[[Completed]]ကောင်းကင်ဘုံသို့...

By MyTreasuresForYou

815K 148K 22.5K

Title - ေကာင္းကင္ဘုံသို႔ ႂကြလွမ္းစံျမန္းေနသည္၊ မေႏွာင့္ယွက္ရ။ ကောင်းကင်ဘုံသို့ ကြွလှမ်းစံမြန်းနေသည်၊ မနှောင့်... More

မိတ်ဆက် / မိတ္ဆက္
အခန်း(၁) ထူးဆန်းအံ့သြဖွယ်ဖြစ်ရပ် အခန္း(၁) ထူးဆန္းအံ့ၾသဖြယ္ျဖစ္ရပ္
အခန်း(၂) မုသား အခန္း(၂) မုသား
အခန်း (၃) ကျင့်ကြံခြင်းလောက အခန္း (၃) က်င့္ႀကံျခင္းေလာက
အခန်း (၄) နှစ်သစ်ကူးစာအိတ်နီ အခန္း (၄) ႏွစ္သစ္ကူးစာအိတ္နီ
အခန်း(၅) ဘရိုကိတ်အိတ် အခန္း(၅) ဘရိုကိတ္အိတ္
အခန်း(၆) ယွင်ဟွာဂိုဏ်း အခန္း(၆) ယြင္ဟြာဂိုဏ္း
ကျင့်ကြံခြင်းအဆင့်ကြီး (၁၀)ဆင့် က်င့္ႀကံျခင္းအဆင့္ႀကီး (၁၀)ဆင့္
အခန်း(၇) မိမိကိုယ်ကိုပိုင်နိုင်ယုံကြည်မှု အခန္း(၇) မိမိကိုယ္ကိုပိုင္ႏိုင္ယံုၾကည္
အခန်း(၈)တပည့်အဖြစ်လက်ခံပွဲအခမ်းအနား အခန္း(၈)တပၫ့္အျဖစ္လက္ခံပြဲအခမ္းအနား
အခန်း (၉) စမ်းသပ်မှု အခန္း (၉) စမ္းသပ္မႈ
အခန်း(၁၀) ခန္ဓာကိုယ်ထဲသို့ စွမ်းအင်သွင်းခြင်း အခန္း(၁၀) ခႏၶာကိုယ္ထဲသို႔ စြမ္းအင
အမည်နာမများနှင့် ဆက်စပ်ရှင်းလင်းချက်များ အမည္နာမမ်ားႏွင့္ ဆက္စပ္ရွင္းလင္းခ်က္မ်ာ
အခန်း(၁၁) ဝတ္ထုစာအုပ် အခန္း(၁၁) ဝတၳဳစာအုပ္
အခန္း(၁၂) အက်ိတ္အခဲစမ္းသပ္မႈ လြန္ေျမာက္ျခင္း
အခန်း (၁၃) အခြေခံပျိုးထောင်ခြင်း အခန္း (၁၃) အေျခခံပ်ိဳးေထာင္ျခင္း
အခန်း(၁၄) သူစိမ်းများ အခန္း(၁၄) သူစိမ္းမ်ား
အခန်း (၁၅) ယွိရှောင်းဂိုဏ်းက? အခန္း (၁၅) ယြိေရွာင္းဂိုဏ္းက?
အခန်း (၁၆) သတိပေးလိုက်ခြင်း အခန္း (၁၆) သတိေပးလိုက္ျခင္း
အခန်း(၁၇) ဤကား မမှန်ပါ။ အခန္း(၁၇) ဤကား မမွန္ပါ။
အခန္း (၁၈) စိတ္ေရာကိုယ္ပါေက်းဇူးတင္ရိွျခင္း
အခန်း (၁၉) စာအုပ်ငှားသွားခြင်း အခန္း (၁၉) စာအုပ္ငွားသြားျခင္း
အခန္း (၂၀) စိတ္နွင့္ခႏၶာမွန္ကန္မႈရိွျခင္း
အခန်း (၂၁) ဇာမဏီငှက်ခေါင်းကုန်းဟုံ အခန္း (၂၁) ဇာမဏီငွက္ေခါင္းကုန္းဟံု
အခန်း(၂၃) ဂိုဏ်းသားအသစ်များ အခန္း(၂၃) ဂိုဏ္းသားအသစ္မ်ား
အခန်း (၂၄) တောင်မှထွက်ခွာခြင်း အခန္း (၂၄) ေတာင္မွထြက္ခြာျခင္း
အခန်း (၂၅) ဆေးပေးခြင်း အခန္း (၂၅) ေဆးေပးျခင္း
အခန်း (၂၆) ဂယက်ထခြင်း အခန္း (၂၆) ဂယက္ထျခင္း
အခန်း (၂၇) မြေးလေး အခန္း (၂၇) ေျမးေလး
အခန်း (၂၈) အကျင့်များ အခန္း (၂၈) အက်င့္မ်ား
အခန်း(၂၉) တရားခံ အခန္း(၂၉) တရားခံ
ဂိုဏ်းအမည်များနှင့် အထင်ကရအဖြစ်များ ဂိုဏ္းအမည္မ်ားႏွင့္ အထင္ကရအျဖစ္မ်ား
အခန်း (၃၀) ပြဿနာအသေးအဖွဲ့လေး အခန္း (၃၀) ျပႆနာအေသးအဖြဲ႔ေလး
အခန်း (၃၁) လက်ဆောင်ပစ္စည်း အခန္း (၃၁) လက္ေဆာင္ပစၥည္း
အခန်း (၃၂) သစ်ပင်အိမ် အခန္း (၃၂) သစ္ပင္အိိမ္
အခန်း (၃၃) သစ်တော အခန္း (၃၃) သစ္ေတာ
အခန်း (၃၄) မနာလိုဖြစ်နေသည်? အခန္း (၃၄) မနာလိုျဖစ္ေနသည္?
အခန်း (၃၅) အချစ်နှင့်အမုန်း အခန္း (၃၅) အခ်စ္နွင့္အမုန္း
အခန်း (၃၆) စိတ်အာရုံဘဝင်ခိုက်မိန်းမောမှု အခန္း (၃၆) စိတ္အာရံုဘဝင္ခိုက္မိန္းေမာမႈ
အခန်း (၃၇) အဓိပ္ပါယ်မရှိတာတွေ အခန္း (၃၇) အဓိပၸါယ္မရိွတာေတြ
အခန်း (၃၈) ညွှန်ကြားပြသပေးရန်တောင်းဆိုမှုအခန္း (၃၈) ညႊန္ၾကားျပသေပးရန္ေတာင္းဆိုမႈ
အခန်း (၃၉) အမှာပါးစာလွှာအင်း အခန္း (၃၉) အမွာပါးစာလႊာအင္း
အခန်း (၄၀) ငယ်ငယ်ရွယ်ရွယ်နှင့်အောင်မြင်ကျော်စောခြင်း
အခန်း (၄၁) လက်ဆောင်ပေးခြင်း အခန္း (၄၁) လက္ေဆာင္ေပးျခင္း
အခန်း (၄၂) ကုပေးမည်မဟုတ်ပါ။ အခန္း (၄၂) ကုေပးမည္မဟုတ္ပါ။
အခန်း (၄၃) ဆေး အခန္း (၄၃) ေဆး
အခန်း(၄၄) လက်ဆောင်ပြန်ပို့ခြင်း အခန္း(၄၄) လက္ေဆာင္ျပန္ပို႔ျခင္း
အခန်း (၄၅) စိတ်အေးအေးထားပါ အခန္း (၄၅) စိတ္ေအးေအးထားပါ
အခန်း (၄၆) အကျိတ်အခဲစမ်းသပ်မှုအိပ်မက် အခန္း (၄၆) အက်ိတ္အခဲစမ္းသပ္မႈအိပ္မက္
အခန်း (၄၇) စိတ်အာရုံအသက်သွင်းခြင်းအဆင့် အခန္း (၄၇) စိတ္အာရံုအသက္သြင္းျခင္းအဆင့္
အခန်း (၄၈) ယန့်မြို့တော် အခန္း (၄၈) ယန္႔ၿမိဳ႕ေတာ္
အခန်း (၄၉) လုပ်ကြံမှု အခန္း (၄၉) လုပ္ႀကံမႈ
အခန်း (၅၀) အလည်အပတ် အခန္း (၅၀) အလည္အပတ္
အခန်း (၅၁) ငါ့မိတ်ဆွေ အခန္း (၅၁) ငါ့မိတ္ေဆြ
အခန်း (၅၂) ပန်းပေါင်းတစ်ရာကပွဲသဘင် အခန္း (၅၂) ပန္းေပါင္းတစ္ရာကပြဲသဘင္
အခန်း (၅၃) အကောင်းဆုံး အခန္း (၅၃) အေကာင္းဆံုး
အခန်း (၅၄) ငါးဆားနယ် အခန္း (၅၄) ငါးဆားနယ္
အခန်း (၅၅) နန်းတော်ပျံ အခန္း (၅၅) နန္းေတာ္ပ်ံ
အခန်း (၅၆) ကံဆိုးမိုးမှောင်ကျမှု အခန္း (၅၆) ကံဆိုးမိုးေမွာင္က်မႈ
အခန်း (၅၇) မကောင်းဆိုးဝါး အခန္း (၅၇) မေကာင္းဆိုးဝါး
အခန်း (၅၈) စကားတည်ခြင်း အခန္း (၅၈) စကားတည္ျခင္း
အခန်း (၅၉) ဖုန်းမြို့တော် အခန္း (၅၉) ဖုန္းၿမိဳ႕ေတာ္
အခန်း (၆၀) အကာအကွယ်စည်း အခန္း (၆၀) အကာအကြယ္စည္း
အခန်း (၆၁) သတင်းပေးခြင်း အခန္း (၆၁) သတင္းေပးျခင္း
အခန်း (၆၂) အထင်မြင်လွဲမှားမူ အခန္း (၆၂) အထင္ျမင္လြဲမွားမူ
အခန္း (၆၃) အဘီဘြားဘြားႀကီး အခန္း (၆၃) အဘီဘြားဘြားႀကီး
အခန်း (၆၄) လျှို့ဝှက်နယ်မြေ အခန္း (၆၄) လွ်ိဳ႕ဝွက္နယ္ေျမ
အခန်း (၆၅) ဖိတ်ခေါ်ကမ်းလှမ်းခြင်း အခန္း (၆၅) ဖိတ္ေခၚကမ္းလွမ္းျခင္း
အခန်း (၆၆) လေးထောင့်ကျကျဦးခေါင်း အခန္း (၆၆) ေလးေထာင့္က်က်ဦးေခါင္း
အခန်း (၆၇) အလည်အပတ်သွားခြင်း အခန္း (၆၇) အလည္အပတ္သြားျခင္း
အခန်း (၆၈) ရွှီဖုန်း အခန္း (၆၈) ရႊီဖုန္း
အခန်း (၆၉) လက်ချော်သွားသည်။ အခန္း (၆၉) လက္ေခ်ာ္သြားသည္။
အခန္း (၇၀) ေလ့က်င့္ပါမ်ားလွ်င္ ျပည့္စံုလာသည္
အခန္း (၇၁) စၾကာဝဠာတူစုံယွဥ္တြဲက်င့္ႀကံျခင္း
အခန်း (၇၂) မြူ အခန္း (၇၂) ျမဴ
အခန္း (၇၃) နူးနူးညံ့ညံ့နွင့္ အစြမ္းထက္လွေသာ
အခန်း (၇၄) အိမ်တော်ရာ အခန္း (၇၄) အိမ္ေတာ္ရာ
အခန်း (၇၅) ရတနာသေတ္တာ အခန္း (၇၅) ရတနာေသတၱာ
အခန်း (၇၆) ခြိမ်းခြောက်မှု အခန္း (၇၆) ၿခိမ္းေျခာက္္မႈ
အခန်း (၇၇) ရေပန်းစားမှု အခန္း (၇၇) ေရပန္းစားမႈ
အခန်း (၇၈) ညှိုးနွမ်းခြောက်သွေ့ကုန်သည် အခန္း (၇၈) ညိႈးႏြမ္းေျခာက္ေသြ႔ကုန္သည္
အခန်း (၇၉) ဓားဒဏ်ရာ အခန္း (၇၉) ဓားဒဏ္ရာ
အခန်း (၈၀) ဖြေရှင်းသည် အခန္း (၈၀) ေျဖရွင္းသည္
အခန်း (၈၁) ထင်ယောင်ထင်မှားဖြစ်ခြင်း အခန္း (၈၁) ထင္ေယာင္ထင္မွားျဖစ္ျခင္း
အခန်း (၈၂) မဟုတ်ကဟုတ်က အခန္း (၈၂) မဟုတ္ကဟုတ္က
