The Years I Love You The Most...

By AuTuMn_EuNN

26.4K 3.5K 240

ကြၽန္ေတာ္ သူ႔ကိုခ်စ္ေသာ ရက္၊လ၊ႏွစ္ ေတြ ~~~ We have nothing ~ But we have beautiful love ❣💕 #Kaisoo #Kadi More

The Years I love You the Most
Started [Z×U]
Now[Z×U]
He[Z×U]
Slowly[Z×U]
You[Z×U]
Back to [Z×U]
For You [Z×U]
I am [Z×U]
Secret[Z×U]
PAST(2)[Z×U]
PAST(3)[Z×U]
PAST End [Z×U]
No More[Z×U]
First[Z×U]
The Truth[Z×U]
The First One [Z×U]
Recalling [Z×U]
Start Again[Z×U]
Wait [Z×U]
Promise [Z×U]
Love is [Z×U]
A place [Z×U]
Everyday [Z×U]
I'll be there [Z×U]
Meant to be [Z×U]
Now&Ever[Z×U]

PAST(1) [Z×U]

849 124 11
By AuTuMn_EuNN

🌼TEN🌼

ကိစၥေတြအမ်ားႀကီးျဖစ္သြားတဲ့ေနာက္မွာ KyungSoo နဲ႔ Kai က သာမန္ထက္ရင္းႏွီးခဲ့တယ္ ...

KyungSoo ကို Club သြားဖို႔ ဘယ္ေတာ့မွမေခၚေတာ့သလို သူကုိယ္တိုင္လဲ Club ကို မသြားေတာ့ ...

Kai က မၾကာခဏဆိုသလို KyungSoo ဆီလာတတ္တာမုိ႔လို႔ KyungSoo ရဲ႕ အေမကပါ သူ့ကိုသားအရင္းတစ္ေယာက္လိုသေဘာထားလာတယ္ ...

"Wallflower "

"အဲ့နာမည္မေခၚနဲ႔လို့ ဘယ္ႏွစ္ခါေျပာရမလဲ"

KyungSoo ရဲ႕ ေခါင္းကိုပုတ္ၿပီး စ ေနတဲ့ Kai ကို မ်က္ေစာင္းတစ္ခ်က္ေကြၽးလိုက္ေတာ့
Kai က မခ်ိဳမခ်ဥ္ၿပံဳးေလရဲ႕ ...

"ဟိုးမွာေတြ႔လား "

Kai ၫြန္ျပတဲ့ ေနရာကိုၾကည့္လိုက္ေတာ့ Tatoo ဆိုင္ ...

"Tatoo ဆုိင္မလား .. အဲ့တာဘာလို႔လဲ"

"မင္းမထိုးခ်င္ဘူးလား "

"No ပဲ ... "

"လာပါကြာ ... ထိုးရေအာင္ ... မင္းတစ္သတ္လံုးႀကိဳက္ေလာက္မယ့္အရာတစ္ခုကို ထိုးေလကြာ "

KyungSoo လက္ကို အတင္းဆြဲပီး Tatoo ထိုးဖို႔ တိုက္တြန္းေနတဲ့ Kai ကိုၾကည့္ၿပီး KyungSoo ရင္ေမာရသည္။

"ေဟ့ .. လူရဲ႕စိတ္က အၿမဲေျပာင္းေနတာ...
ဒီေန႔မွာ ဒါကိုႀကိဳက္ေပမယ့္ ေနာက္ေန႔ေတြ လေတြ ႏွစ္ေတြမွာ မႀကိဳက္ရင္ ဘယ္လိုလုပ္မလဲ
ၿပီးေတာ့ ဒီ Tatoo က ေသရာပါမွာဆိုေတာ့
ငါအမွားမလုပ္ခ်င္ဘူး "

KyungSoo က Kai ကို ၾကည့့္လိုက္ Tatoo ဆိုင္ကိုၾကည့္လိုက္နဲ႔ ေျပာေနေပမယ့္ Kai ကေတာ့ Kyungsoo ကိုပဲ ၾကည့္ေနတယ္ ..

"ငါက ေသခ်ာတယ္ ... တစ္သတ္လံုးအတြက္ ေသခ်ာတာမို႔လို႔ ထိုးခ်င္ရံုပါ "

Kai က ဘာကိုေျပာတာလဲဆိုတာကို မသိေပမယ့္ သူ႔ကိုေသခ်ာၾကည့္ၿပီးေျပာေနတာမို႔လို႔ KyungSoo မွာ ႐ုတ္တရက္ႀကီး မ်က္ႏွာေတြပူလာတယ္ ...

"မင္းထိူးခ်င္တယ္ဆိုရင္လဲ ငါလိုက္ခဲ့ေပးမယ္ကြာ ... ဒါေပမယ့္ ငါမထိုးဘူးေနာ္ "

ထိုအခါမွ ေခါင္းတညိမ့္ညိမ့္နဲ့ပဲ KyungSoo ရဲ့ လက္ကိုသူ့လက္ေခ်ာင္းေတြနဲ့ ဆုပ္ကိုင္ၿပိီး
Tatoo ဆိုင္ဆီကို
လိုခ်င္တာရသြားတဲ့ ကေလးတစ္ေယာက္လို ခုန္ေပါက္သြားေလရဲ႕ ...

KyungSoo ကေတာ့ ေခၚရာေနာက္ကိုလိုက္ရင္း

"ဒါလား Tatoo ထိုးမယ့္လူ " လို့ သေဘာတက်ၿပံဳးကာ ေတြးလိုက္မိတယ္

🌼🌼🌼

Tatoo ထိုးေပးတဲ့ အခန္းထဲထိ KyungSoo မလိုက္ေတာ့ပဲ အျပင္မွာထုိင္ၿပီးေတာ့ နံရံမွာကပ္ထားတဲ့. ပံုေတြကိုၾကည့္ေနလိုက္သည္။

နာရီဝက္ေလာက္ၾကာေတာ့ လည္ပင္းေလးကိုပြတ္ရင္း ၿပံဳးစိစိနဲ႔ ထြက္လာတဲ့သူ ...

"ၿပီးၿပီလား "

"အင္း ၿပီးၿပီ "

KyungSoo ရဲ႕ အေမးကို သူက ဘယ္ဘက္ရင္အံုေလးကိုဖိၿပီး ေျဖတယ္ ...

"ႏွလံုးသားမွာလား "

KyungSoo ေသခ်ာေအာင္ေမးလိုက္ေတာ့ သူက ဆံပင္ေပ်ာ့ေပ်ာ့ေလးေတြခါေနတဲ့အထိ ေခါင္းညိမ့္ျပတယ္

"လုပ္ခ်င္တာ လုပ္ၿပီးၿပီဆိုေတာ့ သြားရေအာင္
ငါအိမ္ျပန္ေနာက္က်ေတာ့မယ္ "

ရွည္ရွည္ေဝးေဝးေျပာမေနေတာ့ပဲ ထိုဆိုင္ထဲကေနခပ္ျမန္ျမန္ထြက္ခဲ့လိုက္သည္။
Kai ကေတာ့ အေနာက္ကေန အမွီလိုက္လာေလရဲ႕ ...

လမ္းတစ္ေလ်ွာက္လံုး သီခ်င္းေတြညည္းၿပီးလိုက္လာတဲ့ Kai ကိုၾကည့္ၿပီး Kyungsoo ပါၿပံဳးမိသည္။ သူ႔ကိုၾကည့္ရတာ အရမ္းေပ်ာ္ေနပံုရတာမို႔လို႔ KyungSoo ပါေပ်ာ္ရသည္။

"အဲ့ေလာက္ေတာင္ ေပ်ာ္ေနတာလား "

ဒီတစ္ခါလဲ သီခ်င္းေလးညည္းရင္းနဲ႔ ေခါင္းညိမ့္ျပတယ္ ...

"ျပန္ေတာ့ေလ .. "

ျခံေရွ႔ေရာက္ၿပီမို႔လို႔ သူ႔ကို ျပန္ခိုင္းလိုက္ေတာ့
*မင္းအိမ္ထဲဝင္တာကို ျမင္ၿပီးမွ သြားမယ္*တဲ့ ..

" KyungSoo "

၅ လွမ္းေျမာက္မွာ သူ့ကို ေခၚတာမို့လို့ KyungSoo လွည့္ၾကည့္လိုက္တယ္

"မၾကည့္ခ်င္ဘူးလား "

ခုနက Tatoo ထုိးတဲ့ေနရာေလးကို ျပၿပီးေမးတာမို႔လို႔ KyungSoo က Kai ဆီကိုျပန္သြားလိုက္တယ္ ...

"ငါ့ကို ျပခ်င္လို႔လား "

KyungSoo ေမးေတာ့ Kai က တစ္ခုခုကို စဥ္းစားလိုက္ျပန္တယ္ ...

"မျပခ်င္ေတာ့ဘူး "

ခုတစ္မ်ိဳဳး ေတာ္ၾကာတစ္မ်ိဳးျဖစ္သြားတဲ့ Kai ကို KyungSoo က *မင္းက တကယ္ဆိုက္ကိုပဲ* လို႔ေျပာၿပီး သူ႔ရဲရင္ဘက္ကို
လက္သီးနဲ႔ ဖြဖြေလးတစ္ခ်က္ထိုးလိုက္သည္။

"ဒီဆို္က္ကိုက ဒီWallflower ေလး အိမ္ထဲေရာက္တဲ့အထိ ၾကည့္ေနမွာမို႔လို႔ ဒီဆိုက္ကိုကို အိမ္မက္ထဲထည့္မက္ေနာ္ "

တစ္လမ္းလံုးၾကားတဲ့ အထိ ေအာ္ေျပာေနတဲ့ Kai ေၾကာင့္ Kyungsoo မွာ အျမန္ၿခံထဲေျပးဝင္လိုက္ရတယ္ ...

