မင္းေဖေဖငါက...Gayမဟုတ္ဘူး!! [...

By Dancing_Breeze

1M 165K 3.8K

'ေသာက္က်ိဳးေတြ ခ်ီးလိုနည္း!! ကိုယ္ဖန္တီးထားတဲ့ ကိုယ့္ဇာတ္ေကာင္...တစ္နည္းအားျဖင့္ ငါ့သားက ငါ့ကိုႀကိဳက္တယ္ဆိုတာ... More

ဇာတ္လမ္းအက်ဥ္း/ဇာတ်လမ်းအကျဉ်း
အခန္း(၁)
အခန္း(၂)
အခန္း(၃)
အခန္း(၄)
အခန္း(၅)
အခန္း(၆)
အခန္း(၇)
အခန္း(၈)
အခန္း(၉)
အခန္း(၁၀)
အခန္း(၁၁)
အခန္း(၁၂)
အခန္း(၁၃)
အခန္း(၁၄)
အခန္း(၁၆)
အခန္း(၁၇)
အခန္း(၁၈)
အခန္း(၁၉)
အခန္း(၂၀)
အခန္း(၂၁)
အခန္း(၂၂)
အခန္း(၂၃)
အခန္း(၂၄)
အခန္း(၂၅)
အခန္း(၂၆)
အခန္း(၂၇)
အခန္း(၂၈)
အခန္း(၂၉)
အခန္း(၃၀)
အခန္း(၃၁)
အခန္း(၃၂)
အခန္း(၃၃)
အခန္း(၃၄)
အခန္း(၃၅)
အခန္း(၃၆)
အခန္း(၃၇)
အခန္း(၃၈)
အခန္း(၃၉)
အခန္း(၄၀)
အခန္း(၄၁) [End of Vol-1]
အခန္း(၄၂) [Vol-2]
အခန္း(၄၃)
အခန္း(၄၄)
အခန္း(၄၅)
အခန္း(၄၆)
အခန္း(၄၇)
အခန္း(၄၈)
အခန္း(၄၉)
အခန္း(၅၀)
အခန္း(၅၁)
အခန္း(၅၂)
အခန္း(၅၃)
အခန္း(၅၄)
အခန္း(၅၅)
အခန္း(၅၆) [Final]
Facts
Goodbye!
Hello~

အခန္း(၁၅)

19.7K 3.3K 41
By Dancing_Breeze

[Zawgyi]

{ပူးပူးကပ္ကပ္ နီးနီးစပ္စပ္}

လင္းမို ဓားပ်ံကို ေပ့ဝူၿမိဳ႕နဲ႔ မနီးမေဝးမွာ ဆင္းသက္ေစလိုက္သည္။

"ၿမိဳ႕ေပၚမွာ ေကာင္းကင္အတားအဆီးေတြရွိတယ္။ ဘယ္သူမဆို ေပ့ဝူၿမိဳ႕ေပၚကေန ေက်ာ္ၿပီးပ်ံလိုက္တာနဲ႔ ခ်က္ခ်င္းျပဳတ္က်လာလိမ့္မယ္။"

သြမ့္ရံုရွင္း နားမလည္မွာစိုးသျဖင့္ သူေသခ်ာရွင္းျပလိုက္သည္။ ဒီဆရာတူညီငယ္ေလးက နည္းနည္းတံုးတယ္ဆိုတာေတာ့ သူသတိထားမိသည္။ ငတံုးေတြကို သူသေဘာမက်ေပမယ့္ ဒီငတံုးေလးကေတာ့ ႁခြင္းခ်က္ပင္။ သူ႔ရဲ႕သတ္မွတ္ခ်က္ေတြအကုန္လံုးကေန ကင္းလြတ္ခြင့္ရသည့္ ဆရာတူညီငယ္ေလး။

သြမ့္ရံုရွင္းကေတာ့ လင္းမိုေျပာသည္ကို အံ့ၾသေနသည့္ပံုစံျဖင့္သာ နားေထာင္ေနေလသည္။ သူေရးထားတဲ့ ဇာတ္လမ္းပဲဟာ၊ မသိဘဲေနမလား...ဟမ့္!

နွစ္ေယာက္သား ေပ့ဝူၿမိဳ႕ထဲကို လမ္းေလ်ွာက္ဝင္လာခဲ့ၾကသည္။ ညေနေစာင္းအခ်ိန္ပင္ ရွိေသးေသာ္လည္း လမ္းမေပၚတြင္ ေခြးတစ္ေကာင္ ေၾကာင္တစ္ၿမီးမွမေတြ႕ရေတာ့ေပ။ ေတာင္ပိုင္းရဲ႕ ကုန္သြယ္ေရးအခ်က္အခ်ာ ေပ့ဝူၿမိဳ႕သည္ ယခုေတာ့ျဖင့္ ၿမိဳ႕ပ်က္ႀကီးတစ္ခုအလား...။

"လင္းေကာ...ကြၽန္ေတာ္တို႔ ဒီညဘယ္မွာတည္းၾကမလဲ? တည္းခိုခန္းေတြလည္း အကုန္ပိတ္ကုန္ၿပီထင္တယ္။"

"ေပ့ဝူၿမိဳ႕မွာ မိစၦာေတြေသာင္းက်န္းေနတာ ဒီေလာက္အထိဆိုးမယ္မထင္ထားဘူး။"