အခန်း (၈၃) အခါးရည်တိုက်ခြင်း အခန္း (၈၃) အခါးရည္တိုက္ျခင္း
အခန်း (၈၄) ကပ်ပါး အခန္း (၈၄) ကပ္ပါး
အခန်း (၈၅) တောင်းဆုပြုခြင်း အခန္း (၈၅) ေတာင္းဆုျပဳျခင္း
အခန်း (၈၆) နတ်မင်း အခန္း (၈၆) နတ္မင္း
အခန်း (၈၇) ကျန်းခံ့သာလို့မာပါရဲ့လား အခန္း (၈၇) က်န္းခံ့သာလို႔မာပါရဲ႕လား
အခန်း (၈၈) မသူတော်တရားကျင့်ကြံသူ အခန္း (၈၈) မသူေတာ္တရားက်င့္ႀကံသူ
အခန်း (၈၉) တောင်းပန်ခြင်းကို မလိုအပ်ပါ။ အခန္း (၈၉) ေတာင္းပန္ျခင္းကို မလိုအပ္ပါ။
အခန်း (၉၀) အချောလေးရယ်၊ နော်လို့ အခန္း (၉၀) အေခ်ာေလးရယ္၊ ေနာ္လို႔
အခန္း (၉၁) အခက္အခဲမ်ားၾကား ေပ်ာ္ရႊင္မႈကိုရွာေဖြျခင္း
အခန္း (၉၂) ဗုဒၶတရားေတာ္မ်ားနွင့္ ေရစက္မပါပါ
အခန်း (၉၃) ပြန်လည်မွေးဖွားခြင်း အခန္း (၉၃) ျပန္လည္ေမြးဖြားျခင္း
အခန်း (၉၄) ပေးဆပ်ရသည့်တန်ဖိုး အခန္း (၉၄) ေပးဆပ္ရသည့္တန္ဖိုး
အခန်း (၉၅) သူ ရှင့်ကိုမလိမ်ခဲ့ပါဘူး အခန္း (၉၅) သူ ရွင့္ကိုမလိမ္ခဲ့ပါဘူး
အခန်း (၉၆) အတူတူမြေမြုပ်သဂြိုဟ်ခြင်း အခန္း (၉၆) အတူတူေျမျမဳပ္သၿဂိဳဟ္ျခင္း
အခန်း (၉၇) စိတ်မဆိုးပါဘူး အခန္း (၉၇) စိတ္မဆိုးပါဘူး
အခန်း (၉၈) အရှက်အကြောက်တရား အခန္း (၉၈) အရွက္အေၾကာက္တရား
အခန်း(၉၉) အင်မတန်ထူးခြားသည်။ အခန္း(၉၉) အင္မတန္ထူးျခားသည္။
အခန်း(၁၀၀) အိမ်ပြန်လာခြင်း အခန္း(၁၀၀) အိမ္ျပန္လာျခင္း
အခန်း (၁၀၁) မဟုတ်ရပါ အခန္း (၁၀၁) မဟုတ္ရပါ
အခန်း (၁၀၂) အမှား အခန္း (၁၀၂) အမွား
အခန်း (၁၀၃) အလစ်သုတ်သလော အခန္း (၁၀၃) အလစ္သုတ္သေလာ
အခန်း (၁၀၄) နေရာမှားနေသည် အခန္း (၁၀၄) ေနရာမွားေနသည္
အခန်း (၁၀၅) အတူတူနေပေးပါ အခန္း (၁၀၅) အတူတူေနေပးပါ
အခန်း(၁၀၆) အရှက်ရခြင်း အခန္း(၁၀၆) အရွက္ရျခင္း
အခန်း(၁၀၇) ရန်သူနှင့်ပူးပေါင်းခြင်း အခန္း(၁၀၇) ရန္သူနွင့္ပူးေပါင္းျခင္း
အခန်း(၁၀၈) လူများလက်ခံခြင်း အခန္း(၁၀၈) လူမ်ားလက္ခံျခင္း
အခန်း (၁၀၉) ပျော်ရွှင်မှု အခန္း (၁၀၉) ေပ်ာ္႐ႊင္မႈ
အခန္း (၁၁၀) နဂါးနွင့္ဇာမဏီ၊ ဖိုဓာတ္နွင့္မဓာတ္
အခန်း(၁၁၁) ရင်ဘတ်ကိုအုပ်လိုက်သည် အခန္း(၁၁၁) ရင္ဘတ္ကိုအုပ္လိုက္သည္
အခန်း(၁၁၂) စမ်းကြည့်ခြင်း အခန္း(၁၁၂) စမ္းၾကည့္ျခင္း
အခန်း(၁၁၃) အားလုံးက မကောင်းကြပါဘူး အခန္း(၁၁၃) အားလံုးက မေကာင္းၾကပါဘူး
အခန္း(၁၁၄) လူမသိသူမသိေလး အခန္း(၁၁၄) လူမသိသူမသိေလး
အခန်း(၁၁၅) နားလည်မှုလွဲခြင်း အခန္း(၁၁၅) နားလည္မႈလြဲျခင္း
အခန်း(၁၁၆) ပေါ်ပြီလေ အခန္း(၁၁၆) ေပၚၿပီေလ
အခန်း(၁၁၇) နှစ်ပေါင်းများစွာကြာခဲ့လေပြီ အခန္း(၁၁၇) နွစ္ေပါင္းမ်ားစြာၾကာခဲ့ေလၿပီ
အခန်း(၁၁၈) ယောင်းအမ အခန္း(၁၁၈) ေယာင္းအမ
အခန်း (၁၁၉) သတ္တဝါဆန်းထိန်းကြောင်းခြင်း အခန္း (၁၁၉) သတၱဝါဆန္းထိန္းေၾကာင္းျခင္း
အခန်း(၁၂၀) အချစ်စစ်လား အခန္း(၁၂၀) အခ်စ္စစ္လား
အခန်း (၁၂၁) ချစ်ဖို့ကောင်းသော အခန္း (၁၂၁) ခ်စ္ဖို႔ေကာင္းေသာ
အခန်း (၁၂၂) ဂုဏ်သရေရှိဧည့်သည်တော်များ အခန္း (၁၂၂) ဂုဏ္သေရရိွဧည့္သည္ေတာ္မ်ား
အခန်း (၁၂၃) ထွေးဖက်သည်။ အခန္း (၁၂၃) ေထြးဖက္သည္။
အခန်း (၁၂၄) ငွေရလာခြင်း အခန္း (၁၂၄) ေငြရလာျခင္း
အခန်း (၁၂၅) ကံတရား အခန္း (၁၂၅) ကံတရား
အခန်း(၁၂၆) စိတ်စွဲလမ်းမှုဥပါဒန် အခန္း(၁၂၆) စိတ္စြဲလမ္းမႈဥပါဒန္
အခန်း(၁၂၇) ပုလဲ အခန္း(၁၂၇) ပုလဲ
အခန်း (၁၂၈) သရော်ခြင်း အခန္း (၁၂၈) သေရာ္ျခင္္း
အခန်း (၁၂၉) နှီးနှောဖလှယ်ခြင်း အခန္း (၁၂၉) နွွီးေနွာဖလွယ္ျခင္း
အခန်း (၁၃၀) ဆွေးနွေးမှု အခန္း (၁၃၀) ေဆြးေႏြးမႈ
အခန်း (၁၃၁) ထောင်ဖောက်ခြင်း အခန္း (၁၃၁) ေထာင္ေဖာက္ျခင္း
အခန်း (၁၃၂) ပေါပေါပဲပဲ အခန္း (၁၃၂) ေပါေပါပဲပဲ
အခန်း (၁၃၃) ထင်ထားတဲ့အတိုင်း၊ မင်းပဲ အခန္း (၁၃၃) ထင္ထားတဲ့အတုိင္း၊ မင္းပဲ
အခန်း (၁၃၄) အပေါ်ရုံသင်္ကန်း အခန္း (၁၃၄) အေပၚရံုသကၤန္း
အခန်း (၁၃၅) သူမ အခန္း (၁၃၅) သူမ
အခန်း (၁၃၆) လမ်းစဉ်အဖော်မွန် အခန္း (၁၃၆) လမ္းစဥ္အေဖာ္္မြန္
အခန်း(၁၃၇) မသိစိတ်နတ်ဆိုး အခန္း(၁၃၇) မသိစိတ္နတ္ဆိုး
အခန်း(၁၃၈) ဂိုဏ်းသို့ပြန်ခြင်း အခန္း(၁၃၈) ဂိုဏ္းသို႔ျပန္ျခင္း
အခန္း(၁၃၉) ဆူဆူညံညံအသံမ်ားထဲ မ႑ပ္တိုင္တက္ျပျခင္း
အခန်း(၁၄၀) အသိအလိမ္မာမဲ့ခြင်း အခန္း(၁၄၀) အသိအလိမၼာမဲ့ျခင္း
အခန်း(၁၄၁) အထင်အမြင်လွဲမှားမှု အခန္း(၁၄၁) အထင္အျမင္လြဲမွားမႈ
အခန္း(၁၄၂) သမီးသူ႔ကို ဂုဏ္ပုဒ္ေလးတစ္ခုေပးခ်င္လို႔ပါ
အခန္း (၁၄၃) မင္းျပန္လာမွာကို ေစာင့္ေနမယ္
အခန်း (၁၄၄) လက်ထပ်မင်္ဂလာပြုခြင်း အခန္း (၁၄၄) လက္ထပ္မဂၤလာျပဳျခင္း
အခန္း (၁၄၅) ကၽြန္မတို႔က တကယ္ကိုေရစက္ပါၾကတာပဲ
အခန်း (၁၄၆) နဂါးလား အခန္း (၁၄၆) နဂါးလား
အခန်း (၁၄၇) သာမန်လေ အခန္း (၁၄၇) သာမန္ေလ
အခန်း (၁၄၈) နဂါးစွမ်းအင် အခန္း (၁၄၈) နဂါးစြမ္းအင္
အခန္း (၁၄၉) ေမွ်ာ္လင့္ခ်က္ပ်က္သုဥ္းသြားရၿပီေလာ
အခန်း (၁၅၀) ညမိုးချုပ်နေပြီ အခန္း (၁၅၀) ညမိုးခ်ဳပ္ေနၿပီ
အခန်း (၁၅၁) ရူးကြောင်မူးကြောင်အ ခန္း (၁၅၁) ရူးေၾကာင္မူးေၾကာင္
အခန်း (၁၅၂) စည်းစိမ်များထုတ်ကြွားခြင်း အခန္း (၁၅၂) စည္းစိမ္မ်ားထုတ္ၾကြားျခင္း
အခန်း (၁၅၃) နောက်ဆုံးတော့ အခန္း (၁၅၃) ေနာက္ဆံုးေတာ့
အခန်း (၁၅၄) ရယ်စရာကောင်းသည် အခန္း (၁၅၄) ရယ္စရာေကာင္းသည္
အခန်း (၁၅၅) ကျားမြွေနဂါးသတ္တဝါဆန်း အခန္း (၁၅၅) က်ားေျမြနဂါးသတၱဝါဆန္း
အခန္း(၁၅၆) ေကာင္းကင္ဘံုသို႔ၾကြလွမ္းစံျမန္းေနသည္၊ မေနွာင့္ယွက္ရ။
အခန္း (၁၅၇) အခန္းပို - ငါးဆားနယ္ဦးေလးႀကီးက ပံုျပင္ေျပာျပသည္။
အခန္း (၁၅၈) အခန္းပို - ေပ်ာ္ရႊင္ခ်မ္းေျမ့မႈ
အမှတ်တရလေးများ အမွတ္တရေလးမ်ား

အခန်း(၂၂) အတိတ် အခန္း(၂၂) အတိတ္

5.2K 1K 93
By MyTreasuresForYou

[Unicode]

အလင်းကိုဆန်လျက် ရတနာခန်းမဆောင်၏ တံခါးများပွင့်လာသည်။ ထိုအထဲမှ မိန်းမငယ်လေးတစ်ယောက် တောက်တောက်ပပပြုံးလျက် ထွက်လာ၏။

နှစ်ပေါင်းများစွာအသက်ရှင်နေထိုင်လာခဲ့ကြသော အကြီးအကဲသုံးယောက်တို့သည် ထိုကိစ္စမျိုးအား အကြိမ်ပေါင်းများစွာတွေ့မြင်ခဲ့ကြရဖူးသည်။ ၎င်းတို့နှင့်သက်ဆိုင်ရာအဆောင်လက်နက်ကို ရရှိပြီးသည့်နောက်ပြန်ထွက်လာကြသည့် ဂိုဏ်းသားများအားလုံးနီးပါးဟာ ထိုကဲ့သို့ ပြုံးရွှင်နေခဲ့ကြမြဲသာ။

တောက်ပ၊ ကြည်လင်၊ ရှင်းသန့်၊ ဖြူစင်စွာဖြင့်...

