Be My Another Half (Please...

By Dandelion0113

182K 18.5K 628

Starring : Jimin Jungkook Jikook kookmin fiction Cover Art : Christian Chim Chim Cover Edit : yooniverse365... More

Be My Another Half (Please....Hyung!)
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16 (Final)
Cover Art :)

Episode 10

7.4K 1K 20
By Dandelion0113

Unicode

လမ်းသွယ်ကြားထဲရှိ မီးတိုင်များမှ ဖြာကျလျက်ရှိသော မီးရောင်ဝါကျင်ကျင်အောက်မှာ Jungkook က အပြုံးတစ်ခုနှင့် ကျွန်တော့်ကို ငုံ့ကြည့်နေခဲ့သည်။  လစ်ဟာမှု‌ေတွက ပြည့်စုံခြင်းကို ခံစားလိုက်ရပေမဲ့ တင်းကြပ်လေးလံနေခဲ့သောစိတ်အစဉ်က ပေါ့ပါးမသွားခဲ့။ ကောင်လေးရဲ့ မျက်၀န်းဝိုင်းတွေဟာ အရင်လို တောက်ပမနေခဲ့ပါ‌ေလ။ တွန့်ကောက်ကောက် ဆံပင်ရှည်တွေဟာ လုံးလုံးအုပ်အုပ်လေး ပြန်ဖြစ်နေခဲ့ပြီး မျက်နှာ‌ေလးက ချောင်ကျသွားသလိုပင်။

<<>>

"မတွေ့တာကြာပြီနော် Hyung။
နေကောင်းတယ်မလား"

ငြိမ်ငြိမ်လေး စိုက်ကြည့်နေသည့် Hyung ကြောင့် နေရခက်လာသည်။ အဆက်အသွယ်မလုပ်ဘဲ အကြာကြီးပစ်ထားလို့များ စိတ်ဆိုးနေသလား။

"တောင်းပန်ပါတယ်။ ကျွန်တော် အလုပ်တွေများနေလို့ Hyung ကိုဖုန်းမဆက်ဖြစ်တာ"

တုန့်ပြန်စကားပြန်မဆို။ ကျွန်တော့်မျက်လုံးတွေထဲက တစ်စုံတစ်ခုကို ရှာဖွေဖို့ကြိုးစားနေသည့် Hyung ရဲ့ အကြည့်တွေ။ ဟင့်အင်း။ မမြင်စေချင်ပါ။ ဒီလူသားရှေ့မှာဆို ‌ဟန်ဆောင်နိုင်စွမ်း ရှိမည်မထင်။ ခပ်မြန်မြန် မျက်လွှာချပစ်မိသည်။

"ကျွန်တော် ကိစ္စလေးရှိလို့ နယ်ကိုခဏပြန်သွားတာနဲ့။ Hyung ကို လာမတွေ့နိုင်တာ။ အဲ့နေ့ကလည်း Hyung အိပ်နေတာနဲ့ နှုတ်မဆက်ဖြစ်လိုက်ဘူး။ ကျွန်တော် ရုတ်တရက်ကြီးပျောက်သွားတော့ အကြောင်းမကြားဘာမကြားနဲ့ဆိုပြီး စိတ်ပူနေမှာပဲ။ တောင်းပန်ပါတယ် Hyung။ နောက်ဆို ပြောသွားပါ့မယ်။ ကတိပေးတယ်။ ကျွန်‌တော့်ကို စိတ်မဆိုး-'

ဖြောင့်ချက်ပေးနေမိသော ကျွန်တော့်အသံကို ကျွန်တော်ကိုယ်တိုင်ပင် အားမရချင်။ လှိုက်မောနေ၏။ နားထောင်နေရသူလည်း မသက်သာလို့ထင်သည်။ ကျွန်တော့်စကားတွေကို ဖြတ်ချပစ်သည့် Hyung။

"မင်း....အဆင်ပြေရဲ့လား"

"ဗျာ ဘာကိုလဲ"

"မင်း အဆင်ပြေရဲ့လားလို့"

"ဟုတ် ပြေပါတယ် Hyung ရဲ့"

Hyung က ဆက်မမေး။ ကျွန်တော့်နှုတ်ခမ်းက အပြုံးတွေ ပီပြင်ပုံမရ။မျက်နှာကို စူးစူးနစ်နစ်ကြည့်သည့်အခါ ယိုင်နဲ့နေသော ကျွန်တော့်စိတ်‌တွေ လဲပြိုချင်လာသည်။

"လိမ်နေတာပဲ"

စိတ်တွေပါမက ဒူး‌နှစ်ဖက်ပါယိုင်ကျမတတ်။ ကျွန်တော် ဟန‌်ဆောင်၍ပင် ပြုံးမထားနိုင်တော့။

"ငါ ထပ်မေးမယ်"

"ဟင့်အင်း။ မမေးနဲ့ Hyung။ ကျွန်တော်မ‌ဖြေချင်ဘူး"

နှုတ်ကထုတ်ပြောပြီး တားသည်ကိုပင် Hyung က လက်မခံ။ ခြေလှမ်းအနည်းငယ်ရွှေ့၍ ကျွန်တော့်နားကို တိုးကပ်သည်။

"မင်း အဆင်ပြေရဲ့လား Jungkook"

