နှလုံးသားနှင့် ပျိုးထောင်ခဲ့သ...

By Shang_Sui

2M 255K 12.5K

လုရွန္းဟာ ကလပ္တစ္ခုမွာ အလုပ္ကိစၥေဆြးေႏြးရာမွ အျပန္ ေကာင္ေလးတစ္ေယာက္ကို လူတစ္စုက ႏွိပ္စက္ေနတာကို ျမင္ခဲ့ၿပီး က... More

အပိုင္း (၁-၁) စတင္ေတြ႔ဆံုျခင္း
အပိုင္း (၁-၂) စတင္ေတြ႔ဆံုျခင္း
အပိုင္း (၁-၃) စတင္ေတြ႔ဆံုျခင္း
အပိုင္း(၂-၁) နာမည္အသစ္ေပးျခင္း
အပိုင္း (၂-၂) နာမည္အသစ္ေပးျခင္း
အပိုင္း (၃-၁) အတူေနထိုင္ျခင္း
အပိုင္း (၃-၂) အတူေနထိုင္ျခင္း
အပိုင္း (၃-၃) အတူေနထိုင္ျခင္း
အပိုင္း (၄-၁) အရက္မူးျခင္း
အပိုင္း (၄-၂) အရက္မူးျခင္း
အပိုင္း (၄-၃) အရက္မူးျခင္း
အခန္း (၅) ဆဲလ္ဖုန္း
အခန္း (၆-၁) ဧည့္သည္မ်ားအား ႏႈတ္ဆက္ျခင္း
အခန္း (၆-၂) ဧည့္သည္မ်ားအား ႏႈတ္ဆက္ျခင္း
အခန္း (၇-၁) က်ားတစ္ေကာင္အား ပ်ိဳးေထာင္ျခင္း
အခန္း (၇-၂) က်ားတစ္ေကာင္အား ပ်ိဳးေထာင္ျခင္း
အခန္း (၈-၁) လုပ္ၾကံရန္ႀကိဳးစားမႈ
အခန္း (၈-၂) လုပ္ၾကံရန္ႀကိဳးစားမႈ
အခန္း (၉) မတူညီေသာ ရပ္တည္ခ်က္မ်ား
အခန္း(၁၀-၁) ျပႆနာမ်ား
အခန္း (၁၀-၂) ျပႆနာမ်ား
အခန္း (၁၁) ခြဲစိတ္ခန္းဝင္ရျခင္း
အခန္း (၁၂) ႏိုးထျခင္း
အခန္း (၁၃) ဟိုက္နန္ကြ်န္း
အခန္း (၁၄-၁) ကမ္းေျခ
အခန္း (၁၄-၂) ကမ္းေျခ
အခန္း (၁၅-၁) အနမ္းေျခြျခင္း
အခန္း(၁၅-၂) အနမ္းေျခြျခင္း
အခန္း(၁၆) ရင္းႏီွးစြာေခၚဆိုျခင္း
အခန္း (၁၇-၁) သူငယ္ခ်င္းဖြဲ႔ျခင္း
အခန္း (၁၇-၂) သူငယ္ခ်င္းဖြဲ႔ျခင္း
အခန္း (၁၈-၁) ရုတ္တရက္ေပၚလာသည့္အၾကံဉာဏ္
အခန္း (၁၈-၂) ရုတ္တရက္ေပၚလာသည့္အၾကံဉာဏ္
အခန္း (၁၉-၁) ေရွ႕ျဖစ္ေဟာကိန္း
အခန္း (၁၉-၂) ေရွ႕ျဖစ္ေဟာကိန္း
အခန္း (၂၀-၁) သင္ယူရန္
အခန္း (၂၀-၂) သင္ယူရန္
အခန္း (၂၁-၁) ခရီးတိုထြက္ျခင္း
အခန္း (၂၁-၂) ခရီးတိုထြက္ျခင္း
အခန္း (၂၂-၁) ေလ့က်င့္ေရးစခန္း ၁
အခန္း (၂၂-၂) ေလ့က်င့္ေရးစခန္း ၁
အခန္း (၂၃-၁) ေလ့က်င့္ေရးစခန္း ၂
အခန္း (၂၃-၂) ေလ့က်င့္ေရးစခန္း ၂
အခန္း (၂၄) ေလ့က်င့္ေရးစခန္း ၃
အခန္း (၂၅) ေလ့က်င့္ေရးစခန္း ၄
အခန္း (၂၆- ၁) ျပန္လည္ဆံုစည္းျခင္း
အခန္း (၂၆-၂) ျပန္လည္ဆံုစည္းျခင္း
အခန္း (၂၇-၁) လူပ်ိဳလွည့္ဟန္
အခန္း (၂၇-၂) လူပ်ိဳလွည့္ဟန္
အခန္း (၂၈-၁) အလုပ္စတင္လုပ္ျခင္း
အခန္း (၂၈-၂) အလုပ္စတင္လုပ္ျခင္း
အခန္း (၂၉-၁) အထိန္းအကြပ္မဲ့ျခင္း
[M] အခန္း (၂၉-၂) အထိန္းအကြပ္မဲ့ျခင္း
အခန္း (၃၀) အမွန္တရား
အခန္း (၃၁-၁) ေမးခြန္းမ်ား
အခန္း (၃၁-၂) ေမးခြန္းမ်ား
[M] အခန္း (၃၂-၁) စည္းခ်ိဳးဖ်က္ျခင္း
အခန္း(၃၂-၂) စည္းခ်ိဳးဖ်က္ျခင္း
အခန္း(၃၃-၁) ဆံုးျဖတ္ခ်က္
အခန္း (၃၃-၂) ဆံုးျဖတ္ခ်က္
အခန္း(၃၄-၁) ေဆးရံုဆင္းခ်ိန္
[R18] အခန္း(၃၄-၂) ေဆးရံုဆင္းခ်ိန္
အခန္း(၃၅) ႏွစ္ႏွစ္ၾကာၿပီးေနာက္
[M] အခန္း(၃၆-၁) ကြ်န္းဝယ္ယူျခင္း
အခန္း (၃၆-၂) ကြ်န္းဝယ္ယူျခင္း
အခန္း(၃၇-၁) က်ိဳးေခ်ာင္
အခန္း (၃၇-၂) က်ိဳးေခ်ာင္
အခန္း(၃၈) သူ၏မ်က္လံုးမ်ား
အခန္း(၃၉-၁) ေရာဂါျပန္ေပၚျခင္း
အခန္း (၃၉-၂) ေရာဂါျပန္ေပၚျခင္း
အခန္း (၄၀-၁) ကယ္တင္ရန္
အခန္း(၄၀-၂) ကယ္တင္ရန္
အခန္း (၄၁-၁) ေစာင့္ေရွာက္ဖို႔ရန္
[M] အခန္း (၄၁-၂) ေစာင့္ေရွာက္ဖို႔ရန္
[R18] အခန္း (၄၂) သုံးႏွစ္ၾကာၿပီးေနာက္
အခန္း (၄၃) စိတ္မခ်ျခင္းမ်ားစြာ
အခန္း (၄၄-၁) အိပ္ပ်က္ညမ်ား
အခန္း (၄၄-၂) အိပ္ပ်က္ညမ်ား
အခန္း (၄၅-၁) အေျခအေန
အခန္း (၄၅-၂) အေျခအေန
အခန္း (၄၆) ေသနတ္ဒဏ္ရာ
အခန္း (၄၇) အခြင့္အေရး
အခန္း (၄၈-၁) ကြဲကြာလာျခင္း
အခန္း(၄၈-၂) ကြဲကြာလာျခင္း
အခန္း (၄၉-၁) စြန္႔လႊတ္တတ္ဖို႔
အခန္း (၄၉-၂) စြန္႔လႊတ္တတ္ဖို႔
အခန္း (၅၀-၁) ႏွစ္သစ္ကူးအႀကိဳ
အခန္း (၅၀- ၂) ႏွစ္သစ္ကူးအႀကိဳ
အခန္း (၅၁) သတိေပးခ်က္မ်ား
အခန္း (၅၂) ႏွလုံးသားထဲမွ မေကာင္းဆိုးဝါး
အခန္း (၅၄-၁) မုန္တိုင္းအႀကိဳ
အခန္း (၅၄-၂) မုန္တိုင္းအႀကိဳ
အခန္း (၅၅) အခက္အခဲ
အခန္း (၅၆) အဆံုးသတ္
[M] အခန္း (၅၇/ဇာတ္သိမ္း) လက္ထပ္ခြင့္
Information
Some Cute Facts about JiangXin
BONUS CHAPTERS
Extra (1-1)
Extra (1-2)
[R18+] Extra (1-3)
Extra (2)
Extra (3-1)
Extra (3-2)
Extra (4)
Extra (5)
Thank You to all Readers
References by Author "Mao Huo"
Let's talk about Jiang Xin

အခန္း (၅၃) ဆံုးျဖတ္ခ်က္

12.3K 1.9K 66
By Shang_Sui

[Unicode]"ခင်ဗျားပဲကတိပေးခဲ့တာလေ ... အသက်ကြီးတဲ့အထိ အတူတူနေပေးမယ်လို့ ကတိပေးခဲ့တယ်လေ ... ကျွန်တော့်မှာ ခင်ဗျားတစ်ယောက်ပဲ ရှိတာပါ ... ကျွန်တော့်ကို မထားခဲ့ပါနဲ့ ..."

လုရှန်းကြားနိုင်မည်မဟုတ်မှန်းသိသော်လည်း လီဆွေ့ ခပ်တိုးတိုးတောင်းပန်နေမိသည်။

ကုတင်ပေါ်မှာလဲနေသူက တုံ့ပြန်မလာခဲ့ပေ။ လုရှန်း၏ဘေးဘက် လီဆွေ့မမြင်ရသော ထောင့်တစ်နေရာတွင်နှလုံးမော်နီတာတစ်ခုရှိသည်။ မသိမသာနှင့် ထိုအရာက လီတွေ့အတွက်တော့ အနည်းငယ်ကွဲပြားသည့်အချက်ပေးစနစ်ဖြစ်လာခဲ့သည်။

CCUအတွင်းမှ အပူချိန်က အတော်လေးနိမ့်သည်။ ခဏသာနေရသေားသော်လည်း သူ၏ခြေလက်များ အေးစက်လာ၏။ ကျီရွေ့က အနွေးထည်ထူထူပေးလိုက်၍သာတော်သေးသည်။ ထိုအနွေးထည်ကို ခြုံကာကွေးလိုက်ရင်း ကုတင်၏ဘေးမှ စင်တစ်ခုကို မှီထားကာ လုရှန်းကို ကြည့်နေရင်း အိပ်ပျော်သွားသည်။

ညနက်လာသည့်အခါမှာတော့ စြင်္ကံလမ်းမှာ လူတစ်ယောက်မှ မရှိတော့ပေ။ အခန်းထဲတွင်လည်း မီးဖွင့်မထား ... စောင့်ကြည့်ကိရိယာအချို့မှ အလင်းရောင်သာရှိသည်။

လီဆွေ့ နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေစဉ် တစ်စုံတစ်ယောက်က ID ကဒ်နှင့် Sensor ကို ဖြတ်ကာ အခန်းတံခါးဖွင့်သံကို ကြားလိုက်ရ၏။ လီဆွေ့ချက်ချင်းနိုးသွားပြီး ဦးဆုံး သူ့စိတ်ထဲတွေးလိုက်မိသည်ကား ကျီရွေ့ဖြစ်မည်ဟု ထင်လိုက်သည်။ သို့သော် ပုံစံက အနည်းငယ်ကွဲပြားသည်။ ထိုသူက အနည်းငယ်ပိုဝ၏။ ကျီရွေ့လည်း မဟုတ်သလို ကျီရွေ့၏ဦးလေးလည်းမဟုတ်ပေ။

ကျီရွေ့ကို ဒုက္ခမပေးလို၍ လီဆွေ့လည်း မမြင်အောင်ပုန်းနေလိုက်၏။ ထိုသူ မီးဖွင့်လိုက်မည်စိုးသောကြောင့် ကုတင်အောက်သို့ အမြန်ဝင်ကာ အပြင်မှဝင်လာမည့် ထိုသူကို စောင့်ကြည့်နေမိသည်။

သို့သော် ဝင်ရောက်လာသူက မီးမဖွင့်ပေ။ အဲ့ဒီအစား တံခါးကိုတိတ်တဆိတ်ပိတ်လိုက်၏။ လီဆွေ့ အသင့်အနေအထားဖြစ်သွားသည်။ ကုတင်အောက်သို့ရောက်နေ၍ ထိုသူ၏မျက်နှာကို မမြင်ရသော်လည်း ကုတ်အဖြူကိုတော့ မြင်လိုက်မိသည်။

လီဆွေ့၏ လူအများစိတ်ကို ခန့်မှန်းနိုင်ခြင်းက အမြဲမှန်ကန်ခဲ့သည်။ ထိုသူက သူခိုးတစ်ယောက်အလား အလွန်တရာ မူမမှန်သောခြေလှမ်းများနှင့် လျှောက်လာသည်ကို သူသတိပြုမိလိုက်သည့်အခါ အသင့်အနေအထားနှင့် စောင့်ကြည့်နေလိုက်သည်။

ဝင်လာသည့် ဧည့်သည်က လုရှန်း၏ကုတင်ရှေ့တွင် အချိန်တော်တော်ကြာရပ်နေပြီး ဘာမှ လုပ်ကိုင်ခြင်းမရှိသည့်အခါ လီဆွေ့က ထိုသူကို မေးမြန်းဖို့ကုတင်အောက်မှ ထွက်လာဖို့လုပ်ခဲ့သည်။ ထိုအချိန်သည်ကား မည်သူမှန်းမသိရသည့်ဧည့်သည်က သူ၏ကုတ်အဖြူထဲမှ ဆေးရည်ပုလင်းတစ်ခုကို ုတ်ယူလိုက်ချိန်ဖြစ်သည်။ ပြီးတော့ ထိုဆေးရည်ကို လုရှန်းကိုသွေးကြောထဲ သွင်းထားသော ပိုက်ထဲရှိဆေးရည်နှင့် စတင်လဲလှယ်ဖို့လုပ်သည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ လီဆွေ့၏ဦးနှောက်ထဲ အချက်ပေးသံမြည်လာသည်။ သူ ချက်ချင်းကုတင်အောက်မှထွက်လာကာ ထိုသူ့လက်ထဲက ပုလင်းကို ပုတ်ထုတ်ပြီ တစ်ဆက်တည်းပဲ ထိုသူကို ဖမ်းချုပ်လိုက်သည်။

"ခင်ဗျားဘယ်သူလဲ!"

