ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgy...
By maylapyaepyae
39.9K 3.9K 992
Chansoo bl chanyeol Dokyungsoo More
Intro 1
Intro 2
Ch-1
updated မဟုတ်
Ch-2
Ch-3
ခွင့်တောင်းခြင်း
တောင်းပန်ခြင်း
Ch-4
Ch-5
Ch-6
Ch-7
No update
Ch-8
Ch-9
no update
😭😭😭
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-16
Ch-17
Ch-18
Ch-19
Ch-19(အဆက်)
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch -32
Ch-33
Ch-34
Ch-34(အဆက်)
Ch-35
Ch-36
Ch-37
Ch-38
Ch-39
Ch-40
Ch-17
Ch-41
Ch-41(အဆက်)
Ch-42
Ch 43
Ch 44
Ch-45
Final
Ch-15
530 78 8
By maylapyaepyae
Unicode
ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ဆွဲဆောင်ဖြားယောင်းရင်း သူ့ညို့စက်ကွင်းမှာကိုယ်မမိအောင်ကြိုးစားရုန်းထွက်ရင်းနဲ့ ပွဲကတစ်နေ့တစ်ခြားလှသထက်လှလာပါတယ်။ KS က ည၁၁နာရီဆို သူ့ဆီphဆက်နေကျဓလေ့လေးကို အမြဲတမ်းပြုလုပ်လေ့ရှိတယ်။ KS ph ဆက်တိုင်း သီချင်းတစ်ပုဒ်နဲ့ချော့သိပ်ခိုင်းတယ်။ တစ်ခါတစ်ခါ ဝတ္ထုတွေဖတ်ပြခိုင်းတယ်။ ကဗျာတွေဖတ်ခိုင်းတယ်။ ပြီးတော့ အချစ်ဝတ္ထုတောင်ပါသေးတယ်။ သူဖတ်ပြတာကို နားထောင်ရတာ ဘယ်လို အရသာရှိမှန်းမသိ။ နားထောင်ရင်းတစ်ခါတစ်လေ KS အိပ်ပျော်သွား တက်တယ်။ Chan ဆီမှာချစ်စရာကောင်းတဲ့အချက်က KS ဘာခိုင်းခိုင်း မငြီးမငြူ လုပ်ပေးတက်တယ်။
အခုလည်း KS chan ဆီ ph ဆက်လိုက်တယ်။ တစ်ခုရှိတာက အရင်တုန်းကလို chan ရှေ့ရောက်ရင် ကိုယ့်ကိုယ်ကို soo လို့​မပြောတော့ဘူး။ chan ကိုသူငယ်ချင်းတစ်ယောက်လိုပဲ ပြောနေမိတာ။chan လည်းသတိထားမိလောက်ပေမဲ့ ထုတ်မပြော။
KS : " chan မနက်ဖြန် မနက်အစောကြီး ဘုရားသွားချင်လို့ လိုက်ပို့ပေးမလား"
Chan : " ပို့တာပေါ့ ဘယ်အချိန်လဲ"
KS : " မနက် ၅ နာရီလောက်"
Chan : " ကောင်းပြီလေ ၅ နာရီမထိုးခင် မင်းအိမ်ရှေ့ရောက်မယ်"
Ks နဲ့ ph ပြောပြီးတုန်းရှိသေးတယ် kai ဆီက ph ဝင်လာပြန်ရော
Chan : " ပြော သားကြီး"
KS : " လဒ အဆဲခံချင်နေပြီ အခုဘယ်မှာလဲ "(ဆဲပြီးနေပြီလေ🙃)
Chan : " အိမ်မှာလေ ငါ့အိမ်ငါမနေလို့ မင်းနှမအိမ်သွားနေရမှာလား"
Kai : " သွားရဲသွားကြည့်ပါလား ကန်ချမှာမင်းကို"