နှစ်သိမ့်ပေးမယ့်သူရှိရင် လူတွေကပိုပြီးအားငယ် ပြိုလဲတတ်ကြတယ်ဆိုတာ တကယ်ပဲလား။ အခု Hyung ရဲ့ အကြည့်တွေနဲ့တင်ကို ကျွန်တော့်ရင်ထဲမှာ မွန်းကြပ်သိပ်သည်းနေသမျှ ခံစားချက်တွေအကုန် တအိအိနဲ့ ပြိုလဲလာနေသလို။ ငွေ့ရည်ဖွဲ့လာတဲ့ မျက်၀န်းတွေကနေ အရည်တွေ မသွန်းချမိစေဖို့ ထိန်းချုပ်ထားမိသည်မှာ နှာခေါင်း‌တွေပါ မွှန်လာ၏။ ပင့်သက်ကို ခက်ခက်ခဲခဲရှိုက်ယူရသည်။ Hyung က ငြိမ်ငြိမ်သက်သက်လေး ငေးကြည့်နေဆဲ။
အမှန်တကယ်ဆို ဒီလူသားအရိပ်အောက်မှာ ဒီလူသားဆီက နှစ်သိမ့်မှုတွေကို ခံယူဖို့ အပြေးလာခဲ့တာ မဟုတ်လား။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ထုထည်ကြီးမားလွန်းနေသည့် ခံစားချက်တွေကို ဖွင့်ထုတ်ပြလို့ရော ဖြစ်ပါရဲ့လား။ ကျွန်တော်က Hyung မှီခိုအားကိုးနိုင်သည့်၊ Hyung ကို ကာကွယ်စောင့်ရှောက်နိုင်သည့် သန်မာသည့်ပုံစံကိုပဲ ပြချင်သည်။ အားနည်းတဲ့ပုံစံကို မမြင်စေချင်။ အထူးသဖြင့် မျက်ရည်တွေ။ သိပ်ကို အားငယ်၀မ်းနည်းတတ်တဲ့ လူလို့မြင်ပြီး Hyung စိတ်ပျက်သွားရင် ဘယ်လိုလုပ်မလဲ။ သို့ပေမဲ့ ကျွန်တော် စိုးရိမ်သလို Hyung က တွေးနေပုံမရ။ ကျွန်တော့်အတွေးတွေကို နားလည်နေသည့်အလား ခေါင်းကို အသာအယာ ညိတ်၏။ ဒီထက်ပို တင်းမခံနိုင်တော့ဘဲ ကျွန်တော် အရိုးသားဆုံး ဖွင့်ပြမိတော့သည်။

<<>>

"ကျွန်‌တော် အဆင်မပြေဘူး Hyung"

ရစ်ဝိုင်းနေသည့် မျက်ရည်ကြည်တွေက အထိန်းအချုပ်ကင်းမဲ့စွာ ပါးပြင်ထက် လှိမ့်ဆင်းလာကြ၏။

"အ....အဘွားက....အဘွား မရှိ တော့ ဘူး.....ကျွန်တော့် အဘွားက....ကျ ကျွန်တော် ချစ် ရတဲ့ အဘွားက..အခု မရှိတော့ဘူးတဲ့ Hyung"

လုံး၀ကို မထင်မှတ်ထားသော အကြောင်းအရာကြောင့် ကျွန်တော် အရမ်းလန့်သွားခဲ့၏။ ၀မ်းနည်းပက်လက်နှင့် ရှိုက်ကြီးတငင် ဖွင့်ဟလာသော အငယ်ကောင်လေးကိုလည်း လွန်စွာပင် ကရုဏာသက်မိသည်။ သူ့အဘွားအကြောင်းကို စကားစပ်မိတိုင်း ခဏခဏပြောပြဖူးတာတွေကနေ ဒီအငယ်ကောင်လေး သူ့အဘွားကို ဘယ်လောက်ချစ်လဲဆိုတာကို ကျွန်တော် ခန့်မှန်းလို့ရခဲ့သည်။

ခေါင်းငုံ့ပြီး ‌ရှိုက်ငိုနေသည့် အငယ်ကောင်လေး၏ ပုခုံး‌ကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်ပြီး ခေါင်းလုံးလုံးလေးကို အသာထိန်းကာ ပုခုံးပေါ် မှီတင်စေလိုက်သည်။ ဒီအချိန်မှာ အဆင်ပြေသွားမှာပါဆိုတဲ့ စကား‌တွေနဲ့ မနှစ်သိမ့်ချင်။ စိတ်ရှိလက်ရှိငိုလို့ရမည့် လုံခြုံသည့် နေရာလေးတစ်ခု‌‌ကသာ အခုချိန်မှာ သူ့အတွက် အလိုအပ်ဆုံးဖြစ်လိမ့်မည်။ ကျွန်တော့်ထက် သိသိသာသာမြင့်နေသော ကောင်လေးရဲ့ ကိုယ်လုံးထွားထွားကို သိုင်းဖက်ထားရင်း ပုခုံးတစ်ဖက်ကို အသာပုတ်ပေးနေမိသလို လက်တစ်ဖက်ကလည်း ခေါင်းနောက်က ခပ်ပါးပါးဆံပင်တွေကို အသာပွတ်သပ်ပေးနေမိသည်။ ကောင်လေးရဲ့ ငိုသံတွေ မျက်ရည်တွေဟာ ဤမျှလောက် ရင်နာစရာကောင်းမှန်း မသိခဲ့။ ကျွန်တော့်ရှေ့မှာဆို အမြဲလိုလို ပြုံးရယ်နေတတ်ပြီး ကြံခိုင်တဲ့ ကောင်လေးရဲ့ တစ်ဖက်ခြမ်းကို သိလိုက်ရချိန်မှာ အနွေးထွေးဆုံးသော နှစ်သိမ့်မှုတွေဖြင့် မျက်ရည်တွေမစဲမချင်း ထွေးပွေ့ထားချင်မိတော့သည်ပင်။

