လိုတာတွေသွားဝယ်မယ်"

"ဟင်"

"မဟင်နဲ့ ရေသွားချိုးတော့မယ် ပြီးရင်တွေ့မယ်"

Xxxxxxxxxxxxxxxxxxxxxxxxxxxxx

"ရှောင်းကျန့် ရေချိုးပြီးပြီလား မင်းကိုစောင့်နေတာ အောက်မှာဟော့ပေါ့သွားစားရအောင် ဟောက်ရွှမ်းတို့လဲလိုက်မယ်တဲ့"

Locker room မှအထွက် ကျိရန်ရဲ့ ဟော့ပေါ့ဆိုတဲ့စကားကြောင့် ရှောင်းကျန့်မျက်လုံးများ အရောင်တောက်လာစဉ်

"ကျန့်ကောက ဟော့ပေါ့မစားတော့ဘူး ကျွန်တော်နဲ့အတူ supermarket မှာ diet food စားဖို့လိုတာတွေဝယ်ဖို့" လို့ ဘယ်တုန်းက အနောက်ရောက်နေမှန်းမသိတဲ့ ဝမ်ရိပေါ်က ဝင်ပြောလေသည်။

"ဟင်"

"ဘယ်လို"

အာမေဋိတ်သံများက ကျိရန်နဲ့ ဟောက်ရွှမ်းဆီမှ ရှေ့ဆင့်နောက်ဆင့်။ စန့်ကျင်ဆီမှ အသံထွက်မလာသော်လည်း အံ့အားသင့်သော မျက်လုံးများက ရှောင်းကျန့်နဲ့ ရိပေါ်ထံမှာ။ ဘာတွေများ အဲလောက်ထူးဆန်းနေကြပါလိမ့်။ supermarket မှာဈေးသွားဝယ်မှာပဲဟာကို။

"ကျန့်ကော သွားမယ်လေ"

"ဟင် အော်သွားမယ် ကျိရန် မနက်ဖန်မှတွေ့မယ်နော်"

ကျိရန်ကိုခပ်သွက်သွက်နှုတ်ဆက်ရင်း ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားသော ရိပေါ်နောက်အမှီလိုက်ရသည်။

"ရိပေါ် စောင့်ပါအုံးကွ"

"မြန်မြန်လျှောက်လေဗျာ"

Gym bag တွေရော ကျောင်းသွားတဲ့ ကျောပိုးအိတ်တွေရော ဖရိုဖရဲနဲ့ ကိုယ့်မှာ ရိပေါ်ခြေလှမ်းတွေကို အမှီလိုက်လျှောက်ရင်း အမောတကော။ ဒါပေမယ့် ဝမ်ရိပေါ်နဲ့ဘေးချင်းယှဉ်လျှောက်သွားရာ လမ်းတစ်လျှောက်မှာ လူတွေက ကိုယ်တို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်နဲ့ ကိုယ့်ကို အားကျသလိုကြည့်တာတွေ့တော့ ပျော်မိသား။ ဝမ်ရိပေါ်က အဲလောက်ထိ ဆွဲဆောင်အားကောင်းတာဖြစ်သည်။

"olive oil က ကျန်းမာရေးအတွက်အထောက်အကူဖြစ်တယ် နေကြာဆီတို့ဘာတို့သန့်တယ်ဆိုတာမှန်ပေမယ့် ဝိတ်ကျချင်ရင် olive oil အစားထိုးစားပေးတာကောင်းတယ် အရွက်ကြော် ဘာညာဆိုလဲ ဒီဆီပဲသုံသိလား"

"အင်း"

ခြင်းထဲကိုလျှောက်လာလောဆီပုလင်း။ ဈေးကလဲသိပ်မသေး။ ထားလိုက်ပါတော့ ဝိတ်ကျဖို့ပဲ။ ဟော ပြီးတော့ထည့်ပြန်ပီ celeral တွေ။

"အပျော်စားတဲ့ cereal တွေက အလကား အချိုဓာတ်များတယ် ဒီ oatmeal က အချိုမပါဘူး ဒါကို low fat milk နဲ့တွဲပီးမနက်စာအနေနဲ့စားလို့ရတယ် အလွယ်ဆိုပီး croissant တွေမစားနဲ့နော် အဲဒါက တစ်ခုကို ကယ်လိုရီ ၄၀၀ သိလား"

"အင်း"