Chan : " 😂😂 ကဲတော်ပြီ ဘာကိစ္စလဲ ငါဆီ ph ဆက်တာ "
Kai : " KS နိုင်ငံခြားသွားတော့မဲ့ သတင်းတွေကြားနေတယ်။ သူမင်းကိုဘာမှမပြောဘူးလား"
Chan အံ့သြသွားတယ် ။ KS နဲ့သူစကားပြောနေပေမဲ့ သူ့ကိုဘာမှမပြော။
Chan : " ဟင့်အင်း သူငါ့ကိုမပြောဘူး"
Kai : " ဟုတ်လား ။ ငါမင်းသိမယ်ထင်ထားတာ။ "
Chan : " ငါမသိဘူးကွ😅။ aww ဒါနဲ့ ငါ မနက်ဖြန် ကျောင်းမလာဘူးနော်"
Kai : " ဟင် ဘာလို့လဲ "
Chan : " KS ခေါ်ထားလို့"
Kai : " Aa မင်းသူနဲ့တွေ့မှမေးကြည့်ပေါ့ ။ မင်းလည်းနော် ငါတို့နဲ့တောင်အချိန်မနိုင်တော့ဘူး"
Chan : " ပြိုင်ပွဲပြီးတာနဲ့ မင်းနားက မခွာဘဲ ကပ်နေမှ ငါ့လာမပြောနဲ့။ အခုတော့ ပြိုင်ပွဲနိုင်ဖို့အရေးကြီးနေတယ်"
Kai : " မင်းနိုင်ပါစေ ဆုတောင်းပေးတယ် နော် သာကြီး"
Chan : " 😂 Aပါကွာ။ ဒါပဲဟျောင့််"
Kai ဆုတောင်းအမှန်က အတုယောင်တွေကြားထဲက အစစ်ကိုရှာတွေ့စေချင်တာပါ။ မင်းငါပြောတဲ့ အဓိပ္ပါယ်ကိုနားလည်နိုင်ပါစေကွာ။
Chan kai KS အကြောင်းဘယ်လိုသိလာလဲဆိုတာသိချင်ပေမဲ့ မမေးထွက်ခဲ့ဘူး။ သူ KS နဲ့ အနေနီးတယ်ထင်ရပေမဲ့ တကယ်တော့သူတို့ကအဝေးကြီးဘဲ ။ နည်းနည်းတော့ခံစားရတယ် သူနောက်ဆုံးမှသိခွင့်ရတာပဲ။
နောက်နေ့ ၅ နာရီမထိုးခင် chan ပပြိုင်ဘီးနဲ့KSတို့ခြံရှေ့ရောက်လာတယ်။ လာပုံကလည်း တီရှပ်ပါးပါးလေးနဲ့။ KS စိတ်ကူးရပြီး ပါးအဝတ်ဗီရိုထဲက ရှပ်အင်္ကျီတစ်ထည်ယူပေး လိုက်တယ်။ သူ့အင်္ကျီနဲ့chanနဲ့တန်မှာမဟုတ်ဘူးလေ။
KS : " မင်းဟာလေ မနက်အစော ကြီးကိုမချမ်းဘူးလား။ အင်္ကျီပါးပါးလေးနဲ့ "
Chan : " ဘယ်က ချမ်းရမှာလဲ။ဒီမှာလေ စက်ဘီးအသားကုန်နင်းလာတာ ချွေးတွေ ရွှဲနစ်နေတာ ။ စမ်း ကြည့်ပါလား"
KS : " မင်းတီရှပ်ချွတ်လိုက် ရော့ ဒီရှပ်အင်္ကျီဝတ်လိုက် "
Chan : " aww အလိုက်သိတာ အဲ့လို"
သူကရှပ်အင်္ကျီအဖြူကိုလဲရင်းပြုံးပါတယ်။ သူပြုံးလိုက်တိုင်း ပါးချိုင့်လေးခွက်သွားတာ သတိထားမသလို ။ Ks ကိုယ်တိုင် ဘာဖြစ်သွားမှန်းမသိတဲ့ ခံစားချက်က ထူးဆန်းလွန်းတယ်။
Ks : " ငါ့ကားနဲ့ဘဲ သွားမယ်နော်"
Chan : " သဘောပါဗျာ"