အချိန်ကြာသွားပြီးသည့်နောက် အချို့သောသူများဟာ တိုက်ပွဲကျသွားခဲ့ကြရသည်မျိုးရှိ၏။ အချို့ဆိုလျှင် မည်သူမျှပင် သတိမထားမိလိုက်ဘဲ အပြင်လောကတွင် သေဆုံးသွားခဲ့ကြရသည်။ အချို့ကမူ ဂိုဏ်းအတွက် ဂုဏ်သရေရှိရှိသေဆုံးသွားခဲ့ကြရသည်။ ထိုသူများ၏အဆောင်လက်နက်များသည် သူတို့သခင်များနှင့်အတူ သေပွဲဝင်သွားခဲ့ကြလျှင်သွား၊ မဟုတ်ပါက ရတနာခန်းမဆောင်ထဲမှာ ပြန်ပိတ်လှောင်ခံရကာ နောက်လာမည့်သခင်ကို ပြန်စောင့်ဆိုင်းခဲ့ကြရသည်။

ရတနာခန်းမထဲမှ အဆောင်လက်နက်အချို့ကား ယွင်ဟွာဂိုဏ်း၏ ပုံသွင်းပညာရှင်အကျော်အမော်များကိုယ်တိုင် သွန်းလုပ်ခဲ့ကြသည်။ အချို့ကမူ လျို့ဝှက်နယ်မြေများမှရရှိခဲ့ကြသည်။ အချို့ကား... ကွန်လွန်သွားပြီဖြစ်သောသူများ တစ်ကြိမ်တစ်ခါက ပိုင်ဆိုင်ခဲ့သည့်အရာများဖြစ်၏။ ဂိုဏ်းစတင်ဖွဲ့စည်းခဲ့စဉ်မှ ယနေ့အထိ ယွင်ဟွာဂိုဏ်းဟာ ဂိုဏ်းသားပေါင်းမည်မျှလက်ခံခဲ့လျက် မည်မျှဟာတိမ်ပါးသွားခဲ့ပြီဖြစ်ကြောင်း သူတို့မမှတ်မိတော့ပါ။ ထိုသူတို့ရှိခဲ့ခြင်းနှင့်ပတ်သည့် တစ်ခုတည်းသောသက်သေက လီယန်ခန်းမဆောင် အနောက်ရှိ သစ်သားအဆောက်အဦထဲမှ အရောင်မှိန်သွားပြီဖြစ်သော ကျောက်စိမ်းပြားများသာဖြစ်လေသည်။

ထိုအရောင်မှိန်သွားပြီဖြစ်သော ကျောက်စိမ်းပြားများနှင့်ယှဉ်သော် ယခုမှ အခြေခံပျိုးထောင်ခြင်းအဆင့်ရရှိထားသည့် ဤဂိုဏ်းသားများဟာ နုနုဖတ်ဖတ်ဖူးသစ်စလေးများဖြစ်ကြသည်။ အင်မတန်မှ နုနုဖတ်ဖတ်ဖြစ်ကြလွန်းသဖြင့် သူတို့ကဲ့သို့လူအိုကြီးများဟာ ထိုကလေးများအား ချောမွေ့သာယာသောဘဝများသာရရှိကြလျက် မည်သည့်အခက်အခဲနှင့်မျှမကြုံကြရစေလိုပေ။

"ကုန်းဟုံ သူမရဲ့အဆောင်လက်နက်ကိုရလာခဲ့ပါပြီ။ အကြီးအကဲတွေကို ကျေးဇူးတင်မိပါတယ်။" ကလေးမလေးက အကြီးအကဲသုံးယောက်ရှေ့လျှောက်လာကာ လက်နှစ်ဘက်ဖြင့် ထိုအဆောင်လက်နက်ကို သူမ ခေါင်းထက်ကိုင်မြှောက်ပြလိုက်သည်။ သူမလက်ထဲတွင် အဆောင်လက်နက်က အလင်းရောင်တလက်လက်တောက်ပလို့နေသည်။

"ကောင်းတယ်။" အကြီးအကဲချိုးရွှမ်းက ချီးကျူးလိုက်သည်။ "အသံဆိုတာ အပေါက်ဟူသမျှကို ထိုးဖောက်ဝင်ရောက်သွားမှာပဲ၊ ဘယ်သူမှ အဲ့ဒါကို တားဆီးလို့မရနိုင်ဘူး။ ဒါပေမဲ့ မင်းတကယ်လို့ ဒီဟာကို ကောင်းကောင်းအသုံးချချင်တယ်ဆိုရင်တော့ မင်းရဲ့ကျင့်ကြံမှုအပေါ်မှာ ပိုပြီးအားစိုက်ထည့်သွားဖို့လိုလိမ့်မယ်။ အခုလက်ရှိကျင့်ကြံခြင်းအစွမ်းနဲ့ မင်းဒီဟာကို သုံးလို့တော့ရတယ်၊ ဒါပေမဲ့ သေချာကောင်းကောင်းသုံးလို့တော့ရမှာ မဟုတ်ဘူး။"

"ပြန်သွားပြီးတော့ သုံးသပ်ဆင်ခြင်ကြည့်ချည်။ စိတ်နဲ့ဆက်သွယ်လို့ရအောင် တတ်နိုင်သမျှအမြန်ဆုံးကြိုးစားကြည့်၊ အဲ့ဒီဟာကို မင်းရဲ့ဖွားဖက်တော်အစိတ်အပိုင်းတစ်ခုလိုဖြစ်လာအောင်လုပ်။" အကြီးအကဲရှူကျိုက ပြုံးလျက် "မင်းအကောင်းဆုံးလုပ်နိုင်လိမ့်မည်ဆိုတာ တို့တွေယုံပြီးသားပါ။"

"ကျေးဇူးတင်ပါတယ် အကြီးအကဲတို့။ ဒီအငယ်သားက အကြီးအကဲတို့တတွေ စိတ်မပျက်ရအောင် ပိုပြီးတော့တောင်ကြိုးစားပြပါ့မယ်" ဇာမဏီငှက်ခေါင်းကို တင်းတင်းဆုပ်ကိုင်ထားသည့် ကုန်းဟုံ၏နုနုနယ်နယ်မျက်နှာလေးတွင် အားအင်များအပြည့်နှင့်ဖြစ်လို့နေသည်။

"လူငယ်ဖြစ်ရတာကောင်းလိုက်တာ" ချိုးရွှမ်းက ရုပ်ရည်တင့်တယ်သောအငယ်များကို နှစ်ခြိုက်တတ်သူဖြစ်သည်။ အဓိကအားဖြင့် သွက်လက်ရွှင်ပျသည့် အငယ်များကိုဖြစ်၏။ သူမက တိမ်တိုက်ပုံစံ ဆံထိုးတစ်ချောင်းကိုထုတ်ကာ ကုန်းဟုံဆံကေသာထဲသို့ ထိုးထည့်လိုက်သည်။ "ဒါက ကိုယ်ပုံသွန်းလုပ်ထားတဲ့ဓားပဲ။ ရေနှင်းခါးလို့ခေါ်တယ်။ ဒါလေးကို မင်းလက်နက်အဖြစ်သုံးရအောင်ပေးလိုက်မယ်... ပထမဆုံးဆုံတွေ့တဲ့အထိမ်းအမှတ်လက်ဆောင်အနေနဲ့ပေါ့။"

ထိုသို့ပြောပြီးနောက် ကုန်းဟုံ၏ကျေးဇူးစကားကိုပင်မစောင့်တော့ဘဲ သူမဟာအဝေးသို့ထပျံလို့သွားတော့သည်။

ကူယွီက ကုန်းဟုံရှေ့သို့လျှောက်လာသည်။ ကုန်းဟုံလက်ထဲမှ ဇာမဏီခေါင်းကုန်းဟုံကို ကြည့်ပြီးနောက် ကူယွီက သက်ပြင်းချလေသည်။ "ကျင့်ကြံခြင်းလမ်းကြောင်းဆိုတာ ခက်ခဲပြီး အနှောင့်အယှက်အတားအဆီးတွေနဲ့ ပြည့်လို့နေတယ်။ ဒါပေမဲ့ မှတ်ထားပါ၊ မင်းဆိုတဲ့ စစ်မှန်တဲ့မင်းကိုယ်မင်း ဘယ်တော့မှ ပျောက်မသွားစေနဲ့။ မင်းကြိုးကြိုးစားစားလုပ်လို့ရတယ်။ ဒါပေမဲ့ အလျင်လိုတာတို့၊ မနာလိုစိတ်ဖြစ်တာတို့တော့ ဖြစ်လို့မဖြစ်ဘူး။ မင်းခြေတစ်လှမ်းမှားသွားတာနဲ့ အရာအားလုံးကို ဆုံးရှုံးရလိမ့်မယ်။"

ကုန်းဟုံက အကြီးအကဲကူယွီကို ကြည့်လိုက်သည်။ သူဘာကြောင့်ထိုသို့လေးနက်လှသောစကားများ ဆိုလာသည်ကို သူမ မသိပါ။ သို့သော် သူမထိုစကားများအား မှတ်သားထားလိုက်သည်။ သူဟာ ဂိုဏ်း၏အကြီးအကဲတစ်ဦးဖြစ်ပေသည်။ သူ့စကားလုံးများက သူမကို ထိခိုက်စေလိမ့်မည်မဟုတ်ပေ။ "ကုန်းဟုံ မှတ်သားထားပါ့မယ်"

"ကောင်းတယ်" ကူယွီက ခေါင်းညိတ်လိုက်သည်။ သူက ဝုချွမ်းဘက်လှည့်ကာ "ပြန်သွားပြီး မင်းဆရာကိုပြောလိုက်ချေ။ ငါခဏတော့ တံခါးပိတ်ကျင့်ကြံနေဦးမယ်လို့။ တကယ်လို့ အရေးကြီးကိစ္စမရှိရင်၊ ငါ့ဆီစာမပို့နဲ့ဦးလို့"

"ဟုတ်ကဲ့" ဝုချွမ်းက ဦးညွှတ်အရိုအသေပေးလိုက်ကာ "အကြီးအကဲ၊ မစိုးရိမ်ပါနဲ့ခင်ဗျာ။"

မည်သည့်ကြောင့်မှန်းမသိ ကူယွီ၏မျက်လုံးများထဲတွင် စိတ်ခံစားချက်များနှင့် ကူကယ်ရာမဲ့နေခြင်းများပြည့်နေသည်ဟု ကုန်းဟုံထင်မိသည်။ သို့သော် သူမအထင်မှားနေခြင်းဖြစ်မည်ဟုလည်း ထင်မိပြန်သေးသည်။ သူမက ငယ်သေး၏။ မည်သို့လုပ်၍ အကြီးအကဲများ၏ခံစားချက်ကို တွေ့နိုင်မည်နည်း။

