Ch-7

655 83 3
                                    

     Ks canteen က အပြန်ကျောင်းဆင်းချိန်မှာ Chan ကိုပြိုင်ဘီးလေးနဲ့တွေ့လိုက်တာမို့ သူ့နောက်ကနေဖြေးဖြေးမှန်မှန် လိုက်သွားခဲ့လိုက်တယ်။ စိတ်ထဲမှာတော့ ကားနဲ့တိုက်သတ်တာဘယ်နှစ်ကြိမ်မှန်းမသိ။ လက်တွေ့မှာတော့ သူ့အိမ်ရှေ့ရောက်တဲ့ထိလိုက်သွားတယ်ဆိုပါတော့။ သူက သူ့စက်ဘီးကိုတိုင်မှာသော့ချိတ်လိုက်ပြီးမှ Ksရဲ့ကားဆီလှမ်းကြည့်ပြီးပြုံးတယ်။အဲ့အပြုံးက သူများတွေအတွက်တော့မသိဘူး။ Ks အတွက်တော့ အသည်းယားစရာပါ။ Ks ကားပေါ်ကဆင်းပြီး သူနဲ့မျက်နှာချင်းဆိုင်ရပ်လိုက်တယ်။

Chan : " အိမ်အထိလိုက်လာရတဲ့အထိဆိုတော့ မင်းရဲ့ကိစ္စက အရေးကြီးမဲ့ပုံ"

ဆိုပြီး ခနဲ့အပြုံးက Ks အတွက်တော့ သူ့မျက်နှာတည့်တည့်ဆီ လက်သီးနဲ့ ခွပ်ခနဲ ထိုးချင်စိတ်ကိုအတော်ကြီးထိန်းချုပ်ထားရတယ်။ သူရဲ့ရိုက်ချက်မှာ ကိုယ်မနာကျင်ဟန် ပြလေမှ ရန်သူက ပိုပြီးကသိကအောက်ဖြစ်မှာမဟုတ်လား။ Ks က သူပြောတဲ့စကားကို မနာချင်ဟန်ဆောင်ကာ

Ks : " မင်း ငါနဲ့ ဘာဖြစ်ချင်တာလဲ? ။ မင်း ဘာလို့ ငါ့ကိုလာပြီးရန်စနေတာလဲ။ ငါ့အကြောင်းသိချင်တယ်။"

Chan : " ကဲပါလေ အိမ်ရှေ့မှာဒီအတိုင်းကြီးရပ်နေတာ မမိုက်ပါဘူး။ လမ်းသွားလမ်းလာတွေက တစ်မျိုးထင်သွားလိမ့်မယ်၊ တစ်ချို့က မင်းကိုယ့်ဆီကနေ အဖြေတစ်ခုခုလိုက်တောင်းနေတယ်လို့ ထင်သွားရင်မကောင်းဘူး.....။"

Ks : " တောက်....မင်း စကားပြောရင် နည်းနည်းလောက် မတင်းစီးဘဲမနေနိုင်ဘူးလား။ "

Chan : " ကိုယ်ပြောတာမှားလို့လား ။ မင်း ကိုယ့်ကိုမေးခွန်းတစ်ခုမေးထားတယ်။ပြီးတော့ ပြန်ဖြေခိုင်းတယ်လေ။ မင်း အဲ့အဖြေကိုတောင်းနေတာမဟုတ်ဘူးလား။ မင်းဘာသာအတွေးလွန်နေတာ ။ ငါက ရိုးရိုးလေးပြောတာ။ မင်းတွေးချင်တာတွေးနေရင် ငါလည်းမသိဘူး။ "

Ks ပါးစပ်ဘဲပိတ်ပြီးမျက်စောင်းသာထိုးလိုက်တော့တယ်။ အဲ့မျက်စောင်းသာနဂါးမျက်စောင်းဖြစ်ကြည့်ပြာကျနေမှာကြာပြီ။  ထပ်ပြောနေရင်လည်း ပါးစပ်ကနေက ယဥ်ကျေးတဲ့ စကားလုံးတွေ ထွက်လာမယ် လို့ အာမ မခံနိုင်ပါ။ သူ့လောက်ကပ်သီးကပ်သပ် ပြောနိုင်တာ သူဘဲရှိမည်ထင်။

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora