ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgy...
By maylapyaepyae
39.9K 3.9K 992
Chansoo bl chanyeol Dokyungsoo More
Intro 1
Intro 2
Ch-1
updated မဟုတ်
Ch-2
Ch-3
ခွင့်တောင်းခြင်း
တောင်းပန်ခြင်း
Ch-4
Ch-5
Ch-6
Ch-7
No update
Ch-8
Ch-9
no update
😭😭😭
Ch-10
Ch-11
Ch-12
Ch-13
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-19(အဆက်)
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch -32
Ch-33
Ch-34
Ch-34(အဆက်)
Ch-35
Ch-36
Ch-37
Ch-38
Ch-39
Ch-40
Ch-17
Ch-41
Ch-41(အဆက်)
Ch-42
Ch 43
Ch 44
Ch-45
Final
Ch-14
531 76 11
By maylapyaepyae
Unicode
ည ၁၁ နာရီလောက်မှာ KS ဆီက ph ဝင်လာတယ်။
Ks : " Chan..."
မလိုအပ်ပဲ ချိုလွန်းနေတဲ့ KS အသံ ကြောင့် သူပြုံးမိတယ်။သူကြိုးစားစရာမလိုအောင် KS ရဲ့နဂိုအသံက ဆွဲဆောင်မှုရှိပြီးသားပါ။
Ks : " အိပ်နေပြီလား"
Chan : " မအိပ်သေးပါဘူးဗျာ။ ကောင်လေးတစ်ယောက်အကြောင်းတွေးနေတာ"
Ks : "ဘယ်က ကောင်လေးလဲ"
Chan : " ကိုယ့်စိတ်ကူးထဲက ကောင်လေးတစ်ယောက်အကြောင်းပေါ့။ သီချင်းနားထောင်တော့မလား soo"
KS : " အင်း "
Chan : " ကိုယ့်သီချင်းကို ဆုံးအောင်နားထောင်ပေးနော်"
🎼🎤(အချစ်ဆိုတာဟာကောင်းကင်က ငှက်တစ်ကောင်လိုပဲ.......
ဘဝဆိုတာဟာဖြတ်သန်းမှအဓိပ္ပါယ် ရှိတယ်............
တစ်ချိန်လုံးဖြတ်သန်းလာခဲ့ရတဲ့အမောတွေကို...........
ချွေးသိပ်ဖို့နားခိုရမဲ့ချစ်သစ်ပင်ကို...........
ဦးခိုက်ရင်း လေဟုန်ဖြင့် အရှိန်ကိုထိုးခွင်းလာရင်းနဲ့........
တောင်ပံခတ်သံအချက်တိုင်းမှာ....
ချစ်တယ် ချစ်တယ်ဆိုတဲ့ရိုက်ချက်များ.........
ရွှေနားတော်ပါးဆီ ပဲ့တင်မြည်ဟီးလို့ ချစ်တယ် အရမ်းပဲချစ်နေပြီ)၂
ချစ်တယ် အရမ်းပဲ.....ချစ်နေပြီ........
Ks : " ကဲ soo ဆုံးအောင်နားထောင်ပေးတယ်နော်"
Chan : " ဟုတ်ပါပြီဗျာ "
KS : " Soo တို့မနက်ဖြန် Zephyr ဆုံကြမလား။ အေးအေးဆေးဆေး စကားပြောကြတာပေါ့"
Chan : " Sooလာမှာသေချာလို့လား"
KS : " omm မနက်ဖြန် ၁၀ နာရီလောက် dim sum စားရင်း ဆုံကြမယ်လေ"
Chan : " ကောင်းပြီလေ ကိုယ်လည်းပြောစရာရှိတယ် "
KS : " အဲ့တာဆို ph ချလိုက်တော့မယ်"
Chan : " ခနလေး soo"
သူတစ်ခုခု ပြောမယ်ထင်ပြီး KS စောင့် နေပေမဲ့ ဘာသံမှမကြာလာတာမို့
KS : " Chan ဘာပြောမလို့လဲ ​"
Chan : " ပြောဖို့မဟုတ်ပါဘူး။
တစ်ခုခုလှမ်းပေးလိုက်တာ ။"
KS : " ကြည့်စမ်း .....တောက်"
KS ဒေါသသံနဲ့အတူ ph ချသွားတာကြောင့်သူပြုံးမိတယ်။ သူ ph ကိုနမ်းပစ်မိလိုက်တာပါ။ ရိုးသားမှုမပါပေမဲ့ အဲ့ဒီခဏလေးမှာ ဘယ်လိုသာယာမိန်းမူးသွားလိုက်မှန်းမသိ။တစ်ခါတစ်လေမှာ ကိုယ့်လက်နက်နဲ့ကို ပြန်ထိမှန်တက်တယ်ဆိုတာကို သူ သတိကြီးစွာထားရမဲ့ ပထမဆုံး သင်ခန်းစာ ရလိုက်တဲ့ အဖြစ်ဆိုပါတော့........