Kai ကို ၾကည့္ျပန္ေတာ့လဲ fly kiss ေတြပါ ေပးေနတာမို႔လို႔ KyungSoo မွာ လက္သီးနဲ႔ရြယ္ၿပီး ေသမယ္ ဆိုတဲ့ပံုစံလုပ္ျပလိုက္တယ္ ...

KyungSoo အခန္းထဲေရာက္ေရာက္ခ်င္း လိုက္ကာေလးကိုဖြင့္ၿပီး ၿခံေရွ႕ကိုၾကည့္လိုက္ေတာ့လွည့္ျပန္ေနတဲ့ Kai ကို ေတြတယ္ ...

ျဖည္းျဖည္းခ်င္းေလ်ွာက္ေနတဲ့ Kai ရဲ႕ ေက်ာျပင္က ျမင္ကြင္းထဲကေန ေပ်ာက္သြားတဲ့အထိ
ၾကည့္ေနမိတယ္ ...

အဲ့ေန႔ညက သူတကယ္ပဲ Kai ကို အိမ္မက္မက္ခဲ့တယ္ ~~~

🌼🌼🌼

"ထေတာ့ Wallflower ေလး "

အိပ္ေနရင္းနဲ႔ KyungSoo နားထဲမွာ ေလေငြ႔ေႏြးေႏြးေတြ ေရာက္လာသလို ခံစားရတာမို႔လို႔
နားကို ဟိုပြတ္ဒီပြတ္လုပ္ေနလိုက္သည္။

"အိပ္ေရးႀကီးလိုက္တာေနာ္ Wallflower ေလးက "

ဒုတိယအႀကိမ္ကေတာ့ ေလေငြ႔မဟုတ္ပဲ စကားသံကို ၾကားရသလိုလို ~

ဒါေပမယ့္ KyungSoo က အိမ္မက္မက္ေနတာလို႔ထင္ၿပီး ဆက္အိပ္ေနလိုက္တယ္ ...

"မထရင္ မင္းကိုငါနမ္းမွာေနာ္ "

ဒီတစ္ႀကိမ္ေတာ့ KyungSoo မ်က္ခံုးေတြက တြန္႔ခ်ိဴးသြားတယ္ ...
ၿပီးေတာ့ အိပ္ခ်ဳင္မူးတူးနဲ႔ပဲ မ်က္လံုးပြင့္လာတယ္ ...

"အား !!!!! "

မ်က္လံုးဖြင့္ဖြင့္ခ်င္း သူ႔ေပၚမွာ အုပ္မိုးထားၿပီးေတာ့ ၿပံဳးၿပံဳးႀကီး ၾကည့္ေနတဲ့ Kai ေၾကာင့္ အလန္႔တၾကားထေအာ္မိတယ္ ...

"ဟာ တိုးတိုးလုပ္ပါကြ "

KyungSoo ပါးစပ္ကို အျမန္အုပ္လိုက္ၿပီးေတာ့ သူ႔ အသံၿငိမ္တဲ့အထိ ေစာင့္ေနလိုက္တယ္ ..

ုၿပီးမွလႊတ္ေပးလိုက္တယ္ ..

"မင္း ... ဘယ္လိုလုပ္ၿပီးေရာက္လာတာလဲ "

အလန္႔တၾကားေမးတဲ့ KyungSoo ကို ၾကည့္ၿပီး ရယ္ခ်င္စိတ္ကိုမနည္းထိန္းထားရသည္။

အျဖဴေရာင္ ညဝတ္စံုဝမ္းဆက္ေလးကို ဝတ္ထားၿပီး အိပ္ခ်င္မူးတူးျဖစ္ေနတဲ့ KyungSoo ရဲ႕ အလန္႔တၾကားထေအာ္တဲ့ ပံူစံေလးက တကယ္ကို ခ်စ္စရာေကာင္းေနသည္။

"အန္တီက မင္းကို ႏိႈးခိုင္းလိုက္တာ "

အိပ္ရာထကမုိ႔လို႔လားမသိ Kyungsoo ရဲ႕ ႏႈတ္ခမ္းေလးက ပံုမွန္ျမင္ေနၾကထက္ အနည္းငယ္ ဆူေထာ္ေထာ္ေလးျဖစ္ေနတယ္လို႔ ထင္ရသည္။ ထိုႏႈတ္ခမ္းေထာ္ေထာ္ေလးနဲ႔ သူ႔ရဲ႕မ်က္မွန္အမည္းေလးကို ဟိုရွာဒီရွာလုပ္ေနတဲ့ပံုစံေလးကို ေသခ်ာစူးစိုက္ၿပီးၾကည့္ေနမိတယ္။

"ေနာက္ဆို မလာနဲ႔ ... ေနာက္တစ္ခါဆို တကယ္ေသၿပီမွတ္ "

မ်က္မွန္ေလးကို ေကာက္တပ္ၿပီး မ်က္မွန္ကိုင္းေလးကို ျမင့္တင္ေနတဲ့ KyungSoo ရဲ႕ လႈပ္ရွားမႈတိုင္းကို Kai က တစ္ခုမက်န္ၾကည့္ေနမိတယ္ ...

