"အင့္!"
ပခံုးေပၚကေန ေအာက္ကိုခ်ေပးလိုက္ေတာ့
အသံပိစိေလးထြက္ကာ ေျခေထာက္ေလးေတြက
ေခြယိုင္သြားသည္မို႔ ၀မ့္က်ီး ခါးကေန လွမ္းထိန္းေပးလိုက္ေတာ့
"ဖယ္စမ္းပါ။ဘယ္ကိုလာထိေနတာလဲ"
"လာ..."
လက္ဖဝါးေသးေသးေလးကိုဆြဲေခၚဖို႔
ျပင္လိုက္ေတာ့ လာပုတ္ထုတ္ကာ
"ဘယ္ေခၚအံုးမလို႔လဲ"
"ေအးေဆးလိုက္ခ့ဲစမ္း!"
"ဟြန္႔!!"
၀မ့္က်ီးအမိန္႔သံအဆံုး ၀တ္ရံုစကိုမကာ
သူ႔ကိုေက်ာေပးထြက္သြားသည့္ေကာင္ေလး။
"ေ၀့၀ူရွန္႔!!!"
ဂရုမစိုက္သလို ထြက္သြားတာေၾကာင့္
အသံကိုအရိွန္ျမႇင့္ေခၚလိုက္မိသည္။
အရင္ကေ၀့ရင္းဆို ဒီလိုေအာ္လိုက္ရင္
မ်က္ရည္ေလးေတြ၀ဲေနၿပီ။
သူ႔ကိုေျပးဆြဲဖို႔ဆိုတာကလည္း
ဘုရင္တစ္ေယာက္ရဲ႕ရာဇအိေျႏၵကရိွေသးသည္မို႔
အသံကိုအားျပဳေခၚလိုက္ေပမ့ဲ
သူသာအသံ၀င္သြားသည္ေကာင္ေလးက
လွည့္ပင္မၾကည့္။
ဘာလို႔ဒီေလာက္ေတာင္ကပ္တတ္တတ္နိုင္လာပါလိမ့္။
"သူ႔ကိုဖမ္းေခၚလာခ့ဲ"
ေဘးနားကအေစာင့္မူးမတ္တစ္ေယာက္ကို
အမိန္႔ေပးလိုက္ေတာ့ ရဲမတ္က
ဦးၫႊတ္ကာ လွ်င္ျမန္စြာ
ေျပးထြက္သြားသည္။
ခဏၾကာေတာ့ ရဲမတ္ရဲ႕ဖမ္းခ်ဴပ္မႈေတြၾကား
ေကာ့ထိုးၿပီးပါလာတ့ဲေကာင္ေလး။
ဆဲလိုက္တာဆိုတာလည္း မိုးမႊန္ေနသည္။
"ငါ့ကိုလႊတ္စမ္း...အက်င့္မေကာင္းတ့ဲအေကာင္။
ငါက အရင္ေရွာင္က်န္႔မဟုတ္ဘူး။
မင္းေသာက္ခြက္ကို ခ်ိန္ၿပီးထိုးျပမယ္....
အားးးးးနာတယ္ မသာႀကီးရဲ႕.."
သူ႔လက္ကိုလိမ္ခ်ိဳးထာတ့ဲရဲမက္ကိုဆဲလိုက္
၀မ့္က်ီးကိုဆဲလိုက္နွင့္မအားရ။
အနားေရာက္လာေတာ့ မ်က္ေထာင့္နီေလးနဲ႔
ၾကည့္ေနျပန္သည္။
နႈတ္ခမ္းပါးေလးေတြက တုန္ရီေနသည္ဆိုေတာ့
ေဒါသထြက္ေနသည္ေပါ့။
သူေဒါသထြက္တာပထမဆံုး၀မ့္က်ီး
ျမင္ဖူးျခင္ပင္။
"ေသမလို႔ၾကည့္ေနတာလား..."
