True Martial World Book 13-14

By MinNanDar

5.1K 695 8

သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ( ရီယွမ်) Translator - Min Nandar More

C-181
C-182
C-183
C-184
C-185
C-186
C-187
C-188
C-189
C-190
C-191
C-192
C-193
C-194
C-195
C-196
C-197
C-199
C-200
C-201
C-202
C-203
C-204
205
C-206
C-207
C-208
C-209
C-210

C-198

149 22 0
By MinNanDar

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၉၈ A

“အိုး … အကြီးအကဲတွေကို သတင်းသွားပို့မလို့လား ။ ဘယ်လောက်ကြာမှာလဲ”  ရီယွမ်ကထိုသိုမေးလိုက်သည် ။

“အယ် နင်က ဘာဖြစ်လို့မေးတာလဲ”  ဝမ်က အနည်းငယ် အံ့သြသင့်သွားမိသည် ။ အချို့အကြီးအကဲများက နတ်ဘုရားဗဟိုမျှော်စင်တွင် ရှိနေကြသလို အချို့အကြီးအကဲများက တံခါးပိတ်ကျင့်ကြံနေကြသည် ။ သူမအတွက် အချိန်အနည်းငယ်တော့ ယူရမည်ပင် …။

“အင်း ကျွန်တော် လုပ်စရာတစ်ခုခုရှိလို့ပါ ။ ကျွန်တော် အခုသွားလို့ရမလား”

ရီယွမ်က ဒီနေရာမှာ အကြာကြီးစောင့်မနေချင်တော့ပေ ။ ထိပ်ပြောင်ကြီးချင်၏ စာမေးပွဲက တစ်လပြည့်နေပြီဆိုတာကို သူသိသည်။ ခုနှစ်ရက်ဆက်တိုက် ဆေးပင်ခူးမည်ဟု သူဆုံးဖြတ်ခဲ့သော်လည်း ယခုအခါတွင် ရှေးဦးမူလဆေးပင်ကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့သည်ဖြစ်ရာ နောက်အခွင့်အရေးတစ်ရပ်ကိုလည်း  သူလက်မလွှတ်လိုပေ ။

အနန္တနတ်ဘုရားခန်းမတွင် နှစ်နာရီခန့်ကျင့်ကြံရမည်ဆိုခြင်းက နဂါးအကြေးခွံတစ်ထောင်တန်ပေသည် ။ ရီယွမ်က နည်းနည်းလေးတောင် အထိခိုက်ပွန်းပဲ့မခံလိုပေ ။

“ဘာဖြစ်လို့လဲ”  ဝမ်က ရီယွမ်ကိုမေးလိုက်သည်။ ဒီလိုအချိန်မှာ ဆေးဦးမူလဆေးမြစ်ထက် ဘာကအရေးကြီးနေတာလဲ

ရီယွမ်က စမ်းသပ်ပွဲအကြောင်း ဝမ်ကို ရှင်းပြလိုက်သည်။

ထိုစကားများကို ကြားရသောအခါ ဝမ်၏ မျက်နှာက သုန်မှုန်သွားသည် ။ “အံမယ်လေးဟယ် နှစ်နာရီစာ ကျင့်ကြံမှုလောက်ကတော့ ငါလဲနင့်ကို ခွင့်ပေးနိုင်ပါတယ် ။ အခုအချိန်မှာ အကြီးအကဲတွေက နင့်ကိုတွေ့ချင်နေကြမှာ”

ရီယွမ်က ထိုစကားများကို ကြားရသောအခါ ထခုန်မတတ် ပျော်ရွှင်သွားမိသည်။

“ ကျေးဇူးပါ ဝမ်အစ်မရေ … ကျွန်တော်အရမ်းပျော်တာပဲ … လူများတွေ အရင်ကတည်းက ပြောကြတာရှိတယ် … ဝမ်အစ်မက လှတယ်တဲ့ … အခုအဲဒီကောလဟာလတွေက အမှန်ဆိုတာ ကျွန်တော်မယုံနိုင်ဘူး …. ဝမ်အစ်မက သူတို့ပြောတာထက်ကို ပိုလှနေတာ … ဒီလိုလုပ်ပါလား … ဝမ်အစ်မပေးတဲ့ အချိန်နှစ်နာရီလဲ အလဟသ မဖြစ်စေရပါဘူး ။ သင်တန်းဆရာချင်ပေးတဲ့ ဆုကိုလဲ လိုချင်သေးတယ်ဆိုတော့ တကယ်လို့ .. ဝမ်အစ်မသာ အကြီးအကဲတွေကို မေးပြီးတဲ့အခါ အကြီးအကဲတွေက ကျွန်တော့်ကို တွေ့ချင်တယ်ဆိုရင် ကျွန်တော် ချက်ချင်းလာတွေ့မှာပေါ့ ။ ပြီးတော့ ကျွန်တော်က လေ့ကျင့်ရေးကွင်းထဲမှာပဲရှိမှာ … အဲနေရာကနေ နတ်ဘုရားဗဟိုမျှော်စင်က နီးနီးလေးပဲဟာ ….ကျွန်တော် ချက်ချင်းလာခဲ့မှာပေါ့”

ရီယွမ်က နှစ်ဖက်ချွန်လုပ်တတ်သော ကလေးတစ်ယောက်ဟု မဆိုရပေ ။ ဝမ်၏ ဆုလာဘ်ကိုလဲ လက်ခံလိုက်သလို ချင်ထိပ်ပြောင်ကြီး၏ ဆုလာဘ်ကိုလည်း မလွဲချော်လိုပေ ။ ရီယွမ်က တစ်ချီထဲနှင့် လေးနာရီစာကျင့်ကြံရန်အတွက် လုံးပန်းနေခြင်းဖြစ်သည်။

ဝမ်က ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ဝမ်က ထိုကလေး ဒီမျှအထိ ဥာဏ်ပြေးလိမ့်မည်ဟု ထင်မထားခဲ့ချေ ။ အကယ်၍ အကြီးအကဲများက သူ့ကိုခေါ်တွေ့ချင်သည်ဆိုပါကလည်း သူမအနေနှင့် ရီယွမ်ကိုခေါ်ရန်အတွက် ရုံးကို တစ်ခေါက်ပြန်လာရဦးမည်ဖြစ်ရာ အကွာအဝေးကတော့ အတူတူပဲ ဖြစ်၏ ။

သို့သော် ရီယွမ်ကို ကျင့်ကြံရန်အတွက် အချိန်နှစ်နာရီပေးမည်ဟူသော စကားကိုတော့ သူမပြန်ရုတ်သိမ်း၍မရပေ ။ ရှေးဦးမူလ ဆေးပင်တစ်ပင်က အနန္တာနတ်ဘုရားခန်းမတွင် ကျင့်ကြံခြင်းထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိသည် မဟုတ်ပါလား ။