"ေအာက္သြားႏွင့္ ငါမ်က္ႏွာသစ္ၿပီးလိုက္ခဲ့မယ္ "

ေဘာက္ဆက္ဆက္နဲ႔ ေျပာၿပီေရခ်ိဳးခန္းထဲဝင္သြားတဲ့ Kyungsoo ရဲ႕ မ်က္ႏွာက မနက္ခင္းႀကီးမွာေတာင္ ရဲရဲေလးျဖစ္ေနခဲ့တယ္

🌼🌼🌼

"Kai "

"အင္း ေျပာ "

"မင္း ဘာမွမလုပ္ဘူးလား "

ပ်င္းတယ္ဆိုၿပီး အျပင္ကိုေခၚထုတ္လာတဲ့ Kai ရဲ႕ ဦးတည္ရာက ညေစ်းတန္း ...

"ဘာကိုလဲ "

"အခု ေက်ာင္းပိတ္ထားတာေလ ... မင္းက အၿမဲတမ္း ငါ့ဆီပဲလာၿပီး အခ်ိန္ျဖဳန္းေနတာ
ဘာမွမလုပ္ဘူးလားသိခ်ဳင္လို႔ "

"မင္းေရာ ဘာမွမလုပ္ဘူးလား ... ငါေခၚတိုင္း လိုက္ေနရလို႔ေလ "

"ငါက မနက္ျဖန္ကစၿပီး တီေလးရဲ႕ ပန္းဆိုင္မွာ ထိုင္ရေတာ့မွာ "

"ဟုတ္လား ... ငါလာခဲ့မယ္ "

"စကားလမ္းေၾကာင္းမလႊဲပဲ ငါေမးတာသာေျဖစမ္းပါ "

သူေမးတာကို မေျဖပဲ ျပန္ေမးခြန္းထုတ္ေနတဲ႔သူ႔ကို မၾကည္တဲ့အၾကည့္နဲ႔ၾကည့္ေပးလိုက္ေတာ့ ေဟာ့ေဒါ့စားေနရင္း ရယ္ေလရဲ႕ ....

"အခ်္ိန္ျဖဳန္းလို႔ရတုန္းေလးမို႔လို႔ပါ "

Kai ရဲ႕ စကားကို KyungSoo နားမလည္

"မင္းမိဘေတြက မေျပာဘူးလား "

KyungSoo ေမးလိုက္ေတာ့ ေဟာ့ေဒါ့စားေနတာ ရပ္သြား၏

"မရွိေတာ့ဘူး ... ဦးေလးနဲ႔ အေဒၚပဲရွိတာ
သူတို႔ကလဲ ဒီမွာမဟုတ္ဘူး "

သူ့ စကားေၾကာင့္ Kyungsoo မွာ အားနာရ၏။

"ေဆာရီးေနာ္ ... ငါမသိလို႔ ေမးလိုက္တာ "

"တကယ္အားနာရင္ ဒါေတြမင္းရွင္းလိုက္ "

ေျပာၿပီးၿပီးခ်င္း ထထြက္သြားတဲ့ Kai ကို KyungSoo ေမတၱာထိုင္ပို႔ေနလိုက္တယ္ ...

ပိုက္ဆံရွင္းၿပီးေတာ့ Kai ရဲ႕ ေနာက္ကို ေျပးလိုက္ရင္းကေန ဆိုင္ေလးတစ္ဆုိင္ေတြ႔ေတာ့ Kyungsoo ရပ္ၾကည့္ေနမိတယ္

Kai က အေနာက္ကိုလွည့္ၾကည့္ရင္း ထိုေနရာမွာ ရပ္ေနတဲ့ KyungSoo က္ုျိမင္ေတာ့
သူ႔ဆီကိုသြားလိုက္တယ္

"ဘာၾကည့္ေနတာလဲ "

"ပႏ္ူးေလ .. လွတယ္မလား ဟိုပန္းေလးက "

မ်က္လံုးေတြမွိတ္လုနီးပါး ၿပံဳးေနတဲ့ KyungSoo ကို Kai က ေဘးတိုက္အေနအထားကေန ေသခ်ာၾကည့္ေနတယိ

Kyungsoo ရဲ႕ မ်က္ဝန္းေတြ ပန္းေတြဆီမွာ~
Kai ရဲ႕မ်က္ဝန္းေတြက Kyungsoo ဆီမွာ~

KyungSoo က ပန္းေတြကုိၾကည့္ရင္း မ်က္လံုးေတြမွိတ္လုနီးပါးအထိရယ္တယ္
Kai က Kyungsoo ကိုၾကည့္ရင္း ပါးခ်ိဳင့္တုေလးေပၚတဲ့အထိ ၿပံဳးေနတယ္ ...