လင္းမိုက မိစၦာအေငြ႕အသက္မ်ားျဖင့္ ျပည့္ေနေသာ လမ္းမကိုၾကည့္ရင္း ေျပာလာ၏။ သူတို႔ ေရွ႕ဆက္သြားရင္း သိပ္မၾကာခင္မွာပင္ အသုဘအိမ္တစ္အိမ္ေရွ႕သို႔ ေရာက္သြားသည္။

ထိုလူမ်ား၏ မ်က္နွာက ဝမ္းနည္းေနေသာ္လည္း အသက္ကင္းမဲ့ေနသည့္ ပံုစံမ်ားျဖင့္ျဖစ္သည္။ အမ်ိဳးသမီးတစ္ေယာက္က ေအာ္ဟစ္ငိုယိုကာ အေလာင္းစင္ေပၚမွ ေခါင္းတလားကို မီးရႈိ႕ပစ္ရန္ျပင္ေနသည္။ သို႔ေသာ္ တစ္ျခားလူမ်ား၏ ဆဲြထားမႈေၾကာင့္ သူမႀကိဳးစားမႈမွာ အရာမေရာက္ေခ်။

လင္းမိုက သြမ့္ရံုရွင္းကို သြားစံုစမ္းရန္ အမူအရာျဖင့္ျပလိုက္သည္။ သူကိုယ္တိုင္ကမူဘလူစိမ္းမ်ားနွင့္ စကားေျပာရျခင္းကို အင္မတန္မုန္းတီး၏။ သြမ့္ရံုရွင္းလည္း ေရွ႕ထြက္ကာ စံုစမ္းေရးလုပ္ရေတာ့သည္။

"ဒီက အစ္ကိုႀကီးတို႔ကိုေမးပါရေစ။ ဘာကိစၥေတြ ျဖစ္ခဲ့လို႔ ေပ့ဝူၿမိဳ႕က ဒီေလာက္ေျခာက္ကပ္သြားရတာလဲ။"

လူႀကီးတစ္ေယာက္က သြမ့္ရံုရွင္းနွင့္ လင္းမိုကို စူးစမ္းေသာအၾကည့္မ်ားျဖင့္ အကဲခတ္ရင္း ျပန္ေမးလာသည္။

"ေမာင္ရင္ေလးတို႔က...."

"ကြၽန္ေတာ္တို႔က က်င့္ႀကံသူေတြပါ။ ၿမိဳ႕နားက ျဖတ္သြားရင္း ၿမိဳ႕ထဲမွာ မိစၦာအေငြ႕အသက္ေတြ အရမ္းမ်ားေနလို႔ ဝင္စံုစမ္းတာပါ။"

က်င့္ႀကံသူဟူသည့္စကားကို ၾကားသည္နွင့္ ထိုလူႀကီးမ်ား၏မ်က္နွာမွာ ဝင္းပသြားေသာ္လည္း ခ်က္ခ်င္းပင္ ညႇိုဳးငယ္သြားျပန္သည္။

"က်င့္ႀကံတာ အေတာ္ေလးအဆင့္ျမင့္ေနၿပီျဖစ္တဲ့အဖိုးႀကီးေတြေတာင္ မနိုင္တာ။ ေမာင္ရင္ေလးတို႔လို လူငယ္ေတြဆို ပိုဆိုးမွာေပါ့။ ဒုကၡမရွာခ်င္ပါနဲ႔။"

"ဒုကၡေရာက္ေနသူကိုေတြ႕ရင္္ အတတ္နိုင္ဆံုးကူညီေပးရမွာ ကြၽန္ေတာ္တို႔ က်င့္ႀကံသူေတြရဲ႕တာဝန္ပါ။ အစ္ကိုႀကီးတို႔ ေျပာျပေပးပါလို႔ ေတာင္းဆိုပါတယ္။"

ထိုလူႀကီးက သူတို႔ကိုၾကည့္ၿပီး သက္ျပင္းတစ္ခ်က္ခ်လိုက္ကာ ေျပာေလသည္။

"ဒီလိုဆို္မွေတာ့ ေျပာျပရတာေပါ့။ အိမ္ထဲဝင္ထိုင္ၾကပါဦး က်င့္ႀကံသူအရွင္ေလးတို႔။"
.........

ေပ့ဝူၿမိဳ႕သည္ ေတာင္ပိုင္း၏ ကုန္သြယ္ေရး အခ်က္အခ်ာၿမိဳ႕ျဖစ္သည္နွင့္အညီ အလြန္စည္ကားလွေသာ ၿမိဳ႕ျဖစ္၏။ မည္သူကမွ ေပ့ဝူၿမိဳ႕ႀကီး ယခုလိုျဖစ္လာလိမ့္မည္ဟု မထင္ထားခဲ့ၾက။ ေပ့ဝူၿမိဳ႕တြင္ ဓေလ့တစ္ခုရွိသည္။ လူေသလ်ွင္ ခ်က္ခ်င္းမသျဂႋဳလ္ဘဲ အိမ္ေရွ႕တြင္ အေလာင္းစင္ျပင္ကာ သံုးရက္သံုးညထားတတ္ၾကေသာ ဓေလ့ပင္။