လှုပ်ခါနေသည့် ကျောပြင်လေး ငြိမ်သက်သွားချိန် ပုခုံးပေါ်က ခေါင်း‌လုံးလေးက ခွာသွားသည်။ ပါးပြင်ပေါ်မှာ ပေပွနေသည့် မျက်ရည်တွေကို လက်မနှင့် ပွတ်သုတ်ဖယ်ပေးမိပြန်၏။ ကျွန်တော့်လက်တွေအောက်မှာ ငြိမ်သက်နေသည့် အငယ်ကောင်လေးက ရှိုက်သံတွေ မပျယ်သေး။

"အရမ်းပင်ပန်းခဲ့မှာပဲ"

ဖောင်းအစ်အစ်မျက်လုံးလေးတွေနှင့် နွမ်းလျလျလေး ပြုံးပြလာတော့ ကျွန်တော် တကယ်ကို စိတ်မကောင်း။သူ့မျက်နှာပေါ်က ကျွန်တော့်လက်တွေကို လက်ကောက်၀တ်ကနေ ဆုပ်ကိုင်ကာ အသာအယာ ဖယ်ချသည်။ ထိုစဉ် ဖုန်းသံမြည်လာသည်မို့ အိတ်‌ေထာင်ထဲကဖုန်းကို ဆွဲထုတ်ကိုင်သည်။ ထိုအခါမှ သိလုိက်ရသည်က နယ်ကနေ ဘယ်သူ့ကိုမှ အသိမပေးဘဲတစ်ယောက်တည်း မြို့ကုိ ပြန်လာခဲ့သည်တဲ့လေ။ အပြင်ထွက်သွား‌ရာက အချိန်အတော်ကြာသည်ထိ ပြန်ရောက်မလာလို့ဆိုပြီး နယ်မှာ ကျန်ခဲ့တဲ့ မိသားစု၀င်တွေ စိတ်ပူပြီး ဖုန်းလှမ်းဆက်ခြင်း။ 

"ဈာပနပွဲပြီးသွား‌ပေမဲ့ မိသားစုကိစ္စကြောင့် နယ်မှာဆက်နေကြဦးမယ် ပြောတယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီး အိမ်ကထွက်လာတာပဲ။ ဘယ်သွားရမလဲ မသိတော့တာနဲ့ Hyung ဆီလာခဲ့မိတာ"

ကျွန်တော့်မှာ ပါးစပ်ကလေးအဟောင်းသား။ ၆နာရီလောက်ကြာအောင်သွားရတဲ့လမ်းခရီးကို သူက နယ်မှာရှိတဲ့ အိမ်ကနေ စိတ်ပြေလက်ပျောက်သဘောမျိုး ထွက်လာသည်တဲ့။ကားစီးနေတဲ့ အချိန်ကြာအတွင်း အခြေအနေအရပ်ရပ်ကို သူ ဘာမှမစဉ်းစားမိဘူးလား။ တစ်လမ်းလုံး အိပ်နေခဲ့ရင်တော့ မပြောတတ်ဘူးပေါ့။ စိတ်လွတ်ပြီး ဟိုဟိုဒီဒီ လျှောက်သွားတာထက် ဒီကို ချောချောမွေ့မွေ့ရောက်လာတာကိုပဲ ကျေးဇူးတင်ရမည်။ ဒီပုံအတိုင်းဆို ဒီကောင်လေးကို ပြန်လွတ်လို့ မဖြစ်ချေ‌။ စိတ်ကူးတည့်ရာဆိုပြီး ဘယ်အရပ်ဆီ ထပ်ရောက်သွားမလဲ မသိနိုင်ဘူးလေ။ သူ့အိမ်ပြန်ခိုင်းရင်လည်း တစ်ယောက်တည်းဖြစ်နေမှာမို့ ခေါ်လာမိသည်က ကျွန်တော့်အိမ်။
ကျွန်တော့် ကုတင်ပေါ်မှာ ငြိမ်ငြိမ်သက်သက်လေးထိုင်နေသည့် အငယ်ကောင်လေးကို ကြည့်ပြီး လုံး၀ စိတ်မသက်သာ။ ရေချိုးပြီးကာစမုိ့ ဆံပင်ဖျားတွေကနေ ရေတစက်စက်ကျလျက်။ စိတ်လွတ်သူတစ်‌ေယာက်လို ထိုင်နေသူအား တဘက်တစ်ထည်ဆွဲယူပြီး ဆံပင်‌ေတွကို ဖိသုတ်ပေးတော့လည်း မလှုပ်မယှက်။ ကျွန်တော် စိတ်မောစွာဖြင့် သက်ပြင်းချမိသည်။ ညစာစားတုန်းကလည်း အိမ်ကလူတွေက သူ့ကို အရိပ်တကြည့်ကြည့်။ သူ့ကိုကြည့်ပြီး အမေဆို မျက်ရည်‌တွေဝိုင်းလို့။ အဖေကတော့ သက်ပြင်းတချချနှင့်။ ကျွန်တော့်ညီ အငယ်ကောင်ဆိုလည်း သူ့မျက်နှာ လှမ်းလှမ်းကြည့်ရှာ၏။ အမြဲလိုလို တက်ကြွနေခဲ့သည့် ကလေးက စိတ်နဲ့လူနဲ့မကပ်ပဲ လုံး၀ကြီး ငြိမ်ကျသွား‌ခဲ့တော့ သူတို့ခမျာ အသနားပိုနေကြသည်။ ကျွန်တော် ကိုယ်တိုင်လည်း ဒီကောင်လေးကို ဘယ်လိုလုပ်ပေးရမလဲ မသိတော့။ ဒီရက်ပိုင်း ကျွန်တော့်စိတ်တွေ လေးလံနေခဲ့သည်မှာ အလကားမဟုတ်။ အခြေအနေကို သိရတော့လည်း ကျွန်တော် တတ်နိုင်တာ မရှိ။ စိုဖန့်ဖန့်ဖြစ်လာသည့် ဆံပင်တွေကို လက်နဲ့ထိုးဖွပေးမိသည်။

