Embracing him is like breathi...

By Ti__Shu

732K 60.4K 1.9K

• Omegaverse • သူ႔ကိုေထြးေပြ႕ရတာ အသက္ရွဴေနရသလိုပဲ။ ရပ္တန႔္ပစ္လို႔မရဘူး။ သူ့ကိုထွေးပွေ့ထားရတာ အသက်ရှူနေရသလိ... More

Unofficial Guide to the Omegaverse
My Omega - 1
My Omega - 3
My Omega - 4
My Omega - 5
My Omega - 6
My Omega - 7
My Omega - 8
My Omega - 9
My Omega - 10
My Omega - 11
My Omega - 12
My Omega - 13
My Omega - 14
My Omega - 15
My Omega - 16
My Omega - 17
My Omega - 18
My Omega - 19
My Omega - 20
My Omega - 21
My Omega - 22
My Omega - 23
My Omega - 24
My Omega - 25
My Omega - 26
My Omega - 27
My Omega - 28
My Omega - 29
My Omega - 30
My Omega - 31
My Omega - 32
My Omega - 33
My Omega - 34
My Omega - 35
My Omega - 36
My Omega - 37
My Omega - 38
My Omega - 39
My Omega - 40
My Omega - 41
My Omega - 42
My Omega - 43
My Omega - 44
My Omega - 45
My Omega - 46
My Omega - 47
My Omega - 48
My Omega - 49
My Omega - 50
My Omega - 51
My Omega - 52
My Omega - 53
My Omega - 54
My Omega - 55
My Omega - 56
My Omega - 57
My Omega - 58
My Omega - 59
My Omega - 60
My Omega - 61
My Omega - 62
My Omega - 63
My Omega - 64
Bachelor Night
Wedding D-Day
The Most Precious Moment in Life
Quarantine Special - Extra
Tell me your wish | Extra
7 Again - Sai [ Extra ]
7 Again - Sitt [ Extra ]
Mini-skirt - [ Extra ]
Farewell ...
Honey Moon : Special 1
Honey Moon : Special 2
Honey Moon : Special 3
Honey Moon : Special 4
Honey Moon : Special 5
Honey Moon : Special (End)
New Fic !!

My Omega - 2

21.4K 1.6K 22
By Ti__Shu

- ZawGyi -

စိုင္းရံုးခန္းထဲ သို႔ဝင္လာကာ ထိုင္ေနက်စားပြဲခံုတြင္ဝင္ထိုင္လိုက္သည္။ ေရွ႕စားပြဲေပၚတြင္ ဖိုင္ေတြကေတာင္လိုပံုေနသည္။ သို႔ေသာ္လည္း ထိုဖိုင္မ်ား၏ေရွ႕တြင္ ဖန္ျဖင့္ျပဳလုပ္ထားေသာ နာမည္ကတ္ျပားရွိသည္။ ထိုနာမည္ကပ္ျပားတြင္ေရးထိုးထားသည္က CEO of Solar Ecplise ပင္ျဖစ္သည္။

ဖင္ပူေအာင္ေတာင္ခံုတြင္မထိုင္ရေသး အခန္းထဲကိုလက္မွတ္ထိုးခိုင္းဖို႔ အတြင္းေရးမွဴးမေလး တိမ္ပြင့္လႊာသည္ ရံုးခန္းထဲသို႔ဝင္ခြင့္ရရန္ ဦးစြာပထမတံခါးေခါက္ေလသည္။

ေဒါက္ ... ေဒါက္ ... ေဒါက္

"ဝင္ခဲ့..."

စိုင္းဆီက ဝင္ခြင့္ျပဳေသာအသံၾကားမွ ဖိုင္ေလးပိုက္ကာ ရံုးခန္းထဲသို႔ဝင္လာခဲ့သည္။ 

"ဆရာ... ဒီေန႔ ၁၀နာရီမွာ meeting ရွိပါတယ္။ မတက္မျဖစ္ပါ မမၾကယ္ေလးမနက္ေလးတင္ကမွဖုန္းဆက္ထားတာပါ။ ရွယ္ယာကိစၥရယ္ resort အသစ္ဖြင့္ဖို႔ကိစၥေဆြးေႏြးမွာျဖစ္တာေၾကာင့္ပါဆရာ"

"ဒါပဲလား... "

"ဟုတ္ကဲ့ဆရာ ဒီေန႔အတြက္ကဒီေလာက္ပါပဲ"

"သြားလို႔ရၿပီ"

"ဟုတ္ကဲ့၊ ခြင့္ျပဳပါဦးဆရာ... "


ေကာင္းၿပီဆိုတဲ့အဓိပၸာယ္ျဖင့္ေခါင္းအသာ ညိတ္ျပလိုက္သည္။ မ်က္ႏွာကိုေတာ့ေမာ့မၾကည့္ လာေပးသြားေသာ စာရင္းဖိုင္ကိုသာမ်က္ႏွာအပ္၍ၾကည့္ေနလိုက္သည္။ လႊာလည္း စိုင္းဆီကိုဖိုင္လာေပးၿပီး အစည္းအေဝးလုပ္ဖို႔ျပင္ဆင္ရအံုးမည္။ လႊာ့နာမည္က တိမ္ပြင့္လႊာ၊ စိုင္းရဲ႕အသစ္စက္စက္ အတြင္းေရးမွဴးမေလးပါ။