လြန္ခဲ့ေသာ လအနည္းငယ္ခန္႔က စကာ ေပ့ဝူၿမိဳ႕တြင္ လူအေသအေပ်ာက္မ်ားလာခဲ့သည္။ ၿမိဳ႕ရဲ႕ ဓေလ့အတိုင္း အေလာင္းစင္ျပင္ကာ လူေသကို သံုးရက္သံုးညထားၾကေသာ္လည္း ေနာက္တစ္ရက္ေရာက္သည္နွင့္ အေလာင္းမွာ ေပ်ာက္ေနၿပီျဖစ္သည္။

တစ္ခါနွစ္ခါမကေတာ့သျဖင့္ ၿမိဳ႕ခံမ်ားသည္လည္း အေလာင္းကို ခ်က္ခ်င္းသျဂႋဳလ္ေတာ့သည္။ သို႔ေသာ္လည္း ထိုသို႔လုပ္သည္နွင့္ ထိုအသုဘအိမ္မွ လူတစ္ေယာက္ထပ္ေသကာ အသုဘတစ္ခုမွ နွစ္ခုျဖစ္သြားတတ္သည္။

ထိုကိစၥကို ေျဖရွင္းရန္ က်င့္ႀကံသူဆရာႀကီးအမ်ားအျပားကို ဖိတ္ေခၚခဲ့ေသာ္လည္း လာေရာက္ေျဖရွင္းသူမ်ားမွာ ေပ်ာက္ခ်င္းမလွေပ်ာက္သြားတတ္ျပန္သည္ပင္။ သူတို႔ေျပာၾကသည္ကေတာ့ ေပ့ဝူၿမိဳ႕တြင္ အင္အားႀကီးမိစၦာတစ္ေကာင္ ေရာက္ရွိေနသည္ဟု။

အခ်ိန္ၾကာလာသည္နွင့္အမ်ွ ေပ့ဝူၿမိဳ႕ကို မည္သူမ်ွမလာရဲေတာ့။ ၿမိဳ႕ခံတစ္ခ်ိဳ႕လည္း မေနရဲသျဖင့္ေျပာင္းေျပးၾကေခ်ၿပီ။ ၾကာလ်ွင္ ေပ့ဝူၿမိဳ႕တစ္ကယ္ပ်က္ေတာ့မည္ပင္။
.........

လူႀကီးက ထိုအေၾကာင္းမ်ားကိုေျပာၿပီးေနာက္ ေခါင္းတခါခါျဖင့္ သက္ျပင္းခ်သည္။

"က်င့္ႀကံသူေလးတို႔တို႔အသက္ကို အလကားမဆံုးခ်င္ပါနဲ႔။ သြားၾကပါေတာ့။"

သြမ့္ရံုရွင္း လင္းမိုကိုလွည့္ၾကည့္လိုက္သည္။ လင္းမိုက သူ႔ကိုေခါင္းၿငိမ့္ျပလာ၏။

"ကိစၥမရွိပါဘူး။ ကြၽန္ေတာ္တို႔ ေတာင္းဆိုတာကိုသာ လုပ္ေပးပါ။"

လူငယ္ေလးနွစ္ေယာက္၏ ျပတ္သားေသာ မ်က္နွာထားကို ျမင္လိုက္ရၿပီးသည့္ေနာက္ ထိုလူႀကီးမ်ား ဘာမွမေျပာေတာ့ေခ်။ သူတို႔တတ္နိုင္သမ်ွ လုပ္ေပးပါမည္ဟု ကတိခံလိုက္ေလသည္။

"အေလာင္းစားမိစၦာေရာက္ေနတာပဲ။"

လင္းမိုက အေျခအေနကိုေလ့လာရင္း တီးတိုးေရ႐ြတ္သည္။

အေလာင္းစားမိစၦာဟူသည့္အတိုင္း ထိုမိစၦာက လူေသအေလာင္းမ်ားကိုစားတတ္သည္။ လူေသအေလာင္းမ်ားမ်ားစားေလ စြမ္းအားပိုတိုးေလပင္။ လူေသအေလာင္းမ်ားကိုသာစား၍ လူမ်ားကိုအႏၲရာယ္မေပးဟုထင္ပါက သင္ အမွားႀကီးမွားေပလိမ့္မည္။ ၿမိဳ႕တစ္ၿမိဳ႕႐ြာတစ္႐ြာ၌ တစ္နွစ္ၾကာလ်ွင္ပင္ လူဆယ္ေယာက္ေသဖို႔ဆိုသည္မွာ လြန္စြာခက္ခဲ၏။ သို႔ျဖစ္ရကား အေလာင္းစားမိစၦာတို႔မွာ အေလာင္းကိုစားရရန္အတြက္ သူေရာက္ရွိေနရာ ၿမိဳ႕႐ြာမွလူမ်ားကို ဖမ္းစားတတ္၏။ ထိုသူမ်ားမွာ သူ႔ဖမ္းစားမႈေၾကာင့္ ရက္အနည္းငယ္အတြင္း ေသေၾကၾကရသည္။ ဤသို႔ျဖင့္ ၿမိဳ႕ပ်က္၊ ႐ြာပ်က္သည့္အျဖစ္သို႔ေရာက္ၾကရ၏။ ဤသည္ကား က်င့္ႀကံျခင္းေလာက၏ဒ႑ာရီ၌ ေမာ့ယီြရွင္းေရးသားခဲ့သည့္ အေလာင္းစားမိစၦာ၏အေၾကာင္းပင္တည္း။