အကြီးအကဲများထွက်သွားသည့်အခါ သူမက ဇာမဏီငှက်ခေါင်းကိုသိမ်းလိုက်လျက် ဂိုဏ်းတူအစ်ကို (၃)ယောက်ရှေ့ ခုန်ပေါက်သွားကာ "ဂိုဏ်းတူအစ်ကိုဝုချွမ်း၊ ဆရာတူအစ်ကိုအကြီးဆုံး၊ ဆရာတူဒုတိယအစ်ကို၊ ညီမလေး ကိုကြီးတို့ကို အကြာကြီးစောင့်နေရအောင်လုပ်မိသွားတယ်။"

ချန်ယိက နွေးထွေးစွာပြုံးပြလေသည်။ ဘေးမှ တန်ဖုန်းက "မင်းက တကယ်ကို ကံကောင်းတဲ့သူပဲ။ အကြီးအကဲချိုးရွှမ်းကိုယ်တိုင် ပုံစံသွန်းလုပ်ထားတဲ့ ဓားတစ်ချောင်းဆိုတာ လူတိုင်းရနိုင်တာမျိုးမဟုတ်ဘူး။ သူမကတော့ မင်းကို တစ်ချောင်းပေးသွားတယ်လေ။"

သူမဆံပင်ကြားက တိမ်စိုင်သဏ္ဍန်ဆံထိုးကိုကိုင်လိုက်ကာ ကုန်းဟုံပြုံးမိသည်။ "အဲ့ဒါ ညီမလေးပုံလေးက အကြီးအကဲချိုးရွှမ်းနဲ့ ခပ်ယောင်ယောင်လေးဆင်လို့ ဖြစ်ချင်ဖြစ်မယ်။"

"ဘယ်နားကများလဲ ပြောကြည့်စမ်းပါဦး။"

"ညီမလေးတို့နှစ်ယောက်လုံးက ရုပ်ချောတယ်လေ။"

တန်ဖုန်း "..."

သွားပါပြီ။ ဆရာတူညီမလေးတော့ ဆရာ့ကြောင့် ပျက်စီးသွားရှာပြီ။

ထိုနှစ်ယောက်သား အတန်ကြာ စကားစမြည်ပြောကြပြီးတဲ့နောက် ဝုချွမ်းက "ဂိုဏ်းတူညီမလေးကုန်းဟုံ သူမရဲ့ရာသက်ပန်နှောင်ထုံးဖွဲ့ အဆောင်လက်နက်ကိုရပြီးပြီဆိုတော့ ငါလည်းသွားတော့မယ်။"

"ဂိုဏ်းတူအစ်ကို ဝုချွမ်းရာ၊ လာဗျာ၊ ဒီနေ့ ကျွန်တော်တို့အတူတူ ကုန်းဟုံ သူမရဲ့အဆောင်လက်နက်ရသွားတဲ့အထိမ်းအမှတ် ပွဲလေးဘာလေးလုပ်ရင်း သောက်ကြရအောင်။" တန်ဖုန်းကလျှောက်သွားကာ ဝုချွမ်းပခုံးပေါ်သိုင်းဖက်လိုက်လျက် "သွားကြမယ်၊ သွားကြမယ်၊ သွားကြမယ်"

"မလိုဘူး... ငါ..."

"သွားမယ်၊ သွားမယ်၊ သွားမယ်လာ။ ကျွန်တော်ပြောပါမယ်။ ကျွန်တော့ဆရာဆီမှာ မြေကြီးထဲသိမ်းထားတဲ့သေရည်ပုလင်းတချို့ရှိတယ်။ အဲ့ဒါတွေမသောက်လိုက်ရရင် နှမျောစရာကြီးဗျ။" ဝုချွမ်းငြင်းသည်ကိုပင်မစောင့်ဘဲ တန်ဖုန်းက သူ့အားဆွဲကာ အဝေးထွက်သွားတော့သည်။ မည်သို့ဆိုစေကာမူ ဂိုဏ်း၏ဂိုဏ်းတူအစ်ကိုအကြီးဆုံးကဲ့သို့ အမြဲခပ်တင်းတင်းမျက်နှာထားနှင့်လူမျိုးကိုရင်ဆိုင်ရသည့်အခါ စကားဆိုနေခြင်းမျိုးက အသုံးမဝင်ပေ။ လက်တွေ့လုပ်လိုက်သည်ကမှာ ပိုကောင်းသေး၏။

ချန်ယိနှင့် ကုန်းဟုံက သူတို့နောက်မှ လျှောက်လာသည်။ ချန်ယိက ကုန်းဟုံဘက်သို့ လှည့်ကြည့်ကာ "ဆရာတူညီမလေး၊ မင်းရဲ့မျက်နှာအမူအရာက သိပ်မဟုတ်သလိုပဲ၊ ဟင်။"

"တကယ်လား။" ကုန်းဟုံက နည်းနည်းရှက်သွားကာ သူမမျက်နှာကိုကိုင်လိုက်သည်။ "ဆရာတူအစ်ကိုအကြီးဆုံးက ဒါကိုမြင်တယ်လား။"

သူ့သမီးတစ်ယောက်ကဲ့သို့ ပြုစုပျိုးထောင်လာခဲ့ရသည့် သူ့ဆရာတူညီမလေး၏မူမမှန်ခြင်းကို အဘယ်ကြောင့် သူ မမြင်နိုင်ဘဲရှိပါအံ့။ "မင်းယူလာတဲ့ အဆောင်လက်နက်ကို မင်းသဘောမကျဘူးလား။"

လေအေးတစ်ချက်တိုက်ခတ်သွားကာ ကုန်းဟုံအဝတ်အစားများ လွင့်လို့သွား၏။ အသက် (၁၄)နှစ်သာရှိသေးသော်လည်း သူမတွင် မိန်းမသားတစ်ဦး၏ အလှတရားမျိုး သန်းလို့နေနေလေပြီ။ "ညီမလေးအဲ့ဒီဟာကိုသဘောမကျလို့မဟုတ်ပါဘူး။ ကံတရားက တစ်ခါတရံက ထူးဆန်းတယ်လို့ ခံစားမိသွားလို့ပါ။"

"ညီမလေးမွေးတဲ့နေ့က လက်အောက်ခံတိုင်းပြည်တစ်ခုရဲ့ သံတမန်က ခမည်းတော်မင်းကြီးကို ဇာမဏီငှက်ခေါင်းကုန်းဟုံတစ်ခု လက်ဆောင်ပဏ္ဍာအဖြစ်ဆက်သခဲ့တယ်။ ညီမလေးရဲ့ခမည်းတော်က အဲ့ဒီဟာကို မြင်မြင်ချင်းပဲ သဘောကျနှစ်ခြိုက်တော်မူခဲ့တာကြောင့် အဲ့ဒီနေရာမှာတင် ဂီတပညာရှင်ကို တီးခတ်ခိုင်းခဲ့တယ်။ သူက မယ်တော်မိဖုရားခေါင်ကြီး မျက်နှာမြင်နေတာကိုတောင် လျစ်လျူရှုထားခဲ့တယ်။ ညီမလေးရဲ့နာမည်ကတောင် အဲ့ဒီပစ္စည်းကနေရလာခဲ့တာ။" ကုန်းဟုံက သက်ပြင်းချလိုက်သည်။ "နောက်တော့ မင်းကြီးကျင်ဟုံ ပုန်ကန်ခဲ့ပြီး ညီမလေးရဲ့ခမည်းတော်မင်းကြီး ကွပ်မျက်ခံခဲ့ရတယ်။ ညီမလေးရဲ့မယ်တော် မိဖုရားခေါင်ကြီးက သူမကိုယ်သူမ အဆုံးစီရင်ခဲ့တယ်။ ပြီးတော့ ညီမလေးနာမည်ဟာ လှောင်ပြောင်စရာဟာသတစ်ခုဖြစ်လာခဲ့တယ်။"

မင်းကြီးကျင်ဟုံ၏အတွင်းနန်းဆောင်ထဲမှ မိဖုရားငယ်များ၏သား၊ သမီးများက သူမကို ကုန်းဟုံတီးခတ်တတ်လားဟု မေးခဲ့ကြခြင်းအား ယခုထိတိုင် သူမအမှတ်ရနေဆဲပါ။ ထိုအချိန်က သူမတွင် အူတူတူပုံနှင့်ပြုံးပြရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိခဲ့ချေ။

နောက်ဆုံး လင်ယုံးကမ္ဘာလောကသို့ရောက်လာခဲ့ပြီးသည့်နောက်၌ပင် သူမ၏ ရာသက်ပန်နှောင်ထုံးဖွဲ့ အဆောင်လက်နက်ဟာ ဇာမဏီငှက်ခေါင်းကုန်းဟုံဖြစ်လာလိမ့်မည်ဟု သူမတစ်ခါမှမတွေးမိခဲ့ပါ။

ချန်ယိက ကုန်းဟုံသူမအတိတ်အကြောင်းများပြန်ပြောင်းပြောပြနေသည်ကို တိတ်တိတ်လေး နားထောင်ပေးခဲ့သည်။ သူက သူမကို အတင်းလမ်းကြောင်းပေးခြင်းမျိုး၊ ယေဘုယျကောက်ချက်ဆွဲကာပြောစေခြင်းမျိုး မလုပ်ခဲ့ပါ။ သူတို့ ကုန်းဟုံ၏ လှိုဏ်ဂူတံခါးဝရှေ့ရောက်လာချိန်ကျမှ ချန်ယိက "ဒါပေမဲ့ မင်းအဲ့ဒီဟာကို ရွေးခဲ့သေးတုန်းပဲ။"

"ဟုတ်တယ်။" ကုန်းဟုံက ပြုံးသည်။ "ရှောင်လွှဲလိုက်တာက အသုံးမဝင်ပါဘူး။ ညီမလေးမှာ အနာဂတ်ကိုကြိုတင်တွေးဆပြီး ရဲရဲရင့်ရင့်ရင်ဆိုင်နိုင်တဲ့ သတ္တိရှိရမယ်။ ပြီးတော့ ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ချက်လည်းရှိရမယ်"

ထိုသို့ကြားရသဖြင့် ချန်ယိက ရယ်မိသည်။ ယခုမှပဲ သူ့ဆရာတူညီမလေးမှာ သူနဲ့တန်ဖုန်းတို့ထက် ပိုသာသည့်စိတ်သဘောထားမျိုးရှိကြောင်း သိလိုက်ရတော့၏။ သူမဟာ ဤကျင့်ကြံခြင်းလမ်းစဉ်ပေါ်လျှောက်လှမ်းရန် မွေးဖွားလာခဲ့သူအလားပင်။ သူမက သူတို့ထက်ပို၍ဝေးဝေးသို့သွားနိုင်ကာ ပိုမြင့်သည့်နေရာတွင်ပင် ရပ်နိုင်ပေလိမ့်ဦးမည်။

"ဆရာတူအစ်ကို၊ ဒီနေ့ကစပြီး ညီမလေး ခဏတဖြုတ်လောက်တော့ တံခါးပိတ်ကျင့်ကြံဖို့ လုပ်လိုက်ဦးမယ်။" ကုန်းဟုံက ချန်ယိကို လုံးဝဦးညွှတ်အရိုအသေပေးလိုက်သည်။

"ကောင်းပါပြီဗျာ"

ချန်ယိ တံခါးဝမှာရပ်နေလျက် ကုန်းဟုံ၏ လှိုဏ်ဂူတံခါးပိတ်သွားသည်ကို ရပ်ကြည့်နေသေး၏။ သူပြန်လှည့်ထွက်ကာ အဝတ်အစားကို သပ်ရပ်အောင်ပြုပြင်လိုက်သည်။ ထို့နောက် တန်ဖုန်း၏လှိုဏ်ဂူဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့သည်။ ဆရာတူဒုတိယညီလေးက အကြင်နာတရားလေး နည်းနည်းပါးပါးထားလျက် သူ့အတွက် သေရည်အနည်းငယ်မျှချန်ထားပေးရန် မျှော်လင့်မိပါသည်။