KS က တော့ Ph ချလိုက်ပြီး ကိုယ့်ကိုယ်ကို အံ့သြနေမိတာ ဘယ်လိုတောင် မိန်းကလေး ဆန်လိုက်လဲလို့။ သူကိုယ်တောင်တိုင် မသိလိုက်ဘဲ မျက်စောင်းထိုးနေမိတာ။ နောက်ပြီး Chanက ph ကိုနမ်းလိုက်တာကို အပျိုဖြန်းကလေးလို ရှက်စရာလိုလို့လား။ တကယ်ခနလေးအတွင်းမှာ အတုအပေါ်မှာ သာယာမိသွားတာ။ ကိုယ့်ကိုယ်ကို အတုကအတု ဆိုတာကို အသိပေးရင်း အိပ်စက်ခြင်းဆီသို့.......။
''လူတစ်ယောက်ရဲ့ရင်ဘတ်တစ်စုံဟာ......
စိုက်ခင်းဥယျာဥ်မြေကွက်ကြီးနဲ့တူတယ်......
အဲ့ရင်ကြီးထဲမှာ သိပ်လှပြီး မွှေးထုံလှတဲ့ ကြင်နာမြတ်နိုးချင်းပန်းပွင့်တွေ......
အလေးအနက် ဂရုတစိုက် တန်ဖိုးထားခြင်းဆိုတဲ့ အရိပ်ရပန်းပင်တွေ......
စိမ်းစိုဝေဆာနေအောင်လည်းစိုက်ပျိုးခွင့်ရှိသလို
အရုပ်ဆိုးအကျဥ်းတန်တဲ့ မာယာဆူးပန်းပင်တွေ....
ဟန်ဆောင်ခြင်း ပရိယာယ်ပါတဲ့ အဆိပ်ပန်းပင်တွေ စိုက်မယ်ဆိုလည်း သင့်သဘောပါပဲ ။
သေချာတာကတော့ ကိုယ်စိုက်ပျိုးတဲ့ပန်းပင်က ကိုယ့်ရင်ဘတ်ကိုတန်ပြန်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာပါပဲ..........''
Zephyr မှာလူတော်တော်ရှင်းနေပါတယ်။ အင်းလျားကန်ကြီးကို အဆုံးမရှိမြင်နေရတဲ့ စားပွဲမှာ Chan တစ်ယောက်ထဲ ထိုင်နေခဲ့တယ်။ KSရောက်လာတော့ သူပြုံးပြီး လှမ်းကြည့်နေတယ်။ သူပြုံးနေတာက လူတစ်ယောက်ကိုမက်မောတွယ်တာဟန်ကြည့်တဲ့မျက်လုံးမျိုး။သူ့မျက်ဝန်းတွေက ဟန်ဆောင်နေတာလား တကယ်လား မခွဲနိုင်လောက်အောင် အသက်ဝင်လက်ဖြာနေခဲ့တာ။ KS ကလည်း အကျောမခံချင်သူဆိုတော့ သူရဲ့ဆွဲဆောင်မှုရှိတဲ့ မျက်လုံးဝိုင်းလေးနဲ့ပြန်ကြည့်လိုက်တယ်။ KS တို့ စားပွဲမှာ နှစ်ယောက်သားထိုင်မိပြီး တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေမိတာတော်တော်ကြာ ပါတယ်။
Chan : " Soo တကယ်ပြောတာ မင်းက အရမ်းချောတာပဲ" (မိန်းမချောချောတာကို ထည့်မပြောတော့ မဟုတ်ရင်အဲ့နေရာမှာ အသက်ထွက်ကိန်းရှိတာမို့)
KS : " ဟုတ်လား.....ကျေးဇူးပါ။ မင်းလည်း မင်းသားပါပဲ"
Chan : " ကိုယ့်ကို ပြန်ရိတာလား soo "
KS : " မဟုတ်ပါဘူး ၊ အရှိတိုင်းပြောတာပါ"