တကယ်တော့ သူ့နဲ့အတူ ဘုရားသွားတယ်ဆိုတာကလည်း ဆွဲဆောင်နည်းတစ်ခုပါ။ Ks ရဲ့ ဘုရားသွားတဲ့ပုံစံလေးကို မြင်စေချင်ရုံသက်သက်ပါ။ KS က ရှပ်အင်္ကျီ ခဲရောင်လေးဝတ်ထားပါ။ KS ကို chan ခနခန  လှည့်ကြည့်နေတာတော့ မသိချငိယောင်ဆောင်ကာ
Ks : " ဘာကြည့်နေတာလဲ"
လို့မေးတော့
Chan : " မင်းက အရင်နေ့တွေနဲ့မတူဘဲ ဒီနေ့ကျမှ ပိုတောက်ပပြီးအရမ်းချောနေလို့၊ ခုကြည့်ပြီးချက်ချင်းပြန်ကြည့်ချင်လာတယ် ။ ကြည့်လို့မဝဘူးဆိုတာ ဒါမျိုးပြောတာနေမှာ"
KS ပြုံးသာပြုံးနေလိုက်တယ်။ တစ်ယောက်နဲ့တစ်ယောက် အတုတွေချည်းပေးနေတာက ရင်မောဖို့ကောင်းတယ်။ ကိုယ့်ရဲ့ဆွဲဆောင်မှုတွေကို သူ သာယာညွတ်တိမ်းသွားတာကို ကျေနပ်ပျော်ရွှင်မိတာနဲ့အမျှ တစ်ပြိုင်နက်တည်း ကိုယ်ကိုယ်တိုင်လည်း ပျော်ဝင်ကျဆင်းသွားတာကိုရုန်းထွက်လို့မရပြန်ဘူးဆိုတာ။     သံယောဇဉ် တွယ်တာမှုဆိုတာကို Ks တို့က သူ့အလိုလိုဖြစ်တည်စေလာမျိုးမဟုတ်ဘဲ တမင်တကာ ရည်ရွယ်ချက်နဲ့ ထုဆစ်တည်ဆောက်နေခဲ့ကြတာ။ ပြီးတော့တစ်ချိန်ထဲမှာပဲ အဲ့တာကိုဖြိုလှဲဖြတ်ဆီးပစ်ဆိုတဲ့အသိက နှလုံးသားမှာ ကိန်းဝပ်နေပြီးသားလေ။ ဒီပွဲမှာဘယ်သူနိုင်မလဲ ဆိုတာကိုပဲ အာရုံစိုက်ထားမိတာ။ ကိုယ်ကိုယ်တိုင်ကတော့ အသာအယာဘဲ ရုန်းထွက်လို့.....ရနိုင်မယ်လို့ ကိုယ်စီထင်ထားမိခဲ့ကြတာပါ။ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကို အထင်ကြီးစွာနဲ့ ပြိုင်ဘက်ကိုလျှော့တွက်မိတဲ့သဘောပေါ့လေ............
T.B.C.
တိုသွားတာသိပါတယ်။ တောင်းပန်ပါတယ်။ အမှားပါရင်ခွင့်လွှတ်ပါ။ စာဖတ်သူတစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်။
#ချစ်ခြင်းရဲ့ယဥ်ကျေးမှု
#Thwethitsar
#loveyouall😍😘
#weareoneOT12
Zawgyi
KS : " မနက် ၅ နာရီလောက်"
Chan : " ပြော သားကြီး"
Kai : " ဟုတ်လား ။ ငါမင်းသိမယ်ထင်ထားတာ။ "
Kai : " ဟင် ဘာလို့လဲ "
Chan : " KS ခေါ်ထားလို့"
Chan : " 😂 Aပါကွာ။ ဒါပဲဟျောင့်"
Chan : " သဘောပါဗျာ"
Ks : " ဘာကြည့်နေတာလဲ"
လို့မေးတော့
T.B.C.
#Thwethitsar
#loveyouall😍😘
#weareoneOT12
All words 2500
Continue Reading
You'll Also Like
40.9K 3.6K 17
18.1K 2.2K 25
572K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
72.1K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။