ဟိုးတေလာကဘဲေငြအလြဲသံုးစားလုပ္မႈနဲ႔ အလုပ္ျဖဳတ္ထားတဲ့အတြက္ အတြင္းေရးမွဴးေနရာလစ္ဟင္းေနသည္။ ဦးေနမင္းသာရဲ႕မိတ္ေတြတစ္ဦးရဲ႕ သမီးျဖစ္တာေၾကာင့္လဲပါသည္။ မိတ္ေဆြမ်က္ႏွာေထာက္ကာ အတြင္းေရးမွဴးေနရာအစားထိုးခန္႔အပ္ထားျခင္းျဖစ္သည္။ Omega ျဖစ္တာေၾကာင့္ စိုင္းကအေရးႀကီးမွသာ စကားေခၚေျပာသည္။ မဟုတ္လွ်င္ ဖာသိဖာသာေနသည္။

အဘယ္ေၾကာင့္ဆိုေသာ္ Omega ေတြ heat ထြက္ရင္ ရနံ့တစ္မ်ိဳးစီကိုယ္တြင္းမွ ထုတ္လႊတ္ကာ အနီးအနားရွိ alpha မ်ားကိုဆြဲေဆာင္ၾကသည္။ စိုင္းက alpha ျဖစ္တာေၾကာင့္ အနံ့ခံအားေကာင္းသည္။ သို႔ေသာ္ ယခုအခ်ိန္အထိ ဘယ္ omega ကိုမွစိတ္မဝင္စားခဲ့သလို သူတို႔ဆီကထြက္တဲ့ heat ရနံ့ေတြကိုလဲ မႀကိဳက္ခဲ့ေပ။ Omega မ်ားကိုစိတ္မဝင္စားရသည့္အေၾကာင္းက omega တိုင္းလိုလိုေပ်ာ့ညံ့တတ္၊ အားငယ္တတ္၍ တပါးသူအေပၚမွီခိုလြန္းေသာေၾကာင့္ ျဖစ္သည္။

ပံုမွနိဆို ကုမၸဏီတြင္ omega မ်ားကိုအလုပ္ေနရာေပးေလ့၊ ခန္႔ေလ့မရွိေပ။ လုပ္ရည္ကိုင္ရည္ေကာင္းၿပီး၊ သန္မာေသာ alpha ႏွင့္ beta မ်ားကိုသာဦးစားေပးခန္႔ေလသည္။ လႊာကေတာ့ခၽြင္းခ်က္... ။ ဦးေနမင္းသာကိုယ္တိုင္က မိတ္ေဆြေကာင္းရဲ႕သမီးကို ေနရာေပးလိုတာရယ္၊ စိုင္းကလည္း အေဖ့ဆႏၵမလြန္ဆန္ခ်င္တာနဲ႔  လစ္ဟာေနတဲ့အတြင္းေရးမွဴးေနရာသို႔ အလုပ္ခန္႔လိုက္ျခင္းျဖစ္သည္။

စာရင္းဖိုင္မ်ားစစ္သည္က စစ္၊ လက္မွတ္ဖိုးသည္ကထိုးႏွင့္ နာရီကိုၾကည့္ေတာ့ ၁၀ နာရီေတာင္ရွိၿပီျဖးစ္သည္။ ၁၀နာရီတြင္ အစည္းအေ းရွိသည္ဟူ၍ schedule ရွိသည့္အတြက္ ထိုအတိုင္း အစည္းအေဝးသြားရအံုးမည္။  CEO ဆိုၿပီး ဟန္နဲ႔ပန္နဲ႔ေနရမယ္မထင္ပါႏွင့္။  ကုမၸဏီေရာက္ထဲက ကဏာမၿငိမ္ရတာ အခုလဲအစည္းေဝးခန္းထဲမွာ လူကသာထိုင္ေနရတာ ပါးစပ္ကအၿငိမ္မေနရ အေရးႀကီးကိစၥဆိုေတာ့လဲ အႀကိတ္အနယ္ ရွယ္ယာရွင္မ်ား၊ လုပ္ငန္းရွင္မ်ားႏွင့္အတူ ဆြးေႏြးရျပန္သည္။


"ကၽြန္ေတာ့အေနနဲ႔ေျပာရရင္ ရွယ္ယာကိစၥကိုလက္ခံေပးလို႔ရေပမဲ့ resort အသစ္ထပ္ထည့္ေပးရတာေတာ့ အနည္းငယ္ျပႆနာရွိမယ္ "

ေဘးနားမွာအဆင္သင့္ရပ္ေနတဲ့ လႊာ့ကို စိုင္းက မ်က္ႏွာရိပ္ျပလိုက္ေတာ့ သူမက ျပင္ထားတဲ့ PowerPoint ကို projector နဲ႔ join ၿပီးဖြင့္ေပးလိုက္သည္။