လီဆွေ့က မေးနေရင်းပဲ လုရှန်း၏အခြေအနေကို အကဲခတ်ဖို့မမေ့ပေ။ လုရှန်း ဘာထိခိုက်မှုမှ မရှိတာသေချာမှ သူဖမ်းချုပ်ထားသည့်သူကို ဆက်လက်မေးမြန်း၏။ ထိုသူသည် လူလတ်ပိုင်းအရွယ်ဖြစ်ပြီး သူ့ဝတ်စားပုံက ဆရာဝန်တစ်ယောက်နှင့်တူသည်။ သိသိသာသာပဲ ထိုသူသည် CCU ထဲတွင် တစ်စုံတစ်ယောက်ရှိနေမည်ဟု မျှော်လင့်ထားပုံမပေါ်ပေ။ထိုကြောင့် ကြောက်ရွံ့ထိတ်လန့်ကာ ပြန်လည်ခုခံဖို့ မေ့လျော့နေခဲ့သည်။

လီဆွေ့က ထိုသူကို ဖမ်းချုပ်လိုက်သည့်အခါ သူ၏လှုပ်ရှားမှုများကြောင့် အချက်ပေးသံမြည်လာသည်။ အပြင်ဘက်တွင် ကျယ်လောင်သော ဆူညံသံတစ်ခုထွက်ပေါ်လာ၏။ ချက်ချင်းဆိုသလိုပင် ကျီရွေ့တစ်ယောက် တခြားသူများကို ခေါ်ကာ ဆဲဆိုကြိမ်းမောင်းရင်း အခန်းထဲရောက်လာသည်။

လီဆွေ့သည် ထိုလူ၏မျက်နှာဖုံးကို ချွတ်လိုက်ပြီးသည့်အခါ မျက်မှောင်ကြုတ်သွားသည်။ ဒီလူကို မြင်ဖူး၏။ ဒီဆေးရုံကပဲ မေ့ဆေးဆရာဝန်တစ်ဦးဖြစ်သည်။

CCU တံခါးပွင့်သွားပြီး ကျီရွေ့အခန်းထဲဝင်လာ၏။ သူကျိန်ဆဲဖို့ ပါးစပ်မဟရသေးခင် မီးဖွင့်လိုက်သည့်အခါ လီဆွေ့သည် သက်လတ်ပိုင်းလူကြီးတစ်ယောက်ကို ချုပ်နှောင်ထားသည်ကိုမြင်လိုက်ရ၏။ လီဆွေ့၏မျက်နှာကား တင်းမာနေသည်။ ကျီရွေ့ပင်လျှင် ထိတ်လန့်သွားပြီး မေးလိုက်၏။

"ဘယ်လိုဖြစ်တာလဲ"

မကြာမီမှာပဲ မလိုအပ်သည့်လူများကို အခန်းတွင်းမှ ရှင်းထုတ်လိုက်သည်။ ကျီရွေ့က သူ့ရုံးခန်းကို လော့ချလိုက်၏။ သူ့မျက်နှာကား မည်းမှောင်နေသည်။

"ဓာတ်ခွဲစစ်ဆေးတာပြီးပြီ ... အရည်က Potassium chloride ပြင်းအားအများကြီးပါတယ် ... ထိုးသွင်းလိုက်ရင် လူနာက မိနစ်ပိုင်းအတွင်းသေလိမ့်မယ် ... ပြီးတော့ ရောဂါလက္ခဏာက နှလုံးဖောက်တာနဲ့ ဆင်တူပဲ"

တစ်စုံတစ်ယောက်က သူ့မျက်စိရှေ့မှာပင် လုရှန်းကို ထိခိုက်အောင်လုပ်ဖို့ကြိုးစားခဲ့သည်။ သူ့စိတ်ကိုသူ နိုင်အောင်ထိန်းနေရင်းက အသက်ရှူသံတွေ တုန်ယင်လာ၏။

"သူ အခုဘယ်မှာလဲ"

"လောလောဆယ်တော့ ငါ့လူတစ်ယောက်နဲ့ စောင့်ကြည့်ခိုင်းထားတယ်"

လီဆွေ့က ထထွက်မည်အပြု ကျီရွေ့လှမ်းဆွဲထားလိုက်သည်။

"ဒီလူက ရွေ့ကောဆေးရုံမှာလုပ်နေတာ ဆယ်နှစ်လောက်ရှိပြီ... သာမန်ပါပဲ ဒါပေမယ့် ကြောက်တတ်တဲ့လူစားမျိုး ... လူသတ်မှုကျူးလွန်ဖို့လောက်ထိ သတ္တိမရှိဘူး ... သူ့နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိလိမ့်ဦးမယ်"

"နောက်ကွယ်က ဘယ်သူခိုင်းတာလဲ ဖြေရဲ့လား"

လီဆွေ့က မေးသည့်အခါ ကျီရွေ့ခေါင်းငြိမ့်လိုက်သည်။

"ဖြေတယ်... ဒါပေမယ့် အသုံးမဝင်ဘူး ... သူ့ကိုဆက်သွယ်တဲ့သူကိုပဲ သိတယ် ... တကယ်ကြိုးကိုင်သူကို မသိရဘူး ... ပြီးတော့ တစ်ဖက်ကပဲ ခေါ်လို့ရတဲ့ဖုန်းနဲ့ ခေါ်တာဆိုတော့ ဘယ်သူခိုင်းသလဲဆိုတာက နောက်ကြောင်းစုံစမ်းလို့ မရဘူးဖြစ်နေတယ်"

အခြေအနေပေါ်ကို ကျီရွေ့ကောက်ချက်ထပ်ချလိုက်သည်။

"ဒါပေမယ့် နောက်ကွယ်ကကြိုးကိုင်တာ ဘယ်သူလဲဆိုတာ ခန့်မှန်းဖို့ သိပ်ခက်မယ်တော့ မထင်ဘူး"

လီဆွေ့ လက်သီးကို တင်းကြပ်နေအောင် ဆုပ်လိုက်၏။ တင်းကြပ်လွန်းလှ၍ သူ၏အရိုးများမှပင် ထိတ်လန့်စရာအသံများထွက်လာသည်။

"လျို့ရှင်းထျန်"

ကြိုးကိုင်သူမှာ လုရှန်း၏သေဆုံးလျှင် တိုက်ရိုက်အကျိုးအမြတ်ရမည့်သူသာ ဖြစ်ရမည်။ ထို့အပြင် တရားခံမှာလည်း ရွေ့ကောဆေးရုံအတွင်းသို့ ဝင်ရောက်နိုင်သည့်သူဖြစ်သည်။ ကြိုးကိုင်သူသည် အလွန်သတိကောင်းသူလည်းဖြစ်လိမ့်မည်။ အဖမ်းခံရလျှင်ပင် ထို့အတွက် ကြိုတင်ပြင်ဆင်ထားသည့်အခါ နောက်ယောင်ခံလိုက်၍ မည်သို့မှ မရပေ။ ယင်းအချက်များနှင့် ကိုက်ညီသည်မှာ လျို့ရှင်းထျန်မှတစ်ပါး ထိုသို့ဉာဏ်နီဉာဏ်နက်များသူမရှိတော့။

"ကျွန်တော်သာ ဒီနေ့ ဒီနေရာမှာ မရှိခဲ့ရင် ..."

လီဆွေ့တွေးလိုက်မိသည်နှင့် ကြောက်စိတ်များတိုးလာကာ ချွေးသီးချွေးပေါက်များကျလာသည်။ သူ ကျီရွေ့ကို ကြည့်လိုက်ရင်း လေနက်စွာပြော၏။

"ခွဲစိတ်မှုကို ဒီမှာလုပ်လို့မဖြစ်တော့ဘူး ... အရမ်းအန္တရာယ်များတယ်"

ကျီရွေ့လည်း ထိုအကြောင်းကို တွေးမိ၍ ဖြည်းဖြည်းချင်းခေါင်းငြိမ့်လိုက်သည်။

"လျို့ရှင်းထျန်က ဒီလိုကိစ္စမျိုး လုပ်လာလိမ့်မယ်လို့ တကယ်မထင်ထားဘူး ... ငါဒေါက်တာလီယွန်ကို ချက်ချင်းအကြောင်းကြားထားလိုက်မယ် ... ပြီးတော့  .. ဒီလူကို ဘယ်လိုလုပ်မလဲ ... ရဲလက်အပ်မလား"

လီဆွေ့ခဏလောက် ချင့်ချိန်စဉ်းစားလိုက်သည်။ သူ၏မျက်လုံးများက ပြတ်သားလှ၏။

"ရဲမခေါ်နဲ့ဦး ... မြက်ခင်းကိုရိုက်ပုတ်ပြီး မြွေကို လန့်အောင် မလုပ်သင့်ဘူး"

ကျီရွေ့ ခေါင်းငြိမ့်လိုက်သည်။ သူထွက်သွားသည်နှင့် ဦးလေးယွမ့်က တံခါးခေါက်ကာ ဝင်လာသည်။ သူ တိတ်တဆိတ်ပဲပြောလိုက်၏။

"ကုမ္ပဏီမှာ တစ်ခုခုဖြစ်နေတယ်"

ဆောင်းကာလဖြစ်၍ နေရာတိုင်း အေးခဲနေသည်။ နှစ်သစ်ကူးကာလကုန်ဆုံးသွားပြီးရုံဖြစ်၍ လမ်းပေါ်မှာလူအနည်းငယ်သာရှိသည်။ ကားထဲမှာတော့ အေးစက်စက်မျက်နှာထားနှင့် လူနှစ်ယောက်ရှိသည်။ အအေးဒဏ်၏ ရိုက်ခတ်မှုကြောင့်ပေလားတော့မသိ။

"ဒီနေ့တင်ပဲ ရှယ်ယာရှင်တစ်ဝက်ကျော်ျကျာ်လောက်က အစည်းအဝေးလုပ်ဖို့ဆန္ဒရှိနေကြပြီ ... အဲ့တော့မှ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေကို အချိန်မရွေး လူလဲပစ်လို့ရမှာလေ ... သူဋ္ဌေးလုရှိမနေတော့ သူတို့ကို တားဖို့နည်းလမ်းမရှိဘူး"

ဦးလေးယွမ့်က လေးလေးနက်နက်ပြောလိုက်၏။

"ဒါပေမယ့် ကျွန်တော်တို့မှာ အနည်းဆုံး ၄၀% တော့ ရှိမယ်မလား ... ပြီးတော့ ကျွန်တော်နိုင်ထားတဲ့ ပမာဏနဲ့ဆို ကျွန်တော်တို့ဘက်မှာ အခွင့်အရေး လုံးဝမရှိတာမျိုးတော့ မဖြစ်ပါဘူး"

ဦးလေးယွမ့်ခေါင်းခါလိုက်သည်။

"ကုမ္ပဏီစည်းမျဉ်းထဲမှာ တရားဝင်ရှယ်ယာကိုင်ဆောင်သူပဲ မဲပေးပိုင်ခွင့်ရှိတယ် ... သူဋ္ဌေးလုက အခုမြောနေတဲ့အခြေအနေဆိုတော့ သူ့ရှယ်ယာတွေက ယာယီဆိုင်းငံ့ခံထားရတယ်"

"လုရှန်းကို အခုလေးတင်ဆေးရုံတင်လိုက်ရတယ် ... လျို့ရှင်းထျန်က အာဏာသိမ်းဖို့ စီစဉ်နေပြီပေါ့"

မနေ့ညက လုရှန်း၏ ဆေးသွင်းသောပိုက်ထဲသို့ ဆေးရည်အစားထိုးဖို့ကြိုးစားသည့် မေ့ဆေးဆရာဝန်အကြောင်းကို တွေးမိသည့်အခါလီဆွေ့၏အသံက အေးစက်လာသည်။ ကြည့်ရသည်မှာ လျို့ရှင်းထျန်သည် လုမိသားစုတစ်ခုလုံးကို လုံးဝအပျောက်ရှင်းဖို့ ကြိုးစားနေပုံရသည်။

"ကုမ္ပဏီဝန်ထမ်းတွေရဲ့ အခြေအနေရော"

ဦးလေးယွမ့်ခေါင်းခါလိုက်သည်။

"သူဋ္ဌေးလုကို အရေးပေါ်တင်လိုက်ရတဲ့သတင်း ပျံ့ပြီးကတည်းက အကုန်လုံး ဖရိုဖရဲတွေဖြစ်ကုန်တာပဲ"

လီဆွေ့ တုံ့ယမ်းသို့ ရောက်သည့်အခါ ဦးလေးယွမ့် အပိုလုပ်ပြောနေခြင်းမဟုတ်မှန်းသိလိုက်သည်။ ဧည်ကြိုကောင်တာမှာ စာရွက်အမှိုက်တွေရှုပ်ပွ ကြဲပြန့်နေသည်။ ဝန်ထမ်းများစွာကလည်း ကတ်ပုံးများကိုသယ်ကာ အမှိုက်ထည့်သည့်နေရာသို့ စိတ်ပျက်မှိုင်တွေစွာ သွားနေကြ၏။ ရင်းနှီးသည့်မျက်နှာကို လီဆွေ့မြင်လိုက်ရသည်။ သူမသည် စီမံခန့်ခွဲမှုဋ္ဌာနမှဖြစ်၏။ လီဆွေ့က သူမကို လှမ်းတားရင်း မေးလိုက်လေသည်။

"မင်း ဘယ်သွားမလို့လဲ"

ထိုမိန်းကလေးက လီဆွေ့ကို မြင်သည့်အခါ ဒေါသပြင်းထန်လာပြီး လက်ထဲမှစက္ကူပုံးကိုပစ်ချလိုက်၏။

"ဒါရိုက်တာလီ ... ကျွန်မ ဒီကုမ္ပဏီမှာအလုပ်လုပ်လာတာ ငါးနှစ်ရှိပြီ ... ဘာအထူးအခွင့်အရေးမှလည်း မယူခဲ့ဖူးဘူး .. ဒါပေမယ့် အလုပ်ကိုတော့ ကြိုးကြိုးစားစားလုပ်ပေးတယ် ... အခုနှစ်သစ်ကူး ... ဒါရိုက်တာလု ဆေးရုံတင်လိုက်ရတာမှ မကြာသေးဘူး ...ရှင်က သူ့ဝန်ထမ်းတွေအကုန်လုံးကို အလုပ်ဖြုတ်ဖို့ ရောက်လာပြီပေါ့"

သူမ၏စကားလုံးများနှင့် ပြင်းပြင်းထန်ထန်ထိုးနှက်ချက်ကို ခံနေရသော်လည်း လီဆွေ့သည် ဘာတွေဖြစ်နေမှန်း တွေးဖို့အချိန်မရသေးပေ။

ဘေးမှဖြတ်သွားသော ဝန်ထမ်းတစ်ဦးက သူတို့နှစ်ဦးကို မြင်ပြီးနောက် သူမကို ထွက်သွားဖို့ ဖျောင်းဖျ၏။ ထွက်မသွားခင် လီဆွေ့ကို စူးစူးဝါးဝါးစိုက်ကြည့်သွားသေးသည်။ ထိုအကြည့်များတွင် အထင်သေးမှုများအပြည့်ပါဝင်နေ၏။

လီဆွေ့ နားမလည်နိုင်အောင်ဖြစ်သွားသည်။ သူ ခေါင်းလှည့်ကြည့်တော့ လှေကားထိပ်မှာရပ်နေသည့် ရှောင်တန့်ကို လှစ်ခနဲမြင်လိုက်သည်။

တကယ်တမ်းဆို သူမသည် ဂျပန်တွင်ရှိနေစင့်သည်မဟုတ်ပါလား ... ဘယ်အချိန်က ပြန်ရောက်လာတာလဲ ... စာချုပ်လက်မှတ်ထိုးတာကို ဒီလောက်မြန်မြန်နဲ့ ပြီးသွားတာလား...