ဘာပဲဖြစ်ဖြစ် အင်းလိုက်။ ဝမ်ရိပေါ်ပြောတာအမှန်ဆုံး။ ကိုကြီးထောက်ခံတယ်။

"တစ်နေ့ကို ကယ်လိုရီ ၂၀၀၀ အတွင်းဝင်အောင်စားနိုင်ရင် အဆင်ပြေတယ် ဒါတောင် အဲထက်နည်းစေချင်သေးတာ အရမ်းကြမ်းသွားမှာစိုးလို့ လျှော့ပေးထားတာ အဲဒီ ကယ်လိုရီ ၂၀၀၀ စားပြီးရင် ပြန် burn ဖို့က အတော်လုပ်ရအုံးမှာ"

"အင်းပါကွာ တိတိလေး ပြောတဲ့အတိုင်းစားပါ့မယ်"

စိတ်ထဲကခေါ်ချင်နေတဲ့ တိတိလေးဆိုတဲ့အခေါ်ကို ခေါ်မိပြီးမှ ငါတော့ ဒုက္ခပါပဲဆိုပီး နှုတ်ခမ်းကိုကိုက်ာ အရှိန်သတ်ရသည်။ ကျွန်တော့် တိတိလေးဆိုတဲ့အခေါ်ကြောင့်ထင်တယ်။ ခပ်လှမ်းလှမ်းရောက်သွားပြီဖြစ်တဲ့ ဝမ်ရိပေါ်က ကျွန်တော့်ကိုတစ်ချက်ကြည့်တယ်။ ဘုရား ဘုရား ငါတော့ ဘယ်လိုအတုတ်ခံရမလဲမသိ။

ဒါပေမယ့် ရိပေါ်က ပြုံးတယ်။ နှစ်နှစ်ခြိုက်ခြိုက်အပြုံး။

သူ့အပြုံးမှာ နစ်မျောသွားပြီး ကျွန်တော် ဈေးဝယ်တဲ့ပစ္စည်းကိုတွန်းပြီးနေရာမှအထွက် ခြေမနဲ့ ဘီးလုံးလေး ခလုတ်တိုက်သွားတယ်။ အားပါးပါး နာလိုက်တဲ့ဖြစ်ခြင်း။

"သေပါပီ မားရေ"

နာလွန်းလို့ပါးစပ်ကပါ ထုတ်အော်မိသွားတော့ ရိပေါ်က ချက်ချင်းလှည့်ပြေးလာသည်။

"ကျန့်ကော ဘာဖြစ်သွားတာလဲ"

"ဘီးနဲ့ ခြေမနဲ့တိုက်မိတာ"

ခြေထောက်ကို ငုံ့ကြည့်တော့ ခြေမက အသားလေးနည်းနည်းလှန်သွားကာ သွေးစို့နေသည်။

"အသားလန်သွားတာပဲ ဆေးထည့်မှဖြစ်မယ် ပလာစတာလဲကပ်ရမယ် နေအုံး သွားဝယ်အုံးမယ်" ဆိုပီး ရိပေါ်က လှစ်ခနဲထွက်သွားသည်။ အိမ်မှာရှိတယ်လို့ပြောမလို့တောင် မပြောလိုက်ရ။ တကယ့်ကို စိတ်မြန်တဲ့ကောင်လေး။

ဟိုဟာလေးလဲလိုတယ်၊ ဒီဟာလေးလဲလိုတယ်နဲ့ဝယ်လိုက်တာ ရှောင်းကျန့် ကတ်ထဲကငွေတော်တော်များများကုန်သွားလေသည်။ နှမြောစိတ်ကလေးဖြစ်မိပေမယ့် တိတိလေးက ဝယ်ဆိုတော့လဲ ဒီကိုကြီးက ဘယ်ငြင်းနိုင်ပါ့မလဲ။ အထုပ်တွေအပိုးတွေနဲ့ ဘတ်စ်မစီးချင်တော့တာကြောင့် ဒီနေ့တော့ တက္ကစီငှားပြန်မှလို့တွေးလိုက်သည်။ ရိပေါ်ကတော့ သူ့အချစ်တော်ဆိုင်ကယ်လ်ပေါ်တောင်ရောက်သွားပြီ။ ဆိုင်ကယ်လ်မထွက်ခင် ကျွန်တော့်ကိုသေချာကြည့်ပြီး မှာသွားသေးတယ်။

