Unicode
Jungkook နဲ့ ကျွန်တော့်ရဲ့ အဖြစ်က ရယ်စရာလည်းကောင်းသလို ရင်နာစရာလည်းကောင်း၏။ အရင်ကတော့ အချိန်တိုင်းလိုလို အတူတူရှိနေခဲ့ကြပေမဲ့ ခံစားချက်တွေ ဖွင့်ဟပြီးကြပြီဆိုမှ တစ်ယောက်ကိုတစ်ယောက် အကြင်နာတွေဖြင့် မယုယနိုင်ေသး။ စာမေးပွဲရှိတာကြောင့် အတန်းချိန်တွေ အပြည့်တက်ရ။ အချိန်ပိုင်းအလုပ်တွေလည်း နားထားရ၍ တွေ့ချင်သည်ကိုပင် မတွေ့နိုင်ဖြစ်နေ၏။ ကျောင်းအသွားအပြန်လောက်သာ အတူရှိနေရပြီး ညဘက်တွေမှာ ဖုန်းနဲ့သာ အဆက်အသွယ်လုပ်ရသည်။
ကိုယ်ပိုင်စာကြည့်ချိန်ရသည့် ရက်သတ္တပတ်ကို ရောက်လာမှ မျက်နှာချင်းဆိုင် တွေ့နိုင်ေတာ့တာဖြစ်သည်။ စာကြည့်တိုက်သို့ အတူတူ သွားပြီး စာလုပ်ဖြစ်ကြသလို၊ ကျွန်တော့်အိမ်ကိုလည်း Jungkook က နေ့တိုင်း လာ၏။ စာမေးပွဲဖြေဖို့ ဘာသာရပ်တွေ လေ့လာရရုံတင်မက၊ final project အတွက်လည်း ပြင်ဆင်ကြရသည်။
စီနီယာတန်းမို့ project က အဓိကဖြစ်ပြီး ရေးဖြေရသည့် ဘာသာရပ်က သိပ်မရှိ။ ဒီနေ့က စာဖြေရသည့် နောက်ဆုံးရက်။ ဘာသာရပ်က ဖြေဆိုရတာ နည်းတော့ စာမေးပွဲခန်းထဲက အချိန်စောပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။ ကျွန်တော့်နည်းတူ စာမေးပွဲဖြေပြီးသော ကျောင်းသားတွေဟာ ကျောင်းဆောင်ထဲမှာ လှုပ်ရှားသွားလာနေကြပေမဲ့ ကျောင်းေဆာင်ေရှ့ စင်္ကြန်လမ်းဘေးရှိ ထိုင်ခုံဆီကို ကျွန်တော် ထွက်လာလိုက်သည်။ ဒီနေရာက ကျွန်တော်တို့နှစ်ယောက် စာမေးပွဲဖြေပြီးတိုင်း ဆုံရန် သတ်မှတ်ထားသည့်နေရာ။ ထိုင်ခုံမှာ ထိုင်ရင်း ကျောင်းဆောင်ရဲ့ လှေကားရှိရာဘက်ကို ကျွန်တော် လည်တဆန့်ဆန့်။ စောင့်နေရင်းမှ Jungkook အဆင်မှပြေရဲ့လား။ မေးခွန်းတွေ ခက်နေမလား။ ဖြေနိုင်ရဲ့လား စသဖြင့် တွေးပူမိသေးသည်။ ဖြေဆိုချိန်ပြည့်ကြောင်း အချက်ပေးဘဲလ်သံထွက်လာသည့်အခါ ကျောင်းသားတွေ တစ်စတစ်စ ထွက်လာကြသည်။ ကျွန်တော် ထရပ်လိုက်၏။ တဖြည်းဖြည်းများလာသော ကျောင်းသားတွေကြားထဲမှ ကျွန်တော်ရှိရာဘက်ကို ပြေးထွက်လာသော ပုံရိပ်လေး။ အပြုံးတွေဖြင့် ကြိုမိသည်။
"Hyung"
"Jungkookie ဖြေနိုင်လား"
ရွှင်ပြုံးနေသော မျက်နှာဖြင့် ခေါင်းညိတ်ပြနေသော အငယ်ကောင်လေး။ ငုံ့ကျလာသော ခေါင်းလေးကို အလိုက်သိစွာဖြင့် အသာအယာ ပုတ်ပေးလိုက်သည်။
"ငါတို့ Jungkookie က တော်လိုက်တာ"
ကျွန်တော် ချီးကျူးစကားဆိုတော့ သဘောကျသွားသည့် မျက်နှာလေးက အထင်းသား။
"သွားရအောင်" လို့ဆိုတာနှင့် လက်ကတွဲပြီးသားပင်။
ကော်ဖီဆိုင်မှာ ကြိုတင်စောင့်နေကြပြီဖြစ်သော သူငယ်ချင်းတွေရှိရာ စားပွဲဝိုင်းမှာ ကျွန်တော်တို့နှစ်ယောက် ၀င်ထိုင်လိုက်တော့ လှည့်ကြည့်လာကြသည်မှာ စူးစူးစမ်းစမ်းတွေဖြင့်။ အသံတွေလည်း တိတ်နေကြတာကြောင့် ကိုယ့်ကိုကိုယ်ပင် အမှားလုပ်ထားတဲ့သူလို မလုံမလဲဖြစ်ကာ အနေရခက်လာသည်။ Jungkook က သောက်စရာယူဖို့ ထသွားသည့်အခါ ကျွန်တော် တစ်ယောက်တည်း ကြောင်အမ်းအမ်း။
"ဘာ ဘာလဲ"
"မင်းတို့နှစ်ယောက်!"
"တွဲနေကြတာလား"
မေးခွန်းတစ်ခုကို တစ်ယောက်တစ်၀က်စီခွဲမေးတော့ ကျွန်တော် မျက်နှာပူလာသည်။
"ဟုတ်နေတာပဲ"
"အဲ့..အဲ့တာက..."
လူကို တရားခံစစ်သလို ကြည့်နေကြသော သူငယ်ချင်းတစ်သိုက်ကြောင့် စကားပင် ရှေ့မဆက်နိုင်။ တမင်ဖုံးကွယ်ထားတာ မဟုတ်ပေမဲ့ လူသိရှင်ကြား ၀န်ခံရမည်ကိုလည်း ရှက်လှပါ၏။ ကျွန်တော် နဲ့ Jungkook အမှန်တကယ် ချစ်သူေတွ ဖြစ်သွားခဲ့ခြင်းအပေါ် သူတို့ ဘယ်လိုေတွများ တုန့်ပြန်လာမလဲဆိုတာကိုတော့ တွေးပူမိခဲ့ဖူး၏။ လုံး၀ သေချာသလို ကောက်ချက်ချလာသည်ကို ဘယ်လိုတုန့်ပြန့်ရမလဲ မသိဖြစ်နေစဉ် ကော်ဖီနှစ်ခွက်နဲ့အတူ Jungkook ပြန်ရောက်လာသည်။
"ဘာဖြစ်လို့လဲ Hyung"
ကျွန်တော် ခေါင်းမဖော်နိုင်အောင် ဖြစ်နေတော့ သူတို့ရဲ့ မေးခွန်းက Jungkook ဆီ ဦးတည်သွားသည်။
"မင်းတို့ တွဲနေကြတာလား Jungkook"
"ဟုတ်တယ်လေ။ ဘာလို့လဲ"
ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည့်အပြင် မေးခွန်းပါ ပြန်မေးလိုက်သေးသော Jungkook ကို ကျွန်တော် မယုံနိုင်သလို လှည့်ကြည့်မိ၏။
"ထင်သားပဲ"
"ငါပြောတယ်မလား"
"မတွဲဘူးဆိုရင်တောင် ထူးဆန်းနေဦးမှာ"
တစ်ယောက်တစ်ပေါက် ဆိုေနကြပြန်သော သူငယ်ချင်းတွေကြောင့် ကျွန်တော့် နားရွက်ဖျားတွေပါ ပူတက်လာသလိုပင်။ ထူးဆန်းမနေကြသလို၊ အပြစ်လည်းမဆို။ ကျွန်တော်တို့နှစ်ယောက်ကို အဆိုးဘက်က မမြင်ကြပဲ လက်ခံပေးကြသည်ကို မြင်လိုက်ရတော့ ကျွန်တော် သက်ပြင်းတစ်ချက် မှုတ်ထုတ်မိသည်။
"ကဲ! စာမေးပွဲပြီးပြီဆိုတော့ ဒီတစ်ခါ ဘယ်သွားကြမလဲ"
"တောင်ပေါ်သွားပြီးပြီဆိုတော့ ပင်လယ်ဆိုရင်ရော"
သူတို့သိချင်တာကို သိရပြီးဖြစ်၍ ဘယ်သူကမှ ကျွန်တော်တို့ဘက်ကို စကားဦး လှည့်မလာတော့ေပ။ ပုံမှန်အတိုင်း စာမေးပွဲအပြီး သွားကြမည့်အပန်းဖြေခရီးစဉ်ကို ရေးဆွဲနေကြတော့သည်။
<<>>
နေ၀င်ချိန် လိမ္မော်ရောင်ကောင်းကင်အောက်မှာ Jungkook ရဲ့ လက်ကိုတွဲထားရင်း ကျွန်တော့်စိတ်တွေ ငြိမ်းချမ်းလို့နေသည်။ အရင် လက်တွဲဆုပ်ကိုင်ခဲ့ဖူးသော အချိန်များလို မဟုတ်။ ကြည်နူးမှုလေးက နှလုံးသားတစ်ခုလုံးကို လွှမ်းခြုံလျက်ရှိသည်။
"Jungkook! မင်းရော ဘယ်သွားချင်လဲ"
"Hyung"
"အင်း"
"ကျွန်တော် နယ်ပြန်ရမယ်ဆိုတာကို သိတယ်မလား"
ကြည်နူးမှုတွေထဲ ၀မ်းနည်းမှုတွေ စွန်းထင်းကုန်၏။ စာမေးပွဲပြီးတိုင်း Jungkook က သူ့မွေးရပ်ဆီ ပြန်နေကြဖြစ်သည်ကို ကျွန်တော် သတိလက်လွတ်ဖြစ်သွားခဲ့သည်ပဲ။ ကျောင်းပိတ်ရက်တွေ ကုန်ဆုံးပြီး ကျောင်းပြန်ဖွင့်မှ ပြန်လာနေကြဆိုတော့ တစ်လလောက်ကြာမည်ဖြစ်သည်။ အရင်တုန်းက ကျောင်းပိတ်ရက်တွေက ကျွန်တော့်အတွက် လုံး၀ freedom။ ခုတော့ဖြင့်....။
ကျွန်တော် စိတ်မကြည်တော့ပါ။ ကျွန်တော်တို့ ချစ်သူစဖြစ်ကတည်းက ကိုယ်ပိုင်အချိန်ဟူ၍ ကောင်းကောင်းမရှိခဲ့သေး။ ဒီအားလပ်ရက်မှာလည်း ခွဲရပြန်ဦးမည်။ အခုမှပင် အတူရှိခဲ့သော အရင်အချိန်တွေကို ပြန်တရသည့် အဖြစ်ရောက်တော့၏။
"Jungin Hyung ပြန်ရောက်လာလို့ အတူပြန်ကြရမှာ။ တောင်းပန်ပါတယ် Hyung ရယ်"
ထို့ပါသောကြောင့် ခုဏက ကော်ဖီဆိုင်လေးထဲ ခရီးထွက်ဖို့ တိုင်ပင်ကြစဉ် Jungkook ဆီမှ အသံမကြားရတာဖြစ်မည်။ နိုင်ငံရပ်ခြားက သူ့အစ်ကိုကပါ ပြန်လာသည်ဆိုတော့ မသွားနဲ့လို့ ဆွဲထားရန်လည်း မတတ်နိုင်။ လူမှုရေး မသိတတ်ရာ ကျမည်။ ဆိုတော့ဖြင့် တစ်လလောက်တော့ သည်းခံရဦးမည်ေပါ့။ ကျွန်တော်တို့မှာ တစ်လမကသော နောက်ထပ် အချိန်တွေ အများကြီးရှိနေပြီပဲ။
သို့ပေမဲ့ တစ်လတဲ့! တစ်ရက်တောင်မဟုတ်ပဲ ရက်သုံးဆယ်။ တစ်လကြီးများတောင်တဲ့!
<<>>
တစ်လမ်းလုံး စကားမပြောတော့ပဲတိတ်ဆိတ်သွားသည့် Hyung က ၀မ်းနည်းသွားတာဖြစ်မည်။ Hyung ရဲ့ ခြံရှေ့ကို ရောက်တော့ နှုတ်ခမ်းလေးကရှေ့ကို သိသိသာသာ တိုးထွက်ကာ စူပုတ်ပုတ်ေလးဖြစ်နေသည့် မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ပင့်ယူလိုက်သည်။
"ကျွန်တော့်ကို ကြည့်ပါဦး Hyung ရ"
မော့ကြည့်လာသည့် မျက်၀န်းတွေထဲမျက်ရည်တွေက တဝေ့လည်လည်။
"ကျွန်တော်လည်း မသွားချင်ပေမဲ့ Jungin Hyung ပြန်လာတော့ မိသားစုလိုက် နယ်ကိုပြန်ကြမယ် ဆိုတာနဲ့။ ဒီကနေ ဘယ်လောက်မှ မဝေးဘူးလေ။ ကျွန်တော်တို့ နေ့တိုင်း video call ပြောကြမယ်။ နေ့တိုင်း စာပို့မယ်။ နေ့တိုင်း ဖုန်းဆက်မယ် နော်"
ချော့တဲ့ကလေး ပိုငိုဆိုသလိုပဲ။ ဝေ့နေတဲ့ မျက်ရည်ဥတွေက လျှံကျလုဆဲဆဲ ဖြစ်လာ၏။ ကျွန်တော့်ခါးကို တင်းကြပ်နေအောင် ဆွဲဖက်ပြီး ရင်ခွင်ထဲ ခေါင်းတိုး၀င်လာသည့် Hyung။ ရင်ခွင်ထဲ ကွက်တိဖြစ်နေသော ကိုယ်ငယ်လေးကို မချင့်မရဲဖြင့် ပြန်လည် ထွေးဖက်ထားလိုက်သည်။ ဖြစ်နိုင်ရင် ဒီလူသားလေးနှင့် တစ်စက္ကန့်တောင် ခွဲေနချင်သည်မဟုတ်ပါ။ နိုင်ငံခြားရောက်နေသည့် အစ်ကိုက ဒီတစ်ခါ ပိတ်ရက်ပြန်လာမည်ဖြစ်တာကြောင့် တစ်မိသားစုလုံး နယ်ကိုပြန်ကြမည်။ ဒီမြို့မှာ မနေချင်ဘဲ မွေးရပ်မြေကို လွမ်းလို့ ပြန်ချင်ပါသည်ဆိုသော အစ်ကိုဖြစ်သူကို မေတ္တာပို့နေမိသည်မှာ အကြိမ်ကြိမ်။ သူ့ကြောင့် ကျွန်တော့်မှာ ချစ်သူနှင့် ခွဲနေတော့မည့်အကြောင်း ပြောပြတော့ လူယုတ်မာသံကြီးဖြင့် ရယ်ေမာသည့် အစ်ကိုရင်းကို တစ်စက်ကလေးမှ ကြည့်မရ။
"ဘယ်နေ့ သွားမှာလဲ"
"သဘက်ခါ Project တင်ပြီး ညနေဘက်"
"ဟင် အဲ့လောက်မြန်မြန်ကြီး"
မျက်၀န်းသွယ်လေးထဲက ၀မ်းနည်းမှုတွေကို မြင်လေ အစ်ကိုဆိုသူကို မကျေနပ်လေပင်။ ရင်ခွင်ထဲကို ပြန်တိုး၀င်လာသည့် Hyung က ကျွန်ေတာ့်ခါးပေါ်က လက်တွေကို ပို၍တင်းကြပ်ပစ်သည်။ ကျွန်ေတာ်သည်လည်း ကိုယ်ငယ်လေးကို မလွတ်ထွက်သွားစေရန် အလို့ငှာ တင်းတင်းလေး ပြန်ဆွဲဖက်ထားလိုက်ပါသည်။
<<>>
ဖုန်းမျက်နှာပြင်မှာ ပေါ်ေနသည့် မျက်နှာလေးဟာ ညှိုးညှိုးနွမ်းနွမ်း။ ခွဲနေရတာ ဒီနေ့ဆို ၁၀ ရက်မြောက်။
"ဘာဖြစ်လို့လဲ Hyung။ နေမကောင်းဘူးလား"
"လွမ်းလို့"
ကျွန်ေတာ် သဘောတကျရယ်လိုက်မိတော့ မျက်နှာလေးက မျက်မှောင်တွေကုပ်လို့ စူပုတ်ပုတ်လေး ဖြစ်သွားသည်။
"ဘာရယ်တာလဲ!"
"သဘောကျလို့ပါ Hyung ရ။ ကျွန်တော်လည်း Hyung ကို လွမ်းတယ်"
ကုတင်ပေါ်မှာ မှောက်အိပ်လျက် ခေါင်းအုံးကို လက်နှစ်ဖက်နဲ့ ပွေ့ပြီး မေးဖျားအောက်မှာ ခုထားေသာကြောင့် Hyung ရဲ့ မျက်နှာလေးက ခေါင်းအုံးထဲ နှစ်၀င်နေကာ ပါးမို့လေးနှစ်ဖက်က အပေါ်ကို တိုးထွက်နေသည်။ သွေးရောင်ပြေးနေသည့် ပါးလေးနှစ်ဖက်ကို ပြေးဖက်နမ်းချင်စိတ်က တဖွားဖွား။
"ညနေစာရော စားပြီးပြီလား"
"အင်း။ လွမ်းတယ်။ ပြန်လာတော့"
Hyung သေးသေးလေးဟာ ဒီလိုလည်း ချွဲတတ်သေးပြန်ပါ၏။ သူ တစ်ခါချွဲလိုက်ရင် ဒီလူ့အသဲနှလံုးက တစ်ခါ အရည်ပျော်ရသည်။ တောင်းဆိုတာ၊ လိုချင်တာမှန်သမျှကို အစွမ်းကုန် ဖြည့်ဆည်းပေးချင်လာသည်အထိ။
"ပြန်လာလိုက်ရမလား အခုချက်ချင်းပဲ။ ဝေးတာမှမဟုတ်တာ"
သူ့အလုိကို လိုက်လျောပေးတော့လည်း ငြိမ်ကျသွားပြန်၏။
"ငါ အိပ်တော့မယ်။ တာ့တာ"
ရုတ်တရက်ကြီး ဆက်သွယ်မှု ပြတ်ကျသွားသော ဖုန်းမျက်နှာပြင်ကို ကြည့်ေနရင်း ကျွန်တော် အကြောင်သားဖြစ်သွားသည်။ တစ်ခါမှ ဒီလိုမျိုး ဖြစ်သလို နှုတ်ဆက်ပြီး ဖုန်းချလေ့မရှိ။ ရှိုက်သံစွက်နေသော အသံလေးကြောင့် သေချာသည်။ ဖုန်းချသွားပြီးနောက် ကျွန်တော့် Hyung ငိုနေတော့မည်။ ထိုအသိက ကျွန်တော့်ကို မီးလောင်တိုက်သွင်း၏။ ထိုင်မရထမရ။ ဖုန်းပြန်ခေါ်ရုံဖြင့် နှစ်သိမ့်မှု ဖြစ်မည်မဟုတ်တာ သိ၏။ ကိုယ်တိုင်လည်း ဖုန်းဆက်ပြီး မချော့ချင်။ နာရီကို လှမ်းကြည့်တော့ ၇နာရီ။ အပေါ်ထပ်အင်္ကျီတစ်ထည် ဆွဲ၀တ်ပြီး အိပ်ခန်းထဲက ပြေးထွက်လာလိုက်သည်။ ဧည့်ခန်းထဲမှာ ရှိနေသည့် Jungin Hyung က ကျွန်တော့်ကို လှည့်ကြည့်ပြီး အော်သည်။
"ဘယ်သွားမလို့လဲ"
"ဆိုးလ်"
"ဘာ! ဆိုးလ်ကို ဒီအချိန်ကြီး။ ဟာ ဟေ့! ဟေ့ကောင်"
အိမ်ထဲမှ အလျင်စလိုပြေးထွက်လာတော့ Jungin Hyung ရဲ့ အော်သံတွေကို အပြည့်အ၀ မကြားနိုင်တော့။ ခြံရှေ့ကို ထွက်လာရင်း ကျွန်တော့်လက်ကလည်း ဖုန်းကို နှိပ်လျက်သား။ ကားဂိတ်ကို ဆက်သွယ်နေရင်း နောက်ဆုံးကားဖြစ်ဖြစ် မှီလိုက်စေဖို့ ဆုတောင်းမိ၏။ ခြံပေါက်၀ ရောက်တော့ လက်မောင်းတစ်ဖက်ကို နောက်ကနေ ဆောင့်ဆွဲခံလိုက်ရသည်မုိ့ နားမှာကပ်ထားသည့် ဖုန်းက ကွာသွားသည်။
"ဒီအချိန် ဘာကားမှ မမှီတော့ဘူး အရူးရဲ့"
Jungin Hyung ရဲ့ လေသံက အပြစ်တင်ချင်နေသည့်ဟန်။ နာရီကို ငုံ့ကြည့်တော့ ၇ နာရီထိုးပြီးသွားပြီဖြစ်သည်။ စိတ်ပျက်လက်ပျက်ဖြစ်ကာ ကျစ်ခနဲ စုတ်သပ်မိတော့ မျက်လုံးထောင့်ကနေ လက်ခနဲဖြစ်သွားသော အရိပ်တစ်ခု။ အပေါ်ကို ေြမှာက်ကိုင်ထားသော Jungin Hyung ရဲ့ လက်ထဲက ကားသော့။ ကျွန်တော် ၀မ်းသာအားရ ပြုံးပြလိုက်ပါတော့သည်။
<<>>
ချစ်ရသူ၏ မျက်နှာလေးကို မြင်နေရပေမဲ့ စိတ်သဘောရှိသလို မကြင်နာရသောအခါ လွမ်းဆွတ်သတိရစိတ်တွေက ထိန်းမနိုင်သိမ်းမရ။ ကြာရင် မငိုချမိဘူးလို့ ကိုယ့်ကိုကိုယ် အာမ,မခံနိုင်တာကြောင့် ဖုန်းချလိုက်ရသည်။ ရုတ်တရက်ကြီး ပစ်ပစ်ခါခါလုပ်သလို ဖြစ်သွားတာကြောင့် Jungkook ဘက်က စိတ်ခုသွားလေမလား။ သို့ပေမဲ့ ကျွန်တော် မျက်ရည်မထိန်းနုိင်လုိက်ရင် အဝေးရောက်နေသူ စိတ်ဆင်းရဲရမည်ကိုလည်း မလိုလား။ ဖုန်းကို ဘေးသို့ တွန်းထုတ်လိုက်ပြီးမှ ခေါင်းအုံးပေါ် မျက်နှာအပ်ကာ ကျချင်နေသည့် မျက်ရည်ပူတွေကို လွတ်ပေးလိုက်တော့သည်။
အချိန်တစ်ခုကြာသည့်နောက် ကျိန်းစက်နေသော မျက်လုံးတွေက ဖွင့်လို့ပင် မရတော့။ နွမ်းလျသော စိတ်အစဉ်ကြောင့် လူက ခဏလေးအတွင်း အိပ်ပျော်သွားခဲ့တော့သည်။
<<>>
Jungin Hyung က ကျွန်တော့်ကို ခြံရှေ့မှာ ချပေးခဲ့ပြီး ဟော်တယ်တစ်ခုမှာ သွားအိပ်မည်ဟု ဆိုကာ ထွက်သွားခဲ့ပြီ။ ခြံတံခါးရှိ လူခေါ်ဘဲလ်ကို နှိပ်ဟန်ပြင်ပြီးမှ လက်ကို ပြန်ရုတ်လိုက်ရသည်။ ညကြီးအချိန်မတော်မုိ့ အိပ်နေမည့် လူကြီးတွေ အနှောင့်အယှက် ဖြစ်လိမ့်မည်။
ထို့ကြောင့် ခြေလှမ်းကိုပါ နောက်ပြန်ဆုတ်ကာ တစ်ယောက်သောသူကို ဖုန်းဆက်ခေါ်မိ၏။ သူသည်လည်း အိပ်ပျော်နေလိမ့်မလား။ ရှိုက်သံလေး တစ်ခုကြောင့်သာ ဘာမှမတွေးနိုင်ဘဲ ထွက်လာခဲ့မိပြီး ဒီကိုရောက်တော့ ည တစ်နာရီ ထိုးတော့မည်ဖြစ်သည်။ ကျွန်တော်ရောက်နေသည်ကို သိရင် အံ့ဩသွားမည့် မျက်နှာအမူအယာလေး။ တွေးကြည့်ရုံဖြင့် ရင်ခုန်ရသည်။ ဖုန်း၀င်တာ အတော်လေးကြာပြီးမှ ကိုင်သည်။ "ဟယ်လို" ဆိုသည့် အသံလေးက အိပ်နေရာက နိုးလာမှန်းသိသာစွာ လုံးလုံးထွေးထွေး။
"Hyung"
"အင်း"
"ကျွန်တော် ခြံရှေ့မှာ"
"နောက်မနေနဲ့"
"ကျွန်တော် ချမ်းနေပြီ Hyung ရ"
တစ်ဖက်က တိတ်ကျသွားခဲ့ပြီးမှ ကြားလိုက်ရသော လှုပ်ရှားသံတွေ။ ဖြေဆိုသူ မရှိတော့သော ဖုန်းကို ချလိုက်ရသည်။ မကြာလိုက်ပါ။ ဝုန်းခနဲ ပွင့်လာသော ခြံတံခါးနောက်ကနေ ပြေးထွက်လာသော လူရိပ်လေးတစ်ခု။
"Jungkook!"
"Hyung"
ပုခံုးေတွကို ခုန်ဖက်ပြီး လူပေါ်တွယ်တက်လာသော ကိုယ်လုံးလေးကို မိမိရရ ထိန်းဖက်ထားလိုက်သည်။ ခြေထောက်တွေကို ခါးမှာချိတ်ကာ လည်ပင်းသားထဲ မျက်နှာအပ်လို့ တင်းတင်းကြပ်ကြပ် ဖက်ထားသူရဲ့ ဆံပင်ပွပွတွေဆီ ဖိကပ်နမ်းပြီး လွမ်းနေသမျှ ဖြေဖျောက်ရသည်။ ကိုယ်နံ့သင်းသင်းကို ရင်ဘတ်အပြည့် ရှူရှုိက်မိသည့်အခါ စိတ်သက်သာရာရခြင်းက အတိုင်းအဆမရှိ။ အကဲပိုတာ မဟုတ်။ အားလပ်ရက်တွေ အိမ်ပြန်တိုင်း ကျွန်တော့်အလွမ်းတွေ ကျွန်တော်သာ သိသည်။ အခုတစ်ခေါက်တော့ဖြင့် ထိုအလွမ်းတွေကို ချပြခွင့်ရသလို အလွမ်းဖြေခွင့်လည်း ရ၏။ ဒီလူသားကို ကျွန်တော် တရား၀င် ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သည်။ ညည့်နက်ချိန် ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ေန၏။ အိပ်ရာမှ ထလာသူ၏ ကိုယ်ငွေ့က နွေးနေပေမဲ့ ညလေအေးအေးကို လျစ်လျူရှုဖို့ မဖြစ်နိုင်။
"အေးတယ်။ အိမ်ထဲ ၀င်ရအောင်နော်"
ဖက်တွယ်မှုထဲ ပိုလို့တိုး၀င်သူက ကျွန်တော့်ကို တစ်စက်ကလေးမှ လွတ်မေပးချင်ေတာ့သည့်အလား။ ထို့ကြောင့်ပင် ခြံရှေ့ကနေ အိပ်ခန်းထဲထိ ထိုကဲ့သို့ပွေ့ပိုက်လျက်သား ၀င်လာခဲ့ရသည်။ အိမ်ရှိလူ တစ်ယောက်မှ မနိုးလာသည်က ကံကောင်းခြင်းဖြစ်မည်။
အိပ်ခန်းထဲ ရောက်မှ ကုတင်ပေါ်ထိုင်ချကာ မျက်နှာလေးကို ခွာယူရသည်။
"မျက်နှာလေးကြည့်ရအောင် ပြပါဦး"
မို့ဖောင်းဖောင်းလေးဖြစ်နေသည့် မျက်လုံးလေးတွေက ငိုထားသည်မှာ အသေအချာ။ လွမ်းနေခဲ့ရသော ထိုမျက်နှာလေးကို နေရာအနှံ့နမ်းရှိုက်ပစ်လိုက်သည်။
"မင်း တကယ်ရောက်လာတယ်"
"အင်း မနေနိုင်တော့လို့"
"လွမ်းနေတာ"
လူကို ပြန်ဆွဲဖက်ပြီး ငိုမဲ့မဲ့အသံလေးဖြင့် ချွဲနေသော Hyung သေးသေးလေးကို ကျွန်တော် အသည်းယားစွာပြန်လည် ထွေးပွေ့ထားလိုက်ေတာ့သည်။
<<>>
အလင်းရောင်တစ်ချို့ ပြတင်းလှိုက်ကာစကြားထဲမှ အခန်းထဲသို့ တိုး၀င်လာသောအခါ ရင်ခွင်ထဲရှိနေသည့် လူသားလေးရဲ့ မျက်တောင်လေးတွေ လှုပ်ခတ်လာသည်။ တစ်ဆက်တည်းဆိုသလို ပြုံးသွားသည့် နှုတ်ခမ်းလေးတွေ။ ထိုအပြုံးနုနုက ကျွန်တော့်ဆီကိုပါ ကူးစက်လာ၏။ မျက်၀န်းလှလှလေးများက ပင့်မော့ကြည့်လာသည့်အခါ နဖူးထက်ကို အနမ်းတစ်ပွင့် ခြွေချဖြစ်သည်။
"နိုးပြီလား"
"အင်း"
"ထတော့မလား"
"ဟင့်အင်း"
"ကျွန်တော် ရောက်နေတာ သိရင် အန်တီတို့ လန့်သွားလောက်တယ်"
အိပ်ချင်မူးတူးမျက်နှာလေးနှင့် ရယ်ပြလာသည်။ ဒီလိုမျိုး အမြဲတမ်း အတူတူနိုးထရမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလေ။ ရင်ခွင်ထဲက ကိုယ်လေးကို တစ်ချက် ဖျစ်ညစ်မိပြန်၏။
"Hyung ကျွန်တော့်ကို ခေါ်ထားပါလား"
"ဟင်"
"ဒီလိုလေးပဲ နေ့တိုင်းနေရရင် ကောင်းမယ်။ Hyung နဲ့ မခွဲချင်တော့ဘူး"
"ဘယ်တော့ပြန်မှာလဲ"
"ဟာ Hyung ရာ။ မခွဲချင်ပါဘူးဆိုမှ ပြန်ဖို့စကားလာပြောနေတယ်"
"ခုမှလာပြောမနေနဲ့။ မင်းကို ဘယ်သူက သွားခိုင်းလို့လဲ"
"အင်းပါ။ ဟုတ်ပါပြီ။ ကျွန်တော်မှားပါတယ်။ ဒီလောက် လွမ်းနေရမယ်မှန်းသိရင် နေခဲ့လိုက်ပါတယ်။ အဲ့ဒါ ကောင်းကျိုးမပေးတဲ့ Jungin Hyung ကြောင့်"
အစ်ကိုဖြစ်သူကို ကျိန်ဆဲမိေတာ့ ပုခုံးလေးတွေ လှုပ်အောင်ရယ်လာသည့် လူသားကွေးကွေးလေးကြောင့် ကျွန်တော်ပါ လိုက်ရယ်မိသည်။
"မနေ့ညက ဘယ်လိုရောက်လာတာလဲ"
"Jungin Hyung လိုက်ပို့တာ"
"ဟင် အခုရော"
"ဘာကိုလဲ"
"ညကြီးကို ဒီတိုင်းပြန်လွှတ်လိုက်တာလား"
"မသိဘူး!"