"ရပြီ။ အရမ်းပင်ပန်းလာတယ်မလား။ အိပ်ပျော်အောင်အိပ်လိုက်။ ငါ Jiwon အခန်းထဲမှာရှိနေမယ်"

စိတ်ပင်ပန်းနေသူက ခရီးဝေးကိုပါနှင်လာခဲ့သဖြင့် ပိုပင်ပန်းနေမှာ သေချာ၏။ ကောင်းကောင်း အနားယူစေချင်သည်။ သို့သော် ကျွန်တော့် အင်္ကျီအနားစကို ဆွဲကိုင်လာသည့် သူ့လက်တစ်ဖက်။

"မသွားပါနဲ့"

တိုးလျသည့် လေသံက အက်ကွဲလျက်။ မျက်လွှာချထားပြီး တောင်းဆိုနေသည်ကို မြင်တော့ ရင်နာရသည်။ ဒီလိုကြီး မနေစမ်းပါနဲ့ Jungkook ရာ..မင်းနဲ့မလိုက်ဘူး...။ စိတ်အားငယ်နေသူကို တစ်ယောက်တည်းချန်ထားခဲ့ဖို့ရာ ကျွန်တော် အသည်းမမာနိုင်။

"အင်း ဟုတ်ပြီ မသွားဘူး။ ငါ ဒီမှာရှိနေမယ်။ အိပ်ပျော်အောင် အိပ်လိုက် နော်"

မျက်နှာလေးက အတော်ကိုချောင်ကျကာ မျက်ကွင်းအောက်က ချိုင့်နေပြီဖြစ်တာကြောင့် ဒီကောင်လေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေဖို့သာ ဆန္ဒရှိသည်။ အစားလည်းကောင်းကောင်းမစားထားတာကြောင့် အိပ်စက်ခြင်းဖြင့်သာ အားပြန်ဖြည့်နိုင်မည်လေ။

"ဒါ သွားထားဦးမယ်"

သူ အိပ်ပျော်သွားချိန်ထိ စောင့်ပေးဖို့ ရည်ရွယ်မိတာကြောင့် အရင်ဆုံး လက်ထဲရှိ စိုနေတဲ့ တဘက်ကို ရေချိုးခန်းထဲပြန်သွားထားဖို့ ပြင်လိုက်သည်။ ကျွန်တော့်အင်္ကျီအနားစကို ဆွဲကိုင်ထားသူရှေ့က လှည့်ထွက်လိုက်ချိန် ခါးထက်ကို လက်နှစ်ဖက်က ရစ်တွယ်လာပြီး ဆွဲယူခံလိုက်ရ၏။ ၀မ်းဗိုက်အထက်မှာ ဖိကပ်လာသော အထိအတွေ့ကြောင့် ကျွန်တော့် အသက်ရှူနှုန်းတွေ ကမောက်ကမဖြစ်ကုန်သည်။ ခါးကို တင်းကြပ်စွာဖက်ထားရင်း ၀မ်းဗိုက်နားမှာ ဖိကပ်ထားသည့် မျက်နှာဆီမှ ညင်သာစွာ ရှူထုတ်လိုက်သည့် လေနွေးနွေးဟာ တီရှပ်အင်္ကျီ ခပ်ပါးပါးကို ထွင်းဖောက်ကာ ၀မ်းဗိုက်သားဆီကို လာရောက်ထိခတ်သည်။ ကျွန်တော့် နှလုံးခုန်နှုန်းတွေ မူမမှန်တော့။ သူ့ရဲ့ လက်တွေကြား တောင့်တောင့်ကြီးဖြစ်နေရာကနေ လူက ကတုန်ကယင်ဖြစ်ချင်လာသည်။

ဒါဘယ်လို အခြေအနေကြီးလဲ.....!!!!

*****

(jihyun ကို jiwon အဖြစ်ပြောင်းထားပါကြောင်း။)

Zawgyi

လမ္းသြယ္ၾကားထဲ႐ွိ မီးတိုင္မ်ားမွ ျဖာက်လ်က္႐ွိေသာ မီးေရာင္ဝါက်င္က်င္ေအာက္မွာ Jungkook က အျပဳံးတစ္ခုႏွင့္ ကြၽန္ေတာ့္ကို ငုံ႔ၾကည့္ေနခဲ့သည္။  လစ္ဟာမႈ‌ေတြက ျပည့္စုံျခင္းကို ခံစားလိုက္ရေပမဲ့ တင္းၾကပ္ေလးလံေနခဲ့ေသာစိတ္အစဥ္က ေပါ့ပါးမသြားခဲ့။ ေကာင္ေလးရဲ႕ မ်က္၀န္းဝိုင္းေတြဟာ အရင္လို ေတာက္ပမေနခဲ့ပါ‌ေလ။ တြန္႔ေကာက္ေကာက္ ဆံပင္႐ွည္ေတြဟာ လုံးလုံးအုပ္အုပ္ေလး ျပန္ျဖစ္ေနခဲ့ၿပီး မ်က္ႏွာ‌ေလးက ေခ်ာင္က်သြားသလိုပင္။

<<>>

"မေတြ႕တာၾကာၿပီေနာ္ Hyung။
ေနေကာင္းတယ္မလား"

ၿငိမ္ၿငိမ္ေလး စိုက္ၾကည့္ေနသည့္ Hyung ေၾကာင့္ ေနရခက္လာသည္။ အဆက္အသြယ္မလုပ္ဘဲ အၾကာႀကီးပစ္ထားလို႔မ်ား စိတ္ဆိုးေနသလား။

"ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္ အလုပ္ေတြမ်ားေနလို႔ Hyung ကိုဖုန္းမဆက္ျဖစ္တာ"