"ဒီပန္းက Camellia ပန္း ... "

KyungSoo ရဲ႕ စကားတစ္ဝက္က တစ္စံုတစ္ေယာက္ရဲ႕ ႏႈတ္ခမ္းမွာပဲ ေပ်ာက္ဆံုးခဲ့တယ္ ...

႐ုတ္တရက္ဆန္စြာပဲ အေမွာင္တစ္ေနရာထဲမွာ သူတို႔ႏွစ္ေယာက္ပဲရွိေနတ့ဲ ခံစားမႈမ်ိဳး ...


ၿပီးေတာ့ သူတို႔ႏွစ္ေယာက္အတြက္
ပထမဦးဆံုးအနမ္းက ပန္းဆိုင္ေလးေရွ့မွာ ~~~

🌼🌼🌼

The Years I Love You the Most

🌼TBC🌼

စာေမးပြဲက Corona virus ေၾကာင့္ ရပ္လိုက္ရပါတယ္ ...

အဲ့တာေၾကာင့္ အိမ္မွာပဲေနရမွာမို႔လို႔
Fic ေလးေတြကို ခြဲၿပီး Update လုပ္ေပးပါ့မယ္ ❤️

အကုန္လံုး က်န္းမာေရးဂ႐ုစိုက္ၾကပါ
အတတ္ႏိုင္ဆံုးအိမ္ထဲမွာပဲေနၾကပါ
အျပင္ထြက္ျဖစ္ရင္ေတာင္ ေသခ်ာကာကြယ္ၿပီးမွ ထြက္ၾကပါေနာ္

🌼TEN🌼

ကိစ္စတွေအများကြီးဖြစ်သွားတဲ့နောက်မှာ KyungSoo နဲ့ Kai က သာမန်ထက်ရင်းနှီးခဲ့တယ် ...

KyungSoo ကို Club သွားဖို့ ဘယ်တော့မှမခေါ်တော့သလို သူကိုယ်တိုင်လဲ Club ကို မသွားတော့ ...

Kai က မကြာခဏဆိုသလို KyungSoo ဆီလာတတ်တာမို့လို့ KyungSoo ရဲ့ အမေကပါ သူ့ကိုသားအရင်းတစ်ယောက်လိုသဘောထားလာတယ် ...

"Wallflower "

"အဲ့နာမည်မခေါ်နဲ့လို့ ဘယ်နှစ်ခါပြောရမလဲ"

KyungSoo ရဲ့ ခေါင်းကိုပုတ်ပြီး စ နေတဲ့ Kai ကို မျက်စောင်းတစ်ချက်ကျွေးလိုက်တော့
Kai က မချိုမချဉ်ပြုံးလေရဲ့ ...

"ဟိုးမှာတွေ့လား "

Kai ညွန်ပြတဲ့ နေရာကိုကြည့်လိုက်တော့ Tatoo ဆိုင် ...

"Tatoo ဆိုင်မလား .. အဲ့တာဘာလို့လဲ"

"မင်းမထိုးချင်ဘူးလား "

"No ပဲ ... "

"လာပါကွာ ... ထိုးရအောင် ... မင်းတစ်သတ်လုံးကြိုက်လောက်မယ့်အရာတစ်ခုကို ထိုးလေကွာ "

KyungSoo လက်ကို အတင်းဆွဲပီး Tatoo ထိုးဖို့ တိုက်တွန်းနေတဲ့ Kai ကိုကြည့်ပြီး KyungSoo ရင်မောရသည်။

"ဟေ့ .. လူရဲ့စိတ်က အမြဲပြောင်းနေတာ...
ဒီနေ့မှာ ဒါကိုကြိုက်ပေမယ့် နောက်နေ့တွေ လတွေ နှစ်တွေမှာ မကြိုက်ရင် ဘယ်လိုလုပ်မလဲ
ပြီးတော့ ဒီ Tatoo က သေရာပါမှာဆိုတော့
ငါအမှားမလုပ်ချင်ဘူး "

KyungSoo က Kai ကို ကြည့်လိုက် Tatoo ဆိုင်ကိုကြည့်လိုက်နဲ့ ပြောနေပေမယ့် Kai ကတော့ Kyungsoo ကိုပဲ ကြည့်နေတယ် ..

"ငါက သေချာတယ် ... တစ်သတ်လုံးအတွက် သေချာတာမို့လို့ ထိုးချင်ရုံပါ "

Kai က ဘာကိုပြောတာလဲဆိုတာကို မသိပေမယ့် သူ့ကိုသေချာကြည့်ပြီးပြောနေတာမို့လို့ KyungSoo မှာ ရုတ်တရက်ကြီး မျက်နှာတွေပူလာတယ် ...

"မင်းထိူးချင်တယ်ဆိုရင်လဲ ငါလိုက်ခဲ့ပေးမယ်ကွာ ... ဒါပေမယ့် ငါမထိုးဘူးနော် "

ထိုအခါမှ ခေါင်းတညိမ့်ညိမ့်နဲ့ပဲ KyungSoo ရဲ့ လက်ကိုသူ့လက်ချောင်းတွေနဲ့ ဆုပ်ကိုင်ပြီး
Tatoo ဆိုင်ဆီကို
လိုချင်တာရသွားတဲ့ ကလေးတစ်ယောက်လို ခုန်ပေါက်သွားလေရဲ့ ...