"ဒီမွာျပင္တဲ့အတိုင္းပါဘဲ အခုလက္ရွိဟိုတယ္အျပင္ resort ၃ ခု run ေနရတဲ့အတြက္ ေနာက္ထပ္အသစ္တစ္ခုထပ္ေဆာက္ဖို႔ဆိုတာ အေတာ္ခက္ခဲပါမယ္ ဒါေၾကာင့္ဒီ resort အသစ္ကိစၥကိုကၽြန္ေတာ့အမ ျပန္လာမွဘဲ ထပ္ၿပီးေဆြးေႏြးတာအေကာင္းဆံုးျဖစ္မွာပါ၊ Lunar ဘက္နဲ႔ခ်ိတ္ဆက္ၿပီးအလုပ္လုပ္ေနရတဲ့အတြက္ ကိုယ္ဘက္ကဘဲအဆင္ေျပေနရင္ မမၾကယ္တို႔ဘက္က tour packages ေတြမေလာက္တာတို႔ဆိုရင္ အဆင္မေျပႏိုင္ပါဘူး ဒါေၾကာင့္ဒီေခါင္းစဥ္ကို ေနာက္ကိုေရြ႕ထားဖို႔ဘဲအၾကံျပဳပရေစ"

စိုင္းေထာက္ျပသည့္အခ်က္ကလည္း ဟာကြက္မရွိေတာ့ သိပ္ျငင္းဆန္မေနၾကေတာ့ဘဲ လက္ခံၾကတယ္။ အတန္ၾကာေအာင္ေဆြးေႏြးၾကၿပီးေနာက္ အစည္းအေဝးလဲၿပီးဆံုးသြားခဲ့သည္။  အသီးသီး အစည္းေဝးခန္းထဲကေနၿပီး အလ်ိဳလ်ိဳထြက္ခြာသြားၾကၿပီး။ စိုင္းကေတာ့ထိုင္ခံုတြင္ထိုင္ကာ ေနာက္ကိုအသာမွီခ်လ်က္ မ်က္လံုးမွိတ္ကာခဏတာ အေမာေျဖေနသည္။

"ဆရာ... "

"အင္း... "

လႊာ့အသံကိုမ်က္လံုးပိတ္ထားရာမွ ၾကားခံလိုက္ေတာ့ မ်က္လံုးတစ္ဖက္ဖြင့္ကာျပန္ထူးေလသည္။

"ဆရာ ဟိုေလဆရာ့သူငယ္ခ်င္းေတြေရာက္ေနၾကတယ္ ရံုးခန္းထဲမွာဆရာ... "

"ဟုတ္လား... "

"ဟုတ္ကဲ့ဆရာ နည္းနည္းေတာ့ၾကာၿပီ အစည္းအေဝးအလယ္ေလာက္ကေရာက္ေနတာ ဆရာစကားေျပာတာအာရံုပ်က္မွာစိုးလို႔ အဲ့ဒါ... "

"အင္း ရၿပီကိုယ္သြားေတြ႕လိုက္မယ္ မင္းလဲနားေတာ့ "

"ဟုတ္ကဲ့ဆရာ... "


လႊာေျပာသည့္အတိုင္း ရံုးခန္းဆီကိုဘဲအျမန္သြားရတယ္ ၾကာရင္ဒီေမ်ာက္ေလာင္းေတြေၾကာင့္ ရြာပ်က္သြားလိမ့္မည္။ ရံုးခန္းနားလဲေရာက္ေရာ တံခါးဆြဲဖြင့္လိုက္ေကာ ၾကားလိုက္ရတာက


"ေဟ့... ဟိုမွာ ကယ္ပါေကာင္လာၿပီ"

"ဘယ္ကကယ္ပါျဖစ္ရမွာလဲ ငယ္ပါပါကြာ ဟား... ဟား... ဟား... "


ဆီးႀကိဳႏွုတ္ဆက္ၾကတာကေတာ့ ယဥ္ယဥ္ေက်းေက်းေလးပါပဲ။ စိ္ုးရဲ႕သူငယ္ခ်င္းႏွစ္ေယာက္ ျဖစ္တဲ့ တံခြန္နဲ႔ ေတဇလိုက္လဲလိုက္တဲ့ႏွစ္ေကာင္ ညီအကိုလို႔မေျပာရဘူးတသံထဲကို အာၿပဲလွ်ာၿပဲနဲ႔ ကုမၸဏီ CEO ကို ငယ္ပါေတြ ကယ္ပါေတြေကာက္ေခၚပစ္ၾကတာ။

"မင္းႀကီးေတာ္ႀကီးကို ကယ္ပါေတြငယ္ပါေတြကမွာလား ေခြးသားေတြ ကမ႓ာကြ ကမ႓ာ စိုင္းကမ႓ာကြ ဘယ္ႏွယ့္ရာရာစစ"

"ေအးပါကြာမင္းကလဲစတာကို စိတ္ႀကီးဘဲ"

"ဘာကိစၥလဲ ငါ့ဆီလာတာ မင္းတို႔မွာလုပ္စရာအလုပ္ေလးပါေလး မရွိဘူးလား"

တံခြန္ေကာ ေတဇေကာက သူေဌးသားေတြႀကီးပါဘဲ တစ္ေယာက္ကေတးေရးဆရာ တစ္ေယာက္ကအဆိုေတာ္ ညီအကိုေတြမေျပာရဘူး အလုပ္လုပ္တာကအစ အတိုင္အေဖာက္ကိုညီေနေကာ။