၀မ့္က်ီးဆိုသည္မွာလည္း ဒီေကာင္ေလး
ပါးစပ္ထဲ ဖြတ္ဖြတ္ညက္ညက္ေၾကေနၿပီ။
အရွက္ေျပေခ်ာင္းကိုတစ္ခ်က္ဟန္႔ကာ
ဟန္ပါပါနွင့္အမိန္႔ေပးလိုက္သည္။
"ငါ့အခန္းထဲထည့္လိုက္.."
"ဘ....ဘာ!!မ၀င္ဘူးေနာ္ေဟ့ေကာင္။
မ၀င္ဘူး...."
"သူ႔ကိုအခန္းထဲထည့္ၿပီးမင္းသြားလို႔ရၿပီ"
ရဲမတ္လည္း ပစ္မထည့္ရံုတမယ္ တြန္းခဲ့ေလေတာ့
အခန္းထဲအားလြန္ၿပီး ေရာက္သြားသည့္ေကာင္ေလး။
၀မ့္က်ီး တံခါးမႀကီးကို အျမန္ပိတ္ကာ
သူ႔နားေလ်ွာက္သြားလိုက္ေတာ့
"မတိုးလာနဲ႔၀မ္ရိေပၚ။
မင္းျဖစ္ေစခ်င္တ့ဲအတိုင္း ျဖစ္လာမွာ
မဟုတ္ဘူး"
"ဘယ္ကအေကာင္ကို လွမ္းလွမ္း တေနတာလဲ။
မင္းလင္က ဒီမွာ.."
"ဟက္....သြားေသလိုက္ပါလား။
မင္းေနာက္တစ္ခါအ့ဲလိုေျပာၾကည့္ ။
အရင္းကေနျဖတ္ၿပီး စားဖိုေဆာင္ပို႔ပစ္မယ္.."
ေ၀့ရင္းစကားေၾကာင့္ ၀မ့္က်ီး
မသိမသာ စမ္းၾကည့္ရေသးသည္။
ဟူး....ခုထိေတာ့ရိွေသးတယ္။
"အနားကိုလာ...မင္းကို ဘာမွမလုပ္ဘူး။
လုပ္ခ်င္စရာလည္းမရိွဘူး။ေပစုတ္ေနတာပဲ"
"ငါနဲ႔၃ေပအကြာမွာေနစမ္းပါ။
မင္းကိုေၾကာက္လြန္းလို႔"
"မေနဘူးကြာ......"
အငိုက္မိသြားခ်ိန္လွမ္းဆြဲခံလိုက္ရတာေၾကာင့္
ေ၀့ရင္းတစ္ကိုယ္လံုး ၀မ့္က်ီးရင္ခြင္ထဲ
ပါသြားရသည္။
ေက်ာေနာက္ကေန လက္ေတြကို
အေရွ႕ကေနခ်ဳပ္ကိုင္ထားေပမ့ဲ
ေ၀့ရင္းလႈပ္မရျဖစ္ေနရသည္။
"လႊတ္ေပး..!"
"ဒါပဲေျပာတတ္တယ္။ေစာေစာက
ငါ့ကိုခ်ိန္ထိုးမယ္ဆို"
"လႊတ္ေပးရင္ ထိုးျပမယ္!!"
၀မ့္က်ီး ၿပံဳးကာေခါင္းရမ္းမိသည္။
ငလည္ေလးေတာင္ျဖစ္ေနၿပီ။
"လာ...လက္ကိုေဆးထည့္ေပးမို႔"
ထိုင္ခံုေလးဆီဆြဲေခၚတာေတာင္
အေနာက္ကိုကန္ဆြဲထားေသးသည္။
တကယ္ကို ေပတိေပစုတ္ေလးျဖစ္ေနပါလား။
"အ..စပ္တယ္"
"မေအာ္နဲ႔..နားၿငီးတယ္"
"အ့ဲတာမ်ားဘာကိစၥလုပ္ေပးေနေသးလဲ။
ေသာက္မ်ိဳးမ်ိဳးပဲ.."
