Ch-9

642 80 109
                                    

Ch 9

Unicode

Chan တို့ပြန်ထွက်သွားတော့ Ks တို့ထိုင်နေရာကနေပြန်ပြောင်းထိုင်နေကြလေရဲ့။ တကယ်တော့ သူတို့ထိုင်လိုက်တာထိုင်နေကြနေရာမဟုတ်ပါဘူး။ Chan သိမှာဆိုလို့ Ks ကပြောင်းထိုင်လိုက်တာ။ Baek တို့က အစကကြောင်နေသေးတာ။ နော Ks မျက်စပစ်ပြတော့မှ aww ဆိုပြီးဝင်ထိုင်ကြလေရဲ့။ နေရာပြောင်းပြီးတော့ Baek က စလာပါပြီ။

Baek : " Kyung မင်းလူကြီးက မိုက်တယ်ကွ ရပ်ကြည့်သွားတာအကြာကြီး။ မင်းကိုကြည့်နေတဲ့မျက်လုံးတွေက ကြွေချင်စရာကြီး။ "

Ks : " သေလေ။ အဲ့တာ ဟန်ဆောင်နေတာ ။ မင်းပဲကြွေ ။ နေပါအုံး မင်း hun လေးကို ကြွေနေတာမလား။ hun ကိုသွားပြောရမယ်။ မင်း က ဟိုခုန်ဒီခုန်ကူးတဲ့မျောက်ဆိုတာကို"

Chen : " မင်း အခုမသိတာလား ။ သူက မျောက်မှ မျောက်အကြီးစားကြီး ။ sehun ကိုမှန်းနေတာအံ့ပါ့ကွာ😂😂"

Ks က တော့ သိနေပါပြီ။Baek ကို Chen ပြောပြီ ဆိုရင် သူဝင်ပါစရာမလိုအောင်​ပြောပြီး စကားနာထိုးကြ။ ပြီးရင် Chen က အသေအလဲ မရယ်ရလဲ ဟားနေတာ။ Baek က မခံနိုင်တော့ လိုက်ရိုက်။ သေချာတာအတန်းမတက်ရတော့ဘူးဆိုတာပါ။ တစ်ခါတစ်လေ ဆရာရှိနေတာတောင် ရန်ဖြစ်တက်တဲ့သူတို့ကြောင့် အပြောခံရတာအကြိမ်တစ်ရာမကတော့။ အခုလည်း သူတို့နှစ်ယောက်ကို Ks မနိုင်တော့ဝင်မပြောတော့ပါ။

Baek : " အေး ငါက မျောက် ဆိုရင် မင်းက မိကျောင်း ။ လူက ပုသလောက် လျှာရှည်တာက မိကျောင်းထက်ဆိုးတယ်။"

Chen : " မင်းလို ဟိုဘက်ဒီဘက်ကူးထက်တော့သာပါတယ်။ မင်းသာ ဟိုဘက်ဒီဘက်ကူးပြီး ကားယားကြီး ဖြစ်နေမှ ။ Ks မင်းတွေးကြည့် သူကားယားကြီးဖြစ်နေတာကို😂😂😂"

Ks လည်းရောယောင်ပြီးလိုက်ရယ်။ Baek က ဒေါသတွေထွက်ပြီးChen ကိုလိုက်ရိုက်ပါတော့တယ်။ Chen ကတော့ ပြောပြေးပြေးတာ လှစ်ခနဲ။ Ks ကတော့ သူတို့ဘယ်သွားမယ်ဆိုတာ သိတော့ နောက်ကနေအေးဆေးလိုက်သွားတယ်။ သေချာတာကတော့ R.C. က သူတို့ဦးလေးဆိုင်ပါ။ ပြသာနာဖြစ်တဲ့နေ့က မျက်နှာပူလို့မထိုင်ကြတာ။ ဦးလေး ဆိုပေမဲ့ အရင်းမဟုတ်ပါဘူး။ Ks တို့အိမ်က driver အဟောင်းပါ။ ကျန်းမာရေးကြောင့်ထွက်ရပြီး KS ကြောင့် R.C. မှာ ဆိုင်လာဖွင့်တာပါ။ ks ကို စိတ်မချလို့တဲ့။ ဟိုရောက်တော့ ဟိုနှစ်ကောင် စားစရာတွေမှာပြီးစားနှင့်နေတာ စောနက ရန်ဖြစ်နေတာ သူတို့မဟုတ်တဲ့အတိုင်း။ Ks လည်း ဝင်ထိုင်ကာ သူမှာနေကြအတိုင်း Cola ဘဲမှာလိုက်တယ်။ ဟိုနှစ်ယောက်ကတော့စကားတောင်မပြောနိုင်ဘူး။ ဘယ်ကတည်းက ငတ်နေလဲတော့မသိ။

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now