ကိုႀကီး/ကိုကြီး(Z/U)

By PokPak-liz27

171K 19.5K 1K

Baekhyuneeက ခ်စ္ေနတုန္းမွာ ျပန္ခ်စ္ေနာ္...မဟုတ္ရင္ သူမ်ားေနာက္ ပါသြားမွ ႏွေျမာ၊တသ၊လြမ္းေဆြး၊ငိုေႂကြးမေနနဲ႔... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
28
29
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52(Final)
Meaningless
Extra 1

30

2.8K 327 27
By PokPak-liz27


"စာေမးပြဲ နီးၿပီမို႔ စာေသခ်ာၾကည့္ပါ Baekhyuneeရဲ႕"

"စာၾကည့္ရတာ မႀကိဳက္ဘူးလို႔ ကိုႀကီးကို ၾကည့္ရတာပဲ ႀကိဳက္တယ္"

တကယ္ကို ဆိုးေပလြန္းသည့္ Baekhyuneeက ဒီတိုင္း စာၾကည့္ဖို႔ ေျပာရံုႏွင့္ ရမည္မဟုတ္မွန္း Chanyeolေတြးထင္ၿပီးသား။

"အဲ့လိုဆိုလည္း ေနပါေလ။ ကိုယ္တို႔က Thesisပဲ ဖတ္ရမွာဆိုေတာ့ စာက်က္စရာ မလိုေတာ့ဘူးေလ။ အဲ့တာ Baekhyuneeစာၾကည့္ခ်ိန္ကို ကူေစာင့္ေပးမလို႔ စိတ္ကူးထားတာ"

"တကယ္လား"

အားတက္သေရာ ျဖစ္သြားၿပီးမွ မ်က္ႏွာေလး ညႇိဳးကာ။

"ေမေမက အိမ္ထဲမွာပဲ စာၾကည့္ခိုင္းေနတယ္ ။ အျပင္အထြက္မခံဘူးေလ"

ေနာက္ဆံုး စာေမးပြဲႀကီး ေျဖဆိုရန္ ၁၀ရက္ေလာက္သာ က်န္ေနသည့္ အခ်ိန္အတိုင္းအတာကို သတိမမူသည္လား၊ အေလးမထားသည္လား မသိ။ ယခုတိုင္ ေအးေဆးႏိုင္လြန္းေသာ Baekhyunကို Chanyeolအသည္းယားမိသည္။
အခုလည္း စာေမးပြဲနီးေနၿပီျဖစ္တာေၾကာင့္ အဆင္သင့္ျဖစ္ၿပီလားဟု ဖုန္းဆက္ေမးသည္မွ စာအုပ္ကို ထိရန္ပင္ စိတ္ကူးမရွိေသးေသာ အေကာင္ေပါက္ေၾကာင့္ စာၾကည့္ရန္ နားခ်ေနရသည္။

"Baekhyuneeစာၾကည့္ေနတဲ့ အခ်ိန္ ကိုယ့္ကို video callေခၚထားေလ။ ကိုယ္ေစာင့္ေပးမွာေပါ့။ စာလုပ္ရင္း စားခ်င္တာ ရွိရင္ ကိုယ္လာပို႔ေပးဦးမွာ"

"အတည္ေနာ္။ အဲ့တာဆို စာၾကည့္ဖို႔ စဥ္းစားေတာ့မယ္...ဟီး..."

တကယ့္ကို မႏိုင္စိန္က အခုထိ စာၾကည့္ဖို႔ စဥ္းစားမယ္ပဲ ရွိေသးတာေၾကာင့္ Chanyeol သက္ျပင္းေမာကို ရွိုက္ထုတ္မိသည္။

ထိုေန႔မွ စ၍ Chanyeolအာေပါက္မတတ္ စာၾကည့္ရန္ ေျပာတာေၾကာင့္ Baekhyuneeက ပံုမွန္ေလး စာလုပ္လာသည္။
မနက္အေစာထရန္ ဖုန္းဆက္ႏွိုးရၿပီး တစ္ေန႔လံုးအတြက္ စာၾကည့္ခ်င္စိတ္ ရွိရန္ ေျပာေပးရျပန္သည္။
မနက္ခင္း ေဝယ်ာဝစၥမ်ား ၿပီးစီးသည္ႏွင့္ Chanyeolကို video callေခၚၿပီး စာၾကည့္တာေၾကာင့္ Chanyeolမွာၾကည့္ ဆိုးေပေလး စာေသခ်ာလုပ္ရဲ႕လား ေစာင့္ၾကည့္ရင္း စာဖတ္ေနရသည္။

အခန္းထဲတြင္ စာၾကည့္ေနသည့္ Baekhyuneeဆီသို႔ ေမေမက စားစရာအမ်ိဳးမ်ိဳး လာပို႔ေပးလၽွင္လည္း Baekhyuneeရဲ႕ ခရက္ရွ္ေခ်ာေခ်ာ ကိုႀကီးက Baekhyuneeေလး စာၾကည့္ေနသည္ကို တကူးတက ေစာင့္ၾကည့္ေပးတတ္ေၾကာင္း ေမေမ့ကို ႂကြားတတ္တာေၾကာင့္ စာေမးပြဲ နီးေန၍ ေမေမ့ လက္ဆစ္က Baekhyuneeေခါင္းေပၚ ေရာက္မလာေသာ္လည္း မ်က္ေစာင္းတခဲခဲႏွင့္။
အဲ့လိုအခ်ိန္မ်ိဳးတြင္ Video callတစ္ဘက္က Chanyeolမွာသာ မ်က္ႏွာပူပူႏွင့္ Baekhyunee ေမေမကို ႏႈတ္ဆက္ရသည္။

တစ္ေန႔လံုးနီးပါး video callေျပာေနတာေၾကာင့္ Baekhyuneeအခန္းဆီ စားစရာ တစ္မ်ိဳးမဟုတ္ တစ္မ်ိဳး ခဏတိုင္း ပို႔ေပးတတ္ေသာ Baekhyuneeေမေမႏွင့္ပါ Chanyeolအေတာ္အသင့္ ရင္းႏွီးေနၿပီျဖစ္သည္။

ဖုန္းေျပာရင္း ငယ္ေလးေတြ႕သြားလၽွင္လည္း စေနာက္လြန္းတာေၾကာင့္ Chanyeolမွာသာ မ်က္ႏွာရဲရဲႏွင့္ ရွက္အမ္းေနေသာ္လည္း Baekhyuneeကေတာ့ တဟီးဟီး ႏွင့္ သေဘာတက် ရယ္ေမာေနတတ္သည္။

စာၾကည့္ရတာ ပင္ပန္းသည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ Chanyeolကို တစ္ေန႔တစ္ခါ လာေတြ႕ခိုင္းၿပီး မသိမသာေရာ၊ သိသိသာသာပါ အသားယူတတ္သည္။

'မုန္႔လာပို႔ေပးပါ၊ Motiလိုတာေၾကာင့္ မ်က္ႏွာေလး လာျပေပးပါ၊ လြမ္းလြန္းလို႔ နည္းနည္းေလာက္ ေပးဖက္ပါ၊ မေတြ႕ရတာ ၾကာၿပီမို႔ ခဏေလာက္ျဖစ္ျဖစ္ လာေတြ႕ေပးပါ၊ စာၾကည့္ရတာ ပင္ပန္းလြန္းတာေၾကာင့္ လမ္းေလၽွာက္ထြက္ခ်င္လို႔ လိုက္ခဲ့ေပးပါ'
အေၾကာင္းျပခ်က္ မထပ္ေစရဘဲ တစ္ေန႔တစ္ေခါက္ေတာ့ Chanyeolမွာ မ်က္ႏွာေတာ္ သြားျပရသည္။

အခုလည္း ေရခဲမုန္႔ စားခ်င္၍ လာပို႔ခိုင္းျပန္သည္။
အမွာေတာ္ပါးေနစဥ္ Baekhyuneeေမေမမွ 'ေရခဲေသတၱာထဲက ေရခဲမုန္႔ဗူးကို အလွၾကည့္ဖို႔လား'ဟု အေမးခံလိုက္ရ၍ Chanyeolမွာ ေနရခက္သြားေသာ္လည္း Baekhyuneeကေတာ့ 'ကိုႀကီးနဲ႔ ေတြ႕ခ်င္လို႔ လာပို႔ခိုင္းတာ ဘာျဖစ္လဲ'ဟု တစ္ခြန္းမက်န္ ျပန္ေျပာေနျပန္သည္။

Baekhyuneeတို႔ အိမ္နားေရာက္ကာမွ လက္ထဲက မုန္႔ထုတ္ေလးကို တစ္ခ်က္ေျမႇာက္ၾကည့္ၿပီး Baekhyuneeဆီ ဖုန္းေခၚလိုက္သည္။

"ကိုႀကီး ေရာက္ရင္ ဝင္ခဲ့ေလ"

ဒီေကာင္ေလး အျမဲတမ္း တက္ႂကြေနေရာပဲ။

"ျခံထဲမွာလား Baekhyunee"

"အင္း ...ျခံထဲထိ လာဆင္းေခၚမယ္။ လာၿပီ"

ဖုန္းခ်ၿပီး သိပ္မၾကာခင္မွာပဲ ျခံတံခါးကို တြန္းဖြင့္ၿပီး ေခါင္းေလးပဲ ထြက္ကာ ဟိုၾကည့္ သည္ၾကည့္ႏွင့္ Baekhyuneeက Chanyeolကို ျမင္မွ ႏႈတ္ခမ္းစြန္းေလးေတြ ေကာ့တက္ေနေအာင္ ျပံဳးျပလာသည္။

"ဝင္ခဲ့ပါဆို ကိုႀကီးကလည္း"

ခပ္အီအီ အသံေလးႏွင့္ ပုခံုးတစ္ဘက္ကို ေခါင္းေလးမွီလာသည္။

"အာ...ဒီမွာ Baekhyuneeမွာတဲ့ ေရခဲမုန္႔။ စားခ်င္မယ္ ထင္တာေလးေတြလည္း ဝယ္လာတယ္"

မုန္႔ထုတ္ကိုပဲ လက္ထဲ အတင္းထိုးေပးေနသည့္ ကိုႀကီးေၾကာင့္ Baekhyunee အလိုမက်ျဖစ္ရသည္။
ဒီလူက မုန္႔စားခ်င္လို႔ သူ႔ကို ေခၚတာ မဟုတ္မွန္း သိရက္နဲ႔။