"အလုပ္ရွိတာေပါ့ မင္းလိုစားပြဲေပၚမွာထိုင္လိုက္ ေအးေဆးလက္မွတ္ေလးထိုးလိုက္ အေညာင္းေျပလမ္းေလွ်ာက္လိုက္လုပ္ေနတာမဟုတ္ဘူး ေနာက္ထပ္စီးရီးထြက္ဖို႔လုပ္ေနတာ ႏွစ္ေယာက္လံုးမအားဘူး "

"ဒီ ေဖ.... အင္း... "

အခုကုမၸဏီမွာေရာက္ေနတာေၾကာင့္ အက်ယ္ႀကီးေအာ္မဆဲလို စိုင္းေျပာမဲ့စကားေတြမ်ား အလံုးလိုက္ျပန္မ်ိဳခ်လိုက္ရသည္။


"ဘာကိစၥလဲငါ့ဆီကိုလာတာ"

"ဘာကိစၥကမွာတုန္း club သြားမယ္ေလကြာ "

"အားအားယားယား မင္းတို႔ဘာသာသြားၾက မင္တို႔လိုအားေနယားေနတဲ့ေကာင္မ်ားမွတ္ေနလား ငါ့မွာလုပ္စရာေတြမွေတာင္လိုပံုလို႔"

"မလိုက္ဖူးလား"

"လိုက္စရာလား သြားစရာရွိတာသြားၾက"

"ok ေလရတယ္ ဟိုတေန႔ကမင္းအရက္ေတြမူးလာလို႔ အိမ္တံခါးဖြင့္မရတာနဲ႔မင္းမိဘအိမ္ကို ငါတို႔ဘဲလိုက္ပို႔ရတာေလ ေအးမင္းမူး႐ူးလာတဲ့အေၾကာင္းမင္းဘိုးေတာ္ကိုသြားေျပာလိုက္ လို႔ကေတာ့... "

"ေဟ့ေတာ္ ေတာ့ရၿပီခဏေစာင့္ငါလိုက္ခဲ့မယ္"

"အဲ့လိုလိမၼာမွေပါ့ကြ"


သူတို႔ႏွစ္ေယာက္ေျပာတာကိုလဲ စိုင္းအျငင္းႏိုင္ကိုယ္ကိုတိုင္ကလဲ မူးေနေတာ့ကိုယ့္အိမ္တံခါးကိုယ္ ဖြင့္မရတာေၾကာင့္ အေစအပါးႏွင့္လံုျခံဳေရးမ်ားရွိသည့္ မိဘေတြအိမ္ကိုဘဲေရာက္သြားရသည္။ ဦးေနမင္းသာနဲ႔ေဒၚလမင္းေမကေတာ့ အရက္ေသာက္ၿပီးျပန္လာတယ္ဆိုတာမသိေသး။ မသိေအာင္လဲတမင္ သူမႈးလာသည္ကိုေတြ႕ေသာသူမ်ားကိုနႈတ္ပိတ္ခဲ့ျခင္းျဖစ္သည္။

သိမ်ားသိရင္ မိုးမီးေလာင္မွာအေသခ်ာပင္။ ႏွစ္ေယာက္လံုးကစိတ္ကလဲဆတ္ေတာ့ အသက္ဘယ္ေလာက္ႀကီးႀကီး ရာထူးဘယ္ေလာက္ဘဲရွိရွိေက်ာျပင္ကိုေဗ်ာတင္ ခံရမွာအေသအခ်ာဒါေၾကာင့္လဲ ဟိုငေမႊထိုးႏွစ္ေကာင္နဲ႔အတူ club သြားဖို႔ဘဲဆံုးျဖတ္လိုက္သည္။


"လာသြားမယ္... "

လိုခ်င္တာရသြားတဲ့႐ုပ္ေတြနဲ႔ ေနာက္ကေနစပ္ၿဖီးၿဖီးလိုက္လာၾကသည္။ လမ္းမွာ လႊာနဲ႔ေတြ႕ေတာ့ မွာစရာရွိတာမွာထားခဲ့ေသးသည္။ မ်က္ႏွာခဲပစ္ထားခဲ့လို႔မရ။ အေရးႀကီးကိစၥရွိလွ်င္ဖုန္းဆက္ျဖစ္ေအာင္ ဆက္ေခၚရန္သာမွာခဲ့သည္။

"ေဟ့ေကာင္ ကမ႓ာ. . .  "

"ေအး.. "

"ဟိုေကာင္မေလးက မင္းအတြင္းေရးမွဴးအသစ္ေလးလား"

"ေအးဘာလို႔လဲ..."

"အနံ့ေလးကလဲသင္းၿပီး ေမႊးေနတာဘဲ omega ေလးျဖစ္ရမယ္ ဝိုက္လိုက္ရကြာ"


တံခြန္ေကာ ေတဇေကာက alpha ျဖစ္တာေၾကာင့္ အနံ့ခံေကာင္းၾကသည္။ ဒါေၾကာင့္လဲလႊာကိုကိုက္စားမတတ္ကိုလိုက္ၾကည့္ေနၾကျခင္းျဖစ္သည္။


"မင္းတို႔ဝိုက္ခ်င္ရင္ ငါ့အမကိုဝိုက္ၾကပါလား၊ မမၾကယ္ေလ"

စိုင္းကမထီသည့္မ်က္ႏွာေပးျဖင့္ မ်က္ခံုးတြန္႔ကာေျပာေတာ့ ...