သူက လှမ်းခေါ်ချင်ပေမယ့် ရှောင်တန့်က သူ၏ရည်ရွယ်ချက်ကို သတိပြုမိလိုက်သည်။ လီဆွေ့လှမ်းမခေါ်ခင်မှာပဲ လှည့်ထွက်၍ အပေါ်ထပ်သို့ တက်သွား၏။ သူ့ကို တမင်ရှောင်တိမ်းသွားတာသိသာသည်။ ထို့နောက် သူမ အသံကျယ်ကျယ်နှင့်ပြောလိုက်သည်။

"ဒါရိုက်တာလျို့အတွက် လက်ဖက်ရည်အဆင်သင့်ဖြစ်ပြီလား"

လီဆွေ့ရပ်တန့်လိုက်ပြီး ဘာမှမပြောဘဲ လက်သီးကို ကျစ်နေအောင်ဆုပ်ထားသည်။

ဓာတ်လှေကားထဲမှ ထွက်လိုက်သည်နှင့် ရုံးခန်းသည်လည်း ထိုနည်းလည်းကောင်းပင် ရှုပ်ပွနေသည်။ သူ့နောက်လိုက်ခဲ့သည့်ဝန်ထမ်းအနည်းစုက သူတို့၏အလုပ်စားပွဲများကို ရွေ့ထားပြီးဖြစ်၏။ လီဆွေ့ရောက်လာသည်ကို မြင်သည့်အခါ မျက်နှာချင်းမဆိုင်ရဲဘဲ ခေါင်းများငုံ့ထားကြသည်။

လီဆွေ့အလယ်မှာ ခဏရပ်နေလိုက်သည်။ စိတ်ညစ်ညူးစရာအခြေအနေက သူ့ကိုပါ မွန်းကြပ်စေ၏။ ထိုအချိန်မှာပဲ သူ့ထံ Message တစ်စောင်ရောက်လာသည်။ ရှောင်တန့် ပို့လိုက်ခြင်းဖြစ်သည်။

'၃၄ လွှာက နားနေခန်း'

လီဆွေ့ ဖုန်းချ၍ အနောက်ဘက်လှေကားသို့ ထွက်သွားလိုက်သည်။

ရှောင်တန့်က ထိုနေရာတွင် စောင့်နေတာကြာလှပြီထင်၏။ လီဆွေ့ဆင်းလာသည်ကို မြင်သည့်အခါ သူ့ကို ချက်ချင်းအထဲဆွဲသွင်းလိုက်သည်။ ဘေးဘီကိုအကဲခတ်လိုက်ပြီး တံခါးပိတ်လိုက်၏။ ထို့နောက် လီဆွေ့ဘက်လှည့်ကာ အသက်ပြင်းပြင်းရှူရင်း တီးတိုးပြောလိုက်၏။

"ဒီမနက် ဒါရိုက်တာလျို့က ယာယီကြေညာချက်တစ်ခု ထုတ်ပြန်တယ် ... ဒါရိုက်တာလုရဲ့ ဝန်ထမ်းတွေအကုန်လုံးကို ရှင်းထုတ်ပစ်တာ ...ဘယ်ဘက်မှာရပ်တည်မလဲ အချိန်မီမရွေးချယ်တဲ့သူ အကုန်လုံးကို အလုပ်ဖြုတ်ပစ်တယ် ... ကြေညာချက်က တရားဝင်ထုတ်ပြန်တာဆိုတော့ အားလုံးက သူတို့ကို အလုပ်ထုတ်တာ ရှင်လို့ပဲ ထင်နေတာ"

ကောင်းလိုက်တဲ့ ရွှေ့ကွက်တွေ ... ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်မိတာပေါ့ ... လီဆွေ့ ပြက်ရယ်ပြုလိုက်သည်။

"တကယ်ဆို လုရှန်းဘယ်လောက်ထိတောင် နေမကောင်းဖြစ်နေတာလဲ ... ဘယ်တော့လောက် သူပြန်လာမလဲ"

ရှောင်တန့်က အလျင်လိုနေပုံပေါ်သည်။

"လောလောဆယ်တော့ သူပြန်လာနိုင်ဦးမှာ မဟုတ်ဘူး"

"အာ ... အဲ့လောက်တောင်ဆိုးလား"

သူမကို ပြန်မဖြေဘဲ တိတ်တဆိတ်သာ ခေါင်းငုံ့နေလိုက်သည်။ ထို့နောက် သူမေး၏။

"ရှေ့နေရှဲနဲ့ တခြားသူတွေရော"

"ရှေ့နေရှဲ့ကို ဒါရိုက်တာလျို့က ခက်ခက်ခဲခဲအလုပ်တွေ အများကြီးပုံပေးထားတယ် ...ကျွန်မအထင်တော့ သူလည်းလောလောဆယ် တော်တော်လေးဒုက္ခရောက်နေလောက်တယ် ... ကုမ္ပဏီကဝန်ထမ်းတိုင်းကလည်း ကိုယ့်အတွက်ကို စိတ်ပူနေကြရတာ ... ဘယ်သူမှ ဒါရိုက်တာလုကို မကူညီရဲကြဘူး"

လီဆွေ့ စိတ်ပင်ပန်းမှုများ အစုလိုက်အပြုံလိုက်ခံစားလိုက်ရသည်။ အားလုံးက သူ့အပြစ်များသာဖြစ်၏။ လုရှန်းကိုဆေးရုံတင်လိုက်ရကတည်းက တုံ့ယမ်းကိစ္စများကို အရေးမထားနိုင်ခဲ့တော့ပေ။ လီဆွေ့၏ ဂရုမစိုက်မှုများက လျို့ရှင်းထျန်ကို ထိုအရာအားလုံးအတွက် အခွင့်အရေးပေးလိုက်ပြီးသားဖြစ်သွားသည်။

"ပိုဆိုးတာက စီမံကိန်းအတော်များများက ရပ်ဆိုင်းထားတော့ ရှယ်ယာရှင်အစည်းအဝေးပြီးရင် ဝန်ထမ်းအသစ်တွေ ပြင်ဆင်ခန့်ထားမယ်လို့ ပြောနေကြတယ်"

လုရှန်း လက်သီးအလိုလိုဆုပ်ထားမိ၏။

"ရှယ်ယာရှင်အစည်းအဝေးက ဘယ်နေ့လဲ"

"သန်ဘက်ခါ"

"သန်ဘက်ခါ ...."

လီဆွေ့ ထပ်ရေရွတ်လိုက်သည်။

နားနေခန်းအပြင်ဘက်မှ ခြေသံများဆက်တိုက်ကြားလာရသည်။ လီဆွေ့နှင့်အချိန်ကြာကြာ အတူရှိနေလျှင် ရှောင်တန့်အတွက် မလုံခြုံလှပေ။ ထို့ကြောင့် သူမ ကော်ဖီတစ်ခွက်ဖျော်ကာ လီဆွေ့အရင်ထွက်သွား၏။

"ကျေးဇူးပဲ"

သူမ ထွက်မသွားခင် လီဆွေ့က ကျေးဇူးတင်စကားကို အလေးအနက်ဆိုလိုက်သည်။

တံခါးပိတ်သွားပြီး နားနေခန်းက တိတ်ဆိတ်သွားသည်။ ရေသန့်စက်မှ ရေတစ်ပေါက်ပေါက်ကျသံသာ ကြားရသည်။ သတင်းဆိုးများစွာ၏ ရိုက်ခတ်မှုကို တစ်ချိန်တည်းမှာ ကြုံကြိုက်လိုက်ရသည့်အခါ လီဆွေ့လည်းအတော်လေး ပင်ပန်းသွားသည်။ ထိုင်ခုံမှာပြန်ထိုင်ချလိုက်ရင်း စားပွဲပေါ်လက်ထောက်ကာ သူ့နှာရိုးကိုသူ ပွတ်သပ်လိုက်သည်။

တုံ့ယမ်းကို လက်လွှဲယူခဲ့ကတည်းက ဘယ်အရာမှ အစစအရာရာ အဆင်မပြေခဲ့ပေ။ သို့သော် များသောအားဖြင့်ကတော့ အောင်အောင်မြင်မြင်ဖြေရှင်းနိုင်ခဲ့သည်။ တစ်ခါတစ်လေ ပြဿနာအသေးအမွှားလေးများပေါ်ပေါက်လာတတ်သော်လည်း အားစိုက်ထုတ်လိုက်လျှင် သူ အမြဲဖြေရှင်းနိုင်ခဲ့သည်။

ပထမဦးဆုံးအကြိမ်အနေနှင့် လီဆွေ့တစ်ယောက် မကြုံဖူးသော အကြပ်အတည်းနှင့် ကြုံတွေ့ရလေတော့သည်။ လုရှန်းလည်း ဘေးမှာ မရှိ။ သူ လျို့ရှင်းထျန်ကို ထပ်ကာတလဲလဲ ရှုံးနိမ့်နေသည်။ အခုလိုအခြေအနေမျိုး၌ လီဆွေ့မှာ အလုပ်လုပ်ဖို့ ခွန်အားအပြည့်ရှိသော်လည်း ဘယ်ကစလုပ်ရမည်ကို မသိတော့။ အခုလို အခြေအနေမျိုးမှာမှ သူ့ကို အမြဲတမ်းလုရှန်းက ကာကွယ်ပေးနေခဲ့သည်ကို လီဆွေ့ သဘောသိလိုက်ရလေသည်။

မဖြစ်ဘူး ... လီဆွေ့တွေးလိုက်၏။ ဒီလိုအချိန်မှာ စိတ်ဓာတ်ကျနေ၍မဖြစ်။ လုမိသားစုနှစ်ပေါင်းများစွာကြိုးစားခဲ့သမျှ အသီးအပွင်တွေကို လျို့ရှင်းထျန်က ခေါင်းပုံဖြတ်မည့်အရေးကို သူ ခွင့်မပြုနိုင်။ အာဏာအစစ်အမှန် ... သူ အခုလိုအပ်နေသည်မှာ ရိုးသားစစ်မှန်သော တရားဝင်အာဏာပင်ဖြစ်သည်။

ထိုအကြောင်းကိုတွေးမိပြီး လီဆွေ့ မတ်တပ်ရပ်လိုက်၏။ ပြီးနောက် ဦးလေးယွမ့်၏ ရုံးခန်းတံခါးကို ခေါက်လိုက်သည်။

"ဦးလေးယွမ့် ... ကျွန်တော့်ကို လုရှန်းရဲ့သေတမ်းစာပေးပါ"

တစ်ဘဝလုံး အလုပ်ရှုပ်နေခဲ့သော လုရှန်းသည် ထွက်ခွာရမည့်အချိန်မှာတောင် သူ၏အတွေးနှင့် ခံစားချက်များသည် စာရွက်လေးတစ်ရွက်ပင် မပြည့်ခဲ့ပေ။ လီဆွေ့သည် ထိုသေတမ်းစာကို ဦးလေးယွမ့်ဆီမှ ယူလိုက်သည့်အခါ သူ့နှလုံးသားတစ်ခုလုံးလေးလံသွားသည့်အလား ခံစားလိုက်ရသည်။

ဦးလေးယွမ့်က တံခါးမှတိတ်တဆိတ်ပြန်ထွက်သွားကာ လီဆွေ့ကို သီးသန့်နေခွင့်ပေးလိုက်သည်။ လီဆွေ့တစ်ယောက်တည်း ဆိုဖာပေါ်ထိုင်ရင်း အချိန်အတော်ကြာကြာ သူ့စိတ်ကိုသူပြင်ဆင်ပြီးနောက် စာရွက်ကိုလှန်လိုက်သည်။

လုရှန်းက အရာရာတိုင်းကို လိုရင်းတိုရှင်းနှင့် ရှင်းလင်းတိကျစွာရေးသားခဲ့သည်။ လီဆွေ့က စိတ်တည်ငြိမ်အောင်ကြိုးစားကာ တစ်ကြောင်းပြီးတစ်ကြောင်း ဆက်၍ဖတ်သွားသည်။ 'လုမိသားစု၏အိမ်နှင့် တုံ့ယမ်း၏စုပေါင်းရှယ်ယာ ၄၀ ရာခိုင်နှုန်းကို လီဆွေ့အားလွှဲပြောင်းပေးရမည်' ဟူသော စာကြောင်းကို မြင်လိုက်သည့်အခါမှာတော့ သူ့မျက်ရည်များကို ထိန်းမထားနိုင်တော့ပေ။ သူ့အတွက် လုရှန်းချန်ရစ်ခဲ့သည့် စာရွက်ပါးလေးတစ်ရွက်ကိုကိုင်ကာ ငိုကြွေးလေတော့သည်။

လီဆွေ့သည်ကုမ္ပဏီ၌ အခက်အခဲတစ်ခုပြီးတစ်ခု ရင်ဆိုင်ရလေသည်။ မနေ့ကလည်း တစ်ညလုံးမအိပ်ခဲ့ရပေ။ ထို့ကြောင့် အပြန်မှာတော့ ကားမှန်ကို မှီလျက် အပြင်ကိုသာ ငေးကြည့်လာသည်။

လမ်းငယ်တစ်ခုဘက်မှ ဖြတ်သွားသည့်အခါ လီဆွေ့သည် နှင်းများဖုံးအုပ်နေသော ထိုလမ်းကိုကြည့်ရင်း ရုတ်တရက် စိတ်ထဲခံစားချက်တမျိုးဝင်လာ၏။

"ကားရပ်ပေးပါလား" သူ လှမ်းပြောလိုက်သည်။

ဦးလေးယွမ့်က လီဆွေ့ အသိတစ်ယောက်ကိုများ တွေ့လိုက်သလားတွေးမိပြီး အလျင်အမြန်ဘရိတ်အုပ်လိုက်သည်။ လီဆွေ့ ထီးပင်မယူဘဲ ကားတံခါးဖွင့်၍ဆင်းသွားကာ လမ်းကူး၍လျှောက်သွား၏။