“ငါမင်းကို အချိန် ဆယ့်ငါးမိနစ်ပေးမယ် ။ မြန်မြန်ဆန်ဆန် ပြီးအောင်လုပ်ခဲ့” ဝမ်က ရီယွမ်ကို အစာမကြေသလို တစ်ချက်လှမ်းကြည့်လိုက်သည် ။ ရီယွမ်အနေနှင့် ဆေးပင်ခူးနိုင်မည် ဖြစ်သော်လည်း ဆယ့်ငါးမိနစ်အတွင်း ကနဦးမြှားကို ပစ်စိုက်နိုင်လိမ့်မည်မဟုတ်ဟု သူမက သူမ၏ အတွေ့အကြုံအရ ကြိုတင်တွက်ချက်ထားသည် ။ တစ်ခုခုမှာ အလွန်ထက်မြက်နေရင် တစ်နေရာရာမှာတော့ အားနည်းချက် ရှိရပေလိမ့်မည် ။

“ကျေးဇူးပါ ဝမ်အစ်မ” … ရီယွမ်က ဝမ်ကို တစ်ချက်ပြုံးပြလိုက်ကာ အနောက်သို့လှည့်ပြီး တစ်ဟုန်ထိုး ပြေးထွက်သွားလေတော့သည် ။

………………………….

ထိုအချိန်တွင် ထိုနေရာမှ ဆယ်မိုင်ခန့်အကွာအဝေးရှိ လေ့ကျင့်ရေးကွင်းပြင်ထက်တွင်တော့ ချင်ထိပ်ပြောင်ကြီးက စာမေးပွဲက လှုပ်ရှားအသက်ဝင်လျက် ရှိဆဲပင် ။

“ထိုးထည့်စမ်း … စိုက်အောင် ထိုးထည့်လိုက်ကြစမ်း …”

တောင့်တင်းသန်မာသော လူငယ်များက အားကြိုးမာန်တက် အော်ဟစ်အားပေးရင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ယှဉ်ပြိုင်နေကြသည်။

သန်မာထွားကျိုင်းသော လူငယ်တစ်ယောက်က ကနဦးမြားတံကြီးကိုကိုင်၍ မာန်အပြည့်သွင်းကာ တစ်ချက်ကြုံးဝါးလိုက်ပြီး ခရမ်းရောင်အဖြိုက်နက် သတ္တုနံရံကြီးရှိရာသို့ ထိုးစိုက်လိုက်လေ၏ ။

“ထန်း …”

သတ္တုချင်းထိခတ်သံများ ပေါ်ထွက်လာပြီး ကနဦးမြားတံက သတ္တုနံရံကြီးဆီသို့ မဝင်ချင်ဝင်ချင်ဖြင့် စိုက်ဝင်သွားလေ၏ ။

အနည်းငယ် မငြိမ်မသက် ဖြစ်နေသော်လည်း မြားကတော့ သတ္တုနံရံထဲတွင် စိုက်ဝင်နေပြီ ဖြစ်၏။

ယနေ့ စာမေးပွဲတွင်တော့ သင်တန်းသား ထက်ဝက်ကျော်မျှခန့်က ထိုနံရံကြီးထဲသို့ ကနဦးမြားကို ထိုးစိုက်နိုင်ခဲ့ကြသည်။

သူတို့၏ ရလာဒ်များက လွန်ခဲ့သော တစ်လခန့်ကနှင့် သိသိသာသာ ကွာခြားလာခဲ့သည်။

ထို့ပြင် ယခင်လက သူတို့အားလုံး အနန္တနတ်ဘုရားခန်းမထဲတွင် နှစ်နာရီခန့် လေ့ကျင်ပြီးသည်နှင့် တပြိုင်နက် ငါးကီလိုမီတာခန့်ဖားခုန်ဆက်တိုက်ခုန်ခဲ့ရခြင်းကြောင့် ခြေကုန်လက်ပမ်းကျနေခဲ့ကြသော်လည်း ယခုအခါတွင်တော့ သူတို့အားလုံး ယခင်ကနှင့်မတူ အားမာန်အပြည့်နှင့် ရွှင်လန်းတက်ကြွနေခဲ့ကြသည်။

“အစ်ကိုကျိုးခိုင် … အရမ်းတော်တယ် … ဒါက ဒုတိယမြောက် မြှားပဲနော် ” … လူငယ်တစ်ယောက်က အော်ဟစ်အားပေးလိုက်သည် ။ ကျိုးခိုင်အတွက် ပထမမြောက်မြားတံကို ထိုးစိုက်ရန်အတွက် အလွန်လွယ်ကူသော်လည်း ဒုတိယတစ်ခေါက်ကတော့ အတန်ငယ် ခက်ခဲ၏ ။

နောက်ထပ် တတိယမြောက်မြားတံသာဆိုပါက ကျိုးခိုင်အတွက်ော့ အသေအလဲ ရုန်းကန်ကြိုးစားရပေလိမ့်မည် ။

ထိုမြားကိုသာ သူထိုးစိုက်နီုင်ပါက အနန္တနတ်ဘုရားခန်းမထဲတွင် လေ့ကျင့်ရန်အတွက် အချိန် နှစ်နာရီရရှိမည်ဖြစ်ရာ သူသာ ထိုအခွင့်အရေးကို လက်လွှတ်လိုက်ပါက သူ့ထက်မိုက်သည့်လူ ရှိလိမ့်မည်ပင် မဟုတ်တော့ချေ ။

ထိုစဉ် ကျိုးခိုင်က အသက်ပြင်းပြင်းရူပြီး ကနဦးမြားကို ကောက်ကိုင်ရန်ဟန်ပြင်လိုက်စဉ် တစ်ယောက်ယောက်၏ အော်သံကို ကြားလိုက်ရသည် ။

“ ကြည့်စမ်း … ဟိုမှာ ရီယွမ်မဟုတ်လား” … ထိုစကားကို ကြားလိုက်ရသူများအကုန်လုံး အနောက်သို့လည်ပြန် လှည့်ကြည့်လိုက်ကြသည်။ ကျောင်းလေ့ကျင့်ရေးကွင်းရှိရာသို့ လျှောက်လာနေသော လီနင်အင်္ကျီနှင့် ကလေးတစ်ယောက်ကို သူတို့တွေ့လိုက်ရသည် ။