"ေတာ္ပါကြာ မမၾကယ္ကိုေတာ့အလကားေပးေတာင္မယူဘူး alpha ထဲမွာေတာ္ေတာ့္ကိုသန္မာတာ အနားကိုမကပ္ႏိုင္ဘူး ေအးေဆးဘဲ  club သြားရေအာင္"

"ေအးပါ... ေအးပါ..."


ၾကယ္ပန္းခ်ီကိုေၾကာက္ၾကတာလဲ မေျပာနဲ႔သူမကစိုင္းလိုမဟုတ္ အတိုက္အခိုက္လဲကၽြမ္းသလို မာနကလဲႀကီးသည္။ ေတာ္ရံုလူသူမနားကိုကပ္လို႔မရ။ ဒီလိုမာနေတြ ေရွ႕တန္းတင္ေနလို႔ စိုင္းအမေရာင္းမထြက္တာလဲေျပာမေနနဲ႔ ... အေျပာေလးေတြေလ်ာ့ကာ ကားပါကင္သို႔ထြက္လာၾကသည္။

စိုင္းတို႔သူငယ္ခ်င္းသံုးေယာက္ club သြားဖို႔အတြက္ parking lot ထဲကအမဲေရာင္ BMW တစ္စီးေပၚတင္တာ club သို႔ထြက္ခြာလာခဲ့သည္။

❖ ❖ ❖


- Unicode -

စိုင်းရုံးခန်းထဲ သို့ဝင်လာကာ ထိုင်နေကျစားပွဲခုံတွင်ဝင်ထိုင်လိုက်သည်။ ရှေ့စားပွဲပေါ်တွင် ဖိုင်တွေကတောင်လိုပုံနေသည်။ သို့သော်လည်း ထိုဖိုင်များ၏ရှေ့တွင် ဖန်ဖြင့်ပြုလုပ်ထားသော နာမည်ကတ်ပြားရှိသည်။ ထိုနာမည်ကပ်ပြားတွင်ရေးထိုးထားသည်က CEO of Solar Ecplise ပင်ဖြစ်သည်။

ဖင်ပူအောင်တောင်ခုံတွင်မထိုင်ရသေး အခန်းထဲကိုလက်မှတ်ထိုးခိုင်းဖို့ အတွင်းရေးမှူးမလေး တိမ်ပွင့်လွှာသည် ရုံးခန်းထဲသို့ဝင်ခွင့်ရရန် ဦးစွာပထမတံခါးခေါက်လေသည်။

ဒေါက် ... ဒေါက် ... ဒေါက်

"ဝင်ခဲ့..."

စိုင်းဆီက ဝင်ခွင့်ပြုသောအသံကြားမှ ဖိုင်လေးပိုက်ကာ ရုံးခန်းထဲသို့ဝင်လာခဲ့သည်။ 

"ဆရာ... ဒီနေ့ ၁၀နာရီမှာ meeting ရှိပါတယ်။ မတက်မဖြစ်ပါ မမကြယ်လေးမနက်လေးတင်ကမှဖုန်းဆက်ထားတာပါ။ ရှယ်ယာကိစ္စရယ် resort အသစ်ဖွင့်ဖို့ကိစ္စဆွေးနွေးမှာဖြစ်တာကြောင့်ပါဆရာ"

"ဒါပဲလား... "

"ဟုတ်ကဲ့ဆရာ ဒီနေ့အတွက်ကဒီလောက်ပါပဲ"

"သွားလို့ရပြီ"

"ဟုတ်ကဲ့၊ ခွင့်ပြုပါဦးဆရာ... "


ကောင်းပြီဆိုတဲ့အဓိပ္ပာယ်ဖြင့်ခေါင်းအသာ ညိတ်ပြလိုက်သည်။ မျက်နှာကိုတော့မော့မကြည့် လာပေးသွားသော စာရင်းဖိုင်ကိုသာမျက်နှာအပ်၍ကြည့်နေလိုက်သည်။ လွှာလည်း စိုင်းဆီကိုဖိုင်လာပေးပြီး အစည်းအဝေးလုပ်ဖို့ပြင်ဆင်ရအုံးမည်။ လွှာ့နာမည်က တိမ်ပွင့်လွှာ၊ စိုင်းရဲ့အသစ်စက်စက် အတွင်းရေးမှူးမလေးပါ။

ဟိုးတလောကဘဲငွေအလွဲသုံးစားလုပ်မှုနဲ့ အလုပ်ဖြုတ်ထားတဲ့အတွက် အတွင်းရေးမှူးနေရာလစ်ဟင်းနေသည်။ ဦးနေမင်းသာရဲ့မိတ်တွေတစ်ဦးရဲ့ သမီးဖြစ်တာကြောင့်လဲပါသည်။ မိတ်ဆွေမျက်နှာထောက်ကာ အတွင်းရေးမှူးနေရာအစားထိုးခန့်အပ်ထားခြင်းဖြစ်သည်။ Omega ဖြစ်တာကြောင့် စိုင်းကအရေးကြီးမှသာ စကားခေါ်ပြောသည်။ မဟုတ်လျှင် ဖာသိဖာသာနေသည်။