"ဘာလဲ။ ဘယ္သူက ဘာလုပ္မွာ ေၾကာက္လို႔ အတင္းျပန္ခ်င္တဲ့ ပံုေပါက္ေနတာလဲ"

"Baekhyunee စာၾကည့္ခ်ိန္ေတြ ေလၽာ့ကုန္မွာစိုးလို႔ပါကြာ"

"ရတယ္။ အိမ္ထဲ ဝင္ဦးလို႔။ Baekhyunee ကိုႀကီးကို အရမ္းလြမ္းေနတာ သိလား"

"မေန႔ကပဲ ေတြ႕ေသးတယ္ေလကြာ။ video callလည္း အျမဲတမ္း ေျပာေနတာကို"

"Baekhyuneeစိတ္ဆိုးမိေတာ့မယ္။ လာခဲ့ပါဆို"

ႏႈတ္ခမ္းေလး ဆူၿပီး Chanyeolလက္တစ္ဘက္ကို ဆြဲေခၚၿပီး အိမ္ထဲ ဝင္ခ်သြားသည္။

"ByunBaekတို႔ သူမ်ားကို ဒုကၡေပးျပန္ၿပီ"

အိမ္ထဲ ဝင္ဝင္ခ်င္း Baekhyuneeေမေမရဲ႕ စကားသံေၾကာင့္ အလ်င္အျမန္ဦးညြတ္ ႏႈတ္ဆက္လိုက္ရသည္။

"Baekhyuneeအတြက္ မုန္႔လာပို႔ေပးတာပါ ေမ.ေမ"

"ေအးပါကြယ္။ အဲ့ေကာင္ေလးကို အရမ္းအလိုမလိုက္နဲ႔ သားရဲ႕။ ဒီေကာင္ေလးက အရမ္းဆိုးတာ"

"ေမေမကလည္း ေမေမ့မွာေရာ အဲ့လိုဆိုးလို႔ ရတဲ့သူ ရွိလို႔လား"

Baekhyuneeေမေမ့စကားကို Chanyeolက သေဘာတက် ျပံဳးေနေပမယ့္ Baekhyuneeကေတာ့ အသံစူးစူးေလးျဖင့္ ျပန္ေအာ္ၿပီး အိမ္အေပၚထပ္ဆီသို႔ Chanyeolလက္ကို ဆြဲကာ ေခၚသြားေလသည္။
Chanyeolမွာသာ Baekhyuneeေမေမ့ကို အားတံု႔အားနာ ျပံဳးျပကာ Baekhyuneeေခၚေဆာင္ရာေနာက္ကို ခလုတ္တိုက္မတတ္ လိုက္ပါခဲ့ရသည္။

"ဒါ Baekhyuneeအခန္း"

တစ္ခန္းလံုး အျဖဴေရာင္ျဖင့္ ဆင္ယင္ထားၿပီး လတ္ဆတ္ သစ္လြင္ေနသည္။
စာၾကည့္စားပြဲထက္ ၾကည့္လက္စ စာအုပ္အခ်ိဳ႕ႏွင့္ ေရးမွတ္လက္စ စာအုပ္တခ်ိဳ႕ ရွိေနသည္။

တစ္ခန္းလံုး လွည့္ပတ္ ၾကည့္ရႈၿပီး Baekhyuneeဘက္ လွည့္လိုက္သည္ႏွင့္။

"Baekhyuneeကို ဖက္ထားေပးပါလား။ စာၾကည့္ရတာ အရမ္းပင္ပန္းတယ္။"

မ်က္ႏွာညႇိဳးညႇိဳးေလးက အမွန္တကယ္ ႏြမ္းနယ္ေနဟန္။
ပါးရိုးေလးေတြက ေခ်ာင္ခ်လို႔ ယခင္ မ်က္ခြံမို႔မို႔ေလးေတြလည္း မရွိေတာ့ဘဲ မ်က္ကြင္းေလးေတြက ညိဳခ်င္သလိုလို။

လက္ႏွစ္ဘက္ကို အနည္းငယ္ ဆန္႔တန္းေပးလိုက္သည္ႏွင့္ ရင္ခြင္ထဲ ပစ္ဝင္လာသည္။

"အရမ္းပင္ပန္းတာပဲ။ Baekhyuneeတစ္ခါမွ စာ ဒီေလာက္မလုပ္ဖူးဘူး"

Chanyeolသက္ျပင္းတစ္ခ်က္ခ်ၿပီးမွ

"ေတာ္ေသးတာေပါ့။ ေအာင္လာလို႔ ။ ေက်ာင္းသားပါဆို စာလုပ္ရမွာေပါ့ Baekhyuneeရဲ႕"

ရင္ခြင္ထဲက အေကာင္ေပါက္ကျဖင့္ မ်က္လံုးေလးမွိတ္ၿပီး ၿငိမ္ေနတာေၾကာင့္ ေခါင္းလံုးလံုးေလးကို အသာပြတ္သပ္ေပးလိုက္သည္။