KyungSoo ကတော့ ခေါ်ရာနောက်ကိုလိုက်ရင်း

"ဒါလား Tatoo ထိုးမယ့်လူ " လို့ သဘောတကျပြုံးကာ တွေးလိုက်မိတယ်

🌼🌼🌼

Tatoo ထိုးပေးတဲ့ အခန်းထဲထိ KyungSoo မလိုက်တော့ပဲ အပြင်မှာထိုင်ပြီးတော့ နံရံမှာကပ်ထားတဲ့. ပုံတွေကိုကြည့်နေလိုက်သည်။

နာရီဝက်လောက်ကြာတော့ လည်ပင်းလေးကိုပွတ်ရင်း ပြုံးစိစိနဲ့ ထွက်လာတဲ့သူ ...

"ပြီးပြီလား "

"အင်း ပြီးပြီ "

KyungSoo ရဲ့ အမေးကို သူက ဘယ်ဘက်ရင်အုံလေးကိုဖိပြီး ဖြေတယ် ...

"နှလုံးသားမှာလား "

KyungSoo သေချာအောင်မေးလိုက်တော့ သူက ဆံပင်ပျော့ပျော့လေးတွေခါနေတဲ့အထိ ခေါင်းညိမ့်ပြတယ်

"လုပ်ချင်တာ လုပ်ပြီးပြီဆိုတော့ သွားရအောင်
ငါအိမ်ပြန်နောက်ကျတော့မယ် "

ရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ ထိုဆိုင်ထဲကနေခပ်မြန်မြန်ထွက်ခဲ့လိုက်သည်။
Kai ကတော့ အနောက်ကနေ အမှီလိုက်လာလေရဲ့ ...

လမ်းတစ်လျှောက်လုံး သီချင်းတွေညည်းပြီးလိုက်လာတဲ့ Kai ကိုကြည့်ပြီး Kyungsoo ပါပြုံးမိသည်။ သူ့ကိုကြည့်ရတာ အရမ်းပျော်နေပုံရတာမို့လို့ KyungSoo ပါပျော်ရသည်။

"အဲ့လောက်တောင် ပျော်နေတာလား "

ဒီတစ်ခါလဲ သီချင်းလေးညည်းရင်းနဲ့ ခေါင်းညိမ့်ပြတယ် ...

"ပြန်တော့လေ .. "

ခြံရှေ့ရောက်ပြီမို့လို့ သူ့ကို ပြန်ခိုင်းလိုက်တော့
*မင်းအိမ်ထဲဝင်တာကို မြင်ပြီးမှ သွားမယ်*တဲ့ ..

" KyungSoo "

၅ လှမ်းမြောက်မှာ သူ့ကို ခေါ်တာမို့လို့ KyungSoo လှည့်ကြည့်လိုက်တယ်

"မကြည့်ချင်ဘူးလား "

ခုနက Tatoo ထိုးတဲ့နေရာလေးကို ပြပြီးမေးတာမို့လို့ KyungSoo က Kai ဆီကိုပြန်သွားလိုက်တယ် ...

"ငါ့ကို ပြချင်လို့လား "

KyungSoo မေးတော့ Kai က တစ်ခုခုကို စဉ်းစားလိုက်ပြန်တယ် ...

"မပြချင်တော့ဘူး "

ခုတစ်မျိုး တော်ကြာတစ်မျိုးဖြစ်သွားတဲ့ Kai ကို KyungSoo က *မင်းက တကယ်ဆိုက်ကိုပဲ* လို့ပြောပြီး သူ့ရဲရင်ဘက်ကို
လက်သီးနဲ့ ဖွဖွလေးတစ်ချက်ထိုးလိုက်သည်။

"ဒီဆိုက်ကိုက ဒီWallflower လေး အိမ်ထဲရောက်တဲ့အထိ ကြည့်နေမှာမို့လို့ ဒီဆိုက်ကိုကို အိမ်မက်ထဲထည့်မက်နော် "

တစ်လမ်းလုံးကြားတဲ့ အထိ အော်ပြောနေတဲ့ Kai ကြောင့် Kyungsoo မှာ အမြန်ခြံထဲပြေးဝင်လိုက်ရတယ် ...

Kai ကို ကြည့်ပြန်တော့လဲ fly kiss တွေပါ ပေးနေတာမို့လို့ KyungSoo မှာ လက်သီးနဲ့ရွယ်ပြီး သေမယ် ဆိုတဲ့ပုံစံလုပ်ပြလိုက်တယ် ...

KyungSoo အခန်းထဲရောက်ရောက်ချင်း လိုက်ကာလေးကိုဖွင့်ပြီး ခြံရှေ့ကိုကြည့်လိုက်တော့လှည့်ပြန်နေတဲ့ Kai ကို တွေတယ် ...