ထိုကလေးတစ်ကိုယ်လုံး ပေရေညစ်ပတ်နေပြီး ဆံပင်များကလည်း ဖွာလန်ကြဲလျက်ရှိသည် ။

ထိုအခြင်းအရာက ငရဲနတ်ဘုရားသစ်စေ့၏ ကောင်းမှုကြောင့်ပင် ။ စမ်းသပ်ပွဲအချိန်လည်း ကပ်နေသည့်အပြင် ဝမ်ကလဲ လော်ဆော်နေသောကြောင့် ထိုအမှိုက်သရိုက်များကို အဆောင်ပြန်ပြီး ရှင်းလင်းရန်အတွက် သူ့တွင်အချိန်မရှိပေ ။

“ဆေးပင်ခူးတာကနေ အခုမှ ပြန်လာတာလား”

ရီယွမ်ကို တွေ့လိုက်ရသောအခါ သင်တန်းဆရာချင်က မျက်မှောင်အသာ ကြုတ်လိုက်မိသည် ။ သို့သော် ရီယွမ်၏ သိုင်းအဆင့်တိုးတက်လာခြင်းကို သူသတိပြုလိုက်မိသည်။

ရီယွမ်က လွန်ခဲ့သော လက ခရမ်းရောင်သွေး စဦးအဆင့် သိုင်းသမားတစ်ယောက်ဖြစ်သော်လည်း ယခုအခါတွင်မူ အလယ်ဆင့်သို့ ရော်ရှိလာခဲ့ပြီ ဖြစ်၏။

“သင်တန်းဆရာချင် … သင်တန်းသား ရီယွမ် ရောက်ရှိကြောင်း သတင်းပို့ပါတယ်”  ရီယွမ်က ထိပ်ပြောင်ကြီးချင်ကို ရိုကျိုးစွာ နူတ်ဆက်လိုက်သည်။

“မင်းတစ်နာရီ နောက်ကျတယ်”  ချင်ထိပ်ပြောင်ကြီးက ရီယွမ်ကို မာန်မဲလိုက်သည်။

“တောင်းပန်ပါတယ် ဆရာ … ကျွန်တော် အစောပိုင်းတုန်းက ဆေးပင်ခူးနေလို့ ဒီကိုလာဖို့ နောက်ကျသွားတာပါ”  ရီယွမ်က ရှင်းပြရန် ကြိုးပမ်းလိုက်သည် ။

“ဝါး ..ဟား..ဟား…”

အနီးအနားရှိ သင်တန်းသားများ ဝါးလုံးကွဲ ရယ်ချလိုက်ကြသည် ။

“ဟားဟား … ရီယွမ် .. မင်းဒီနေ့ရောက်လာတာ အတော်ပဲ ။ ငါတို့ထပ်ပြိုင်ကျတာပေါ့ ။ ဒါက ငါ့ရဲ့တတိယမြောက်မြားနော်”

အစောပိုင်းက ရီယွမ်ကို မတွေ့နေရခြင်းအတွက် ကျိုးခိုင်က သိပ်ပြီး ဘဝင်မကျနေပေ ။ တစ်လအတွင်း သူ၏ စွမ်းအင်များ အနှေးအမြန် တိုးတက်လာခဲ့သည်ဖြစ်ရာ သူ၏ အစွမ်းကို အလွန် ထုတ်ပြချင်နေပေသည်။

သူ့အတွက်တော့ ရီယွမ်က မဟာပြိုင်ဘက်ကောင်း တစ်ယောက်ပင်

လွန်ခဲ့သော တစ်လက ရီယွမ်ကို သူအခါအခါ ရှုံးနိမ့်ခဲ့ရသည်။ ဒီနေ့က သူ၏ မျက်နှာကို ပြန်လည်အဖတ်ဆယ်နိုင်မည့် အခွင့်အရေးပင် ဖြစ်၏ ။

“သင်တန်းဆရာချင် … ကျွန်တော်က နောက်ကျပြီး အခုမှ ရောက်တယ်ဆိုတော့ စမ်းသပ်ပွဲမှာ ပါလို့ရဦးမလား”  ရီယွမ်က သနားစဖွယ်ဖြစ်အောင် လေသံပျော့လေးနှင့် လှမ်းမေးလိုက်သည် ။

သင်တန်းဆရာချင်က … “သွား … စလုပ်တော့ နတ်ဘုရားမြို့တော်ကို ဘာလာလုပ်သလဲဆိုတာ မမေ့ထားနဲ့” ဟု အေးစက်စွာ ပြောလိုက်သည်။

“ဟားဟား .. လာစမ်းပါ ။ ကျိုးခိုင်ကတော့ အတက်ကြွဆုံး လူသားပင် ဖြစ်၏ ။ ဟဲဟဲ .. ဘယ်လိုလဲ တစ်လလောက် ဆေးပင်ခူးလိုက်တာနဲ့ ဦးနှောက်အခန်းတွေ ပျက်သွားပြီလား … မင်း ခုနှစ်ရက်ဆက်တိုက် ဆေးပင်ခူးနေရတယ်လို့ ငါကြားပါတယ် ။ ဟင်းဟင်း … မင်းဘာဖြစ်လို့ အစောကြီး ပြန်လာတာလဲ”

ကျိုးခိုင်က ရီယွမ်ကို လှမ်းပြုံးပြလိုက်ပြီး သတ္တုနံရံကြီးဆီမှ ကနဦးမြားကို ချိုင်းအောင်လျှိုကာ ခက်ခက်ခဲခဲ ပြန်ဆွဲထုတ်နေရ၏ ။ ထိုမြှားတံက သူစောနကပစ်စိုက်ထားသော မြားတံနှစ်ခုမှ တစ်ခုပင် ဖြစ်၏။

သူ့အနေနှင့် မြားနှစ်ချောင်းကို ထိုးစိုက်နိုင်လိုက်သော်လည်း တစ်ချောင်းက သိပ်မခိုင်နေဘူးဟု ထင်ရသည်  ။ သို့သော် ကျိုးခိုင်ကတော့ ထိုအခြင်းအရာကို ဂုဏ်ယူနေဆဲပင် ။ လူအယောက်တစ်ရာကျော်ထဲတွင် သူက နှစ်စင်းမြှောက်မြားကို ပထမဆုံး ပစ်လိုက်နိုင်သည့်လူ မဟုတ်ပါလား …

ရီယွမ်က “အင်း ဟုတ်တယ် … ငါအချီကြီးပွသွားလို့ စောစောပြန်လာတာ …”

“ဘာ အချီကြီး ရတယ် ဟုတ်လား” ကျိုးခိုင်က မအောင့်အီးနိုင်တော့ဟန်ဖြင့် ဗိုက်ကိုနှိပ်ပြီး တဟားဟား အော်ရယ်ပစ်လိုက်သည် ။

“ဟုတ်ပြီးလေ … ဒီနေ့တော့ အချီကြီး ပွပေါက်တိုးတာက ဘာလဲဆိုတာ မင်းကို ငါပြရသေးတာပေါ့”

