Ch-1

1.9K 114 11
                                    

ကျောင်းဝန်းထဲကို KS ရဲ့အနီရောင်ပြိုင်ကားလေးဝင်လိုက်ပြီဆိုတာနဲ့ ကျောင်းထဲမှာရှိနေသူတွေအကုန်လုံး လမ်းလျှောက်နေရင်းရပ်သွားတဲ့သူကရပ်လို့ အတွဲရှိတဲ့သူတွေကလည်း ကိုယ့်ရည်စားကိုဂရုမစိုက်နိုင်လောက်အောင် ငေးကြည့်တဲ့သူကငေးလို့ ဒီအချိန်ကိုတမင်တကာလာစောင့်နေတဲ့သူကလည်း ကားထဲကထွက်လာမဲ့ All black နဲ့ နှစ်ခါပြန်ငေး‌ရလောက်တဲ့အထိ ချောလှတဲ့မျက်နှာပိုင်ရှင် စွဲဆောင်မှုရှိပြီးညှို့အားပြင်းတဲ့ အသည်းပုံနှုတ်ခမ်းထူထူလေးကိုပိုင်ဆိုင်ထားတဲ့ Doh Kyung Soo ကို မသိတဲ့လူမရှိပါဘူး Ks ကိုမြင်ချင်လွန်းလို့ စောင့်နေကြသူကအများအပြား Ks ကိုမြင်တိုင်းနှစ်ခါပြန်ငေးရတာက KS ရဲ့သ‌က်ေတ လိုဖြစ်နေပါပြီ။ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ KS ကိုမြင်ရင် အရူးအမူး ဖြစ်သွားတာ Ks သိတာပေါ့ ။ ဒါပေမဲ့ KS ကတော့ ကားပေါ်ကဆင်းပြီး ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲ ထွက်သွားတက်တာက အကျင့်လိုဖြစ်နေပြီ။ နောက်မှာဘာဖြစ်ကျန်ခဲ့တယ်ဆိုတာလဲမသိ။ ကပ်ပါလာတဲ့တီးတိုးစကားသံတွေ ကိုလည်းစိတ်မဝင်စား။ နောက်က ပါလာတဲ့ခြေသံတွေကိုလည်း မသိချင်ယောင်ဆောင်မြဲ။ သူရဲကောင်းဆန်စွာ စကားလာပြောရင်တော့ Ks အတွက်စိတ်ရှုပ်စရာပါ။
Boy : "Soo"
KS : "ကျစ်..."

ပြောဆိုတဲ့ပုံစံမျိုးနဲ့မေးငေါ့လိုက်တယ်။

Boy : "ဟို...Soo နဲ့စကားပြောချင်လို့ပါ ကော်ဖီဆိုင်မှာ ခဏထိုင်ပေးလို့ရမလား"

KS:pov 'ကျစ်...စိတ်ရှုပ်လိုက်တာ'

သူကိုယ်တိုင် စိတ်ရှုပ်တာမကြိုက်ဘူးဆိုပေမဲ့ မကြိုက်တာကိုရိုးရိုးမပြောတက်သူဆိုတော့....

KS: "အခုတော့ ကော်ဖီမသောက်ချင်သေးဘူး သောက်ချင်တဲ့အချိန် ငါလာခဲ့မယ် စောင့်နိုင်ပါ့မလား"

Boy : "ဟုတ်..စောင့်ပါ့မယ် Soo သာ လာဖြစ်အောင်လာပေးပါ "

KS: "Ok လာတာမလာတာငါ့သဘော"

ပြောပြီးလှည့်ထွက်ခဲ့တယ် သေချာတာကတော့ KS အဲ့ကိုမသွားမှာကတော့ ပြောစရာပင်မလိုတော့ပါ။နောက်ကကောင်လေးကတော့ Ks မလာမချင်းစောင့်နေမယ်ဆိုဘဲ။ဘယ်လောက်တောင် တုံးအ လိုက်တဲ့လူလည်း။ မလာမချင်းစောင့်မှာဆိုတော့ တစ်ခါတစ်လေ အံ့ဩမိတယ်။ လာမယ် မလာဘူးဆိုတာ မသေချာတဲ့လူတစ်ယောက်ကို‌ထိုင်စောင့်မယ်ဆိုတာ ဘယ်လောက် တုံးအ လိုက်လဲ။တုံးတယ်ပြောတော့လည်း.......သူတို့ကလက်မခံချင် ။ ခေါင်းရမ်းပြီးသာ အခန်းထဲလာခဲ့တယ် ။

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now