###

အတိတ်မှရုန်းမထွက်နိုင်ခြင်းဟာ တစ်ခါတရံကျလျှင် ကျင့်ကြံသူတစ်ဦးအား ဘောင်ခတ်ပစ်လိုက်တတ်သည်။ ဘောင်ခတ်ထားခံရသူဖြစ်လာရခြင်းဟာ ကြောက်စရာကောင်း၏။ ထို့အပြင် ကြောက်စရာအကောင်းဆုံးက လူတစ်ယောက်၏ ကိုယ့်စိတ်ကိုကိုယ် အကျဉ်းချထားခြင်းပင်။ သူမသာ သာမန်သေမျိုးလူ့လောကတွင် ဖြစ်ပျက်ခဲ့သည်များကို အပြည့်အဝလက်မခံနိုင်လျှင် သူမ၏ရာသက်ပန်နှောင်ထုံးဖွဲ့ အဆောင်လက်နက်နှင့် မည်သည့်အခါမှ တစ်သားတည်းကျတော့မည်မဟုတ်ကြောင်း ကုန်းဟုံသိလေသည်။ အနာဂတ်တွင် ထိုအရာ၏အစွမ်းအား သူမအပြည့်အဝအသုံးချနိုင်လိမ့်မည်မဟုတ်ချေ။

သူမခမည်းတော်မင်းကြီး၏ ညံ့ဖျင်းမှုများကို သူမမုန်းမိပါသည်။ သူမမယ်တော်မိဖုရားခေါင်၏ အဆုံးစီရင်သွားမှုအပေါ် ပူဆွေးသောကဖြစ်မိပါ၏။ သူမဟာ တစ်ခြားလူများ၏ စော်ကားမော်ကားပြုခြင်းကို ခံခဲ့ရဖူးပါသည်။ သို့သော် ထိုအရာအားလုံးမှာ လူများကြောင့်ဖြစ်ခဲ့ရခြင်းပင်။ အရာဝတ္ထုတစ်ခုကြောင့်မဟုတ်ခဲ့ပါ။ တူရိယာတစ်ခုကြောင့်မှလည်း မဟုတ်ခဲ့ချေ။

ကမ္ဘာလောကတွင် တည်ရှိနေကြသော အရာအားလုံး၌ သူ့အကြောင်းပြချက်နှင့်သူ ရှိကြလေသည်။ သူတို့လေးတွေက မမှားခဲ့ကြပါ။ အမှားလုပ်ခဲ့သူများမှာ သူတို့အလိုဆန္ဒကိုသူတို့မထိန်းချုပ်နိုင်ကြသည့် လူသားများသာဖြစ်ပါသည်။

နွေဦးကုန်ကာ နွေရာသီရောက်ခဲ့သည်။ ထို့နောက် ဆောင်းရာသီ။ အချိန် (၂) နှစ်တာ ကုန်ဆုံး၍သွားလေပြီ။ တစ်ခုသောနံနက်ခင်း၌ ချီးယွဲ့တောင်တစ်ဝိုက်တွင် သာယာညိမ့်ညောင်းလှသော ကုန်းဟုံတေးသွားသံတို့ ပျံ့လွင့်လာပြီးနောက် တောင်ဘေးပတ်ဝန်းကျင်ရှိအရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့လို့သွားတော့သည်။

"ဘာသံပါလိမ့်" ထာဝရရှင်သန်ခြင်းကို ရှာဖွေရာလမ်းပေါ်မှ လူများဟာ ဘေးဘီဝဲရာသို့ လှည့်ပတ်ကြည့်ကာ ထိုတေးသံလာရာကို ရှာဖွေကြသည်။ တေးသံက ညင်သာ၍ ဖြေးညင်းသည်။ ကြားလိုက်ရပြီးသည့်နောက် နာကျင်နေသော သူတို့၏ခြေထောက်များ အနည်းငယ်ပြေလျော့သွားသယောင်ယောင်ပင်ရှိလာ၏။

မေးလိုက်သောသူသည် အခြားသူများ ဆက်လက်တက်သွားနေသည်ကိုမြင်ကာ ဖင့်နှေးမနေရဲတော့။ သူပါ ဆက်တက်လေ၏။

ထိပ်ဆုံးသို့ရောက်သည့်သူများသာ ဧကန်စင်စစ် ထာဝရရှင်သန်ခြင်းကို ရှာဖွေရာလမ်းကြောင်းပေါ် ခြေချနိုင်မည့်သူဖြစ်၏။ ။
••••••••••••••••••
😁😁😁😁😁😁😁

နောက်ဆုံးမှာတော့ ကုန်းဟုံလေး အရွယ်ရောင်လာခဲ့ပါပြီ... ဒီတေါ့ အားလုံးမျှော်နေကြတဲ့ ဇာတ်လိုက်ကောင်လေးဟာဆိုရင်ဖြင့်... မကြာခင်မှာပဲ... ရောက်ရှိလာပါတော့မယ်။ သိပ်မကြာတော့ပါဘူးနော်...😅😁

ပြန်ဆုံမယ့်ညနေကတော့ ထုံးစံအတိုင်း တစ်ရက်ကျော်လိုက်ပြီးရင် (10.5.2020, 19:00 - 21:00) ပါနော်။ 😉😉😉😍🥰⬇️⬇️⬇️

°°°°°°°°°°°°°°°°
အားလုံးပဲ ဒီနေရာမှာ ကိုယ့်ကိုလေလေးနည်းနည်းရှည်ခွင့်ပြုပါနော်။ 😅 ထုံးစံအတိုင်းလေရှည်ခြင်းက ကိုယ့်ရဲ့ မွေးရာပါဂုဏ်သတ္တိတစ်ခုဖြစ်ရမယ်လို့ စိတ်ထဲမှတ်ပြီး နားလည်ခွင့်လွှတ်ပေးလိုက်ကြပါ။😅🙃

ပထမဆုံး ကိုယ်ပြောချင်တာကတော့ Author No_cozကို သူ့ရဲ့ စိတ်ရင်းစေတနာထက်သန်လှတဲ့ ဝတ္ထုအညွှန်းလေးအတွက် အရမ်း၊ အရမ်း၊ အရမ်း ပေါင်းများစွာနဲ့ ကျေးဇူးတင်လိုက်ပါတယ်။ ☺️

ဘယ် Emoji ကိုသုံးရင် အလေးနက်ဆုံးဖြစ်မလဲမသိလို့ ဘာမှမသုံးတော့ပါဘူး။

တကယ်တော့ ခံစားချက်က ဘယ်လိုပြောရမလဲဆိုတော့ ကိုယ်က အမှန်ဆို သူ့ပရိသတ်ပါ။ သူ့ရဲ့ 'လျှို့ဝှက်ချက်' ဝတ္ထုရဲ့ အရေးအသားနဲ့ပတ်သက်ပြီး သဘောကျလွန်းလို့ တိတ်တိတ်လေး reviewခိုးရေးပြီး ကိုယ့်ရဲ့accလေးထဲ သိမ်းထားရတာအထိပါ။ (ကိုယ်က ဘာမှမဟုတ်တော့ လူအများကြီးရှေ့ရေးထားတာကို မပြရဲဘူးလေ😅)

အခုသူ့ဆီက ဝတ္ထုအညွှန်းကြောင့် ဖတ်ရှုမှုအကြိမ်အရေအတွက်စုစုပေါင်း (3)Kကနေ (4)Kကို ခုန်တက်သွားခဲ့ရပါတယ်။

ဒါကြောင့် အဓိကထပ်ပြောချင်တာလေးကတော့ ကြယ်ကလေးတွေ​ပေးလာတဲ့သူ၊ RLထဲထည့်ပေးတဲ့သူ၊ cmt ပေးတဲ့သူ၊ follow လုပ်ပေးတဲ့သူ၊ အခါတိုင်းထက် အများကြီးတက်လာပါတယ်။

အဲ့ဒီအခါမှာ တစ်ယောက်ချင်းစီ ရအောင် ကျေးဇူးတင်စကားလိုက်ပြောပေမဲ့ wattpadက လက်မခံတော့ပါဘူး။ အဲ့ဒါကြောင့် တချို့ကိုဆို replyတောင် ပြန်လုပ်လို့မရတော့ပါဘူး။

ခဏခဏ warningလေးထိပြီး ပျော်နေရပါတယ်။ 😅😅

အဲ့ဒါကြောင့် အကြောင်းမပြန်တာက ချေနေတာမဟုတ်သလို၊ ကျေးဇူးတင်စကားလိုက်ပြောလို့ လုံးဝမရဘဲ ကျန်ကုန်၊ ကျော်ကုန်တာတွေအတွက်လည်း ကိုယ်တကယ် မရည်ရွယ်တာကို နားလည်ပေးပါ။

ကိုယ်အသစ်လေးတွေအားလုံးရဲ့ အားပေးမှုကို ဒီနေရာကနေ ကျေးဇူးကြိုတင်ထားပါမယ်။ ကိုယ် တစ်နေ့တော့ အားလုံးဆီရအောင်လာခဲ့ပါမယ်။ 😆😝

နောက်ပြီး မူလလက်ဟောင်းလေးတွေ အားလုံးပဲ၊ သိတယ်မလားဟင်။ ကျေးဇူးက ကမ္ဘာကြီးလောက်တင်ထားတာနော်။ အစကနေအခုထိ အားပေးလာခဲ့တဲ့သူတွေမရှိရင် ကိုယ်လည်း ဒီအ​ခြေအနေထိရောက်ချင်မှ ရောက်မှာပါ။ စိတ်ပျက်ပြီး ဘယ်အခန်းမှာ တန့်နေမလဲသိဘူးလေနော်။ 😁😁

ဆိုတော့ မူလလက်ဟောင်းလေးတွေရော၊ လက်သစ်လေးတွေရော၊ No_cozရော၊ နောက်ပြီး ကိုယ်မသိတဲ့နေရာကနေ ကိုယ့်အကြောင်းပြောပေးနေတာမျိုးရှိသေးရင်လည်း သူတို့အတွက်ရော၊ အားလုံး အားလုံး ကျေးဇူးကမ္ဘေ၊ ကမ္ဘာ ပါရှင့်။

(အရမ်းလေကြောရှည်သွားပြီလား၊ သွေ့ပုချိ 🥺😁😅 ဆုယူဖို့ ကျင့်နေတာနဲ့မှားသွားလို့ပါ 😋)
•••••••••••••••
•••••••••••••••

[Zawgyi]

အလင္းကိုဆန္လ်က္ ရတနာခန္းမေဆာင္၏ တံခါးမ်ားပြင့္လာသည္။ ထိုအထဲမွ မိန္းမငယ္ေလးတစ္ေယာက္ ေတာက္ေတာက္ပပၿပံဳးလ်က္ ထြက္လာ၏။

နွစ္ေပါင္းမ်ားစြာအသက္ရွင္ေနထိုင္လာခဲ့ၾကေသာ အႀကီးအကဲသံုးေယာက္တို႔သည္ ထိုကိစၥမ်ိဳးအား အႀကိမ္ေပါင္းမ်ားစြာေတြ႔ျမင္ခဲ့ၾကရဖူးသည္။ ၎တို႔နွင့္သက္ဆိုင္ရာအေဆာင္လက္နက္ကို ရရိွၿပီးသည့္ေနာက္ျပန္ထြက္လာၾကသည့္ ဂိုဏ္းသားမ်ားအားလံုးနီးပါးဟာ ထိုကဲ့သို႔ ၿပံဳးရႊင္ေနခဲ့ၾကၿမဲသာ။

ေတာက္ပ၊ ၾကည္လင္၊ ရွင္းသန္႔၊ ျဖဴစင္စြာျဖင့္...