"အေခါင္းထဲက အေလာင္းကို ထုတ္ဖို႔ေျပာလိုက္။"

လင္းမိုက သြမ့္ရံုရွင္းကိုညႊန္ၾကားလာသည္။ သြမ့္ရံုရွင္းက လင္းမိုေျပာသည္ကို အိမ္ရွင္မ်ားအားျပန္ေျပာရ၏။ ဆိုရေသာ္ သူ႔အျဖစ္မွာ နိုင္ငံျခားသားနွင့္ေဒသခံတို႔အၾကား စကားျပန္လုပ္ေနရသူကဲ့သို႔ပင္။

အိမ္ရွင္မ်ားက အနည္းငယ္တြန္႔ဆုတ္ေနၾကေသာ္လည္း ေနာက္ဆံုး၌မူ သူ႔စကားအတိုင္း အေလာင္းကိုထုတ္လိုက္ၾကသည္။ လင္းမိုက အေလာင္းေဘး၌ ဒူးေထာက္ထိုင္ခ်ကာ စစ္ေဆးေလ၏။

"ၿပီးခဲ့တဲ့ရက္က ဒီလူဘယ္ကိုသြားေသးလဲ။"

"အသုဘအိမ္တစ္အိမ္မွာ အေလာင္းသြားေစာင့္ေပးတာပါ။"

လင္းမို ေခါင္းၿငိမ့္ကာ သြမ့္ရံုရွင္းကို တစ္စံုတစ္ခုထပ္ေျပာလိုက္ျပန္သည္။

"အဲ့ဒီ့က မေကာင္းတဲ့ေသျခင္းအေငြ႕အသက္ေတြက သူ႔ဆီကိုေရာက္သြားတာပဲ။ ခင္ဗ်ားတို႔အကုန္လံုး အိမ္ထဲဝင္ေနပါ။ ဘာသံၾကားၾကား အျပင္ကို ထြက္မလာနဲ႔။"

သြမ့္ရံုရွင္းက အိမ္ရွင္မ်ားကိုလွည့္ေျပာေနခိုက္ လင္းမိုက အေလာင္းေပၚ၌ သေကၤတတစ္ခ်ိဳ႕ေရးဆဲြကာ ခ်ီစြမ္းအင္ျဖင့္ အသက္သြင္းလိုက္သည္။ လင္းမိုေရးဆဲြလိုက္ေသာ သေကၤတမ်ားက အလင္းေရာင္မ်ားေတာက္ပၿပီး အသက္ဝင္လာၿပီးေနာက္ အေလာင္းမွာ ေပ်ာက္ကြယ္သြားေတာ့သည္။

ေဘးမွဝိုင္းၾကည့္ေနေသာ အိမ္ရွင္မ်ား၏ ေဒါသထြက္ေနသည့္ အၾကည့္တို႔ေၾကာင့္ သြမ့္ရံုရွင္း ကမန္းကတန္းပင္ရွင္းျပလိုက္ရျပန္သည္။

"မပူပါနဲ႔။ အေလာင္းကို ခနေဖ်ာက္ထားတာပါ။ သူဘာမွ မျဖစ္ပါဘူး။ အထဲဝင္ေနၾကပါ။ အျပင္မွာ ဘာသံၾကားၾကား လံုးဝထြက္မလာဘဲ ေနာက္တစ္ရက္ ေနထြက္ၿပီဆိုမွ အျပင္ကို ထြက္ၾကပါ။မဟုတ္ရင္ေတာ့ ခင္ဗ်ားတို႔အသက္ကို ကြၽန္ေတာ္တို႔လည္း အာမ,မခံနိုင္ဘူး။"

ထိုလူႀကီးမ်ားက ေခါင္းတဆတ္ဆတ္ၿငိမ့္ကာ အားနာဟန္ျဖင့္ ေတာင္းပန္လာၾကသည္။

"ကိစၥမရွိပါဘူးဗ်ာ။"

"ေရွာင္ရွင္း။"

လင္းမို၏ေခၚသံေၾကာင့္ သြမ့္ရံုရွင္း လင္းမိုအနားသို႔ေရာက္သြားရသည္။

"ဘာျဖစ္လို႔လဲ လင္းေကာ?"

လင္းမိုက ဘာမွမေျပာဘဲ တိတ္ဆိတ္စြာျဖင့္ သူ႔ဘက္လွည့္ကာ သေကၤတတစ္ခ်ိဳ႕ ေရးဆဲြလိုက္၏။

"ေသျခင္းအေငြ႕အသက္?"

"အင္း။ ဒီလိုမွမလုပ္ရင္ သူ႔ကိုလွည့္စားနိုင္မွာမဟုတ္ဘူး။ ဒါနဲ႔ ငါတို႔နွစ္ေယာက္လံုး အေခါင္းထဲဝင္ၿပီးရင္ အဖံုးပိတ္ေပးဖို႔နဲ႔ အေလာင္းစင္ေပၚမွာျပန္ထားေပးဖို႔ေျပာလိုက္ဦး။ ၿပီးရင္ေတာ့ သူတို႔ကို အျပင္ထြက္မလာခိုင္းနဲ႔ေတာ့။"