"Baekhyuneeေခါင္းကို အရမ္းမကိုင္နဲ႔ေနာ္။ စာေတြ ထြက္က်ကုန္မွာ ေၾကာက္လို႔"

ကေလးဆန္ဆန္ အေျပာေၾကာင့္ Chanyeol ခပ္တိုးတိုး ခိုးရယ္မိသည္။

အေကာင္ေပါက္ေလးက အတန္ၾကာ ၿငိမ္ေနၿပီးမွ ကုတင္ေပၚသြားထိုင္တာေၾကာင့္ Chanyeolမွာ စာၾကည့္စားပြဲမွာ ဝင္ထိုင္လိုက္ရသည္။

အခန္းတံခါးေခါက္သံ ႏွစ္ခ်က္ ထြက္ေပၚလာၿပီး Baekhyuneeေမေမ အေအးဗန္းတစ္ခုႏွင့္ ဝင္လာသည္။

"သား ေသာက္ဦး။ ဟိုေကာင္ေလး Chanyeollieကို အရမ္း အႏိုင္မက်င့္နဲ႔ေနာ္။အဲ့ေကာင္ေလးကို စာၾကည့္ဖို႔ နည္းနည္းေျပာေပးပါဦးကြယ္။ အရင္က စာဆို ထြန္႔ထြန္႔လူးေနတာ။ အခုမွ တူတူတန္တန္ စာၾကည့္တာကြယ့္"

Chanyeol က ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ နာခံေနေပမယ့္ Baekhyuneeကေတာ့ မ်က္ႏွာေလး ပုပ္သိုးလာသည္။

"ေမေမ မသြားေသးဘူးလား"

"သြားပါၿပီ။ မေအအိမ္မွာ ေနၿပီး မေအကို ႏွင္ထုတ္ေနတယ္"

Baekhyuneeကို မ်က္ေစာင္းခဲကာ Chanyeolကို ျပံဳးျပၿပီး ထြက္သြားေလသည္။
Baekhyunee ေမေမ ထြက္သြားကာမွ Baekhyuneeက သူ႔ေဘးနား ကုတင္ေပၚကို ပုတ္ျပကာ Chanyeolကို လာခိုင္းသည္။

"ဘာလို႔လဲ Baekhyuneeရဲ႕"

"ဒီကို လာထိုင္ပါဆို"

မလႈပ္တလႈပ္ လွမ္းလာေနေသာ Chanyeol လက္ကို စိတ္မရွည္သလို ဆြဲေဆာင့္ၿပီး သူ႔ေဘးတြင္ ထိုင္ေစသည္။
ေပါင္ေပၚေရာက္လာသည့္ ဆံသားႏုႏုတို႔ အုပ္ဝဲေနေသာ ေခါင္းလံုးလံုးေလးကို ၾကည့္ၿပီး Chanyeolမွာ ဘယ္လိုေနရမွန္းမသိ။

"ကိုႀကီး ဖုန္းဆက္ႏွိုးကတည္းက မနက္အေစာႀကီး ထရတာ အရမ္းအိပ္ခ်င္ေနလို႔ ၁၅မိနစ္ေလာက္ အိပ္ဦးမယ္ ။ ၿငိမ္ၿငိမ္ေလးေနေနာ္"

Chanyeolမွာ အသက္ရႉမိရဲ႕လားပင္ မသိေတာ့။ အတန္ၾကာ ၿငိမ္ေနေသာ Chanyeolကို Baekhyuneeက တစ္ခ်က္ေမာ့ၾကည့္ၿပီး ဘယ္နားထားရမွန္း မသိေသာ Chanyeolလက္ကို ဆြဲယူကာ သူ႔ေခါင္းေလးေပၚကို တင္ေပးလာသည္။
ျငင္းမရမည့္အတူတူ Chanyeolလက္တစ္ဘက္က Baekhyuneeေခါင္းကို ျငင္ျငင္သာသာ ပြတ္သပ္ေပးေနလိုက္သည္။

Baekhyuneeမွာ တခဏခ်င္း အသက္ရႉသံမွန္မွန္ႏွင့္ အိပ္ေပ်ာ္သြားသည္။
ဘယ္ေလာက္ေတာင္ ပင္ပန္းေနလို႔လဲ။
စာေမးပြဲ အရမ္းကပ္ေနမွ စာစၾကည့္ရတာေၾကာင့္ Chanyeolက မနက္အေစာႏွိုးၿပီး၊ ညဆိုလည္း ညဥ့္နက္သည္ထိ စာၾကည့္ခိုင္းတာေၾကာင့္ အေတာ္ပင္ပန္းေနပံုရသည္။
ကိုယ့္စကား နားေထာင္ၿပီး စာၾကည့္တာပင္ ေတာ္ေသးသည္။

ဒီေကာင္ေလးရဲ႕ အညိဳေရာင္ ဆံသားႏုႏုေလးေတြကို ဖြရတာ အေတာ္ၾကည္ႏူးဖို႔ေကာင္းသည္။
ဦးေခါက္ထက္ တင္ထားသည့္ လက္တို႔က မ်က္ခံုးေလးမွ မွိတ္ထားေသာ မ်က္ခြံေလး၊ ထိုမွ ႏွာတံလံုးလံုးေလး၊ တေလၽွာက္ ထိေတြ႕ေနမိသည့္ လက္ေခ်ာင္းဖ်ားတို႔သည့္ ရဲေသြးလႊမ္းေနေသာ ႏႈတ္ခမ္းပါးေလးတြင္ အဆံုးသတ္သြားသည္။