Chan : " တစ်ခါတစ်လေကျတော့ အရမ်းချောအရမ်းလှပြီး ထက်မြက်လွန်းတဲ့ ပြီးပြည့်စုံတဲ့ ယောင်္ကျားလေးတစ်ယောက်ရဲ့ဘဝကို ကိုယ်ချင်းစာမိတယ်သိလား။ မင်းက အရမ်းချော အရမ်းလှ ပြီးတော့ ထက်မြက်လွန်းတဲ့မင်းကို ချစ်ချင်တဲ့သူတွေ မင်းအချစ်ကို လိုချင်နေတဲ့သူအများကြီး၊ အခုခေတ်ဆိုရင် ယောင်္ကျားလေးတောင် စိတ်ချလို့ရတော့တာမဟုတ်၊ တစ်ချို့က အလိုက်ကန်းဆိုးမသိ နားမလည်ပေးကြဘူး။ မင်းက တစ်ယောက်ထဲ။ သူတို့လိုချင်တာကိုပဲကြည့်ပြီး အတ္တကြီးကြတယ်။ အဲ့တော့ မင်းနဲ့ ပြသာနာတက်ကြတယ်။ ကိုယ်လည်း တစ်ခါတစ်လေ စဥ်းစားမိတယ် မင်းနေရာမှာ ကိုယ်ဆိုရင် တစ်ခါတစ်လေ ဒီလိုပဲ ညစ်မိမလားလို့လေ။ "
KS : " ငါ့ကို နားလည်လာပြီ ဆိုပါတော့လေ "
Chan : " အပေါ်ယံ တွေးတာမျိုးမဟုတ်ဘဲ မင်းနေရာကနေ ကိုယ်ဝင်ပြီးတွေးကြည့်တာပါ။ လူတွေအများကြီး ဝိုင်းချစ်ကြတာလဲ ဝဋ်တစ်မျိုးပဲ ဖြစ်လိမ့်မယ်။ တစ်ချို့တွေက ရည်းစားအများကြီးထားမိတယ်။ သူတို့ကို ချစ်လာသမျှ သူတွေထဲက ကောင်းနိူးရာကိုရွေးရင်း ရည်းစားများတာ ရှုပ်တာတို့ ဖြစ်သွားကြတာ ဖြစ်မယ်။ မင်းကိုတော့ ချီးကျူးပါတယ်။ ဒီလောက် ဝိုင်းဝိုင်းလည်နေတာ တောင် တစ်ယောက်မှပြန်မကြိုက်ဘဲ တင်းခံနိုင်လို့လေ "
KS : " aww မင်းက ငါ့အကြောငမှမသိသေးဘဲ ။ ငါက အချစ်ဆိုတာကို impress ဖြစ်တယ် ။ ပြောရရင် နက်နက်ရှိုင်းရှိုင်း တန်ဖိုးထားမျှော်လင့်ထားတယ်။ ငါ့နှလုံးသားဆီကနေ တနင့်တပိုး တလေးတနက်ကြီး မခံစားမိဘဲ အချစ်ဆိုတာကို လွယ်လွယ်ကလေး ပေါ့ပေါ့ကလေး အဓိပ္ပါယ်မဖွင့်ချင်တာလဲ ပါတယ်။ ငါက လူတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနင့်နေအောင် အရူးအမူး မကျဆုံးမိဘဲ မချစ်ချင်ဘူး။ ငါ့အတွက် အချစ်ဆိုတာ ခမ်းနားလွန်းတယ် ။ ထိုက်တန်လွန်းတယ် ။ တန်ဖိုးကြီးလွန်းတယ်။ "
KS စိတ်ပါလက်ပါနဲ့ဖွင့်ဟဝန်ခံမိတာကို သူကလည်း လေးနက်သိမ်မွေ့တဲ့မျက်နှာထားနဲ့ စိုက်ငေးကြည့်လို့နေတယ်။ အမှန်တိုင်းပြောရရင် မာယာလည်းမဟုတ် ပရိယာယ်လည်းမဟုတ်ဘဲ KS ရင်ထဲရှိတဲ့အတိုင်းပြောဖြစ်သွားတာပါ။
Chan : " ကိုယ့်အတွက်တော့ အချစ်ဆိုတာ တစ္ဆေတစ်ကောင်လိုပဲ ။ တကယ်ရှိတာဆိုတာ ယုံသလိုလို မယုံသလိုလိုနဲ့ တကယ်လည်းအခြောက်မခံရဖူးသေးတော့ ကိုယ်လည်းသူများပြောသမျှတွေနဲ့ပုံဖော်နေရတာ"
KS : " အခြောက်မခံဖူးလို့ဘဲ မင်းတစ်ကိုယ်လုံးလည်း ပညာတွေချည်းပဲနော်"
သူကပြုံးရင်း လေတစ်ချက်အတိုက်မှာ
Chan : " မင်းရဲ့ ကိုယ်သင်းနံ့ပဲ ။ကိုယ်ထင်ပါတယ်။ မင်း ကိုယ့်ပေးတဲ့ ရေမွှေးသုံးမှာမဟုတ်ဘူးလို့။ မင်းသုံးနေကြရေမွှေးအနံ့က မင်းရဲ့ကိုယ်သင်းနံ့လောက်ဆွဲဆောင်မှု