တဖက္လွည့္ကာ မ်က္လံုးေလးျပဴးလိုက္
ေမွးသြားလိုက္ျဖစ္ေနတာမို႔
သူမ်က္စိကစားရာေနရာကိုလွမ္းၾကည့္မိေတာ့
"ႀကိဳက္လို႔လား..!"
"အင္း!!"
ပန္းခ်ီကားထဲမွာ
ေသြးစြန္းေနေသာ လက္တစ္ဖက္က
ကယ္သူလိုေနေသာ ေခ်ာက္ကမ္းပါးက
လက္တစ္ဖက္ကို
ဖမ္းဆြဲထားသလိုမ်ိဴး။
ဒါေပမ့ဲ ေခ်ာက္ကမ္းပါးက
က်ေတာ့မည္လက္က အကယ္မခံသည့္ပံုနွင့္
ဖမ္းဆြဲထားသူ၏လက္ကို ေျဖခ်ေနသည့္ပံု။
"ဒီပံုကို...ျမင္ဖူးေနတယ္"
တစ္လံုးခ်င္းထြက္လာတဲ့ သူ႔စကားေတြရဲ႕အဆံုး
မ်က္ရည္စက္က ပါးျပင္ေပၚ
အဓိပၸါယ္မ့ဲစြာက်လာသည္။
"၀မ္ရိေပၚ.."
တိုးတိုးေလးေရ႐ြတ္မိသူကေတာ့
မၾကားနိုင္ေတာ့ေပမ့ဲ ေရ႐ြတ္မိေနေသးသည္။
ရိေပၚနဲ႔သူရဲ႕ ကံၾကမၼာကလည္း
ဒီပန္းခ်ီကားကေနစခ့ဲရတာေလ။
ပန္းခ်ီျပပြဲတစ္ခုမွာ ျပသထားတ့ဲ
ဒီပန္းခ်ီကားကို ေရွာင္က်န္႔
ျမင္ျမင္ခ်ငး္သေဘာက်မိသည္။
ဒါေပမ့ဲ ပန္းခ်ီကားမွာ
'Not to sell'ဟုရးထားတာေၾကာင့္
ေရွာင္က်န္႔ ပန္းခ်ီကားေရွ႕မွာတင္
ငိုင္ေနမိရသည္။
ထိုစဥ္ရုတ္တရက္ေရွ႕ကိုလူတစ္ေယာက္ေရာက္လာကာ
ပန္းခ်ီကားကို ဆြဲျဖဳတ္သြားတာေၾကာင့္
"ေဟ့...ဘာလုပ္တာလဲ"
"ခင္ဗ်ားႀကိဳက္တယ္မလားေရွာင္က်န္႔!"
"ငါ့..ငါ့နာမည္ဘယ္လိုသိ!"
"ႀကိဳက္လားပဲေျဖ!"
"အင္း!!"
ေၾကာင္အအေလးနဲ႔ေခါင္းၿငိမ့္ျပေတာ့
ထိုသူက ပီေကဝါးလက္စကို
ေထြးထုတ္ရင္း
"ခင္ဗ်ားၾကဳိုက္ရင္ ကြၽန္ေတာ္၀ယ္တယ္"
အ့ဲလိုပါပဲ။
တစစနဲ႔ရင္ခြင္ထဲ မသိမသာတိုး၀င္လာတ့ဲ
သူ႔အမူယာေတြၾကား ေပ်ာ္၀င္သူေရွာင္က်န္႔
ေပ်ာ္႐ႊင္ခ့ဲရတယ္ဆိုတာမရိွခ႔ဲ။
ေရွာင္က်န္႔ ႀကိဳက္တာမွန္သမ်ွ
သူယူသည္။
ဘာလို႔လဲေမးေတာ့
'သူ႔ကိုပဲႀကိဳက္ရမယ္'တ့ဲ။
ဘယ္ေလာက္အတၲႀကီးတ့ဲေကာင္လဲ။
မုန္းမယ္ဆို မုန္းလို႔ရတာေတြမွ
အမ်ားႀကီး။
ဒါေပမ့ဲ ခုထိသူနဲ႔ပတ္သတ္ရင္
ပန္းခ်ီကားေလးတစ္ခ်ပ္ကိုကအစ
အမွတ္တရရိွေနမိတုန္း။
"ဘာလို႔ငိုေနတာလဲ"
မ်က္ရည္ေတြကိုလာသုတ္ေပးတ့ဲ
၀မ့္က်ီးေၾကာင့္ လက္ရိွဘ၀ထဲျပန္ေရာက္လာရသည္။
"အိမ္ျပန္ခ်င္တယ္.."