ခပ်နွမ်းနွမ်း လျှပ်စစ်ပစ္စည်းရောင်းသည် ဆိုင်ငယ်လေးတစ်ဆိုင်ရှေ့သို့ ရောက်လာသည်။ ဆိုင်းဘုတ်က ဟောင်းနွမ်းနေ၏။ ကြည့်ရုံနှင့်ပင် ဖျက်သိမ်းတော့မည့်ဆိုင်ဟုပင် ပြောလို့ရသည်။ ဆိုင်ရှင်က ဆိုင်ပိတ်တော့မည့်ပုံပေါ်၏။ သံတံခါးတစ်ဝက်က ပိတ်ထားနှင့်ပြီးသားဖြစ်သည်။ လီဆွေ့သည် ဆိုင်ဘေးနားမှာမတ်တပ်ရပ်လိုက်၏။ အထဲတော့ ဝင်သွားခြင်းမရှိဘဲ ခပ်လှမ်းလှမ်းမှ ငေးကြည့်နေသည်။

"တစ်ခုခုဝယ်ချင်လို့လား"

ဦးလေးယွမ့်က ထီးယူပြီး သူ့အနားရောက်လာခဲ့၏။

လီဆွေ့ခေါင်းခါလိုက်သည်။ ဆိုင်ရှင် ဝင်လိုက်ထွက်လိုက်နှင့် ပစ္စည်းများသိမ်းရင်း အလုပ်ရှုပ်နေသည်ကို ကြည့်ကာ လီဆွေ့၏မျက်လုံးများက ပို၍ပို၍ ခံစားချက်တွေစို့နင့်လာ၏။

"နှင်းတွေအရမ်းကျတဲ့ ဆောင်းညတစ်ညရှိခဲ့တယ်လေ"

လီဆွေ့က ဆိုင်ဟောင်းလေးကို ငေးကြည့်နေရင်းဆက်ပြော၏။

"နှင်းတွေအထပ်ထပ်ကျပြီးတော့ လမ်းပေါ်မှာ နှင်းဖတ်တွေနဲ့ ချော်နေတာ ... သူက ကျွန်တော့်ကိုခေါ်ပြီး ဖုန်းလိုက်ဝယ်ပေးတယ် ... ကျွန်တော်လမ်းကူးတဲ့အချိန် ခြေချော်တော့ သူက သူ့လက်ကို ကမ်းပေးတယ် ... သူ့လက်တွေက အေးစက်နေတာပဲ ... ဒါပေမယ့် အဲ့ဒီလက်က ကျွန်တော်ထိတွေ့ဖူးခဲ့သမျှမှာ အနွေးထွေးဆုံးပဲ"

ဦးလေးယွမ့်က တိတ်တဆိတ်ပဲနားထောင်နေသည်။ လီဆွေ့က ခေါင်းငုံ့ကာ အသက်ခပ်ပြင်းပြင်းရှူရှိုက်လိုက်၏။

"ဦးလေးယွမ့် ... ကျွန်တော်ဆုံးဖြတ်ချက်ချပြီးပြီ ... အဲ့ဒီအတွက် ကျွန်တော့်ကို ဦးလေးအပြစ်မမြင်ဖို့မျှော်လင့်တယ်"

ညနေပိုင်းမှာ အိမ်ပြန်မည့်အစား လီဆွေ့ ဆေးရုံသို့သာ တန်းသွားလိုက်သည်။ CCU အခန်းထဲတွင် လုရှန်းကို ခဏမျှ အဖော်ပြုပေးရင်း လုရှန်း၏နားထဲကို တစ်စုံတစ်ရာ တီးတိုးပြောဆိုလိုက်၏။

သူ အခန်းအပြင်သို့ ထွက်လာသည့်အခါ မျက်လုံးအတွင်းမှ ကြင်နာမှုများချက်ချင်းပျောက်ကွယ်သွားကာ မျက်နှာထားက တင်းမာခက်ထန်လာသည်။

သူ ကျီရွေ့ကို မေးလိုက်၏။

"မေ့ဆေးဆရာဝန်ရှိနေသေးလား"

"အင်း ... သူ့ကို ရဲလက်အပ်မှာလား"

"ဟင့်အင်း ... လွှတ်ပေးလိုက်ပါ"

ကျီရွေ့ အံ့သြသွား၏။ လီဆွေ့က ထပ်ပြောလိုက်သည်။

"လွှတ်ပေးပြီးတော့ လုပ်ကြံမှုအောင်မြင်တယ်လို့သာ လျို့ရှင်းထျန်ဆီ သတင်းပို့ခိုင်းလိုက်ပါ"

"မင်း လုပ်ချင်တာက"

လီဆွေ့ သူ့ကို ကြည့်ရင်း ပြော၏။

"လုရှန်းအတွက် သေစာရင်းအတုတစ်ခုလုပ်မယ်"

ထိုဆုံးဖြတ်ချက်က ကျီရွေ့ကိုသာမက ဆေးရုံအုပ်ဒေါက်တာလျန်ကိုပါ အံ့သြသွားစေသည်။

"သေချာရဲ့လား ... သေမှုစစ်အရာရှိကို လာဘ်ထိုးရတာကလွယ်တယ် ... ဒါပေမယ့် သေစာရင်းသွင်းလိုက်ရင် ပြန်ဖျက်ဖို့က မဖျက်နိုင်ဘူးနော်"

လီဆွေ့လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဖြေလိုက်၏။

"လုပ်ပေးပါ"

ဆရာဝန်နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဘာမှမတတ်နိုင်ဘဲ သက်ပြင်းချလိုက်ရသည်။

"မနက်ဖြန်ညနေ ... ကျွန်တော် တောက်ယွမ်ကျွန်းပေါ်ကိုသွားဖို့လေယာဉ်ကို တိတ်တဆိတ် စီစဉ်ပေးမယ် ... အဲ့ဒီမှာ စက်ကရိယာအပြည့်အဝရှိတယ် ... ပြီးတော့လုံခြုံတယ်"

လီဆွေ့နှင့်ကျီရွေ့အတူ စြင်္ကံမှာလမ်းလျှောက်ရင်း သူ၏အစီအစဉ်များကို ပြောပြနေသည်။

အပြင်ဘက်တွင် နှင်းများရပ်တန့်သွားလေပြီ ... အဖြူရောင်ဖုံးလွှမ်းနေသော မြင်ကွင်းပြင်ကို ငေးကြည့်ရင်း ကျီရွေ့သက်ပြင်းချကာ ခေါင်းငြိမ့်လိုက်၏။

"လီယွန်လည်း သူနဲ့အတူ ခွဲစိတ်ဖို့အဖွဲ့ခေါ်လာခဲ့လိမ့်မယ် ... မနက်ဖြန်မနက်မတိုင်ခင် သူတို့အရင် ရောက်လာလိမ့်မယ်"

ထိုအစီအစဉ်ကို လီဆွေ့ကိုယ်တိုင်စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း သူ့မျက်လုံးထဲမှာ စိတ်ပူပင်မှု အမြောက်အမြားကိုတွေ့နေရသည်။

"ကျွန်တော်မှန်းတာသာ မှန်ရင် မနက်ဖြန်လုရှန်းဆုံးပြီလို့ ကြေညာလိုက်တာနဲ့ လျို့ရှင်းထျန်က ကျွန်တော့်ကို အနီးကပ်စောင့်ကြည့်နေတော့မှာ ... ခွဲစိတ်မှုကို အနှောင့်အယှက်မဖြစ်ဖို့ဆိုရင် ဒေါက်တာကို အဲ့ဒီကိုရောက်တာနဲ့ ကျွန်တော်အဆက်အသွယ်မလုပ်တော့မှ ဖြစ်မှာ"

"ဒီလိုလုပ်မယ်ဆို မင်းရောအဆင်ပြေမှာလား  ... သူ့အခြေအနေကို မမေးဘဲနေနိုင်မှာလား"

အေးလွန်း၍ လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ရင်း ကျီရွေ့စနောက်သလိုပြောလိုက်သည်။

လီဆွေ့တုံ့ဆိုင်းသွား၏။

"ကျွန်တော် ..."

"ဒီလိုဆိုရင်ရော ... ခွဲစိတ်မှုပြီးရင် ငါမင်းကို ဖုန်းနံပါတ်သစ်နဲ့ ကြေညာတစ်ခုပို့လို့က်မယ် ... အဆုံးသတ်မှာ 'ရပ်တန့်လိုပါက Y ကို နှိပ်ပါလို့'ပါရင် ခွဲစိတ်မှုအောင်မြင်တယ် ... 'N' ကို နှိပ်ပါ' ဆိုရင် ခွဲစိတ်မှု မအောင်မြင်ဘူး ... အဆင်ပြေမလား"

ကျီရွေ့ကမေးလိုက်၏။

"ကျေးဇူးပါ" လီဆွေ့ဖြေလိုက်သည်။

ကျီရွေ့က လက်ခါပြလိုက်သည်။

"ခွဲစိတ်မှုအောင်မြင်တယ်ဆိုရင်တောင် သိပ်မပျော်နဲ့ဦး ... ခွဲစိတ်တာက ပထမဆုံးကျော်ဖြတ်ရမယ့် အခက်အခဲပဲ ... ခွဲစိတ်ပြီးရင် အရေးပေါ်အခြေအနေကို ကျော်လွှားဖို့၂၄ နာရီကြာစောင့်ကြည့်ဖို့ လိုသေးတယ် ... အဲ့ဒီ ၂၄ နာရီကို ကျော်ဖြတ်နိုင်ပြီဆိုရင်တော့ အသက်အန္တရာယ်က လုံးဝလွတ်ပြီပေါ့"

လီဆွေ့ခေါင်းငုံ့ရင်း အတန်ကြာတိတ်ဆိတ်နေသည်။

"သွေးလိုသေးလား"

ကျီရွေ့က လှည့်ကြည့်လိုက်တော့ လီဆွေ့ထပ်မေး၏။

"ခွဲစိတ်ဖို့အတွက် သွေးမလိုတော့ဘူးလား"

"သွေးဘဏ်မှာ သွေးအလုံအလောက်ရှိတယ်လေ"

"ကျွန်တော်သိတယ်" လီဆွေ့က ခပ်တိုးတိုးပြောလိုက်၏။

"ကျွန်တော် ... ဒီတိုင်း ... ကျွန်တော့်နည်းကျွန်တော့်ဟန်နဲ့ သူ့ကို ခွန်အားပေးချင်လို့ပါ"

ကျီရွေ့သည် လီဆွေ့ကို ငေးကြည့်နေမိသည်။ လီဆွေ့၏ပုံစံက သူ့သွေးကို ထုတ်မယူဖို့သာ ကျီရွေ့က ဆုံးဖြတ်လိုက်လျှင် စိတ်ဓာတ်အပုံလိုက်ကျတော့မည့်အသွင်ဖြစ်နေသည်။ ခဏလောက်တွေးပြီးနောက်မှာတော့ လိုက်လျောလိုက်ခြင်းသာ အကောင်းဆုံးဖြစ်မည်။ ထိုသို့ သွေးထုတ်လိုက်လျှင် လီဆွေ့တစ်ယောက် ရူးရူးနှမ်းနှမ်းတွေ လျှောက်လုပ်ဖို့ ခွန်အား သိပ်ကျန်တော့မည်မဟုတ်ပေ။

"အဆင်ပြေရဲ့လား"

သူနာပြုက လီဆွေ့ထံမှ သွေးထုတ်နေရင်း စိုးရိမ်စွာမေးလိုက်သည်။ သူ ခေါင်းငြိမ့်လိုက်၏။

"ပြေပါတယ်"

လီဆွေ့သည် ပိုက်မှတစ်ဆင့် နီဆွေးသော သွေးများ သူ့ခန္ဓာကိုယ်မှတစ်ဆင့် သွေးအိတ်ထဲစီးဆင်းသွားသည်ကို ကြည့်နေမိ၏။ ဘာကြောင့်ရယ်မသိ ထိုသွေးများက လုရှန်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားမည်ကို တွေးလိုက်မိသည့်အခါ ရုတ်တရက် ထူးဆန်းသောခံစားချက်ကို ရရှိလိုက်သည်။ သူနှင့် လုရှန်းသည်ကား သွေးသားတော်စပ်သူများ မဟုတ်ပေမယ့် တစ်ဦး၏သွေးက တစ်ဦး၏ကိုယ်ထဲဝယ် စီးဆင်းကာ အပြန်အလှန်ချိတ်ဆက်နေကြဦးမည်ဖြစ်သည်။

သူနာပြုက သွေးထုတ်၍ပြီးသည့်အခါ တစ်ခါသုံးဆေးပစ္စည်းများကို လွှင့်ပစ်လိုက်သည်။ ထို့နောက် လီဆွေ့ကို ခွန်အားပြန်ပြည့်ဖို့ နို့ခဲသကြားလုံးများပေး၏။ ကျီရွေ့က ထိုသူနာပြုထွက်မသွားခင် မှာလိုက်သည်။

"ဒါက သီးသန့်အသုံးပြုဖို့ ထားထားမယ့်သွေးအိတ်မို့လို့ သပ်သပ်အမှတ်အသားထားပြီး ခွဲသိမ်းထားပေးပါ"

"ဟုတ်ကဲ့ပါ"

ကျီရွေ့ပြန်လာတော့ လီဆွေ့က နို့ခဲချိုချဉ်ကို မစားသေးဘဲ စိုက်ကြည့်နေသည်ကို တွေ့လိုက်၏။

"ခေါင်းမူးနေလို့လား ... ဘာတွေစိတ်ကူးယဉ်နေတာလဲ"

လီဆွေ့က ခေါင်းခါရင်း ရှင်းပြ၏။

"လုရှန်းက အရင်ကတည်းက ကျွန်တော့်အတွက်ဆိုပြီးတော့ ဒီလိုချိုချဉ်မျိုးတွေ ဝယ်ထားပေးတတ်တယ် ... အိမ်မှာ ချိုချဉ်နဲ့ပြတ်တယ်ဆိုတာ မရှိသလောက်ပဲ"

ကျီရွေ့က ရယ်လိုက်ရင်းပြော၏။

"သူ သွားတောင်မသွားရသေးဘူး မင်းက လွမ်းနေပြီလား"

"ကျွန်တော် ဒီတိုင်းသိချင်လို့"

လီဆွေ့က ချိုချဉ်ကို ပါးစပ်ထဲထည့်လိုက်ရင်းပြော၏။

"ကျွန်တော်က အူကြောင်ကြောင်ကလေးတစ်ယောက် မဟုတ်တော့တာ အသိသာကြီးပဲလေ... လုရှန်းက ဘာလို့ ဒီလိုလိုက်လုပ်ပေးနေသေးတာလဲ မသိဘူး... အစားအသောက်ရော တခြားဟာတွေရော"

ကျီရွေ့က သူ့ကိုကြည့်လိုက်ရင်း သိသာသည်ဟူသောလေသံနှင့်ပြော၏။

"ငါ့အထင်တော့ မင်းဘယ်လောက်ပဲ အသက်ကြီးကြီး... ဘယ်လောက်ပဲသန်မာသန်မာ... သူ့နှလုံးသားထဲမှာတော့ မင်းက အမြဲတမ်း သူချစ်ရတဲ့ ကလေးလေးတစ်ယောက်ပဲလေ"

TBC


.
.
.
.
.
.