အဘယ်ကြောင့်ဆိုသော် Omega တွေ heat ထွက်ရင် ရနံ့တစ်မျိုးစီကိုယ်တွင်းမှ ထုတ်လွှတ်ကာ အနီးအနားရှိ alpha များကိုဆွဲဆောင်ကြသည်။ စိုင်းက alpha ဖြစ်တာကြောင့် အနံ့ခံအားကောင်းသည်။ သို့သော် ယခုအချိန်အထိ ဘယ် omega ကိုမှစိတ်မဝင်စားခဲ့သလို သူတို့ဆီကထွက်တဲ့ heat ရနံ့တွေကိုလဲ မကြိုက်ခဲ့ပေ။ Omega များကိုစိတ်မဝင်စားရသည့်အကြောင်းက omega တိုင်းလိုလိုပျော့ညံ့တတ်၊ အားငယ်တတ်၍ တပါးသူအပေါ်မှီခိုလွန်းသောကြောင့် ဖြစ်သည်။

ပုံမှနိဆို ကုမ္ပဏီတွင် omega များကိုအလုပ်နေရာပေးလေ့၊ ခန့်လေ့မရှိပေ။ လုပ်ရည်ကိုင်ရည်ကောင်းပြီး၊ သန်မာသော alpha နှင့် beta များကိုသာဦးစားပေးခန့်လေသည်။ လွှာကတော့ချွင်းချက်... ။ ဦးနေမင်းသာကိုယ်တိုင်က မိတ်ဆွေကောင်းရဲ့သမီးကို နေရာပေးလိုတာရယ်၊ စိုင်းကလည်း အဖေ့ဆန္ဒမလွန်ဆန်ချင်တာနဲ့  လစ်ဟာနေတဲ့အတွင်းရေးမှူးနေရာသို့ အလုပ်ခန့်လိုက်ခြင်းဖြစ်သည်။

စာရင်းဖိုင်များစစ်သည်က စစ်၊ လက်မှတ်ဖိုးသည်ကထိုးနှင့် နာရီကိုကြည့်တော့ ၁၀ နာရီတောင်ရှိပြီဖြးစ်သည်။ ၁၀နာရီတွင် အစည်းအေ းရှိသည်ဟူ၍ schedule ရှိသည့်အတွက် ထိုအတိုင်း အစည်းအဝေးသွားရအုံးမည်။  CEO ဆိုပြီး ဟန်နဲ့ပန်နဲ့နေရမယ်မထင်ပါနှင့်။  ကုမ္ပဏီရောက်ထဲက ကဏာမငြိမ်ရတာ အခုလဲအစည်းဝေးခန်းထဲမှာ လူကသာထိုင်နေရတာ ပါးစပ်ကအငြိမ်မနေရ အရေးကြီးကိစ္စဆိုတော့လဲ အကြိတ်အနယ် ရှယ်ယာရှင်များ၊ လုပ်ငန်းရှင်များနှင့်အတူ ဆွးနွေးရပြန်သည်။


"ကျွန်တော့အနေနဲ့ပြောရရင် ရှယ်ယာကိစ္စကိုလက်ခံပေးလို့ရပေမဲ့ resort အသစ်ထပ်ထည့်ပေးရတာတော့ အနည်းငယ်ပြဿနာရှိမယ် "

ဘေးနားမှာအဆင်သင့်ရပ်နေတဲ့ လွှာ့ကို စိုင်းက မျက်နှာရိပ်ပြလိုက်တော့ သူမက ပြင်ထားတဲ့ PowerPoint ကို projector နဲ့ join ပြီးဖွင့်ပေးလိုက်သည်။


"ဒီမှာပြင်တဲ့အတိုင်းပါဘဲ အခုလက်ရှိဟိုတယ်အပြင် resort ၃ ခု run နေရတဲ့အတွက် နောက်ထပ်အသစ်တစ်ခုထပ်ဆောက်ဖို့ဆိုတာ အတော်ခက်ခဲပါမယ် ဒါကြောင့်ဒီ resort အသစ်ကိစ္စကိုကျွန်တော့အမ ပြန်လာမှဘဲ ထပ်ပြီးဆွေးနွေးတာအကောင်းဆုံးဖြစ်မှာပါ၊ Lunar ဘက်နဲ့ချိတ်ဆက်ပြီးအလုပ်လုပ်နေရတဲ့အတွက် ကိုယ်ဘက်ကဘဲအဆင်ပြေနေရင် မမကြယ်တို့ဘက်က tour packages တွေမလောက်တာတို့ဆိုရင် အဆင်မပြေနိုင်ပါဘူး ဒါကြောင့်ဒီခေါင်းစဉ်ကို နောက်ကိုရွေ့ထားဖို့ဘဲအကြံပြုပရစေ"