ေ၀့ရင္းစကားေၾကာင့္ ၀မ့္က်ီး
ေမးေၾကာမ်ားပင္ေထာင္လာသည္။
အံကိုတင္းတင္းက်ိတ္ကာ
စကားေတြကို တစ္လံုးခ်င္းညႇစ္ခ်ကာ
"မင္းမွာ အိမ္မရိွဘူးေ၀့ရင္း"
"ဘာလို႔လဲ....ဒီဘ၀ထိ
ဘာလို႔လိုက္ခ်ဴပ္ခ်ယ္ေနတာလဲ."
"ငါကဘယ္ဘ၀ေရာက္ေရာက္
္မင္းေနာက္လိုက္ေနမွာ"
ေတြေတြေလးသာေငးေနသည့္
ေ၀့ရင္းေၾကာင့္ ၀မ့္က်ီးလည္း
အခ်ိန္အေတာ္ၾကာသည္အထိ
စကားမထြက္လာနိုင္ခ့ဲ။
မ်က္နွာကိုအရင္လႊဲလိုက္ၿပီး
"ေရမိုးခ်ိဴးၿပီး အနားယူေတာ့..."
ေျပာၿပီး ေ၀့ရင္းေဘးကထထြက္လာခ့ဲသည္။
သူတို႔ၾကား ဘာေတြက ျခားေနလဲပင္
မသိေတာ့။
ေကာင္ေလးေျပာတာေတြက နားမလည္ႏိုင္စရာ
စကားေတြဆိုေပမ့ဲ ၀မ့္က်ီး
အေျဖကိုသိေနသလိုလို။
ေ၀့ရင္းနဲ႔အမူအက်င့္ေတြ
ကြဲေနတာေတာင္ ေ၀့ရင္းဟု
ေတြးေနမိေသာ နွလံုးသားကိုလည္း
နာမလည္ေတာ့။
*တကယ္ပဲ မင္းကဘာလဲကြာ"
🎴🎴🎴🎴🎴🎴
"ရိေပၚ...မင္းကိုမုန္းတယ္...
ငါ့ကိုလႊတ္ေပးရိေပၚ.....ငါ့ကိုမကစားနဲ႔.."
"ကြၽန္ေတာ့ကို လႊတ္္ခ်လိုက္ပါေတာ့။
ကြၽန္ေတာ္ ခင္ဗ်ားနဲ႔ေနရတာ
မေပ်ာ္ဘူး လန္၀မ့္က်ီး..."
"အားးးးးးးးးးးးး"
အိပ္ယာကေန အေမာတေကာလန္႔နိုး
မိသည္ထိ ရင္ဘတ္ထဲမွာ ၀ုန္းဒိုင္းက်ဲေနတုန္း။
ေဘးနားက ေရခြက္ကိုလွမ္းဆြဲယူေသာက္ၿပီး
အေမာေျဖေနမိသည္။
ဘာေတြလဲ.....
အိမ္မက္ထဲမွာ က်န္႔ေကာရဲ႕
စကားသံေတြရယ္.........
က်န္႔ေကာနဲ႔တူတ႔ဲေကာင္ေလးရဲ႕
ေတာင္းပန္တိုလိ်ဴးသံေတြ......