မရှိတော့ ။ မင်း ရေမွှေးမဆွတ်ဖို့ ကိုယ်ခေါင်းကို အလုပ်ပေးရတာ တန်ပါတယ်လေ"
KS ကတော့မထင်ပါ။ သူရှုံးတာ ဝန်မခံချင်တာ​ပဲနေမှာပါ။
Chan : " ကိုယ်တို့အပျင်းပြေ game တစ်ခုလောက် ကစားကြရအောင်"
KS : " OK လေ ကစားကြတာပေါ့"
Chan : " ကန်ထဲခဲပစ်ပြိုင်မယ်.....လာ.....ရေစပ်နားသွားရအောင် နိုင်တဲ့လူက ရှုံးတဲလူကို ကြိုက်ရာခိုင်ကြေး"
KS : " Ok စိန်လိုက်"
KS တို့နှစ်ယောက် ကန်စပ်မှာခင်းထားတဲ့ ကျောက်ပြားအဝိုင်းလေး နှစ်ဝိုင်းဆီထိဆင်းသွားကြတယ်။Chan လက်ထဲမှာ ကျောက်ခဲကလေးနှစ်ခုရှာပြီးကောက်လာတယ်။
Chan : " ကဲ ...... ရော့..... မင်းအရင်ပစ်"
KS အားအကုန်လွှပြီးပစ်တာ ခန္ဒာကိုယ်လေးတောင် ယိုင်သွားတဲ့အဖြစ် သူက ကမန်းကတန်းလှမ်းထိန်းလို့သာပေါ့။ သူ့အလှည့်လည်းကြတော့ သူလည်း အားကုန်ပစ်လိုက်တာ KS ပစ်ထားတဲ့နေရာထက် ပိုပြီးကြောသွားတယ်။ KS စိတ်ညစ်ရတဲ့ကိစ္စမှာ ဒီကိစ္စလည်းပါတယ်။ မားက သူ့ကို ဘာကြောင့်များ ခြေတံလက်တံတိုတိုလေးတွေဖြစ်အောင် ဘာလို့မွေးခဲ့တာလဲလို့ ပြေးမေးလိုက်ချင်တော့တယ်။
Chan : " ကဲ မင်းရှုံးပြီဆိုတော့ ကိုယ်ခိုင်းချင်တာ ခိုင်းလို့ရပြီလား"
KS : " အကျင့်မကောင်းလိုက်တာ သူ့အားကြီနဲ့ပစ်တာ မကြောဘဲနေမလား"
Chan : " ဟေ့ ဟေ့ ဘာတွေ ပွစိပွစိ ပြောနေတာလည်း ပြိုင်ပွဲဆိုတာ အရှုံးပေးတဲ့ပွဲမဟုတ်ဘူး။ ကိုယ်အလျော့ပေးလိမ့်မယ်လို့ မျှော်လင့်နေပုံဘဲ။ ကိုယ့်ပြိုင်ဘက်ကို လျှော့မတွက်နဲ့ အနိုင်ပေးလိမ့်မယ်လို့လည်း ဘယ်တော့မှ မမျှော့်လင့်နဲ့ ၊ကြားလား ကလေးပေါက်စလေးရဲ့"
KS : " ဘာ ကလေးပေါက်စလေးလဲ ဆွဲထိုးခံချင်နေပြီထင်တယ်"
Chan : " ထိုးချင်ရင်နောက်မှထိုး အခုတော့ ဒီမှာလာထိုင်"
KS : " ဟင် ဘာလုပ်မလို့လဲ "
Chan : " မင်း ပုံဆွဲမလို့လဲ ။ မင်းက ကိုယ့်ကို model လုပ်ပေး"
သူ​က KS ကို စိုက်ကြည့်ပြီး ပြောလာတာကြောင့် ဆတ်ခနဲတုန်သွားတယ်။ KS အလွယ်တကူပဲ လက်ခံလိုက်တယ်။ ပုံဆွဲတာလောက်ကတော့ သူအပေါ်တိမ်းညွှတ်စရာမရှိဘူးပေါ့။ Chan ပုံစဆွဲတဲ့အချိန်ကစပြီး KS တွေးထားတွေက တက်တက်စင်အောင် လွဲ။ Chan ရဲ့မျက်ဝန်းတွေက ညို့ဓာတ်ပြင်းလွန်းတယ်။ KS တကယ် မနေတက်တော့တာပါ။ သူကတော့ဘာမှမဖြစ်သလို ဆွဲနေပေမဲ့ ကိုယ်ကတော့ တစ်ကိုယ်လုံးအငွေ့ပျံချင်နေပြီ။ သူ့ရှေ့မှာ ဟန်ဆောင်နေရပေမဲ့ တစ်ကိုယ်လုံး ခြုံကြည့်နေတဲ့ သူ့မျက်ဝန်းတွေက ရဲတင်းလွန်းပါတယ်။ ပုံဆွဲတာ ပြီးသွားမှ သက်ပြင်းချနိုင်တော့တယ်။ KS သူ့ပုံကို ကြည့်မိတော့ ပုံဆွဲတယ် ဆိုတာထက် သူ့ပုံကို ပန်းချီကားတစ်ချက်လို အသက်ဝင်အောင် ဆွဲနိုင်တဲ့သူ့ပညာကိုတော့ KS လေးစားပါသည်။
KS : " ဝါး Chan အရမ်းလှတာပဲ။ ပန်းချီဆွဲတာတော်မှန်း သတိမထားမိဘူး။ အရမ်းတော်တာပဲ "
KS တကယ် ချီးကျူးနေမိတာပါ။ သူ့ရဲ့ပုံတူက အဲ့လောက်ထိ အသက်ဝင်စွာ လှနေမယ်လို့လေ။ Chan KS ကိုကြည့်ပြီးပြုံးသာနေလိုက်တယ်။ တကယ်တော့သူလည်း စဆွဲတုန်းက အဆင်ပြေမယ်ထင်ခဲ့ပေမဲ့ KS ရဲ့ နှုတ်ခမ်းကို ဆွဲတဲ့အချိန် ရေဘဲဆာလာသလို ၊နှုတ်ခမ်းတွေခြောက်လာသလို။ အာခေါင်တွေပဲခြောက်လာသလို မနည်းထိန်းပြီးဆွဲလိုက်ရတာပါ။ KS က သူ့ကိုကြည့်ပြီးပြုံးနေတဲ့ Chan ကိုမျက်လုံးထောင့်ကနေလှမ်းမြင်နေရတယ်။ အဲ့တာကြောင့်ပိုပိုသာသာလေးChanရှေ့မှာလုပ်နေမိတယ်။ သူ Chan ကို ရှုံးနိမ့်စေချင်တယ်........
T.B.C.
အမှားပါရင် ခွှင့်လွတ်ပါ။ စာဖတ်သူတစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်။ Double update လို့ထင်တာပဲ။ မဖတ်ဘဲနဲ့ vote ပေးကြတာလား (အဲ့လိုဆို vote မလိုချင်ပါဘူး)။ view မတိုးဘဲ vote တိုးနေတယ်။
#ချစ်ခြင်းရဲ့ယဥ်ကျေးမှု
#Thwethitsar
#loveyouall😍😘
#weareoneOT12
Zawgyi
Ks : " Chan..."
Ks : " အိပ်နေပြီလား"
Ks : "ဘယ်က ကောင်လေးလဲ"
KS : " အင်း "
Chan : " ဟုတ်ပါပြီဗျာ "
Chan : " ခနလေး soo"
KS : " Chan ဘာပြောမလို့လဲ ​"
KS : " ကြည့်စမ်း .....တောက်"
KS : " ဟုတ်လား.....ကျေးဇူးပါ။ မင်းလည်း မင်းသားပါပဲ"
KS : " OK လေ ကစားကြတာပေါ့"
KS : " Ok စိန်လိုက်"
KS : " ဟင် ဘာလုပ်မလို့လဲ "
T.B.C.
#Thwethitsar
#loveyouall😍😘
#weareoneOT12
Continue Reading
You'll Also Like
41K 3.6K 17
62.2K 8.4K 33
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
11.8K 1.1K 14
Update secedule - February restart ပါဗျ။ ငါ့အတွက် ရွေးချယ်ခွင့်တွေနောက်ထပ်ရှိလာမယ်ဆိုရင်တောင် ငါ့ရွေးချယ်မှုက မင်းတစ်ယောက်ပဲ ဖြစ်နေအုံးမှာပါ.........
23.8K 2.4K 26
Park Chan Yeol✨Doh Kyung Soo (14.8.2021)