ဖြည်းဖြည်းချင်းလျှောက်နေတဲ့ Kai ရဲ့ ကျောပြင်က မြင်ကွင်းထဲကနေ ပျောက်သွားတဲ့အထိ
ကြည့်နေမိတယ် ...

အဲ့နေ့ညက သူတကယ်ပဲ Kai ကို အိမ်မက်မက်ခဲ့တယ် ~~~

🌼🌼🌼

"ထတော့ Wallflower လေး "

အိပ်နေရင်းနဲ့ KyungSoo နားထဲမှာ လေငွေ့နွေးနွေးတွေ ရောက်လာသလို ခံစားရတာမို့လို့
နားကို ဟိုပွတ်ဒီပွတ်လုပ်နေလိုက်သည်။

"အိပ်ရေးကြီးလိုက်တာနော် Wallflower လေးက "

ဒုတိယအကြိမ်ကတော့ လေငွေ့မဟုတ်ပဲ စကားသံကို ကြားရသလိုလို ~

ဒါပေမယ့် KyungSoo က အိမ်မက်မက်နေတာလို့ထင်ပြီး ဆက်အိပ်နေလိုက်တယ် ...

"မထရင် မင်းကိုငါနမ်းမှာနော် "

ဒီတစ်ကြိမ်တော့ KyungSoo မျက်ခုံးတွေက တွန့်ချိူးသွားတယ် ...
ပြီးတော့ အိပ်ချုင်မူးတူးနဲ့ပဲ မျက်လုံးပွင့်လာတယ် ...

"အား !!!!! "

မျက်လုံးဖွင့်ဖွင့်ချင်း သူ့ပေါ်မှာ အုပ်မိုးထားပြီးတော့ ပြုံးပြုံးကြီး ကြည့်နေတဲ့ Kai ကြောင့် အလန့်တကြားထအော်မိတယ် ...

"ဟာ တိုးတိုးလုပ်ပါကွ "

KyungSoo ပါးစပ်ကို အမြန်အုပ်လိုက်ပြီးတော့ သူ့ အသံငြိမ်တဲ့အထိ စောင့်နေလိုက်တယ် ..

ုပြီးမှလွှတ်ပေးလိုက်တယ် ..

"မင်း ... ဘယ်လိုလုပ်ပြီးရောက်လာတာလဲ "

အလန့်တကြားမေးတဲ့ KyungSoo ကို ကြည့်ပြီး ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။

အဖြူရောင် ညဝတ်စုံဝမ်းဆက်လေးကို ဝတ်ထားပြီး အိပ်ချင်မူးတူးဖြစ်နေတဲ့ KyungSoo ရဲ့ အလန့်တကြားထအော်တဲ့ ပူံစံလေးက တကယ်ကို ချစ်စရာကောင်းနေသည်။

"အန်တီက မင်းကို နှိုးခိုင်းလိုက်တာ "

အိပ်ရာထကမို့လို့လားမသိ Kyungsoo ရဲ့ နှုတ်ခမ်းလေးက ပုံမှန်မြင်နေကြထက် အနည်းငယ် ဆူထော်ထော်လေးဖြစ်နေတယ်လို့ ထင်ရသည်။ ထိုနှုတ်ခမ်းထော်ထော်လေးနဲ့ သူ့ရဲ့မျက်မှန်အမည်းလေးကို ဟိုရှာဒီရှာလုပ်နေတဲ့ပုံစံလေးကို သေချာစူးစိုက်ပြီးကြည့်နေမိတယ်။

"နောက်ဆို မလာနဲ့ ... နောက်တစ်ခါဆို တကယ်သေပြီမှတ် "

မျက်မှန်လေးကို ကောက်တပ်ပြီး မျက်မှန်ကိုင်းလေးကို မြင့်တင်နေတဲ့ KyungSoo ရဲ့ လှုပ်ရှားမှုတိုင်းကို Kai က တစ်ခုမကျန်ကြည့်နေမိတယ် ...

"အောက်သွားနှင့် ငါမျက်နှာသစ်ပြီးလိုက်ခဲ့မယ် "

ဘောက်ဆက်ဆက်နဲ့ ပြောပြီရေချိုးခန်းထဲဝင်သွားတဲ့ Kyungsoo ရဲ့ မျက်နှာက မနက်ခင်းကြီးမှာတောင် ရဲရဲလေးဖြစ်နေခဲ့တယ်

🌼🌼🌼

"Kai "

"အင်း ပြော "

"မင်း ဘာမှမလုပ်ဘူးလား "

ပျင်းတယ်ဆိုပြီး အပြင်ကိုခေါ်ထုတ်လာတဲ့ Kai ရဲ့ ဦးတည်ရာက ညဈေးတန်း ...