ရင္ထဲ တဒိတ္ဒိတ္ ျဖစ္လာတာေၾကာင့္ အၾကည့္လႊဲမိေတာ့လည္း ပါးျပင္ႏုႏုထက္သို႔ သက္ေရာက္လာသည္။

ေသြးေၾကာမၽွင္တို႔ ယွက္ျဖာေနသည့္ ျဖဴႏုႏု ပါးျပင္ေလးကို ႏွာေခါင္းႏွစ္ၿပီး နမ္းရွိုက္လိုက္ခ်င္မိသည္။

....

#tbc

.....

"စာမေးပွဲ နီးပြီမို့ စာသေချာကြည့်ပါ Baekhyuneeရဲ့"

"စာကြည့်ရတာ မကြိုက်ဘူးလို့ ကိုကြီးကို ကြည့်ရတာပဲ ကြိုက်တယ်"

တကယ်ကို ဆိုးပေလွန်းသည့် Baekhyuneeက ဒီတိုင်း စာကြည့်ဖို့ ပြောရုံနှင့် ရမည်မဟုတ်မှန်း Chanyeolတွေးထင်ပြီးသား။

"အဲ့လိုဆိုလည်း နေပါလေ။ ကိုယ်တို့က Thesisပဲ ဖတ်ရမှာဆိုတော့ စာကျက်စရာ မလိုတော့ဘူးလေ။ အဲ့တာ Baekhyuneeစာကြည့်ချိန်ကို ကူစောင့်ပေးမလို့ စိတ်ကူးထားတာ"

"တကယ်လား"

အားတက်သရော ဖြစ်သွားပြီးမှ မျက်နှာလေး ညှိုးကာ။

"မေမေက အိမ်ထဲမှာပဲ စာကြည့်ခိုင်းနေတယ် ။ အပြင်အထွက်မခံဘူးလေ"

နောက်ဆုံး စာမေးပွဲကြီး ဖြေဆိုရန် ၁၀ရက်လောက်သာ ကျန်နေသည့် အချိန်အတိုင်းအတာကို သတိမမူသည်လား၊ အလေးမထားသည်လား မသိ။ ယခုတိုင် အေးဆေးနိုင်လွန်းသော Baekhyunကို Chanyeolအသည်းယားမိသည်။
အခုလည်း စာမေးပွဲနီးနေပြီဖြစ်တာကြောင့် အဆင်သင့်ဖြစ်ပြီလားဟု ဖုန်းဆက်မေးသည်မှ စာအုပ်ကို ထိရန်ပင် စိတ်ကူးမရှိသေးသော အကောင်ပေါက်ကြောင့် စာကြည့်ရန် နားချနေရသည်။

"Baekhyuneeစာကြည့်နေတဲ့ အချိန် ကိုယ့်ကို video callခေါ်ထားလေ။ ကိုယ်စောင့်ပေးမှာပေါ့။ စာလုပ်ရင်း စားချင်တာ ရှိရင် ကိုယ်လာပို့ပေးဦးမှာ"

"အတည်နော်။ အဲ့တာဆို စာကြည့်ဖို့ စဉ်းစားတော့မယ်...ဟီး..."

တကယ့်ကို မနိုင်စိန်က အခုထိ စာကြည့်ဖို့ စဉ်းစားမယ်ပဲ ရှိသေးတာကြောင့် Chanyeol သက်ပြင်းမောကို ရှိုက်ထုတ်မိသည်။

ထိုနေ့မှ စ၍ Chanyeolအာပေါက်မတတ် စာကြည့်ရန် ပြောတာကြောင့် Baekhyuneeက ပုံမှန်လေး စာလုပ်လာသည်။
မနက်အစောထရန် ဖုန်းဆက်နှိုးရပြီး တစ်နေ့လုံးအတွက် စာကြည့်ချင်စိတ် ရှိရန် ပြောပေးရပြန်သည်။
မနက်ခင်း ဝေယျာဝစ္စများ ပြီးစီးသည်နှင့် Chanyeolကို video callခေါ်ပြီး စာကြည့်တာကြောင့် Chanyeolမှာကြည့် ဆိုးပေလေး စာသေချာလုပ်ရဲ့လား စောင့်ကြည့်ရင်း စာဖတ်နေရသည်။

အခန်းထဲတွင် စာကြည့်နေသည့် Baekhyuneeဆီသို့ မေမေက စားစရာအမျိုးမျိုး လာပို့ပေးလျှင်လည်း Baekhyuneeရဲ့ ခရက်ရှ်ချောချော ကိုကြီးက Baekhyuneeလေး စာကြည့်နေသည်ကို တကူးတက စောင့်ကြည့်ပေးတတ်ကြောင်း မေမေ့ကို ကြွားတတ်တာကြောင့် စာမေးပွဲ နီးနေ၍ မေမေ့ လက်ဆစ်က Baekhyuneeခေါင်းပေါ် ရောက်မလာသော်လည်း မျက်စောင်းတခဲခဲနှင့်။
အဲ့လိုအချိန်မျိုးတွင် Video callတစ်ဘက်က Chanyeolမှာသာ မျက်နှာပူပူနှင့် Baekhyunee မေမေကို နှုတ်ဆက်ရသည်။