ကျိုးခိုင်က သူ၏ လက်သီးဆုပ်များကို ဆုပ်ချီဖြန့်ချီ အကြိမ်အနည်းငယ်လုပ်လိုက်သည် ။ လွန်ခဲ့သောလက သံတူကြီးကိုကိုင်ပြီး အကြိမ်ပေါင်းများစွာ ထုရိုက်ခဲ့ခြင်းကြောင့် သူ၏ လက်တွင် အသားမာများပါ တက်၍နေပြီ ဖြစ်သည်။  သို့သော် ကျိုးခိုင်က နာကျင်မှုကို အောင့်အီးသည်းခံပြီး သူ့အတွက်အကျိုးရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်။

သူ့ရဲ့အလုပ်က ယောကျာ်းကြီးများသာ ရွေးချယ်ကြသည့်အလုပ် ။ ဘယ်လိုဖြစ်လို့ မိန်းကလေးတွေလို ဆေးပင်ခူးတဲ့ကောင်က ငါနဲ့ ယှဉ်နိုင်မှာတုန်း ။

“မင်းအရင်မပစ်နဲ့ဥိး ။ ငါလဲ မင်းနဲ့တူတူပစ်မယ် ။ ငါတစ်ခြား အရေးကြီးတဲ့ ကိစ္စလေးတစ်ခုရှိလို့ လူတစ်ယောက်နဲ့ ချိန်းထားတာမို့လို့ ငါလဲ အလျင်လိုနေတယ်”

ရီယွမ်က ထိုသို့ပြောပြီးသည်နှင့် ကနဦးမြားတံကြီးများ ထည့်ထားသော သေတ္တာကြီး၏ အရှေ့တွင် ရပ်လိုက်သည် ။ ရီယွမ်၏ စကားများက ပုံမှန်သာ ဖြစ်သော်လည်း ကျိုးခိုင်က မျက်မှောင်အသာကြုတ်လိုက်မိသည် ။ ရီယွမ်ပြောစကားများအရ သူ့တွင် စာမေးပွဲထက် အရေးကြီးသည့် အရာတစ်ခု ရှိနေသေးပုံပေါ်၏။

ဒီမသာလေးက သူ့ကိုယ်သူ ဘာကောင်ထင်နေလဲ မသိဘူး … စာမေးပွဲကိုပစ်ပြီး သွားရအောင် သူတွေ့ချင်နေတဲ့လူက ဘယ်လောက်တောင်ကြီးကျယ်နေလို့လဲ …

ကျိုးခိုင်က သူ၏ ခါးကိုဆန့်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည် ။ ထို့နောက် ကိုယ်ကိုကွေးပြီး ကနဦးမြားတံကြီးကို ပိုက်ကိုင်လိုက်သည် ။ ဒီနေ့တော့ ပန်းပဲဖိုမှာ တစ်လတိတိဒုက္ခခံပြီး ငါဘယ်လောက်ထိ သန်မာလာသလဲဆိုတာ မင်းတို့ကို ပြရမယ် ။

ကျိုးခိုင်က မြင်းထိုင်ပုံစံ ထိုင်ချလိုက်သည် ။ သူ၏ ခြေနှစ်ဖက်လုံး မြေပေါ်တွင် အထိုင်ကျပြီးဆိုသည်နှင့် သူ၏ ကိုယ်ကို ဟန်ချက်ညီအောင်ထိန်းလိုက်ကာ သူ့တစ်ကိုယ်လုံးရှိ ခွန်အားများကို ပခုံးမှ တဆင့် လက်မောင်းဆီသို့ စီးဆင်းပို့လွှတ်စေလိုက်သည်။ 

သူ၏ ကြွက်သားများ ကျစ်လစ်ဖုကြွလာကြပြီး လက်မောင်းတစ်လျှောက် သွေးကြောကြီးများပင် ဖောင်းကြွလာခဲ့ကြသည် ။ ကနဦးမြားတံကြီးကို ကောက်ကိုင်ရန်အတွက် သူကိုယ်ကို အရှေ့သို့ ကိုင်းချလိုက်ရုံပဲရှိသေးသည် ။ ထန်း ဟူသော သတ္တုချင်းထိခတ်သံတစ်ရပ်ကို ကြားလိုက်ရပြီး သူရုတ်တရက် အသက်ရှုမှားသွားသည် ။

“ ဘာ … ဘာဖြစ်တာလဲ ”

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၉၈ B

ကျိုးခိုင်က အနောက်သို့လှည့်ကြည့်ရာ သူ၏ မျက်ဝန်းများ ပြူးကျယ်သွားခဲ့ရသည် ။ သူ့နောက်ရှိ အဖြိုင်နက်သတ္တုနံရံကြီးပေါ်တွင် ကနဦးမြားတံကြီးက စွဲမြဲစွာ စိုက်ဝင်လျက်ရှိသည်။ မြားအမြီးပိုင်းကတော့ လှုပ်ယမ်းနေဆဲပင် ။ မတည်မငြိမ်ဖြစ်နေခြင်းက မြားဦးက လုံလောက်အောင် မစိုက်ဝင်နိုင်ခြင်းကြောင့်မဟုတ်ပေ ။ ပစ်လွှတ်လိုက်သော အရှိန်က အရမ်းကို ပြင်းထန်လွန်သောကြောင့် မြားအမြီးပိုင်းက ခါယမ်းထွက်နေရခြင်း ဖြစ်သည် ။

မြားအမြီးပိုင်းလှုပ်ယမ်းတုန်ခါရာမှ ထွက်လာသည့်အသံကို အနီးရှိလူများအားလုံး ကောင်းစွာ ကြားလိုက်ရသည်။

ကနဦးမြားတံကြီး၏ ထိပ်ပိုင်း သုံးပေခန့်က နံရံကြီးထဲတွင် နစ်မြုပ်စိုက်ဝင်လျက်ရှိသည် ။
“ဘာ … ဘာကြီးလဲ ?”