သြမ့္ရံုရွင္းက လင္းမို၏စကားကို အိမ္ရွင္မ်ားအားျပန္ေျပာျပလိုက္ၿပီးေနာက္ အေခါင္းထဲဝင္လိုက္သည္။ လင္းမိုက အေခါင္းဖံုးတြင္ ေလရွဴ ေပါက္ေသးေသးေလးေဖာက္ၿပီးမွ လိုက္ဝင္လာ၏။ သို႔ေသာ္ လူတစ္ေယာက္လွဲသာရံုအေခါင္းထဲ၌ လူနွစ္ဦးဝင္လွဲျခင္းမွာ မည္သို႔မွအဆင္မေျပ။ တစ္ေယာက္နွင့္တစ္ေယာက္ ပူးကပ္ထိစပ္ကာ လဲေလ်ာင္းေနရေသာအေနအထားသည္ လြန္စြာမွဆိုး႐ြားလွ၏။ သို႔ေသာ္လည္း သြမ့္ရံုရွင္း၌ ညည္းညဴ ရန္အခြင့္အေရးမရွိေပ။

"ပိတ္ခိုင္းလိုက္ရေတာ့မလား လင္းေကာ?"

လင္းမိုက သူ႔အေမးကို ေခါင္းၿငိမ့္ကာေျဖလာသည္။ အေခါင္းဖံုးပိတ္လိုက္ၿပီးသည့္အခ်ိန္၌ အေခါင္းထဲ၌ မည္းေမွာင္သြားေတာ့သည္။ အျပင္ဘက္၌ အလင္းေရာင္အနည္းငယ္ရွိေနေသးေသာ္ျငား အေခါင္းအတြင္း၌မူ ေမွာင္အတိက်ေနခဲ့ၿပီ။

လင္းမိုရွဴ ထုတ္လိုက္ေသာေလေငြ႕ေႏြးေႏြးက သြမ့္ရံုရွင္းမ်က္ႏွာဆီရိုက္ခတ္၏။ ထို႔အတူ သြမ့္ရံုရွင္းရွဴ ထုတ္လိုက္ေသာေလေငြ႕တို႔ကလည္း လင္းမို၏လည္ပင္းတစ္ဝိုက္ကိုရိုက္ခတ္သည္။ ပထမေတာ့သြမ့္ရံုရွင္း ေနရခက္ေနေသးသည္။ ေနာက္ေတာ့လည္း ျမန္ျမန္ဆန္ဆန္ပင္က်င့္သားရသြား၏။
...

[Unicode]

{ပူးပူးကပ်ကပ် နီးနီးစပ်စပ်}

လင်းမို ဓားပျံကို ပေ့ဝူမြို့နဲ့ မနီးမဝေးမှာ ဆင်းသက်စေလိုက်သည်။

"မြို့ပေါ်မှာ ကောင်းကင်အတားအဆီးတွေရှိတယ်။ ဘယ်သူမဆို ပေ့ဝူမြို့ပေါ်ကနေ ကျော်ပြီးပျံလိုက်တာနဲ့ ချက်ချင်းပြုတ်ကျလာလိမ့်မယ်။"

သွမ့်ရုံရှင်း နားမလည်မှာစိုးသဖြင့် သူသေချာရှင်းပြလိုက်သည်။ ဒီဆရာတူညီငယ်လေးက နည်းနည်းတုံးတယ်ဆိုတာတော့ သူသတိထားမိသည်။ ငတုံးတွေကို သူသဘောမကျပေမယ့် ဒီငတုံးလေးကတော့ ခြွင်းချက်ပင်။ သူ့ရဲ့သတ်မှတ်ချက်တွေအကုန်လုံးကနေ ကင်းလွတ်ခွင့်ရသည့် ဆရာတူညီငယ်လေး။

သွမ့်ရုံရှင်းကတော့ လင်းမိုပြောသည်ကို အံ့သြနေသည့်ပုံစံဖြင့်သာ နားထောင်နေလေသည်။ သူရေးထားတဲ့ ဇာတ်လမ်းပဲဟာ၊ မသိဘဲနေမလား...ဟမ့်!

နှစ်ယောက်သား ပေ့ဝူမြို့ထဲကို လမ်းလျှောက်ဝင်လာခဲ့ကြသည်။ ညနေစောင်းအချိန်ပင် ရှိသေးသော်လည်း လမ်းမပေါ်တွင် ခွေးတစ်ကောင် ကြောင်တစ်မြီးမှမတွေ့ရတော့ပေ။ တောင်ပိုင်းရဲ့ ကုန်သွယ်ရေးအချက်အချာ ပေ့ဝူမြို့သည် ယခုတော့ဖြင့် မြို့ပျက်ကြီးတစ်ခုအလား...။

"လင်းကော...ကျွန်တော်တို့ ဒီညဘယ်မှာတည်းကြမလဲ? တည်းခိုခန်းတွေလည်း အကုန်ပိတ်ကုန်ပြီထင်တယ်။"

"ပေ့ဝူမြို့မှာ မိစ္ဆာတွေသောင်းကျန်းနေတာ ဒီလောက်အထိဆိုးမယ်မထင်ထားဘူး။"

လင်းမိုက မိစ္ဆာအငွေ့အသက်များဖြင့် ပြည့်နေသော လမ်းမကိုကြည့်ရင်း ပြောလာ၏။ သူတို့ ရှေ့ဆက်သွားရင်း သိပ်မကြာခင်မှာပင် အသုဘအိမ်တစ်အိမ်ရှေ့သို့ ရောက်သွားသည်။