"ဘာကို မသိတာလဲ"
"ထားလိုက်ပါ Hyung ရာ။ သူ့ဟာသူ ဘာဖြစ်ဖြစ်။ သိပ်ကျေနပ်တာမဟုတ်ဘူး သူ့ကို"
"ကိုယ့်အစ်ကိုကို မင်းကတော့"
"ဘယ်လိုလဲ။ ကျွန်တော့်ကို ခေါ်ထားမယ်မလား"
"မင်း နေချင်ရင်နေလေ။ ကျောင်းဖွင့်ရင် အန်တီတို့ ပြန်လာကြမှာမလား။ အဲ့ကျမှ အိမ်ပြန်ေနပေါ့"
"သွားလိုက်ပြန်လိုက် မလုပ်ချင်ပါဘူး။ အလုပ်ရှုပ်တယ်။ ခေါ်ရင်တော့ တစ်သက်လုံးခေါ်ထား"
"အခုကတည်းက ပြန်လိုက်မလား"
"မပြန်ပါဘူး!"
Hyung သေးသေးလေးအား တစ်ကိုယ်လုံးကို သိမ်းကျုံးပွေ့ကာ ရင်ဘတ်ပေါ်တင်ပြီး လက်မောင်းတွေဖြင့် ညှစ်ပစ်လိုက်တော့ ကျွန်တော် လုပ်သမျှကို သဘောတကျ ငြိမ်ခံနေမယ်ထင်ရင် မှားပါလိမ့်မည်။ ရင်ဘတ်ကို ကုန်းကိုက်ပစ်လိုက်တာများ အားကြီးနှင့်။ ကျွန်တော် အသံပြဲနှင့် အော်မိတော့မှ ကျေနပ်သလို မျက်ခုံးပင့်ပြီး ကြည့်ေန၏။ သူ ကိုက်ထားသည်ကို မနာနိုင်။ မင်း ဘာတတ်နိုင်သေးလဲ ဆိုသည့်ဟန်ဖြင့် ပုခုံးတစ်ဖက်ပင့်လို့ နှုတ်ခမ်းတစ်ဖက်ကို မဲ့ထားကာ ငုံ့ကြည့်နေသည့် မျက်နှာကို အသည်းတယားယား ရှုစားဖြစ်၏။ မနက်ခင်း နေရောင်အလင်းကြောင့် နုစင်ကြည်သည့် အသားအရည်က ၀င်းအိနေ၏။ ထိုမျက်နှာလှလှဆီ တိုးကပ်သွားပြီး နှုတ်ခမ်းအိအိတွေကကို မြတ်နိုးစွာ ယုယစွာဖြင့် နမ်းရှိုက်မိသည်။ ကျွန်တော့်ရင်ဘတ်ပေါ်မှာ ထပ်လျက်ရှိနေသည့် အနေအထားဖြင့် ပုခုံးတွေကို သိုင်းဖက်လာပြီး နမ်းနေသည့်ကြားက နှုတ်ခမ်းလေးတွေက ပြုံးသွားသေးသည်။
ကြွေပြီးသားလူကို ထပ်ခြွေချင်နေသေးတော့လည်း သဘောပေါ့။ Hyung အတွက်ဆို ကျွန်တော်က ကျရှုံးပြီးသားပဲ။ ဒါကိုမှ အနိုင်လိုချင်သေးရင်လည်း ဒီလူက လှိုက်လှိုက်လှဲလှဲ ပေးအပ်ဖို့ အသင့်။ ဒါပေမဲ့ Hyung သိအောင်ပြောပြချင်ေသး၏။ ကျွန်တော်ဟာ Hyung ရှိနေမှ ရှင်သန်နိုင်မည့်လူ။ Hyung ရဲ့ ချစ်ခြင်းေတွကို စားသုံးရမှသာ ပျော်ရွှင်ခြင်းကို ခံစားနိုင်မည့်လူ။ ကျွန်တော့်လက်ကို တွဲထားသူဟာ Jimin ဆိုသည့် Hyung ဖြစ်နေမှသာ နေ့ရက်တွေကို ရှေ့ဆက်နိုင်မည့်လူ ဖြစ်ကြောင်း။
ကျွန်တော့် အသည်းတစ်ခြမ်းကို ရက်ရောစွာပေးပြီး သက်သေတည်ချင်သည်။ ကျွန်တော်ရဲ့ စိတ်ဝိဉာဉ်ခန္ဓာအားလုံးဟာ Hyung အပိုင်။
ကျွန်တော့်ဖြစ်တည်ခြင်းတွေ မြဲဖို့ ကျေးဇူးပြု၍ ဘ၀အဆုံးတိုင် ကျွန်တော့် အနားမှာရှိနေပေးပါ Hyung........။
---The End---
အစမှအဆုံးထိ အတူတူရှိပေးခဲ့ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျွမ်းကျင်သူမဟုတ်တာကြောင့် ဒီ story လေးထဲ အမှားတွေရှိရင်လည်း နားလည်ပေးမယ်လို့ ထင်ပါတယ်။
အားလုံးပဲ တာ့တာ။
Zawgyi
Jungkook နဲ႔ ကြၽန္ေတာ့္ရဲ႕ အျဖစ္က ရယ္စရာလည္းေကာင္းသလို ရင္နာစရာလည္းေကာင္း၏။ အရင္ကေတာ့ အခ်ိန္တိုင္းလိုလို အတူတူ႐ွိေနခဲ့ၾကေပမဲ့ ခံစားခ်က္ေတြ ဖြင့္ဟၿပီးၾကၿပီဆိုမွ တစ္ေယာက္ကိုတစ္ေယာက္ အၾကင္နာေတြျဖင့္ မယုယႏိုင္ေသး။ စာေမးပြဲ႐ွိတာေၾကာင့္ အတန္းခ်ိန္ေတြ အျပည့္တက္ရ။ အခ်ိန္ပိုင္းအလုပ္ေတြလည္း နားထားရ၍ ေတြ႕ခ်င္သည္ကိုပင္ မေတြ႕ႏိုင္ျဖစ္ေန၏။ ေက်ာင္းအသြားအျပန္ေလာက္သာ အတူ႐ွိေနရၿပီး ညဘက္ေတြမွာ ဖုန္းနဲ႔သာ အဆက္အသြယ္လုပ္ရသည္။
ကိုယ္ပိုင္စာၾကည့္ခ်ိန္ရသည့္ ရက္သတၱပတ္ကို ေရာက္လာမွ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ႏိုင္ေတာ့တာျဖစ္သည္။ စာၾကည့္တိုက္သို႔ အတူတူ သြားၿပီး စာလုပ္ျဖစ္ၾကသလို၊ ကြၽန္ေတာ့္အိမ္ကိုလည္း Jungkook က ေန႔တိုင္း လာ၏။ စာေမးပြဲေျဖဖို႔ ဘာသာရပ္ေတြ ေလ့လာရ႐ုံတင္မက၊ final project အတြက္လည္း ျပင္ဆင္ၾကရသည္။
စီနီယာတန္းမို႔ project က အဓိကျဖစ္ၿပီး ေရးေျဖရသည့္ ဘာသာရပ္က သိပ္မ႐ွိ။ ဒီေန႔က စာေျဖရသည့္ ေနာက္ဆုံးရက္။ ဘာသာရပ္က ေျဖဆိုရတာ နည္းေတာ့ စာေမးပြဲခန္းထဲက အခ်ိန္ေစာၿပီး ထြက္လာခဲ့ျခင္းျဖစ္သည္။ ကြၽန္ေတာ့္နည္းတူ စာေမးပြဲေျဖၿပီးေသာ ေက်ာင္းသားေတြဟာ ေက်ာင္းေဆာင္ထဲမွာ လႈပ္႐ွားသြားလာေနၾကေပမဲ့ ေက်ာင္းေဆာင္ေ႐ွ႕ စႀကၤန္လမ္းေဘး႐ွိ ထိုင္ခုံဆီကို ကြၽန္ေတာ္ ထြက္လာလိုက္သည္။ ဒီေနရာက ကြၽန္ေတာ္တို႔ႏွစ္ေယာက္ စာေမးပြဲေျဖၿပီးတိုင္း ဆုံရန္ သတ္မွတ္ထားသည့္ေနရာ။ ထိုင္ခုံမွာ ထိုင္ရင္း ေက်ာင္းေဆာင္ရဲ႕ ေလွကား႐ွိရာဘက္ကို ကြၽန္ေတာ္ လည္တဆန္႔ဆန္႔။ ေစာင့္ေနရင္းမွ Jungkook အဆင္မွေျပရဲ႕လား။ ေမးခြန္းေတြ ခက္ေနမလား။ ေျဖႏိုင္ရဲ႕လား စသျဖင့္ ေတြးပူမိေသးသည္။ ေျဖဆိုခ်ိန္ျပည့္ေၾကာင္း အခ်က္ေပးဘဲလ္သံထြက္လာသည့္အခါ ေက်ာင္းသားေတြ တစ္စတစ္စ ထြက္လာၾကသည္။ ကြၽန္ေတာ္ ထရပ္လိုက္၏။ တျဖည္းျဖည္းမ်ားလာေသာ ေက်ာင္းသားေတြၾကားထဲမွ ကြၽန္ေတာ္႐ွိရာဘက္ကို ေျပးထြက္လာေသာ ပုံရိပ္ေလး။ အျပဳံးေတြျဖင့္ ႀကိဳမိသည္။
"Hyung"
"Jungkookie ေျဖႏိုင္လား"
႐ႊင္ျပဳံးေနေသာ မ်က္ႏွာျဖင့္ ေခါင္းညိတ္ျပေနေသာ အငယ္ေကာင္ေလး။ ငုံ႔က်လာေသာ ေခါင္းေလးကို အလိုက္သိစြာျဖင့္ အသာအယာ ပုတ္ေပးလိုက္သည္။
"ငါတို႔ Jungkookie က ေတာ္လိုက္တာ"
ကြၽန္ေတာ္ ခ်ီးက်ဴးစကားဆိုေတာ့ သေဘာက်သြားသည့္ မ်က္ႏွာေလးက အထင္းသား။
"သြားရေအာင္" လို႔ဆိုတာႏွင့္ လက္ကတြဲၿပီးသားပင္။
ေကာ္ဖီဆိုင္မွာ ႀကိဳတင္ေစာင့္ေနၾကၿပီျဖစ္ေသာ သူငယ္ခ်င္းေတြ႐ွိရာ စားပြဲဝိုင္းမွာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ၀င္ထိုင္လိုက္ေတာ့ လွည့္ၾကည့္လာၾကသည္မွာ စူးစူးစမ္းစမ္းေတြျဖင့္။ အသံေတြလည္း တိတ္ေနၾကတာေၾကာင့္ ကိုယ့္ကိုကိုယ္ပင္ အမွားလုပ္ထားတဲ့သူလို မလုံမလဲျဖစ္ကာ အေနရခက္လာသည္။ Jungkook က ေသာက္စရာယူဖို႔ ထသြားသည့္အခါ ကြၽန္ေတာ္ တစ္ေယာက္တည္း ေၾကာင္အမ္းအမ္း။
"ဘာ ဘာလဲ"
"မင္းတို႔ႏွစ္ေယာက္!"
"တြဲေနၾကတာလား"
ေမးခြန္းတစ္ခုကို တစ္ေယာက္တစ္၀က္စီခြဲေမးေတာ့ ကြၽန္ေတာ္ မ်က္ႏွာပူလာသည္။
"ဟုတ္ေနတာပဲ"
"အဲ့..အဲ့တာက..."
လူကို တရားခံစစ္သလို ၾကည့္ေနၾကေသာ သူငယ္ခ်င္းတစ္သိုက္ေၾကာင့္ စကားပင္ ေ႐ွ႕မဆက္ႏိုင္။ တမင္ဖုံးကြယ္ထားတာ မဟုတ္ေပမဲ့ လူသိ႐ွင္ၾကား ၀န္ခံရမည္ကိုလည္း ႐ွက္လွပါ၏။ ကြၽန္ေတာ္ နဲ႔ Jungkook အမွန္တကယ္ ခ်စ္သူေတြ ျဖစ္သြားခဲ့ျခင္းအေပၚ သူတို႔ ဘယ္လိုေတြမ်ား တုန္႔ျပန္လာမလဲဆိုတာကိုေတာ့ ေတြးပူမိခဲ့ဖူး၏။ လုံး၀ ေသခ်ာသလို ေကာက္ခ်က္ခ်လာသည္ကို ဘယ္လိုတုန္႔ျပန္႔ရမလဲ မသိျဖစ္ေနစဥ္ ေကာ္ဖီႏွစ္ခြက္နဲ႔အတူ Jungkook ျပန္ေရာက္လာသည္။
"ဘာျဖစ္လို႔လဲ Hyung"
ကြၽန္ေတာ္ ေခါင္းမေဖာ္ႏိုင္ေအာင္ ျဖစ္ေနေတာ့ သူတို႔ရဲ႕ ေမးခြန္းက Jungkook ဆီ ဦးတည္သြားသည္။
"မင္းတို႔ တြဲေနၾကတာလား Jungkook"
"ဟုတ္တယ္ေလ။ ဘာလို႔လဲ"
ေပါ့ေပါ့ပါးပါးပင္ ေျဖလိုက္သည့္အျပင္ ေမးခြန္းပါ ျပန္ေမးလိုက္ေသးေသာ Jungkook ကို ကြၽန္ေတာ္ မယုံႏိုင္သလို လွည့္ၾကည့္မိ၏။
"ထင္သားပဲ"
"ငါေျပာတယ္မလား"
"မတြဲဘူးဆိုရင္ေတာင္ ထူးဆန္းေနဦးမွာ"
တစ္ေယာက္တစ္ေပါက္ ဆိုေနၾကျပန္ေသာ သူငယ္ခ်င္းေတြေၾကာင့္ ကြၽန္ေတာ့္ နား႐ြက္ဖ်ားေတြပါ ပူတက္လာသလိုပင္။ ထူးဆန္းမေနၾကသလို၊ အျပစ္လည္းမဆို။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို အဆိုးဘက္က မျမင္ၾကပဲ လက္ခံေပးၾကသည္ကို ျမင္လိုက္ရေတာ့ ကြၽန္ေတာ္ သက္ျပင္းတစ္ခ်က္ မႈတ္ထုတ္မိသည္။
"ကဲ! စာေမးပြဲၿပီးၿပီဆိုေတာ့ ဒီတစ္ခါ ဘယ္သြားၾကမလဲ"
"ေတာင္ေပၚသြားၿပီးၿပီဆိုေတာ့ ပင္လယ္ဆိုရင္ေရာ"
သူတို႔သိခ်င္တာကို သိရၿပီးျဖစ္၍ ဘယ္သူကမွ ကြၽန္ေတာ္တို႔ဘက္ကို စကားဦး လွည့္မလာေတာ့ေပ။ ပုံမွန္အတိုင္း စာေမးပြဲအၿပီး သြားၾကမည့္အပန္းေျဖခရီးစဥ္ကို ေရးဆြဲေနၾကေတာ့သည္။
<<>>
ေန၀င္ခ်ိန္ လိေမၼာ္ေရာင္ေကာင္းကင္ေအာက္မွာ Jungkook ရဲ႕ လက္ကိုတြဲထားရင္း ကြၽန္ေတာ့္စိတ္ေတြ ၿငိမ္းခ်မ္းလို႔ေနသည္။ အရင္ လက္တြဲဆုပ္ကိုင္ခဲ့ဖူးေသာ အခ်ိန္မ်ားလို မဟုတ္။ ၾကည္ႏူးမႈေလးက ႏွလုံးသားတစ္ခုလုံးကို လႊမ္းျခဳံလ်က္႐ွိသည္။
"Jungkook! မင္းေရာ ဘယ္သြားခ်င္လဲ"
"Hyung"
"အင္း"
"ကြၽန္ေတာ္ နယ္ျပန္ရမယ္ဆိုတာကို သိတယ္မလား"
ၾကည္ႏူးမႈေတြထဲ ၀မ္းနည္းမႈေတြ စြန္းထင္းကုန္၏။ စာေမးပြဲၿပီးတိုင္း Jungkook က သူ႕ေမြးရပ္ဆီ ျပန္ေနၾကျဖစ္သည္ကို ကြၽန္ေတာ္ သတိလက္လြတ္ျဖစ္သြားခဲ့သည္ပဲ။ ေက်ာင္းပိတ္ရက္ေတြ ကုန္ဆုံးၿပီး ေက်ာင္းျပန္ဖြင့္မွ ျပန္လာေနၾကဆိုေတာ့ တစ္လေလာက္ၾကာမည္ျဖစ္သည္။ အရင္တုန္းက ေက်ာင္းပိတ္ရက္ေတြက ကြၽန္ေတာ့္အတြက္ လုံး၀ freedom။ ခုေတာ့ျဖင့္....။
ကြၽန္ေတာ္ စိတ္မၾကည္ေတာ့ပါ။ ကြၽန္ေတာ္တို႔ ခ်စ္သူစျဖစ္ကတည္းက ကိုယ္ပိုင္အခ်ိန္ဟူ၍ ေကာင္းေကာင္းမ႐ွိခဲ့ေသး။ ဒီအားလပ္ရက္မွာလည္း ခြဲရျပန္ဦးမည္။ အခုမွပင္ အတူ႐ွိခဲ့ေသာ အရင္အခ်ိန္ေတြကို ျပန္တရသည့္ အျဖစ္ေရာက္ေတာ့၏။
"Jungin Hyung ျပန္ေရာက္လာလို႔ အတူျပန္ၾကရမွာ။ ေတာင္းပန္ပါတယ္ Hyung ရယ္"
ထို႔ပါေသာေၾကာင့္ ခုဏက ေကာ္ဖီဆိုင္ေလးထဲ ခရီးထြက္ဖို႔ တိုင္ပင္ၾကစဥ္ Jungkook ဆီမွ အသံမၾကားရတာျဖစ္မည္။ ႏိုင္ငံရပ္ျခားက သူ႕အစ္ကိုကပါ ျပန္လာသည္ဆိုေတာ့ မသြားနဲ႔လို႔ ဆြဲထားရန္လည္း မတတ္ႏိုင္။ လူမႈေရး မသိတတ္ရာ က်မည္။ ဆိုေတာ့ျဖင့္ တစ္လေလာက္ေတာ့ သည္းခံရဦးမည္ေပါ့။ ကြၽန္ေတာ္တို႔မွာ တစ္လမကေသာ ေနာက္ထပ္ အခ်ိန္ေတြ အမ်ားႀကီး႐ွိေနၿပီပဲ။
သို႔ေပမဲ့ တစ္လတဲ့! တစ္ရက္ေတာင္မဟုတ္ပဲ ရက္သုံးဆယ္။ တစ္လႀကီးမ်ားေတာင္တဲ့!