စိတ္ရူပ္စြာ ဆံပင္ေမႊးေတြကိုဖြလိုက္မိသည္။
အခ်ိန္ကိုၾကည့္ေတာ့မနက္၆နာရီရိွေခ်ၿပီ။
ေရမိုးခ်ိဳးကာ ကားေသာ့ကိုယူၿပီး
က်န္႔ေကာရိွရာေဆးရံုသို႔ ေမာင္းလာခ့ဲလို္က္သည္။
ဒီေန႔လည္း က်န္႔ေကာျပန္နိုးလာေအာင္
ေတာင္းပန္မယ္။
စိတ္အရမ္းဆိုးေနၿပီဆိုရင္လည္း
ျပန္သတိရလာပါေတာ့ေနာ္။
ကြၽန္ေတာ္ အရမ္းေနာင္တရေနၿပီမလို႔ပါဗ်ာ။
🎴🎴🎴🎴🎴🎴
နားမလည္ေသးရင္လည္း
မေမးနဲ႔
မေျပာျပဘူး🙂😂
"အင့်!"
ပခုံးပေါ်ကနေ အောက်ကိုချပေးလိုက်တော့
အသံပိစိလေးထွက်ကာ ခြေထောက်လေးတွေက
ခွေယိုင်သွားသည်မို့ ၀မ့်ကျီး ခါးကနေ လှမ်းထိန်းပေးလိုက်တော့
"ဖယ်စမ်းပါ။ဘယ်ကိုလာထိနေတာလဲ"
"လာ..."
လက်ဖဝါးသေးသေးလေးကိုဆွဲခေါ်ဖို့
ပြင်လိုက်တော့ လာပုတ်ထုတ်ကာ
"ဘယ်ခေါ်အုံးမလို့လဲ"
"အေးဆေးလိုက်ခဲ့စမ်း!"
"ဟွန့်!!"
၀မ့်ကျီးအမိန့်သံအဆုံး ၀တ်ရုံစကိုမကာ
သူ့ကိုကျောပေးထွက်သွားသည့်ကောင်လေး။
"ဝေ့၀ူရှန့်!!!"
ဂရုမစိုက်သလို ထွက်သွားတာကြောင့်
အသံကိုအရှိန်မြှင့်ခေါ်လိုက်မိသည်။
အရင်ကဝေ့ရင်းဆို ဒီလိုအော်လိုက်ရင်
မျက်ရည်လေးတွေဝဲနေပြီ။
သူ့ကိုပြေးဆွဲဖို့ဆိုတာကလည်း
ဘုရင်တစ်ယောက်ရဲ့ရာဇအိနြေ္ဒကရှိသေးသည်မို့
အသံကိုအားပြုခေါ်လိုက်ပေမဲ့
သူသာအသံဝင်သွားသည်ကောင်လေးက
လှည့်ပင်မကြည့်။
ဘာလို့ဒီလောက်တောင်ကပ်တတ်တတ်နိုင်လာပါလိမ့်။
"သူ့ကိုဖမ်းခေါ်လာခဲ့"
ဘေးနားကအစောင့်မူးမတ်တစ်ယောက်ကို
အမိန့်ပေးလိုက်တော့ ရဲမတ်က
ဦးညွှတ်ကာ လျှင်မြန်စွာ
ပြေးထွက်သွားသည်။
ခဏကြာတော့ ရဲမတ်ရဲ့ဖမ်းချူပ်မှုတွေကြား
ကော့ထိုးပြီးပါလာတဲ့ကောင်လေး။
ဆဲလိုက်တာဆိုတာလည်း မိုးမွှန်နေသည်။
"ငါ့ကိုလွှတ်စမ်း...အကျင့်မကောင်းတဲ့အကောင်။
ငါက အရင်ရှောင်ကျန့်မဟုတ်ဘူး။
မင်းသောက်ခွက်ကို ချိန်ပြီးထိုးပြမယ်....
အားးးးးနာတယ် မသာကြီးရဲ့.."
သူ့လက်ကိုလိမ်ချိုးထာတဲ့ရဲမက်ကိုဆဲလိုက်
၀မ့်ကျီးကိုဆဲလိုက်နှင့်မအားရ။
အနားရောက်လာတော့ မျက်ထောင့်နီလေးနဲ့
ကြည့်နေပြန်သည်။
နှုတ်ခမ်းပါးလေးတွေက တုန်ရီနေသည်ဆိုတော့
ဒေါသထွက်နေသည်ပေါ့။
သူဒေါသထွက်တာပထမဆုံးဝမ့်ကျီး
မြင်ဖူးခြင်ပင်။
"သေမလို့ကြည့်နေတာလား..."