အခ်ိန္ၾကာသြားၿပီးသည့္ေနာက္ အခ်ိဳ႕ေသာသူမ်ားဟာ တိုက္ပြဲက်သြားခဲ့ၾကရသည္မ်ိဳးရိွ၏။ အခ်ိဳ႕ဆိုလွ်င္ မည္သူမွ်ပင္ သတိမထားမိလိုက္ဘဲ အျပင္ေလာကတြင္ ေသဆံုးသြားခဲ့ၾကရသည္။ အခ်ိဳ႕ကမူ ဂိုဏ္းအတြက္ ဂုဏ္သေရရိွရိွေသဆံုးသြားခဲ့ၾကရသည္။ ထိုသူမ်ား၏အေဆာင္လက္နက္မ်ားသည္ သူတို႔သခင္မ်ားနွင့္အတူ ေသပြဲဝင္သြားခဲ့ၾကလွ်င္သြား၊ မဟုတ္ပါက ရတနာခန္းမေဆာင္ထဲမွာ ျပန္ပိတ္ေလွာင္ခံရကာ ေနာက္လာမည့္သခင္ကို ျပန္ေစာင့္ဆိုင္းခဲ့ၾကရသည္။

ရတနာခန္းမထဲမွ အေဆာင္လက္နက္အခ်ိဳ႕ကား ယြင္ဟြာဂိုဏ္း၏ ပံုသြင္းပညာရွင္အေက်ာ္အေမာ္မ်ားကိုယ္တိုင္ သြန္းလုပ္ခဲ့ၾကသည္။ အခ်ိဳ႕ကမူ လ်ိဳ႕ဝွက္နယ္ေျမမ်ားမွရရိွခဲ့ၾကသည္။ အခ်ိဳ႕ကား... ကြန္လြန္သြားၿပီျဖစ္ေသာသူမ်ား တစ္ႀကိမ္တစ္ခါက ပိုင္ဆိုင္ခဲ့သည့္အရာမ်ားျဖစ္၏။ ဂိုဏ္းစတင္ဖြဲ႔စည္းခဲ့စဥ္မွ ယေန႔အထိ ယြင္ဟြာဂိုဏ္းဟာ ဂိုဏ္းသားေပါင္းမည္မွ်လက္ခံခဲ့လ်က္ မည္မွ်ဟာတိမ္ပါးသြားခဲ့ၿပီျဖစ္ေၾကာင္း သူတို႔မမွတ္မိေတာ့ပါ။ ထိုသူတို႔ရိွခဲ့ျခင္းနွင့္ပတ္သည့္ တစ္ခုတည္းေသာသက္ေသက လီယန္ခန္းမေဆာင္ အေနာက္ရိွ သစ္သားအေဆာက္အဦထဲမွ အေရာင္မိွန္သြားၿပီျဖစ္ေသာ ေက်ာက္စိမ္းျပားမ်ားသာျဖစ္ေလသည္။

ထိုအေရာင္မွိန္သြားၿပီျဖစ္ေသာ ေက်ာက္စိမ္းျပားမ်ားနွင့္ယွဥ္ေသာ္ ယခုမွ အေျခခံပ်ိဳးေထာင္ျခင္းအဆင့္ရရိွထားသည့္ ဤဂိုဏ္းသားမ်ားဟာ နုနုဖတ္ဖတ္ဖူးသစ္စေလးမ်ားျဖစ္ၾကသည္။ အင္မတန္မွ နုနုဖတ္ဖတ္ျဖစ္ၾကလြန္းသျဖင့္ သူတို႔ကဲ့သို႔လူအိုႀကီးမ်ားဟာ ထိုကေလးမ်ားအား ေခ်ာေမြ႔သာယာေသာဘဝမ်ားသာရရိွၾကလ်က္ မည္သည့္အခက္အခဲနွင့္မွ်မႀကံဳၾကရေစလိုေပ။

"ကုန္းဟံု သူမရဲ႕အေဆာင္လက္နက္ကိုရလာခဲ့ပါၿပီ။ အႀကီးအကဲေတြကို ေက်းဇူးတင္မိပါတယ္။" ကေလးမေလးက အႀကီးအကဲသံုးေယာက္ေရွ႕ေလွ်ာက္လာကာ လက္နွစ္ဘက္ျဖင့္ ထိုအေဆာင္လက္နက္ကို သူမ ေခါင္းထက္ကိုင္ေျမွာက္ျပလိုက္သည္။ သူမလက္ထဲတြင္ အေဆာင္လက္နက္က အလင္းေရာင္တလက္လက္ေတာက္ပလို႔ေနသည္။

"ေကာင္းတယ္။" အႀကီးအကဲခ်ိဳးရႊမ္းက ခ်ီးက်ဴးလိုက္သည္။ "အသံဆိုတာ အေပါက္ဟူသမွ်ကို ထိုးေဖာက္ဝင္ေရာက္သြားမွာပဲ၊ ဘယ္သူမွ အဲ့ဒါကို တားဆီးလို႔မရနိုင္ဘူး။ ဒါေပမဲ့ မင္းတကယ္လို႔ ဒီဟာကို ေကာင္းေကာင္းအသံုးခ်ခ်င္တယ္ဆိုရင္ေတာ့ မင္းရဲ႕က်င့္ႀကံမႈအေပၚမွာ ပိုၿပီးအားစိုက္ထည့္သြားဖို႔လိုလိမ့္မယ္။ အခုလက္ရိွက်င့္ႀကံျခင္းအစြမ္းနဲ႔ မင္းဒီဟာကို သံုးလို႔ေတာ့ရတယ္၊ ဒါေပမဲ့ ေသခ်ာေကာင္းေကာင္းသံုးလို႔ေတာ့ရမွာ မဟုတ္ဘူး။"

"ျပန္သြားၿပီးေတာ့ သံုးသပ္ဆင္ျခင္ၾကည့္ခ်ည္။ စိတ္နဲ႔ဆက္သြယ္လို႔ရေအာင္ တတ္နိုင္သမွ်အျမန္ဆံုးႀကိဳးစားၾကည့္၊ အဲ့ဒီဟာကို မင္းရဲ႕ဖြားဖက္ေတာ္အစိတ္အပိုင္းတစ္ခုလိုျဖစ္လာေအာင္လုပ္။" အႀကီးအကဲရွဴက်ိဳက ၿပံဳးလ်က္ "မင္းအေကာင္းဆံုးလုပ္နုိင္လိမ့္မည္ဆိုတာ တို႔ေတြယံုၿပီးသားပါ။"

"ေက်းဇူးတင္ပါတယ္ အႀကီးအကဲတို႔။ ဒီအငယ္သားက အႀကီးအကဲတို႔တေတြ စိတ္မပ်က္ရေအာင္ ပိုၿပီးေတာ့ေတာင္ႀကိဳးစားျပပါ့မယ္" ဇာမဏီငွက္ေခါင္းကို တင္းတင္းဆုပ္ကိုင္ထားသည့္ ကုန္းဟံု၏နုနုနယ္နယ္မ်က္နွာေလးတြင္ အားအင္မ်ားအျပည့္နွင့္ျဖစ္လို႔ေနသည္။

"လူငယ္ျဖစ္ရတာေကာင္းလိုက္တာ" ခ်ိဳးရႊမ္းက ရုပ္ရည္တင့္တယ္ေသာအငယ္မ်ားကို နွစ္ၿခိဳက္တတ္သူျဖစ္သည္။ အဓိကအားျဖင့္ သြက္လက္ရႊင္ပ်သည့္ အငယ္မ်ားကိုျဖစ္၏။ သူမက တိမ္တိုက္ပံုစံ ဆံထိုးတစ္ေခ်ာင္းကိုထုတ္ကာ ကုန္းဟံုဆံေကသာထဲသို႔ ထိုးထည့္လိုက္သည္။ "ဒါက ကိုယ္ပံုသြန္းလုပ္ထားတဲ့ဓားပဲ။ ေရနွင္းခါးလို႔ေခၚတယ္။ ဒါေလးကို မင္းလက္နက္အျဖစ္သံုးရေအာင္ေပးလိုက္မယ္... ပထမဆံုးဆံုေတြ႔တဲ့အထိမ္းအမွတ္လက္ေဆာင္အေနနဲ႔ေပါ့။"

ထိုသို႔ေျပာၿပီးေနာက္ ကုန္းဟံု၏ေက်းဇူးစကားကုိပင္မေစာင့္ေတာ့ဘဲ သူမဟာအေဝးသို႔ထပ်ံလို႔သြားေတာ့သည္။

ကူယီြက ကုန္းဟံုေရွ႕သို႔ေလွ်ာက္လာသည္။ ကုန္းဟံုလက္ထဲမွ ဇာမဏီေခါင္းကုန္းဟံုကို ၾကည့္ၿပီးေနာက္ ကူယီြက သက္ျပင္းခ်ေလသည္။ "က်င့္ႀကံျခင္းလမ္းေၾကာင္းဆိုတာ ခက္ခဲၿပီး အေနွာင့္အယွက္အတားအဆီးေတြနဲ႔ ျပည့္လို႔ေနတယ္။ ဒါေပမဲ့ မွတ္ထားပါ၊ မင္းဆိုတဲ့ စစ္မွန္တဲ့မင္းကိုယ္မင္း ဘယ္ေတာ့မွ ေပ်ာက္မသြားေစနဲ႔။ မင္းႀကိဳးႀကိဳးစားစားလုပ္လုိ႔ရတယ္။ ဒါေပမဲ့ အလ်င္လိုတာတို႔၊ မနာလိုစိတ္ျဖစ္တာတို႔ေတာ့ ျဖစ္လို႔မျဖစ္ဘူး။ မင္းေျခတစ္လွမ္းမွားသြားတာနဲ႔ အရာအားလံုးကို ဆံုးရံႈးရလိမ့္မယ္။"

ကုန္းဟံုက အႀကီးအကဲကူယီြကို ၾကည့္လိုက္သည္။ သူဘာေၾကာင့္ထိုသို႔ေလးနက္လွေသာစကားမ်ား ဆိုလာသည္ကို သူမ မသိပါ။ သို႔ေသာ္ သူမထိုစကားမ်ားအား မွတ္သားထားလိုက္သည္။ သူဟာ ဂိုဏ္း၏အႀကီးအကဲတစ္ဦးျဖစ္ေပသည္။ သူ႔စကားလံုးမ်ားက သူမကို ထိခိုက္ေစလိမ့္မည္မဟုတ္ေပ။ "ကုန္းဟံု မွတ္သားထားပါ့မယ္"

"ေကာင္းတယ္" ကူယီြက ေခါင္းညိတ္လိုက္သည္။ သူက ဝုခၽြမ္းဘက္လွည့္ကာ "ျပန္သြားၿပီး မင္းဆရာကိုေျပာလိုက္ေခ်။ ငါခဏေတာ့ တံခါးပိတ္က်င့္ႀကံေနဦးမယ္လို႔။ တကယ္လို႔ အေရးႀကီးကိစၥမရိွရင္၊ ငါ့ဆီစာမပို႔နဲ႔ဦးလို႔"

"ဟုတ္ကဲ့" ဝုခၽြမ္းက ဦးညႊတ္အရိုအေသေပးလိုက္ကာ "အႀကီးအကဲ၊ မစိုးရိမ္ပါနဲ႔ခင္ဗ်ာ။"

မည္သည့္ေၾကာင့္မွန္းမသိ ကူယီြ၏မ်က္လံုးမ်ားထဲတြင္ စိတ္ခံစားခ်က္မ်ားနွင့္ ကူကယ္ရာမဲ့ေနျခင္းမ်ားျပည့္ေနသည္ဟု ကုန္းဟံုထင္မိသည္။ သို႔ေသာ္ သူမအထင္မွားေနျခင္းျဖစ္မည္ဟုလည္း ထင္မိျပန္ေသးသည္။ သူမက ငယ္ေသး၏။ မည္သို႔လုပ္၍ အႀကီးအကဲမ်ား၏ခံစားခ်က္ကို ေတြ႔နိုင္မည္နည္း။

အႀကီးအကဲမ်ား ထြက္သြားသည့္အခါ သူမက ဇာမဏီငွက္ေခါင္းကိုသိမ္းလိုက္လ်က္ ဂိုဏ္းတူအစ္ကို (၃)ေယာက္ေရွ႕ ခုန္ေပါက္သြားကာ "ဂိုဏ္းတူအစ္ကိုဝုခၽြမ္း၊ ဆရာတူအစ္ကိုအႀကီးဆံုး၊ ဆရာတူဒုတိယအစ္ကို၊ ညီမေလး ကိုႀကီးတို႔ကို အၾကာႀကီးေစာင့္ေနရေအာင္လုပ္မိသြားတယ္။"

ခ်န္ယိက ေႏြးေထြးစြာၿပံဳးျပေလသည္။ ေဘးမွ တန္ဖုန္းက "မင္းက တကယ္ကို ကံေကာင္းတဲ့သူပဲ။ အႀကီးအကဲခ်ိဳးရႊမ္းကိုယ္တိုင္ ပံုစံသြန္းလုပ္ထားတဲ့ ဓားတစ္ေခ်ာင္းဆိုတာ လူတိုင္းရနိုင္တာမ်ိဳးမဟုတ္ဘူး။ သူမကေတာ့ မင္းကို တစ္ေခ်ာင္းေပးသြားတယ္ေလ။"

သူမဆံပင္ၾကားက တိမ္စိုင္သ႑န္ဆံထိုးကိုကိုင္လိုက္ကာ ကုန္းဟံုၿပံဳးမိသည္။ "အဲ့ဒါ ညီမေလးပံုေလးက အႀကီးအကဲခ်ိဳးရႊမ္းနဲ႔ ခပ္ေယာင္ေယာင္ေလးဆင္လို႔ ျဖစ္ခ်င္ျဖစ္မယ္။"

"ဘယ္နားကမ်ားလဲ ေျပာၾကည့္စမ္းပါဦး။"

"ညီမေလးတို႔နွစ္ေယာက္လံုးက ရုပ္ေခ်ာတယ္ေလ။"

တန္ဖုန္း "..."