တစ်နေ့လုံးနီးပါး video callပြောနေတာကြောင့် Baekhyuneeအခန်းဆီ စားစရာ တစ်မျိုးမဟုတ် တစ်မျိုး ခဏတိုင်း ပို့ပေးတတ်သော Baekhyuneeမေမေနှင့်ပါ Chanyeolအတော်အသင့် ရင်းနှီးနေပြီဖြစ်သည်။

ဖုန်းပြောရင်း ငယ်လေးတွေ့သွားလျှင်လည်း စနောက်လွန်းတာကြောင့် Chanyeolမှာသာ မျက်နှာရဲရဲနှင့် ရှက်အမ်းနေသော်လည်း Baekhyuneeကတော့ တဟီးဟီး နှင့် သဘောတကျ ရယ်မောနေတတ်သည်။

စာကြည့်ရတာ ပင်ပန်းသည်ဟူသော အကြောင်းပြချက်ဖြင့် Chanyeolကို တစ်နေ့တစ်ခါ လာတွေ့ခိုင်းပြီး မသိမသာရော၊ သိသိသာသာပါ အသားယူတတ်သည်။

'မုန့်လာပို့ပေးပါ၊ Motiလိုတာကြောင့် မျက်နှာလေး လာပြပေးပါ၊ လွမ်းလွန်းလို့ နည်းနည်းလောက် ပေးဖက်ပါ၊ မတွေ့ရတာ ကြာပြီမို့ ခဏလောက်ဖြစ်ဖြစ် လာတွေ့ပေးပါ၊ စာကြည့်ရတာ ပင်ပန်းလွန်းတာကြောင့် လမ်းလျှောက်ထွက်ချင်လို့ လိုက်ခဲ့ပေးပါ'
အကြောင်းပြချက် မထပ်စေရဘဲ တစ်နေ့တစ်ခေါက်တော့ Chanyeolမှာ မျက်နှာတော် သွားပြရသည်။

အခုလည်း ရေခဲမုန့် စားချင်၍ လာပို့ခိုင်းပြန်သည်။
အမှာတော်ပါးနေစဉ် Baekhyuneeမေမေမှ 'ရေခဲသေတ္တာထဲက ရေခဲမုန့်ဗူးကို အလှကြည့်ဖို့လား'ဟု အမေးခံလိုက်ရ၍ Chanyeolမှာ နေရခက်သွားသော်လည်း Baekhyuneeကတော့ 'ကိုကြီးနဲ့ တွေ့ချင်လို့ လာပို့ခိုင်းတာ ဘာဖြစ်လဲ'ဟု တစ်ခွန်းမကျန် ပြန်ပြောနေပြန်သည်။

Baekhyuneeတို့ အိမ်နားရောက်ကာမှ လက်ထဲက မုန့်ထုတ်လေးကို တစ်ချက်မြှောက်ကြည့်ပြီး Baekhyuneeဆီ ဖုန်းခေါ်လိုက်သည်။

"ကိုကြီး ရောက်ရင် ဝင်ခဲ့လေ"

ဒီကောင်လေး အမြဲတမ်း တက်ကြွနေရောပဲ။

"ခြံထဲမှာလား Baekhyunee"

"အင်း ...ခြံထဲထိ လာဆင်းခေါ်မယ်။ လာပြီ"

ဖုန်းချပြီး သိပ်မကြာခင်မှာပဲ ခြံတံခါးကို တွန်းဖွင့်ပြီး ခေါင်းလေးပဲ ထွက်ကာ ဟိုကြည့် သည်ကြည့်နှင့် Baekhyuneeက Chanyeolကို မြင်မှ နှုတ်ခမ်းစွန်းလေးတွေ ကော့တက်နေအောင် ပြုံးပြလာသည်။

"ဝင်ခဲ့ပါဆို ကိုကြီးကလည်း"

ခပ်အီအီ အသံလေးနှင့် ပုခုံးတစ်ဘက်ကို ခေါင်းလေးမှီလာသည်။

"အာ...ဒီမှာ Baekhyuneeမှာတဲ့ ရေခဲမုန့်။ စားချင်မယ် ထင်တာလေးတွေလည်း ဝယ်လာတယ်"

မုန့်ထုတ်ကိုပဲ လက်ထဲ အတင်းထိုးပေးနေသည့် ကိုကြီးကြောင့် Baekhyunee အလိုမကျဖြစ်ရသည်။
ဒီလူက မုန့်စားချင်လို့ သူ့ကို ခေါ်တာ မဟုတ်မှန်း သိရက်နဲ့။

"ဘာလဲ။ ဘယ်သူက ဘာလုပ်မှာ ကြောက်လို့ အတင်းပြန်ချင်တဲ့ ပုံပေါက်နေတာလဲ"

"Baekhyunee စာကြည့်ချိန်တွေ လျော့ကုန်မှာစိုးလို့ပါကွာ"

"ရတယ်။ အိမ်ထဲ ဝင်ဦးလို့။ Baekhyunee ကိုကြီးကို အရမ်းလွမ်းနေတာ သိလား"