ကျိုးခိုင် ကြက်သေသေသွားသည် ။ ရီယွမ်က ထိုမြားကို ပစ်လိုက်သည်တဲ့လား …

“ဘာဖြစ်လို့ အဲဒီလောက်ထိ မြန်ရတာလဲ” … ကနဦးမြားတံကို နံရံပေါ်တွင် ထိုးစိုက်နိုင်ရန်အတွက် အသက်ဆယ်ရှိုက်စာခန့် အချိန်ယူရန် သူလိုအပ်သည် ။ ထို့ပြင် မြားကိုမတင်ရန်အတွက် သူ၏ အားအင်များကို စုစည်းရန်အတွက်လည်း အချိန်အနည်းငယ် ယူရသေးသည် ။

သို့သော် ယခုတွင်တော့ မြားကို ကောက်ကိုင်ရန်အတွက် သူကိုယ်ကို ကွေးလိုက်ရုံပဲရှိသေးသည် ။ ရီယွမ်က ကနဦးမြားကြီးကို ပစ်လွှတ်လိုက်ပြီတဲ့လား …

အဲဒါတင် မပြီးသေး ရီယွမ်က ဒုတိယမြားကို ပစ်လွှတ်ရန်အတွက် ကနဦးမြားထည့်ထားသော သေတ္တာကြီးရှိရာသို့ ထပ်မံလျှောက်သွားပြန်နေပြီ ဖြစ်၏ ။

ရီယွမ်နံဘေးရှိ လူငယ်များကတော့ ထိုမြင်ကွင်းကို အစအဆုံးမြင်ရသည်ဖြစ်ရာ ပါးစပ်အဟောင်းသားနှင့် မှင်တက်နေမိသည် ။ ရီယွမ်က ထိုကနဦးမြားတံကြီးကို လက်နှစ်ဖက်ဖြင့် အသုံးပြုပြီး တုတ်သေးသေးလေးတစ်ချောင်းကဲ့သို့ မတင်လိုက်သည်ကို သူတို့ အတိုင်းသား တွေ့နေရသည် ။

ထို့နောက် ထိုမြားတံကြီးကို ကိုင်ကာ ခရမ်းရောင်အဖြိုင်နက် သတ္တုနံရံထဲရှိရာသို့ တိုးဝင်သွားပြီး အသားများ သီသည့် အကင်တံတစ်ချောင်းလို စွပ်ခနဲ ထိုးစိုက်ထည့်လိုက်သည်ကိုလည်း သူတို့မြင်နေရသည် ။

အစမှအဆုံးထိ ရီယွမ်က တစ်ချက်မျှ မယိမ်းယိုင်သွားခဲ့ပေ ။

ခိုင်မြဲတယ် … လျှင်မြန်တယ် … အားအပြည့်ပါဝင်တယ် ။

လူအများကတော့ ယခုချိန်ထိ ကြောင်အမ်းအမ်း ဖြစ်နေကြဆဲပင် ။ ရီယွမ်က ဒုတိယမြောက်မြားတံကိုပါ ကောက်ကိုင်လိုက်ပြန်ပြီ ဖြစ်၏။

ရီယွမ်၏ စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲတွင် ပြင်းထန်အားကောင်းစွာ စီးဆင်းနေကြသလို ခရမ်းရောင် ကောင်းကင်ဂျင်စင်းမှ စုပ်ယူထားသော စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲတွင် စွမ်းအင်အနွေးလှိုင်းလေးတစ်ခုပမာ စီးဆင်းနေကြသည်။

ခရမ်းရောင်သွေး အလယ်ဆင့်သို့ ရောက်ရှိသွားခဲ့ခြင်းကြောင့် ကနဦးမြှားတံတစ်ချောင်းကို မောပန်းနွမ်းနယ်ခြင်းမရှိပဲ အသာလေး ထိုးစိုက်နိုင်လိုက်သည် ။ သူအနေဖြင့် ပိုပြီးတော့တောင် စိတ်အားတက်ကြွလာသေးသည် ။

သူ့တစ်ကိုယ်လုံးရှိ စွမ်းအင်များကို ထုတ်သုံးရသည့်အခါ ခရမ်းရောင်ကောင်းကင်ဂျင်စင်းမှ သူစုပ်ယူခဲ့သော စွမ်းအင်များက သူ့ကို ဇက်ကြိုးမရှိသော အထိမ်းအကွပ်မဲ့သည့် မြင်းရိုင်းတစ်ကောင်ပမာ ခံစားရစေသည်။

သူ၏ ကျင့်ကြံမှုနှင့် စွမ်းအင်များကို ထိန်းကျောင်းနိုင်ရန်အတွက် ရီယွမ်က နဂါးနံရိုး ကျားအရိုးသိုင်းကိုသာ အသုံးပြုခဲ့သည် ။ သို့သော် ယခုအခါတွင်တော့ ထိုနည်းလမ်းက သိပ်ပြီးအရာမရောက်နေဘူးဆိုတာ ရီယွမ်ခံစားမိလိုက်သည်။

ရှေးဦးမူလ ဆေးပင်၏ အစွမ်းအာနိသင်များက အလွန်တရာမှ အားကောင်းပြင်းထန်လွန်းကြသည်။ ထို့ပြင် နဂါးနံရိုး ကျားအရိုးသိုင်းက ခရမ်းရောင်သွေး အောက်ဆင့် သိုင်းသမားများအတွက် ဖြစ်ရာ …. သူ၏ စွမ်းအင်များနှင့် လုံးဝ မအပ်စပ်ပေ ။

ရီယွမ် ရုတ်တရက် တုံ့ခနဲရပ်လိုက်သည်နှင့် လူအုပ်ကြီးက တိခနဲ တိတ်ကျသွားသည် ။

ကနဦးမြားတံကြီးကို မတင်ရန် အလွန် ခက်ခဲသည် ။ ကနဦးမြားတံ၏ အလေးချိန်ကြောင့် လက်မောင်းရိုးများ ကျိုးကြေသွားမတတ် ခံစားရသည်။ ထိုအချိန်တွင် မည်သူမဆို စွမ်းအင်ချွေတာသည့်အနေဖြင့် ထိုမြှားတံကြီးကို သတ္တုနံရံရှိရာသို့ အလျှင်အမြန် ထိုးစိုက်လိုက်မည်ပဲ ဖြစ်သည်။

ရီယွမ်လိုမျိုး မြားတံကြီးကိုင်ပြီး မည်သူမျှ ငိုင်ပြီး ရပ်နေကြမည်မဟုတ်ပေ ။ ထိုအရာက ရူးမိုက်သော လုပ်ရပ်တစ်ခုပင် ဖြစ်သည် ။

အဲဒါကတော့ တော်တော်လေး ကြမ်းသွားပြီ ။

လူအများက ထိုသို့တွေးတောနေကြစဉ်အတွင်းမှာပင် ရီယွမ်၏ မျက်နှာက ဖျတ်ခနဲ ရွှင်ပြသွားပြီး ကနဦးမြားတံကြီးကို ကိုင်ကာ ခရမ်းရောင်အဖြိုင်နက် သတ္တုနံရံကြီးရှိရာသို့ တိုးဝင်သွားလိုက်ပြန်သည်။ 

“ထန်း..”