[Zawgyi]"ခင္ဗ်ားပဲကတိေပးခဲ့တာေလ ... အသက္ႀကီးတဲ့အထိ အတူတူေနေပးမယ္လို႔ ကတိေပးခဲ့တယ္ေလ ... ကြ်န္ေတာ့္မွာ ခင္ဗ်ားတစ္ေယာက္ပဲ ရွိတာပါ ... ကြ်န္ေတာ့္ကို မထားခဲ့ပါနဲ႔ ..."

လုရွန္းၾကားႏိုင္မည္မဟုတ္မွန္းသိေသာ္လည္း လီေဆြ႔ ခပ္တိုးတိုးေတာင္းပန္ေနမိသည္။

ကုတင္ေပၚမွာလဲေနသူက တံု႔ျပန္မလာခဲ့ေပ။ လုရွန္း၏ေဘးဘက္ လီေဆြ႔မျမင္ရေသာ ေထာင့္တစ္ေနရာတြင္ႏွလုံးေမာ္နီတာတစ္ခုရွိသည္။ မသိမသာႏွင့္ ထိုအရာက လီေတြ႔အတြက္ေတာ့ အနည္းငယ္ကြဲျပားသည့္အခ်က္ေပးစနစ္ျဖစ္လာခဲ့သည္။

CCUအတြင္းမွ အပူခ်ိန္က အေတာ္ေလးနိမ့္သည္။ ခဏသာေနရေသားေသာ္လည္း သူ၏ေျခလက္မ်ား ေအးစက္လာ၏။ က်ီေရြ႕က အေႏြးထည္ထူထူေပးလိုက္၍သာေတာ္ေသးသည္။ ထိုအေႏြးထည္ကို ျခံဳကာေကြးလိုက္ရင္း ကုတင္၏ေဘးမွ စင္တစ္ခုကို မီွထားကာ လုရွန္းကို ၾကည့္ေနရင္း အိပ္ေပ်ာ္သြားသည္။

ညနက္လာသည့္အခါမွာေတာ့ စၾကၤံလမ္းမွာ လူတစ္ေယာက္မွ မရွိေတာ့ေပ။ အခန္းထဲတြင္လည္း မီးဖြင့္မထား ... ေစာင့္ၾကည့္ကိရိယာအခ်ိဳ႕မွ အလင္းေရာင္သာရွိသည္။

လီေဆြ႔ ႏိုးတစ္ဝက္အိပ္တစ္ဝက္ျဖစ္ေနစဥ္ တစ္စံုတစ္ေယာက္က ID ကဒ္ႏွင့္ Sensor ကို ျဖတ္ကာ အခန္းတံခါးဖြင့္သံကို ၾကားလိုက္ရ၏။ လီေဆြ႔ခ်က္ခ်င္းႏိုးသြားၿပီး ဦးဆံုး သူ႔စိတ္ထဲေတြးလိုက္မိသည္ကား က်ီေရြ႕ျဖစ္မည္ဟု ထင္လိုက္သည္။ သို႔ေသာ္ ပံုစံက အနည္းငယ္ကြဲျပားသည္။ ထိုသူက အနည္းငယ္ပိုဝ၏။ က်ီေရြ႕လည္း မဟုတ္သလို က်ီေရြ႕၏ဦးေလးလည္းမဟုတ္ေပ။

က်ီေရြ႕ကို ဒုကၡမေပးလို၍ လီေဆြ႔လည္း မျမင္ေအာင္ပုန္းေနလိုက္၏။ ထိုသူ မီးဖြင့္လိုက္မည္စိုးေသာေၾကာင့္ ကုတင္ေအာက္သို႔ အျမန္ဝင္ကာ အျပင္မွဝင္လာမည့္ ထိုသူကို ေစာင့္ၾကည့္ေနမိသည္။

သို႔ေသာ္ ဝင္ေရာက္လာသူက မီးမဖြင့္ေပ။ အဲ့ဒီအစား တံခါးကိုတိတ္တဆိတ္ပိတ္လိုက္၏။ လီေဆြ႔ အသင့္အေနအထားျဖစ္သြားသည္။ ကုတင္ေအာက္သို႔ေရာက္ေန၍ ထိုသူ၏မ်က္ႏွာကို မျမင္ရေသာ္လည္း ကုတ္အျဖဴကိုေတာ့ ျမင္လိုက္မိသည္။

လီေဆြ႔၏ လူအမ်ားစိတ္ကို ခန္႔မွန္းႏိုင္ျခင္းက အျမဲမွန္ကန္ခဲ့သည္။ ထိုသူက သူခိုးတစ္ေယာက္အလား အလြန္တရာ မူမမွန္ေသာေျခလွမ္းမ်ားႏွင့္ ေလ်ွာက္လာသည္ကို သူသတိျပဳမိလိုက္သည့္အခါ အသင့္အေနအထားႏွင့္ ေစာင့္ၾကည့္ေနလိုက္သည္။

ဝင္လာသည့္ ဧည့္သည္က လုရွန္း၏ကုတင္ေရွ႕တြင္ အခ်ိန္ေတာ္ေတာ္ၾကာရပ္ေနၿပီး ဘာမွ လုပ္ကိုင္ျခင္းမရွိသည့္အခါ လီေဆြ႔က ထိုသူကို ေမးျမန္းဖို႔ကုတင္ေအာက္မွ ထြက္လာဖို႔လုပ္ခဲ့သည္။ ထိုအခ်ိန္သည္ကား မည္သူမွန္းမသိရသည့္ဧည့္သည္က သူ၏ကုတ္အျဖဴထဲမွ ေဆးရည္ပုလင္းတစ္ခုကို ုတ္ယူလိုက္ခ်ိန္ျဖစ္သည္။ ၿပီးေတာ့ ထိုေဆးရည္ကို လုရွန္းကိုေသြးေၾကာထဲ သြင္းထားေသာ ပိုက္ထဲရွိေဆးရည္ႏွင့္ စတင္လဲလွယ္ဖို႔လုပ္သည္။

ထိုအျခင္းအရာကို ျမင္လိုက္သည့္အခါ လီေဆြ႔၏ဦးေႏွာက္ထဲ အခ်က္ေပးသံျမည္လာသည္။ သူ ခ်က္ခ်င္းကုတင္ေအာက္မွထြက္လာကာ ထိုသူ႕လက္ထဲက ပုလင္းကို ပုတ္ထုတ္ၿပီ တစ္ဆက္တည္းပဲ ထိုသူကုိ ဖမ္းခ်ဳပ္လိုက္သည္။

"ခင္ဗ်ားဘယ္သူလဲ!"

လီေဆြ႔က ေမးေနရင္းပဲ လုရွန္း၏အေျခအေနကို အကဲခတ္ဖို႔မေမ့ေပ။ လုရွန္း ဘာထိခိုက္မႈမွ မရွိတာေသခ်ာမွ သူဖမ္းခ်ဳပ္ထားသည့္သူကို ဆက္လက္ေမးျမန္း၏။ ထိုသူသည္ လူလတ္ပိုင္းအရြယ္ျဖစ္ၿပီး သူ႔ဝတ္စားပံုက ဆရာဝန္တစ္ေယာက္ႏွင့္တူသည္။ သိသိသာသာပဲ ထိုသူသည္ CCU ထဲတြင္ တစ္စံုတစ္ေယာက္ရွိေနမည္ဟု ေမွ်ာ္လင့္ထားပံုမေပၚေပ။ထိုေၾကာင့္ ေၾကာက္ရြံ႔ထိတ္လန္႔ကာ ျပန္လည္ခုခံဖို႔ ေမ့ေလ်ာ့ေနခဲ့သည္။

လီေဆြ႔က ထိုသူကို ဖမ္းခ်ဳပ္လိုက္သည့္အခါ သူ၏လႈပ္ရွားမႈမ်ားေၾကာင့္ အခ်က္ေပးသံျမည္လာသည္။ အျပင္ဘက္တြင္ က်ယ္ေလာင္ေသာ ဆူညံသံတစ္ခုထြက္ေပၚလာ၏။ ခ်က္ခ်င္းဆိုသလိုပင္ က်ီေရြ႕တစ္ေယာက္ တျခားသူမ်ားကို ေခၚကာ ဆဲဆိုႀကိမ္းေမာင္းရင္း အခန္းထဲေရာက္လာသည္။

လီေဆြ႔သည္ ထိုလူ၏မ်က္ႏွာဖံုးကို ခြ်တ္လိုက္ၿပီးသည့္အခါ မ်က္ေမွာင္ၾကဳတ္သြားသည္။ ဒီလူကို ျမင္ဖူး၏။ ဒီေဆးရံုကပဲ ေမ့ေဆးဆရာဝန္တစ္ဦးျဖစ္သည္။

CCU တံခါးပြင့္သြားၿပီး က်ီေရြ႕အခန္းထဲဝင္လာ၏။ သူက်ိန္ဆဲဖို႔ ပါးစပ္မဟရေသးခင္ မီးဖြင့္လိုက္သည့္အခါ လီေဆြ႔သည္ သက္လတ္ပိုင္းလူႀကီးတစ္ေယာက္ကို ခ်ဳပ္ေႏွာင္ထားသည္ကိုျမင္လိုက္ရ၏။ လီေဆြ႔၏မ်က္ႏွာကား တင္းမာေနသည္။ က်ီေရြ႕ပင္လွ်င္ ထိတ္လန္႔သြားၿပီး ေမးလိုက္၏။

"ဘယ္လိုျဖစ္တာလဲ"

မၾကာမီမွာပဲ မလိုအပ္သည့္လူမ်ားကို အခန္းတြင္းမွ ရွင္းထုတ္လိုက္သည္။ က်ီေရြ႕က သူ႔ရံုးခန္းကို ေလာ့ခ်လိုက္၏။ သူ႔မ်က္ႏွာကား မည္းေမွာင္ေနသည္။

"ဓာတ္ခြဲစစ္ေဆးတာၿပီးၿပီ ... အရည္က Potassium chloride ျပင္းအားအမ်ားႀကီးပါတယ္ ... ထိုးသြင္းလိုက္ရင္ လူနာက မိနစ္ပိုင္းအတြင္းေသလိမ့္မယ္ ... ၿပီးေတာ့ ေရာဂါလကၡဏာက ႏွလုံးေဖာက္တာနဲ႔ ဆင္တူပဲ"

တစ္စံုတစ္ေယာက္က သူ႔မ်က္စိေရွ႕မွာပင္ လုရွန္းကို ထိခိုက္ေအာင္လုပ္ဖို႔ႀကိဳးစားခဲ့သည္။ သူ႔စိတ္ကိုသူ ႏိုင္ေအာင္ထိန္းေနရင္းက အသက္ရွဴသံေတြ တုန္ယင္လာ၏။

"သူ အခုဘယ္မွာလဲ"

"ေလာေလာဆယ္ေတာ့ ငါ့လူတစ္ေယာက္နဲ႔ ေစာင့္ၾကည့္ခိုင္းထားတယ္"

လီေဆြ႔က ထထြက္မည္အျပဳ က်ီေရြ႕လွမ္းဆြဲထားလိုက္သည္။

"ဒီလူက ေရြ႕ေကာေဆးရံုမွာလုပ္ေနတာ ဆယ္ႏွစ္ေလာက္ရွိၿပီ... သာမန္ပါပဲ ဒါေပမယ့္ ေၾကာက္တတ္တဲ့လူစားမ်ိဳး ... လူသတ္မႈက်ဴးလြန္ဖို႔ေလာက္ထိ သတိၱမရွိဘူး ... သူ႔ေနာက္ကြယ္မွာ တစ္ေယာက္ေယာက္ရွိလိမ့္ဦးမယ္"

"ေနာက္ကြယ္က ဘယ္သူခိုင္းတာလဲ ေျဖရဲ႕လား"

လီေဆြ႔က ေမးသည့္အခါ က်ီေရြ႕ေခါင္းၿငိမ့္လိုက္သည္။

"ေျဖတယ္... ဒါေပမယ့္ အသုံးမဝင္ဘူး ... သူ႔ကိုဆက္သြယ္တဲ့သူကိုပဲ သိတယ္ ... တကယ္ႀကိဳးကိုင္သူကို မသိရဘူး ... ၿပီးေတာ့ တစ္ဖက္ကပဲ ေခၚလို႔ရတဲ့ဖုန္းနဲ႔ ေခၚတာဆိုေတာ့ ဘယ္သူခိုင္းသလဲဆိုတာက ေနာက္ေၾကာင္းစုံစမ္းလို႔ မရဘူးျဖစ္ေနတယ္"

အေျခအေနေပၚကို က်ီေရြ႕ေကာက္ခ်က္ထပ္ခ်လိုက္သည္။

"ဒါေပမယ့္ ေနာက္ကြယ္ကႀကိဳးကိုင္တာ ဘယ္သူလဲဆိုတာ ခန္႔မွန္းဖို႔ သိပ္ခက္မယ္ေတာ့ မထင္ဘူး"

လီေဆြ႔ လက္သီးကို တင္းၾကပ္ေနေအာင္ ဆုပ္လိုက္၏။ တင္းၾကပ္လြန္းလွ၍ သူ၏အရိုးမ်ားမွပင္ ထိတ္လန္႔စရာအသံမ်ားထြက္လာသည္။

"လ်ိဳ႕ရွင္းထ်န္"

ႀကိဳးကိုင္သူမွာ လုရွန္း၏ေသဆံုးလွ်င္ တိုက္ရိုက္အက်ိဳးအျမတ္ရမည့္သူသာ ျဖစ္ရမည္။ ထို႔အျပင္ တရားခံမွာလည္း ေရြ႕ေကာေဆးရံုအတြင္းသို႔ ဝင္ေရာက္ႏိုင္သည့္သူျဖစ္သည္။ ႀကိဳးကိုင္သူသည္ အလြန္သတိေကာင္းသူလည္းျဖစ္လိမ့္မည္။ အဖမ္းခံရလွ်င္ပင္ ထို႔အတြက္ ႀကိဳတင္ျပင္ဆင္ထားသည့္အခါ ေနာက္ေယာင္ခံလိုက္၍ မည္သို႔မွ မရေပ။ ယင္းအခ်က္မ်ားႏွင့္ ကိုက္ညီသည္မွာ လ်ိဳ႕ရွင္းထ်န္မွတစ္ပါး ထိုသို႔ဉာဏ္နီဉာဏ္နက္မ်ားသူမရွိေတာ့။

"ကြ်န္ေတာ္သာ ဒီေန႔ ဒီေနရာမွာ မရွိခဲ့ရင္ ..."