စိုင်းထောက်ပြသည့်အချက်ကလည်း ဟာကွက်မရှိတော့ သိပ်ငြင်းဆန်မနေကြတော့ဘဲ လက်ခံကြတယ်။ အတန်ကြာအောင်ဆွေးနွေးကြပြီးနောက် အစည်းအဝေးလဲပြီးဆုံးသွားခဲ့သည်။  အသီးသီး အစည်းဝေးခန်းထဲကနေပြီး အလျိုလျိုထွက်ခွာသွားကြပြီး။ စိုင်းကတော့ထိုင်ခုံတွင်ထိုင်ကာ နောက်ကိုအသာမှီချလျက် မျက်လုံးမှိတ်ကာခဏတာ အမောဖြေနေသည်။

"ဆရာ... "

"အင်း... "

လွှာ့အသံကိုမျက်လုံးပိတ်ထားရာမှ ကြားခံလိုက်တော့ မျက်လုံးတစ်ဖက်ဖွင့်ကာပြန်ထူးလေသည်။

"ဆရာ ဟိုလေဆရာ့သူငယ်ချင်းတွေရောက်နေကြတယ် ရုံးခန်းထဲမှာဆရာ... "

"ဟုတ်လား... "

"ဟုတ်ကဲ့ဆရာ နည်းနည်းတော့ကြာပြီ အစည်းအဝေးအလယ်လောက်ကရောက်နေတာ ဆရာစကားပြောတာအာရုံပျက်မှာစိုးလို့ အဲ့ဒါ... "

"အင်း ရပြီကိုယ်သွားတွေ့လိုက်မယ် မင်းလဲနားတော့ "

"ဟုတ်ကဲ့ဆရာ... "


လွှာပြောသည့်အတိုင်း ရုံးခန်းဆီကိုဘဲအမြန်သွားရတယ် ကြာရင်ဒီမျောက်လောင်းတွေကြောင့် ရွာပျက်သွားလိမ့်မည်။ ရုံးခန်းနားလဲရောက်ရော တံခါးဆွဲဖွင့်လိုက်ကော ကြားလိုက်ရတာက


"ဟေ့... ဟိုမှာ ကယ်ပါကောင်လာပြီ"

"ဘယ်ကကယ်ပါဖြစ်ရမှာလဲ ငယ်ပါပါကွာ ဟား... ဟား... ဟား... "


ဆီးကြိုနှုတ်ဆက်ကြတာကတော့ ယဉ်ယဉ်ကျေးကျေးလေးပါပဲ။ စိ်ုးရဲ့သူငယ်ချင်းနှစ်ယောက် ဖြစ်တဲ့ တံခွန်နဲ့ တေဇလိုက်လဲလိုက်တဲ့နှစ်ကောင် ညီအကိုလို့မပြောရဘူးတသံထဲကို အာပြဲလျှာပြဲနဲ့ ကုမ္ပဏီ CEO ကို ငယ်ပါတွေ ကယ်ပါတွေကောက်ခေါ်ပစ်ကြတာ။

"မင်းကြီးတော်ကြီးကို ကယ်ပါတွေငယ်ပါတွေကမှာလား ခွေးသားတွေ ကမ႓ာကွ ကမ႓ာ စိုင်းကမ႓ာကွ ဘယ်နှယ့်ရာရာစစ"

"အေးပါကွာမင်းကလဲစတာကို စိတ်ကြီးဘဲ"

"ဘာကိစ္စလဲ ငါ့ဆီလာတာ မင်းတို့မှာလုပ်စရာအလုပ်လေးပါလေး မရှိဘူးလား"

တံခွန်ကော တေဇကောက သူဌေးသားတွေကြီးပါဘဲ တစ်ယောက်ကတေးရေးဆရာ တစ်ယောက်ကအဆိုတော် ညီအကိုတွေမပြောရဘူး အလုပ်လုပ်တာကအစ အတိုင်အဖောက်ကိုညီနေကော။

"အလုပ်ရှိတာပေါ့ မင်းလိုစားပွဲပေါ်မှာထိုင်လိုက် အေးဆေးလက်မှတ်လေးထိုးလိုက် အညောင်းပြေလမ်းလျှောက်လိုက်လုပ်နေတာမဟုတ်ဘူး နောက်ထပ်စီးရီးထွက်ဖို့လုပ်နေတာ နှစ်ယောက်လုံးမအားဘူး "

"ဒီ ဖေ.... အင်း... "

အခုကုမ္ပဏီမှာရောက်နေတာကြောင့် အကျယ်ကြီးအော်မဆဲလို စိုင်းပြောမဲ့စကားတွေများ အလုံးလိုက်ပြန်မျိုချလိုက်ရသည်။


"ဘာကိစ္စလဲငါ့ဆီကိုလာတာ"

"ဘာကိစ္စကမှာတုန်း club သွားမယ်လေကွာ "

"အားအားယားယား မင်းတို့ဘာသာသွားကြ မင်တို့လိုအားနေယားနေတဲ့ကောင်များမှတ်နေလား ငါ့မှာလုပ်စရာတွေမှတောင်လိုပုံလို့"

"မလိုက်ဖူးလား"

"လိုက်စရာလား သွားစရာရှိတာသွားကြ"

"ok လေရတယ် ဟိုတနေ့ကမင်းအရက်တွေမူးလာလို့ အိမ်တံခါးဖွင့်မရတာနဲ့မင်းမိဘအိမ်ကို ငါတို့ဘဲလိုက်ပို့ရတာလေ အေးမင်းမူးရူးလာတဲ့အကြောင်းမင်းဘိုးတော်ကိုသွားပြောလိုက် လို့ကတော့... "