ဒုတိယအကြိမ် ကျယ်လောင်သော အသံတစ်သံထွက်လာပြီးနောက် ကနဦးမြားတံကြီးက သတ္တုနံရံပေါ်တွင် စွဲမြဲစွာ စိုက်ဝင်သွားခဲ့သည်။

ယခုအခါတွင်တော့ မြားခေါင်းက နံရံအတွင်းသို့ သုံးပေကျော်ခန့် နစ်ဝင်သွားသည့်အပြင် မြားးအမြီးပိုင်းကလဲ လှုပ်ယမ်းလျက်ရှိသည် ။

မနီးမဝေးတွင် ကြည့်နေသော ချင်ထိပ်ပြောင်ကြီးသည်ပင် ထိုမြင်ကွင်းကို ကြည့်ကာ ကြက်သေသေနေမိသည် ။

“ဒီကလေး ဘာလုပ်လိုက်တာလဲ”

သူတစ်လလုံးလုံး ဆေးပင်ခူးနေတာ မဟုတ်ဘူးလား ။ သူ့ခွန်အားတွေက အဲဒီလောက်ထိ မြန်မြန်ဆန်ဆန် တိုးတက်လာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ။ ခရမ်းရောင်သွေး အလယ်ဆင့်အထိ တိုးတက်လာခဲ့သည် မှန်သော်လည်း ခရမ်းရောင်သွေး စဦးအဆင့်နှင့် အလယ်ဆင့်က သိပ်ပြီးကွာဟချက်မရှိပေ ။ ဒီလောက်အထိ အားကောင်းလာနိုင်စရာ မရှိပေ ။

ချင်ထိပ်ပြောင်ကြီး၏ ကျင့်ကြံမှုအဆင့်က လူသားသခင်တစ်ယောက် ဖြစ်သော်လည်း ရီယွမ်ကို ကြည့်ပြီး မည်သည့်သဲလွန်စမှ ရှာမရပေ ။

ဒုတိယမြောက် မြားကိုလည်း အလွယ်လေး ပစ်လိုက်နိုင်တာပဲလား ..

တပ်သားသစ်များ၏ ရင်ဘတ်များက တဆတ်ဆတ် တုန်ရီနေပေသည် ။ ရီယွမ်နှင့် သူတို့အကြား ကွာဟချက်များက ယခင်ကထက် ပိုပြီးတော့တောင် ကြီးမားလာသေးသည် ။

ရီယွမ်က နူတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး အလွန်ပျော်ရွှင်နေသည့်ဟန် ပေါ်လွင်နေသည် ။ ဟင်းဟင်း နဂါးအကြေးခွံတစ်ထောင်ရှာရတာ တော်တော်လွယ်တာပဲ …

ရီယွမ်က သူ၏ လက်ကောက်ဝတ်များကို လှုပ်ယမ်းလိုက်သည် ။ ထို့နောက် ချက်ချင်းပင် ကိုယ်ကို အရှေ့သို့ကိုင်းညွှတ်ကာ ကနဦးမြားကို ကောက်ကိုင်လိုက်ပြန်သည် ။

အသက်တစ်ရှိုက်မျှပင် မရှုပဲ တစ်ခါထဲနှင့် အဆုံးထိ လုပ်ချသွားသည် ။

“နောက်တစ်ခေါက် .. ကျား …”

ရီယွမ်၏ လက်နှစ်ဖက်က ကနဦးမြားတံကြီးကို ခိုင်မြဲစွာ မတင်လိုက်ပြန်သည် ။

သူ့ကိုယ်တွင်းရှိ စွမ်းအင်စီးကြောင်းများက သိပ်ပြီးစည်းချက်မညီနေဘူးဆိုတာ ရီယွမ်ကသိလိုက်သည် ။ သို့သော် ထိုအခြင်းအရာက သူ၏ ပေါက်ကွဲနိုင်မှုစွမ်းရည်ကို အဟန့်အတား မဖြစ်စေပေ ။

ရီယွမ်၏ ကိုယ်တွင်းရှိ ရှေးဦးမူလ ဆေးပင်၏ စွမ်းအင်များက သူ၏ သွေးကြောထဲတွင် အရှိန်ပြင်းပြင်းဖြင့် လှည့်ပတ်စီးဆင်းနေကြပြီး သူ့တစ်ကိုယ်လုံး အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် မီးတောင်တစ်ခုအလား ထင်နေရသည် ။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအင်များ အလွန်ပြည့်လျှံကာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ပေါက်ကွဲလွှတ်ထုတ်ရန်အတွက် သူလုံးဝ မစောင့်နိုင်တော့ပေ ။

ကနဦးမြားတံကြီးကို လက်တွင်ကိုင်ထားပြီး သူ၏ ရှိသမျှအားအင်များအားလုံးကို လက်မောင်းမှတဆင့် ထိုမြှားတံထဲသို့ ထိုးထည့်လိုက်သည် ။

“ထန်း”

နားကွဲမတတ် ဆူညံစွာ ထွက်ပေါ်လာသော အသံကြီးက ကောင်းကင်ဘုံထိတိုင်အောင် မြည်ဟီးသွားသည်ဟု ထင်ရစေသည် ။

ခရမ်းရောင် အဖြိုက်နက် သတ္တုနံရံကြီးသည်ပင် အနည်းငယ် လှုပ်ခါ သွားခဲ့ရသည် ။ ကနဦးမြားကြီးက နံရံထဲသို့ အတိအကျ စိုက်ဝင်သွားပြီး ထိုးစိုက်လိုက်သော ပြင်းအားများကြောင့် မြားအမြီးပိုင်းတစ်ခုလုံး လှုပ်ယမ်းနေရာ အရိပ်လေးများအဖြစ်သာ မြင်နေရသည် ။

ရီယွမ်၏ မြားတံက နံရံထဲသို့ လေးပေကျော်ကျော်ခန့် စိုက်ဝင်သွားခဲ့ခြင်းပင် ဖြစ်သည်။

လွန်ခဲ့သော မြားနှစ်ချောင်းနှင့် ယှဉ်ကြည့်လိုက်ပါက ဒီတစ်ခေါက်က နှစ်ဆခန့်အားကောင်းသည်ဟု ဆိုရပေလိမ့်မည် ။

လူငယ်အားလုံး ကျောက်ရုပ်ဖြစ်သွားမိသည် ။ အဲဒါ …. ဘယ်လို ခွန်အားမျိုးလဲ

“ဖြစ် … ဖြစ်နိုင်ပါ့မလား”

သူတို့အရှေ့မှာ ရှိနေသည့် ရီယွမ်ဆိုသည့် ကလေးက စွန့်ပစ်သားရဲတွေနဲ့များ စပ်မွေးထားသလား အောက်မေ့ရသည် ။