လီေဆြ႔ေတြးလိုက္မိသည္ႏွင့္ ေၾကာက္စိတ္မ်ားတိုးလာကာ ေခြ်းသီးေခြ်းေပါက္မ်ားက်လာသည္။ သူ က်ီေရြ႔ကို ၾကည့္လိုက္ရင္း ေလနက္စြာေျပာ၏။

"ခြဲစိတ္မႈကို ဒီမွာလုပ္လို႔မျဖစ္ေတာ့ဘူး ... အရမ္းအႏၲရာယ္မ်ားတယ္"

က်ီေရြ႕လဘ္း ထိုအေၾကာင္းကို ေတြးမိ၍ ျဖည္းျဖည္းခ်င္းေခါင္းၿငိမ့္လိုက္သည္ဝ

"လ်ိဳ႕ရွင္းထ်န္က ဒီလိုကိစၥမ်ိဳး လုပ္လာလိမ့္မယ္လို႔ တကယ္မထင္ထားဘူး ... ငါေဒါက္တာလီယြန္ကို ခ်က္ခ်င္းအေၾကာင္းၾကားထားလိုက္မယ္ ... ၿပီးေတာ့  .. ဒီလူကို ဘယ္လိုလုပ္မလဲ ... ရဲလက္အပ္မလား"

လီေဆြ႔ခဏေလာက္ ခ်င့္ခ်ိန္စဥ္းစားလိုက္သည္။ သူ၏မ်က္လံုးမ်ားက ျပတ္သားလွ၏။

"ရဲမေခၚနဲ႔ဦး ... ျမက္ခင္းကိုရိုက္ပုတ္ၿပီး ေျမြကို လန္႔ေအာင္ မလုပ္သင့္ဘူး"

က်ီေရြ႕ ေခါင္းၿငိမ့္လိုက္သည္။ သူထြက္သြားသည္ႏွင့္ ဦးေလးယြမ့္က တံခါးေခါက္ကာ ဝင္လာသည္။ သူ တိတ္တဆိတ္ပဲေျပာလိုက္၏။

"ကုမၸဏီမွာ တစ္ခုခုျဖစ္ေနတယ္"

ေဆာင္းကာလျဖစ္၍ ေနရာတိုင္း ေအးခဲေနသည္။ ႏွစ္သစ္ကူးကာလကုန္ဆံုးသြားၿပီးရံုျဖစ္၍ လမ္းေပၚမွာလူအနည္းငယ္သာရွိသည္။ ကားထဲမွာေတာ့ ေအးစက္စက္မ်က္ႏွာထားႏွင့္ လူႏွစ္ေယာက္ရွိသည္။ အေအးဒဏ္၏ ရိုက္ခတ္မႈေၾကာင့္ေပလားေတာ့မသိ။

"ဒီေန႔တင္ပဲ ရွယ္ယာရွင္တစ္ဝက္ေက်ာ္်က်ာ္ေလာက္က အစည္းအေဝးလုပ္ဖို႔ဆႏၵရွိေနၾကၿပီ ... အဲ့ေတာ့မွ ဒါရိုက္တာဘုတ္အဖြဲ႔ဝင္ေတြကို အခ်ိန္မေရြး လူလဲပစ္လို႔ရမွာေလ ... သူေ႒းလုရွိမေနေတာ့ သူတို႔ကို တားဖို႔နည္းလမ္းမရွိဘူး"

ဦးေလးယြမ့္က ေလးေလးနက္နက္ေျပာလိုက္၏။

"ဒါေပမယ့္ ကြ်န္ေတာ္တို႔မွာ အနည္းဆံုး ၄၀% ေတာ့ ရွိမယ္မလား ... ၿပီးေတာ့ ကြ်န္ေတာ္ႏိုင္ထားတဲ့ ပမာဏနဲ႔ဆို ကြ်န္ေတာ္တို႔ဘက္မွာ အခြင့္အေရး လံုးဝမရွိတာမ်ိဳးေတာ့ မျဖစ္ပါဘူး"

ဦးေလးယြမ့္ေခါင္းခါလိုက္သည္။

"ကုမၸဏီစည္းမ်ဥ္းထဲမွာ တရားဝင္ရွယ္ယာကိုင္ေဆာင္သူပဲ မဲေပးပိုင္ခြင့္ရွိတယ္ ... သူေ႒းလုက အခုေျမာေနတဲ့အေျခအေနဆိုေတာ့ သူ႔ရွယ္ယာေတြက ယာယီဆိုင္းင့ံခံထားရတယ္"

"လုရွန္းကို အခုေလးတင္ေဆးရံုတင္လိုက္ရတယ္ ... လ်ိဳ႕ရွင္းထ်န္က အာဏာသိမ္းဖို႔ စီစဥ္ေနၿပီေပါ့"

မေန႔ညက လုရွန္း၏ ေဆးသြင္းေသာပိုက္ထဲသို႔ ေဆးရည္အစားထိုးဖို႔ႀကိဳးစားသည့္ ေမ့ေဆးဆရာဝန္အေၾကာင္းကို ေတြးမိသည့္အခါလီေဆြ႔၏အသံက ေအးစက္လာသည္။ ၾကည့္ရသည္မွာ လ်ိဳ႕ရွင္းထ်န္သည္ လုမိသားစုတစ္ခုလံုးကို လုံးဝအေပ်ာက္ရွင္းဖို႔ ႀကိဳးစားေနပံုရသည္။

"ကုမၸဏီဝန္ထမ္းေတြရဲ႕ အေျခအေနေရာ"

ဦးေလးယြမ့္ေခါင္းခါလိုက္သည္။

"သူေ႒းလုကို အေရးေပၚတင္လိုက္ရတဲ့သတင္း ပ်ံ႕ၿပီးကတည္းက အကုန္လုံး ဖရိုဖရဲေတြျဖစ္ကုန္တာပဲ"

လီေဆြ႔ တံု႔ယမ္းသို႔ ေရာက္သည့္အခါ ဦးေလးယြမ့္ အပိုလုပ္ေျပာေနျခင္းမဟုတ္မွန္းသိလိုက္သည္။ ဧည္ႀကိဳေကာင္တာမွာ စာရြက္အမိႈက္ေတြရႈပ္ပြ ၾကဲျပန္႔ေနသည္။ ဝန္ထမ္းမ်ားစြာကလည္း ကတ္ပံုးမ်ားကိုသယ္ကာ အမိႈက္ထည့္သည့္ေနရာသို႔ စိတ္ပ်က္မိႈင္ေတြစြာ သြားေနၾက၏။ ရင္းႏွီးသည့္မ်က္ႏွာကို လီေဆြ႔ျမင္လိုက္ရသည္။ သူမသည္ စီမံခန္႔ခြဲမႈ႒ာနမွျဖစ္၏။ လီေဆြ႔က သူမကို လွမ္းတားရင္း ေမးလိုက္ေလသည္။

"မင္း ဘယ္သြားမလို႔လဲ"

ထိုမိန္းကေလးက လီေဆြ႔ကို ျမင္သည့္အခါ ေဒါသျပင္းထန္လာၿပီး လက္ထဲမွစကၠဴပံုးကိုပစ္ခ်လိုက္၏။

"ဒါရိုက္တာလီ ... ကြ်န္မ ဒီကုမၸဏီမွာအလုပ္လုပ္လာတာ ငါးႏွစ္ရွိၿပီ ... ဘာအထူးအခြင့္အေရးမွလည္း မယူခဲ့ဖူးဘူး .. ဒါေပမယ့္ အလုပ္ကိုေတာ့ ႀကိဳးႀကိဳးစားစားလုပ္ေပးတယ္ ... အခုႏွစ္သစ္ကူး ... ဒါရိုက္တာလု ေဆးရံုတင္လိုက္ရတာမွ မၾကာေသးဘူး ...ရွင္က သူ႔ဝန္ထမ္းေတြအကုန္လုံးကို အလုပ္ျဖဳတ္ဖို႔ ေရာက္လာၿပီေပါ့"

သူမ၏စကားလုံးမ်ားႏွင့္ ျပင္းျပင္းထန္ထန္ထိုးႏွက္ခ်က္ကို ခံေနရေသာ္လည္း လီေဆြ႔သည္ ဘာေတြျဖစ္ေနမွန္း ေတြးဖို႔အခ်ိန္မရေသးေပ။

ေဘးမွျဖတ္သြားေသာ ဝန္ထမ္းတစ္ဦးက သူတို႔ႏွစ္ဦးကို ျမင္ၿပီးေနာက္ သူမကို ထြက္သြားဖို႔ ေဖ်ာင္းဖ်၏။ ထြက္မသြားခင္ လီေဆြ႔ကို စူးစူးဝါးဝါးစိုက္ၾကည့္သြားေသးသည္။ ထိုအၾကည့္မ်ားတြင္ အထင္ေသးမႈမ်ားအျပည့္ပါဝင္ေန၏။

လီေဆြ႔ နားမလည္ႏိုင္ေအာင္ျဖစ္သြားသည္။ သူ ေခါင္းလွည့္ၾကည့္ေတာ့ ေလွကားထိပ္မွာရပ္ေနသည့္ ေရွာင္တန္႔ကို လွစ္ခနဲျမင္လိုက္သည္။

တကယ္တမ္းဆို သူမသည္ ဂ်ပန္တြင္ရွိေနစင့္သည္မဟုတ္ပါလား ... ဘယ္အခ်ိန္က ျပန္ေရာက္လာတာလဲ ... စာခ်ဳပ္လက္မွတ္ထိုးတာကို ဒီေလာက္ျမန္ျမန္နဲ႔ ၿပီးသြားတာလား...

သူက လွမ္းေခၚခ်င္ေပမယ့္ ေရွာင္တန္႔က သူ၏ရည္ရြယ္ခ်က္ကို သတိျပဳမိလိုက္သည္။ လီေဆြ႔လွမ္းမေခၚခင္မွာပဲ လွည့္ထြက္၍ အေပၚထပ္သို႔ တက္သြား၏။ သူ႔ကို တမင္ေရွာင္တိမ္းသြားတာသိသာသည္။ ထို႔ေနာက္ သူမ အသံက်ယ္က်ယ္ႏွင့္ေျပာလိုက္သည္။

"ဒါရိုက္တာလ်ိဳ႕အတြက္ လက္ဖက္ရည္အဆင္သင့္ျဖစ္ၿပီလား"

လီေဆြ႔ရပ္တန္႔လိုက္ၿပီး ဘာမွမေျပာဘဲ လက္သီးကို က်စ္ေနေအာင္ဆုပ္ထားသည္။

ဓာတ္ေလွကားထဲမွ ထြက္လိုက္သည္ႏွင့္ ရံုးခန္းသည္လည္း ထိုနည္းလည္းေကာင္းပင္ ရႈပ္ပြေနသည္။ သူ႔ေနာက္လိုက္ခဲ့သည့္ဝန္ထမ္းအနည္းစုက သူတို႔၏အလုပ္စားပြဲမ်ားကို ေရြ႕ထားၿပီးျဖစ္၏။ လီေဆြ႔ေရာက္လာသည္ကို ျမင္သည့္အခါ မ်က္ႏွာခ်င္းမဆိုင္ရဲဘဲ ေခါင္းမ်ားငုံ႔ထားၾကသည္။

လီေဆြ႔အလယ္မွာ ခဏရပ္ေနလိုက္သည္။ စိတ္ညစ္ညဴးစရာအေျခအေနက သူ႔ကိုပါ မြန္းၾကပ္ေစ၏။ ထိုအခ်ိန္မွာပဲ သူ႔ထံ Message တစ္ေစာင္ေရာက္လာသည္။ ေရွာင္တန္႔ ပို႔လိုက္ျခင္းျဖစ္သည္။

'၃၄ လႊာက နားေနခန္း'

လီေဆြ႔ ဖုန္းခ်၍ အေနာက္ဘက္ေလွကားသို႔ ထြက္သြားလိုက္သည္။

ေရွာင္တန္႔က ထိုေနရာတြင္ ေစာင့္ေနတာၾကာလွၿပီထင္၏။ လီေဆြ႔ဆင္းလာသည္ကို ျမင္သည့္အခါ သူ႔ကို ခ်က္ခ်င္းအထဲဆြဲသြင္းလိုက္သည္။ ေဘးဘီကိုအကဲခတ္လိုက္ၿပီး တံခါးပိတ္လိုက္၏။ ထို႔ေနာက္ လီေဆြ႔ဘက္လွည့္ကာ အသက္ျပင္းျပင္းရွဴရင္း တီးတိုးေျပာလိုက္၏။

"ဒီမနက္ ဒါရိုက္တာလ်ိဳ႕က ယာယီေၾကညာခ်က္တစ္ခု ထုတ္ျပန္တယ္ ... ဒါရိုက္တာလုရဲ႕ ဝန္ထမ္းေတြအကုန္လံုးကို ရွင္းထုတ္ပစ္တာ ...ဘယ္ဘက္မွာရပ္တည္မလဲ အခ်ိန္မီမေရြးခ်ယ္တဲ့သူ အကုန္လံုးကို အလုပ္ျဖဳတ္ပစ္တယ္ ... ေၾကညာခ်က္က တရားဝင္ထုတ္ျပန္တာဆိုေတာ့ အားလုံးက သူတို႔ကို အလုပ္ထုတ္တာ ရွင္လို႔ပဲ ထင္ေနတာ"

ေကာင္းလိုက္တဲ့ ေရႊ႕ကြက္ေတြ ... ခဲတစ္လုံးနဲ႔ ငွက္ႏွစ္ေကာင္မိတာေပါ့ ... လီေဆြ႔ ျပက္ရယ္ျပဳလိုက္သည္။

"တကယ္ဆို လုရွန္းဘယ္ေလာက္ထိေတာင္ ေနမေကာင္းျဖစ္ေနတာလဲ ... ဘယ္ေတာ့ေလာက္ သူျပန္လာမလဲ"

ေရွာင္တန္႔က အလ်င္လိုေနပံုေပၚသည္။

"ေလာေလာဆယ္ေတာ့ သူျပန္လာႏိုင္ဦးမွာ မဟုတ္ဘူး"