<<>>
တစ္လမ္းလုံး စကားမေျပာေတာ့ပဲတိတ္ဆိတ္သြားသည့္ Hyung က ၀မ္းနည္းသြားတာျဖစ္မည္။ Hyung ရဲ႕ ျခံေ႐ွ႕ကို ေရာက္ေတာ့ ႏႈတ္ခမ္းေလးကေ႐ွ႕ကို သိသိသာသာ တိုးထြက္ကာ စူပုတ္ပုတ္ေလးျဖစ္ေနသည့္ မ်က္ႏွာေလးကို လက္ႏွစ္ဖက္ျဖင့္ ပင့္ယူလိုက္သည္။
"ကြၽန္ေတာ့္ကို ၾကည့္ပါဦး Hyung ရ"
ေမာ့ၾကည့္လာသည့္ မ်က္၀န္းေတြထဲမ်က္ရည္ေတြက တေဝ့လည္လည္။
"ကြၽန္ေတာ္လည္း မသြားခ်င္ေပမဲ့ Jungin Hyung ျပန္လာေတာ့ မိသားစုလိုက္ နယ္ကိုျပန္ၾကမယ္ ဆိုတာနဲ႔။ ဒီကေန ဘယ္ေလာက္မွ မေဝးဘူးေလ။ ကြၽန္ေတာ္တို႔ ေန႔တိုင္း video call ေျပာၾကမယ္။ ေန႔တိုင္း စာပို႔မယ္။ ေန႔တိုင္း ဖုန္းဆက္မယ္ ေနာ္"
ေခ်ာ့တဲ့ကေလး ပိုငိုဆိုသလိုပဲ။ ေဝ့ေနတဲ့ မ်က္ရည္ဥေတြက လွ်ံက်လုဆဲဆဲ ျဖစ္လာ၏။ ကြၽန္ေတာ့္ခါးကို တင္းၾကပ္ေနေအာင္ ဆြဲဖက္ၿပီး ရင္ခြင္ထဲ ေခါင္းတိုး၀င္လာသည့္ Hyung။ ရင္ခြင္ထဲ ကြက္တိျဖစ္ေနေသာ ကိုယ္ငယ္ေလးကို မခ်င့္မရဲျဖင့္ ျပန္လည္ ေထြးဖက္ထားလိုက္သည္။ ျဖစ္ႏိုင္ရင္ ဒီလူသားေလးႏွင့္ တစ္စကၠန္႔ေတာင္ ခြဲေနခ်င္သည္မဟုတ္ပါ။ ႏိုင္ငံျခားေရာက္ေနသည့္ အစ္ကိုက ဒီတစ္ခါ ပိတ္ရက္ျပန္လာမည္ျဖစ္တာေၾကာင့္ တစ္မိသားစုလုံး နယ္ကိုျပန္ၾကမည္။ ဒီၿမိဳ႕မွာ မေနခ်င္ဘဲ ေမြးရပ္ေျမကို လြမ္းလို႔ ျပန္ခ်င္ပါသည္ဆိုေသာ အစ္ကိုျဖစ္သူကို ေမတၱာပို႔ေနမိသည္မွာ အႀကိမ္ႀကိမ္။ သူ႕ေၾကာင့္ ကြၽန္ေတာ့္မွာ ခ်စ္သူႏွင့္ ခြဲေနေတာ့မည့္အေၾကာင္း ေျပာျပေတာ့ လူယုတ္မာသံႀကီးျဖင့္ ရယ္ေမာသည့္ အစ္ကိုရင္းကို တစ္စက္ကေလးမွ ၾကည့္မရ။
"ဘယ္ေန႔ သြားမွာလဲ"
"သဘက္ခါ Project တင္ၿပီး ညေနဘက္"
"ဟင္ အဲ့ေလာက္ျမန္ျမန္ႀကီး"
မ်က္၀န္းသြယ္ေလးထဲက ၀မ္းနည္းမႈေတြကို ျမင္ေလ အစ္ကိုဆိုသူကို မေက်နပ္ေလပင္။ ရင္ခြင္ထဲကို ျပန္တိုး၀င္လာသည့္ Hyung က ကြၽန္ေတာ့္ခါးေပၚက လက္ေတြကို ပို၍တင္းၾကပ္ပစ္သည္။ ကြၽန္ေတာ္သည္လည္း ကိုယ္ငယ္ေလးကို မလြတ္ထြက္သြားေစရန္ အလို႔ငွာ တင္းတင္းေလး ျပန္ဆြဲဖက္ထားလိုက္ပါသည္။
<<>>
ဖုန္းမ်က္ႏွာျပင္မွာ ေပၚေနသည့္ မ်က္ႏွာေလးဟာ ညိႇဳးညိႇဳးႏြမ္းႏြမ္း။ ခြဲေနရတာ ဒီေန႔ဆို ၁၀ ရက္ေျမာက္။
"ဘာျဖစ္လို႔လဲ Hyung။ ေနမေကာင္းဘူးလား"
"လြမ္းလို႔"
ကြၽန္ေတာ္ သေဘာတက်ရယ္လိုက္မိေတာ့ မ်က္ႏွာေလးက မ်က္ေမွာင္ေတြကုပ္လို႔ စူပုတ္ပုတ္ေလး ျဖစ္သြားသည္။
"ဘာရယ္တာလဲ!"
"သေဘာက်လို႔ပါ Hyung ရ။ ကြၽန္ေတာ္လည္း Hyung ကို လြမ္းတယ္"
ကုတင္ေပၚမွာ ေမွာက္အိပ္လ်က္ ေခါင္းအုံးကို လက္ႏွစ္ဖက္နဲ႔ ေပြ႕ၿပီး ေမးဖ်ားေအာက္မွာ ခုထားေသာေၾကာင့္ Hyung ရဲ႕ မ်က္ႏွာေလးက ေခါင္းအုံးထဲ ႏွစ္၀င္ေနကာ ပါးမို႔ေလးႏွစ္ဖက္က အေပၚကို တိုးထြက္ေနသည္။ ေသြးေရာင္ေျပးေနသည့္ ပါးေလးႏွစ္ဖက္ကို ေျပးဖက္နမ္းခ်င္စိတ္က တဖြားဖြား။
"ညေနစာေရာ စားၿပီးၿပီလား"
"အင္း။ လြမ္းတယ္။ ျပန္လာေတာ့"
Hyung ေသးေသးေလးဟာ ဒီလိုလည္း ခြၽဲတတ္ေသးျပန္ပါ၏။ သူ တစ္ခါခြၽဲလိုက္ရင္ ဒီလူ႕အသဲႏွလံဳးက တစ္ခါ အရည္ေပ်ာ္ရသည္။ ေတာင္းဆိုတာ၊ လိုခ်င္တာမွန္သမွ်ကို အစြမ္းကုန္ ျဖည့္ဆည္းေပးခ်င္လာသည္အထိ။
"ျပန္လာလိုက္ရမလား အခုခ်က္ခ်င္းပဲ။ ေဝးတာမွမဟုတ္တာ"
သူ႕အလုိကို လိုက္ေလ်ာေပးေတာ့လည္း ၿငိမ္က်သြားျပန္၏။
"ငါ အိပ္ေတာ့မယ္။ တာ့တာ"