တုန္႔ျပန္စကားျပန္မဆို။ ကြၽန္ေတာ့္မ်က္လုံးေတြထဲက တစ္စုံတစ္ခုကို ႐ွာေဖြဖို႔ႀကိဳးစားေနသည့္ Hyung ရဲ႕ အၾကည့္ေတြ။ ဟင့္အင္း။ မျမင္ေစခ်င္ပါ။ ဒီလူသားေ႐ွ႕မွာဆို ‌ဟန္ေဆာင္ႏိုင္စြမ္း ႐ွိမည္မထင္။ ခပ္ျမန္ျမန္ မ်က္လႊာခ်ပစ္မိသည္။

"ကြၽန္ေတာ္ ကိစၥေလး႐ွိလို႔ နယ္ကိုခဏျပန္သြားတာနဲ႔။ Hyung ကို လာမေတြ႕ႏိုင္တာ။ အဲ့ေန႔ကလည္း Hyung အိပ္ေနတာနဲ႔ ႏႈတ္မဆက္ျဖစ္လိုက္ဘူး။ ကြၽန္ေတာ္ ႐ုတ္တရက္ႀကီးေပ်ာက္သြားေတာ့ အေၾကာင္းမၾကားဘာမၾကားနဲ႔ဆိုၿပီး စိတ္ပူေနမွာပဲ။ ေတာင္းပန္ပါတယ္ Hyung။ ေနာက္ဆို ေျပာသြားပါ့မယ္။ ကတိေပးတယ္။ ကြၽန္‌ေတာ့္ကို စိတ္မဆိုး-'

ေျဖာင့္ခ်က္ေပးေနမိေသာ ကြၽန္ေတာ့္အသံကို ကြၽန္ေတာ္ကိုယ္တိုင္ပင္ အားမရခ်င္။ လိႈက္ေမာေန၏။ နားေထာင္ေနရသူလည္း မသက္သာလို႔ထင္သည္။ ကြၽန္ေတာ့္စကားေတြကို ျဖတ္ခ်ပစ္သည့္ Hyung။

"မင္း....အဆင္ေျပရဲ႕လား"

"ဗ်ာ ဘာကိုလဲ"

"မင္း အဆင္ေျပရဲ႕လားလို႔"

"ဟုတ္ ေျပပါတယ္ Hyung ရဲ႕"

Hyung က ဆက္မေမး။ ကြၽန္ေတာ့္ႏႈတ္ခမ္းက အျပဳံးေတြ ပီျပင္ပုံမရ။မ်က္ႏွာကို စူးစူးနစ္နစ္ၾကည့္သည့္အခါ ယိုင္နဲ႔ေနေသာ ကြၽန္ေတာ့္စိတ္‌ေတြ လဲၿပိဳခ်င္လာသည္။

"လိမ္ေနတာပဲ"

စိတ္ေတြပါမက ဒူး‌ႏွစ္ဖက္ပါယိုင္က်မတတ္။ ကြၽန္ေတာ္ ဟန‌္ေဆာင္၍ပင္ ျပဳံးမထားႏိုင္ေတာ့။

"ငါ ထပ္ေမးမယ္"

"ဟင့္အင္း။ မေမးနဲ႔ Hyung။ ကြၽန္ေတာ္မ‌ေျဖခ်င္ဘူး"

ႏႈတ္ကထုတ္ေျပာၿပီး တားသည္ကိုပင္ Hyung က လက္မခံ။ ေျခလွမ္းအနည္းငယ္ေ႐ႊ႕၍ ကြၽန္ေတာ့္နားကို တိုးကပ္သည္။

"မင္း အဆင္ေျပရဲ႕လား Jungkook"

ႏွစ္သိမ့္ေပးမယ့္သူ႐ွိရင္ လူေတြကပိုၿပီးအားငယ္ ၿပိဳလဲတတ္ၾကတယ္ဆိုတာ တကယ္ပဲလား။ အခု Hyung ရဲ႕ အၾကည့္ေတြနဲ႔တင္ကို ကြၽန္ေတာ့္ရင္ထဲမွာ မြန္းၾကပ္သိပ္သည္းေနသမွ် ခံစားခ်က္ေတြအကုန္ တအိအိနဲ႔ ၿပိဳလဲလာေနသလို။ ေငြ႕ရည္ဖြဲ႕လာတဲ့ မ်က္၀န္းေတြကေန အရည္ေတြ မသြန္းခ်မိေစဖို႔ ထိန္းခ်ဳပ္ထားမိသည္မွာ ႏွာေခါင္း‌ေတြပါ မႊန္လာ၏။ ပင့္သက္ကို ခက္ခက္ခဲခဲ႐ိႈက္ယူရသည္။ Hyung က ၿငိမ္ၿငိမ္သက္သက္ေလး ေငးၾကည့္ေနဆဲ။
အမွန္တကယ္ဆို ဒီလူသားအရိပ္ေအာက္မွာ ဒီလူသားဆီက ႏွစ္သိမ့္မႈေတြကို ခံယူဖို႔ အေျပးလာခဲ့တာ မဟုတ္လား။ ဒါေပမဲ့ ကြၽန္ေတာ့္ရဲ႕ ထုထည္ႀကီးမားလြန္းေနသည့္ ခံစားခ်က္ေတြကို ဖြင့္ထုတ္ျပလို႔ေရာ ျဖစ္ပါရဲ႕လား။ ကြၽန္ေတာ္က Hyung မွီခိုအားကိုးႏိုင္သည့္၊ Hyung ကို ကာကြယ္ေစာင့္ေ႐ွာက္ႏိုင္သည့္ သန္မာသည့္ပုံစံကိုပဲ ျပခ်င္သည္။ အားနည္းတဲ့ပုံစံကို မျမင္ေစခ်င္။ အထူးသျဖင့္ မ်က္ရည္ေတြ။ သိပ္ကို အားငယ္၀မ္းနည္းတတ္တဲ့ လူလို႔ျမင္ၿပီး Hyung စိတ္ပ်က္သြားရင္ ဘယ္လိုလုပ္မလဲ။ သို႔ေပမဲ့ ကြၽန္ေတာ္ စိုးရိမ္သလို Hyung က ေတြးေနပုံမရ။ ကြၽန္ေတာ့္အေတြးေတြကို နားလည္ေနသည့္အလား ေခါင္းကို အသာအယာ ညိတ္၏။ ဒီထက္ပို တင္းမခံႏိုင္ေတာ့ဘဲ ကြၽန္ေတာ္ အ႐ိုးသားဆုံး ဖြင့္ျပမိေတာ့သည္။