"အာ ... အဲ့ေလာက္ေတာင္ဆိုးလား"

သူမကို ျပန္မေျဖဘဲ တိတ္တဆိတ္သာ ေခါင္းငုံ႔ေနလိုက္သည္။ ထို႔ေနာက္ သူေမး၏။

"ေရွ႕ေနရွဲနဲ႔ တျခားသူေတြေရာ"

"ေရွ႕ေနရွဲ႕ကို ဒါရိုက္တာလ်ိဳ႕က ခက္ခက္ခဲခဲအလုပ္ေတြ အမ်ားႀကီးပံုေပးထားတယ္ ...ကြ်န္မအထင္ေတာ့ သူလည္းေလာေလာဆယ္ ေတာ္ေတာ္ေလးဒုကၡေရာက္ေနေလာက္တယ္ ... ကုမၸဏီကဝန္ထမ္းတိုင္းကလည္း ကိုယ့္အတြက္ကို စိတ္ပူေနၾကရတာ ... ဘယ္သူမွ ဒါရိုက္တာလုကို မကူညီရဲၾကဘူး"

လီေဆြ႔ စိတ္ပင္ပန္းမႈမ်ား အစုလိုက္အျပံဳလိုက္ခံစားလိုက္ရသည္။ အားလုံးက သူ႔အျပစ္မ်ားသာျဖစ္၏။ လုရွန္းကိုေဆးရံုတင္လိုက္ရကတည္းက တံု႔ယမ္းကိစၥမ်ားကို အေရးမထားႏိုင္ခဲ့ေတာ့ေပ။ လီေဆြ႔၏ ဂရုမစိုက္မႈမ်ားက လ်ိဳ႕ရွင္းထ်န္ကို ထိုအရာအားလုံးအတြက္ အခြင့္အေရးေပးလိုက္ၿပီးသားျဖစ္သြားသည္။

"ပိုဆိုးတာက စီမံကိန္းအေတာ္မ်ားမ်ားက ရပ္ဆိုင္းထားေတာ့ ရွယ္ယာရွင္အစည္းအေဝးၿပီးရင္ ဝန္ထမ္းအသစ္ေတြ ျပင္ဆင္ခန္႔ထားမယ္လို႔ ေျပာေနၾကတယ္"

လုရွန္း လက္သီးအလိုလိုဆုပ္ထားမိ၏။

"ရွယ္ယာရွင္အစည္းအေဝးက ဘယ္ေန႔လဲ"

"သန္ဘက္ခါ"

"သန္ဘက္ခါ ...."

လီေဆြ႔ ထပ္ေရရြတ္လိုက္သည္။

နားေနခန္းအျပင္ဘက္မွ ေျခသံမ်ားဆက္တိုက္ၾကားလာရသည္။ လီေဆြ႔ႏွင့္အခ်ိန္ၾကာၾကာ အတူရွိေနလွ်င္ ေရွာင္တန္႔အတြက္ မလံုျခံဳလွေပ။ ထို႔ေၾကာင့္ သူမ ေကာ္ဖီတစ္ခြက္ေဖ်ာ္ကာ လီေဆြ႔အရင္ထြက္သြား၏။

"ေက်းဇူးပဲ"

သူမ ထြက္မသြားခင္ လီေဆြ႔က ေက်းဇူးတင္စကားကို အေလးအနက္ဆိုလိုက္သည္။

တံခါးပိတ္သြားၿပီး နားေနခန္းက တိတ္ဆိတ္သြားသည္။ ေရသန္႔စက္မွ ေရတစ္ေပါက္ေပါက္က်သံသာ ၾကားရသည္။ သတင္းဆိုးမ်ားစြာ၏ ရိုက္ခတ္မႈကို တစ္ခ်ိန္တည္းမွာ ၾကံဳႀကိဳက္လိုက္ရသည့္အခါ လီေဆြ႔လည္းအေတာ္ေလး ပင္ပန္းသြားသည္။ ထိုင္ခံုမွာျပန္ထိုင္ခ်လိုက္ရင္း စားပြဲေပၚလက္ေထာက္ကာ သူ႕ႏွာရိုးကိုသူ ပြတ္သပ္လိုက္သည္။

တံု႔ယမ္းကို လက္လႊဲယူခဲ့ကတည္းက ဘယ္အရာမွ အစစအရာရာ အဆင္မေျပခဲ့ေပ။ သို႔ေသာ္ မ်ားေသာအားျဖင့္ကေတာ့ ေအာင္ေအာင္ျမင္ျမင္ေျဖရွင္းႏိုင္ခဲ့သည္။ တစ္ခါတစ္ေလ ျပႆနာအေသးအမႊားေလးမ်ားေပၚေပါက္လာတတ္ေသာ္လည္း အားစိုက္ထုတ္လိုက္လွ်င္ သူ အျမဲေျဖရွင္းႏိုင္ခဲ့သည္။

ပထမဦးဆံုးအႀကိမ္အေနႏွင့္ လီေဆြ႔တစ္ေယာက္ မၾကံဳဖူးေသာ အၾကပ္အတည္းႏွင့္ ၾကံဳေတြ႔ရေလေတာ့သည္။ လုရွန္းလည္း ေဘးမွာ မရွိ။ သူ လ်ိဳ႕ရွင္းထ်န္ကို ထပ္ကာတလဲလဲ ရံႈးနိမ့္ေနသည္။ အခုလိုအေျခအေနမ်ိဳး၌ လီေဆြ႔မွာ အလုပ္လုပ္ဖို႔ ခြန္အားအျပည့္ရွိေသာ္လည္း ဘယ္ကစလုပ္ရမည္ကို မသိေတာ့။ အခုလို အေျခအေနမ်ိဳးမွာမွ သူ႔ကို အျမဲတမ္းလုရွန္းက ကာကြယ္ေပးေနခဲ့သည္ကို လီေဆြ႔ သေဘာသိလိုက္ရေလသည္။

မျဖစ္ဘူး ... လီေဆြ႔ေတြးလိုက္၏။ ဒီလိုအခ်ိန္မွာ စိတ္ဓာတ္က်ေန၍မျဖစ္။ လုမိသားစုႏွစ္ေပါင္းမ်ားစြာႀကိဳးစားခဲ့သမွ် အသီးအပြင္ေတြကို လ်ိဳ႕ရွင္းထ်န္က ေခါင္းပုံျဖတ္မည့္အေရးကို သူ ခြင့္မျပဳႏိုင္။ အာဏာအစစ္အမွန္ ... သူ အခုလိုအပ္ေနသည္မွာ ရိုးသားစစ္မွန္ေသာ တရားဝင္အာဏာပင္ျဖစ္သည္။

ထိုအေၾကာင္းကိုေတြးမိၿပီး လီေဆြ႔ မတ္တပ္ရပ္လိုက္၏။ ၿပီးေနာက္ ဦးေလးယြမ့္၏ ရံုးခန္းတံခါးကို ေခါက္လိုက္သည္။

"ဦးေလးယြမ့္ ... ကြ်န္ေတာ့္ကို လုရွန္းရဲ႕ေသတမ္းစာေပးပါ"

တစ္ဘဝလံုး အလုပ္ရႈပ္ေနခဲ့ေသာ လုရွန္းသည္ ထြက္ခြာရမည့္အခ်ိန္မွာေတာင္ သူ၏အေတြးႏွင့္ ခံစားခ်က္မ်ားသည္ စာရြက္ေလးတစ္ရြက္ပင္ မျပည့္ခဲ့ေပ။ လီေဆြ႔သည္ ထိုေသတမ္းစာကို ဦးေလးယြမ့္ဆီမွ ယူလိုက္သည့္အခါ သူ႔ႏွလုံးသားတစ္ခုလုံးေလးလံသြားသည့္အလား ခံစားလိုက္ရသည္။

ဦးေလးယြမ့္က တံခါးမွတိတ္တဆိတ္ျပန္ထြက္သြားကာ လီေဆြ႔ကို သီးသန္႔ေနခြင့္ေပးလိုက္သည္။ လီေဆြ႔တစ္ေယာက္တည္း ဆိုဖာေပၚထိုင္ရင္း အခ်ိန္အေတာ္ၾကာၾကာ သူ႔စိတ္ကိုသူျပင္ဆင္ၿပီးေနာက္ စာရြက္ကိုလွန္လိုက္သည္။

လုရွန္းက အရာရာတိုင္းကို လိုရင္းတိုရွင္းႏွင့္ ရွင္းလင္းတိက်စြာေရးသားခဲ့သည္။ လီေဆြ႔က စိတ္တည္ၿငိမ္ေအာင္ႀကိဳးစားကာ တစ္ေၾကာင္းၿပီးတစ္ေၾကာင္း ဆက္၍ဖတ္သြားသည္။ 'လုမိသားစု၏အိမ္ႏွင့္ တံု႔ယမ္း၏စုေပါင္းရွယ္ယာ ၄၀ ရာခိုင္ႏႈန္းကို လီေဆြ႔အားလႊဲေျပာင္းေပးရမည္' ဟူေသာ စာေၾကာင္းကို ျမင္လိုက္သည့္အခါမွာေတာ့ သူ႔မ်က္ရည္မ်ားကို ထိန္းမထားႏုိင္ေတာ့ေပ။ သူ႔အတြက္ လုရွန္းခ်န္ရစ္ခဲ့သည့္ စာရြက္ပါးေလးတစ္ရြက္ကိုကိုင္ကာ ငိုေၾကြးေလေတာ့သည္။

လီေဆြ႔သည္ကုမၸဏီ၌ အခက္အခဲတစ္ခုၿပီးတစ္ခု ရင္ဆိုင္ရေလသည္။ မေန႔ကလည္း တစ္ညလံုးမအိပ္ခဲ့ရေပ။ ထို႔ေၾကာင့္ အျပန္မွာေတာ့ ကားမွန္ကို မီွလ်က္ အျပင္ကိုသာ ေငးၾကည့္လာသည္။

လမ္းငယ္တစ္ခုဘက္မွ ျဖတ္သြားသည့္အခါ လီေဆြ႔သည္ ႏွင္းမ်ားဖုံးအုပ္ေနေသာ ထိုလမ္းကိုၾကည့္ရင္း ရုတ္တရက္ စိတ္ထဲခံစားခ်က္တမ်ိဳးဝင္လာ၏။

"ကားရပ္ေပးပါလား" သူ လွမ္းေျပာလိုက္သည္။

ဦးေလးယြမ့္က လီေဆြ႔ အသိတစ္ေယာက္ကိုမ်ား ေတြ႔လိုက္သလားေတြးမိၿပီး အလ်င္အျမန္ဘရိတ္အုပ္လိုက္သည္။ လီေဆြ႔ ထီးပင္မယူဘဲ ကားတံခါးဖြင့္၍ဆင္းသြားကာ လမ္းကူး၍ေလွ်ာက္သြား၏။

ခပ္ႏြမ္းႏြမ္း လွ်ပ္စစ္ပစၥည္းေရာင္းသည္ ဆိုင္ငယ္ေလးတစ္ဆိုင္ေရွ႕သို႔ ေရာက္လာသည္။ ဆိုင္းဘုတ္က ေဟာင္းႏြမ္းေန၏။ ၾကည့္ရံုႏွင့္ပင္ ဖ်က္သိမ္းေတာ့မည့္ဆိုင္ဟုပင္ ေျပာလို႔ရသည္။ ဆုိုင္ရွင္က ဆိုင္ပိတ္ေတာ့မည့္ပံုေပၚ၏။ သံတံခါးတစ္ဝက္က ပိတ္ထားႏွင့္ၿပီးသားျဖစ္သည္။ လီေဆြ႔သည္ ဆိုင္ေဘးနားမွာမတ္တပ္ရပ္လိုက္၏။ အထဲေတာ့ ဝင္သြားျခင္းမရွိဘဲ ခပ္လွမ္းလွမ္းမွ ေငးၾကည့္ေနသည္။

"တစ္ခုခုဝယ္ခ်င္လို႔လား"

ဦးေလးယြမ့္က ထီးယူၿပီး သူ႔အနားေရာက္လာခဲ့၏။

လီေဆြ႔ေခါင္းခါလိုက္သည္။ ဆိုင္ရွင္ ဝင္လိုက္ထြက္လိုက္ႏွင့္ ပစၥည္းမ်ားသိမ္းရင္း အလုပ္ရႈပ္ေနသည္ကို ၾကည့္ကာ လီေဆြ႔၏မ်က္လုံးမ်ားက ပို၍ပို၍ ခံစားခ်က္ေတြစို႔နင့္လာ၏။

"ႏွင္းေတြအရမ္းက်တဲ့ ေဆာင္းညတစ္ညရွိခဲ့တယ္ေလ"

လီေဆြ႔က ဆိုင္ေဟာင္းေလးကို ေငးၾကည့္ေနရင္းဆက္ေျပာ၏။

"ႏွင္းေတြအထပ္ထပ္က်ၿပီးေတာ့ လမ္းေပၚမွာ ႏွင္းဖတ္ေတြနဲ႔ ေခ်ာ္ေနတာ ... သူက ကြ်န္ေတာ့္ကိုေခၚၿပီး ဖုန္းလိုက္ဝယ္ေပးတယ္ ... ကြ်န္ေတာ္လမ္းကူးတဲ့အခ်ိန္ ေျခေခ်ာ္ေတာ့ သူက သူ႔လက္ကို ကမ္းေပးတယ္ ... သူ႔လက္ေတြက ေအးစက္ေနတာပဲ ... ဒါေပမယ့္ အဲ့ဒီလက္က ကြ်န္ေတာ္ထိေတြ႔ဖူးခဲ့သမွ်မွာ အေႏြးေထြးဆံုးပဲ"

ဦးေလးယြမ့္က တိတ္တဆိတ္ပဲနားေထာင္ေနသည္။ လီေဆြ႔က ေခါင္းငုံ႔ကာ အသက္ခပ္ျပင္းျပင္းရွဴရိႈက္လိုက္၏။

"ဦးေလးယြမ့္ ... ကြ်န္ေတာ္ဆံုးျဖတ္ခ်က္ခ်ၿပီးၿပီ ... အဲ့ဒီအတြက္ ကြ်န္ေတာ့္ကို ဦးေလးအျပစ္မျမင္ဖို႔ေမွ်ာ္လင့္တယ္"

ညေနပိုင္းမွာ အိမ္ျပန္မည့္အစား လီေဆြ႔ ေဆးရံုသို႔သာ တန္းသြားလိုက္သည္။ CCU အခန္းထဲတြင္ လုရွန္းကို ခဏမွ် အေဖာ္ျပဳေပးရင္း လုရွန္း၏နားထဲကို တစ္စံုတစ္ရာ တီးတိုးေျပာဆိုလိုက္၏။