႐ုတ္တရက္ႀကီး ဆက္သြယ္မႈ ျပတ္က်သြားေသာ ဖုန္းမ်က္ႏွာျပင္ကို ၾကည့္ေနရင္း ကြၽန္ေတာ္ အေၾကာင္သားျဖစ္သြားသည္။ တစ္ခါမွ ဒီလိုမ်ိဳး ျဖစ္သလို ႏႈတ္ဆက္ၿပီး ဖုန္းခ်ေလ့မ႐ွိ။ ႐ိႈက္သံစြက္ေနေသာ အသံေလးေၾကာင့္ ေသခ်ာသည္။ ဖုန္းခ်သြားၿပီးေနာက္ ကြၽန္ေတာ့္ Hyung ငိုေနေတာ့မည္။ ထိုအသိက ကြၽန္ေတာ့္ကို မီးေလာင္တိုက္သြင္း၏။ ထိုင္မရထမရ။ ဖုန္းျပန္ေခၚ႐ုံျဖင့္ ႏွစ္သိမ့္မႈ ျဖစ္မည္မဟုတ္တာ သိ၏။ ကိုယ္တိုင္လည္း ဖုန္းဆက္ၿပီး မေခ်ာ့ခ်င္။ နာရီကို လွမ္းၾကည့္ေတာ့ ၇နာရီ။ အေပၚထပ္အက်ႌတစ္ထည္ ဆြဲ၀တ္ၿပီး အိပ္ခန္းထဲက ေျပးထြက္လာလိုက္သည္။ ဧည့္ခန္းထဲမွာ ႐ွိေနသည့္ Jungin Hyung က ကြၽန္ေတာ့္ကို လွည့္ၾကည့္ၿပီး ေအာ္သည္။
"ဘယ္သြားမလို႔လဲ"
"ဆိုးလ္"
"ဘာ! ဆိုးလ္ကို ဒီအခ်ိန္ႀကီး။ ဟာ ေဟ့! ေဟ့ေကာင္"
အိမ္ထဲမွ အလ်င္စလိုေျပးထြက္လာေတာ့ Jungin Hyung ရဲ႕ ေအာ္သံေတြကို အျပည့္အ၀ မၾကားႏိုင္ေတာ့။ ျခံေ႐ွ႕ကို ထြက္လာရင္း ကြၽန္ေတာ့္လက္ကလည္း ဖုန္းကို ႏွိပ္လ်က္သား။ ကားဂိတ္ကို ဆက္သြယ္ေနရင္း ေနာက္ဆုံးကားျဖစ္ျဖစ္ မွီလိုက္ေစဖို႔ ဆုေတာင္းမိ၏။ ျခံေပါက္၀ ေရာက္ေတာ့ လက္ေမာင္းတစ္ဖက္ကို ေနာက္ကေန ေဆာင့္ဆြဲခံလိုက္ရသည္မုိ႕ နားမွာကပ္ထားသည့္ ဖုန္းက ကြာသြားသည္။
"ဒီအခ်ိန္ ဘာကားမွ မမွီေတာ့ဘူး အ႐ူးရဲ႕"
Jungin Hyung ရဲ႕ ေလသံက အျပစ္တင္ခ်င္ေနသည့္ဟန္။ နာရီကို ငုံ႔ၾကည့္ေတာ့ ၇ နာရီထိုးၿပီးသြားၿပီျဖစ္သည္။ စိတ္ပ်က္လက္ပ်က္ျဖစ္ကာ က်စ္ခနဲ စုတ္သပ္မိေတာ့ မ်က္လုံးေထာင့္ကေန လက္ခနဲျဖစ္သြားေသာ အရိပ္တစ္ခု။ အေပၚကို ေျမွာက္ကိုင္ထားေသာ Jungin Hyung ရဲ႕ လက္ထဲက ကားေသာ့။ ကြၽန္ေတာ္ ၀မ္းသာအားရ ျပဳံးျပလိုက္ပါေတာ့သည္။
<<>>
ခ်စ္ရသူ၏ မ်က္ႏွာေလးကို ျမင္ေနရေပမဲ့ စိတ္သေဘာ႐ွိသလို မၾကင္နာရေသာအခါ လြမ္းဆြတ္သတိရစိတ္ေတြက ထိန္းမႏိုင္သိမ္းမရ။ ၾကာရင္ မငိုခ်မိဘူးလို႔ ကိုယ့္ကိုကိုယ္ အာမ,မခံႏိုင္တာေၾကာင့္ ဖုန္းခ်လိုက္ရသည္။ ႐ုတ္တရက္ႀကီး ပစ္ပစ္ခါခါလုပ္သလို ျဖစ္သြားတာေၾကာင့္ Jungkook ဘက္က စိတ္ခုသြားေလမလား။ သို႔ေပမဲ့ ကြၽန္ေတာ္ မ်က္ရည္မထိန္းႏုိင္လုိက္ရင္ အေဝးေရာက္ေနသူ စိတ္ဆင္းရဲရမည္ကိုလည္း မလိုလား။ ဖုန္းကို ေဘးသို႔ တြန္းထုတ္လိုက္ၿပီးမွ ေခါင္းအုံးေပၚ မ်က္ႏွာအပ္ကာ က်ခ်င္ေနသည့္ မ်က္ရည္ပူေတြကို လြတ္ေပးလိုက္ေတာ့သည္။
အခ်ိန္တစ္ခုၾကာသည့္ေနာက္ က်ိန္းစက္ေနေသာ မ်က္လုံးေတြက ဖြင့္လို႔ပင္ မရေတာ့။ ႏြမ္းလ်ေသာ စိတ္အစဥ္ေၾကာင့္ လူက ခဏေလးအတြင္း အိပ္ေပ်ာ္သြားခဲ့ေတာ့သည္။
<<>>
Jungin Hyung က ကြၽန္ေတာ့္ကို ျခံေ႐ွ႕မွာ ခ်ေပးခဲ့ၿပီး ေဟာ္တယ္တစ္ခုမွာ သြားအိပ္မည္ဟု ဆိုကာ ထြက္သြားခဲ့ၿပီ။ ျခံတံခါး႐ွိ လူေခၚဘဲလ္ကို ႏွိပ္ဟန္ျပင္ၿပီးမွ လက္ကို ျပန္႐ုတ္လိုက္ရသည္။ ညႀကီးအခ်ိန္မေတာ္မုိ႕ အိပ္ေနမည့္ လူႀကီးေတြ အေႏွာင့္အယွက္ ျဖစ္လိမ့္မည္။
ထို႔ေၾကာင့္ ေျခလွမ္းကိုပါ ေနာက္ျပန္ဆုတ္ကာ တစ္ေယာက္ေသာသူကို ဖုန္းဆက္ေခၚမိ၏။ သူသည္လည္း အိပ္ေပ်ာ္ေနလိမ့္မလား။ ႐ိႈက္သံေလး တစ္ခုေၾကာင့္သာ ဘာမွမေတြးႏိုင္ဘဲ ထြက္လာခဲ့မိၿပီး ဒီကိုေရာက္ေတာ့ ည တစ္နာရီ ထိုးေတာ့မည္ျဖစ္သည္။ ကြၽန္ေတာ္ေရာက္ေနသည္ကို သိရင္ အံ့ဩသြားမည့္ မ်က္ႏွာအမူအယာေလး။ ေတြးၾကည့္႐ုံျဖင့္ ရင္ခုန္ရသည္။ ဖုန္း၀င္တာ အေတာ္ေလးၾကာၿပီးမွ ကိုင္သည္။ "ဟယ္လို" ဆိုသည့္ အသံေလးက အိပ္ေနရာက ႏိုးလာမွန္းသိသာစြာ လုံးလုံးေထြးေထြး။
"Hyung"
"အင္း"
"ကြၽန္ေတာ္ ျခံေ႐ွ႕မွာ"
"ေနာက္မေနနဲ႔"
"ကြၽန္ေတာ္ ခ်မ္းေနၿပီ Hyung ရ"
တစ္ဖက္က တိတ္က်သြားခဲ့ၿပီးမွ ၾကားလိုက္ရေသာ လႈပ္႐ွားသံေတြ။ ေျဖဆိုသူ မ႐ွိေတာ့ေသာ ဖုန္းကို ခ်လိုက္ရသည္။ မၾကာလိုက္ပါ။ ဝုန္းခနဲ ပြင့္လာေသာ ျခံတံခါးေနာက္ကေန ေျပးထြက္လာေသာ လူရိပ္ေလးတစ္ခု။
"Jungkook!"