ကျိုးခိုင်ကတော့ မူးနောက်နောက် ဖြစ်နေသည် ။ ယခင်က သူတွေးခဲ့ဖူးသော အတွေးများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည် ။ ကြွက်သားများ တောင့်တင်းသန်မာအောင်လုပ်ပြီး ရီယွမ်ထက် သာလွန်အောင် လုပ်ပြမည် ဆိုသော သူ၏ စိတ်ကူးက ယခုတော့ ဟာသတစ်ပုဒ် သာသာပဲရှိသည် ။

“ဒင်းက  … ဆေးပင် ခူး .. ခူးနေတာ မဟုတ်ဘူးလား”

“ဆေးပင်ခူးရုံနဲ့ အဲဒီလောက်ထိ သန်မာလာတယ်တဲ့လား”

သူတို့အုပ်စုထဲတွင် သင်တန်းသားအများစုက သတ္တုများထုရိုက်ပြီး ပုံသွင်းသည့်အလုပ်လုပ်ကြသလို အခြားသူများကလည်း လက်ရည်စမ်းဖော်အဖြစ် ရွေးချယ်လုပ်ကိုင်ခဲ့ကြသည်။ ပေါင်တူကြီးကို အကြိမ်ပေါင်းများစွာ ကိုင်မြှောက်ပြီး ထုရိုက်ရသည့်အတွက် သူတို့၏ ကြွက်သားများက အလွန်အမင်း မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲခဲ့ရသည် ။ တချို့ကလည်း ထိုအတိုင်းပင် …. လက်ရည်စမ်းဖော်အဖြစ် အကြိမ်ပေါင်းများစွာ ထုထောင်းခံပြီး ဒုက္ခပေါင်းများစွာ ခါးစီးခံခဲ့ရသည် ။

ထိုကဲ့သို့သော ခက်ခဲကြမ်းတမ်းသည့် အခြေအနေမှာပင် နဂါးအကြေးခွံများရရန် ခက်ခက်ခဲခဲ စုဆောင်းခဲ့ရသည် ။ ထိုနဂါးအကြေးခွံများဖြင့် ပြသာဒ်တစ်သောင်း မှော်ဈေးတန်းကြီးတွင် ရောင်းချသော ဆေးရည်များ စွမ်းအင်အားဖြည့်ဆေးများ ဝယ်ယူစားသုံးခဲ့ရသည် ။ တိုင်အီနတ်ဘုရားမြို့တော်ရှိ ဆေးများက သူတို့အိမ်တွင် စားခဲ့ရသော ဆေးများထက် အဆပေါင်းများစွာ အစွမ်းထက်သည် ။

သူတို့အားလုံး ကိုယ်စီ တိုးတက်ခဲ့သော်လည်း  ရီယွမ်၏ အံ့မခန်း တိုးတက်နှုန်းနှင့် နှိုင်းယှဉ်ပါက ဘာမှ မဟုတ်တော့ပေ ။

“ဘာဖြစ်လို့ မင်းခွန်အားတွေ ဒီလောက်ထိ တိုးတက်လာရတာလဲ …  ဘယ်လို ဖြစ်နိုင်မှာလဲ” ကျိုးခိုင်ကတော့ လုံးဝ မယုံကြည်နိုင်ပေ ။

ရီယွမ်က အသာအယာ ပြုံးလိုက်သည် ။ လွန်ခဲ့သောလက တစ်လလုံးလုံး အလေးချိန် ၂၀၀ ကော်ဒရွှန်ကို ဝတ်ပြီး ဆေးပင်ခူးရင်းနှင့် သူ၏ ခွန်အားနှင့် လှုပ်ရှားမှုများကို စဉ်ဆက်မပြတ်လေ့ကျင့်ခဲ့သည် မဟုတ်ပါလား …  ညဘက်ရောက်သည်နှင့် တရားထိုင်ပြီး မိုးလင်းအထိ စွမ်းအင်ကျင့်ကြံခဲ့သည့်အတွက် ခုတင်ပေါ်တွင် တစ်ခါမှ မအိပ်စက်ခဲ့ဖူးပေ ။

တိုင်အီနတ်ဘုရားမြို့တော်တွင် အိပ်စက်ခြင်းက အပိုအလုပ်တစ်ခုပင် ။ တရားထိုင်ခြင်းဖြင့် သူ၏ စွမ်းအင်အဆင့်ကို အနားယူနေစဉ်အတွင်း တဖြည်းဖြည်းချင်း တိုးမြင့်အောင် မြှင့်တင်နိုင်သည် မဟုတ်ပါလား …

ခရမ်းရောင်ဂျင်စင်းကို ဖမ်းယူရန်အတွက် ရီယွမ်က လှည့်ကွက်မျိုးစုံနှင့် သူ၏ စွမ်းအင်များအကုန်လုံးကို ပုံအောစိုက်ထုတ်ပြီး အသေအလဲ ကြိုးစားရုန်းကန်ခဲ့ရသည် ။ အောင်မြင်ရန်အတွက် အခွင့်အရေး တစ်ထောင်ပုံတစ်ပုံအထိ နည်းပါးသော်လည်း ရီယွမ်က လုံးဝ ဇွဲမလျှော့ပဲ ရသည့်အခွင့်အရေးကို ကောင်းစွာ အသုံးချခဲ့သည် ။

ထိုကဲ့သို့သော လုပ်ရပ်က သာမန် တူကိုင် ၊ အထုထောင်းခံ လူသားများနှင့် အဘယ်သို့ နှိုင်းယှဉ်နိုင်လိမ့်မည်နည်း ။

သို့သော်လည်း ရီယွမ်က ထိုအကြောင်းအရာများကို လုံးဝ ထုတ်ဖော်မပြောပေ ။

ရီယွမ်က ခပ်သဲ့သဲ့ ရယ်လိုက်ပြီး ကျိုးခိုင်ကို မထီတရီကြည့်လိုက်သည် ။

“အင်း … အဲဒါက ဘာဖြစ်လို့လဲ …. ဆို … တော့ ….