ထိုလူများ၏ မျက်နှာက ဝမ်းနည်းနေသော်လည်း အသက်ကင်းမဲ့နေသည့် ပုံစံများဖြင့်ဖြစ်သည်။ အမျိုးသမီးတစ်ယောက်က အော်ဟစ်ငိုယိုကာ အလောင်းစင်ပေါ်မှ ခေါင်းတလားကို မီးရှို့ပစ်ရန်ပြင်နေသည်။ သို့သော် တစ်ခြားလူများ၏ ဆွဲထားမှုကြောင့် သူမကြိုးစားမှုမှာ အရာမရောက်ချေ။

လင်းမိုက သွမ့်ရုံရှင်းကို သွားစုံစမ်းရန် အမူအရာဖြင့်ပြလိုက်သည်။ သူကိုယ်တိုင်ကမူဘလူစိမ်းများနှင့် စကားပြောရခြင်းကို အင်မတန်မုန်းတီး၏။ သွမ့်ရုံရှင်းလည်း ရှေ့ထွက်ကာ စုံစမ်းရေးလုပ်ရတော့သည်။

"ဒီက အစ်ကိုကြီးတို့ကိုမေးပါရစေ။ ဘာကိစ္စတွေ ဖြစ်ခဲ့လို့ ပေ့ဝူမြို့က ဒီလောက်ခြောက်ကပ်သွားရတာလဲ။"

လူကြီးတစ်ယောက်က သွမ့်ရုံရှင်းနှင့် လင်းမိုကို စူးစမ်းသောအကြည့်များဖြင့် အကဲခတ်ရင်း ပြန်မေးလာသည်။

"မောင်ရင်လေးတို့က...."

"ကျွန်တော်တို့က ကျင့်ကြံသူတွေပါ။ မြို့နားက ဖြတ်သွားရင်း မြို့ထဲမှာ မိစ္ဆာအငွေ့အသက်တွေ အရမ်းများနေလို့ ဝင်စုံစမ်းတာပါ။"

ကျင့်ကြံသူဟူသည့်စကားကို ကြားသည်နှင့် ထိုလူကြီးများ၏မျက်နှာမှာ ဝင်းပသွားသော်လည်း ချက်ချင်းပင် ညှိုးငယ်သွားပြန်သည်။

"ကျင့်ကြံတာ အတော်လေးအဆင့်မြင့်နေပြီဖြစ်တဲ့အဖိုးကြီးတွေတောင် မနိုင်တာ။ မောင်ရင်လေးတို့လို လူငယ်တွေဆို ပိုဆိုးမှာပေါ့။ ဒုက္ခမရှာချင်ပါနဲ့။"

"ဒုက္ခရောက်နေသူကိုတွေ့ရင် အတတ်နိုင်ဆုံးကူညီပေးရမှာ ကျွန်တော်တို့ ကျင့်ကြံသူတွေရဲ့တာဝန်ပါ။ အစ်ကိုကြီးတို့ ပြောပြပေးပါလို့ တောင်းဆိုပါတယ်။"

ထိုလူကြီးက သူတို့ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ ပြောလေသည်။

"ဒီလိုဆိုမှတော့ ပြောပြရတာပေါ့။ အိမ်ထဲဝင်ထိုင်ကြပါဦး ကျင့်ကြံသူအရှင်လေးတို့။"
.........

ပေ့ဝူမြို့သည် တောင်ပိုင်း၏ ကုန်သွယ်ရေး အချက်အချာမြို့ဖြစ်သည်နှင့်အညီ အလွန်စည်ကားလှသော မြို့ဖြစ်၏။ မည်သူကမှ ပေ့ဝူမြို့ကြီး ယခုလိုဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ကြ။ ပေ့ဝူမြို့တွင် ဓလေ့တစ်ခုရှိသည်။ လူသေလျှင် ချက်ချင်းမသင်္ဂြိုလ်ဘဲ အိမ်ရှေ့တွင် အလောင်းစင်ပြင်ကာ သုံးရက်သုံးညထားတတ်ကြသော ဓလေ့ပင်။

လွန်ခဲ့သော လအနည်းငယ်ခန့်က စကာ ပေ့ဝူမြို့တွင် လူအသေအပျောက်များလာခဲ့သည်။ မြို့ရဲ့ ဓလေ့အတိုင်း အလောင်းစင်ပြင်ကာ လူသေကို သုံးရက်သုံးညထားကြသော်လည်း နောက်တစ်ရက်ရောက်သည်နှင့် အလောင်းမှာ ပျောက်နေပြီဖြစ်သည်။

တစ်ခါနှစ်ခါမကတော့သဖြင့် မြို့ခံများသည်လည်း အလောင်းကို ချက်ချင်းသင်္ဂြိုလ်တော့သည်။ သို့သော်လည်း ထိုသို့လုပ်သည်နှင့် ထိုအသုဘအိမ်မှ လူတစ်ယောက်ထပ်သေကာ အသုဘတစ်ခုမှ နှစ်ခုဖြစ်သွားတတ်သည်။

ထိုကိစ္စကို ဖြေရှင်းရန် ကျင့်ကြံသူဆရာကြီးအများအပြားကို ဖိတ်ခေါ်ခဲ့သော်လည်း လာရောက်ဖြေရှင်းသူများမှာ ပျောက်ချင်းမလှပျောက်သွားတတ်ပြန်သည်ပင်။ သူတို့ပြောကြသည်ကတော့ ပေ့ဝူမြို့တွင် အင်အားကြီးမိစ္ဆာတစ်ကောင် ရောက်ရှိနေသည်ဟု။

အချိန်ကြာလာသည်နှင့်အမျှ ပေ့ဝူမြို့ကို မည်သူမျှမလာရဲတော့။ မြို့ခံတစ်ချို့လည်း မနေရဲသဖြင့်ပြောင်းပြေးကြချေပြီ။ ကြာလျှင် ပေ့ဝူမြို့တစ်ကယ်ပျက်တော့မည်ပင်။
.........