"Hyung"
ပုခံဳးေတြကို ခုန္ဖက္ၿပီး လူေပၚတြယ္တက္လာေသာ ကိုယ္လုံးေလးကို မိမိရရ ထိန္းဖက္ထားလိုက္သည္။ ေျခေထာက္ေတြကို ခါးမွာခ်ိတ္ကာ လည္ပင္းသားထဲ မ်က္ႏွာအပ္လို႔ တင္းတင္းၾကပ္ၾကပ္ ဖက္ထားသူရဲ႕ ဆံပင္ပြပြေတြဆီ ဖိကပ္နမ္းၿပီး လြမ္းေနသမွ် ေျဖေဖ်ာက္ရသည္။ ကိုယ္နံ႔သင္းသင္းကို ရင္ဘတ္အျပည့္ ႐ွဴ႐ႈိက္မိသည့္အခါ စိတ္သက္သာရာရျခင္းက အတိုင္းအဆမ႐ွိ။ အကဲပိုတာ မဟုတ္။ အားလပ္ရက္ေတြ အိမ္ျပန္တိုင္း ကြၽန္ေတာ့္အလြမ္းေတြ ကြၽန္ေတာ္သာ သိသည္။ အခုတစ္ေခါက္ေတာ့ျဖင့္ ထိုအလြမ္းေတြကို ခ်ျပခြင့္ရသလို အလြမ္းေျဖခြင့္လည္း ရ၏။ ဒီလူသားကို ကြၽန္ေတာ္ တရား၀င္ ပိုင္ဆိုင္ႏိုင္ခဲ့ၿပီျဖစ္သည္။ ညည့္နက္ခ်ိန္ ပတ္၀န္းက်င္တစ္ခုလုံး တိတ္ဆိတ္ၿငိမ္သက္ေန၏။ အိပ္ရာမွ ထလာသူ၏ ကိုယ္ေငြ႕က ေႏြးေနေပမဲ့ ညေလေအးေအးကို လ်စ္လ်ဴ႐ႈဖို႔ မျဖစ္ႏိုင္။
"ေအးတယ္။ အိမ္ထဲ ၀င္ရေအာင္ေနာ္"
ဖက္တြယ္မႈထဲ ပိုလို႔တိုး၀င္သူက ကြၽန္ေတာ့္ကို တစ္စက္ကေလးမွ လြတ္မေပးခ်င္ေတာ့သည့္အလား။ ထို႔ေၾကာင့္ပင္ ျခံေ႐ွ႕ကေန အိပ္ခန္းထဲထိ ထိုကဲ့သို႔ေပြ႕ပိုက္လ်က္သား ၀င္လာခဲ့ရသည္။ အိမ္႐ွိလူ တစ္ေယာက္မွ မႏိုးလာသည္က ကံေကာင္းျခင္းျဖစ္မည္။
အိပ္ခန္းထဲ ေရာက္မွ ကုတင္ေပၚထိုင္ခ်ကာ မ်က္ႏွာေလးကို ခြာယူရသည္။
"မ်က္ႏွာေလးၾကည့္ရေအာင္ ျပပါဦး"
မို႔ေဖာင္းေဖာင္းေလးျဖစ္ေနသည့္ မ်က္လုံးေလးေတြက ငိုထားသည္မွာ အေသအခ်ာ။ လြမ္းေနခဲ့ရေသာ ထိုမ်က္ႏွာေလးကို ေနရာအႏွံ႔နမ္း႐ိႈက္ပစ္လိုက္သည္။
"မင္း တကယ္ေရာက္လာတယ္"
"အင္း မေနႏိုင္ေတာ့လို႔"
"လြမ္းေနတာ"
လူကို ျပန္ဆြဲဖက္ၿပီး ငိုမဲ့မဲ့အသံေလးျဖင့္ ခြၽဲေနေသာ Hyung ေသးေသးေလးကို ကြၽန္ေတာ္ အသည္းယားစြာျပန္လည္ ေထြးေပြ႕ထားလိုက္ေတာ့သည္။
<<>>
အလင္းေရာင္တစ္ခ်ိဳ႕ ျပတင္းလိႈက္ကာစၾကားထဲမွ အခန္းထဲသို႔ တိုး၀င္လာေသာအခါ ရင္ခြင္ထဲ႐ွိေနသည့္ လူသားေလးရဲ႕ မ်က္ေတာင္ေလးေတြ လႈပ္ခတ္လာသည္။ တစ္ဆက္တည္းဆိုသလို ျပဳံးသြားသည့္ ႏႈတ္ခမ္းေလးေတြ။ ထိုအျပဳံးႏုႏုက ကြၽန္ေတာ့္ဆီကိုပါ ကူးစက္လာ၏။ မ်က္၀န္းလွလွေလးမ်ားက ပင့္ေမာ့ၾကည့္လာသည့္အခါ နဖူးထက္ကို အနမ္းတစ္ပြင့္ ေႁခြခ်ျဖစ္သည္။
"ႏိုးၿပီလား"
"အင္း"
"ထေတာ့မလား"
"ဟင့္အင္း"
"ကြၽန္ေတာ္ ေရာက္ေနတာ သိရင္ အန္တီတို႔ လန္႔သြားေလာက္တယ္"
အိပ္ခ်င္မူးတူးမ်က္ႏွာေလးႏွင့္ ရယ္ျပလာသည္။ ဒီလိုမ်ိဳး အၿမဲတမ္း အတူတူႏိုးထရမယ္ဆိုရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲေလ။ ရင္ခြင္ထဲက ကိုယ္ေလးကို တစ္ခ်က္ ဖ်စ္ညစ္မိျပန္၏။
"Hyung ကြၽန္ေတာ့္ကို ေခၚထားပါလား"
"ဟင္"
"ဒီလိုေလးပဲ ေန႔တိုင္းေနရရင္ ေကာင္းမယ္။ Hyung နဲ႔ မခြဲခ်င္ေတာ့ဘူး"
"ဘယ္ေတာ့ျပန္မွာလဲ"
"ဟာ Hyung ရာ။ မခြဲခ်င္ပါဘူးဆိုမွ ျပန္ဖို႔စကားလာေျပာေနတယ္"
"ခုမွလာေျပာမေနနဲ႔။ မင္းကို ဘယ္သူက သြားခိုင္းလို႔လဲ"
"အင္းပါ။ ဟုတ္ပါၿပီ။ ကြၽန္ေတာ္မွားပါတယ္။ ဒီေလာက္ လြမ္းေနရမယ္မွန္းသိရင္ ေနခဲ့လိုက္ပါတယ္။ အဲ့ဒါ ေကာင္းက်ိဳးမေပးတဲ့ Jungin Hyung ေၾကာင့္"
အစ္ကိုျဖစ္သူကို က်ိန္ဆဲမိေတာ့ ပုခုံးေလးေတြ လႈပ္ေအာင္ရယ္လာသည့္ လူသားေကြးေကြးေလးေၾကာင့္ ကြၽန္ေတာ္ပါ လိုက္ရယ္မိသည္။
"မေန႔ညက ဘယ္လိုေရာက္လာတာလဲ"
"Jungin Hyung လိုက္ပို႔တာ"
"ဟင္ အခုေရာ"
"ဘာကိုလဲ"
"ညႀကီးကို ဒီတိုင္းျပန္လႊတ္လိုက္တာလား"
"မသိဘူး!"
"ဘာကို မသိတာလဲ"
"ထားလိုက္ပါ Hyung ရာ။ သူ႕ဟာသူ ဘာျဖစ္ျဖစ္။ သိပ္ေက်နပ္တာမဟုတ္ဘူး သူ႕ကို"
"ကိုယ့္အစ္ကိုကို မင္းကေတာ့"
"ဘယ္လိုလဲ။ ကြၽန္ေတာ့္ကို ေခၚထားမယ္မလား"
"မင္း ေနခ်င္ရင္ေနေလ။ ေက်ာင္းဖြင့္ရင္ အန္တီတို႔ ျပန္လာၾကမွာမလား။ အဲ့က်မွ အိမ္ျပန္ေနေပါ့"
"သြားလိုက္ျပန္လိုက္ မလုပ္ခ်င္ပါဘူး။ အလုပ္႐ႈပ္တယ္။ ေခၚရင္ေတာ့ တစ္သက္လုံးေခၚထား"
"အခုကတည္းက ျပန္လိုက္မလား"
"မျပန္ပါဘူး!"
Hyung ေသးေသးေလးအား တစ္ကိုယ္လုံးကို သိမ္းက်ံဳးေပြ႕ကာ ရင္ဘတ္ေပၚတင္ၿပီး လက္ေမာင္းေတြျဖင့္ ညႇစ္ပစ္လိုက္ေတာ့ ကြၽန္ေတာ္ လုပ္သမွ်ကို သေဘာတက် ၿငိမ္ခံေနမယ္ထင္ရင္ မွားပါလိမ့္မည္။ ရင္ဘတ္ကို ကုန္းကိုက္ပစ္လိုက္တာမ်ား အားႀကီးႏွင့္။ ကြၽန္ေတာ္ အသံၿပဲႏွင့္ ေအာ္မိေတာ့မွ ေက်နပ္သလို မ်က္ခုံးပင့္ၿပီး ၾကည့္ေန၏။ သူ ကိုက္ထားသည္ကို မနာႏိုင္။ မင္း ဘာတတ္ႏိုင္ေသးလဲ ဆိုသည့္ဟန္ျဖင့္ ပုခုံးတစ္ဖက္ပင့္လို႔ ႏႈတ္ခမ္းတစ္ဖက္ကို မဲ့ထားကာ ငုံ႔ၾကည့္ေနသည့္ မ်က္ႏွာကို အသည္းတယားယား ႐ႈစားျဖစ္၏။ မနက္ခင္း ေနေရာင္အလင္းေၾကာင့္ ႏုစင္ၾကည္သည့္ အသားအရည္က ဝင္းအိေန၏။ ထိုမ်က္ႏွာလွလွဆီ တိုးကပ္သြားၿပီး ႏႈတ္ခမ္းအိအိေတြကကို ျမတ္ႏိုးစြာ ယုယစြာျဖင့္ နမ္း႐ိႈက္မိသည္။ ကြၽန္ေတာ့္ရင္ဘတ္ေပၚမွာ ထပ္လ်က္႐ွိေနသည့္ အေနအထားျဖင့္ ပုခုံးေတြကို သိုင္းဖက္လာၿပီး နမ္းေနသည့္ၾကားက ႏႈတ္ခမ္းေလးေတြက ျပဳံးသြားေသးသည္။
ေႂကြၿပီးသားလူကို ထပ္ေႁခြခ်င္ေနေသးေတာ့လည္း သေဘာေပါ့။ Hyung အတြက္ဆို ကြၽန္ေတာ္က က်႐ႈံးၿပီးသားပဲ။ ဒါကိုမွ အႏိုင္လိုခ်င္ေသးရင္လည္း ဒီလူက လိႈက္လိႈက္လွဲလွဲ ေပးအပ္ဖို႔ အသင့္။ ဒါေပမဲ့ Hyung သိေအာင္ေျပာျပခ်င္ေသး၏။ ကြၽန္ေတာ္ဟာ Hyung ႐ွိေနမွ ႐ွင္သန္ႏိုင္မည့္လူ။ Hyung ရဲ႕ ခ်စ္ျခင္းေတြကို စားသုံးရမွသာ ေပ်ာ္႐ႊင္ျခင္းကို ခံစားႏိုင္မည့္လူ။ ကြၽန္ေတာ့္လက္ကို တြဲထားသူဟာ Jimin ဆိုသည့္ Hyung ျဖစ္ေနမွသာ ေန႔ရက္ေတြကို ေ႐ွ႕ဆက္ႏိုင္မည့္လူ ျဖစ္ေၾကာင္း။
ကြၽန္ေတာ့္ အသည္းတစ္ျခမ္းကို ရက္ေရာစြာေပးၿပီး သက္ေသတည္ခ်င္သည္။ ကြၽန္ေတာ္ရဲ႕ စိတ္ဝိဉာဥ္ခႏၶာအားလုံးဟာ Hyung အပိုင္။
ကြၽန္ေတာ့္ျဖစ္တည္ျခင္းေတြ ၿမဲဖို႔ ေက်းဇူးျပဳ၍ ဘ၀အဆုံးတိုင္ ကြၽန္ေတာ့္ အနားမွာ႐ွိေနေပးပါ Hyung........။
---The End---
အစမွအဆုံးထိ အတူတူရွိေပးခဲ့ၾကတဲ့အတြက္ အားလုံးကို ေက်းဇူးတင္ပါတယ္ ။
ကြၽမ္းက်င္သူမဟုတ္တာေၾကာင့္ ဒီ story ေလးထဲ အမွားေတြရွိရင္လည္း နားလည္ေပးမယ္လို႔ ထင္ပါတယ္ ။
အားလုံးပဲ တာ့တာ။