၀မ့်ကျီးဆိုသည်မှာလည်း ဒီကောင်လေး
ပါးစပ်ထဲ ဖွတ်ဖွတ်ညက်ညက်ကြေနေပြီ။
အရှက်ပြေချောင်းကိုတစ်ချက်ဟန့်ကာ
ဟန်ပါပါနှင့်အမိန့်ပေးလိုက်သည်။
"ငါ့အခန်းထဲထည့်လိုက်.."
"ဘ....ဘာ!!မ၀င်ဘူးနော်ဟေ့ကောင်။
မ၀င်ဘူး...."
"သူ့ကိုအခန်းထဲထည့်ပြီးမင်းသွားလို့ရပြီ"
ရဲမတ်လည်း ပစ်မထည့်ရုံတမယ် တွန်းခဲ့လေတော့
အခန်းထဲအားလွန်ပြီး ရောက်သွားသည့်ကောင်လေး။
၀မ့်ကျီး တံခါးမကြီးကို အမြန်ပိတ်ကာ
သူ့နားလျှောက်သွားလိုက်တော့
"မတိုးလာနဲ့ဝမ်ရိပေါ်။
မင်းဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာမှာ
မဟုတ်ဘူး"
"ဘယ်ကအကောင်ကို လှမ်းလှမ်း တနေတာလဲ။
မင်းလင်က ဒီမှာ.."
"ဟက်....သွားသေလိုက်ပါလား။
မင်းနောက်တစ်ခါအဲ့လိုပြောကြည့် ။
အရင်းကနေဖြတ်ပြီး စားဖိုဆောင်ပို့ပစ်မယ်.."
ဝေ့ရင်းစကားကြောင့် ၀မ့်ကျီး
မသိမသာ စမ်းကြည့်ရသေးသည်။
ဟူး....ခုထိတော့ရှိသေးတယ်။
"အနားကိုလာ...မင်းကို ဘာမှမလုပ်ဘူး။
လုပ်ချင်စရာလည်းမရှိဘူး။ပေစုတ်နေတာပဲ"
"ငါနဲ့၃ပေအကွာမှာနေစမ်းပါ။
မင်းကိုကြောက်လွန်းလို့"
"မနေဘူးကွာ......"
အငိုက်မိသွားချိန်လှမ်းဆွဲခံလိုက်ရတာကြောင့်
ဝေ့ရင်းတစ်ကိုယ်လုံး ၀မ့်ကျီးရင်ခွင်ထဲ
ပါသွားရသည်။
ကျောနောက်ကနေ လက်တွေကို
အရှေ့ကနေချုပ်ကိုင်ထားပေမဲ့
ဝေ့ရင်းလှုပ်မရဖြစ်နေရသည်။
"လွှတ်ပေး..!"
"ဒါပဲပြောတတ်တယ်။စောစောက
ငါ့ကိုချိန်ထိုးမယ်ဆို"
"လွှတ်ပေးရင် ထိုးပြမယ်!!"
၀မ့်ကျီး ပြုံးကာခေါင်းရမ်းမိသည်။
ငလည်လေးတောင်ဖြစ်နေပြီ။
"လာ...လက်ကိုဆေးထည့်ပေးမို့"
ထိုင်ခုံလေးဆီဆွဲခေါ်တာတောင်
အနောက်ကိုကန်ဆွဲထားသေးသည်။
တကယ်ကို ပေတိပေစုတ်လေးဖြစ်နေပါလား။
"အ..စပ်တယ်"
"မအော်နဲ့..နားငြီးတယ်"
"အဲ့တာများဘာကိစ္စလုပ်ပေးနေသေးလဲ။
သောက်မျိုးမျိုးပဲ.."