"ဟေ့တော် တော့ရပြီခဏစောင့်ငါလိုက်ခဲ့မယ်"

"အဲ့လိုလိမ္မာမှပေါ့ကွ"


သူတို့နှစ်ယောက်ပြောတာကိုလဲ စိုင်းအငြင်းနိုင်ကိုယ်ကိုတိုင်ကလဲ မူးနေတော့ကိုယ့်အိမ်တံခါးကိုယ် ဖွင့်မရတာကြောင့် အစေအပါးနှင့်လုံခြုံရေးများရှိသည့် မိဘတွေအိမ်ကိုဘဲရောက်သွားရသည်။ ဦးနေမင်းသာနဲ့ဒေါ်လမင်းမေကတော့ အရက်သောက်ပြီးပြန်လာတယ်ဆိုတာမသိသေး။ မသိအောင်လဲတမင် သူမှုးလာသည်ကိုတွေ့သောသူများကိုနှုတ်ပိတ်ခဲ့ခြင်းဖြစ်သည်။

သိများသိရင် မိုးမီးလောင်မှာအသေချာပင်။ နှစ်ယောက်လုံးကစိတ်ကလဲဆတ်တော့ အသက်ဘယ်လောက်ကြီးကြီး ရာထူးဘယ်လောက်ဘဲရှိရှိကျောပြင်ကိုဗျောတင် ခံရမှာအသေအချာဒါကြောင့်လဲ ဟိုငမွှေထိုးနှစ်ကောင်နဲ့အတူ club သွားဖို့ဘဲဆုံးဖြတ်လိုက်သည်။


"လာသွားမယ်... "

လိုချင်တာရသွားတဲ့ရုပ်တွေနဲ့ နောက်ကနေစပ်ဖြီးဖြီးလိုက်လာကြသည်။ လမ်းမှာ လွှာနဲ့တွေ့တော့ မှာစရာရှိတာမှာထားခဲ့သေးသည်။ မျက်နှာခဲပစ်ထားခဲ့လို့မရ။ အရေးကြီးကိစ္စရှိလျှင်ဖုန်းဆက်ဖြစ်အောင် ဆက်ခေါ်ရန်သာမှာခဲ့သည်။

"ဟေ့ကောင် ကမ႓ာ. . .  "

"အေး.. "

"ဟိုကောင်မလေးက မင်းအတွင်းရေးမှူးအသစ်လေးလား"

"အေးဘာလို့လဲ..."

"အနံ့လေးကလဲသင်းပြီး မွှေးနေတာဘဲ omega လေးဖြစ်ရမယ် ဝိုက်လိုက်ရကွာ"


တံခွန်ကော တေဇကောက alpha ဖြစ်တာကြောင့် အနံ့ခံကောင်းကြသည်။ ဒါကြောင့်လဲလွှာကိုကိုက်စားမတတ်ကိုလိုက်ကြည့်နေကြခြင်းဖြစ်သည်။


"မင်းတို့ဝိုက်ချင်ရင် ငါ့အမကိုဝိုက်ကြပါလား၊ မမကြယ်လေ"

စိုင်းကမထီသည့်မျက်နှာပေးဖြင့် မျက်ခုံးတွန့်ကာပြောတော့ ...

"တော်ပါကွာ မမကြယ်ကိုတော့အလကားပေးတောင်မယူဘူး alpha ထဲမှာတော်တော့်ကိုသန်မာတာ အနားကိုမကပ်နိုင်ဘူး အေးဆေးဘဲ  club သွားရအောင်"

"အေးပါ... အေးပါ..."


ကြယ်ပန်းချီကိုကြောက်ကြတာလဲ မပြောနဲ့သူမကစိုင်းလိုမဟုတ် အတိုက်အခိုက်လဲကျွမ်းသလို မာနကလဲကြီးသည်။  တော်ရုံလူသူမနားကိုကပ်လို့မရ။ ဒီလိုမာနတွေ ရှေ့တန်းတင်နေလို့ စိုင်းအမရောင်းမထွက်တာလဲပြောမနေနဲ့ ... အပြောလေးတွေလျော့ကာ ကားပါကင်သို့ထွက်လာကြသည်။

စိုင်းတို့သူငယ်ချင်းသုံးယောက် club သွားဖို့အတွက် parking lot ထဲကအမဲရောင် BMW တစ်စီးပေါ်တင်တာ club သို့ထွက်ခွာလာခဲ့သည်။

- - -
April 28th, 2020
8:25 P.M
- - -

Continue Reading

You'll Also Like

367K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
294K 7.3K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.1K 430 15
အပြိုင်စကြမှ ကမ္ဘာသစ်ဆီသို့ ဆင့်ခေါ်ခံခဲ့ရပြီးနောက် အိမ်ရှေ့မင်းသား၏ ကြင်ယာဖြစ်လာသူ ရှင်းထည်ဝါမောင်။ ကြင်ယာတော်နှင့်အတူ တိုင်းပြည်ကို ကာကွယ်ရင်း အချ...
586K 89.2K 69
He is meaning of my story (Dictionary)