"မနေ့ကပဲ တွေ့သေးတယ်လေကွာ။ video callလည်း အမြဲတမ်း ပြောနေတာကို"

"Baekhyuneeစိတ်ဆိုးမိတော့မယ်။ လာခဲ့ပါဆို"

နှုတ်ခမ်းလေး ဆူပြီး Chanyeolလက်တစ်ဘက်ကို ဆွဲခေါ်ပြီး အိမ်ထဲ ဝင်ချသွားသည်။

"ByunBaekတို့ သူများကို ဒုက္ခပေးပြန်ပြီ"

အိမ်ထဲ ဝင်ဝင်ချင်း Baekhyuneeမေမေရဲ့ စကားသံကြောင့် အလျင်အမြန်ဦးညွတ် နှုတ်ဆက်လိုက်ရသည်။

"Baekhyuneeအတွက် မုန့်လာပို့ပေးတာပါ မေ.မေ"

"အေးပါကွယ်။ အဲ့ကောင်လေးကို အရမ်းအလိုမလိုက်နဲ့ သားရဲ့။ ဒီကောင်လေးက အရမ်းဆိုးတာ"

"မေမေကလည်း မေမေ့မှာရော အဲ့လိုဆိုးလို့ ရတဲ့သူ ရှိလို့လား"

Baekhyuneeမေမေ့စကားကို Chanyeolက သဘောတကျ ပြုံးနေပေမယ့် Baekhyuneeကတော့ အသံစူးစူးလေးဖြင့် ပြန်အော်ပြီး အိမ်အပေါ်ထပ်ဆီသို့ Chanyeolလက်ကို ဆွဲကာ ခေါ်သွားလေသည်။
Chanyeolမှာသာ Baekhyuneeမေမေ့ကို အားတုံ့အားနာ ပြုံးပြကာ Baekhyuneeခေါ်ဆောင်ရာနောက်ကို ခလုတ်တိုက်မတတ် လိုက်ပါခဲ့ရသည်။

"ဒါ Baekhyuneeအခန်း"

တစ်ခန်းလုံး အဖြူရောင်ဖြင့် ဆင်ယင်ထားပြီး လတ်ဆတ် သစ်လွင်နေသည်။
စာကြည့်စားပွဲထက် ကြည့်လက်စ စာအုပ်အချို့နှင့် ရေးမှတ်လက်စ စာအုပ်တချို့ ရှိနေသည်။

တစ်ခန်းလုံး လှည့်ပတ် ကြည့်ရှုပြီး Baekhyuneeဘက် လှည့်လိုက်သည်နှင့်။

"Baekhyuneeကို ဖက်ထားပေးပါလား။ စာကြည့်ရတာ အရမ်းပင်ပန်းတယ်။"

မျက်နှာညှိုးညှိုးလေးက အမှန်တကယ် နွမ်းနယ်နေဟန်။
ပါးရိုးလေးတွေက ချောင်ချလို့ ယခင် မျက်ခွံမို့မို့လေးတွေလည်း မရှိတော့ဘဲ မျက်ကွင်းလေးတွေက ညိုချင်သလိုလို။

လက်နှစ်ဘက်ကို အနည်းငယ် ဆန့်တန်းပေးလိုက်သည်နှင့် ရင်ခွင်ထဲ ပစ်ဝင်လာသည်။

"အရမ်းပင်ပန်းတာပဲ။ Baekhyuneeတစ်ခါမှ စာ ဒီလောက်မလုပ်ဖူးဘူး"

Chanyeolသက်ပြင်းတစ်ချက်ချပြီးမှ

"တော်သေးတာပေါ့။ အောင်လာလို့ ။ ကျောင်းသားပါဆို စာလုပ်ရမှာပေါ့ Baekhyuneeရဲ့"

ရင်ခွင်ထဲက အကောင်ပေါက်ကဖြင့် မျက်လုံးလေးမှိတ်ပြီး ငြိမ်နေတာကြောင့် ခေါင်းလုံးလုံးလေးကို အသာပွတ်သပ်ပေးလိုက်သည်။

"Baekhyuneeခေါင်းကို အရမ်းမကိုင်နဲ့နော်။ စာတွေ ထွက်ကျကုန်မှာ ကြောက်လို့"

ကလေးဆန်ဆန် အပြောကြောင့် Chanyeol ခပ်တိုးတိုး ခိုးရယ်မိသည်။

အကောင်ပေါက်လေးက အတန်ကြာ ငြိမ်နေပြီးမှ ကုတင်ပေါ်သွားထိုင်တာကြောင့် Chanyeolမှာ စာကြည့်စားပွဲမှာ ဝင်ထိုင်လိုက်ရသည်။

အခန်းတံခါးခေါက်သံ နှစ်ချက် ထွက်ပေါ်လာပြီး Baekhyuneeမေမေ အအေးဗန်းတစ်ခုနှင့် ဝင်လာသည်။

"သား သောက်ဦး။ ဟိုကောင်လေး Chanyeollieကို အရမ်း အနိုင်မကျင့်နဲ့နော်။အဲ့ကောင်လေးကို စာကြည့်ဖို့ နည်းနည်းပြောပေးပါဦးကွယ်။ အရင်က စာဆို ထွန့်ထွန့်လူးနေတာ။ အခုမှ တူတူတန်တန် စာကြည့်တာကွယ့်"