"ကျန့်ကော အိမ်ရောက်ရင်ဆေးထည့်နော်" တဲ့။ ဘယ်ပြောကောင်းမလဲ ရှောင်းကျန့်မျက်နှာက မိုးပေါ်က လမင်းကြီးနဲ့အပြိုင် ထိန်ထိန်သာလို့ပေါ့။ စကားအပိုအလိုသိပ်မပြောတဲ့ကောင်လေးဟာ ရှောင်းကျန့်ကိုတော့ စိတ်ပူပေးရှာသားဆိုတဲ့အသိလေးက ရှောင်းကျန့်ကို အိပ်မက်လှလှမက်စေလေသည်။


Ep 4 to be continued

ဒီအပိုင်းမှာထည့်ထားတဲ့ အစားအသောက်နဲ့ဆိုင်တဲ့ data တွေကအပြင်ကတကယ့်အမှန်တွေမို့ ဝိတ်လျှော့လိုတဲ့သူတွေအတွက် အသုံးပြုလို့ရပါတယ်နော်။ feedback လေးတွေမျှော်ပါတယ်ရှင့်

Continue Reading

You'll Also Like

189K 19.9K 31
แ€…แ€ญแ€แ€บแ€”แ€ฒแ€ทแ€แ€”แ€นแ€“แ€ฌแ€€แ€ญแ€ฏ แ€™แ€„แ€บแ€ธแ€†แ€ฎแ€™แ€พแ€ฌแ€•แ€ฒ แ€‘แ€ฌแ€แ€›แ€กแ€แ€ฝแ€€แ€บ แ€”แ€พแ€…แ€บแ€™แ€ผแ€ฏแ€•แ€บแ€•แ€…แ€บแ€œแ€ญแ€ฏแ€€แ€บแ€แ€ปแ€„แ€บแ€แ€šแ€บ แ‹ โˆ† Full credit to original owner for pics that I used in fiction.
235K 23K 70
แžŠแŸ„แž™แžŸแžถแžšแžแŸ‚แž‚แžปแŸ†แž“แŸ†แž”แžถแž“แž’แŸ’แžœแžพแžขแŸ„แž™แž€แŸ’แž˜แŸแž„แž”แŸ’แžšแžปแžŸแžŠแŸ‚แž›แž˜แžถแž“แž”แŸแŸ‡แžŠแžผแž„แž”แžšแžทแžŸแžปแž‘แŸ’แž’แžŸแŸ’แžšแžŸแŸ‹แžŸแŸ’แžขแžถแžแž”แŸ’แžšแŸ‚แž€แŸ’แž›แžถแž™แž‡แžถแž€แŸ’แž˜แŸแž„แž–แžนแžŸแž–แžปแž›แž–แŸ„แž–แŸแž‰แžŠแŸ„แž™แž›แŸ’แž”แžทแž…แž€แž›แŸ‹ แž‚แŸแž แŸŠแžถแž“แž’แŸ’แžœแžพแž‚แŸ’แžšแž”แŸ‹แž™แŸ‰แžถแž„แžŸแžผแž˜แŸ’แž”แžธแžแŸ‚แž“แžถแž˜แž‡แžถแž”แŸ’แžšแž–แž“แŸ’แž’แž…แžปแž„แž”แžปแžšแžŸแž…...
589K 36.8K 73
ยซ แž”แž„แžŸแž“แŸ’แž™แžถ แž”แž„แž˜แžทแž“แžฒแžขแŸ’แž“แž€แžŽแžถแž˜แž€แž’แŸ’แžœแžพแžขแŸ’แžœแžธแž˜แž€แž›แžพแžขแžผแž“แž”แžถแž“แžกแžพแž™ แžขแžผแž“แž‚แžบแž‡แžถแžšแž”แžŸแŸ‹แž”แž„แž‡แžถแž”แŸ’แžšแž–แž“แŸ’แž’แžšแž”แžŸแŸ‹แž”แž„แž˜แŸ’แž“แžถแž€แŸ‹แž‚แžแŸ‹ Kim Taehyung ยป ยซ แž˜แžทแž“แžแžถแžขแŸ’แž“แž€แžŽแžถแž“แŸ„แŸ‡แž‘แŸแžฒแžแŸ‚แž แŸŠแžถแž“แž”แŸ‰แŸ‡แž–แžถแž›แŸ‹แž”แŸ’แžšแž–แž“แŸ’แž’แž€แžผแž“แž™แžพแž„แžŸแžผแž˜แŸ’แž”...
400K 34.5K 25
Start Date - 21.10.2021 End Date - 19.12.2021 #yizhan