လူကြီးက ထိုအကြောင်းများကိုပြောပြီးနောက် ခေါင်းတခါခါဖြင့် သက်ပြင်းချသည်။

"ကျင့်ကြံသူလေးတို့တို့အသက်ကို အလကားမဆုံးချင်ပါနဲ့။ သွားကြပါတော့။"

သွမ့်ရုံရှင်း လင်းမိုကိုလှည့်ကြည့်လိုက်သည်။ လင်းမိုက သူ့ကိုခေါင်းငြိမ့်ပြလာ၏။

"ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ တောင်းဆိုတာကိုသာ လုပ်ပေးပါ။"

လူငယ်လေးနှစ်ယောက်၏ ပြတ်သားသော မျက်နှာထားကို မြင်လိုက်ရပြီးသည့်နောက် ထိုလူကြီးများ ဘာမှမပြောတော့ချေ။ သူတို့တတ်နိုင်သမျှ လုပ်ပေးပါမည်ဟု ကတိခံလိုက်လေသည်။

"အလောင်းစားမိစ္ဆာရောက်နေတာပဲ။"

လင်းမိုက အခြေအနေကိုလေ့လာရင်း တီးတိုးရေရွတ်သည်။

အလောင်းစားမိစ္ဆာဟူသည့်အတိုင်း ထိုမိစ္ဆာက လူသေအလောင်းများကိုစားတတ်သည်။ လူသေအလောင်းများများစားလေ စွမ်းအားပိုတိုးလေပင်။ လူသေအလောင်းများကိုသာစား၍ လူများကိုအန္တရာယ်မပေးဟုထင်ပါက သင် အမှားကြီးမှားပေလိမ့်မည်။ မြို့တစ်မြို့ရွာတစ်ရွာ၌ တစ်နှစ်ကြာလျှင်ပင် လူဆယ်ယောက်သေဖို့ဆိုသည်မှာ လွန်စွာခက်ခဲ၏။ သို့ဖြစ်ရကား အလောင်းစားမိစ္ဆာတို့မှာ အလောင်းကိုစားရရန်အတွက် သူရောက်ရှိနေရာ မြို့ရွာမှလူများကို ဖမ်းစားတတ်၏။ ထိုသူများမှာ သူ့ဖမ်းစားမှုကြောင့် ရက်အနည်းငယ်အတွင်း သေကြေကြရသည်။ ဤသို့ဖြင့် မြို့ပျက်၊ ရွာပျက်သည့်အဖြစ်သို့ရောက်ကြရ၏။ ဤသည်ကား ကျင့်ကြံခြင်းလောက၏ဒဏ္ဍာရီ၌ မော့ယွီရှင်းရေးသားခဲ့သည့် အလောင်းစားမိစ္ဆာ၏အကြောင်းပင်တည်း။

"အခေါင်းထဲက အလောင်းကို ထုတ်ဖို့ပြောလိုက်။"

လင်းမိုက သွမ့်ရုံရှင်းကိုညွှန်ကြားလာသည်။ သွမ့်ရုံရှင်းက လင်းမိုပြောသည်ကို အိမ်ရှင်များအားပြန်ပြောရ၏။ ဆိုရသော် သူ့အဖြစ်မှာ နိုင်ငံခြားသားနှင့်ဒေသခံတို့အကြား စကားပြန်လုပ်နေရသူကဲ့သို့ပင်။

အိမ်ရှင်များက အနည်းငယ်တွန့်ဆုတ်နေကြသော်လည်း နောက်ဆုံး၌မူ သူ့စကားအတိုင်း အလောင်းကိုထုတ်လိုက်ကြသည်။ လင်းမိုက အလောင်းဘေး၌ ဒူးထောက်ထိုင်ချကာ စစ်ဆေးလေ၏။

"ပြီးခဲ့တဲ့ရက်က ဒီလူဘယ်ကိုသွားသေးလဲ။"

"အသုဘအိမ်တစ်အိမ်မှာ အလောင်းသွားစောင့်ပေးတာပါ။"

လင်းမို ခေါင်းငြိမ့်ကာ သွမ့်ရုံရှင်းကို တစ်စုံတစ်ခုထပ်ပြောလိုက်ပြန်သည်။

"အဲ့ဒီ့က မကောင်းတဲ့သေခြင်းအငွေ့အသက်တွေက သူ့ဆီကိုရောက်သွားတာပဲ။ ခင်ဗျားတို့အကုန်လုံး အိမ်ထဲဝင်နေပါ။ ဘာသံကြားကြား အပြင်ကို ထွက်မလာနဲ့။"