<<>>

"ကြၽန္‌ေတာ္ အဆင္မေျပဘူး Hyung"

ရစ္ဝိုင္းေနသည့္ မ်က္ရည္ၾကည္ေတြက အထိန္းအခ်ဳပ္ကင္းမဲ့စြာ ပါးျပင္ထက္ လွိမ့္ဆင္းလာၾက၏။

"အ....အဘြားက....အဘြား မ႐ွိ ေတာ့ ဘူး.....ကြၽန္ေတာ့္ အဘြားက....က် ကြၽန္ေတာ္ ခ်စ္ ရတဲ့ အဘြားက..အခု မ႐ွိေတာ့ဘူးတဲ့ Hyung"

လုံး၀ကို မထင္မွတ္ထားေသာ အေၾကာင္းအရာေၾကာင့္ ကြၽန္ေတာ္ အရမ္းလန္႔သြားခဲ့၏။ ၀မ္းနည္းပက္လက္ႏွင့္ ႐ိႈက္ႀကီးတငင္ ဖြင့္ဟလာေသာ အငယ္ေကာင္ေလးကိုလည္း လြန္စြာပင္ က႐ုဏာသက္မိသည္။ သူ႕အဘြားအေၾကာင္းကို စကားစပ္မိတိုင္း ခဏခဏေျပာျပဖူးတာေတြကေန ဒီအငယ္ေကာင္ေလး သူ႕အဘြားကို ဘယ္ေလာက္ခ်စ္လဲဆိုတာကို ကြၽန္ေတာ္ ခန္႔မွန္းလို႔ရခဲ့သည္။

ေခါင္းငုံ႔ၿပီး ‌႐ိႈက္ငိုေနသည့္ အငယ္ေကာင္ေလး၏ ပုခုံး‌ကို လက္ႏွစ္ဖက္ျဖင့္ သိုင္းဖက္လိုက္ၿပီး ေခါင္းလုံးလုံးေလးကို အသာထိန္းကာ ပုခုံးေပၚ မွီတင္ေစလိုက္သည္။ ဒီအခ်ိန္မွာ အဆင္ေျပသြားမွာပါဆိုတဲ့ စကား‌ေတြနဲ႔ မႏွစ္သိမ့္ခ်င္။ စိတ္႐ွိလက္႐ွိငိုလို႔ရမည့္ လုံျခဳံသည့္ ေနရာေလးတစ္ခု‌‌ကသာ အခုခ်ိန္မွာ သူ႕အတြက္ အလိုအပ္ဆုံးျဖစ္လိမ့္မည္။ ကြၽန္ေတာ့္ထက္ သိသိသာသာျမင့္ေနေသာ ေကာင္ေလးရဲ႕ ကိုယ္လုံးထြားထြားကို သိုင္းဖက္ထားရင္း ပုခုံးတစ္ဖက္ကို အသာပုတ္ေပးေနမိသလို လက္တစ္ဖက္ကလည္း ေခါင္းေနာက္က ခပ္ပါးပါးဆံပင္ေတြကို အသာပြတ္သပ္ေပးေနမိသည္။ ေကာင္ေလးရဲ႕ ငိုသံေတြ မ်က္ရည္ေတြဟာ ဤမွ်ေလာက္ ရင္နာစရာေကာင္းမွန္း မသိခဲ့။ ကြၽန္ေတာ့္ေ႐ွ႕မွာဆို အၿမဲလိုလို ျပဳံးရယ္ေနတတ္ၿပီး ၾကံခိုင္တဲ့ ေကာင္ေလးရဲ႕ တစ္ဖက္ျခမ္းကို သိလိုက္ရခ်ိန္မွာ အေႏြးေထြးဆုံးေသာ ႏွစ္သိမ့္မႈေတြျဖင့္ မ်က္ရည္ေတြမစဲမခ်င္း ေထြးေပြ႕ထားခ်င္မိေတာ့သည္ပင္။

လႈပ္ခါေနသည့္ ေက်ာျပင္ေလး ၿငိမ္သက္သြားခ်ိန္ ပုခုံးေပၚက ေခါင္း‌လုံးေလးက ခြာသြားသည္။ ပါးျပင္ေပၚမွာ ေပပြေနသည့္ မ်က္ရည္ေတြကို လက္မႏွင့္ ပြတ္သုတ္ဖယ္ေပးမိျပန္၏။ ကြၽန္ေတာ့္လက္ေတြေအာက္မွာ ၿငိမ္သက္ေနသည့္ အငယ္ေကာင္ေလးက ႐ိႈက္သံေတြ မပ်ယ္ေသး။

"အရမ္းပင္ပန္းခဲ့မွာပဲ"