တဖက်လှည့်ကာ မျက်လုံးလေးပြူးလိုက်
မှေးသွားလိုက်ဖြစ်နေတာမို့
သူမျက်စိကစားရာနေရာကိုလှမ်းကြည့်မိတော့
"ကြိုက်လို့လား..!"
"အင်း!!"
ပန်းချီကားထဲမှာ
သွေးစွန်းနေသော လက်တစ်ဖက်က
ကယ်သူလိုနေသော ချောက်ကမ်းပါးက
လက်တစ်ဖက်ကို
ဖမ်းဆွဲထားသလိုမျိူး။
ဒါပေမဲ့ ချောက်ကမ်းပါးက
ကျတော့မည်လက်က အကယ်မခံသည့်ပုံနှင့်
ဖမ်းဆွဲထားသူ၏လက်ကို ဖြေချနေသည့်ပုံ။
"ဒီပုံကို...မြင်ဖူးနေတယ်"
တစ်လုံးချင်းထွက်လာတဲ့ သူ့စကားတွေရဲ့အဆုံး
မျက်ရည်စက်က ပါးပြင်ပေါ်
အဓိပ္ပါယ်မဲ့စွာကျလာသည်။
"၀မ်ရိပေါ်.."
တိုးတိုးလေးရေရွတ်မိသူကတော့
မကြားနိုင်တော့ပေမဲ့ ရေရွတ်မိနေသေးသည်။
ရိပေါ်နဲ့သူရဲ့ ကံကြမ္မာကလည်း
ဒီပန်းချီကားကနေစခဲ့ရတာလေ။
ပန်းချီပြပွဲတစ်ခုမှာ ပြသထားတဲ့
ဒီပန်းချီကားကို ရှောင်ကျန့်
မြင်မြင်ချင်းသဘောကျမိသည်။
ဒါပေမဲ့ ပန်းချီကားမှာ
'Not to sell'ဟုရးထားတာကြောင့်
ရှောင်ကျန့် ပန်းချီကားရှေ့မှာတင်
ငိုင်နေမိရသည်။
ထိုစဉ်ရုတ်တရက်ရှေ့ကိုလူတစ်ယောက်ရောက်လာကာ
ပန်းချီကားကို ဆွဲဖြုတ်သွားတာကြောင့်
"ဟေ့...ဘာလုပ်တာလဲ"
"ခင်ဗျားကြိုက်တယ်မလားရှောင်ကျန့်!"
"ငါ့..ငါ့နာမည်ဘယ်လိုသိ!"
"ကြိုက်လားပဲဖြေ!"
"အင်း!!"
ကြောင်အအလေးနဲ့ခေါင်းငြိမ့်ပြတော့
ထိုသူက ပီကေဝါးလက်စကို
ထွေးထုတ်ရင်း
"ခင်ဗျားကြိုက်ရင် ကျွန်တော်ဝယ်တယ်"
အဲ့လိုပါပဲ။
တစစနဲ့ရင်ခွင်ထဲ မသိမသာတိုးဝင်လာတဲ့
သူ့အမူယာတွေကြား ပျော်ဝင်သူရှောင်ကျန့်
ပျော်ရွှင်ခဲ့ရတယ်ဆိုတာမရှိခဲ့။
ရှောင်ကျန့် ကြိုက်တာမှန်သမျှ
သူယူသည်။
ဘာလို့လဲမေးတော့
'သူ့ကိုပဲကြိုက်ရမယ်'တဲ့။
ဘယ်လောက်အတ္တကြီးတဲ့ကောင်လဲ။
မုန်းမယ်ဆို မုန်းလို့ရတာတွေမှ
အများကြီး။
ဒါပေမဲ့ ခုထိသူနဲ့ပတ်သတ်ရင်
ပန်းချီကားလေးတစ်ချပ်ကိုကအစ
အမှတ်တရရှိနေမိတုန်း။
"ဘာလို့ငိုနေတာလဲ"
မျက်ရည်တွေကိုလာသုတ်ပေးတဲ့
၀မ့်ကျီးကြောင့် လက်ရှိဘ၀ထဲပြန်ရောက်လာရသည်။
"အိမ်ပြန်ချင်တယ်.."