သြားပါၿပီ။ ဆရာတူညီမေလးေတာ့ ဆရာ့ေၾကာင့္ ပ်က္စီးသြားရွာၿပီ။

ထိုနွစ္ေယာက္သား အတန္ၾကာ စကားစျမည္ေျပာၾကၿပီးတဲ့ေနာက္ ဝုခၽြမ္းက "ဂိုဏ္းတူညီမေလးကုန္းဟံု သူမရဲ႕ရာသက္ပန္ေနွာင္ထံုးဖြဲ႔ အေဆာင္လက္နက္ကိုရၿပီးၿပီဆိုေတာ့ ငါလည္းသြားေတာ့မယ္။"

"ဂိုဏ္းတူအစ္ကို ဝုခၽြမ္းရာ၊ လာဗ်ာ၊ ဒီေန႔ ကၽြန္ေတာ္တို႔အတူတူ ကုန္းဟံု သူမရဲ႕အေဆာင္လက္နက္ရသြားတဲ့အထိမ္းအမွတ္ ပြဲေလးဘာေလးလုပ္ရင္း ေသာက္ၾကရေအာင္။" တန္ဖုန္းကေလွ်ာက္သြားကာ ဝုခၽြမ္းပခံုးေပၚသိုင္းဖက္လိုက္လ်က္ "သြားၾကမယ္၊ သြားၾကမယ္၊ သြားၾကမယ္"

"မလိုဘူး... ငါ..."

"သြားမယ္၊ သြားမယ္၊ သြားမယ္လာ။ ကၽြန္ေတာ္ေျပာပါမယ္။ ကၽြန္ေတာ့ဆရာဆီမွာ ေျမႀကီးထဲသိမ္းထားတဲ့ေသရည္ပုလင္းတခ်ိဳ႕ရိွတယ္။ အဲ့ဒါေတြမေသာက္လိုက္ရရင္ နွေမ်ာစရာႀကီးဗ်။" ဝုခၽြမ္းျငင္းသည္ကိုပင္မေစာင့္ဘဲ တန္ဖုန္းက သူ႔အားဆြဲကာ အေဝးထြက္သြားေတာ့သည္။ မည္သို႔ဆိုေစကာမူ ဂိုဏ္း၏ဂိုဏ္းတူအစ္ကိုအႀကီးဆံုးကဲ့သို႔ အၿမဲခပ္တင္းတင္းမ်က္နွာထားနွင့္လူမ်ိဳးကိုရင္ဆိုင္ရသည့္အခါ စကားဆိုေနျခင္းမ်ိဳးက အသံုးမဝင္ေပ။ လက္ေတြ႔လုပ္လိုက္သည္ကမွာ ပိုေကာင္းေသး၏။

ခ်န္ယိနွင့္ ကုန္းဟံုက သူတို႔ေနာက္မွ ေလွ်ာက္လာသည္။ ခ်န္ယိက ကုန္းဟံုဘက္သို႔ လွည့္ၾကည့္ကာ "ဆရာတူညီမေလး၊ မင္းရဲ႕မ်က္နွာအမူအရာက သိပ္မဟုတ္သလိုပဲ၊ ဟင္။"

"တကယ္လား။" ကုန္းဟံုက နည္းနည္းရွက္သြားကာ သူမမ်က္နွာကိုကိုင္လိုက္သည္။ "ဆရာတူအစ္ကိုအႀကီးဆံုးက ဒါကိုျမင္တယ္လား။"

သူ႔သမီးတစ္ေယာက္ကဲ့သို႔ ျပဳစုပ်ိဳးေထာင္လာခဲ့ရသည့္ သူ႔ဆရာတူညီမေလး၏မူမမွန္ျခင္းကို အဘယ္ေၾကာင့္ သူ မျမင္နိုင္ဘဲရိွပါအံ့။ "မင္းယူလာတဲ့ အေဆာင္လက္နက္ကို မင္းသေဘာမက်ဘူးလား။"

ေလေအးတစ္ခ်က္တိုက္ခတ္သြားကာ ကုန္းဟံုအဝတ္အစားမ်ား လြင့္လို႔သြား၏။ အသက္ (၁၄)နွစ္သာရိွေသးေသာ္လည္း သူမတြင္ မိန္းမသားတစ္ဦး၏ အလွတရားမ်ိဳး သန္းလို႔ေနေနေလၿပီ။ "ညီမေလးအဲ့ဒီဟာကိုသေဘာမက်လို႔မဟုတ္ပါဘူး။ ကံတရားက တစ္ခါတရံက ထူးဆန္းတယ္လို႔ ခံစားမိသြားလို႔ပါ။"

"ညီမေလးေမြးတဲ့ေန႔က လက္ေအာက္ခံတိုင္းျပည္တစ္ခုရဲ႕ သံတမန္က ခမည္းေတာ္မင္းႀကီးကို ဇာမဏီငွက္ေခါင္းကုန္းဟံုတစ္ခု လက္ေဆာင္ပ႑ာအျဖစ္ဆက္သခဲ့တယ္။ ညီမေလးရဲ႕ခမည္းေတာ္က အဲ့ဒီဟာကို ျမင္ျမင္ခ်င္းပဲ သေဘာက်နွစ္ၿခိဳက္ေတာ္မူခဲ့တာေၾကာင့္ အဲ့ဒီေနရာမွာတင္ ဂီတပညာရွင္ကို တီးခတ္ခိုင္းခဲ့တယ္။ သူက မယ္ေတာ္မိဖုရားေခါင္ႀကီး မ်က္နွာျမင္ေနတာကိုေတာင္ လ်စ္လ်ဴရႈထားခဲ့တယ္။ ညီမေလးရဲ႕နာမည္ကေတာင္ အဲ့ဒီပစၥည္းကေနရလာခဲ့တာ။" ကုန္းဟံုက သက္ျပင္းခ်လိုက္သည္။ "ေနာက္ေတာ့ မင္းႀကီးက်င္ဟံု ပုန္ကန္ခဲ့ၿပီး ညီမေလးရဲ႕ခမည္းေတာ္မင္းႀကီး ကြပ္မ်က္ခံခဲ့ရတယ္။ ညီမေလးရဲ႕မယ္ေတာ္ မိဖုရားေခါင္ႀကီးက သူမကိုယ္သူမ အဆံုးစီရင္ခဲ့တယ္။ ၿပီးေတာ့ ညီမေလးနာမည္ဟာ ေလွာင္ေျပာင္စရာဟာသတစ္ခုျဖစ္လာခဲ့တယ္။"

မင္းႀကီးက်င္ဟံု၏အတြင္းနန္းေဆာင္ထဲမွ မိဖုရားငယ္မ်ား၏သား၊ သမီးမ်ားက သူမကို ကုန္းဟံုတီးခတ္တတ္လားဟု ေမးခဲ့ၾကျခင္းအား ယခုထိတိုင္ သူမအမွတ္ရေနဆဲပါ။ ထိုအခ်ိန္က သူမတြင္ အူတူတူပံုနွင့္ၿပံဳးျပရံုမွလြဲ၍ အျခားေရြးခ်ယ္စရာမရိွခဲ့ေခ်။

ေနာက္ဆံုး လင္ယံုးကမာၻေလာကသို႔ေရာက္လာခဲ့ၿပီးသည့္ေနာက္၌ပင္ သူမ၏ ရာသက္ပန္ေနွာင္ထံုးဖြဲ႔ အေဆာင္လက္နက္ဟာ ဇာမဏီငွက္ေခါင္းကုန္းဟံုျဖစ္လာလိမ့္မည္ဟု သူမတစ္ခါမွမေတြးမိခဲ့ပါ။

ခ်န္ယိက ကုန္းဟံုသူမအတိတ္အေၾကာင္းမ်ားျပန္ေျပာင္းေျပာျပေနသည္ကို တိတ္တိတ္ေလး နားေထာင္ေပးခဲ့သည္။ သူက သူမကို အတင္းလမ္းေၾကာင္းေပးျခင္းမ်ိဳး၊ ေယဘုယ်ေကာက္ခ်က္ဆြဲကာေျပာေစျခင္းမ်ိဳး မလုပ္ခဲ့ပါ။ သူတို႔ ကုန္းဟံု၏ လိႈဏ္ဂူတံခါးဝေရွ႕ေရာက္လာခ်ိန္က်မွ ခ်န္ယိက "ဒါေပမဲ့ မင္းအဲ့ဒီဟာကို ေရြးခဲ့ေသးတုန္းပဲ။"

"ဟုတ္တယ္။" ကုန္းဟံုက ၿပံဳးသည္။ "ေရွာင္လႊဲလိုက္တာက အသံုးမဝင္ပါဘူး။ ညီမေလးမွာ အနာဂတ္ကိုႀကိဳတင္ေတြးဆၿပီး ရဲရဲရင့္ရင့္ရင္ဆိုင္နိုင္တဲ့ သတၱိရိွရမယ္။ ၿပီးေတာ့ ေရွ႕ဆက္သြားဖို႔ ဆံုးျဖတ္ခ်က္လည္းရိွရမယ္"

ထိုသို႔ၾကားရသျဖင့္ ခ်န္ယိက ရယ္မိသည္။ ယခုမွပဲ သူ႔ဆရာတူညီမေလးမွာ သူနဲ႔တန္ဖုန္းတိုထက္ ပိုသာသည့္စိတ္သေဘာထားမ်ိဳးရိွေၾကာင္း သိလိုက္ရေတာ့၏။ သူမဟာ ဤက်င့္ႀကံျခင္းလမ္းစဥ္ေပၚေလွ်ာက္လွမ္းရန္ ေမြးဖြားလာခဲ့သူအလားပင္။ သူမက သူတို႔ထက္ပို၍ေဝးေဝးသို႔သြားနိုင္ကာ ပိုျမင့္သည့္ေနရာတြင္ပင္ ရပ္နိုင္ေပလိမ့္ဦးမည္။

"ဆရာတူအစ္ကို၊ ဒီေန႔ကစၿပီး ညီမေလး ခဏတျဖဳတ္ေလာက္ေတာ့ တံခါးပိတ္က်င့္ႀကံဖို႔ လုပ္လိုက္ဦးမယ္။" ကုန္းဟံုက ခ်န္ယိကို လံုးဝဦးညႊတ္အရိုအေသေပးလိုက္သည္။

"ေကာင္းပါၿပီဗ်ာ"