"ဘာကိုလဲ "

"အခု ကျောင်းပိတ်ထားတာလေ ... မင်းက အမြဲတမ်း ငါ့ဆီပဲလာပြီး အချိန်ဖြုန်းနေတာ
ဘာမှမလုပ်ဘူးလားသိချုင်လို့ "

"မင်းရော ဘာမှမလုပ်ဘူးလား ... ငါခေါ်တိုင်း လိုက်နေရလို့လေ "

"ငါက မနက်ဖြန်ကစပြီး တီလေးရဲ့ ပန်းဆိုင်မှာ ထိုင်ရတော့မှာ "

"ဟုတ်လား ... ငါလာခဲ့မယ် "

"စကားလမ်းကြောင်းမလွှဲပဲ ငါမေးတာသာဖြေစမ်းပါ "

သူမေးတာကို မဖြေပဲ ပြန်မေးခွန်းထုတ်နေတဲ့သူ့ကို မကြည်တဲ့အကြည့်နဲ့ကြည့်ပေးလိုက်တော့ ဟော့ဒေါ့စားနေရင်း ရယ်လေရဲ့ ....

"အချိန်ဖြုန်းလို့ရတုန်းလေးမို့လို့ပါ "

Kai ရဲ့ စကားကို KyungSoo နားမလည်

"မင်းမိဘတွေက မပြောဘူးလား "

KyungSoo မေးလိုက်တော့ ဟော့ဒေါ့စားနေတာ ရပ်သွား၏

"မရှိတော့ဘူး ... ဦးလေးနဲ့ အဒေါ်ပဲရှိတာ
သူတို့ကလဲ ဒီမှာမဟုတ်ဘူး "

သူ့ စကားကြောင့် Kyungsoo မှာ အားနာရ၏။

"ဆောရီးနော် ... ငါမသိလို့ မေးလိုက်တာ "

"တကယ်အားနာရင် ဒါတွေမင်းရှင်းလိုက် "

ပြောပြီးပြီးချင်း ထထွက်သွားတဲ့ Kai ကို KyungSoo မေတ္တာထိုင်ပို့နေလိုက်တယ် ...

ပိုက်ဆံရှင်းပြီးတော့ Kai ရဲ့ နောက်ကို ပြေးလိုက်ရင်းကနေ ဆိုင်လေးတစ်ဆိုင်တွေ့တော့ Kyungsoo ရပ်ကြည့်နေမိတယ်

Kai က အနောက်ကိုလှည့်ကြည့်ရင်း ထိုနေရာမှာ ရပ်နေတဲ့ KyungSoo က်ုြိမင်တော့
သူ့ဆီကိုသွားလိုက်တယ်

"ဘာကြည့်နေတာလဲ "

"ပန်ူးလေ .. လှတယ်မလား ဟိုပန်းလေးက "

မျက်လုံးတွေမှိတ်လုနီးပါး ပြုံးနေတဲ့ KyungSoo ကို Kai က ဘေးတိုက်အနေအထားကနေ သေချာကြည့်နေတယိ

Kyungsoo ရဲ့ မျက်ဝန်းတွေ ပန်းတွေဆီမှာ~
Kai ရဲ့မျက်ဝန်းတွေက Kyungsoo ဆီမှာ~

KyungSoo က ပန်းတွေကိုကြည့်ရင်း မျက်လုံးတွေမှိတ်လုနီးပါးအထိရယ်တယ်
Kai က Kyungsoo ကိုကြည့်ရင်း ပါးချိုင့်တုလေးပေါ်တဲ့အထိ ပြုံးနေတယ် ...

"ဒီပန်းက Camellia ပန်း ... "

KyungSoo ရဲ့ စကားတစ်ဝက်က တစ်စုံတစ်ယောက်ရဲ့ နှုတ်ခမ်းမှာပဲ ပျောက်ဆုံးခဲ့တယ် ...

ရုတ်တရက်ဆန်စွာပဲ အမှောင်တစ်နေရာထဲမှာ သူတို့နှစ်ယောက်ပဲရှိနေတဲ့ ခံစားမှုမျိုး ...

ပြီးတော့ သူတို့နှစ်ယောက်အတွက်
ပထမဦးဆုံးအနမ်းက ပန်းဆိုင်လေးရှေ့မှာ ~~~

🌼🌼🌼

The Years I Love You the Most

🌼TBC🌼

စာမေးပွဲက Corona virus ကြောင့် ရပ်လိုက်ရပါတယ် ...

အဲ့တာကြောင့် အိမ်မှာပဲနေရမှာမို့လို့
Fic လေးတွေကို ခွဲပြီး Update လုပ်ပေးပါ့မယ် ❤️

အကုန်လုံး ကျန်းမာရေးဂရုစိုက်ကြပါ
အတတ်နိုင်ဆုံးအိမ်ထဲမှာပဲနေကြပါ
အပြင်ထွက်ဖြစ်ရင်တောင် သေချာကာကွယ်ပြီးမှ ထွက်ကြပါနော် ❤️

Continue Reading

You'll Also Like

23.8K 3.8K 28
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
152K 12.1K 30
❤Chanbaek❤ Completed??
59.7K 8.1K 32
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
70.8K 18.1K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