C-187

159 23 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၈၇

တိုင်အီနတ်ဘုရားမြို့တော်တွင် မြှားပညာလေ့ကျင့်ရန်အတွက် မြှားပစ်ကွင်း သီးသန့်ရှိသည် ။ ရီယွမ်က ထိုနေရာသို့ ရောက်လာသောအခါ လူအနည်းငယ်ကို တွေ့လိုက်ရသည် ။

မြှားပစ်ကွင်းက ထောင့်မှန်စတုဂံပုံရှိကာ အလျား မီတာ သုံးထောင်ခန့်ရှည်ပြီး အနံ မီတာ သုံးရာခန့် ကျယ်ဝန်းသည် ။ အစွန်းတစ်ဖက်တွင်တော့ မြှားသမားများ အစီအရီ ရှိနေကြပြီး နောက်အစွန်းတစ်ဖက်တွင်တော့ ပစ်မှတ်များကို အရံသင့်ထား ထားကြသည် ။

ထိုပစ်မှတ် ဘုတ်များက ရီယွမ်တွေ့ခဲ့ဖူးသော ခရမ်းရောင်အဖြိုက်နက် သတ္တုနံရံမှ သတ္တုများနှင့် အတူတူပဲ ဖြစ်ပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်း အလွန်ကောင်းကြသည် ။

အပါးဆုံးပစ်မှတ်သည်ပင် တစ်ပေခွဲခန့် အထူရှိပြီး အထူဆုံးပစ်မှတ်က ခြောက်ပေကျော်ခန့် ရှည်သည် ။ ထိုအထူဆုံးနံရံကြီးနှင့် နှိုင်းယှဉ်လိုက်ပါက ရီယွမ် တွေ့ခဲ့သော ခရမ်းရောင်အဖြိုင်နက် သတ္တုနံရံကြီးက ရယ်စရာ တစ်ခုသာသာ ဖြစ်သွားခဲ့ရသည် ၊

ထိုပစ်မှတ်များကို ဧရာမ သံတောက်တိုင်ကြီးများဖြင့် မြေပေါ်တွင် စိုက်ထူထားသည်က အံ့သြသင့်ဖွယ်ရာပင် ။

ရီယွမ်က ပစ်မှတ်ကို တွေ့လိုက်သောအခါ ပင့်သက်အေးတစ်ချက် ရှိုက်လိုက်မိသည် ။

ပစ်မှတ်အလယ်ရှိ အဝိုင်းက အတွင်းထဲရောက်လေ ပိုမိုသေးငယ်သွားလေ ဖြစ်ပြီး ထိုပစ်မှတ်၏ အထူက မြှားတစ်စင်လုံး ထိပ်ဖူးမှ အမြီးအထိ နစ်မြုပ်သွားစေနိုင်သည့်အထိ ထူထဲသည် ။

ထိုမြှားတံများက အဝေးပစ်တိုက်ပွဲတွင် စံအဆင့်သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မြှားတံများ ဖြစ်ကြပြီး အရှည်က လေးပေနှင့် နှစ်လက်မရှိသည် ။ ( လေးပေ နှစ်လက်မ ဆိုခြင်းက ရှေးဟောင်း တရုတ်အတိုင်းအထွာဖြစ်သည်… ယခု ခေတ်အတိုင်းအထွာအရတော့ သုံးပေသာသာခန့်သာ ရှိမည် ဖြစ်၏ ) 

လေးပေကျော်ရှည်သည့် မြှားတံကို တစ်ချောင်းလုံး အဖျားမှ အရင်းထိ စိုက်ဝင်နစ်မြုပ်သွားအောင်  စွမ်းအားဘယ်လောက်တောင် စိုက်ထုတ်သုံးစွဲပြီး ပစ်ရမှာလဲ ?

True Martial World Book 13-14Where stories live. Discover now