Chanyeol က ခေါင်းတငြိမ့်ငြိမ့်နှင့် နာခံနေပေမယ့် Baekhyuneeကတော့ မျက်နှာလေး ပုပ်သိုးလာသည်။

"မေမေ မသွားသေးဘူးလား"

"သွားပါပြီ။ မအေအိမ်မှာ နေပြီး မအေကို နှင်ထုတ်နေတယ်"

Baekhyuneeကို မျက်စောင်းခဲကာ Chanyeolကို ပြုံးပြပြီး ထွက်သွားလေသည်။
Baekhyunee မေမေ ထွက်သွားကာမှ Baekhyuneeက သူ့ဘေးနား ကုတင်ပေါ်ကို ပုတ်ပြကာ Chanyeolကို လာခိုင်းသည်။

"ဘာလို့လဲ Baekhyuneeရဲ့"

"ဒီကို လာထိုင်ပါဆို"

မလှုပ်တလှုပ် လှမ်းလာနေသော Chanyeol လက်ကို စိတ်မရှည်သလို ဆွဲဆောင့်ပြီး သူ့ဘေးတွင် ထိုင်စေသည်။
ပေါင်ပေါ်ရောက်လာသည့် ဆံသားနုနုတို့ အုပ်ဝဲနေသော ခေါင်းလုံးလုံးလေးကို ကြည့်ပြီး Chanyeolမှာ ဘယ်လိုနေရမှန်းမသိ။

"ကိုကြီး ဖုန်းဆက်နှိုးကတည်းက မနက်အစောကြီး ထရတာ အရမ်းအိပ်ချင်နေလို့ ၁၅မိနစ်လောက် အိပ်ဦးမယ် ။ ငြိမ်ငြိမ်လေးနေနော်"

Chanyeolမှာ အသက်ရှူမိရဲ့လားပင် မသိတော့။ အတန်ကြာ ငြိမ်နေသော Chanyeolကို Baekhyuneeက တစ်ချက်မော့ကြည့်ပြီး ဘယ်နားထားရမှန်း မသိသော Chanyeolလက်ကို ဆွဲယူကာ သူ့ခေါင်းလေးပေါ်ကို တင်ပေးလာသည်။
ငြင်းမရမည့်အတူတူ Chanyeolလက်တစ်ဘက်က Baekhyuneeခေါင်းကို ငြင်ငြင်သာသာ ပွတ်သပ်ပေးနေလိုက်သည်။

Baekhyuneeမှာ တခဏချင်း အသက်ရှူသံမှန်မှန်နှင့် အိပ်ပျော်သွားသည်။
ဘယ်လောက်တောင် ပင်ပန်းနေလို့လဲ။
စာမေးပွဲ အရမ်းကပ်နေမှ စာစကြည့်ရတာကြောင့် Chanyeolက မနက်အစောနှိုးပြီး၊ ညဆိုလည်း ညဥ့်နက်သည်ထိ စာကြည့်ခိုင်းတာကြောင့် အတော်ပင်ပန်းနေပုံရသည်။
ကိုယ့်စကား နားထောင်ပြီး စာကြည့်တာပင် တော်သေးသည်။

ဒီကောင်လေးရဲ့ အညိုရောင် ဆံသားနုနုလေးတွေကို ဖွရတာ အတော်ကြည်နူးဖို့ကောင်းသည်။
ဦးခေါက်ထက် တင်ထားသည့် လက်တို့က မျက်ခုံးလေးမှ မှိတ်ထားသော မျက်ခွံလေး၊ ထိုမှ နှာတံလုံးလုံးလေး၊ တလျှောက် ထိတွေ့နေမိသည့် လက်ချောင်းဖျားတို့သည့် ရဲသွေးလွှမ်းနေသော နှုတ်ခမ်းပါးလေးတွင် အဆုံးသတ်သွားသည်။

ရင်ထဲ တဒိတ်ဒိတ် ဖြစ်လာတာကြောင့် အကြည့်လွှဲမိတော့လည်း ပါးပြင်နုနုထက်သို့ သက်ရောက်လာသည်။

သွေးကြောမျှင်တို့ ယှက်ဖြာနေသည့် ဖြူနုနု ပါးပြင်လေးကို နှာခေါင်းနှစ်ပြီး နမ်းရှိုက်လိုက်ချင်မိသည်။

....

#tbc

.....

Continue Reading

You'll Also Like

9.5K 848 21
ပိ​ေတာက္​ပန္​းဆိုတာ ကိုယ္​့တို႔အတြက္​​ေတာ့ ရင္​ခ်င္​းဆက္​ၿပီးခ်ည္​ဖို႔ ႀကိဳးတစ္​​ေခ်ာင္​း​ေပါ့ ခ်ာတိတ္​ရယ္​.... ကိုယ္​မင္​းကို ဘယ္​​ေလာက္​​ေတာင္​မွ တ...
13.1K 297 14
ခ်စ္တယ္လိပ္ျပာ ယံုပ့ရေစအဲ့စကားက္ု
73K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
25.6K 4K 30
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...