ဝေ့ရင်းစကားကြောင့် ၀မ့်ကျီး
မေးကြောများပင်ထောင်လာသည်။
အံကိုတင်းတင်းကျိတ်ကာ
စကားတွေကို တစ်လုံးချင်းညှစ်ချကာ
"မင်းမှာ အိမ်မရှိဘူးဝေ့ရင်း"
"ဘာလို့လဲ....ဒီဘ၀ထိ
ဘာလို့လိုက်ချူပ်ချယ်နေတာလဲ."
"ငါကဘယ်ဘ၀ရောက်ရောက်
်မင်းနောက်လိုက်နေမှာ"
တွေတွေလေးသာငေးနေသည့်
ဝေ့ရင်းကြောင့် ၀မ့်ကျီးလည်း
အချိန်အတော်ကြာသည်အထိ
စကားမထွက်လာနိုင်ခဲ့။
မျက်နှာကိုအရင်လွှဲလိုက်ပြီး
"ရေမိုးချိူးပြီး အနားယူတော့..."
ပြောပြီး ဝေ့ရင်းဘေးကထထွက်လာခဲ့သည်။
သူတို့ကြား ဘာတွေက ခြားနေလဲပင်
မသိတော့။
ကောင်လေးပြောတာတွေက နားမလည်နိုင်စရာ
စကားတွေဆိုပေမဲ့ ၀မ့်ကျီး
အဖြေကိုသိနေသလိုလို။
ဝေ့ရင်းနဲ့အမူအကျင့်တွေ
ကွဲနေတာတောင် ဝေ့ရင်းဟု
တွေးနေမိသော နှလုံးသားကိုလည်း
နာမလည်တော့။
*တကယ်ပဲ မင်းကဘာလဲကွာ"
🎴🎴🎴🎴🎴🎴
"ရိပေါ်...မင်းကိုမုန်းတယ်...
ငါ့ကိုလွှတ်ပေးရိပေါ်.....ငါ့ကိုမကစားနဲ့.."
"ကျွန်တော့ကို လွှတ်ချလိုက်ပါတော့။
ကျွန်တော် ခင်ဗျားနဲ့နေရတာ
မပျော်ဘူး လန်ဝမ့်ကျီး..."
"အားးးးးးးးးးးးး"
အိပ်ယာကနေ အမောတကောလန့်နိုး
မိသည်ထိ ရင်ဘတ်ထဲမှာ ၀ုန်းဒိုင်းကျဲနေတုန်း။
ဘေးနားက ရေခွက်ကိုလှမ်းဆွဲယူသောက်ပြီး
အမောဖြေနေမိသည်။
ဘာတွေလဲ.....
အိမ်မက်ထဲမှာ ကျန့်ကောရဲ့
စကားသံတွေရယ်.........
ကျန့်ကောနဲ့တူတဲ့ကောင်လေးရဲ့
တောင်းပန်တိုလျိူးသံတွေ......
စိတ်ရူပ်စွာ ဆံပင်မွှေးတွေကိုဖွလိုက်မိသည်။
အချိန်ကိုကြည့်တော့မနက်၆နာရီရှိချေပြီ။
ရေမိုးချိုးကာ ကားသော့ကိုယူပြီး
ကျန့်ကောရှိရာဆေးရုံသို့ မောင်းလာခဲ့လိုက်သည်။
ဒီနေ့လည်း ကျန့်ကောပြန်နိုးလာအောင်
တောင်းပန်မယ်။
စိတ်အရမ်းဆိုးနေပြီဆိုရင်လည်း
ပြန်သတိရလာပါတော့နော်။
ကျွန်တော် အရမ်းနောင်တရနေပြီမလို့ပါဗျာ။
🎴🎴🎴🎴🎴🎴
နားမလည်သေးရင်လည်း
မမေးနဲ့
မပြောပြဘူး🙂😂