သွမ့်ရုံရှင်းက အိမ်ရှင်များကိုလှည့်ပြောနေခိုက် လင်းမိုက အလောင်းပေါ်၌ သင်္ကေတတစ်ချို့ရေးဆွဲကာ ချီစွမ်းအင်ဖြင့် အသက်သွင်းလိုက်သည်။ လင်းမိုရေးဆွဲလိုက်သော သင်္ကေတများက အလင်းရောင်များတောက်ပပြီး အသက်ဝင်လာပြီးနောက် အလောင်းမှာ ပျောက်ကွယ်သွားတော့သည်။

ဘေးမှဝိုင်းကြည့်နေသော အိမ်ရှင်များ၏ ဒေါသထွက်နေသည့် အကြည့်တို့ကြောင့် သွမ့်ရုံရှင်း ကမန်းကတန်းပင်ရှင်းပြလိုက်ရပြန်သည်။

"မပူပါနဲ့။ အလောင်းကို ခနဖျောက်ထားတာပါ။ သူဘာမှ မဖြစ်ပါဘူး။ အထဲဝင်နေကြပါ။ အပြင်မှာ ဘာသံကြားကြား လုံးဝထွက်မလာဘဲ နောက်တစ်ရက် နေထွက်ပြီဆိုမှ အပြင်ကို ထွက်ကြပါ။မဟုတ်ရင်တော့ ခင်ဗျားတို့အသက်ကို ကျွန်တော်တို့လည်း အာမ,မခံနိုင်ဘူး။"

ထိုလူကြီးများက ခေါင်းတဆတ်ဆတ်ငြိမ့်ကာ အားနာဟန်ဖြင့် တောင်းပန်လာကြသည်။

"ကိစ္စမရှိပါဘူးဗျာ။"

"ရှောင်ရှင်း။"

လင်းမို၏ခေါ်သံကြောင့် သွမ့်ရုံရှင်း လင်းမိုအနားသို့ရောက်သွားရသည်။

"ဘာဖြစ်လို့လဲ လင်းကော?"

လင်းမိုက ဘာမှမပြောဘဲ တိတ်ဆိတ်စွာဖြင့် သူ့ဘက်လှည့်ကာ သင်္ကေတတစ်ချို့ ရေးဆွဲလိုက်၏။

"သေခြင်းအငွေ့အသက်?"

"အင်း။ ဒီလိုမှမလုပ်ရင် သူ့ကိုလှည့်စားနိုင်မှာမဟုတ်ဘူး။ ဒါနဲ့ ငါတို့နှစ်ယောက်လုံး အခေါင်းထဲဝင်ပြီးရင် အဖုံးပိတ်ပေးဖို့နဲ့ အလောင်းစင်ပေါ်မှာပြန်ထားပေးဖို့ပြောလိုက်ဦး။ ပြီးရင်တော့ သူတို့ကို အပြင်ထွက်မလာခိုင်းနဲ့တော့။"

သွမ့်ရုံရှင်းက လင်းမို၏စကားကို အိမ်ရှင်များအားပြန်ပြောပြလိုက်ပြီးနောက် အခေါင်းထဲဝင်လိုက်သည်။ လင်းမိုက အခေါင်းဖုံးတွင် လေရှူ ပေါက်သေးသေးလေးဖောက်ပြီးမှ လိုက်ဝင်လာ၏။ သို့သော် လူတစ်ယောက်လှဲသာရုံအခေါင်းထဲ၌ လူနှစ်ဦးဝင်လှဲခြင်းမှာ မည်သို့မှအဆင်မပြေ။ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်ထိစပ်ကာ လဲလျောင်းနေရသောအနေအထားသည် လွန်စွာမှဆိုးရွားလှ၏။ သို့သော်လည်း သွမ့်ရုံရှင်း၌ ညည်းညူ ရန်အခွင့်အရေးမရှိပေ။

"ပိတ်ခိုင်းလိုက်ရတော့မလား လင်းကော?"

လင်းမိုက သူ့အမေးကို ခေါင်းငြိမ့်ကာဖြေလာသည်။ အခေါင်းဖုံးပိတ်လိုက်ပြီးသည့်အချိန်၌ အခေါင်းထဲ၌ မည်းမှောင်သွားတော့သည်။ အပြင်ဘက်၌ အလင်းရောင်အနည်းငယ်ရှိနေသေးသော်ငြား အခေါင်းအတွင်း၌မူ မှောင်အတိကျနေခဲ့ပြီ။

လင်းမိုရှူ ထုတ်လိုက်သောလေငွေ့နွေးနွေးက သွမ့်ရုံရှင်းမျက်နှာဆီရိုက်ခတ်၏။ ထို့အတူ သွမ့်ရုံရှင်းရှူ ထုတ်လိုက်သောလေငွေ့တို့ကလည်း လင်းမို၏လည်ပင်းတစ်ဝိုက်ကိုရိုက်ခတ်သည်။ ပထမတော့သွမ့်ရုံရှင်း နေရခက်နေသေးသည်။ နောက်တော့လည်း မြန်မြန်ဆန်ဆန်ပင်ကျင့်သားရသွား၏။
...

Continue Reading

You'll Also Like

4.8K 273 8
Chapters - 4 Volume & 1 Extra ❗ The novel contains intense violence, blood/ gore, sexual content and strong language that may be appropriate for ages...
25.3K 3.6K 9
zawgyi/unicode Started date: 7.9.2020 End date: ???? ပုံပြင်တွေကို ပြန်လည်မွမ်းမံသူ (System)
2.5M 301K 191
Both Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရ...
745K 29.9K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....