ရီယွမ်က လူအများပိုပြီး သိချင်စိတ်ပြင်းပြလာစေရန်အတွက် သူ၏ စကားများကို ဆွဲဆန့်ထားလိုက်သည် ။ နောက်ဆုံးတွင်တော့ တစ်လုံးချင်း ပီသစွာ ပြောချလိုက်လေတော့သည် ။

“ကံ … ကောင်း …လို့ ! ”

ကျိုးခိုင် ဒေါသထွက်လွန်း၍ သွေးအန်မတတ်ဖြစ်နေချေပြီ ။ ရီယွမ်က သူ့ကို မခံချင်အောင် သက်သက်နောက်ပြောင်ပြောနေခြင်း ဖြစ်မည်ဟုပဲ သူထင်သည် ။ တစ်လလုံးလုံး သူအလုပ်ကြိုးစားခဲ့ရသမျှ ရီယွမ်၏ ကံကောင်းလို့ ဟူသော စကားသုံးလုံးထဲအောက်တွင် အဖတ်ဆယ်မရအောင် စုတ်ပြတ်သတ်သွားခဲ့ရသည် ။

ကျိုးခိုင်ကတော့ ဒေါသခြောင်းခြောင်းထွက်နေပြီ ဖြစ်၏ ။ ရီယွမ်နှင့် သူ့အကြားက ကွာဟချက်များကို လျစ်လျူရှုလိုက်ပြီး ရင့်သီးစွာ မေးလိုက်သည် ။

“ငါ့ကို အရူးလာမလုပ်နေနဲ့ … မင်းကံကောင်းတယ်ဆိုတာက ဘာလဲ … မင်းလုပ်တဲ့အလုပ်က မိန်းကလေးတွေလုပ်တဲ့ ဆေးပင်ခူးတဲ့အလုပ် ၊ တစ်နေကုန် ပေါက်တတ်ကရတွေလုပ်နေရုံနဲ့ ဘယ်လိုလုပ် ခွန်အားတွေ တိုးလာမှာလဲ ၊ မင်း ဘယ်လိုလုပ်….”

ကျိုးခိုင်၏ စကားမဆုံးသေးချင်မှာပင် အနက်ရောင်ဝတ်ရုံရှည်များကို ဝတ်ဆင်ထားသော လူတစ်စုက လေ့ကျင့်ရေးကွင်း ထောင့်စွန်းမှ အထဲသို့ လျှောက်ဝင်လာကြသည်။

ထိုလူများက ဝတ်စားဆင်ယင်ပုံက ထူးဆန်းသည်။ သူတို့ကိုကြည့်ရသည်မှာ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသလို ခံစားခဲ့ရသည်။ သူတို့အားလုံး နှေးနှေးမှန်မှန်သာ လျှောက်လာနေကြသော်လည်း ခြေလှမ်းတစ်လှမ်းနှင့် တစ်လှမ်းအကွာအဝေးက ညီညာတိကျလှသည် ။ နောက်ဆုံးတွင် ထိုလူအုပ်စုက လေ့ကျင့်ရေးကွင်း အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့ကြသည် ။

ထိုအထဲတွင် ဆေးပင်ဌာနမှူးဖြစ်သော ဝမ်သည်လည်း ပါဝင်သည် ။ သူမက ထိုလူကြီးများ၏ နောက်မှ ရိုကျိုးစွာ လိုက်ပါလာခဲ့သည် ။ မည်သူ့ကိုမှ အထင်မကြီး အဖက်မလုပ်ပဲ မောက်မာပြီး အပေါက်ဆိုးသည့် ဝမ်က ယခုအခါတွင်တော့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသည့်နယ် ဖြစ်နေသည် ။ သူမအရှေ့တွင် ရှိနေသည့် လူကြီးများက အတော့်ကို အရေးပါအရာရောက်မည့် လူများဆိုသည်က အသိအသာပင် ။

ထိုလူများကို တွေ့လိုက်ရသည့်အခါ သင်တန်းဆရာချင်၏ အမူအရာက တည်ကြည်လေးနက်သွားသည် ။ အနောက်သို့ပစ်ထားသည့် လက်နှစ်ဖက်ကို အောက်သို့ချပြီး ပြန်ပြင်လိုက်သည် ။

“အရေးပိုင်တရားမင်းကြီး” ချင်ထိပ်ပြောင်ကြီးက ထိုလူကြီးကို ဦးညွတ်အရိုအသေပေးလိုက်သည်။ တိုင်အီမြို့တော်တွင် ထိုလူကြီးက သူ့ထက်ပိုပြီး ရာထူးမြင့်မားသည် ။

“အရေးပိုင်တရားလူကြီး”

လူငယ်အားလုံး အံ့သြသင့်သွားကြသည် ။ အရေးပိုင် တရားလူကြီး က ဘယ်လို ရာထူးလဲဆိုတာ သူတို့မသိကြပေ ။

အနက်ရောင်ဝတ်ရုံကို ခေါင်းမြီးခြုံဝတ်ဆင်ထားသည့် လူကြီးများ၏ သိုင်းအဆင့်ကို မခန့်မှန်းနိုင်သော်လည်း သူတို့ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါများက သူတို့ကြုံတွေ့ဖူးကြသည်ထက် အဆပေါင်းများစွာ အားကောင်းပြင်းထန်လွန်းလှသည် ။

ချင်ထိပ်ပြောင်ကြီးသည်ပင် တလေးတစား ဆက်ဆံနေရသည် မဟုတ်ပါလား …။

သင်တန်းသားများအားလုံး ရုတ်ခနဲ သတိပြန်ဝင်လာကြပြီး သတိအနေအထားဖြင့် အကဲခတ်နေလိုက်ကြသည် ။ ချင်ထိပ်ပြောင်ကြီးသည်လည်း အနည်းငယ်စိတ်ရှုပ်ထွေးသွားမိသည် ။ အရေးပိုင်တရားလူကြီးမင်းက ဘာဖြစ်လို့ နတ်ဘုရားဗဟိုမျှော်စင်ကနေ ဆင်းလာပြီး တပ်သားသစ် လေ့ကျင့်ရေးကွင်းထဲကို လာရတာလဲ ။

ခေါင်းစွပ်အနက်ခြုံထားသည့် လူအုပ်ကြီးထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသည့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က သူ၏ ခေါင်းစွပ်ကို ဆွဲချွတ်လိုက်သည် ။ သူ၏ မျက်နှာထက်တွင် အမာရွတ်များက မျဉ်းပြိုင်သဖွယ် အတန်းလိုက် တည်ရှိနေကြသည် ။ ထိုအစင်းကြောင်းများက စွန့်ပစ်သားရဲကောင်များ၏ လက်သည်းရာနှင့်ပင် ခပ်ဆင်ဆင်တူသည် ။

ထိုလူကြီးက လူအုပ်ကြီးရှိရာဘက်သို့ တစ်ချက်သိမ်းကြုံးကြည့်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည် ။

“ရီယွမ်ဆိုတာ ဘယ်သူလဲ ?”

Continue Reading

You'll Also Like

20.9K 318 9
This story is based on village story with lots of smut...
52.3K 1.3K 186
Disclaimer : This is not my story. No plagiarism intended. The credit goes to original author. ◆◇◆◇◆◇◆◇ The entire Yunzhou knew that the Ye Family h...
235K 9.3K 31
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
40.7K 623 16
DELULU & GUILT PLEASURE