သူ အခန္းအျပင္သို႔ ထြက္လာသည့္အခါ မ်က္လံုးအတြင္းမွ ၾကင္နာမႈမ်ားခ်က္ခ်င္းေပ်ာက္ကြယ္သြားကာ မ်က္ႏွာထားက တင္းမာခက္ထန္လာသည္။

သူ က်ီေရြ႕ကို ေမးလိုက္၏။

"ေမ့ေဆးဆရာဝန္ရွိေနေသးလား"

"အင္း ... သူ႔ကို ရဲလက္အပ္မွာလား"

"ဟင့္အင္း ... လႊတ္ေပးလိုက္ပါ"

က်ီေရြ႕ အ့ံၾသသြား၏။ လီေဆြ႔က ထပ္ေျပာလိုက္သည္။

"လႊတ္ေပးၿပီးေတာ့ လုပ္ၾကံမႈေအာင္ျမင္တယ္လို႔သာ လ်ိဳ႕ရွင္းထ်န္ဆီ သတင္းပို႔ခိုင္းလိုက္ပါ"

"မင္း လုပ္ခ်င္တာက"

လီေဆြ႔ သူ႔ကို ၾကည့္ရင္း ေျပာ၏။

"လုရွန္းအတြက္ ေသစာရင္းအတုတစ္ခုလုပ္မယ္"

ထိုဆံုးျဖတ္ခ်က္က က်ီေရြ႕ကိုသာမက ေဆးရံုအုပ္ေဒါက္တာလ်န္ကိုပါ အံ့ၾသသြားေစသည္။

"ေသခ်ာရဲ႕လား ... ေသမႈစစ္အရာရွိကို လာဘ္ထိုးရတာကလြယ္တယ္ ... ဒါေပမယ့္ ေသစာရင္းသြင္းလိုက္ရင္ ျပန္ဖ်က္ဖို႔က မဖ်က္ႏိုင္ဘူးေနာ္"

လီေဆြ႔လက္သီးက်စ္က်စ္ပါေအာင္ ဆုပ္ရင္း ေျဖလိုက္၏။

"လုပ္ေပးပါ"

ဆရာဝန္ႏွစ္ေယာက္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း ဘာမွမတတ္ႏိုင္ဘဲ သက္ျပင္းခ်လိုက္ရသည္။

"မနက္ျဖန္ညေန ... ကြ်န္ေတာ္ ေတာက္ယြမ္ကြ်န္းေပၚကိုသြားဖို႔ေလယာဥ္ကို တိတ္တဆိတ္ စီစဥ္ေပးမယ္ ... အဲ့ဒီမွာ စက္ကရိယာအျပည့္အဝရွိတယ္ ... ၿပီးေတာ့လုံျခံဳတယ္"

လီေဆြ႔ႏွင့္က်ီေရြ႔အတူ စၾကၤံမွာလမ္းေလွ်ာက္ရင္း သူ၏အစီအစဥ္မ်ားကို ေျပာျပေနသည္။

အျပင္ဘက္တြင္ ႏွင္းမ်ားရပ္တန္႔သြားေလၿပီ ... အျဖဴေရာင္ဖံုးလႊမ္းေနေသာ ျမင္ကြင္းျပင္ကို ေငးၾကည့္ရင္း က်ီေရြ႕သက္ျပင္းခ်ကာ ေခါင္းၿငိမ့္လိုက္၏။

"လီယြန္လည္း သူနဲ႔အတူ ခြဲစိတ္ဖို႔အဖြဲ႔ေခၚလာခဲ့လိမ့္မယ္ ... မနက္ျဖန္မနက္မတိုင္ခင္ သူတို႔အရင္ ေရာက္လာလိမ့္မယ္"

ထိုအစီအစဥ္ကို လီေဆြ႔ကိုယ္တိုင္စီစဥ္ခဲ့ျခင္းျဖစ္ေသာ္လည္း သူ႔မ်က္လံုးထဲမွာ စိတ္ပူပင္မႈ အေျမာက္အျမားကိုေတြ႔ေနရသည္။

"ကြ်န္ေတာ္မွန္းတာသာ မွန္ရင္ မနက္ျဖန္လုရွန္းဆံုးၿပီလို႔ ေၾကညာလိုက္တာနဲ႔ လ်ိဳ႕ရွင္းထ်န္က ကြ်န္ေတာ့္ကို အနီးကပ္ေစာင့္ၾကည့္ေနေတာ့မွာ ... ခြဲစိတ္မႈကို အေႏွာင့္အယွက္မျဖစ္ဖို႔ဆိုရင္ ေဒါက္တာကို အဲ့ဒီကိုေရာက္တာနဲ႔ ကြ်န္ေတာ္အဆက္အသြယ္မလုပ္ေတာ့မွ ျဖစ္မွာ"

"ဒီလိုလုပ္မယ္ဆို မင္းေရာအဆင္ေျပမွာလား  ... သူ႔အေျခအေနကို မေမးဘဲေနႏိုင္မွာလား"

ေအးလြန္း၍ လက္ဖဝါးႏွစ္ဖက္ကို ပြတ္သပ္ရင္း က်ီေရြ႕စေနာက္သလိုေျပာလိုက္သည္။

လီေဆြ႔တံု႔ဆိုင္းသြား၏။

"ကြ်န္ေတာ္ ..."

"ဒီလိုဆိုရင္ေရာ ... ခြဲစိတ္မႈၿပီးရင္ ငါမင္းကို ဖုန္းနံပါတ္သစ္နဲ႔ ေၾကညာတစ္ခုပို႔လို႔က္မယ္ ... အဆံုးသတ္မွာ 'ရပ္တန္႔လိုပါက Y ကို ႏွိပ္ပါလို႔'ပါရင္ ခြဲစိတ္မႈေအာင္ျမင္တယ္ ... 'N' ကို ႏွိပ္ပါ' ဆိုရင္ ခြဲစိတ္မႈ မေအာင္ျမင္ဘူး ... အဆင္ေျပမလား"

က်ီေရြ႕ကေမးလိုက္၏။

"ေက်းဇူးပါ" လီေဆြ႔ေျဖလိုက္သည္။

က်ီေရြ႕က လက္ခါျပလိုက္သည္။

"ခြဲစိတ္မႈေအာင္ျမင္တယ္ဆိုရင္ေတာင္ သိပ္မေပ်ာ္နဲ႔ဦး ... ခြဲစိတ္တာက ပထမဆံုးေက်ာ္ျဖတ္ရမယ့္ အခက္အခဲပဲ ... ခြဲစိတ္ၿပီးရင္ အေရးေပၚအေျခအေနကို ေက်ာ္လႊားဖို႔၂၄ နာရီၾကာေစာင့္ၾကည့္ဖို႔ လိုေသးတယ္ ... အဲ့ဒီ ၂၄ နာရီကို ေက်ာ္ျဖတ္ႏိုင္ၿပီဆိုရင္ေတာ့ အသက္အႏၲရာယ္က လံုးဝလြတ္ၿပီေပါ့"

လီေဆြ႔ေခါင္းငုံ႔ရင္း အတန္ၾကာတိတ္ဆိတ္ေနသည္။

"ေသြးလိုေသးလား"

က်ီေရြ႕က လွည့္ၾကည့္လိုက္ေတာ့ လီေဆြ႔ထပ္ေမး၏။

"ခြဲစိတ္ဖို႔အတြက္ ေသြးမလိုေတာ့ဘူးလား"

"ေသြးဘဏ္မွာ ေသြးအလုံအေလာက္ရွိတယ္ေလ"

"ကြ်န္ေတာ္သိတယ္" လီေဆြ႔က ခပ္တိုးတိုးေျပာလိုက္၏။

"ကြ်န္ေတာ္ ... ဒီတိုင္း ... ကြ်န္ေတာ့္နည္းကြ်န္ေတာ့္ဟန္နဲ႔ သူ႔ကို ခြန္အားေပးခ်င္လို႔ပါ"

က်ီေရြ႕သည္ လီေဆြ႔ကို ေငးၾကည့္ေနမိသည္။ လီေဆြ႔၏ပံုစံက သူ႕ေသြးကို ထုတ္မယူဖို႔သာ က်ီေရြ႕က ဆံုးျဖတ္လိုက္လွ်င္္ စိတ္ဓာတ္အပံုလိုက္က်ေတာ့မည့္အသြင္ျဖစ္ေနသည္။ ခဏေလာက္ေတြးၿပီးေနာက္မွာေတာ့ လိုက္ေလ်ာလိုက္ျခင္းသာ အေကာင္းဆံုးျဖစ္မည္။ ထိုသို႔ ေသြးထုတ္လိုက္လွ်င္ လီေဆြ႔တစ္ေယာက္ ရူးရူးႏွမ္းႏွမ္းေတြ ေလွ်ာက္လုပ္ဖို႔ ခြန္အား သိပ္က်န္ေတာ့မည္မဟုတ္ေပ။

"အဆင္ေျပရဲ႕လား"

သူနာျပဳက လီေဆြ႔ထံမွ ေသြးထုတ္ေနရင္း စိုးရိမ္စြာေမးလိုက္သည္။ သူ ေခါင္းၿငိမ့္လိုက္၏။

"ေျပပါတယ္"

လီေဆြ႔သည္ ပိုက္မွတစ္ဆင့္ နီေဆြးေသာ ေသြးမ်ား သူ႔ခႏၶာကိုယ္မွတစ္ဆင့္ ေသြးအိတ္ထဲစီးဆင္းသြားသည္ကို ၾကည့္ေနမိ၏။ ဘာေၾကာင့္ရယ္မသိ ထိုေသြးမ်ားက လုရွန္း၏ ခႏၶာကိုယ္အတြင္းသို႔ စီးဝင္သြားမည္ကို ေတြးလိုက္မိသည့္အခါ ရုတ္တရက္ ထူးဆန္းေသာခံစားခ်က္ကို ရရွိလိုက္သည္။ သူႏွင့္ လုရွန္းသည္ကား ေသြးသားေတာ္စပ္သူမ်ား မဟုတ္ေပမယ့္ တစ္ဦး၏ေသြးက တစ္ဦး၏ကိုယ္ထဲဝယ္ စီးဆင္းကာ အျပန္အလွန္ခ်ိတ္ဆက္ေနၾကဦးမည္ျဖစ္သည္။

သူနာျပဳက ေသြးထုတ္၍ၿပီးသည့္အခါ တစ္ခါသုံးေဆးပစၥည္းမ်ားကို လႊင့္ပစ္လိုက္သည္။ ထို႔ေနာက္ လီေဆြ႔ကို ခြန္အားျပန္ျပည့္ဖို႔ ႏို႔ခဲသၾကားလုံးမ်ားေပး၏။ က်ီေရြ႕က ထိုသူနာျပဳထြက္မသြားခင္ မွာလိုက္သည္။

"ဒါက သီးသန္႔အသံုးျပဳဖို႔ ထားထားမယ့္ေသြးအိတ္မို႔လို႔ သပ္သပ္အမွတ္အသားထားၿပီး ခြဲသိမ္းထားေပးပါ"

"ဟုတ္ကဲ့ပါ"

က်ီေရြ႕ျပန္လာေတာ့ လီေဆြ႔က ႏို႔ခဲခ်ိဳခ်ဥ္ကို မစားေသးဘဲ စိုက္ၾကည့္ေနသည္ကို ေတြ႔လိုက္၏။

"ေခါင္းမူးေနလို႔လား ... ဘာေတြစိတ္ကူးယဥ္ေနတာလဲ"

လီေဆြ႔က ေခါင္းခါရင္း ရွင္းျပ၏။

"လုရွန္းက အရင္ကတည္းက ကြ်န္ေတာ့္အတြက္ဆိုၿပီးေတာ့ ဒီလိုခ်ိဳခ်ဥ္မ်ိဳးေတြ ဝယ္ထားေပးတတ္တယ္ ... အိမ္မွာ ခ်ိဳခ်ဥ္နဲ႔ျပတ္တယ္ဆိုတာ မရွိသေလာက္ပဲ"

က်ီေရြ႔က ရယ္လိုက္ရင္းေျပာ၏။

"သူ သြားေတာင္မသြားရေသးဘူး မင္းက လြမ္းေနၿပီလား"

"ကြ်န္ေတာ္ ဒီတိုင္းသိခ်င္လို႔"

လီေဆြ႔က ခ်ိဳခ်ဥ္ကို ပါးစပ္ထဲထည့္လိုက္ရင္းေျပာ၏။

"ကြ်န္ေတာ္က အူေၾကာင္ေၾကာင္ကေလးတစ္ေယာက္ မဟုတ္ေတာ့တာ အသိသာႀကီးပဲေလ... လုရွန္းက ဘာလို႔ ဒီလိုလိုက္လုပ္ေပးေနေသးတာလဲ မသိဘူး... အစားအေသာက္ေရာ တျခားဟာေတြေရာ"

က်ီေရြ႕က သူ႔ကိုၾကည့္လိုက္ရင္း သိသာသည္ဟူေသာေလသံႏွင့္ေျပာ၏။

"ငါ့အထင္ေတာ့ မင္းဘယ္ေလာက္ပဲ အသက္ႀကီးႀကီး... ဘယ္ေလာက္ပဲသန္မာသန္မာ... သူ႔ႏွလုံးသားထဲမွာေတာ့ မင္းက အျမဲတမ္း သူခ်စ္ရတဲ့ ကေလးေလးတစ္ေယာက္ပဲေလ"

TBC


Continue Reading

You'll Also Like

1.8K 163 7
කරුමෙකට තියෙන්නේ පුතාලා තුන් දෙනාම නිවුන්නෝ! මූණේ හැඩේ , හමේ පාට විතරක් නෙවෙයි කොණ්ඩේ කපලා තියෙන විදිය පවා එක වගේ..ඒ හැමදේම සමාන වුණාට පෙනුමෙන් අඳුර...
10.9K 858 8
-Yunjae- -Uknow Yunho (TVXQ) & Hero Jaejoong ( JYJ from TVXQ ) - -Yaoi- -Angst Romance-
1M 165K 60
'ေသာက္က်ိဳးေတြ ခ်ီးလိုနည္း!! ကိုယ္ဖန္တီးထားတဲ့ ကိုယ့္ဇာတ္ေကာင္...တစ္နည္းအားျဖင့္ ငါ့သားက ငါ့ကိုႀကိဳက္တယ္ဆိုတာ ေယာင္လို႔ေတာင္မေတြးမိဘူး!! ဒင္းကဘယ္တုန္...
2.9M 381K 136
Title - You are in love with an Idiot《你却爱着一个傻逼》 Author - 水千丞 Shui Qian Cheng Type - Web Novel Chapters: 123 +2 extras + 100 Q&A Status: Ongoing Eng T...