ခ်န္ယိ တံခါးဝမွာရပ္ေနလ်က္ ကုန္းဟုံ၏ လိႈဏ္ဂူတံခါးပိတ္သြားသည္ကို ရပ္ၾကည့္ေနေသး၏။ သူျပန္လွည့္ထြက္ကာ အဝတ္အစားကို သပ္ရပ္ေအာင္ျပဳျပင္လိုက္သည္။ ထို႔ေနာက္ တန္ဖုန္း၏လိႈဏ္ဂူဘက္သို႔ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ေလွ်ာက္လာခဲ့သည္။ ဆရာတူဒုတိယညီေလးက အၾကင္နာတရားေလး နည္းနည္းပါးပါးထားလ်က္ သူ႔အတြက္ ေသရည္အနည္းငယ္မွ်ခ်န္ထားေပးရန္ ေမွ်ာ္လင့္မိပါသည္။

###

အတိတ္မွရုန္းမထြက္နိုင္ျခင္းဟာ တစ္ခါတရံက်လွ်င္ က်င့္ႀကံသူတစ္ဦးအား ေဘာင္ခတ္ပစ္လိုက္တတ္သည္။ ေဘာင္ခတ္ထားခံရသူျဖစ္လာရျခင္းဟာ ေၾကာက္စရာေကာင္း၏။ ထို႔အျပင္ ေၾကာက္စရာအေကာင္းဆံုးက လူတစ္ေယာက္၏ ကို္ယ့္စိတ္ကိုကိုယ္ အက်ဥ္းခ်ထားျခင္းပင္။ သူမသာ သာမန္ေသမ်ိဳးလူ႔ေလာကတြင္ ျဖစ္ပ်က္ခဲ့သည္မ်ားကို အျပည့္အဝလက္မခံနိုင္လွ်င္ သူမ၏ရာသက္ပန္ေနွာင္ထံုးဖြဲ႔ အေဆာင္လက္နက္နွင့္ မည္သည့္အခါမွ တစ္သားတည္းက်ေတာ့မည္မဟုတ္ေၾကာင္း ကုန္္းဟံုသိေလသည္။ အနာဂတ္တြင္ ထိုအရာ၏အစြမ္းအား သူမအျပည့္အဝအသံုးခ်နိုင္လိမ့္မည္မဟုတ္ေခ်။

သူမခမည္းေတာ္မင္းႀကီး၏ ညံ့ဖ်င္းမႈမ်ားကို သူမမုန္းမိပါသည္။ သူမမယ္ေတာ္မိဖုရားေခါင္၏ အဆံုးစီရင္သြားမႈအေပၚ ပူေဆြးေသာကျဖစ္မိပါ၏။ သူမဟာ တစ္ျခားလူမ်ား၏ ေစာ္ကားေမာ္ကားျပဳျခင္းကို ခံခဲ့ရဖူးပါသည္။ သို႔ေသာ္ ထိုအရာအားလံုးမွာ လူမ်ားေၾကာင့္ျဖစ္ခဲ့ရျခင္းပင္။ အရာဝတၳဳတစ္ခုေၾကာင့္မဟုတ္ခဲ့ပါ။ တူရိယာတစ္ခုေၾကာင့္မွလည္း မဟုတ္ခဲ့ေခ်။

ကမာၻေလာကတြင္ တည္ရိွေနၾကေသာ အရာအားလံုး၌ သူ႔အေၾကာင္းျပခ်က္နွင့္သူ ရိွၾကေလသည္။ သူတို႔ေလးေတြက မမွားခဲ့ၾကပါ။ အမွားလုပ္ခဲ့သူမ်ားမွာ သူတို႔အလိုဆႏၵကိုသူတို႔မထိန္းခ်ဳပ္နိုင္ၾကသည့္ လူသားမ်ားသာျဖစ္ပါသည္။

ေႏြဦးကုန္ကာ ေႏြရာသီေရာက္ခဲ့သည္။ ထို႔ေနာက္ ေဆာင္းရာသီ။ အခ်ိန္ (၂) နွစ္တာ ကုန္ဆံုး၍သြားေလၿပီ။ တစ္ခုေသာနံနက္ခင္း၌ ခ်ီးယြဲ႔ေတာင္တစ္ဝိုက္တြင္ သာယာညိမ့္ေညာင္းလွေသာ ကုန္းဟံုေတးသြားသံတို႔ ပ်ံ႕လြင့္လာၿပီးေနာက္ ေတာင္ေဘးပတ္ဝန္းက်င္ရိွအရပ္မ်က္နွာအသီးသီးဆီသို႔ ပ်ံ႕နွံ႔လို႔သြားေတာ့သည္။

"ဘာသံပါလိမ့္" ထာဝရရွင္သန္ျခင္းကို ရွာေဖြရာလမ္းေပၚမွ လူမ်ားဟာ ေဘးဘီဝဲရာသို႔ လွည့္ပတ္ၾကည့္ကာ ထိုေတးသံလာရာကို ရွာေဖြၾကသည္။ ေတးသံက ညင္သာ၍ ေျဖးညင္းသည္။ ၾကားလိုက္ရၿပီးသည့္ေနာက္ နာက်င္ေနေသာ သူတို႔၏ေျခေထာက္မ်ား အနည္းငယ္ေျပေလ်ာ့သြားသေယာင္ေယာင္ပင္ရိွလာ၏။

ေမးလိုက္ေသာသူသည္ အျခားသူမ်ား ဆက္လက္တက္သြားေနသည္ကိုျမင္ကာ ဖင့္ေနွးမေနရဲေတာ့။ သူပါ ဆက္တက္ေလ၏။

ထိပ္ဆံုးသို႔ေရာက္သည့္သူမ်ားသာ ဧကန္စင္စစ္ ထာဝရရွင္သန္ျခင္းကို ရွာေဖြရာလမ္းေၾကာင္းေပၚ ေျခခ်နိုင္မည့္သူျဖစ္၏။ ။
••••••••••••••••••
😁😁😁😁😁😁😁

ေနာက္ဆုံးမွာေတာ့ ကုန္းဟုံေလး အ႐ြယ္ေရာက္လာခဲ့ပါၿပီ... ဒီေတါ့ အားလံုးေမ်ွာ္ေနၾကတဲ့ ဇာတ္လိုက္ေကာင္ေလးဟာဆိုရင္ျဖင့္... မၾကာခင္မွာပဲ... ေရာက္ရိွလာပါေတာ့မယ္။ သိပ္မၾကာေတာ့ပါဘူးေနာ္...😅😁

ျပန္ဆုံမယ့္ည​ေနက​ေတာ့ ထုံးစံအတိုင္း တစ္ရက္​ေက်ာ္လိုက္ျပီးရင္ (10.5.2020, 19:00 - 21:00) ပါ​ေနာ္။ 😉😉😉😍🥰⬇️⬇️⬇️
°°°°°°°°°°°°°°°°°
အားလံုးပဲ ဒီေနရာမွာ ကိုယ့္ကိုေလေလးနည္းနည္းရွည္ခြင့္ျပဳပါေနာ္။ ထံုးစံအတိုင္းေလရွည္ျခင္းက ကိုယ့္ရဲ့ ေမြးရာပါဂုဏ္သတၲိတစ္ခုျဖစ္ရမယ္လို႔ စိတ္ထဲမွတ္ၿပီး နားလည္ခြင့္လႊတ္ေပးလိုက္ၾကပါ။😅🙃

ပထမဆံုး ကိုယ္ေျပာခ်င္တာကေတာ့ Author No_cozကို သူ႔ရဲ့ စိတ္ရင္းေစတနာထက္သန္လွတဲ့ ဝတၴုအၫႊန္းေလးအတြက္ အရမ္း၊ အရမ္း၊ အရမ္း ေပါင္းမ်ားစြာနဲ႔ ေက်းဇူးတင္လိုက္ပါတယ္။ ☺️

ဘယ္ Emoji ကိုသံုးရင္ အေလးနက္ဆံုးျဖစ္မလဲမသိလို႔ ဘာမွမသံုးေတာ့ပါဘူး။

တကယ္ေတာ့ ခံစားခ်က္က ဘယ္လိုေျပာရမလဲဆိုေတာ့ ကိုယ္က အမွန္ဆို သူ႔ပရိသတ္ပါ။ သူ႔ရဲ့ 'လ်ိႈ႔ဝွက္ခ်က္' ဝတၴုရဲ့ အေရးအသားနဲ႔ပတ္သက္ၿပီး သေဘာက်လြန္းလို႔ တိတ္တိတ္ေလး reviewခိုးေရးၿပီး ကိုယ့္ရဲ့accေလးထဲ သိမ္းထားရတာအထိပါ။ (ကိုယ္က ဘာမွမဟုတ္ေတာ့ လူအမ်ားႀကီးေရ႔ွေရးထားတာကို မျပရဲဘူးေလ😅)

အခုသူ႔ဆီက ဝတၴုအၫႊန္းေၾကာင့္ ဖတ္ရႈမႈအႀကိမ္အေရအတြက္စုစုေပါင္း (3)Kကေန (4)Kကို ခုန္တက္သြားခဲ့ရပါတယ္။

ဒါေၾကာင့္ အဓိကထပ္ေျပာခ်င္တာေလးကေတာ့ ၾကယ္ကေလးေတြ​ေပးလာတဲ့သူ၊ RLထဲထည့္ေပးတဲ့သူ၊ cmt ေပးတဲ့သူ၊ follow လုပ္ေပးတဲ့သူ၊ အခါတိုင္းထက္ အမ်ားႀကီးတက္လာပါတယ္။

အဲ့ဒီအခါမွာ တစ္ေယာက္ခ်င္းစီ ရေအာင္ ေက်းဇူးတင္စကားလိုက္ေျပာေပမဲ့ wattpadက လက္မခံေတာ့ပါဘူး။ အဲ့ဒါေၾကာင့္ တခ်ိဳ႕ကိုဆို replyေတာင္ ျပန္လုပ္လို႔မရေတာ့ပါဘူး။

ခဏခဏ warningေလးထိၿပီး ေပ်ာ္ေနရပါတယ္။ 😅😅

အဲ့ဒါေၾကာင့္ အေၾကာင္းမျပန္တာက ေခ်ေနတာမဟုတ္သလို၊ ေက်းဇူးတင္စကားလိုက္ေျပာလို႔ လံုးဝမရဘဲ က်န္ကုန္၊ ေက်ာ္ကုန္တာေတြအတြက္လည္း ကိုယ္တကယ္ မရည္ရြယ္တာကို နားလည္ေပးပါ။

ကိုယ္အသစ္ေလးေတြအားလံုးရဲ့ အားေပးမႈကို ဒီေနရာကေန ေက်းဇူးႀကိဳတင္ထားပါမယ္။ ကိုယ္ တစ္ေန့ေတာ့ အားလံုးဆီရေအာင္လာခဲ့ပါမယ္။ 😆😝

ေနာက္ၿပီး မူလလက္ေဟာင္းေလးေတြ အားလံုးပဲ၊ သိတယ္မလားဟင္။ ေက်းဇူးက ကမ႓ာႀကီးေလာက္တင္ထားတာေနာ္။ အစကေနအခုထိ အားေပးလာခဲ့တဲ့သူေတြမရိွရင္ ကိုယ္လည္း ဒီအ​ေျခအေနထိေရာက္ခ်င္မွ ေရာက္မွာပါ။ စိတ္ပ်က္ၿပီး ဘယ္အခန္းမွာ တန္႔ေနမလဲသိဘူးေလေနာ္။ 😁😁

ဆိုေတာ့ မူလလက္ေဟာင္းေလးေတြေရာ၊ လက္သစ္ေလးေတြေရာ၊ No_cozေရာ၊ ေနာက္ၿပီး ကိုယ္မသိတဲ့ေနရာကေန ကိုယ့္အေၾကာင္းေျပာေပးေနတာမ်ိဳးရိွေသးရင္လည္း သူတို႔အတြက္ေရာ၊ အားလံုး အားလံုး ေက်းဇူးကမ႓ေ၊ ကမ႓ာ ပါရွင့္။

(အရမ္းေလေၾကာရွည္သြားၿပီလား၊ ေသြ့ပုခ်ိ 🥺😁😅 ဆုယူဖို႔ က်င့္ေနတာနဲ႔မွားသြားလို႔ပါ 😋)
•••••••••••••••
•••••••••••••••

Published date @ wattpad date - 8.5.2020

Continue Reading

You'll Also Like

378K 9.3K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
679K 77.6K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
237K 35.4K 84
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော ‌အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံး...
847K 130K 153
Guide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 E...