ေဖာင္းအစ္အစ္မ်က္လုံးေလးေတြႏွင့္ ႏြမ္းလ်လ်ေလး ျပဳံးျပလာေတာ့ ကြၽန္ေတာ္ တကယ္ကို စိတ္မေကာင္း။သူ႕မ်က္ႏွာေပၚက ကြၽန္ေတာ့္လက္ေတြကို လက္ေကာက္၀တ္ကေန ဆုပ္ကိုင္ကာ အသာအယာ ဖယ္ခ်သည္။ ထိုစဥ္ ဖုန္းသံျမည္လာသည္မို႔ အိတ္‌ေထာင္ထဲကဖုန္းကို ဆြဲထုတ္ကိုင္သည္။ ထိုအခါမွ သိလုိက္ရသည္က နယ္ကေန ဘယ္သူ႕ကိုမွ အသိမေပးဘဲတစ္ေယာက္တည္း ၿမိဳ႕ကုိ ျပန္လာခဲ့သည္တဲ့ေလ။ အျပင္ထြက္သြား‌ရာက အခ်ိန္အေတာ္ၾကာသည္ထိ ျပန္ေရာက္မလာလို႔ဆိုၿပီး နယ္မွာ က်န္ခဲ့တဲ့ မိသားစု၀င္ေတြ စိတ္ပူၿပီး ဖုန္းလွမ္းဆက္ျခင္း။ 

"ဈာပနပြဲၿပီးသြား‌ေပမဲ့ မိသားစုကိစၥေၾကာင့္ နယ္မွာဆက္ေနၾကဦးမယ္ ေျပာတယ္။ စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ဆိုၿပီး အိမ္ကထြက္လာတာပဲ။ ဘယ္သြားရမလဲ မသိေတာ့တာနဲ႔ Hyung ဆီလာခဲ့မိတာ"

ကြၽန္ေတာ့္မွာ ပါးစပ္ကေလးအေဟာင္းသား။ ၆နာရီေလာက္ၾကာေအာင္သြားရတဲ့လမ္းခရီးကို သူက နယ္မွာ႐ွိတဲ့ အိမ္ကေန စိတ္ေျပလက္ေပ်ာက္သေဘာမ်ိဳး ထြက္လာသည္တဲ့။ကားစီးေနတဲ့ အခ်ိန္ၾကာအတြင္း အေျခအေနအရပ္ရပ္ကို သူ ဘာမွမစဥ္းစားမိဘူးလား။ တစ္လမ္းလုံး အိပ္ေနခဲ့ရင္ေတာ့ မေျပာတတ္ဘူးေပါ့။ စိတ္လြတ္ၿပီး ဟိုဟိုဒီဒီ ေလွ်ာက္သြားတာထက္ ဒီကို ေခ်ာေခ်ာေမြ႕ေမြ႕ေရာက္လာတာကိုပဲ ေက်းဇူးတင္ရမည္။ ဒီပုံအတိုင္းဆို ဒီေကာင္ေလးကို ျပန္လြတ္လို႔ မျဖစ္ေခ်‌။ စိတ္ကူးတည့္ရာဆိုၿပီး ဘယ္အရပ္ဆီ ထပ္ေရာက္သြားမလဲ မသိႏိုင္ဘူးေလ။ သူ႕အိမ္ျပန္ခိုင္းရင္လည္း တစ္ေယာက္တည္းျဖစ္ေနမွာမို႔ ေခၚလာမိသည္က ကြၽန္ေတာ့္အိမ္။
ကြၽန္ေတာ့္ ကုတင္ေပၚမွာ ၿငိမ္ၿငိမ္သက္သက္ေလးထိုင္ေနသည့္ အငယ္ေကာင္ေလးကို ၾကည့္ၿပီး လုံး၀ စိတ္မသက္သာ။ ေရခ်ိဳးၿပီးကာစမုိ႕ ဆံပင္ဖ်ားေတြကေန ေရတစက္စက္က်လ်က္။ စိတ္လြတ္သူတစ္‌ေယာက္လို ထိုင္ေနသူအား တဘက္တစ္ထည္ဆြဲယူၿပီး ဆံပင္‌ေတြကို ဖိသုတ္ေပးေတာ့လည္း မလႈပ္မယွက္။ ကြၽန္ေတာ္ စိတ္ေမာစြာျဖင့္ သက္ျပင္းခ်မိသည္။ ညစာစားတုန္းကလည္း အိမ္ကလူေတြက သူ႕ကို အရိပ္တၾကည့္ၾကည့္။ သူ႕ကိုၾကည့္ၿပီး အေမဆို မ်က္ရည္‌ေတြဝိုင္းလို႔။ အေဖကေတာ့ သက္ျပင္းတခ်ခ်ႏွင့္။ ကြၽန္ေတာ့္ညီ အငယ္ေကာင္ဆိုလည္း သူ႕မ်က္ႏွာ လွမ္းလွမ္းၾကည့္႐ွာ၏။ အၿမဲလိုလို တက္ႂကြေနခဲ့သည့္ ကေလးက စိတ္နဲ႔လူနဲ႔မကပ္ပဲ လုံး၀ႀကီး ၿငိမ္က်သြား‌ခဲ့ေတာ့ သူတို႔ခမ်ာ အသနားပိုေနၾကသည္။ ကြၽန္ေတာ္ ကိုယ္တိုင္လည္း ဒီေကာင္ေလးကို ဘယ္လိုလုပ္ေပးရမလဲ မသိေတာ့။ ဒီရက္ပိုင္း ကြၽန္ေတာ့္စိတ္ေတြ ေလးလံေနခဲ့သည္မွာ အလကားမဟုတ္။ အေျခအေနကို သိရေတာ့လည္း ကြၽန္ေတာ္ တတ္ႏိုင္တာ မ႐ွိ။ စိုဖန္႔ဖန္႔ျဖစ္လာသည့္ ဆံပင္ေတြကို လက္နဲ႔ထိုးဖြေပးမိသည္။

"ရၿပီ။ အရမ္းပင္ပန္းလာတယ္မလား။ အိပ္ေပ်ာ္ေအာင္အိပ္လိုက္။ ငါ Jiwon အခန္းထဲမွာ႐ွိေနမယ္"

စိတ္ပင္ပန္းေနသူက ခရီးေဝးကိုပါႏွင္လာခဲ့သျဖင့္ ပိုပင္ပန္းေနမွာ ေသခ်ာ၏။ ေကာင္းေကာင္း အနားယူေစခ်င္သည္။ သို႔ေသာ္ ကြၽန္ေတာ့္ အက်ႌအနားစကို ဆြဲကိုင္လာသည့္ သူ႕လက္တစ္ဖက္။

"မသြားပါနဲ႔"

တိုးလ်သည့္ ေလသံက အက္ကြဲလ်က္။ မ်က္လႊာခ်ထားၿပီး ေတာင္းဆိုေနသည္ကို ျမင္ေတာ့ ရင္နာရသည္။ ဒီလိုႀကီး မေနစမ္းပါနဲ႔ Jungkook ရာ..မင္းနဲ႔မလိုက္ဘူး...။ စိတ္အားငယ္ေနသူကို တစ္ေယာက္တည္းခ်န္ထားခဲ့ဖို႔ရာ ကြၽန္ေတာ္ အသည္းမမာႏိုင္။

"အင္း ဟုတ္ၿပီ မသြားဘူး။ ငါ ဒီမွာ႐ွိေနမယ္။ အိပ္ေပ်ာ္ေအာင္ အိပ္လိုက္ ေနာ္"

မ်က္ႏွာေလးက အေတာ္ကိုေခ်ာင္က်ကာ မ်က္ကြင္းေအာက္က ခ်ိဳင့္ေနၿပီျဖစ္တာေၾကာင့္ ဒီေကာင္ေလးကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားေစဖို႔သာ ဆႏၵ႐ွိသည္။ အစားလည္းေကာင္းေကာင္းမစားထားတာေၾကာင့္ အိပ္စက္ျခင္းျဖင့္သာ အားျပန္ျဖည့္ႏိုင္မည္ေလ။

"ဒါ သြားထားဦးမယ္"

သူ အိပ္ေပ်ာ္သြားခ်ိန္ထိ ေစာင့္ေပးဖို႔ ရည္႐ြယ္မိတာေၾကာင့္ အရင္ဆုံး လက္ထဲ႐ွိ စိုေနတဲ့ တဘက္ကို ေရခ်ိဳးခန္းထဲျပန္သြားထားဖို႔ ျပင္လိုက္သည္။ ကြၽန္ေတာ့္အက်ႌအနားစကို ဆြဲကိုင္ထားသူေ႐ွ႕က လွည့္ထြက္လိုက္ခ်ိန္ ခါးထက္ကို လက္ႏွစ္ဖက္က ရစ္တြယ္လာၿပီး ဆြဲယူခံလိုက္ရ၏။ ၀မ္းဗိုက္အထက္မွာ ဖိကပ္လာေသာ အထိအေတြ႕ေၾကာင့္ ကြၽန္ေတာ္႕ အသက္႐ွဴႏႈန္းေတြ ကေမာက္ကမျဖစ္ကုန္သည္။ ခါးကို တင္းၾကပ္စြာဖက္ထားရင္း ၀မ္းဗိုက္နားမွာ ဖိကပ္ထားသည့္ မ်က္ႏွာဆီမွ ညင္သာစြာ ႐ွဴထုတ္လိုက္သည့္ ေလေႏြးေႏြးဟာ တီ႐ွပ္အက်ႌ ခပ္ပါးပါးကို ထြင္းေဖာက္ကာ ၀မ္းဗိုက္သားဆီကို လာေရာက္ထိခတ္သည္။ ကြၽန္ေတာ့္ ႏွလုံးခုန္ႏႈန္းေတြ မူမမွန္ေတာ့။ သူ႕ရဲ႕ လက္ေတြၾကား ေတာင့္ေတာင့္ႀကီးျဖစ္ေနရာကေန လူက ကတုန္ကယင္ျဖစ္ခ်င္လာသည္။
ဒါဘယ္လို အေျခအေနႀကီးလဲ.....!!!!

*****

(jihyun ကို jiwon အျဖစ္ေျပာင္းထားပါေၾကာင္း။)

Continue Reading

You'll Also Like

503K 30K 23
မင်းကိုငါပိုင်တယ်ဆိုတာ အားလုံး သိအောင်ပြပေးရမလား?????? မင္းကိုငါပိုင္တယ္ဆိုတာ အားလုံး သိေအာင္ျပေပးရမလား??????
242K 26.8K 36
ချစ်ခြင်းမေတ္တာကို ဖန်တီးနိုင်စွမ်းရှိသူက နှလုံးသားရဲ့ ထာဝရ HERO ပါပဲ ။ ခ်စ္ျခင္းေမတၱာကို ဖန္တီးနိုင္စြမ္းရွိသူက ႏွလုံးသားရဲ့ ထာဝရ HERO ပါပဲ ။
210K 19.3K 20
အခ်စ္ဆိုတာ ႏွလံုးသားထဲကသူ႔အလိုလိုေပါက္ဖြားလာတဲ့အရာ ရင္ခုန္တာကစတင္တယ္။ ေယာက်ာ္းေလးအခ်င္းခ်င္းခ်စ္ျမတ္ႏိုးသည္ျဖစ္ေစ။ မိန္းကေလးအခ်င္းခ်င္းခ်စ္ျမတ္ႏိုးသည...
48.2K 3.1K 28
တခါတရံမှ ပျားရည်က မချိုဘဲ ခါးတတ်တယ်ဆိုတာ ခင်ဗျားတို့ယုံလား?? JJK×PJM